၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၌ Nikkei Asia တွင် ယွန်ဆွန် (Yun Sun) ၏ “China will not give up on Myanmar’s military” (မြန်မာစစ်တပ်ကို တရုတ် ပစ်ပယ်မည် မဟုတ်) ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးတပုဒ် ဖော်ပြခဲ့သည်။ ယွန်ဆွန်သည် ဝါရှင်တန်အခြေစိုက် တရုတ်နှင့် အရှေ့တောင်အာရှအရေး လေ့လာသုံးသပ်သူဖြစ်သည်။ သူမ၏ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ဆောင်းပါးများ ရေးသားခဲ့သည်ကို သတိပြုမိသည်မှာ ၁၀ နှစ်ခန့်ရှိခဲ့ပြီး ဆောင်းပါးများမှာ စိတ်ဝင်စားဖွယ်ဖြစ်၏။ ယခု ဆောင်းပါး သုံးသပ်ချက်တွင်မူ ဖြည့်စွက်စဉ်းစားစရာများ ရှိနေသည်ကို တွေ့ရ၏။
ယွန်ဆွန်၏ ဆောင်းပါးတွင် ဖော်ပြသည့် အဓိကအချက်မှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကျိုးဆက်အရှိဆုံး ပြင်ပပါတီအဖြစ် ရှုမြင်ကြသည်။ မြန်မာ့အကျပ်အတည်းအတွက် အဖြေကိုရှာကြသူ အများအပြားသည် စစ်တပ်ကို တားဆီးရန်၊ ခုခံမှုကို ထောက်ခံရန် သို့မဟုတ် အနည်းဆုံးအားဖြင့် မြန်မာပြည်သူများကို ကူညီရန် တရုတ်သြဇာကို အသုံးပြုရေး တရုတ်ကို တိုက်တွန်းခဲ့ကြသည်ဟု ဖော်ပြသည်။
အမှန်ပင် တရုတ်၏ ဩဇာကို အသုံးပြု၍ မြန်မာပြည်သူများကို ကူညီရန် တိုက်တွန်းကြသူများ ရှိသကဲ့သို့ မျှော်လင့်သူများလည်း အများအပြား ရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ဤသို့ မဖြစ်နိုင်ကြောင်း ယွန်ဆွန်က သူမ၏အမြင်ကို သုံးသပ်တင်ပြထားသည်ကို တွေ့ရ၏။
ပထမအချက်မှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံကို စတင်တည်ထောင်ချိန်ကစပြီး စစ်တပ်ကို အမျိုးသားနိုင်ငံရေးမှ ဖယ်ထုတ်ထားသည့်အချိန်ကာလ မရှိဟု ယူဆထားခြင်း ဖြစ်သည်။ တရုတ်၏ ထိုအမြင်သည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်ဖြစ်ပြီး မြန်မာပြည်တွင် စစ်တပ်အင်စတီကျူးရှင်းက အခိုင်အမာဆုံးဟု ယူဆထားကာ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ကို ဖယ်ထုတ်ပြီး စဉ်းစား၍ မရဆိုသည့်အမြင် ဖြစ်၏။
