• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

by ဇေယျ (အညာ)
4 June 2024
in သူ့အတွေး သူ့အမြင်
A A
အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြသူများနှင့် လုံခြုံရေး ယူပေးနေသည့် စစ်ကိုင်းတော်လှန်ရေးသမားများ / Ko Pyay Kyaw

4.5k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သော ရက်ပိုင်းအတွင်း ကဗျာဆရာ ဆန်းကျော်စွာဝင်း၏ “သို့ … မမနုကြည်” ဟူသည့် ကဗျာရှည်တ‌ပုဒ် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီး လူစိတ်ဝင်စားလည်းခံရ၏။ လူစိတ်ဝင်စားခံရသည့် အကြောင်းမှာ ကဗျာဆရာ ဆန်းကျော်စွာဝင်း၏ ပြောင်မြောက်‌သည့် အရေးအဖွဲ့အပြင် လက်ရှိ မြန်မာနိုင်ငံရေးတွင် အဓိက အတိုက်အခံအင်အားစု ဖြစ်နေသည့် ပြည်မဗမာအင်အားစု၏ ဗဟိုဖြစ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရကို ‘မမနုကြည်’ ဟု တိုင်တည်ပြီး ဝေဖန်ထား၍ဖြစ်သည်ဟု ဆိုရပါမည်။

အဆိုပါကဗျာနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ကိုဆန်နီ (San Ni) ဆိုသူ ကဗျာချစ်သူတဦး၏ ဝေဖန်သုံးသပ်ချက်အား အောက်ပါအတိုင်းတွေ့ရ၏။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
844
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
8k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.9k

“ကဗျာ ချစ်သူ တယောက်အနေနဲ့ အရေးကြီးတာလေးတွေတော့ နည်းနည်း ပြောကြည့်ပါမယ်။

၁။ မမနုကြည် ကဗျာက အစ အဆုံး ဆွဲဆောင်မှု အား‌ကောင်းတဲ့ ကဗျာရှည်ပါ။ အပိုဒ်ခွဲများစွာ အဆက်အစပ် မပျက်သွားဘူး (ကဗျာရှည်တွေဟာ အစ အဆုံး ဆွဲဆောင်မှုရှိဖို့ ကဗျာတိုတွေထက်ကို အများကြီးခက်ပါတယ်။)

၂။ ဒီကဗျာရှည်က လက်တွေ့ဖြစ်‌နေတဲ့ တိုက်ရိုက် နိမိတ်ပုံတွေကို အရိုးရှင်းဆုံး တိုက်ရိုက် စုဖွဲ့ထားပြီး ပက်တမ် (pattern) စုဖွဲ့အားလည်း ကောင်းတဲ့ မော်ဒန်ခေတ်ဦး ပုံစံမို့ ကဗျာချစ်သူရော ကဗျာနဲ့ ဝေးသူကိုပါ အားကောင်းစွာ ဆွဲဆောင်နိုင်တဲ့ ကဗျာမို့ စာဖတ်သူတွေ ၈၀ ရာခိုင်နှုန်းအထက် သဘောကျ၊ နာမည်ကျော်နိုင်တဲ့ ကဗျာပါ။

၃။ ကဗျာရှည်ဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေကို အပြင်းအထန် ခံစားနေရတဲ့ အညာဒေသက အရပ်သား ပြည်သူတွေအကြောင်း အခြေခံထားတဲ့ ရင်နင့်စရာတွေမို့ (ဇတ်နာစရာ အဖြစ်မှန်တွေမို့) ဂရုဏာရသကို အပြည့်ပေးတဲ့ ခံစားမှုပိုင်းကလည်း ဖတ်ရသူတိုင်းကို လှုပ်ခတ် ငြိတွယ်စေပါတယ်။

