မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့်တိုက်ပွဲ ပြင်းထန်လာချိန်တွင် မဟာမိတ် တော်လှန်ရေးအင်အားစုများသည် နယ်စပ်မြို့ မြဝတီကို သိမ်းပိုက်ခြင်းဖြင့် အရှိန်အဟုန်ရလာသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြုတ်ချသည့် အာဏာသိမ်းမှုနောက်ပိုင်း မကြာမီ ကြီးထွားလာသည့် လက်နက်ကိုင်ပဋိပက္ခတွင် တော်လှန်ရေးအင်အားစုများ တိုးတက်မှုရလာသည်။
ဧပြီလ ၁၀ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများသည် စစ်တပ်၏ နောက်ဆုံးစခန်းများအနက် တခုဖြစ်သော တပ်ရင်း ၂၇၅ ကို သိမ်းပိုက်လိုက်သည်။ မြန်မာစစ်သား အများအပြား အလံဖြူထောင်ကြသည်။
တော်လှန်ရေးအင်အားစုများတွင် အဖွဲ့ သုံးဖွဲ့ ပါဝင်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်နက်ကိုင်အဖွဲ့အစည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် နယ်ခြားစောင့်တပ် (BGF) တို့ ဖြစ်သည်။
ဧပြီလ ၁၀ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများသည် စစ်တပ်၏ နောက်ဆုံးစခန်းများအနက် တခုဖြစ်သော တပ်ရင်း ၂၇၅ ကို သိမ်းပိုက်လိုက်သည်။ မြန်မာစစ်သား အများအပြား အလံဖြူထောင်ကြသည်။
PDF သည် မြန်မာ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်သည့် လူငယ်များ၏ တပ်ဖွဲ့ဖြစ်သည်။ KNU က လေ့ကျင်းပေးထားသည့် ထိုလူငယ် တိုက်ခိုက်ရေးသမားများသည် မြန်မာစစ်တပ်ကို တိုက်ခိုက်ရေးတွင် ရှေ့တန်းမှ ပါဝင်ကြပြီး ၎င်းတို့၏ ပြတ်သားသော စိတ်ဓာတ်နှင့် ကျွမ်းကျင်မှုအတွက် အသိအမှတ်ပြုခံရသည်။
ပိုမိုအရေးပါသည့်ကိစ္စမှာ ၎င်းတို့သည် နည်းပညာကို အရူးအမူးလိုက်စားပြီး လက်နက်များ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ သူတို့သည် မြန်မာစစ်တပ်၏ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်သည့် ဒရုန်းများကိုလည်း အသုံးပြုသည်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် BGF သည် ယခင်က စစ်တပ်နှင့် မဟာမိတ်ဖြစ်သည်။ သို့သော် ထိုအဖွဲ့သည် စစ်တပ်ကို ကျောခိုင်းရန် ဆုံးဖြတ်လိုက်ပြီး ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲလိုက်သည်။ BGF သည် ရှေ့တန်းတွင် မပါဝင်သော်လည်း ထိုအမာခံဒေသကို ကာကွယ်ရာတွင် အခန်းကဏ္ဍတခုမှ ပါဝင်သည်။ စစ်တပ်၏ ယခင်က မဟာမိတ်အဖြစ် BGF သို့မဟုတ် KNA သည် ယခုအခါ ကူညီ ညှိနှိုင်းပေးပြီး စစ်သားများ လက်နက်ချရန် ပြောဆိုသည်။
နောက်တန်းတွင်သာ ရှိနေသော်လည်း အားလုံးက BGF ကို စောင့်ကြည့်နေကြသည်။ ထိုအဖွဲ့သည် တရုတ် ကျောထောက်နောက်ခံပြု ရွှေကုက္ကို အထူးစီးပွားရေးဇုန်၊ လောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူနှင့်မူးယစ်ဆေးဝါး ကုန်ကူးမှု အပါအဝင် အခြားရာဇဝတ်မှုများ၏ အချက်အခြာဒေသ KK park ကို ကြီးကြပ်သည်ဟု ဆိုရမည်ဖြစ်သည်။ ရွှေကုက္ကိုသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
၎င်း၏မဟာမိတ် နှစ်ဖွဲ့တွင် BGF သည် တရုတ်မာဖီးယားများသို့ မြေငှားခြင်းမှသာမက ကာကွယ်စောင့်ရှောက်ခမှပါ ဝင်ငွေအများအပြား ရသောကြောင့် ပိုမိုအခြေအနေကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ BGF တပ်မှူး ဗိုလ်မှူးကြီး စောချစ်သူသည် ဘတ်ငွေ သန်းပေါင်းများစွာ ပိုင်ဆိုင်သည်ဟု ယူဆရသည်။ နိုင်ငံအများအပြားက သူ့ကို အလိုရှိ စာရင်းတွင် ထည့်သွင်းထားသောကြောင့် စောချစ်သူသည် ခပ်လျှိုလျှိုနေသည်။
နောက်တန်းတွင်သာ ရှိနေသော်လည်း အားလုံးက BGF ကို စောင့်ကြည့်နေကြသည်။ ထိုအဖွဲ့သည် တရုတ် ကျောထောက်နောက်ခံပြု ရွှေကုက္ကို အထူးစီးပွားရေးဇုန်၊ လောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူနှင့်မူးယစ်ဆေးဝါး ကုန်ကူးမှု အပါအဝင် အခြားရာဇဝတ်မှုများ၏ အချက်အခြာဒေသ KK park ကို ကြီးကြပ်သည်ဟု ဆိုရမည်ဖြစ်သည်။
