မြန်မာတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို ဒေသတွင်း စိုးရိမ်ပူပန်မှု အံ့သြစရာကောင်းလောက်အောင် ကင်းမဲ့နေကြောင်း မကြာသေးမီက ဒေသတွင်းမှ အထက်တန်းလွှာပုဂ္ဂိုလ်များကို ကောက်ယူသည့် စစ်တမ်းက ဖော်ပြနေသည်။
စင်ကာပူရှိ ISEAS-Yusof Ishak အင်စတီကျု၏ နှစ်စဉ် အရှေ့တောင်အာရှ အခြေအနေစစ်တမ်းသည် ခြေကုန်လက်ပမ်းကျနေသော သတင်းသမားတဦးအတွက် စိတ်လှုပ်ရှားစရာ အချိန်တခု ဖြစ်စေခဲ့သည်။ သို့သော် ရိုင်းစိုင်းသော စစ်ကောင်စီကို တိုက်ခိုက်နေရသောကြောင့် အလုပ်များနေပြီး မိတ်ဆွေ အရှေ့တောင်အာရှ နိုင်ငံများမှ စိတ်ဓာတ်ရေးရာ ထောက်ခံမှု ရှာဖွေနေပါက သင့်အတွက် အခြေအနေ သိပ်မကောင်းလှပေ။
ထိုစစ်တမ်း အစီရင်ခံစာ စာမျက်နှာ ၁၆ ကို လေ့လာကြည့်ကြမည်။ မေးခွန်း ၇ တွင် “အောက်ပါ ပထဝီနိုင်ငံရေး ဖြစ်ရပ်များအနက် မည်သည့်ကိစ္စသည် သင့်နိုင်ငံမှ အစိုးရအတွက် ထိပ်တန်း စိုးရိမ်ပူပန်စရာ ဖြစ်ပါသနည်း” ဟု မေးသည်။ ဒေသဆိုင်ရာ ပျမ်းမျှအဖြစ် ဖြေဆိုသူများ၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်းကသာ မြန်မာမှ အကျပ်အတည်းသည် ထိပ်တန်း စိုးရိမ်ပူပန်စရာ သုံးခုအနက် တခုဖြစ်သည်ဟု ဖြေသည်။ ကျန်သူများအတွက်မူ မြန်မာအကျပ်အတည်းသည် ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၊ ၂၀၂၄ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ရိုက်ခတ်မှုများနှင့် မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်များကို ဆက်လက် စမ်းသပ်ခြင်းတို့နောက်မှ စတုတ္ထနေရာသို့ ရောက်နေသည်။
အနည်းငယ် မဆီမဆိုင်ပြောခြင်းဖြစ်သည်။ ထိုအချက်သည် ထူးဆန်းနေသည်။ အရှေ့တောင်အာရှ ရေပေါ်ဆီ လူတန်းစားများ (ဖြေဆိုသူများအနက် ၅ ပုံ ၄ ပုံသည် ဘွဲ့တခုနှင့်အထက် ရရှိထားသူများ) က ၎င်းတို့၏ အစိုးရများ ပူပင်စိုးရိမ်မှုအနည်းဆုံး ပထဝီနိုင်ငံရေး ပြဿနာများမှာ မြောက်ကိုရီးယားမှ ရူးသွပ်နေသူတဦး၏ နျူကလီးယားစစ်ပွဲ စတင်မည့် ခြိမ်းခြောက်မှု၊ တရုတ်က ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခိုက်လျှင် အင်ဒို-ပစိဖိတ် စစ်ပွဲဖြစ်ပွားမည့် ခြိမ်းခြောက်မှုနှင့် နိုဝင်ဘာလတွင် ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရပြီး အရှေ့တောင်အာရှကို အငတ်ဘေးမှ စားနပ်ရိက္ခာပေါကြွယ်သည့် ဒေသဖြစ်စေခဲ့သော နိုင်ငံတကာစနစ်ကို ကျဆုံးစေမည့် အထီးကျန်လက်သစ်မူဝါဒကို ဝါရှင်တန်တွင် ချမှတ်မည့် ခြိမ်းခြောက်မှု စသည်တို့ဖြစ်သည်ဟု ထင်ကြသည်။
ထိုသို့ ဆိုသောကြောင့် ဖြေဆိုသူများအတွက် ရွေးချယ်စရာများကို ထိုသို့ရေးသားပေးခြင်း မရှိသော်လည်း မှန်ကန်စွာ တွေးခေါ်တတ်သော ပညာတတ် အထက်လွှာများသည် ထိုအလားအလာရှိသော ရလဒ်များ၏ အချို့ကို ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။
ဖြေဆိုသူများ၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်းကသာ မြန်မာမှ အကျပ်အတည်းသည် ထိပ်တန်း စိုးရိမ်ပူပန်စရာ သုံးခုအနက် တခုဖြစ်သည်ဟု ဖြေသည်။
မည်သို့ဆိုစေ မြန်မာနိုင်ငံအကြောင်း ဆက်လက်ဆွေးနွေးပါမည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အရှေ့တောင်အာရှမှ ဖြေဆိုသူများ၏ ၄ ပုံ ၁ ပုံခန့်က မြန်မာအကျပ်အတည်းသည် ၎င်းတို့အစိုးရများ၏ ထိပ်တန်း ပထဝီနိုင်ငံရေး စိုးရိမ်ပူပန်မှုများအနက် တခုဖြစ်သည်ဟု ယူဆကြသည်။ မှန်ကန်သောအချက်မှာ ထိုင်းနိုင်ငံသားများ၏ ၄၁ ရာခိုင်နှုန်းကသာ မြန်မာ အကျပ်အတည်းသည် အစိုးရ၏ ထိပ်တန်းစိုးရိမ်ပူပန်မှု သုံးခုတွင် ပါဝင်သည်ဟု ယူဆကြသည်။
သို့သော် ဘန်ကောက်၏ သံတမန်ရေးတွင် မြန်မာအကျပ်အတည်းက ရယူထားသည့် အတိုင်းအတာအရ ဆိုပါက ထိုအရေအတွက်သည့် နည်းနေပုံ ရသည်။ မြန်မာအကျပ်အတည်းကြောင့် ၎င်းတို့နိုင်ငံများသို့ မြန်မာပဋိပက္ခဒေသမှ ဈေးပေါသော မူးယစ်ဆေးများ အလုံးအရင်းဖြင့် ဝင်လာခြင်း အပါအဝင် ဆိုးကျိုးများ ခံစားရသော်လည်း လာအိုနိုင်ငံသား ၁၂ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယား နိုင်ငံသား ၅ ပုံ ၁ ပုံအောက်ကသာ မြန်မာအကျပ်အတည်းသည် ထိပ်တန်း ဦးစားပေးအဖြစ် ယူဆကြသည်။
အရှေ့တောင်အာရှ၏ သိသာထင်ရှားသော ရဲဘော်ရဲဘက်ပီသမှု လည်ပတ်ပုံကို လေ့လာလိုပါက မြန်မာအကျပ်အတည်းသည် ၎င်းတို့အစိုးရအတွက် ဦးစားပေးဖြစ်သည်ဟု ယူဆသည့် ဖိလစ်ပိုင်နိုင်ငံသားမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းသာရှိသည်။
ထို့ပြင် မြန်မာမှ ဖြေဆိုသူ ၁၉၀ ခန့်၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ၁၈ သို့မဟုတ် ၁၉ ဦးက မြန်မာအကျပ်အတည်းသည် မြန်မာ၏ ထိပ်တန်း စိုးရိမ်ပူပန်မှု သုံးခုတွင် မပါဝင်ဟု ဖြေသောအခါ စာရေးသူသည် ထိုအရှေ့တောင်အာရှအခြေပြ စစ်တမ်းကို သဘောကျသော်လည်း ဖြေဆိုသူများ၏ အရည်အသွေးကိုလည်း မေးခွန်းထုတ်ရန်လိုလာသည်။
