• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ

by Matthew B. Arnold
29 April 2024
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့အနီး တောတွင်းစခန်းတွင် အလံတင်အခမ်းအနား၌ ပါဝင်ကြသော မန္တလေး PDF အဖွဲ့ဝင်များ / AFP

7.1k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တော်လှန်ရေးသည် တခုတည်းသော အဆင့်မြင့် ကွပ်ကဲမှု မရှိသလို မဟာသေနင်္ဂဗျူဟာ ကင်းမဲ့သည်ဟု မကြာခဏ မှတ်ချက်ချကြသည်။ မြန်မာ့တော်လှန်ရေးသည် မအောင်မြင်နိုင်ဘဲ စစ်တပ်ကို ချေမှုန်းမရသောကြောင့် ညှိနှိုင်းဖြေရှင်းခြင်းသည် အပြုသဘောဆောင်သော ရလဒ်ဖြစ်သည်ဟု ဆွေးနွေးရန် အထက်ပါတွေ့ရှိချက်ကို မကြာခဏ အသုံးပြုကြသည်။

သာမန်ပြည်သူများ၏ အောက်ခြေမှစတင်သည့် ပုန်ကန်မှုအဖြစ် ပေါ်ပေါက်လာသောကြောင့် မြန်မာ့ နွေဦးတော်လှန်ရေးအတွက် ဗဟိုချုပ်ကိုင်နှိုးဆော်မှုနှင့်ထိန်းချုပ်မှု မည်သည့်အခါကမှ မလိုအပ်ခဲ့ပေ။ လူသစ်များ ပေါ်ပေါက်လာပြီး လူဟောင်းများက ရှေ့ဆက်ရန် ကူညီလုပ်ပေးသည်။ သို့သော် ထိရောက်ကြောင်း သက်သေပြပြီးဖြစ်သည့် လူထုထောက်ခံမှုအပေါ် အခြေခံကာ စုပေါင်းခေါင်းဆောင်မှုကို အမြဲတမ်း ထိန်းသိမ်းထားသည်။

အထက်ပါ လေ့လာတွေ့ရှိချက်ကို ထောက်ခံသည့်အချက်မှာ တနိုင်ငံလုံး ကျယ်ပြန်သည့် လက်နက်ကိုင် တော်လှန်ရေး အတိအလင်း ပေါ်ပေါက်လာကာ ရေရှည်တည်တံ့နေပြီး ခိုင်မာသော စစ်တပ်တခုအား သမိုင်းဝင် တိုက်ခိုက်ရာတွင် အောင်မြင်စွာဖြင့် လက်ရှိအချိန်အထိ အကြီးမားဆုံး အရှိန်အဟုန်ကို ဖန်တီးနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း ဖြစ်ပျက်ခဲ့မှုများ၏ အများစုသည် ခိုင်မာသော လက်နက်ကိုင်တပ်နှင့် နိုင်ငံရေး သေနင်္ဂဗျူဟာရှိသည့် တခုတည်းသော ခုခံတော်လှန်ရေးအင်အားစု ရှိလျှင်လည်း ဖြစ်လာမည့်ကိစ္စများသာ ဖြစ်သည်။ တော်လှန်ရေးကို ကျယ်ပြန့်သော လူထုထောက်ခံမှုရှိသည်။ ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် မြန်မာလူများစုကိုသာမက တိုင်းရင်းသားလူနည်းစု များစွာကိုလည်း လွှမ်းခြုံသည်။

စစ်ကောင်စီသည် တရုတ်နှင့် ထိုင်းသို့ အကြီးမားဆုံး နယ်စပ်ဖြတ်ကျော်ရေး စခန်းများအပါအဝင် နယ်စပ်ဒေသ အများအပြားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ နိုင်ငံတွင် အကြီးမားဆုံး စစ်ရေးပြင်ဆင်ထားသည့် နေရာများကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရသည်။ ယင်းနေရာများမှာ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ဖြစ်ပြီး ထိုမှတဆင့် စစ်တပ်တတပ်လုံးအနေဖြင့် တိုက်ခိုက်ရေးစွမ်းရည် အကြီးအကျယ် ကျဆင်းသည်။