၄။ ကဗျာခေါင်းစဉ်နဲ့ တိုင်တည်ရည်ညွှန်း၊ မမနုကြည်ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုဒ်ခွဲတွေက မမနုကြည်ကို (တဦးတယောက်ကို) တိုင်တည် ရည်ညွှန်းတဲ့ကြိုးနဲ့ သီကုံးတဲ့ပုံစံ သုံးထားပါတယ်။ မော်ဒန်ခေတ်ဦး (ကို) အောင်ချိမ့်၊ ကိုချော (မောင်ချောနွယ်) တို့ကနေ မနေ့တနေ့က ဂျန်ဇီးလေးတွေအထိ (လှိုင်သာယာ အကြောင်း၊ စစ်ကိုင်း အကြောင်း) ကဗျာတွေမှာ တွေ့ရတဲ့ပုံစံ အဟောင်းပေမယ့် ဖစ်ဂါ (figure) ဖြစ်နေတဲ့ NUG ကို တိုင်တည်တဲ့ ပုံစံမို့ လူကို ပိုဆွဲဆောင်စေပါတယ်။

၅။ NUG ကို ‘မမနုကြည်’ အဖြစ် တိုင်တည်ထားတဲ့ နေရာမှာလည်း ကဗျာဆရာက သူ အားကိုးစရာ၊ အလေးထားစရာသဘော (အပုပ်ချသလိုထက်) တိုင်တည်တာအဖြစ် သတိကြီးကြီး ရေးထားတာမို့ အမှားအယွင်း အဆိုးအဝါး မရှိပါဘူး။ ရေးခွင့်ရှိတဲ့ လွတ်လပ်ခွင့်ဘောင် (တရားစွဲလို့မရတဲ့ ဘောင်ထဲက) ရေးထားတာမို့ ရေးခွင့်ရှိသလို မမှားယွင်းခဲ့ပါဘူး။

NUG ထဲက ဝန်ကြီး နှစ်ယောက်လောက်ကို ပုဂ္ဂိုလ်ရေးဆန်ဆန်လေး ထည့်ရေးပေမယ့်၊ တိုက်ရိုက်စွတ်စွဲ အပုပ်ချတာ မဟုတ်ဘဲ စေတနာ သတိပေးသလိုလေး ခနဲ့လိုက်တာမို့ ပါးနပ်တယ် ပြောရမယ်။ စိတ်ဆိုးချင်တောင် ဆိုးမရအောင် ရေးသွားတာကလည်း သူရဲ့ဂရုစိုက်မှုနဲ့ အတတ်ပညာကို သတိပြုစရာပါ။

၆။ NUG ထဲက ဝန်ကြီး နှစ်ယောက်လောက်ကို ပုဂ္ဂိုလ်ရေးဆန်ဆန်လေး ထည့်ရေးပေမယ့်၊ တိုက်ရိုက်စွတ်စွဲ အပုပ်ချတာ မဟုတ်ဘဲ စေတနာ သတိပေးသလိုလေး ခနဲ့လိုက်တာမို့ ပါးနပ်တယ် ပြောရမယ်။ စိတ်ဆိုးချင်တောင် ဆိုးမရအောင် ရေးသွားတာကလည်း သူရဲ့ဂရုစိုက်မှုနဲ့ အတတ်ပညာကို သတိပြုစရာပါ။

ဒါကြောင့် အထက်က အချက်တွေ အားလုံးအရ ကဗျာက ထိ‌ရောက် အားကောင်းသလို ဆွဲဆောင်မှုလည်းရှိ၊ အပြစ်တင်စရာလည်း ထူထူထဲထဲမရှိတဲ့ ကဗျာရှည်ကောင်းတပုဒ်လို့ ပြောလို့ရတယ်။ သူ့အနုပညာကိုလည်း ချီးကျူးစရာကောင်းတဲ့ ခေတ်ပြိုင်ကဗျာပါပဲ။ အဲဒီအချက်တွေကြောင့်ပဲ သာမန်စာဖတ်သူ ကဗျာကြိုက်သူနဲ့ နိုင်ငံရေးရပ်တည်ချက် အမျိုးမျိုးရှိသူတွေကို အလွယ်တကူ ဖမ်းစားနိုင်တဲ့ကဗျာပါ။” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။

ကဗျာနှင့်ပတ်သက်၍ ကိုဆန်နီ၏ ရေးသားချက်သည် ငြင်းဖွယ်ရာ မရှိပါ။ ပြည့်စုံသည်ဟု ဆိုရပါမည်။ တကယ်ပင် ‘သို့ … မမနုကြည်’ ကဗျာသည် က‌ဗျာသက်သက်ဆိုလျှင် အပြစ်ပြောဖွယ်ရာ မရှိပေ။ ကဗျာဆရာသည်လည်း တောင်းပန်ပြီး ကဗျာကို ပြန်လည် ဖြုတ်သွားသည့်အချိန်တွင် နွေဦးတော်လှန်ရေး စကတည်းက မဖောက်မပြန်ဘဲ သုံးနှစ်လုံးလုံး ပါဝင်ခဲ့သူဖြစ်သည်ဟု ရေးသားဖော်ပြသည်ကို တွေ့ရ၏။

နွေဦးတော်လှန်ရေးတွင် ပါဝင်သူဖြစ်စေ၊ မပါဝင်သူဖြစ်စေ NUG ကို ဝေဖန်ခွင့်ရှိပါသည်။ စာနှင့်ဖြစ်စေ၊ ကဗျာနှင့်ဖြစ်စေ ဝေဖန်ခွင့်ရှိကြပါ၏။

ဤသည်မှာလည်း စစ်အစိုးရနှင့် ပြည်သူ့အစိုးရ ကွာခြားချက်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ဖြစ်စေ၊ NUG အစိုးရကာလဖြစ်စေ ဝေဖန်ခွင့်ရှိသည်မှာ စစ်အစိုးရနှင့် အခြေခံကွာခြားချက် ဖြစ်၏။ NLD အစိုးရဖြစ်စေ၊ NUG အစိုးရကိုဖြစ်စေ ဝေဖန်သကဲ့သို့ စစ်အစိုးရ ဝေဖန်ပါက မည်သို့ဖြစ်မည်ကို အားလုံးသိပါသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်က ဝန်ကြီးဖြစ်ခဲ့သူ စစ်ဗိုလ်ဟောင်း ဦးရဲထွဋ်သည်ပင် စစ်ကောင်စီအား ဝေဖန်သုံးသပ်မိ၍ ထောင်သွင်းအကျဉ်းချခံထားရ၏။ ကျန်သူများဆိုလျှင် စစ်ကြောရေးတွင် အသက်ပျောက်နိုင်သည်။ စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်မီးပြတ်သည်ကို ဝေဖန်မိ၍ ရက်ပ်ပါ အဆိုတော် ‘ဗျူဟာ’ လည်း ထောင်ထဲရောက်၏။ သို့ဖြစ်၍ မီးပျက်၊ မီးမလာသောကြောင့် ဒေါသဖြစ်နေသောသူများသည် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှငင်း (EPC) လောက်ကို မဆဲရဲတော့သည့် အခြေအနေဖြစ်၏။

ဤသို့ ကွာခြားသည့်အခြေအနေအောက်တွင် NUG အား ဝေဖန်သည့် ဆန်းကျော်စွာဝင်း၏ ကဗျာရှည်မှာ ကြိုဆိုရမည့် ကဗျာရှည်တပုဒ်ဖြစ်၏။

NUG ကိုယ်တိုင်က အပြုသဘောဖြင့် ဝေဖန်ထောက်ပြကူညီပါဟု ဆိုထားသည်ဖြစ်ရာ NUG အား ဝေဖန်၍ ပြဿနာ မရှိပေ။ သို့ရာတွင် နွေဦးတော်လှန်ရေးစကတည်းက သုံးနှစ်လုံးလုံး မဖောက်မပြန် ပါဝင်နေသည်ဟုဆိုသည့် ဆန်းကျော်စွာဝင်းသည် ကဗျာရှည်ကို မိမိဘက်တော်သားများအတွက်၊ အမှားများကို ပြင်စေလို၍ ရေးလိုက်ခြင်း ဖြစ်ပုံရ၏။