သောင်ရင်းမြစ် တလျှောက်မှ ရာဇဝတ်ကွန်ရက်များသည် နိုင်ငံတကာ စိုးရိမ်ပူပန်မှုဖြစ်စေသည်ကို ပြောရန်မလိုပေ။ ထိုဒေသသည် ရာဇဝတ်မှု စင်္ကြံဖြစ်ပြီး ကာစီနိုများတွင် အလုပ်လုပ်ရန်နှင့် ငွေကြေးလိမ်လည်မှုများ ကျူးလွန်ရန် ထိုင်းနိုင်ငံသားများ အပါအဝင် နိုင်ငံအများအပြားမှ လူများကို ဖြားယောင်းသည်။ ထိုသို့သော မြေအောက်လုပ်ငန်းများသည် ထိုင်းများ၏ အကူအညီမရဘဲ မဖြစ်နိုင်ပေ။
လက်တွေ့တွင်လည်း အဆင့်မြင့် ထိုင်းနိုင်ငံရေးသမားများသည် ထိုရာဇဝတ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး တရုတ်မာဖီးယား ခေါင်းဆောင်များသည် ထိုင်းနိုင်ငံမှ လျှပ်စစ်နှင့် အင်တာနက် အဆက်အသွယ် ရရှိရေးအတွက် အာဏာပိုင်များကို လာဘ်ထိုးသည်ဆိုသည့် စွပ်စွဲချက်များ ရှိသည်။
ထို့ကြောင့်ပင် ထိုင်းအာဏာပိုင်များသည် နယ်စပ်တလျှောက်မှ ဆိုးရွားလှသော ရာဇဝတ်မှုများကို လျစ်လျူရှုနေခြင်း ဖြစ်သည်။
စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။
KNU သည် ထိုရာဇဝတ်ကွန်ရက်ကို ထောက်ခံခြင်း မပြုသော်လည်း ထိုကွန်ရက်နေရာသည် BGF ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် မည်သို့မှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ BGF သည် သူတို့၏ ဘဏ္ဍာရေးရင်းမြစ်ကို ထိန်းသိမ်းထားလိုမည် ဖြစ်သည်။
တရုတ်သည် ၎င်း၏ နိုင်ငံသားအများအပြားထံမှ ငွေကြေးလိမ်လည်နေသည့် တရုတ်မာဖီးယားများကို နှိမ်နင်းရန် အလေးအနက် လုပ်ဆောင်နေသောကြောင့် ထိုသို့လုပ်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို ရှင်းလင်းစွာ မသိရပေ။
KNU သည် ထိုရာဇဝတ်ကွန်ရက်ကို ထောက်ခံခြင်း မပြုသော်လည်း ထိုကွန်ရက်နေရာသည် BGF ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် မည်သို့မှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ BGF သည် သူတို့၏ ဘဏ္ဍာရေးရင်းမြစ်ကို ထိန်းသိမ်းထားလိုမည် ဖြစ်သည်။
လွန်ခဲ့သောလတွင် တရုတ်အစိုးရသည် ထိုင်းမှတဆင့် တရုတ်နိုင်ငံသား ၉၀၀ ခန့်ကို တရုတ်သို့ ပြန်လည်ပို့ဆောင် နိုင်ခဲ့သည်။
တရုတ်က မာဖီးယားများကို ရှင်းလင်းသော သတင်းစကားပေးပို့ထားပြီးဖြစ်သည်။ မြဝတီတိုက်ပွဲသည် သောင်ရင်းမြစ် တလျှောက်မှ ရာဇဝတ်ကွန်ရက်များနှင့် ပတ်သက်နေသောကြောင့် BGF က ထိုမသမာသည့်လုပ်ငန်းများ မထိန်းချုပ်လိုပါက ထိုအချက်ကို အကြောင်းပြပြီး မြန်မာစစ်တပ်ကို ထောက်ခံနိုင်သည်။
တန်ဖိုးမည်မျှ ပေးဆပ်ရသည်ဖြစ်စေ မြန်မာစစ်တပ်သည် မဟာမိတ်များ ထိန်းချုပ်ထားသည့် မြဝတီကို ပြန်လည် သိမ်းပိုက်မည်ဖြစ်သောကြောင့် ထိုမြို့သည် ပိုမိုကြီးမားသော စစ်ပွဲကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် အခြေအနေကို ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
ရာဇဝတ် ကွန်ရက်များကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ထိုင်းအစိုးရသည် တရုတ်ထံမှ လေ့လာသင်ယူသင့်သည်။ ပြဿနာကို အဆုံးသတ်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် တရုတ်အစိုးရသည် စစ်ဆင်ရေးများ မစတင်မီ ၎င်းတို့အရာရှိများကို မဲဆောက်တွင် ကာလတခု နေထိုင်စေခဲ့သည်။
တန်ဖိုးမည်မျှ ပေးဆပ်ရသည်ဖြစ်စေ မြန်မာစစ်တပ်သည် မဟာမိတ်များ ထိန်းချုပ်ထားသည့် မြဝတီကို ပြန်လည် သိမ်းပိုက်မည်ဖြစ်သောကြောင့် ထိုမြို့သည် ပိုမိုကြီးမားသော စစ်ပွဲကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် အခြေအနေကို ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
(Bangkok Post ပါ Paskorn Jumlongrach ၏ Myawaddy’s fall should concern region ကို ဘာသာပြန်သည်။)
You may also like these stories:
မြဝတီ အမှတ် ၂ တံတားမှာ တိုက်ပွဲပြင်းထန်နေ
မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း
နေအိမ်များ ဖောက်ထွင်းခံရမည့်အရေး မြဝတီမြို့ခံများ ပို စိုးရိမ်
မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်