လက်နက်ကိုင်တော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း ဖြစ်ပျက်ခဲ့မှုများ၏ အများစုသည် ခိုင်မာသော လက်နက်ကိုင်တပ်နှင့် နိုင်ငံရေး သေနင်္ဂဗျူဟာရှိသည့် တခုတည်းသော ခုခံတော်လှန်ရေးအင်အားစု ရှိလျှင်လည်း ဖြစ်လာမည့်ကိစ္စများသာ ဖြစ်သည်။

တချိန်တည်းတွင် ခုခံတော်လှန်မှုသည် ဗမာအများစုရှိသည့် ဒေသများတွင် တော်လှန်ရေး ခိုင်မာပြင်းထန်သောကြောင့် စစ်ကောင်စီသည် အိန္ဒိယသမုဒ္ဒရာမှ တရုတ်နယ်စပ်အထိ တလျှောက်လုံး တိုက်ခိုက်ရမည့် သဘောဖြစ်လာသည်။ ခုခံတော်လှန်ရေးသည် နေပြည်တော်၏ တံခါးဝသို့ရောက်လာပြီး မန္တလေးမြို့ပြင်သို့လည်း ရောက်လာသည်။ ခုခံတော်လှန်ရေးသည် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်မှသည် တနင်္သာရီတိုင်း ထိပ်စွန်းအထိ ရောက်လာသည်။

စစ်ကောင်စီလေယာဉ်များ ပုံမှန်ပစ်ချခံနေရသည်။ ရန်ကုန်-နေပြည်တော်လမ်းကဲ့သို့ နိုင်ငံအလယ်ပိုင်းမှ အဓိကကျသည့် အခြေခံအဆောက်အအုံများ ခြိမ်းခြောက်ခံလာရပြီး ထိုင်းနယ်စပ်သို့သွားသည့် အာရှအဝေးပြေးလမ်း ကဲ့သို့သော အခြား အခြေခံအဆောက်အအုံများကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရသည်။ တော်လှန်ရေးအင်အားစုများအကြား စစ်ရေးညှိနှိုင်းမှုများသည် တိုးပွားသာလာနေပြီး တူညီသော နိုင်ငံရေးရည်မှန်းချက်များသည် ပိုမိုထင်ရှားလာသည်။

မြန်မာ့တော်လှန်ရေးကို ကိုယ်ပိုင်ယုတ္တိဗေဒဟု ခေါ်နိုင်သည့်အရာက မောင်းနှင်နေသည်။ ကိုယ်ပိုင်ယုတ္တိဗေဒသည် စစ်ကောင်စီကို အတိအလင်းချေမှုန်းရေး စီမံကိန်းတွင် ပါဝင်သူ အများအပြားကို ညီညွတ်စေခဲ့သည်။ ထိုယုတ္တိဗေဒသည် ဆယ်စုနှစ်ပေါင်းများစွာသော တိုင်းရင်းသား တော်လှန်ပုန်ကန်မှုနောက်ခံတွင် စစ်အာဏာသိမ်းမှုက မီးမွှေးပေးလိုက်သည့် မျိုးဆက်ပေါင်းစုံနှင့် လူမျိုးစုပေါင်းစုံ၏ အောက်ခြေမှ အထက်သို့ တက်လာသော တော်လှန်ရေးမှ ဖြစ်ပေါ်လာသည်။ အားလုံးသည် စစ်အာဏာရှင်စနစ် ကင်းမဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီအဖြစ် ပြန်လည်တည်ဆောက်သော နိုင်ငံတခုကို တောင်းဆိုသည်။

