တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မ ၄၄ တပ်မမှူး ဘဝမှတဆင့် စစ်တက္ကသိုလ် DSA ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ဖူးသူ တယောက်ဖြစ်သည်။ ကျောင်းအုပ်ကြီးရာထူးနှင့် ပြောင်းရွှေ့လာသည့် ၂၀၀၃ ခုနှစ်တွင် စစ်တက္ကသိုလ်၌ ဗိုလ်လောင်းအပတ်စဉ် ၄၆၊ ၄၇ နှင့် ၄၈ တို့က ပညာသင်ကြားနေဆဲ အချိန်ဖြစ်သည်။
စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဆိုသည်မှာ ထိုအချိန်က စစ်တိုင်းမှူးဖြစ်လာစေရန် သေချာသည့် ကြားခံ ရာထူးတခုလည်း ဖြစ်ခဲ့သည်။ တနည်းဆိုရသော် တပ်မမှူးနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူးတိုင်းက လိုချင်၊ ဖြစ်ချင်ခဲ့ကြသည့် ရာထူးနေရာ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် (DSA အပတ်စဉ် ၁၉) မတိုင်မီက စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးသည် ဗိုလ်မှူးချုပ် အုန်းမြင့် (DSA အပတ်စဉ် ၁၇) ဖြစ်သည်။
“နယ်လှည့် ပါးရိုက်လာတာ” ဆိုသည့် စကားကြောင့် အဝေဖန်ခံခဲ့ရသည့် ဝန်ကြီးဟောင်း ဦးအုန်းမြင့် ဖြစ်သည်။ သူ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဘဝတွင်မူ ဗိုလ်လောင်းများ၏ သက်သာချောင်ချိရေးကို ဂရုတစိုက် လုပ်ဆောင်ပေးခဲ့သူတဦး ဖြစ်ခဲ့သည်။
ဦးအုန်းမြင့် လက်ထက်တွင် ဗိုလ်လောင်းများအတွက် စားရေး၊ သောက်ရေး၊ တပ်နေပျော်ရေး အစွမ်းကုန် လုပ်ကိုင်ပေးခဲ့ခြင်း ဖြစ်၏။ သူ့နောက်က မင်းအောင်လှိုင်ကမူ ဗိုလ်လောင်းများကို ပေးထားသည့် သက်သာချောင်ချိမှု တော်တော်များများ ရပ်တန့်ပစ်သည်။
အရာရှိဖြစ်သည့်အချိန်တွင် ရှေ့တန်းတွင် မစားတတ် မသောက်တတ် ဖြစ်မှာစိုးသည်ဟု အကြောင်းပြချက်နှင့် နေ့လည်စာ အသားဟင်းအစား ခရမ်းချဉ်သီးငပိချက်နှင့် မင်းအောင်လှိုင်က အစားထိုးလိုက်သေးသည်။
အရာရှိဖြစ်သည့်အချိန်တွင် ရှေ့တန်းတွင် မစားတတ် မသောက်တတ် ဖြစ်မှာစိုးသည်ဟု အကြောင်းပြချက်နှင့် နေ့လည်စာ အသားဟင်းအစား ခရမ်းချဉ်သီးငပိချက်နှင့် မင်းအောင်လှိုင်က အစားထိုးလိုက်သေးသည်။
ထို့အပြင် ပုံမှန်တိုက်နေကျဖြစ်သည့် နွားနို့ကိုလည်း ရေနှစ်ဆ ထိုးသလို ကျဲတောက်အောင် ဖျော်သည့်စနစ် ပြောင်းလဲစေပြန်သည်။
စစ်တက္ကသိုလ် စားရိပ်သာများက ပိုလျှံသည့် ရိက္ခာနှင့် ရိက္ခာစို ငွေသည်လည်း ထိုခေတ်ကာလတွင် အတော်များသည့် ပမာဏ ဖြစ်ခဲ့သည်။ မင်းအောင်လှိုင်အနေဖြင့် ကိုင်တွယ်ခဲ့ရသည့် ၄၆၊ ၄၇၊ ၄၈ ဗိုလ်လောင်း အပတ်စဉ်များသည် အင်အားများသည့် အပတ်စဉ်များ ဖြစ်သည်။