သို့ဖြစ်ရာ ကဗျာရှည်တွင် NUG နှင့် ပတ်သက်၍ အဆိုးအကောင်း မျှတအောင် ဖော်ပြခဲ့ခြင်း မရှိသကဲ့သို့ စစ်အာဏာရှင်အား တော်လှန်‌နေသည့် နွေဦးတော်လှန်ရေး ရပ်တည်ချက်၊ အမှန်တရားတို့ကို ဖော်ပြထည့်သွင်းခြင်း မရှိတော့ပေ။ ဤသို့ ဖော်ပြခဲ့ခြင်း မရှိသည်မှာ အားလုံးကို မိမိကဲ့သို့ စစ်အာဏာရှင်အား မသွေမဖီ တော်လှန်နေကြသူများအဖြစ် သဘောထား၍ ဖြစ်ပုံရ၏။ ထို့ကြောင့်လည်း ထိုအကြောင်းအရာများကို မထည့်တော့ဘဲ NUG အား ဝေဖန်သည့်အချက်ကိုသာ ဇောင်းပေးဖော်ပြပြီး ကဗျာရှည်ကို ရေးဖွဲ့ခဲ့ပုံရ၏။

NUG သည် စစ်အုပ်စုနှင့်ကွဲပြားသည်၊ ဝေဖန်‌၍ရပါသည်။ အတွင်းပိုင်း အစည်းအဝေးများတွင် ဝေဖန်ပါက အပိုမဆိုတော့ဘဲ လိုရင်းကို တည့်တိုးပြောဆို၍ ဝေဖန်၍ရပါသည်။ သို့သော်လည်း အများရှေ့တွင် ချပြဝေဖန်မည်ဆိုပါက မူဝါဒရပ်တည်ချက် အခိုင်အမာ ပြသရန် လိုသကဲ့သို့ အဆိုး အကောင်း မျှတအောင် ဝေဖန်ရန်လိုအပ်သည်။

NUG အား ဝေဖန်သုံးသပ်ရာတွင် ဒေါက်တာ တေဇာဆန်း၏ ဝေဖန်စာက စံနမူနာတခုဖြစ်၏။ NUG အား ဝေဖန်သုံးသပ်သည့် ဒေါက်တာ တေဇာဆန်း၏စာအား စစ်တပ်လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များ ယူသုံး၍ မရခဲ့ကြပေ။

NUG အား ဝေဖန်သုံးသပ်ရာတွင် ဒေါက်တာ တေဇာဆန်း၏ ဝေဖန်စာက စံနမူနာတခုဖြစ်၏။ NUG အား ဝေဖန်သုံးသပ်သည့် ဒေါက်တာ တေဇာဆန်း၏စာအား စစ်တပ်လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များ ယူသုံး၍ မရခဲ့ကြပေ။

ယခု က‌ဗျာဆရာ ဆန်းကျော်စွာဝင်း၏ NUG အား ဝေဖန်သည့် ကဗျာကို စစ်တပ်လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များက ယူ၍အသုံးချသွားသည်ကို တွေ့ရ၏။ နွေဦးတော်လှန်ရေးတွင် စတင်စဉ်ကတည်းက မဖောက်မပြန် ပါဝင်နေသည်ဆိုသည့် ကဗျာဆရာ၏ အနုပညာ အရည်အသွေး ကောင်းမွန်သည့် ကဗျာတပုဒ်ကို စစ်တပ်လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များက ယူ၍လိုရာစွဲ အသုံးချခံသွားရသည်မှာ စိတ်မကောင်းစရာပင် ဖြစ်၏။

နွေဦးတော်လှန်ရေး သုံးနှစ်တာကာလကို ဖြတ်သန်းပြီးသကာလ စိတ်ပျက်စရာများ ရှိသကဲ့သို့ စိတ်အားတက်စရာများက များစွာရှိသည်ကိုလည်း အသိအမှတ်ပြုရန် လိုပါသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် စစ်ရေးအရ များစွာ အထိနာနေသည့်ကာလ ဖြစ်၏။