ထိုကိုယ်ပိုင်ယုတ္တိဗေဒ မှန်ကန်ကြောင်း ပြသသည့် အချက် နှစ်ချက်ရှိသည်။ လူထုထောက်ခံမှုရှိသော နိုင်ငံတဝန်း ပုန်ကန်မှုအဖြစ် တော်လှန်ရေး၏ သဘောသဘာဝနှင့် စစ်တပ်၏ ဆက်တိုက် အင်အားချိနဲ့လာခြင်းသည် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကို ပိုမိုမြင့်မားစေသည်။ ထိုသို့ အပြန်အလှန် ချိတ်ဆက်နေသော လှုပ်ရှားမှုများဖြစ်သည့် အောက်ခြေမှ အထက်သို့တက်လာသော ပုန်ကန်မှု၏ သဘောသဘာဝနှင့် စစ်ရေးအောင်မြင်မှုများက နောက်ထပ် စစ်ရေးဆောင်ရွက်ချက်များကို ဖြစ်စေခြင်းတို့သည် မြန်မာ့တော်လှန်ရေး၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ထိုယုတ္တိဗေဒသည် ဆယ်စုနှစ်ပေါင်းများစွာသော တိုင်းရင်းသား တော်လှန်ပုန်ကန်မှုနောက်ခံတွင် စစ်အာဏာသိမ်းမှုက မီးမွှေးပေးလိုက်သည့် မျိုးဆက်ပေါင်းစုံနှင့် လူမျိုးစုပေါင်းစုံ၏ အောက်ခြေမှ အထက်သို့ တက်လာသော တော်လှန်ရေးမှ ဖြစ်ပေါ်လာသည်။

ယခုပင် စတင်ဖြစ်ပေါ်နေပြီး ထပ်မံမျှော်လင့်နိုင်သည့်အရာမှာ လွန်စွာ ပြန့်ကျဲပြီး နေရာအများအပြားတွင် သွေးထွက်သံယိုများနေသည့် စစ်တပ်ပြိုလဲမှုလှိုင်းများ ဆက်တိုက် ဖြစ်ပေါ်ခြင်းသာဖြစ်သည်။ ရှင်းလင်းသည့် နောက်ဆက်ဖြစ်လာမည့် အဆင့်ကို ယခုဖြစ်နေသည့် စစ်ရေးလှုပ်ရှားမှုတခုနောက်မှ နောက်ထပ် စစ်ရေးလှုပ်ရှားမှုဖြစ်လာမှုများက ပြသနေသည်။ လှိုင်းများ တလှိုင်းပြီး တလှိုင်း လာမည်ဖြစ်သည်။ အရွယ်အစားနှင့် ပျံ့နှံမှု အတိအကျကို မသိနိုင်သော်လည်း တစုံတရာသော အတိုင်းအတာအထိ အနိမ့်အမြင့် အတက်အကျနှင့် ကြိုတင် ခန့်မှန်းနိုင်မှုရှိသည်။

ရှမ်းမြောက်နောက်သို့ ရခိုင်လိုက်လာပြီး ကချင်လိုက်လာကာ ထိုနောက်မှ မြဝတီ လိုက်လာသည် ဆိုသည့်အချက်သည် အံ့သြစရာ မဟုတ်ပေ။ စစ်တပ်ပြိုလဲမှုသည် ဆူနာမီကဲ့သို့ တကြိမ်တည်းဖြစ်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ ခုခံတော်လှန်ရေး အင်အားစုများ ၎င်းတို့မူလအစအရ ပြန့်ကျဲနေခြင်း၊ အမျိုးသားသွေးကွဲမှု ဆယ်စုနှစ်ပေါင်းများစွာနောက်ပိုင်း ပါဝင်သူများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နေရခြင်း၊ နိုင်ငံတော်အာဏာကို ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ထားပြီး အကြမ်းဖက်ရန် စိတ်အားထက်သန်ဆဲဖြစ်သည့် စစ်တပ်ကို မြန်မာမှ ဖယ်ရှားရန် လုပ်ဆောင်ရမည့် ကြီးမားသော အတိုင်းအတာတို့ကြောင့် ဖြစ်သည်။