ယွန်ဆွန် သုံးသပ်သည့် စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်မှာ တရုတ်ကသာ ရှိသည့်အမြင် မဟုတ်ပေ။ အနောက်နိုင်ငံအချို့၊ အနောက်တိုင်းပညာတတ်တချို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်အချို့နှင့် ပြည်တွင်းနိုင်ငံရေးပါတီအချို့တွင်လည်း တွေ့ရသည့်အမြင်ဖြစ်၏။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံကို စတင်တည်ထောင်ချိန်ကစပြီး စစ်တပ်ကို အမျိုးသားနိုင်ငံရေးမှ ဖယ်ထုတ်ထားသည့်အချိန်ကာလ မရှိဟု ယူဆထားခြင်း ဖြစ်သည်။ တရုတ်၏ ထိုအမြင်သည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်ဖြစ်ပြီး မြန်မာပြည်တွင် စစ်တပ်အင်စတီကျူးရှင်းက အခိုင်အမာဆုံးဟု ယူဆထားကာ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ကို ဖယ်ထုတ်ပြီး စဉ်းစား၍ မရဆိုသည့်အမြင် ဖြစ်၏။
တရုတ်အပါအဝင် ထိုသူများသည် မြန်မာပြည်လွတ်လပ်ရေး ရပြီးကတည်းက နှစ် ၇၀ ကျော် သက်တမ်းရှိသည့် စစ်တပ်ကို မပြိုကွဲနိုင်သည့် အင်စတီကျူးရှင်းအဖြစ် ကြည့်မြင်ကြပြီး စစ်တပ်ကို ဗဟိုပြု၍ မြန်မာနိုင်ငံရေးကို စဉ်းစားရမည်ဆိုသည့် အမြင်ရှိကြသည်။
ဤအချက်နှင့်ဆက်စပ်၍ ယွန်ဆွန်က ဆက်လက် ထောက်ပြသည်မှာ စစ်ရေးအရ ကျေးလက်နှင့် နယ်စပ်ဒေသများကို တော်လှန်ရေးအင်အားစုများက ထိန်းသိမ်းနိုင်သော်လည်း မြို့ကြီးပြကြီးများကို စစ်တပ်ကသာ ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု တရုတ်တို့က ယူဆနေသည်ဟူ၍ဖြစ်၏။

စစ်ရေးအရ စစ်တပ်က ရှုံးပွဲဆက်နေပြီး တပြည်လုံးအနှံ့ စစ်စခန်းပေါင်း ၂,၅၀၀ ကျော်၊ မြို့ပေါင်း ၆၀ ကျော် စွန့်လွှတ်ရပြီ ဖြစ်သော်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ မကွေး၊ ပဲခူး၊ ပြည်၊ မုံရွာ၊ တောင်ကြီး၊ မြစ်ကြီးနား၊ ဘားအံ စသည့် မြို့ကြီးများအား စစ်တပ်က ဆက်လက် ထိန်းချုပ်ထားနိုင်မည်ဟု တရုတ်အပြင် အချို့သူများက ယူဆနေကြနေကြသည်။
စီးပွားရေးသမားထဲက ရိုးမဘဏ်မှ ဆာ့ခ်ျပန်း (ခေါ်) ဦးသိမ်းဝေသည် ဤအမြင်ကို ဦးစွာပြောသူ ဖြစ်သည်။ စစ်ရေးအရ နယ်စွန်နယ်ဖျားများ ဆုံးရှုံးသော်လည်း မြို့ကြီးပြကြီးအား ဆက်လက် ထိန်းထားနိုင်ပြီး အဓိက စီးပွားရေး အသက်သွေးကြောများအား ဆုပ်ကိုင်ထားနိုင်ပါက မြန်မာစစ်တပ် မပြိုလဲနိုင်ဟု ယူဆကြ၏။
စီးပွားရေးသမားထဲက ရိုးမဘဏ်မှ ဆာ့ခ်ျပန်း (ခေါ်) ဦးသိမ်းဝေသည် ဤအမြင်ကို ဦးစွာပြောသူ ဖြစ်သည်။ စစ်ရေးအရ နယ်စွန်နယ်ဖျားများ ဆုံးရှုံးသော်လည်း မြို့ကြီးပြကြီးအား ဆက်လက် ထိန်းထားနိုင်ပြီး အဓိက စီးပွားရေး အသက်သွေးကြောများအား ဆုပ်ကိုင်ထားနိုင်ပါက မြန်မာစစ်တပ် မပြိုလဲနိုင်ဟု ယူဆကြ၏။