စစ်ရေးလေ့လာသုံးသပ်သူများ၏ စစ်တမ်းများအရ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) သုံးခု၊ ခြေလျင်/ခြေမြန်တပ်ရင်း ဌာနချုပ် ၅၈ ခု၊ အမြောက်တပ်ရင်း ဌာနချုပ် ခြောက်ခုသည် လုံးဝ အပြီးအပြတ် ချေမှုန်းခံရပြီး တပ်နံပါတ်ပါ ပျောက်၍ စစ်တပ်၏ စစ်အင်္ဂါစဉ်ထဲတွင် မရှိတော့ပေ။ ထို့ပြင် တပ်မ/စကခ များစွာ အထိနာနေသကဲ့သို့ တပ်မ/စကခ မှူးများ ကိုယ်တိုင်လည်း သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ၊ အရေးယူခံနေရသည်ကို တွေ့ရ၏။

တပြည်လုံးရှိ စစ်ကောင်စီ၏ စခန်း ၂,၅၀၀ ခန့် ဆုံးရှုံးခဲ့ပြီး မြို့ပေါင်း ၆၀ ကျော်ခန့်ကိုလည်း လက်လွှတ်ခဲ့ရပြီ ဖြစ်၏။ စစ်မျက်နှာအများစုတွင် စစ်ကောင်စီသည် ခံစစ်သေဖြင့် ခုခံနေရ၏။ နိုင်ငံတော်အဆင့် အောင်ဇေယျ ထိုးစစ် ဆိုသည်မှာလည်း နှစ်လခန့်ကြာမြင့်သည်အထိ ဒေါနတောင်အား မကျော်နိုင်ပေ။ ယုတ်လျော့နေသော စစ်အင်အားများ ဖြည့်တင်းရန် စစ်မှုထမ်းလိုသူမရှိဘဲ လူငယ်များ ပြည်ပသို့ ထွက်ပြေးကြသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များတွင်း ဝင်ရောက်ကုန်သဖြင့် တိုင်းပြည် ပို၍ ရှုပ်ထွေးနေသည်။

တချိန်တည်းတွင် စီးပွားရေး အကျပ်အတည်းကလည်း တနှစ်ပြီးတနှစ် ပိုဆိုးလာသည်။ ယခုလပိုင်းတွင် တဒေါ်လာလျှင် ကျပ်ငွေ ၄,၀၀၀ ကျော်၊ ရွှေဈေး ကျပ်သိန်း ၅၀ ကျော်အထိ ရှိလာပြီး ကုန်ဈေးနှုန်းများ ထိုးတက်နေသည်။ စစ်စရိတ်ပိနေသော စစ်ကောင်စီသည် ထိုအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် မလွယ်ကူပေ။

ဤသို့ စစ်ရေးအရရော စီးပွားရေးအရရော အကျပ်အတည်းဆိုက်နေသည့် စစ်ကောင်စီ တတ်နိုင်သည်တခုမှာ ဝါဒဖြန့်ချိရေးယန္တယားမှ တုံ့ပြန်နိုင်သည်သာ ရှိသည်။ ထိုသို့သော အခြေအနေအောက်တွင် နွေဦးတော်လှန်ရေးတွင် မဖောက်မပြန် ပါဝင်နေသည့် ကဗျာဆရာ၏ ကဗျာသည် အသုံးချခံ ဖြစ်သွား၏။ စစ်တပ်လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များ၊ စစ်ဗိုလ်ဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံဖွံ့) များ စသည့် စစ်တပ်ထောက်ခံသူများက အားပါးတရ ဖြန့်ချိရွတ်ဆိုနေကြသည်ကို တွေ့ရနေရ၏။

တပြည်လုံးအနှံ့ အိုးအိမ်ပေါင်း ၉၀,၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံရသည် အထဲတွင် အညာဒေသ စစ်ကိုင်းနှင့် မကွေးမှ အိုးအိမ် ၇၀,၀၀၀ ခန့် ပါဝင်သည်။ ယနေ့တိုင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးသည်ဆိုခါ ရွာစဉ်ပတ် မီးရှို့နေသည်ကို အညာဒေသတွင် တွေ့မြင်နေရဆဲ ဖြစ်သည်။ စာသင်ကျောင်း၊ ဆေးရုံပါမကျန် စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲနေသည်ကိုလည်း အညာဒေသတွင် တွေ့မြင်နေရဆဲဖြစ်သည်။

၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်‌နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီ ဆန့်ကျင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်စဉ် / AFP

အရှင်လတ်လတ် မီးရှို့သတ်မှု အပါအဝင်၊ လူအစုအလိုက် သတ်ဖြတ်ခြင်းများကို စစ်ကောင်စီကျူး လွန်သည်ကို အညာဒေသတွင် တွေ့ရဆဲဖြစ်၏။ လူပေါင်းရာချီသေဆုံးခဲ့သည့် ပဇီကြီးရွာ ‌ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်ကိုလည်း အညာဒေသတွင် ကြုံတွေ့ခဲ့ရ၏။ ထို့အတူ အညာသူအညာသားများ၊ PDF များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ ‌အဆက်မပြတ် ပြောက်ကျားစစ်ဖြင့် ကြံ့ကြံ့ခံ အံတုတိုက်ပွဲဝင်နေသည်ကို အညာဒေသတွင် တွေ့ရဆဲဖြစ်၏။

ထို့ပြင် NUG သည် အားနည်းချက်များ ရှိနေသည် ဆိုသော်လည်း စစ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး ဘက်စုံမှ လှုပ်ရှားနေပြီး PDF များအား တစထက်တစတိုးပြီး လက်နက်တပ်ဆင်နေခြင်း၊ EAO များနှင့်တွဲ၍ စစ်ကောင်စီအား တိုက်ခိုက်နေခြင်းကို တွေ့မြင်နိုင်သည်။ ထိုကဲ့သို့ ဘက်စုံမှ သုံးသပ်ဖော်ပြသည်များကို အညာကဗျာတွင် မတွေ့ရ၍၊ မပါဝင်၍လည်း စစ်တပ်လော်ဘီများနှင့် နိုင်ငံရေးဇာတ်ပျက်များက အားပါးတရ ရွတ်ဆိုဖြန့်ချိနေပုံရ၏။

ကဗျာတပုဒ် ထပ်ရေးပါ

အထက်အညာမှ ကဗျာဆရာများသည် နွေဦးတော်လှန်ရေးတွင် ရဲရင့်စွာ ပါဝင်ခဲ့ကြ၏။ ကဗျာဆရာ ဆန်းကျော်စွာဝင်းလည်း တယောက်အပါအဝင် ဖြစ်ပေလိမ့်မည်။ တော်လှန်ရေးတွင် မဖောက်မပြန် ပါဝင်နေသည့် ကဗျာဆရာ တယောက်၏ ကဗျာအား စစ်တပ်လော်ဘီများ၊ စစ်တပ်ထောက်ခံသူများ၊ စစ်ဗိုလ်များ၊ ကြံ့ဖွံ့များအပြင် မြန်မာစစ်တပ် ပုဆိုးလှန်ပြနေသည်ကို မော့မကြည့်ရဲ၊ တခွန်းမှမဟရဲသည့် နိုင်ငံရေးဇာတ်ပျက်များက အားပါးတရ အသုံးချနေသည်မှာ စိတ်မကောင်းစရာပေ။

အနုပညာအားကောင်းပြီး တော်လှန်ရေးတွင် မဖောက်မပြန် ပါဝင်နေသည်ဆိုသည့် ကဗျာဆရာ တယောက်အနေဖြင့် ရန်သူများ ကြောက်ဒူးတုန်စေပြီး ပြည်သူများ ရွှင်လန်းအားတက်စေသည် ကဗျာတပုဒ် ထပ်ရေးဖွဲ့သီကုံးပြီး မိမိ၏ ရပ်တည်ချက်ကို ပြန်လည် ဖော်ပြသင့်ပေသည်။

အနုပညာအားကောင်းပြီး တော်လှန်ရေးတွင် မဖောက်မပြန် ပါဝင်နေသည်ဆိုသည့် ကဗျာဆရာ တယောက်အနေဖြင့် ရန်သူများ ကြောက်ဒူးတုန်စေပြီး ပြည်သူများ ရွှင်လန်းအားတက်စေသည် ကဗျာတပုဒ် ထပ်ရေးဖွဲ့သီကုံးပြီး မိမိ၏ ရပ်တည်ချက်ကို ပြန်လည် ဖော်ပြသင့်ပေသည်။

အညာဒေသ၏ အားမာန်၊ ကြံ့ခိုင်မှု၊ တိုက်ပွဲဝင်မှုနှင့် ပြတ်သားမှုတို့ကို၊ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို သရုပ်ဖော်ပြပြီး အညာသူအညာသားများ၏ ကြံ့ကြံ့ခံတွန်းလှန်မှုအား ကဗျာတပုဒ်ဖွဲ့ဆို ဂုဏ်ပြုသင့်၏။

ထိုသို့ရေးဖွဲ့ပါက စစ်ကောင်စီနှင့် သူ၏လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များကို နှုတ်ဆွံ့အစေပြီး အနုပညာမြောက်စွာ ရေးဖွဲ့နိုင်သည့်အပြင် ရပ်တည်ချက်ခိုင်မာသည့် ကဗျာဆရာတယောက် ဖြစ်သည်ကို ပြသနိုင်ပေလိမ့်မည်။ ကဗျာဆရာသည် စစ်တပ်နောက်လိုက်များ၏ အသုံးချခံ ကဗျာဆရာတယောက် မဟုတ်သည်ကို ပြသနိုင်ပေလိမ့်မည်။

ဤကဗျာသည် သင်ခန်းစာတပုဒ်လည်း ဖြစ်၏။ ရပ်တည်ချက် ခိုင်မာမှု၊ ရှင်းလင်းပြတ်သားမှု မရှိပါက ကဗျာဖြစ်‌စေ၊ စာဖြစ်စေ၊ အခြားအကြောင်း အရာတခုခုဖြစ်စေ စစ်ကောင်စီ၏ အသုံးချခံဖြစ်သွားနိုင်သည်ကို မပြတ် သတိပြုကြရန် လိုအပ်ပေသည်။

(ဇေယျ (အညာ)သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)

You may also like these stories:

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ

စစ်ခေါင်းဆောင်အား “ချိုကျိုး နားရွက်ပဲ့” ဟု ဝေဖန်သည့် အဆိုတော် ဗျူဟာ ဖမ်းဆီးနှိပ်စက်ခံရ

NUG ကိုယ်တွင်းက နတ်ဆိုး

PDF အဖွဲ့ဝင်အချို့၏ ကျူးလွန်မှုများ NUG ဖြေရှင်းနိုင်မှုမရှိသေး

Your Thoughts …
Tags: EAONUGPDFကုန်ဈေးနှုန်းစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနွေဦးတော်လှန်ရေးလေကြောင်းတိုက်ခိုက်မှုဝါဒဖြန့်ချိရေးအနုပညာအမျိုးသားညီညွတ်ရေးအစိုးရအောင်ဇေယျစစ်ဆင်ရေး
ဇေယျ (အညာ)

ဇေယျ (အညာ)

ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

ပြင်သစ် ဓာတ်ပုံဆရာမ တဦး၏ တီယန်မင် အတွေ့အကြုံ

ပြင်သစ် ဓာတ်ပုံဆရာမ တဦး၏ တီယန်မင် အတွေ့အကြုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate