အနီးခေတ်တွင် ရခိုင်ပြည်နယ်၌ မွတ်စလင်အစွန်းရောက် အကြမ်းဖက်သမားများနှင့် ပတ်သက်၍ သိသာထင်ရှားစွာ တွေ့ရသည်မှာ ၂၀၁၆၊ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်၏။ မွတ်စလင် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသည် ၂၀၁၆ ခုနှစ်ကုန်မှ အစပြုသည်။ အကြမ်းဖက်သမားများသည် လူအုပ်စုအား ခုတုံးလုပ် လှုပ်ရှားသည်ကို တွေ့ရသကဲ့သို့ ၎င်းတို့အား ဆန့်ကျင်သည့် တဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြ၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအထိ တနှစ်ခန့်အတွင်း မောင်တောဒေသ၌ မွတ်စလင်အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခံရသူ ၉၀ ကျော် ရှိသည်ဟု သိရ၏။ အသတ်ခံရသူတဝက်ခန့်မှာ ဒေသခံတိုင်းရင်းသားများဖြစ်ပြီး တဝက်ခန့်မှာ မွတ်စလင်ရွာများတွင် စာကြည့်တိုက်မှူး၊ ဆယ်အိမ်မှူးစသည်ဖြင့် တာဝန်ယူနေသည် မွတ်စလင် အလယ်အလတ်ဝါဒီများ ဖြစ်ကြသည်ကို တွေ့ရ၏၊၊
ထို့ပြင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၄၊ ၂၅ ရက်နေ့တို့တွင် မွတ်စလင်တို့ ပုန်ကန်ထကြွသည့်အခါတွင်လည်း မောင်တောမြောက်ဘက် ခမောက်ဆိပ်အနီးတွင် မွတ်စလင်အကြမ်းဖက်သမားများက ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း တွေ့ရ၏။
သို့သော် မွတ်စလင်တို့၏ ပုန်ကန်ထကြွမှုကို မြန်မာစစ်တပ်က အလွန်အကျွံ ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှုများ ပြုလုပ်ခြင်းကြောင့် မွတ်စလင်များ အသတ်ဖြတ်ခံရခြင်း၊ မွတ်စလင်ရွာများ မီးရှို့ဖျက်ဆီးခံရခြင်းတို့ ဖြစ်ပွားပြီး မွတ်စလင်ဒုက္ခသည် သိန်းနှင့်ချီ ထွက်ပေါ်လာသည်ကလည်း နိုင်ငံတကာတွင် အလေးထားဖွယ် ကိစ္စကြီး ဖြစ်ခဲ့သည်။ အမှန်တကယ်ပင် မွတ်စလင်အများစုက နစ်နာသူများဖြစ်နေချိန်တွင် မွတ်စလင်အစွန်းရောက် အကြမ်းဖက်သမား ပြဿနာက လက်အောက်ခံပြဿနာ ဖြစ်သွားခဲ့၏။ ပြဿနာသေး ဖြစ်သွားခဲ့၏။ ဤသို့ဆို၍ မွတ်စလင် အကြမ်းဖက်ပြဿနာ မရှိ၍ မဟုတ်ပေ။
၂၀၁၇ ခုနှစ် အရေးအခင်းကာလမှသည် ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် မွတ်စလင် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုကို ဘူးသီးတောင်၊ မောင်တောဒေသတွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် လည်းကောင်း တွေ့နေရ၏။ အားကောင်းမောင်သန် မဟုတ်သော်လည်း ရှိနေဆဲဖြစ်၏။
အမှန်တကယ်ပင် မွတ်စလင်အများစုက နစ်နာသူများဖြစ်နေချိန်တွင် မွတ်စလင်အစွန်းရောက် အကြမ်းဖက်သမား ပြဿနာက လက်အောက်ခံပြဿနာ ဖြစ်သွားခဲ့၏။ ပြဿနာသေး ဖြစ်သွားခဲ့၏။ ဤသို့ဆို၍ မွတ်စလင် အကြမ်းဖက်ပြဿနာ မရှိ၍ မဟုတ်ပေ။