ထိုအမြင်ကို ပြောင်းလဲရန်မှာ လက်တွေ့ သက်သေမပြဘဲ မဖြစ်နိုင်ပေ။ လက်တွေ့ သက်သေပြပါက တရုတ်တို့ ယုံကြည်နိုင်သည်ဟု ယူဆရသည်။
သို့သော် ရှမ်းမြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်လာပြီး လားရှိုးကို တိုက်မည့်အချိန်၊ လားရှိုးလည်း ကျနိုင်သည့် အခြေအနေရှိပြီး ရှေ့တန်းစစ်မျက်နှာသည် ပြင်ဦးလွင်နှင့် မန္တလေးသို့ ရောက်လာနိုင်သည့်အချိန်၊ လားရှိုးနှင့် ပြင်ဦးလွင်မှ အရပ်သားများ ပြောင်းရွှေ့ထွက်ပြေးသည့်အချိန်တွင် တရုတ်တို့သည် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့အား အတင်းအကျပ် ဖိအားပေးပြီး အပစ်ရပ်ခိုင်းသည်ကို တွေ့ရသည်။
ထိုကာလက လားရှိုးကျပြီး ပြင်ဦးလွင်သို့ စစ်ဦးရောက်လာပါက မြန်မာစစ်တပ် ဖရိုဖရဲဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ ထိုစစ်ပွဲရလဒ်ကြောင့်၊ အရှိန်ကြောင့် ကျန်သည့်ဒေသ အများအပြားတွင်လည်း စစ်တပ် စစ်ရှုံးပြီး နယ်မြေအများအပြား စွန့်လွှတ်ရမည့် အခြေအနေဖြစ်၏။ ဤသို့သော အခြေအနေတွင် မြန်မာစစ်တပ် အသက်ဆက်နိုင်အောင် တရုတ်က အတင်းအကျပ် အပစ်ရပ်ခိုင်းပြီး မြန်မာစစ်တပ်အား အသက်ဆက်ပေးသည်ကို တွေ့ရ၏။

သို့ဖြစ်ရာ ယွန်ဆွန် သုံးသပ်သကဲ့သို့ တရုတ်သည် မြန်မာစစ်တပ်က မြို့ကြီးပြကြီးများကို ဆက်လက် ထိန်းချုပ်နိုင်မည်ဟု ယုံကြည်သည်သက်သက် မဟုတ်ပေ။ မြန်မာစစ်တပ်က မြို့ကြီးပြကြီးများကို ဆက်လက် ထိန်းချုပ်ထားနိုင်ရန် တရုတ်တို့ ကူညီခဲ့သည်ကိုပင် တွေ့ခဲ့ရ၏။
တရုတ်တို့သည် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဟု ဆိုနေသော်လည်း ဝင်ရောက်စွက်ဖက်ပြီး အပစ်ရပ်ခိုင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ်ပြိုကွဲပါက တိုင်းပြည် ဖရိုဖရဲဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်အကျိုးစီးပွားများ ထိခိုက်နိုင်သည်ဟု ယူဆနေခြင်းကြောင့် ဖြစ်သည်။
တရုတ်သည် မြန်မာစစ်တပ် မပြိုကွဲနိုင်၊ စစ်မရှုံးနိုင်ဟု ယူဆထားခြင်း မဟုတ်ဘဲ မြန်မာစစ်တပ် ပြိုကွဲ၍မဖြစ်၊ မြန်မာစစ်တပ် ပြိုကွဲပါက မြန်မာပြည် ဖရိုဖရဲဖြစ်ပြီး တရုတ်အကျိုးစီးပွားများ ထိခိုက်မည်ဆိုသည့် အချက်မှ ရပ်တည်စဉ်းစားနေပြီး မြန်မာစစ်တပ်ကို အသက်ဆက်နိုင်အောင် ကူညီနေသည်ဟု ဆိုရမည်။
