ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် မြန်မာပြည်တွင်းစစ်တွင် အလားအလာရှိသော ကြားဝင်စေ့စပ်သူအဖြစ် သူ့ကိုယ်သူ ပုံဖော်သည်။ သို့သော် သက်ဆင်ကို သူ၏ သီးခြားနိုင်ငံရေးနှင့်ဘဏ္ဍာရေး အကျိုးစီးပွားများက ထိုသို့လုပ်ရန် စေ့ဆော်ခြင်းဖြစ်နိုင်သည်။ မြန်မာ စစ်ခေါင်းဆောင်နှင့် သူ့အကြား ယခင်က ပုဂ္ဂလိက ဆက်ဆံရေးသည် ရိုးသားသော ကြားဝင်စေ့စပ်သူ ဖြစ်ကြောင်း ပြောဆိုချက်များကို အတားအဆီး ဖြစ်စေနိုင်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့် မစ္စတာ သက်ဆင် တွေ့ဆုံခဲ့ကြောင်း မေလ ၆ ရက်နေ့တွင် သံလွင်ပရက်စ် မြန်မာသတင်းဌာနက ဖော်ပြသည်။ သက်ဆင်သည် ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် ယမန်နှစ် သြဂုတ်လကမှ ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဆေးရုံတွင် ဖေဖော်ဝါရီလအထိ ဖမ်းဆီးခံထားရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မစ္စတာ မာရစ် ဆန်ဂျီယမ်ပွန်ဆာကလည်း သက်ဆင်၏ ဆွေးနွေးပွဲအချို့ကို အတည်ပြုသည်။ အစိုးရက ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောသည်။ သို့သော် ထိုင်းအစိုးရသည် ဝင်ရောက်ဟန့်တားခြင်းလည်း မရှိပေ။
သက်ဆင်သည် သူ၏သမီး ပေတောင်တန် ရှင်နာဝပ် ဦးဆောင်သည့် အာဏာရ ဖွေထိုင်းပါတီ၏ ခေါင်းဆောင် အစစ်အမှန်ဖြစ်သည်ဟု ကျယ်ပြန့်စွာ မြင်ကြသည်။ ပေတောင်တန်သည် သူ၏အဒေါ် ယင်လတ်၊ ဦးလေး ဆွမ်ချိုင်းနှင့် သက်ဆင်ကိုယ်တိုင်ပြီးနောက် သက်ဆင်ပါတီကို ဦးဆောင်သည့် နောက်ဆုံး မိသားစုဝင်သာ ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးသည် သက်ဆင်နှင့် နီးစပ်သူဖြစ်ပြီး သူ၏ ဆရာသမားကို စိတ်ပျက်အောင် လုပ်မည်မဟုတ်ပေ။
မြန်မာနှင့်ပတ်သက်၍ သက်ဆင်၏ အဖွင့်ကစားနည်းသည် အံ့သြစရာ မဟုတ်ပေ။ သူသည် ယခင်ကလည်း အလားတူ ကြားဝင်မှုများ ပြုလုပ်ခဲ့ပြီး သူ၏ နိုင်ငံရေးသမား ကိုယ်ရည်ကိုယ်သွေးများကို ပြသခြင်းဖြင့် ထိုင်းနိုင်ငံတွင်းတွင် သူ၏ပုံရိပ်ကို မြှင့်တင်ရန် ဖြစ်နိုင်သည်။
မြန်မာနှင့်ပတ်သက်၍ သက်ဆင်၏ အဖွင့်ကစားနည်းသည် အံ့သြစရာ မဟုတ်ပေ။ သူသည် ယခင်ကလည်း အလားတူ ကြားဝင်မှုများ ပြုလုပ်ခဲ့ပြီး သူ၏ နိုင်ငံရေးသမား ကိုယ်ရည်ကိုယ်သွေးများကို ပြသခြင်းဖြင့် ထိုင်းနိုင်ငံတွင်းတွင် သူ၏ပုံရိပ်ကို မြှင့်တင်ရန် ဖြစ်နိုင်သည်။
-၂၀၀၉ ခုနှစ်တွင် သက်ဆင်သည် ဝရမ်းပြေးဖြစ်နေစဉ် ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်က သူ့ကို ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးအကြံပေး ခန့်သည်။
-ထိုနှစ်နှောင်းပိုင်းတွင် သက်ဆင်မိသားစုက သီရိလင်္ကာအစိုးရသည် သူ့ကို စီးပွားရေးအကြံပေးခန့်ရန် စီစဉ်နေကြောင်း ပြောသော်လည်း သီရိလင်္ကာက ထိုသတင်းကို ငြင်းသည်။
-၂၀၁၂ ခုနှစ်တွင် သက်ဆင်သည် ထိုင်းတောင်ပိုင်း သူပုန်အုပ်စုများ၏ ကိုယ်စားလှယ်များနှင့် မလေးရှားတွင် တွေ့ဆုံသည်။ သူ၏ညီမ ယင်လတ်အစိုးရနှင့် ထိုင်းတောင်ပိုင်းတွင် လှုပ်ရှားမှုအများဆုံး အဓိက သူပုန်အုပ်စုဖြစ်သည့် အမျိုးသားတော်လှန်ရေးတပ်ဦး (မလေးဘာသာ အတိုကောက်ဖြင့် BRN) တို့ ဘုံသဘောတူညီချက် မရမီ ထိုသို့ တွေ့ဆုံခြင်းဖြစ်သည်။
သို့သော် ထိုလုပ်ရပ်များသည် အခြားသူများအတွက် သက်ရောက်မှု အနည်းငယ်သာရှိသည်။ ၂၀၁၀ ပြည့်နှစ်တွင် မစ္စတာ သက်ဆင်သည် သူ၏တာဝန်များကို ထမ်းဆောင်ရန် ပုဂ္ဂလိက အခက်အခဲများကြောင့် စီးပွားရေးအကြံပေးအဖြစ်မှ နုတ်ထွက်ကြောင်း ကမ္ဘောဒီးယားက ကြေညာသည်။
သူပုန်ကိုယ်စားလှယ်များနှင့် သက်ဆင် တွေ့ဆုံခြင်းသည် အသစ်အဆန်း မဟုတ်ပေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နှစ်ပေါင်းများစွာ မကြာခဏ ကျင်းပသည်။ သို့သော် ထိုဆွေးနွေးပွဲများသည် Deep South Watch အမည်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း၏အဆိုအရ အကြမ်းဖက်မှု မလျှော့ချပေးပေ။ ယင်လတ်အစိုးရကို ၂၀၁၄ ခုနှစ်က အာဏာသိမ်းမှု နောက်ပိုင်းမှသာ လျော့ကျလာသည်။
သက်ဆင်၏ အတိတ်လုပ်ရပ်များကလည်း ရိုးသားသည့် ကြားဝင်စေ့စပ်သူအဖြစ် အမြင်ခံရရန်အတွက် အတားအဆီးဖြစ်စေသည်။
-၂၀၀၄ ခုနှစ်တွင် မလေးလူမျိုးစု ဆန္ဒပြသူ ၇၈ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ် အသက်ရှူကျပ်သေဆုံး (၇ ဦးကို ပစ်သတ်သည်) ပြီးနောက် သက်ဆင်က သေဆုံးသူများကို အပြစ်တင်ပြီး ၎င်းတို့သည် မွတ်ဆလင် ရာမာဒန် ဥပုသ်လအတွင်း အစာမစားသောကြောင့် အားနည်းနေသည်ဟု ပြောသည်။ သူသည် တောင်းပန်ရန် သို့မဟုတ် တာဝန်ရှိသူများကို စည်းကမ်းအရ အရေးယူရန် ငြင်းဆန်ပြီး “ကျနော့် ညွှန်ကြားချက်ကို လိုက်နာလို့ အဓိကရုဏ်း ရဲတပ်ဖွဲ့ကို ချီးကျူးတယ်” ဟု ထိုစဉ်ကပြောကြောင်း ကိုးကားဖော်ပြကြသည်။ သူပုန်များ၏ အကြမ်းဖက်မှုအား တန်ပြန်ရန် လိုအပ်သော အစီအမံများကို လုပ်ခဲ့ခြင်းသာဖြစ်ကြောင်း လွန်ခဲ့သော နှစ်တွင် ၎င်းကပြောသည်။
အလားတူစွာပင် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရတို့သည့် သက်ဆင်ကို စိတ်ပျက်သည့် အမြင်ဖြင့် ရှုမြင်နိုင်သည်။ ၎င်းတို့၏ အဓိက ရန်သူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သက်ဆင် ရင်းနှီးပြီး အခြား မြန်မာခေါင်းဆောင်များနှင့် ဆက်ဆံရေး ကောင်းသည်ကို ၎င်းတို့သိကြမည် ဖြစ်သည်။
-အလားတူစွာပင် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရတို့က သက်ဆင်ကို စိတ်ပျက်သည့် အမြင်ဖြင့် ရှုမြင်နိုင်သည်။ ၎င်းတို့၏ အဓိက ရန်သူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သက်ဆင် ရင်းနှီးပြီး အခြား မြန်မာခေါင်းဆောင်များနှင့် ဆက်ဆံရေး ကောင်းသည်ကို ၎င်းတို့သိကြမည် ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် သက်ဆင်သည် ထိုစဉ်က သမ္မတ ဦးသိန်းစိန်နှင့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။
-သက်ဆင်နှင့် မြန်မာစစ်တပ်အကြား စီးပွားရေးအဆက်အဆံများကိုလည်း မြန်မာအတိုက်အခံ ခေါင်းဆောင်များ သိကြမည်ဖြစ်သည်။ သက်ဆင်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာသို့ ဘတ် ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၉ သန်း) ချေးငွေအတည်ပြုပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိအားပေးခဲ့သည်။ ထိုချေးငွေဖြင့် သက်ဆင်၏ကုမ္ပဏီသည် ထိုစဉ်က မြန်မာဝန်ကြီးချုပ်၊ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်၏သား ပိုင်ဆိုင်သည့်ကုမ္ပဏီသို့ ဂြိုဟ်တုဝန်ဆောင်မှု ငှားခဲ့သည်။ ထို့ပြင် စစ်ကောင်စီဆောင် မင်းအောင်လှိုင်က သက်ဆင်ကို ရန်ကုန်တွင် မြေပေးထားသည်ဟု သတင်းဖော်ပြကြသည်။
-သက်ဆင်သည် မြန်မာမှ ထိုင်းနိုင်ငံ၏ မအောင်မြင်သော ထားဝယ်ဆိပ်ကမ်း စီမံကိန်းကို အသက်သွင်းခဲ့သည်။ ထိုဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ရန် သက်ဆင်၏ မိတ်ဆွေများအနက် တဦး ပိုင်ဆိုင်သည့် အီတာလျံထိုင်း ကုမ္ပဏီကို ကရင်အမျိုးသားအစည်းအရုံး (KNU) ပိုင်နက်အား ဖြတ်ပြီး လမ်းဖောက်စေကာ KNU အခြေစိုက် ဒေသအများအပြားကို ဖယ်ရှားခဲ့သည့် အီတာလျံထိုင်းသည် ၎င်း၏ အထူးစီမံကိန်း ဒါရိုက်တာအဖြစ် မြန်မာစစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်တဦးကို ခန့်ထားခဲ့သည်။
သက်ဆင်၏ နိုင်ငံရေး ရည်မှန်းချက်များ မည်သည့်နေရာတွင် အဆုံးသတ်ပြီး စီးပွားရေး ရည်မှန်းချက်များ မည်သည့်နေရာတွင် စတင်သည်ကို သိရန် အမြဲတမ်း မဖြစ်နိုင်ပေ။
သက်ဆင်၏ နိုင်ငံရေး ရည်မှန်းချက်များ မည်သည့်နေရာတွင် အဆုံးသတ်ပြီး စီးပွားရေး ရည်မှန်းချက်များ မည်သည့်နေရာတွင် စတင်သည်ကို သိရန် အမြဲတမ်း မဖြစ်နိုင်ပေ။ သူ၏ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၂ ဘီလီယံကို ဥပဒေအရ သိမ်းဆည်းရန် လုပ်ဆောင်အပြီး သက်ဆင်ကို ထောက်ခံသူများ ဆန္ဒပြပြီးနောက် ပြင်သစ်သတင်းစာ Figaro နှင့် ၂၀၀၉ ခုနှစ်က တွေ့ဆုံမေးမြန်းရာတွင် သူ၏ရည်မှန်းချက်များမှာ ပြင်သစ်ကဲ့သို့ပင် “ဒီမိုကရေစီ၊ လွတ်လပ်မှု သင်္ကေတ၊ တန်းတူညီမျှမှုနှင့် ညီရင်းအကို ချစ်ကြည်ရေး” ဖြစ်ကြောင်း ပြောပြီး “ကျနော့်ရဲ့ သိမ်းဆည်းခံရတဲ့ ပိုင်ဆိုင်မှုတွေ ပြန်ရဖို့လည်း လိုတယ်” ဟု ဆက်လက်ပြောသည်။
ထိုကိစ္စတွင် မြန်မာနှင့်လည်း သက်ဆိုင်နိုင်သည်။ မြန်မာတွင် သက်ဆင်သည် စီးပွားရေး အကျိုးစီးပွား ရှိသည်ဟုဆိုသည်။ အဝေးရောက် မြန်မာသတင်းသမားများ ထူထောင်ထားသည့် ဧရာဝတီ သတင်းဌာန၏ အဆိုအရ သက်ဆင်သည် ထားဝယ်နှင့် အခြားမြို့ကြီးတမြို့တွင် အိမ်ခြံမြေများ ပိုင်ဆိုင်ပြီး မြန်မာမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ အကျိုးစီးပွားများလည်း ရှိကြောင်း သိရသည်။
မစ္စတာ သက်ဆင်၏ ယခုနောက်ဆုံးကစားပွဲသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အကျိုးအမြတ် ဖြစ်စေဖွယ် မရှိပေ။ မြန်မာအာဏာသိမ်း ခေါင်းဆောင်များနှင့် သူ၏ ပုဂ္ဂလိက ဆက်ဆံရေး၊ စီးပွားရေး အကျိုးစီးပွား ရှိနိုင်ခြေကြောင့် သူ၏ ဝင်ရောက်စွက်ဖက်မှုသည် မြန်မာမှ ပြည်တွင်းစစ်ကို ဖြေရှင်းရန် ထိုင်းနိုင်ငံ၏ တရားဝင် အားထုတ်မှုများကို လမ်းကြောင်းလွဲ သို့မဟုတ် အနည်းဆုံး အာရုံလွှဲစေနိုင်သည်။
ထို့ပြင် ထိုလုပ်ရပ်သည် ထိုင်းနှင့် မြန်မာမှ အာဏာရှိသူများအကြား စီးပွားရေးဆက်စပ်မှုကို ပိုမို အာရုံစိုက်စေနိုင်သည်။ အပြန်အလှန်အားဖြင့် ထိုကိစ္စသည် ကသိကအောက်နိုင်သည့် မေးခွန်းများ ဖြစ်စေနိုင်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် လူ့အခွင့်အရေး ပိုမိုအခြေခံသည့် နိုင်ငံတကာအမြင်ကို တွေ့မြင်ရန် စိတ်အားထက်သန်သော ထိုင်းများအကြား ပိုမို မေးခွန်းထုတ်စရာ ဖြစ်စေသည်။
(Lowy Institute ပါ Craig Keating ၏ Thaksin Shinawatra’s Myanmar talks likely driven by politics and money ကို ဘာသာပြန်သည်။ Craig Keating သည် ယခင် သရုပ်ခွဲလေ့လာသူ၊ သံတမန်ဟောင်းနှင့် ထိုင်းနိုင်ငံကို ကာလရှည်ကြာ စောင့်ကြည့်လေ့လာနေသူ ဖြစ်သည်။)
You may also like these stories:
မြန်မာ့အရေး သက်ဆင် ကြားဝင်ရန် ကြိုးစားမှု ကျရှုံး
သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ် (ရုပ်/သံ)
သက်ဆင်၏ ကြားဝင်ဆောင်ရွက်မှု အစိုးရမူဝါဒမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရန် ထိုင်း ကမ်းလှမ်း
သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း
ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာပြည်ကို သွားရောက်ခဲ့