ထို့အပတ်စဉ်များကို ကြည့်မရခဲ့ဟု မင်းအောင်လှိုင်က မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုလေ့ ရှိပါသည်။
အထူးသဖြင့် အပတ်စဉ် ၄၇ သင်တန်းဆင်း အရာရှိများ ဖြစ်ပါသည်။
အချိန်ကာလအရ အပတ်စဉ် ၄၇ များကို တဆင့်မြင့် ရာထူးပေးခါနီးသည့် အချိန်တိုင်း ငယ်သေးတယ်၊ စိတ်မချရဘူးဆိုသည့် အကြောင်းပြချက်များနှင့် အချိန်ဆွဲထားလေ့ ရှိခဲ့ပါသည်။
ကျောင်းအုပ်ကြီး ဘဝကတည်းက နည်းပြအရာရှိများနှင့် ဗိုလ်လောင်းများအပေါ်တွင် ဘာမှဟုတ်သည့် ကိစ္စများကိုပင် ထိထိရောက်ရောက် အရေးယူခဲ့သည်။

သူ တပ်ချုပ် ဖြစ်လာချိန်တွင်လည်း တပ်မတော်သည် အရေးယူဖို့ ကိစ္စများတွင် လျင်မြန်စွာ အရေးယူသလောက် ရာထူးပေးရမည့်အချိန်တွင် အန်မတန် နှောင့်နှေး ကြန့်ကြာတတ်ပါသည်။ ဤရက်ပိုင်းတွင် တပ်ချုပ် ယုံကြည်ရသည် ဗိုလ်မှူးတယောက်အကြောင်း မီဒီယာများတွင် ပါလာသဖြင့် သေချာဖတ်ကြည့်မိပါသည်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို တပ်ချုပ် ကြည့်မရသည့် စစ်တက္ကသိုလ် အပတ်စဉ် ၄၇ သင်တန်းဆင်းတဦး ဖြစ်နေသည်ကို တွေ့ရပါသည်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို တပ်ချုပ် ကြည့်မရသည့် စစ်တက္ကသိုလ် အပတ်စဉ် ၄၇ သင်တန်းဆင်းတဦး ဖြစ်နေသည်ကို တွေ့ရပါသည်။ ခြေလျင်၊ ခြေမြန်က ၄၇ အပတ်စဉ်များကို ယာယီတပ်ရင်းမှူးပေးသည့် အချိန်တွင် မရှေးမနှောင်းဆိုသလို နည်းပညာဆိုင်ရာ တပ်များနှင့် စစ်ကျောင်းနည်းပြများကို ဒု ဗိုလ်မှူးကြီးအဆင့် ယာယီ တိုးမြှင့်ပေးခဲ့သည့် အချိန်ကစပြီး ကျော်ဇောရဲ (အပတ်စဉ် ၄၇) ကို သတိထားမိခဲ့ပါသည်။
DSA အပတ်စဉ် ၄၇ များထဲတွင် ထူးခြားသူတယောက်ဖြစ်ပြီး ဗန်းမော်မြို့သား ဗိုလ်မှူး ကျော်ဇောရဲသည် စာပေထူးချွန်သူ တယောက်လည်း ဖြစ်သည်။ Burma VJ တွင် ဖော်ပြသည့် သူနှင့်ပတ်သက်သည့် အချက်အလက် အများစု မှန်ကန်နေသည်ကို တွေ့ရပါသည်။
ဗိုလ်မှူး ကျော်ဇော်ရဲသည် စစ်တက္ကသိုလ်၏ ဗိုလ်လောင်း အင်အားအများဆုံး သင်တန်းအပတ်စဉ် ၄၇ ကို ၂၅ ရက် ၂ လပိုင်း ၂၀၀၂ ခုနှစ်တွင် တက်ရောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းဆင်းလာခဲ့သူ ဖြစ်သည်။ ကျောင်းဆင်းပြီး အရာရှိဖြစ်ပြီးသည့်အချိန် မဟာဘွဲ့တန်း တက်ရန် အဆင့်မီသူများကို ဘာသာစကားသင်တန်း ခေါ်သည့်အချိန်တွင် စစ်တက္ကသိုလ် စာပေဌာန ၂ တွင် ဘာသာစကား အမှတ်စဉ် ၇ တက်ခဲ့သည်။
ထို့နောက် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် ရရှားနိုင်ငံရှိ National Research University of Electronic Technology (MIET) ကို တက်ရောက်ခဲ့ပြီး MICSC ဘွဲ့ကို ၂၀၀၉ ခုနှစ်တွင် ရရှိခဲ့သည်။ Ph.D ဘွဲ့ကို ၂၀၁၂ ခုနှစ် တွင် ရရှိခဲ့ပြီး D.Sc ဘွဲ့ကို ၂၀၁၆ ခုနှစ်တွင် ရခဲ့သည်။
ပညာတတ်ပြီး ပါးနပ်သည့် ဗိုလ်မှူးအနေဖြင့် နေရာရရေးအတွက် သုံးသွားသည့် အကွက်များက အကွက်ဟောင်းသော်လည်း သိပ်သေသပ်လှပါသည်။
စစ်တပ်တွင် “လူကြီးနဲ့ပိုင်ဖို့ မလိုဘူး၊ လူကြီးကတော်နဲ့ ပိုင်ဖို့လိုတယ်” ဆိုသည့် စကားရှိပါသည်။ ပို၍ ပါးနပ်ကြသည့် သူများက ခပ်ဆိုးဆိုး လူကြီးသားသမီးတွေနှင့်ပင် ပိုင်အောင် ပေါင်းကြပါသေးသည်။
”အမေကြူ” ဟုဆိုကာ ဖားယားပြီး ခေါ်ကြသည့် တပ်ချုပ်ကတော် ဒေါ်ကြူကြူလှကို ပိုင်မှ အပေါ်က ထိပ်ပိုင်း ရာထူးများဆီ ရောက်မည်ကို အရာရှိအများစု သိကြပါသည်။
ဒေါ်ကြူကြူလှသည်လည်း ယခင်တပ်ချုပ်ဟောင်း ဦးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်ထက် အဆများစွာ ဆိုးပါသည်။
ဒေါ်ကြူကြူလှသည်လည်း ယခင်တပ်ချုပ်ဟောင်း ဦးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်ထက် အဆများစွာ ဆိုးပါသည်။
ချွေးမ မီးနေသည် မေးတာတောင် KTV ဆင်းပေးရပြီး လက်အောက်က အရာရှိကြီးကတော်များက ဧည့်ခံပေးရတဲ့အထိ ဖြစ်ပါသည်။ ထမီအဆင် ရွေးတာမှားလို့ နေရာပြောင်းခံရသူများ၊ အစားအသောက် အဆင်မပြေသဖြင့် ရာထူးချခံရသူများရှိသည့် တပ်မတော် အဖွဲ့အစည်းတွင် ‘အမေကြူ’ ဆီက ပုဝါလေးတောင်းပြီး အမေတော်ဖို့ ဇာတ်လမ်းဆင်ခဲ့သည့် ဗိုလ်မှူးက အရမ်းတော်ခဲ့ပါသည်။
ရင်းနှီးပြီး နောက်ပိုင်းတွင် အမေကြူ၏ Facebook အကောင့်က တင်သမျှ၊ ရှယ်သမျှပို့စ်များတွင် comment များ ဝင်ရေးပြီး တလှမ်းချင်း တိုးဝင်ခဲ့သည်။ “စစ်တိုက်တော်ဖို့ မလိုဘူး၊ အမျိုးတော်ဖို့လိုတယ်” ဆိုသည့် စကားတခု တပ်မတော်တွင် ရှိခဲ့ပါသည်။
ထိုစကား အဓိပ္ပာယ်မှာ လူကြီးသားသမီးများနှင့် ဆွေမျိုးတပည့်တွေသာ အပေါ်က ထိပ်ပိုင်းရာထူးများ ရောက်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

တောထဲတွင် စစ်တိုက်ပြတဲ့သူများကို တော်ရုံလူကြီးက အသိအမှတ် မပြုသော်လည်း တောထဲတွင် တခုခု မှားယွင်းနေလျှင်တော့ ချက်ချင်း အရေးယူတာ ခံကြရပါသည်။ လူကြီးကတော် ဈေးခြင်းတောင်း ဆွဲပေးသည့် သူက သေနတ်ဆွဲပြီး စစ်တိုက်ပေးသည့် သူတွေထက် နေရာပိုရကြသည်။
အလားတူ ဖြစ်စဉ်သည်လည်း စစ်တပ်၌ ထူးဆန်းသည့်ကိစ္စအဖြစ် မမြင်ကြတော့ပေ။ ကကကြည်း (နေပြည်တော်) စစ်ရုံးတွင် တာဝန်ကျဖူးသူ မဟုတ်ခဲ့ပါက နောက်ပိုင်းတွင် တိုင်းမှူးဖြစ်ဖို့ပင် မလွယ်ကူတော့ပေ။
ယခု ဗိုလ်မှူး ကျော်ဇောရဲကို ဒရုန်းနှင့်ပတ်သက်သည့် အဖွဲ့များ၏ အကြီးအမှူးလို ရာထူးပေးထားသည်ဟု ဆိုကြသည်။ ယင်းဗိုလ်မှူးသည် နည်းပညာပိုင်းတွင် တော်ပါ တတ်ပါလိမ့်မည်။ တော်လှန်ရေး အင်အားစုများဘက်က ဒရုန်းတပ်ဖွဲ့များ၏ စိတ်ဓာတ်ကိုမူ ကျော်လွန်နိုင်ဖွယ်မရှိဟုလို့သာ သုံးသပ်လိုပါသည်။
ပညာသင်ကာလက များပြီး အောက်ခြေတပ်များနှင့် ကင်းကွာလွန်းသည့် ကျော်ဇောရဲသည် လူကြီးနှင့် လူကြီးကတော် အကြိုက်သာ ဆောင်ရွက်နိုင်ဖို့ များပါသည်။
ပညာသင်ကာလက များပြီး အောက်ခြေတပ်များနှင့် ကင်းကွာလွန်းသည့် ကျော်ဇောရဲသည် လူကြီးနှင့် လူကြီးကတော် အကြိုက်သာ ဆောင်ရွက်နိုင်ဖို့ များပါသည်။
ယနေ့ မျက်မှောက်ကာလတွင် လှေခွက်ချည်းကျန် အလံမလှဲဆိုသည့် မြန်မာ့တပ်မတော် ခွက်ခွက်လန်အောင် ရှုံးနေရပါသည်။
ထို့သို့ဖြစ်ရသည်ကလည်း နီးရာလူကို သူရဲကောင်းပြုသည့် စနစ်အလွဲများကြောင့်ရော အောက်ခြေတပ်များအကြောင်း အပေါ်က အမှန်အတိုင်း မသိတာများလာတာကြောင့်ရော ပါမည်ထင်ပါသည်။
ပြန်ဆက်ရရင် ဗိုလ်မှူး ကျော်ဇောရဲက အတွက်အချက်ကောင်းသူ လူတော်ဖြစ်ပါသည်။
ပင်ပင်ပန်းပန်း စစ်တိုက်ပြီး နေရာရဖို့ မလွယ်သည်ကို သိသောကြောင့် အန္တရာယ်လွတ်ကင်းသည့် နေရာတွင် စာကြိုးစားသည်၊ ထူးချွန်အောင်လုပ်သည်၊ လူကြီးကတော်နှင့် ပိုင်အောင်ပေါင်းသည်၊ လူကြီးသမီးကို ရအောင်ယူသည်။ (ဒါတောင် တပ်ချုပ်သမီး ခင်သီရိသက်မွန်က ယောကျ်ားအရ စောသွားလို့)
လူကြီးနှင့် ပိုင်နေဖို့ရာ စစ်တိုက်တော်နေဖို့ မလိုဘူး၊ လူကြီးကတော်နှင့် ပိုင်ရင်ရပြီဆိုသည့်အကွက်ကို ဗိုလ်မှူး ကျော်ဇောရဲတယောက် ကောင်းကောင်း အသုံးချသွားနိုင်ခဲ့ပါသည်။
ဤသို့ အကပ်ကောင်းနှင့် တက်လာသည့် လူအရေအတွက် များလာခြင်းသည် ယနေ့ခေတ် တပ်မတော် ကျဆုံးခြင်းအတွက် အထောက်အပံ့ ကောင်းကောင်း ဖြစ်ခဲ့လေသလားဟု မေးခွန်းမေးလာပါက တစိတ်တဒေသ မှန်ပါသည်ဟုသာ ဆိုရပေတော့မည်။
(စာရေးသူသည် CDM စစ်သားတဦးဖြစ်သည်။)
You may also like these stories:
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား
သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ
အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