ထို့ကြောင့် တရုတ်သည် မြန်မာစစ်တပ် မပြိုကွဲနိုင်၊ စစ်မရှုံးနိုင်ဟု ယူဆထားခြင်း မဟုတ်ဘဲ မြန်မာစစ်တပ် ပြိုကွဲ၍မဖြစ်၊ မြန်မာစစ်တပ် ပြိုကွဲပါက မြန်မာပြည် ဖရိုဖရဲဖြစ်ပြီး တရုတ်အကျိုးစီးပွားများ ထိခိုက်မည်ဆိုသည့် အချက်မှ ရပ်တည်စဉ်းစားနေပြီး မြန်မာစစ်တပ်ကို အသက်ဆက်နိုင်အောင် ကူညီနေသည်ဟု ဆိုရမည်။
တရုတ်သည် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့အား တရုတ်နယ်စပ်အနီး၌ ဖိအားပေးနိုင်သော်လည်း ရခိုင်၌ ဖိအားပေးနိုင်ခြင်း မရှိပေ။ ယခုအခါ ရခိုင်တွင် အာရက္ခတပ်တော် (AA) က မြို့နယ် ၁၀ မြို့နယ် သိမ်းပိုက်ထားပြီး စစ်တွေနှင့် ကျောက်ဖြူကို ဝိုင်းပတ်ပိတ်ဆို့ထားသည်။ မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ်တို့ကို တိုက်ခိုက်နေသည်။ ရခိုင်တွင် စစ်ရေးအရ AA မလှုပ်ရှားသည်မှာ ဂွနှင့်မာန်အောင်သာ ကျန်တော့၏။
ထို့ပြင် ကချင်၊ ချင်း၊ အညာ၊ ကရင်နီ၊ ကရင်၊ တနင်္သာရီစသည့် ဒေသများတွင်လည်း တရုတ်တို့ ဖိအားပေးနိုင်ခြင်း မရှိပေ။
ယခု ဇွန်လဆန်းမှစ၍ လားရှိုးတဝိုက်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်တပ်ကြား စစ်ရေးတင်းမာနေသည်။ အကယ်၍ စစ်မက်ဖြစ်ပွားပါက လားရှိုးလည်း အချိန်မရွေး ကျသွားနိုင်သည်။ ဤသို့မြို့ကြီးများ ကျဆုံးသည့်သက်ရောက်မှုသည် ရခိုင်နှင့် ရှမ်းမြောက်သာမက တပြည်လုံးသို့ သက်ရောက်မည်ကို အားလုံးမြင်နိုင်သည်။
တရုတ်အကူအညီ အပြည့်အဝယူပြီး ရပ်တည်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကဲ့သို့ NUG သည် အမေရိကန်အကူအညီ အပြည့်အဝယူ၍ ရပ်တည်နေသော အဖွဲ့မဟုတ်ပေ။
သို့ဖြစ်ရာ တရုတ်တို့သည် မြို့ကြီးပြကြီးများကို စစ်တပ်က ဆက်လက် ထိန်းနိုင်မည်ဟု မြင်ရုံသာမြင်ပါက ပြဿနာမရှိပါ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။ သို့သော် စစ်တပ်ပြိုကွဲပါက တိုင်းပြည်ဖရိုဖရဲဖြစ်ပြီး တရုတ်အကျိုးစီးပွားကို ထိခိုက်နိုင်သည်ဟူသည့်အမြင်ဖြင့် မြန်မာစစ်တပ်ကို အသက်ဆက်မပေးရန် လိုသည်။
ယွန်ဆွန် သုံးသပ်သည့် ဒုတိယအချက်မှာ တရုတ်တို့သည် ရွေးကောက်ပွဲက တက်လာသည့် NLD အစိုးရကို လက်ခံနိုင်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုမူ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စွက်ဖက်မှုအဖြစ် ကြည့်မြင်နေသည်ဆိုသည့်အချက် ဖြစ်၏။