အစီရင်ခံစာမှ နောက်ထပ်မေးခွန်းတခုသို့ လှန်လိုက်ပါက ဖြေဆိုသူများကို အောက်ပါအတိုင်း မေးထားသည်။ “အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်နှင့်ပတ်သက်သည့် သင်၏အမြင်ကို အကောင်းဆုံးထင်ဟပ်သည့် အချက်ကို ရွေးချယ်ပါ” ဟု ထိုမေးခွန်းက မေးသည်။
ရွေးချယ်စရာများတွင် (၁) ဘုံသဘောတူညီချက် ၅ ချက်သည် ရှုပ်ထွေးသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခြေခံအားဖြင့် အပြစ်အနာအဆာရှိသည်။ (၂) ဘုံသဘောတူညီချက် ၅ ချက်သည် အာဆီယံ၏ မညီညွတ်မှုကို ဖွင့်ချလိုက်သည်။ (၃) စစ်ကောင်စီ၏ တယူသန်မှုကြောင့် ဘုံသဘောတူညီချက် ၅ ချက် အလုပ်ဖြစ်မည်မဟုတ်။ (၄) ဤသို့သော အခြေအနေတွင် ဘုံသဘောတူညီချက် ၅ ချက်သည် အသင့်လျော်ဆုံး ရွေးချယ်မှုဖြစ်သည်နှင့် (၅) ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်ပြီး မည်သည့် သဘောထားမှမရှိ” တို့ ပါဝင်သည်။
အရှေ့တောင်အာရှ၏ သိသာထင်ရှားသော ရဲဘော်ရဲဘက်ပီသမှု လည်ပတ်ပုံကို လေ့လာလိုပါက မြန်မာအကျပ်အတည်းသည် ၎င်းတို့အစိုးရအတွက် ဦးစားပေးဖြစ်သည်ဟု ယူဆသည့် ဖိလစ်ပိုင်နိုင်ငံသားမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းသာရှိသည်။
ထို့ကြောင့် ပထမရွေးချယ်စရာ သုံးခုသည် တခုနှင့်တခု အပြန်အလှန် ပယ်ဖျက်ခြင်း မရှိပေ။ လက်တွေ့တွင် ပထမ ရွေးချယ်စရာသည် တတိယရွေးချယ်စရာ၏ အကြောင်းရင်းဖြစ်သည်။ အဖြေ (၁) နှင့် (၃) သည် အဖြေ (၂) ၏ အကြောင်းရင်းများဖြစ်သည်။ သို့သော် ဖြေဆိုသူများအတွက် ရွေးချယ်စရာ အများအပြားရှိသည်။ အဖြေ (၅) မှာ သဘောထားပေးရန်မရှိသည့် သဘောဖြစ်သည်။
ဒေသတခုလုံး ပျမ်းမျှအရ ဖြေဆိုသူများ၏ ၃၁ ဒသမ ၁ ရာခိုင်နှုန်းက ၎င်းတို့သည် ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်ပြီး သဘောထားပေးရန် မရှိသောကြောင့် အခြေခံအားဖြင့် ထိုကိစ္စကို နားမလည်ခြင်း ဖြစ်သည်။
နောက်မေးခွန်းတခုကြောင့် စာရေးသူအနေဖြင့် အနည်းငယ် နောက်ကြောင်းပြန်ရမည်။ သို့သော် အနည်းငယ်မျှသာ ဖြစ်သည်။ မေးခွန်း နံပါတ် (၉) တွင် “မြန်မာပြဿနာ တိုးတက်မှုရရန်အတွက် အာဆီယံသည် အောက်ပါတို့ကို လုပ်သင့်သည်။
ဒေသတခုလုံး ပျမ်းမျှအရ ဖြေဆိုသူများ၏ ၃၁ ဒသမ ၁ ရာခိုင်နှုန်းက ၎င်းတို့သည် ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်ပြီး သဘောထားပေးရန် မရှိသောကြောင့် အခြေခံအားဖြင့် ထိုကိစ္စကို နားမလည်ခြင်း ဖြစ်သည်။
(၁) စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ကန့်သတ်သင့်သည်။ (၂) မြန်မာတွင် ယုံကြည်မှု တည်ဆောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဓိက သက်ဆိုင်သူအားလုံးနှင့် လွတ်လပ်သော ဆွေးနွေးမှုများ ပြုလုပ်သင့်သည်။ (၃) နိုင်ငံတကာ မိတ်ဖက်များနှင့် ညှိနှိုင်းညီညွတ်သော တုံ့ပြန်မှုလုပ်သင့်သည်။ (၄) ဝင်ရောက်မစွက်ဖက်ဘဲ နေသင့်သည်။ (၅) ဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာသောကြောင့် စစ်ကောင်စီ ပေးဆပ်ရသည့် တန်ဖိုးကြီးမားစေရန် ပိုမိုပြင်းထန်သည့် နည်းလမ်းများသုံးသင့်သည် သို့မဟုတ် ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး ဆက်လက် တွန်းအားပေးရန် အာဆီယံ အစည်းအဝေးများတွင် စစ်ကောင်စီပါဝင်မှု ပြန်လည် ခွင့်ပြုသင့်သည် စသည်ဖြင့် ဖော်ပြထားသည်။
လူကြိုက်အနည်းဆုံး ရွေးချယ်မှုမှာ စစ်ကောင်စီကို အာဆီယံ အစည်းအဝေးများတွင် အပြည့်အဝ ပြန်လည် ထည့်သွင်းသင့်သည် ဆိုသည့်ရွေးချယ်မှု ဖြစ်သောကြောင့် အားတက်စရာကောင်းသော်လည်း ထိုအဖြေကို လိုလားသူမှာ ဖြေဆိုသူများ၏ ၁၀ ပုံ ၁ ပုံခန့် ရှိသည်။
ဖြေဆိုသူ အားလုံး၏ ၁၂ ဒသမ ၇ ရာခိုင်နှုန်းက အာဆီယံအနေဖြင့် ဝင်ရောက် မစွက်ဖက်သင့်ကြောင်း ဖြေပြီး ယခင်နှစ်က ၁၅ ဒသမ ၂ ရာခိုင်နှုန်းမှ ကျဆင်းလာသောကြောင့် အနည်းငယ် နောက်ကြောင်းပြန်မည်ဟု စာရေးသူပြောခဲ့ခြင်း ဖြစ်သည်။
အပေါ်ယံ အားဖြင့်ကြည့်ပါက ထိုအချက်က အရှေ့တောင်အာရှ အထက်တန်းလွှာများသည် အာဆီယံ၏ တုံ့ပြန်မှုတခုခုကို လိုလားသည့် သဘောမျိုး ဖော်ပြနေသည်။
သို့သော် ၁၄ ဒသမ ၉ ရာခိုင်နှုန်းကသာ အာဆီယံ အနေဖြင့် စစ်ကောင်စီကို အရေးယူပိတ်ဆို့ခြင်း ကဲ့သို့သော ပြင်းထန်သည့် ရပ်တည်ချက်ကို လိုလားကြပြီး ထိုအရေအတွက်သည် ၂၀၂၃ ခုနှစ်ကထက် ကျဆင်းသွားသည်။ ၁၃ ရာခိုင်နှုန်းက အာဆီယံ အနေဖြင့် နိုင်ငံတကာ ညှိနှိုင်းတုံ့ပြန်မှုတွင် ပါဝင်စေလိုကြပြီး လွန်ခဲ့သောနှစ်က အရေအတွက်ထက် ကျဆင်းနေပြန်သည်။ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကသာ အာဆီယံ အနေဖြင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုကန့်သတ်စေလိုသည်။