မောင်တောမြောက်ပိုင်း ဒေသခံအချို့ သတ်ဖြတ်ခံရမှု အနည်းငယ်သာ တွေ့ရတော့သော်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မကြာခဏတွေ့ရ၏။ ဒုက္ခသည်စခန်းများတွင် ၎င်းတို့အား ဆန့်ကျင်သူများကို သတ်ဖြတ်ခြင်း၊ အလယ်အလတ် သဘောထားရှိသူများကို သတ်ဖြတ်ခြင်းအား မွတ်စလင် အကြမ်းဖက်သမားများက မကြာခဏ ပြုလုပ်လာသဖြင့် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတာဝန်ရှိသူများက ဖော်ထုတ်ဖမ်းဆီးခြင်းများ ပြုလုပ်သည်ကို တွေ့ရ၏။
ဘူးသီးတောင်အကြမ်းဖက်မှု
၂၀၂၄ ခုနှစ်၊ ဧပြီလက ဒေသခံသတင်းဌာနများတွင် ဘူးသီးတောင်၌ ရခိုင်နှင့် ဟိန္ဒူများ၏နေအိမ်များ ထောင်နှင့်ချီ၍ မီးရှို့ဖျက်ဆီးခံရသည့် သတင်းများ တွေ့ရသကဲ့သို့ အိန္ဒိယသတင်းဌာနတခုဖြစ်သည့် The New Indian Express တွင် မွတ်စလင် အကြမ်းဖက်သမားများက ဟိန္ဒူ ၁,၆၀၀ ခန့်နှင့် ဗုဒ္ဓဘာသာဝင် ၂၀၀ ခန့်အား ဓားစားခံအဖြစ် ဖမ်းဆီးထားကြောင်းဖော်ပြခဲ့ပြီး အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် Arakan Rohingya Army (ARA) အဖွဲ့ဝင်များအား အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ရန်အတွက် မြန်မာစစ်အစိုးရက အခြေခံ စစ်ရေးလေ့ကျင့်မှုများ ပေးထားသည်ဟု သတင်းရရှိကြောင်း ဖော်ပြသည်ကို တွေ့ရ၏။
မွတ်စလင် အကြမ်းဖက်အဖွဲ့များသည် ဖမ်းဆီးထားသူများ၏ နေအိမ်များကို လုယက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု အိန္ဒိယသတင်းဌာနတွင် ဖော်ပြထား၏။
AA က ယခုတိုက်ခိုက်မှုကို ဦးတည်နေသော ဘာသာရေးကွဲပြားမှု၏ သားကောင်အဖြစ် မကျရောက်စေရန် အစ္စလမ်ဘာသာဝင်များအား ပန်ကြားထားသည်။ AA က မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ဒေသတွင်း နေထိုင်သူအားလုံးကို အကာအကွယ်ပေးမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်ဟု အိန္ဒိယသတင်းတွင် ဖော်ပြခဲ့၏။
AA က ယခုတိုက်ခိုက်မှုကို ဦးတည်နေသော ဘာသာရေးကွဲပြားမှု၏ သားကောင်အဖြစ် မကျရောက်စေရန် အစ္စလမ်ဘာသာဝင်များအား ပန်ကြားထားသည်။ AA က မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ဒေသတွင်း နေထိုင်သူအားလုံးကို အကာအကွယ်ပေးမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်
၂၀၁၇ ခုနှစ်တွင် မွတ်စလင်အကြမ်းဖက် အဖွဲ့များသည် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ရခိုင်ပြည်နယ်တွင် ဟိန္ဒူဘာသာဝင် ၁၀၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် ဘူးသီးတောင်အရေးကို အိန္ဒိယသတင်းဌာနက အနီးကပ်စောင့်ကြည့်နေပုံရ၏။