ဤအချက်နှင့်ပတ်သက်လျှင် အဓိကပြဿနာမှာ NUG သည် အနောက်နိုင်ငံများ၏ စွက်ဖက်မှုဟု ကြည့်မြင်ခြင်း မဟုတ်ပေ။ NUG သည် တရုတ်အပါအဝင် သူ့အား ကူညီမည့်နိုင်ငံများ လိုက်လံချိတ်ဆက်နေသည်ကို တရုတ်တို့ သိသည်။ ထို့ပြင် ပြည်တွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ မထိခိုက်စေရေးနှင့် ပတ်သက်ပြီး တရုတ်သည် NUG နှင့် ချိတ်ဆက် လုပ်ဆောင်နေသည်သာ ဖြစ်၏။
တရုတ်အကူအညီ အပြည့်အဝယူပြီး ရပ်တည်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကဲ့သို့ NUG သည် အမေရိကန်အကူအညီ အပြည့်အဝယူ၍ ရပ်တည်နေသော အဖွဲ့မဟုတ်ပေ။
ပြဿနာမှာ ယွန်ဆွန် ထောက်ပြသည့် NUG ကို အနောက်၏ စွက်ဖက်မှုဟု တရုတ်တို့ သဘောထားသည် ဆိုသည်မှာ အခြားအချက် ဖြစ်၏။ NUG အတွင်းနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် တက်ကြွလှုပ်ရှားသူများ၏ ဟောင်ကောင်ပြဿနာ၊ ထိုင်ဝမ်ပြဿနာတို့နှင့် ပတ်သက်သည့် သဘောထား၊ Milk Tea Alliance တွင် မြန်မာတက်ကြွလှုပ်ရှားသူများ၏ ဆက်နွယ်မှု၊ နွေဦးတော်လှန်ရေး အစပိုင်းတွင် ထိုင်ဝမ်မှ ငွေကြေးလှူဒါန်းမှု စသည့်ပြဿနာများနှင့် ပတ်သက်၍ဖြစ်သည်။

ဟောင်ကောင်ပြဿနာ၊ ထိုင်ဝမ်ပြဿနာတို့နှင့် ပတ်သက်လျှင် မြန်မာပြည်ရှိ အနောက်က လေ့ကျင့်ပေးထားသည့် တက်ကြွလှုပ်ရှားသူအချို့သည် အရာအားလုံးကို လူ့အခွင့်အရေးပေတံနှင့် တိုင်းတာပြောဆိုကြရာ ထိုင်ဝမ်ပြဿနာ၊ ဟောင်ကောင်ပြဿနာတို့လည်း ထိပါးဆက်နွယ်လာသည်၊၊ ဟောင်ကောင်နှင့် ထိုင်ဝမ်ပြဿနာသည် တရုတ်အတွက် အကဲဆတ်သည့်ပြဿနာ ဖြစ်သည်၊၊
နိုင်ငံရေးအရ တိုက်ပွဲဝင်နေသည့် NUG တွင်လည်း အရပ်ဘက် တက်ကြွလှုပ်ရှားသူများ ပါဝင်နေရာ နိုင်ငံရေးအရ မူဝါဒ မပြတ်သားချေ။ နိုင်ငံရေးအရ ရန်သူ၊ မိမိ၊ မိတ်ဆွေ ရှင်းလင်းရန်လို၏။ နိုင်ငံတကာတွင် မိမိမိတ်ဆွေ မည်သူဆိုသည်ကို ရှင်းလင်းရန် လိုသည်။
သို့ဖြစ်ရာ NUG အနေနှင့် တရုတ်နှင့်ဆက်ဆံရေး ကောင်းလိုပါက၊ မြန်မာပြည်သူများကို ကူညီရန် တရုတ်၏ သြဇာကို အသုံးပြုစေလိုပါက၊ တရုတ်တို့၏ အမြင်ရှင်းစေလိုပါက ဟောင်ကောင်၊ ထိုင်ဝမ်ပြဿနာများနှင့် ပတ်သက်၍ NUG တွင် ရှင်းလင်းသော ရပ်တည်ချက်ရှိရန် လို၏။ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားမှာ NUG သဘောထား မဟုတ်ကြောင်း ရှင်းလင်းရန် လို၏။