လူကြိုက်အများဆုံး (၃၆ ဒသမ ၈ ရာခိုင်နှုန်း) အဖြေမှာ မြန်မာတွင် ယုံကြည်မှု တည်ဆောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဓိက သက်ဆိုင်သူအားလုံးနှင့် လွတ်လပ်သော ဆွေးနွေးမှုများ ပြုလုပ်သင့်သည်ဆိုသည့် အဖြေဖြစ်သည်။ အပေါ်ယံအားဖြင့် ကြည့်ပါက အပြုသဘောဆောင်သည့် သဘောမျိုးဖြစ်သည်။
အမှန်တကယ်တွင်လည်း အာဆီယံသည် NUG နှင့် ထိတွေ့ဆက်ဆံသင့်သည်။ အာဆီယံသည် ယုံကြည်အားထားခံရပါက ပိုမိုကောင်းမွန်စွာ တုံ့ပြန် နိုင်ဖွယ်ရှိသည်။ ထိုအချက်မှာ စာရေးသူ၏ အမြင်သာ ဖြစ်သည်။ ထို့အပြင် ထိုရွေးချယ်စရာ၏ အဓိပ္ပာယ်မှာ လုံးဝ ရှင်းလင်းခြင်း မရှိပေ။ သက်ဆိုင်သူ အားလုံးဟု ဖော်ပြသောကြောင့် စစ်ကောင်စီလည်း ပါဝင်နေသည်။ ထိုအချက်သည် နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ကို မဖော်ပြပေ။ မည်သည့် ရလဒ်အတွက် ယုံကြည်မှု တည်ဆောက်ရမည်နည်း။
လူကြိုက်အများဆုံး (၃၆ ဒသမ ၈ ရာခိုင်နှုန်း) အဖြေမှာ မြန်မာတွင် ယုံကြည်မှု တည်ဆောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဓိက သက်ဆိုင်သူအားလုံးနှင့် လွတ်လပ်သော ဆွေးနွေးမှုများ ပြုလုပ်သင့်သည်ဆိုသည့် အဖြေဖြစ်သည်။ အပေါ်ယံအားဖြင့် ကြည့်ပါက အပြုသဘောဆောင်သည့် သဘောမျိုးဖြစ်သည်။
အာဆီယံသည် စစ်ကောင်စီ၊ NUG နှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့နှင့် ယုံကြည်မှု တည်ဆောက်နိုင်သော်လည်း နောက်ထပ် မည်သို့ ဆက်လက် လုပ်ကိုင်မည်နည်း။ နှစ်ဖက်လုံးက အပစ်အခတ်ရပ်စဲရေး သို့မဟုတ် အပေးအယူလုပ်ရေးကို သဘောမတူသောကြောင့် အာဆီယံသည် မည်သည်ကိုမှ မလုပ်ကြောင်း မည်သည့်နည်းဖြင့်မဆို ယူဆနိုင်သည်။ ကမ္ဘာတွင် ထိတွေ့ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်နိုင်သည်။ သို့သော် လိုလားသော ရလဒ်အတွက် သက်ရောက်အောင် ထိုယုံကြည်မှုကို အသုံးမပြုနိုင်ပါက အဓိပ္ပာယ် ကင်းမဲ့မည်ဖြစ်သည်။ လိုလားသော ရလဒ်မှာ ထိုရွေးချယ်စရာ အဖြေတွင် မပါဝင်ပေ။
လက်တွေ့တွင် ထိုရွေးချယ်စရာအဖြေက အာဆီယံအနေဖြင့် လိုလားသော ရလဒ် မရှိသင့်သည့် သဘောမျိုး ဆိုလိုနေသည်။ စာရေးသူအမြင်တွင် ထိုရွေးချယ်စရာအဖြေသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ဆိုသည့် ရွေးချယ်စရာ အဖြေနှင့် နီးစပ်နေသည်။
ကောင်းမွန်ပြီး အဓိပ္ပာယ် ပြည့်ဝသကဲ့သို့ ဖြစ်သော်လည်း လက်တွေ့တွင် ကြားနေရန် တောင်းဆိုခြင်းဖြစ်သည်။ ကြားနေခြင်းသည် ဝင်ရောက်မစွက်ဖက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသင့်သည်ဟု ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းကို ဝင်ရောက် မစွက်ဖက်သင့်ဟု အတိအလင်းဖြေသူ ၁၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပေါင်းသင့်သည်ဟု စာရေးသူ ယူဆသောကြောင့် စစ်တမ်းကောက်ယူခဲ့သည့် အရှေ့တောင်အာရှ ဒေသသားများ၏ အများစုက အာဆီယံအနေဖြင့် မြန်မာ့ပြဿနာ ဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးပွဲမှအပ အခြားမည်သည့် လက်တွေ့ကျသည့် ကိစ္စကိုမှ မလုပ်စေလိုသည့် အဓိပ္ပာယ် ဖြစ်သည်။
စစ်တမ်းကောက်ယူခဲ့သည့် အရှေ့တောင်အာရှ ဒေသသားများ၏ အများစုက အာဆီယံအနေဖြင့် မြန်မာ့ပြဿနာ ဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးပွဲမှအပ အခြားမည်သည့် လက်တွေ့ကျသည့် ကိစ္စကိုမှ မလုပ်စေလိုသည့် အဓိပ္ပာယ် ဖြစ်သည်။
ထိုအရှေ့တောင်အာရှ အထက်လွှာအများစုက ၎င်းတို့ဒေသမှ အသေအပျောက်များသော စစ်ပွဲတပွဲသည် ၎င်းတို့ အစိုးရများ၏ ထိပ်တန်း ဦးစားပေးမဟုတ်ဟု ထင်ကြပြီး လက်ရှိအချိန်အထိ အာဆီယံ၏ လက်ရှိအချိန်အထိ တုံ့ပြန်သည့် နည်းလမ်းနှင့်ပတ်သက်ပြီး အများအပြားတွင် မည်သည့်ထင်မြင်ချက်မျှ မရှိရုံသာမက ၎င်းတို့အစိုးရများ သို့မဟုတ် အာဆီယံအနေဖြင့် ဘက်လိုက်မှု၊ သို့မဟုတ် မြေပြင်မှဖြစ်ရပ်များကို အမှန်တကယ် သြဇာသက်ရောက်သည့် တုံ့ပြန်မှုများ မချမှတ်စေလိုကြပေ။
(The Diplomat ပါ David Hutt ၏ Southeast Asians Don’t Really Care About the Myanmar Crisis ကို ဘာသာပြန်သည်။ ဒေးဗစ်ဟတ်သည် သတင်းသမားနှင့် ဝေဖန်သုံးသပ်သူဖြစ်သည်။ သူသည် Central European Institute of Asian Studies (CEIAS) တွင် သုတေသီအဖြစ် လုပ်ကိုင်ရင်း The Diplomat နှင့် လွတ်လပ်သော အာရှအသံ RFA တွင် ဆောင်းပါးများ ရေးသားသည်။)
You may also like these stories:
စစ်ကောင်စီကို တရားဝင်မှုပေးသောကြောင့် အာဆီယံ ထပ်ဝေဖန်ခံရ
အာဆီယံအစည်းအဝေးသို့ အကြီးတန်းအရာရှိတဦး စစ်ကောင်စီ ပထမဆုံး စေလွှတ်
ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့
အာဆီယံ နိုင်ငံတိုင်းက စစ်ကောင်စီကို စိတ်ပျက်နေတာ သေချာတယ် (ရုပ်/သံ)
“မြန်မာပိုင် ဦးဆောင် ဖြေရှင်းမှု”ကို အာဆီယံ ထောက်ခံ