စစ်သားသစ် စုဆောင်းခြင်း
ဤပြဿနာသည် ရခိုင်တွင် စစ်ကောင်စီက စစ်ရေးအရ အရေးနိမ့်လာပြီးနောက် ယခုနှစ် နှစ်ဆန်းမှစ၍ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်တို့တွင် စစ်ကောင်စီသည် နိုင်ငံသားကတ် ထုတ်ပေးထားခြင်းမရှိသော ရခိုင်ရှိ မွတ်စလင်များကို စစ်သားစုဆောင်းမှု အတင်းအကျပ် ပြုလုပ်လာသည်ကို တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ရသေ့တောင်အား အပြီးအပြတ် သိမ်းပိုက်ရရှိသည့်တိုက်ပွဲတွင် စစ်တပ်အလောင်းများထဲ၌ မွတ်စလင် စစ်သားအလောင်းများကိုပါ တွေ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။
ပျူစောထီးမွေးခြင်း
မွတ်စလင်များကို စစ်တပ်က တပ်သားဆွဲသွင်းခြင်းထက်ပို၍ ပြဿနာ ကြီးထွားလာခြင်းမှာ ဘူးသီးတောင်ဒေသတွင် ARSA, RSO, ARA အမည်ရှိ ရိုဟင်ဂျာမွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းများအား စစ်လေ့ကျင့်ပေးခြင်း၊ လေ့ကျင့်လက်နက်တပ်ဆင်ပေးခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ ဤအချက်နှင့် ပတ်သက်၍ စိစစ်ရန်လိုသည်ဟု ဆိုနိုင်သော်လည်း စစ်တပ်က မွတ်စလင်များအား ရခိုင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်စေရာ စစ်တွေနှင့် ဘူးသီးတောင်မြို့ပေါ်တွင် AA ဆန့်ကျင်ရေးဆန္ဒပြခြင်း၊ ဘူးသီးတောင်တွင် ရခိုင်နှင့် ဟိန္ဒူမိသားစုပိုင် အိုးအိမ် ထောင်နှင့်ချီ၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
စစ်တပ်ထိန်းချုပ်ထားရာ ဒေသများတွင် ပြုလုပ်သည့် ဆန္ဒပြပွဲများဆိုသည်မှာ စစ်တပ်က ခွင့်ပြု အားပေးအားမြှောက်ပြုထားသော ဆန္ဒပြပွဲများသာရှိပြီး ရခိုင်နှင့် ဟိန္ဒူအိမ်များအား မီးရှို့ခြင်းကို စစ်တပ်က မျက်စေ့မှိတ် လက်ပိုက်ကြည့်ကာ လူမျိုးရေးပြဿနာ ဖန်တီးနေပုံရ၏။
စစ်တပ်က မွတ်စလင်များအား စစ်သားသစ် အဓမ္မစုဆောင်းခြင်း၊ AA အား ဆန့်ကျင်ဆန္ဒပြစေခြင်းသာမက ၎င်းတို့ အကြမ်းဖက်ဟု သတ်မှတ်ထားသည့် ARSA, RSO, ARA တို့ကိုပါ အားပေးအားမြှောက် လုပ်နေသည်မှာ သူ၏ ရှင်သန်ရပ်တည်ရေးအတွက် စည်းလွတ်ဘောင်လွတ် လုပ်ဆောင်ခြင်းဖြစ်၏။ သူကိုယ်တိုင် နောက်ပိုင်းတွင် ထိန်းမရနိုင်သည့် အင်အားစုတခုအား လက်ငင်းအကျိုးစီးပွားကြည့်ပြီး မွေးမြူနေခြင်းလည်းဖြစ်သည်ဟု ဆိုရမည်။
စစ်တပ်ထိန်းချုပ်ထားရာ ဒေသများတွင် ပြုလုပ်သည့် ဆန္ဒပြပွဲများဆိုသည်မှာ စစ်တပ်က ခွင့်ပြု အားပေးအားမြှောက်ပြုထားသော ဆန္ဒပြပွဲများသာရှိပြီး ရခိုင်နှင့် ဟိန္ဒူအိမ်များအား မီးရှို့ခြင်းကို စစ်တပ်က မျက်စေ့မှိတ် လက်ပိုက်ကြည့်ကာ လူမျိုးရေးပြဿနာ ဖန်တီးနေပုံရ၏။
မွတ်စလင်များဘက်က ကြည့်လျှင် တပ်သားသစ် အဓမ္မစုဆောင်းခံရခြင်း၊ AA အား ဆန္ဒပြခြင်းသည် စစ်တပ်၏ အဓမ္မဖိအားနှင့် ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ သို့သော် ဘူးသီးတောင်၌ ရခိုင်နှင့် ဟိန္ဒူ အိမ်ခြေထောင်နှင့်ချီ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာခြင်းသည် ခြိမ်းခြောက်ခံရ၍ ပြုလုပ်သည့် အလုပ်မျိုး မဟုတ်တော့ပေ။ အငြင်းပွားဖွယ် လုံးဝမရှိသော အကြမ်းဖက်မှုဖြစ်သည်။ မုချ ပြစ်တင်ရှုံ့ချရမည့် အကြမ်းဖက်မှုဖြစ်၏။
ထို့ပြင် အကြမ်းဖက်မှုကို စနစ်တကျ ပြင်ဆင်ထားသော အဖွဲ့အစည်းများ လုပ်ရပ်ဖြစ်၏။ ဤအကြမ်းဖက်လုပ်ရပ်သည် မွတ်စလင်လူထုက ပြုလုပ်သည့် လုပ်ရပ် မဟုတ်ပေ။ မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်ဖြစ်၏။
ထို့ပြင် မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ် ဂျီနိုဆိုက်လုပ်ပါသည့်ဆိုသည့် မြန်မာစစ်တပ်နှင့် ပူးပေါင်းနေသော မွတ်စလင် အကြမ်းဖက်များသည် လည်းကောင်း၊ ခိုးဝင်ဘင်္ဂါလီများဟု သတ်မှတ်ပြီး ဖမ်းဆီးနေသည့် စစ်တပ်က အဆိုပါ မွတ်စလင်များနှင့် ပူးပေါင်းနေခြင်းသည် လည်းကောင်း မရယ်ရသော ရခိုင်နိုင်ငံရေးပျက်လုံးဖြစ်သည်ဟု ဆိုရမည်။
မွတ်စလင် အကြမ်းဖက်အဖွဲ့အစည်းများ
သို့သော် အကြမ်းဖက်မှုဆိုသည်ထက် ပိုသည့်ပြဿနာမှာ မွတ်စလင် အကြမ်းဖက်အဖွဲ့အစည်းများသည် စစ်တပ်နှင့် ပူးပေါင်း၍ ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ ကြီးထွားအောင် တည်ဆောက်ပြီး AA အား တိုက်ခိုက်လာခြင်း ဖြစ်၏။
မွတ်စလင်အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်ကို ဘူးသီးတောင်မြို့ပေါ်ရှိ အလယ်အလတ် မွတ်စလင်များက ထောက်ခံပါဝင်ခြင်း မရှိသော်လည်း အကြမ်းဖက်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ သူတို့ စည်းရုံးထားသူများအား မြန်မာစစ်တပ်၏ သဘောတူညီချက်ဖြင့် တောလမ်းများမှ ခိုးသွင်းလျက်ရှိသည်ဟု မြေပြင်သတင်းများအရ သိရ၏။
မွတ်စလင်အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်ကို ဘူးသီးတောင်မြို့ပေါ်ရှိ အလယ်အလတ် မွတ်စလင်များက ထောက်ခံပါဝင်ခြင်း မရှိသော်လည်း အကြမ်းဖက်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ သူတို့ စည်းရုံးထားသူများအား မြန်မာစစ်တပ်၏ သဘောတူညီချက်ဖြင့် တောလမ်းများမှ ခိုးသွင်းလျက်ရှိသည်ဟု မြေပြင်သတင်းများအရ သိရ၏။
သို့ဖြစ်ရာ စစ်တပ်၏ ကျောထောက်နောက်ခံပြုပြီး ကူညီပေးမှုဖြင့် မွတ်စလင်အကြမ်းဖက်အဖွဲ့များက လူသူလက်နက်တပ်ဆင်နေခြင်းနှင့် ပတ်သက်၍ ခိုင်မာသည့် အထောက်အထားများ လိုအပ်နေသေးသော်လည်း စစ်တပ်သည် ရခိုင်တွင် မွတ်စလင်အကြမ်းဖက် ပျူစောထီးများကို မွေးထုတ်ရန် ကြိုးစားနေသည်။ မွတ်စလင်အကြမ်းဖက်များနှင့် အပေးအယူလုပ်ပြီး AA အား တိုက်ခိုက်ရာတွင် အကူအညီဖြစ်ရန် ကြိုးစားနေသည်ဖြစ်ရာ မွတ်စလင်အကြမ်းဖက်များ၏ လုပ်ရပ်များကို မျက်ကွယ်ပြုထား၍ မရနိုင်ပေ။
ဘူးသီးတောင်မြို့ပေါ်တွင် ရခိုင်နှင့် ဟိန္ဒူအိမ်များကို မီးတင်ရှို့ခြင်းသည် မွတ်စလင်အကြမ်းဖက်များက ၎င်းတို့အား ဂျီနိုဆိုက်ပြုလုပ်သည်ဟု ဆိုခဲ့သည့် စစ်တပ်နှင့် နားလည်မှုယူထားပြီး ရခိုင်နှင့် ဟိန္ဒူများကို တိုက်ခိုက်နေခြင်းကြောင်း ရှင်းလင်းစွာတွေ့ရ၏။ စစ်တပ်နှင့် နားလည်မှု ယူမထားဘဲ ဤသို့လုပ်ရန် မဖြစ်နိုင်ပါ။
ဘူးသီးတောင်ပြဿနာ ကြည့်မြင်ပုံ
သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မွတ်စလင်အရေး လှုပ်ရှားသူများက ဘူးသီးတောင်ပြဿနာကို ကြည့်မြင်ရာတွင် မွတ်စလင်များသည် စစ်တပ်ကရော၊ AA ကပါ နှစ်ဖက်လုံး၏ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းခံရသော သနားဖွယ်လူများအဖြစ် ကြည့်ရှုကြပြီး ဘူးသီးတောင် အကြမ်းဖက်မှုကို လျစ်လျူရှုရန် ကြိုးစားနေသည်ကို တွေ့ရ၏။
AA က မွတ်စလင်များကို အကြမ်းဖက်ခြင်း၊ စစ်သားစုဆောင်းခြင်းဆိုသည့် စွပ်စွဲချက်များမှာ မှန်ကန်မှု မရှိပေ။ AA သည် တိုင်းရင်းသားတပ်ဖွဲ့များထဲတွင် တပ်သားသစ် အဓမ္မစုဆောင်းခြင်းမရှိဘဲ မိမိဆန္ဒဖြင့် ပါဝင်သူများဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့ဖြစ်၏။ ရခိုင်လူမျိုးများထဲမှပင် အတင်းအကျပ် တပ်သားစုဆောင်းခြင်း မရှိပေ။ တပ်သားသစ်ဝင်မည့်သူ များပြားသဖြင့် စောင့်ဆိုင်းထားရသည့် အခြေအနေတွင်ပင် ရှိ၏။
AA သည် မွတ်စလင်များအား တပ်သားအဖြစ် စုဆောင်းခြင်းမရှိပေ။ တပ်သားသစ် စုဆောင်းသည်ဆိုပါက ဘူးသီးတောင်ကဲ့သို့ စစ်ရေးအရ ရှုပ်ထွေးသည့်နေရာများတွင် စုဆောင်းရန် မလိုပေ။ သူတို့ ထိန်းချုပ်ထားသည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့နယ်များရှိ မွတ်စလင်များကို တပ်သားသစ် စုဆောင်းပေလိမ့်မည်။ သို့သော် ထိုမြို့နယ်များတွင် မွတ်စလင်များကို တပ်သားသစ်စုဆောင်းခြင်း လုံးဝမရှိပေ။ ထိုမြို့နယ်များရှိ မွတ်စလင်ကျေးရွာများ၏ အုပ်ချုပ်ရေးနှင့် ရဲလုပ်ငန်းတွင်သာ မွတ်စလင်များ ပါဝင်သည်ကို တွေ့ရနိုင်သည်။
ထို့ပြင် AA ထိန်းချုပ်မြို့နယ်များတွင်ရှိသည့် မွတ်စလင်ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ မွတ်စလင်များအား သတ်ဖြတ်ခြင်းကို ရခိုင်များက ပြုလုပ်သည်ကို လုံးဝမတွေ့ရသကဲ့သို့ AA ကလည်း ပြုလုပ်ခြင်း မရှိပေ။ AA အုပ်ချုပ်မှုအောက်တွင် ထိုမြို့နယ်များ၌ ရခိုင်နှင့်မွတ်စလင်များ သဟဇာတဖြစ်စွာ နေထိုင်နေသည်ကို တွေ့မြင်နိုင်၏။ စစ်တပ်က ဗုံးကြဲ၍ ထိခိုက်သူ မွတ်စလင်များအား AA က ကယ်ဆယ် ဆေးကုပေးနေသည်ကို တွေ့မြင်နိုင်၏။
AA ထိန်းချုပ်မြို့နယ်များတွင်ရှိသည့် မွတ်စလင်ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ မွတ်စလင်များအား သတ်ဖြတ်ခြင်းကို ရခိုင်များက ပြုလုပ်သည်ကို လုံးဝမတွေ့ရသကဲ့သို့ AA ကလည်း ပြုလုပ်ခြင်း မရှိပေ။ AA အုပ်ချုပ်မှုအောက်တွင် ထိုမြို့နယ်များ၌ ရခိုင်နှင့်မွတ်စလင်များ သဟဇာတဖြစ်စွာ နေထိုင်နေသည်ကို တွေ့မြင်နိုင်၏။
ထို့ပြင် AA သည် စစ်မြေပြင်တွင် စစ်သုံ့ပန်း ထောင်နှင့်ချီ၍ ဖမ်းမိထားသော်လည်း သတ်ဖြတ်ခြင်း မပြုပေ။ မင်းပြားတွင် မုဒိန်းကျင့်၊ လူသတ်ခဲ့သူ၊ မြောက်ဦးတွင် မတရားဖမ်းဆီးခံထားရသူများအား ဥပဒေမဲ့ သတ်ဖြတ်ခဲ့သူများကိုပင် တရားဥပဒေကြောင်းအရ အရေးယူရန် စီစဉ်ထားသည်ကို တွေ့မြင်နိုင်သည်။ AA သည် ၎င်းထိန်းချုပ်ထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရခိုင်များနှင့်တန်းတူ မွတ်စလင်များအား အုပ်ချုပ်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။
စစ်တပ်သည် တပ်တွင်းဝင်မည့်သူမရှိ၍ တပ်သားသစ် ဆွဲနေရသည့်တပ်ဖြစ်သည်။ ရခိုင်တွင်သာမက တပြည်လုံးအနှံ့တွင် အပစ်မဲ့ပြည်သူ အများအပြားကို သတ်ဖြတ်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့်တပ် ဖြစ်၏။
AA သည် ရခိုင်တွင်သာမက ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ချင်းတို့တွင်ပါ တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူတွဲ၍ တိုက်ခိုက်နေပြီး တိုက်ရည်ခိုက်ရည်ကောင်းသည့်တပ်၊ အပင်ပန်း အဆင်းရဲခံနိုင်သည့်တပ်၊ စစ်စည်းကမ်းလိုက်နာမှု ကောင်းသည့်တပ်အဖြစ် အများက အသိအမှတ်ပြုခံထားရသည့်တပ် ဖြစ်သည်၊၊ တော်လှန်ရေးတပ်ဖွဲ့တခုအဖြစ်လည်း အားလုံးက သတ်မှတ်ထားသည့်တပ်ဖွဲ့ ဖြစ်သည်။
မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် စစ်တပ်အား ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းနေသည့် တပ်ဖွဲ့လည်းဖြစ်၏။ ထိုတပ်ဖွဲ့ကို ရခိုင်သူပုန်အဖွဲ့ဟုဆိုပြီး မြန်မာစစ်တပ်ကဲ့သို့ ပြုမူနေသည်ဟု စွပ်စွဲခြင်းသည် မြေပြင် တကယ့်အခြေအနေအရ မှန်ကန်မှု မရှိပေ။
NUG နှင့် ဘူးသီးတောင် အကြမ်းဖက်မှု ပြဿနာ
လက်ရှိ ဘူးသီးတောင်အကြမ်းဖက်မှု ပြဿနာနှင့် ပတ်သက်၍ NUG အစိုးရသည့် ပေါ့ဆစွာ ကိုင်တွယ်ဖြေရှင်း၍ မရပေ။ NUG ဆိုသည်မှာ အလှူရှင်ရှာပြီး လူ့အခွင့်အရေးဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်း မဟုတ်ပေ။ စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းဖြစ်သည့်အပြင် ပြည်ထောင်စု ပုံစံသစ်ကို ဖော်ဆောင်ရမည့် အဖွဲ့အစည်းဖြစ်သည်။ စစ်အုပ်စုကို လက်နက်ကိုင်တိုက်မည့် လက်နက်ကိုင်အင်အားစုများအား အဓိကစုစည်း၍ မဟာမိတ်ဖွဲ့ရန် လိုသည်။ ရန်သူစစ်အင်အားကို ချိနဲ့အောင် ထိုးနှက်ဖို့လိုသည်။
NUG အနေနှင့် လက်ရှိ ရခိုင်အရေးအား အဝေးက မျှော်ကြည့်နေသည်ထက် လက်တွေ့မြေပြင်တွင် သွားကြည့်ဖို့လိုသည်။ AA ထိန်းချုပ်ထားသည့် ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များသို့ ကိုယ်စားလှယ် စေလွှတ်၍ အခြေအနေမှန်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာရန်လိုအပ်သည်။
ထိုမြို့နယ်များတွင် မွတ်စလင်များအား AA က စစ်သားစုဆောင်းခြင်း ရှိ မရှိ၊ တရားလက်လွတ် သတ်ဖြတ်ခြင်း ရှိ မရှိ၊ မွတ်စလင်အိမ်များအား မီးရှို့ခြင်း ရှိ မရှိ လက်တွေ့လေ့လာနိုင်သည်။ ထို့အတူ ဘူးသီးတောင်တွင် ရခိုင်ကြောင့် မီးရှို့ဖျက်ဆီးအကြမ်းဖက်ခြင်း ခံရ၊ မခံရ စုံစမ်းလေ့လာနိုင်သည်။
လက်ရှိ ဘူးသီးတောင်တွင် စစ်တပ်သည် မွတ်စလင် အကြမ်းဖက်များကို စစ်တပ်လက်ရုံး ပျူစောထီးများအဖြစ် မွေးမြူရန် ကြိုးစားနေသည့် အခြေအနေ၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ လူများခိုးသွင်းပြီး အားဖြည့်နေသည့် အခြေအနေများကို လေ့လာသုံးသပ်ရန် လို၏။
လက်ရှိ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည့် စစ်ပွဲတွင် စစ်တပ်နှင့် ပူးပေါင်းနေသည့် ကရင်မှ နယ်ခြားစောင့်တပ် (BGF)၊ ရှမ်းမှ PNO ပအိုဝ်းပြည်သူ့စစ်၊ ကချင်မှ SNA ရှမ်းနီ ပြည်သူ့စစ်၊ စစ်ကိုင်းမှ မဘသ ပျူစောထီးများသည် တော်လှန်ရေးတပ်ဖွဲ့များအား စစ်တပ်နှင့်ပေါင်း၍ အနှောင့်အယှက်ပေးနေသည်။ ယခု ဘူးသီးတောင်တွင်လည်း မွတ်စလင်အကြမ်းဖက်များသည် အင်အားစုဆောင်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်သည်သာမက စစ်တပ်နှင့် နားလည်မှုယူ၍ AA အား တိုက်ခိုက်လာနေသည်ကို တွေ့ရ၏။
ကရင်မှ နယ်ခြားစောင့်တပ် (BGF)၊ ရှမ်းမှ PNO ပအိုဝ်းပြည်သူ့စစ်၊ ကချင်မှ SNA ရှမ်းနီ ပြည်သူ့စစ်၊ စစ်ကိုင်းမှ မဘသ ပျူစောထီးများသည် တော်လှန်ရေးတပ်ဖွဲ့များအား စစ်တပ်နှင့်ပေါင်း၍ အနှောင့်အယှက်ပေးနေသည်။ ယခု ဘူးသီးတောင်တွင်လည်း မွတ်စလင်အကြမ်းဖက်များသည် အင်အားစုဆောင်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်သည်သာမက စစ်တပ်နှင့် နားလည်မှုယူ၍ AA အား တိုက်ခိုက်လာနေသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ စစ်တပ်နှင့် နားလည်မှုယူထားပြီး ရခိုင်နှင့်ဟိန္ဒူများအား အကြမ်းဖက်နေသည့် မွတ်စလင် အကြမ်းဖက်အဖွဲ့အစည်းများအား NUG အနေနှင့် သတိပြုရန် လို၏။ ရခိုင်ရှိ မွတ်စလင် အချို့သည် ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သို့ အလုံးအရင်းဖြင့် ဝင်ရောက်ကြပြီး စစ်တပ်ပါတီ အမတ်များအဖြစ် စစ်တပ်ဖြင့် ပူးပေါင်းခဲ့ကြဖူးသည့် သမိုင်းရှိသည်။ သို့ဖြစ်ရာ ယခုလည်း စစ်တပ်နှင့် မွတ်စလင်အကြမ်းဖက်အချို့ ပူးပေါင်းပါက မထူးဆန်းပေ။
လက်ရှိ ရခိုင်ပြည် ဘူးသီးတောင်တွင် စစ်ရေးအကြပ်အတည်း ကြုံနေသည့် စစ်တပ်သည် မွတ်စလင်တပ်သားသစ်များ စုဆောင်းခြင်းနှင့်အတူ မွတ်စလင် အကြမ်းဖက်အဖွဲ့အစည်းများအား လူမျိုးရေးပဋိပက္ခ ဖန်တီးပြီး မွတ်စလင် ပျူစောထီးအဖွဲ့အဖြစ် မွေးမြူရန် ကြိုးစားနေသည်။
မွတ်စလင် အကြမ်းဖက်အဖွဲ့များသည်လည်း ဂျီနိုဆိုက်လုပ်ပါသည်ဟု ၎င်းတို့စွပ်စွဲထားသော စစ်တပ်နှင့် နားလည်မှုယူ၍ ရခိုင်နှင့် ဟိန္ဒူများအား အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ကာ စစ်အင်အား တည်ဆောက်နေ၏။ တဖက်ကလည်း စစ်တပ်အား အကူအညီပေးနေ၏။ ဘူးသီးတောင်အခြေအနေကို မပြတ်စောင့်ကြည့်လေ့လာနေရန် လိုအပ်သကဲ့သို့ သက်သေအထောက်အထားများ ဖော်ထုတ်ရန် လိုအပ်သည်။
AA ကမူ ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ရှိန်မြှင့်ပြီး စစ်ကောင်စီ၏အကြံအား အမြန်အဆုံးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရ၏။
မှတ်ချက် ။ ။ ရခိုင်ရှိ မွတ်စလင်များသည် သူတို့ကိုသူတို့ ရိုဟင်ဂျာဟု ခေါ်ဆိုပြီး ရခိုင်များကတော့ ဘင်္ဂါလီမွတ်စလင်ဟုခေါ်ကြသည်။ ထိုပြဿနာသည် နာမည်အခေါ်အဝေါ် သက်သက်သာ မဟုတ်ဘဲ သမိုင်းကြောင်းများနှင့် ပတ်သက်၍ ရှုပ်ထွေးပါသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ
ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို
ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး
ဘူးသီးတောင်တွင် မွတ်စလင်ရွာသား ၁ ဦးအား ARSA အဖွဲ့ ဖမ်းဆီးသတ်ဖြတ်