ယွန်ဆန် သုံးသပ်သည့် တတိယအချက်မှာ တရုတ်တို့သည် လက်ရှိ မြန်မာ့နိုင်ငံရေး၌ ရွေးကောက်ပွဲသည်သာ မြန်မာနိုင်ငံရေး၏ ထွက်ပေါက်ဟု ယူဆနေခြင်း ဖြစ်သည်။
လက်ရှိ စစ်ကောင်စီသည်လည်း ရွေးကောက်ပွဲထွက်ပေါက်မှ ရုန်းထွက်ရန် ကြိုးစားနေသည်။ သို့သော် ၂၀၂၅ တွင် ပြုလုပ်မည်ဆိုသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တနိုင်ငံလုံး မလုပ်နိုင်တော့သည်က သေချာ၏။ လက်ရှိ စစ်ရေးအခြေအနေများအရ ရွေးကောက်ပွဲလုပ်နိုင်သည့် နယ်မြေမှာ တိုင်းပြည်၏ ၅၀ ရာခိုင်နှုန်းခန့်ပင် မသေချာလှပေ။ ထို့ပြင် မည်သည့် ပြုပြင်ပြောင်းလဲမှုမှ မရှိဘဲ စစ်ကောင်စီသည် စစ်ရာဇဝတ်မှု အများအပြား ကျူးလွန်နေသဖြင့် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးထွက်ပေါက် ဖြစ်နိုင်ရန် ဖြစ်နိုင်ခြေ အလွန်နည်းပါသည်။
လက်ရှိ စစ်ကောင်စီသည်လည်း ရွေးကောက်ပွဲထွက်ပေါက်မှ ရုန်းထွက်ရန် ကြိုးစားနေသည်။ သို့သော် ၂၀၂၅ တွင် ပြုလုပ်မည်ဆိုသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တနိုင်ငံလုံး မလုပ်နိုင်တော့သည်က သေချာ၏။
နောက်ဆုံး ယွန်ဆန် သုံးသပ်သည်မှာ အခြေအနေ အချက်အလက်များ ပြောင်းလဲပါက တရုတ်သဘောထား ပြောင်းလဲနိုင်သည်ဟူ၍ ဖြစ်၏။ တကယ့် မြေပြင်အခြေအနေအရ တရုတ်တို့ အမြင်ပြောင်းလဲနိုင်သော်လည်း ယွန်ဆွန် သုံးသပ်သကဲ့သို့ မြန်မာပြည်သူများအား ကူညီရေးအတွက် တရုတ်ဩဇာ အသုံးပြုခြင်းထက် သူ့အကျိုးစီးပွားအတွက် “နိုင်သည့်အစိုးရ တို့အစိုးရ” ဟူ၍ တရုတ်အကျိုးစီးပွား ကာကွယ်ရေးအား ရှေးရှုပြီးသာ ဆက်ဆံခြင်းက ဖြစ်နိုင်ခြေ ပိုများပေလိမ့်မည်။
အဓိကအချက်မှာ လက်ရှိအချိန်တွင် ယွန်ဆွန် သုံးသပ်သကဲ့သို့ မြန်မာပြည်သူများအား ကူညီရေးအတွက် တရုတ်ဩဇာ အသုံးပြုခြင်းထက် ပြိုကျနေသည့် မြန်မာစစ်တပ်အား တရုတ်တို့ ဖက်တွယ်ပြီး အသက်ဆက်မပေးရေးက ပို၍ အရေးကြီးပါသည်။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာစစ်တပ်ကို တရုတ် ပစ်ပယ်မည် မဟုတ်
တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ
တရုတ်က ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအရေး စစ်ကောင်စီကို စည်းရုံးနေ
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်