ပိုမိုအရေးပါသည့် ပကတိအခြေအနေများကလည်း ထိုသို့တခါတည်း ပြိုလဲမည်ကို တားဆီးနေသည်။ ပထမအချက်မှာ အမျိုးမျိုးသော တော်လှန်ရေးအင်အားစုများ၏ ကွဲပြားခြားနားမှုများသည့် စွမ်းရည်ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်သည့် ရိုးရှင်းသော ပကတိအခြေအနေမှာ စစ်အတွက် ခဲယမ်းနှင့် ငွေကြေးဖြစ်သည်။ ထိုအရာများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအချက်သည် အရာရာ၏ ခြေလှမ်းကို ကန့်သတ်မည်ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးသည် ထိုလှိုင်းများအနက် တခုဖြစ်ပြီး ကြီးမားသည့် သမိုင်းမှတ်တိုင်ဖြစ်သလို ခုခံတော်လှန်ရေး လှုပ်ရှားမှုအတွက် အပြောင်းအလဲဖြစ်စေသည့် ဖြစ်ရပ်ဖြစ်သော်လည်း ထိုလှိုင်းသည် ပထမလှိုင်း မဟုတ်ပေ။ ထိုဖြစ်ရပ်သည် ကြိုတင်ခန့်မှန်းမရသည့်ဖြစ်ရပ် မဟုတ်ပေ။ ထိုဖြစ်ရပ်မတိုင်မီ ဖြစ်ပေါ်ပြီး ထိုကိစ္စဖြစ်စေရန် အားပေးသည့် ဖြစ်ရပ်များသည် ပိုမိုစောသည့် လှိုင်းများဖြစ်သည်။

ပထမလှိုင်းမှာ ၂၀၂၂ ခုနှစ် ခြောက်သွေ့ရာသီ ကုန်ဆုံးသောအခါ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး ကျယ်ပြန့်လာခြင်းနှင့် ခြေကုပ်ရယူလာခြင်း ဖြစ်သည်။ ဗမာအဓိကနေထိုင်သည့် ထိုဒေသများတွင် တော်လှန်ရေး ပြိုကွဲအောင် မလုပ်နိုင်ဆိုသည့်အချက်က ၎င်းတို့သည် စစ်ကောင်စီ၏ လူအင်အားနှင့် ရင်းမြစ်များကို ဆက်တိုက် လျော့ကျစေမည်ဆိုသည်ကို သေချာစေသည်။

ရိုးရှင်းသော ပကတိအခြေအနေမှာ စစ်အတွက် ခဲယမ်းနှင့် ငွေကြေးဖြစ်သည်။ ထိုအရာများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအချက်သည် အရာရာ၏ ခြေလှမ်းကို ကန့်သတ်မည်ဖြစ်သည်။

အောင်မြင်မှု ဒုတိယလှိုင်းမှာ ၂၀၂၂ ခုနှစ်အတွင်း ကရင်နီနှင့် ချင်းတော်လှန်ရေး အင်အားစုများ၏ အောင်မြင်မှုများ ဖြစ်သည်။ ထိုပြည်နယ်နှစ်ခုလုံးတွင် မြို့များကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့သော်လည်း တော်လှန်ရေး အင်အားစုများသည် ၎င်းတို့ပြည်နယ်များတွင် တော်လှန်ရေး လှုပ်ရှားမှုများ လွှမ်းခြုံစေပြီး စစ်ကောင်စီကို မြို့ပြဒေသများတွင်သာ ထိန်းချုပ်ကန့်သတ်ထားနိုင်သည်။

တတိယလှိုင်းမှာ ၂၀၂၃ ခုနှစ် အစောပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF မဟာမိတ်များ၏ စစ်တောင်းမြစ်တလျှောက်မှ ထိုးစစ်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အစောပိုင်း ဆယ်စုနှစ်များက KNU ဆုံးရှုံးခဲ့သည့်စခန်းများကို ၂၀၂၂ ခုနှစ်အတွင်း ပြန်လည် သိမ်းပိုက်သည့် စုပေါင်းအားထုတ်မှုများအပေါ် အခြေခံကာ တည်ဆောက်ခြင်း ဖြစ်သည်။ ချင်း၊ ကရင်နီနှင့် ကော်သူလေးမှ အောင်ပွဲများသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့ လွတ်လပ်စွာသွားလာနေသည့် ဒေသများနှင့် ထိန်းချုပ်ထားသည့် ကျေးလက်ဒေသများတွင် အရှိန်အဟုန် ပြန်လည်မရနိုင်တော့ကြောင်း ပြသနေသည်။

မြန်မာ့တော်လှန်ရေးတွင် သိသာထင်ရှားသည့် ယုတ္တိဗေဒတခု ရှိသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်၊ မဖြစ် ရှင်းလင်းစွာ မသိရသေးသော်လည်း ထိုယုတ္တိဗေဒ ရှိနေသည်။ တော်လှန်ရေးကို လူထုထောက်ခံမှုကြောင့် ဆက်တိုက် ပြိုကွဲမှုလှိုင်းများဖြစ်နေပြီး စစ်တပ်ကို ချေမှုန်း၍ ရနိုင်ကြောင်း ပိုမို ထင်ရှားလာသည်။

တော်လှန်ရေးကို လူထုထောက်ခံမှုကြောင့် ဆက်တိုက် ပြိုကွဲမှုလှိုင်းများဖြစ်နေပြီး စစ်တပ်ကို ချေမှုန်း၍ ရနိုင်ကြောင်း ပိုမို ထင်ရှားလာသည်။

စစ်၏ လမ်းကြောင်းမှာ စစ်ကောင်စီ လုံးဝ ရှုံးနိမ့်ခြင်းဖြစ်သည်။ သို့သော် လမ်းကြောင်းများသည် ဦးတည်ရာနှင့် စစ်မြေပြင် အရှိန်အဟုန်သာဖြစ်သည်။ ထိုလမ်းကြောင်းများကို ရပ်တန့်ပစ်နိုင်သည်။ မြန်မာ့တော်လှန်ရေးသည် အတွင်းအပြင် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ပိုမို ပုံစံကျသည့် ဆက်ဆံရေးများနှင့် ဖွဲ့စည်းတည်ဆောက်ပုံများ လိုအပ်မည်မှာ သေချာသည်။ တော်လှန်ရေးကို ဤမျှအထိ ခရီးရောက်စေသည့် ကိုယ်ပိုင်ယုတ္တိဗေဒကို တော်လှန်ရေးတွင် ပါဝင်သူများအကြား အသေးစိတ် ဆက်စပ်မှုရှိသည့် ပိုမို ရှင်းလင်းခိုင်မာသော ဆက်ဆံရေးများနှင့် အင်စတီကျူးရှင်းများ အဖြစ် ထပ်မံပြောင်းလဲရမည် ဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Matthew B. Arnold ၏ The Organic Logic of Myanmar’s Revolution ကို ဘာသာပြန်သည်။ Matthew B. Arnold သည် လွတ်လပ်သော မူဝါဒသုတေသီဖြစ်ပြီး မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ၂၀၁၂ ခုနှစ်မှစတင်၍ လေ့လာသုတေသနပြုနေသူ ဖြစ်သည်။)

You may also like these stories:

ခုခံတော်လှန်ရေး အင်အားစုများ ခြေသွက်ချိန် စစ်ကောင်စီ လမ်းပျောက်

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.4k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
660
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k

တကျော့ပြန် ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်

မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

ကျယ်ပြန့်လာနေသော မြန်မာပြည်တွင်းစစ်ရဲ့ ဟိုချီမင်းလမ်းကြောင်းများ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးKNUPDFစစ်ကောင်စီနွေဦးတော်လှန်ရေးဖက်ဒရယ်ဒီမိုကရေစီ
Matthew B. Arnold

Matthew B. Arnold

Matthew B. Arnold သည် လွတ်လပ်သော သုတေသီဖြစ်ပြီး မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ၂၀၁၂ ခုနှစ်မှစတင်၍ လေ့လာနေသူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အရာရှိစစ်သည်တွေ ကျဆုံးမှုနည်းအောင် လက်နက်ချခဲ့တာပါ (ရုပ်/သံ)

အရာရှိစစ်သည်တွေ ကျဆုံးမှုနည်းအောင် လက်နက်ချခဲ့တာပါ (ရုပ်/သံ)

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး အစား ရေကြောင်းမှ တင်ပို့မည်

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး အစား ရေကြောင်းမှ တင်ပို့မည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

7 hours ago
2.7k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved