မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်သား ၄,၀၀၀ နှင့် ရဲတပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ကြပြီး စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် မဟာမိတ်ဖွဲ့ကြသည်။ ထို ဘက်ပြောင်းလာသူများကို CDM စစ်သားများနှင့် CDM ရဲများဟု အတိုက်အခံများက ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မှတ်တမ်းတင်ထားသည်။
NUG နှင့် တရားဝင်ပူးပေါင်းသည့် ထိုဘက်ပြောင်းလာသူများအပြင် ပိုမို များပြားသော်လည်း အတည်မပြုနိုင်သည့် အရေအတွက်ရှိ စစ်သားများ တပ်မှထွက်ပြေးကြပြီး လွန်ခဲ့သော ခြောက်လအတွင်း တော်လှန်ရေးတပ်များ အောင်ပွဲရလာသောကြောင့် အထူးသဖြင့် နယ်စပ်ဒေသများတွင် အောင်ပွဲရလာသောကြောင့် အဆင့်မြင့်အရာရှိများနှင့် တပ်ရင်းလိုက် အပါအဝင် စစ်သားပေါင်း ၆,၀၀၀ ကျော် လက်နက်ချကြသည်။
ထိုဖြစ်ပေါ်တိုးတက်မှုများသည် စစ်တပ် အင်အား အကြီးအကျယ် နည်းစေပြီး တော်လှန်ရေး အင်အားစုများသို့ ရှုံးနိမ့်ခြင်း၊ စစ်ပန်းခြင်း၊ အောက်ခြေစစ်သားများ၏ ဆိုးရွားသော အခြေအနေနှင့် အရပ်သားများကို စစ်တပ်က အလွန်အကျွံ အကြမ်းဖက် နှိပ်စက်ခြင်းစသည့် အခြေအနေအရပ်ရပ်ကြောင့် အောက်ခြေစစ်သားများ စိတ်ဓာတ်ကျဆင်းခြင်းကို ထင်ဟပ်နေသည်။
မိခင်အဖွဲ့အစည်းမှ တော်လှန်ရေး လှုပ်ရှားမှုဘက်သို့ သို့မဟုတ် ပြည်သူ့ဘက်သို့ ရည်ရွယ်ချက်ရှိရှိ ဘက်ပြောင်းခြင်းသည် စစ်ကောင်စီအတွက် တိုက်ခိုက်ရေးစစ်သားများ လျော့ကျစေရုံထက်မကသည့် အင်အားကြီးမားသော တော်လှန်ရေး သေနင်္ဂဗျူဟာတခု ဖြစ်လာသည်။
မိခင်အဖွဲ့အစည်းမှ တော်လှန်ရေး လှုပ်ရှားမှုဘက်သို့ သို့မဟုတ် ပြည်သူ့ဘက်သို့ ရည်ရွယ်ချက်ရှိရှိ ဘက်ပြောင်းခြင်းသည် စစ်ကောင်စီအတွက် တိုက်ခိုက်ရေးစစ်သားများ လျော့ကျစေရုံထက်မကသည့် အင်အားကြီးမားသော တော်လှန်ရေး သေနင်္ဂဗျူဟာတခု ဖြစ်လာသည်။
စစ်တပ်ကို စွန့်ခွာလာပြီးနောက် ဘက်ပြောင်းလာသူ အများအပြားသည် အရေးပါသော ပုဂ္ဂလိက အသွင်ကူးပြောင်းမှုကို ဖြတ်သန်းပြီး ၎င်းတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် တပ်တွင်းအခြေအနေများကို အခြေခံကာ စစ်တပ်စနစ်အပေါ် ပိုမိုနက်ရှိုင်းသည့် ဝေဖန်မှုများ ပူးပေါင်းဖော်ထုတ်ရန် အကျိုးပြုကြသည်။
ခေတ်ပြိုင် အာရှဂျာနယ် (Journal of Contemporary Asia) ၌ မကြာသေးမီက ဖော်ပြသည့် ဆောင်းပါးတွင် စာရေးသူတို့ ဆွေးနွေးသည့်အတိုင်း ၎င်းတို့သည် တော်လှန်ရေးလှုပ်ရှားမှုမှ အခြားပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် ထိုဝေဖန်မှုသည် မြန်မာမှ လူ့အဖွဲ့အစည်းသစ်၊ စစ်တပ်အမျိုးအစားသစ်နှင့် ပတ်သက်သည့် ပိုမိုကျယ်ပြန့်သော တော်လှန်ရေးအမြင်များတွင် ပါဝင်လာသည်။
ဘက်ပြောင်းလာသူ အနည်းငယ်သာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ကြပြီး အခြားသူ အများအပြားသည် ပုံစံအမျိုးမျိုးသော အွန်လိုင်းဆက်သွယ်မှုမှတဆင့် နောက်ထပ် ထွက်ပြေးလာမည့်သူများကို လွတ်မြောက်ရာ လမ်းကြောင်းများ ကူညီခြင်း၊ အရပ်သားများကို အကြမ်းဖက်မှုအတွက် ၎င်းတို့ မကျေနပ်မှုများနှင့် တပ်တွင်းဖိနှိပ်မှုများအတွက် မကျေနပ်ခြင်းစသည်တို့ကို နှိုးဆော်စည်းရုံးရန် လုပ်ဆောင်ကြသည်။

၂၀၂၁ ခုနှစ်၊ မေလမှ စတင်ပြီး ထိုလှုပ်ရှားမှုများကို ဘက်ပြောင်းလာသည့် အဖွဲ့အစည်းများက NUG, တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ (EROs) အများအပြားနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၏ အကူအညီဖြင့် CDM စစ်သားအဖွဲ့များ အထူးသဖြင့် “ပြည်သူ့ရင်ခွင်အဖွဲ့” နှင့် “ပြည်သူ့စစ်သားအဖွဲ့” (ယခု ပြည်သူ့ပန်းတိုင်အဖွဲ့) စသည့် အဖွဲ့များအဖြစ် ပြောင်းလဲသွားစေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဘက်ပြောင်းနှုန်းသည် တပ်တွင်း ခိုင်မာညီညွတ်သည်ဆိုသည့် မြန်မာစစ်တပ်၏ သမိုင်းဝင်ပုံရိပ်ကို ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။ ဘက်ပြောင်းလာသူများ ကိုယ်တိုင်စုစည်းပြီး ဒီမိုကရေစီလိုလားသည့် အတိုက်အခံနှင့် ပူးပေါင်းသည့် အတိုင်းအတာသည် ၁၉၆၂ ခုနှစ်က ပထမဆုံးအကြိမ် စစ်အာဏာသိမ်းပြီးနောက် ရှည်ကြာသော စစ်အုပ်ချုပ်ရေးကာလတွင် မကြုံဖူးသည့် အခြေအနေဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဘက်ပြောင်းနှုန်းသည် တပ်တွင်း ခိုင်မာညီညွတ်သည်ဆိုသည့် မြန်မာစစ်တပ်၏ သမိုင်းဝင်ပုံရိပ်ကို ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။ ဘက်ပြောင်းလာသူများ ကိုယ်တိုင်စုစည်းပြီး ဒီမိုကရေစီလိုလားသည့် အတိုက်အခံနှင့် ပူးပေါင်းသည့် အတိုင်းအတာသည် ၁၉၆၂ ခုနှစ်က ပထမဆုံးအကြိမ် စစ်အာဏာသိမ်းပြီးနောက် ရှည်ကြာသော စစ်အုပ်ချုပ်ရေးကာလတွင် မကြုံဖူးသည့် အခြေအနေဖြစ်သည်။ အခြားအဆင့်များ တပ်မှ ထွက်ပြေးသည်ကို အတိတ်က မကြာခဏ တွေ့ရသော်လည်း ၁၉၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် ကဲ့သို့သော လူထုအုံကြွမှုများတွင် ဘက်ပြောင်းမှု အနည်းငယ်သာ ဖြစ်ပွားကြောင်း တွေ့ရသည်။
၁၉၆၂ ခုနှစ်နောက်ပိုင်း စီးပွားရေးနှင့် နိုင်ငံရေးသြဇာ တဖြည်းဖြည်း စုဝေးလာခြင်းကို အသုံးချပြီး စစ်တပ်သည် ဘက်ပြောင်းမှုများကို သစ္စာခံမှုနှင့် အယူအဆ သွတ်သွင်းခြင်း၊ ရာထူးတိုးပေးခြင်း၊ ဆောင်မကြည့်ရှုခြင်း၊ နေရာပြောင်းရွှေ့ခြင်းနှင့် စစ်သားများကို တင်းကျပ်စွာ ထိန်းချုပ်ခြင်းတို့မှတဆင့် ကျစ်လစ်သိပ်သည်းစေခြင်းဖြင့် ယခင်က ကန့်သတ်ထားနိုင်ခဲ့သည်။
စစ်တပ်သည် ထိုသို့ဘက်ပြောင်းမှု ထိန်းချုပ်ရေး သေနင်္ဂဗျူဟာများကို ဆက်လက်လုပ်ရုံသာမက ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်ပင် ကြိုးစားသော်လည်း ၂၀၂၁ အာဏာသိမ်းမှုအလွန် ဘက်ပြောင်းမှုများသည် စစ်တပ်ကို အဖွဲ့အစည်းအရ သစ္စာခံမှုတွင်သာမက လက်ရှိတော်လှန်ရေး လှုပ်ရှားမှု မည်သို့ ဖြစ်ပေါ်တိုးတက်နေပြီး ဘက်ပြောင်းသည့်ကိစ္စကို မည်သို့ ချဉ်းကပ်ရှုမြင်သည်ဆိုသည့် အပေါ်တွင်ပါ မှတ်သားစရာ အပြောင်းအလဲများကို ပြသနေသည်။
ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် စစ်သားများနှင့် ရဲများကို ရည်ရွယ်ချက်ရှိရှိ ဖိတ်ခေါ်ပြီး ဘက်ပြောင်းခြင်းကို တော်လှန်ရေး သေနင်္ဂဗျူဟာအဖြစ် အသုံးပြုသည်မှာ မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် ဘက်ပြောင်းမှု စနစ်များကို ပုံဖော်ရာတွင် အလွန်အရေးကြီးပြီး ညတွင်းချင်း ဖြစ်မလာနိုင်ပေ။
ကနဦးတွင် ဘက်ပြောင်းရန် ဖြစ်နိုင်ခြေသည် စစ်သားများကို အရပ်သားဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ ဆရာဝန်များ၊ မီးရထားလုပ်သားများ၊ အခြားသူများနှင့်အတူ ပိုမိုကျယ်ပြန့်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်ရန် လမ်းဖွင့်ပေးထားခြင်းကို မှီခိုအားထားရသည်။ ထိုသို့ လမ်းဖွင့်ထားပေးခြင်းသည် စွန့်ခွာလာသည့် စစ်သားများကို သူရဲဘောကြောင်သူများနှင့် စစ်အကြမ်းဖက်မှု ကျူးလွန်သူများအဖြစ် မဟုတ်ဘဲ သူရဲကောင်းများနှင့် ဖိနှိပ်သော စစ်တပ်စနစ်၏ သားကောင်များအဖြစ် သရုပ်ဖော်သည့် ကြီးမားသော အမြင်ပြောင်းလဲမှု လိုအပ်သည်။
တော်လှန်ရေးအမြင်တွင် စစ်သားများကို နေရာပေးခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ပေ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အစောပိုင်းနေ့ရက်များတွင် ပိတ်ဆို့တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများနှင့် ပူးပေါင်းရန် လမ်းမပေါ် ဆန္ဒပြသူများက ဖိတ်ခေါ်ပြီး ပထမဆုံး ဘက်ပြောင်းမှုများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်စဉ်က စစ်သားများကို ပြည်သူများက အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု ကျူးလွန်သူများအဖြစ် မြင်ကြသည်။
တော်လှန်ရေးအမြင်တွင် စစ်သားများကို နေရာပေးခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ပေ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အစောပိုင်းနေ့ရက်များတွင် ပိတ်ဆို့တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများနှင့် ပူးပေါင်းရန် လမ်းမပေါ် ဆန္ဒပြသူများက ဖိတ်ခေါ်ပြီး ပထမဆုံး ဘက်ပြောင်းမှုများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်စဉ်က စစ်သားများကို ပြည်သူများက အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု ကျူးလွန်သူများအဖြစ် မြင်ကြသည်။
စစ်တပ်မှ ဘက်ပြောင်းလာသူများတွင် အထင်အရှားတွေ့ရသည့်အတိုင်း စစ်တပ်မှ စွ့န်ခွာထွက်သွားခြင်းသည် ၎င်းတို့နှင့် ၎င်းတို့မိသားစုများအတွက် လုံခြုံရေးအန္တရာယ် လွန်စွာကြီးမားရုံသာမက သူရဲဘောကြောင်မှု၊ ပုန်ကန်မှုအသိများနှင့် ပြည်သူက မကြိုဆိုသည်ကို စိုးရိမ်မှုများနှင့်လည်း ဆက်စပ်နေသည်။
အစောဆုံး ဘက်ပြောင်းလာသူ နှစ်ဦးနှင့် မြန်မာမှ သက်တမ်းအရင့်ဆုံး ERO ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် အွန်လိုင်းဆက်သွယ်မှု အသုံးပြုပြီး အမြင်ပြောင်းလဲရန် ကူညီအားပေးခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လတွင် အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်သည့် KNU တပ်မဟာ ၅ သည် ဖမ်းမိစစ်သား ခြောက်ဦးကို ဗီဒီယိုရိုက်ကူးတင်ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့သွားသည်။ ထိုစစ်သားများက စစ်အာဏာရှင်စနစ် ကျဆုံးရေးကို တောင်းဆိုပြီး KNU ပြောခွင့်ရသူကလည်း ထိုစစ်သားများကို လက်နက်ချသူများအဖြစ် မသတ်မှတ်ဘဲ တော်လှန်ရေးတွင် ပါဝင်ပြီး CDM စစ်သားများအဖြစ် သတ်မှတ်မည်ဟု ကြေညာသည်။ ၎င်းတို့ကို KNU လွတ်မြောက်ဒေသတွင် နေထိုင်ခွင့်ပြုပြီး နောက်ထပ် စစ်သားများ ၎င်းတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်သည်။
ထို့နောက် မကြာမီ စစ်တပ်မှ ဗိုလ်ကြီး နှစ်ဦးဖြစ်သော ဗိုလ်ကြီး ညီသုတနှင့် ဗိုလ်ကြီး လင်းထက်အောင်တို့သည် ထုတ်ပြန်ကြေညာခြင်း မရှိသည့် လွတ်မြောက်ဒေသများရှိ ပုန်းအောင်းနေသောနေရာများမှ လူမှုကွန်ရက်တွင် လူသိရှင်ကြား ပေါ်လာပြီး ၎င်းတို့သည် CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာလိုက်သည်။
၎င်းတို့သည် Facebook ပို့စ်များ၊ ဗီဒီယိုများ၊ တယ်လီဂရမ် အုပ်စုများနှင့် မီဒီယာ တွေ့ဆုံမေးမြန်းမှုများမှတဆင့် အခြားစစ်သားများ ဘက်ပြောင်းရန် အပြင်းအထန် စည်းရုံးသည့် အွန်လိုင်းလှုပ်ရှားမှု စတင်ပြီး စစ်သားများကို ကြိုဆိုရန် ပြည်သူလူထုကို အားပေးသည်။
စစ်တပ်ကို စွန့်ခွာခြင်းသည် ကိုယ့်ဘဝကိုယ် ပြန်လည်ရယူခြင်းနှင့် တိုင်းကျိုးပြည်ကျိုးပြုခြင်း စသည့် ကျင့်ဝတ်ညီ ဂုဏ်ယူစရာလုပ်ရပ်ဖြစ်ကြောင်း ဖော်ပြကြသည်။
၎င်းတို့ကိုယ်တိုင် စစ်သားများဖြစ်သောကြောင့် ကြီးမားသော အန္တရာယ်များ ရှိစေကာမူ တပ်ကို စွန့်ခွာရဲသည့် သတ္တိရှိသော စစ်ကောင်စီ အတွင်းလူများအဖြစ် ဥပမာဖြစ်လာသည်။ ၎င်းတို့၏ သတင်းစကားများမှတဆင့် စစ်တပ်ကို စွန့်ခွာခြင်းသည် ကိုယ့်ဘဝကိုယ် ပြန်လည်ရယူခြင်းနှင့် တိုင်းကျိုးပြည်ကျိုးပြုခြင်း စသည့် ကျင့်ဝတ်ညီ ဂုဏ်ယူစရာလုပ်ရပ်ဖြစ်ကြောင်း ဖော်ပြကြသည်။
အရပ်သားများကို အကြမ်းဖက်ခြင်းအပေါ် စစ်သားတဦးချင်းစီ၏ မကျေနပ်မှုကို လှုံ့ဆော်စည်းရုံးရုံသာမက စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် စစ်ခေါင်းဆောင်တို့ ထိန်းသိမ်းထားသည့် တပ်တွင်းစနစ်ကို ပိုမိုနက်ရှိုင်းသည့် ဝေဖန်မှုများကိုလည်း လုပ်ခဲ့ကြသည်။
၎င်းတို့၏ သတင်းစကားများက ဘက်ပြောင်းခြင်းသည် တပ်တွင်းဖိနှိပ်သည့် အခြေအနေများမှ ပုဂ္ဂလိက လွတ်မြောက်မှုသာမက စစ်အာဏာရှင်စနစ်ကို ချေမှုန်းရန် တော်လှန်သော မျိုးချစ်လုပ်ရပ် ဖြစ်သည်ဆိုသည့် အမြင်ကို တည်ဆောက်ပေးသည်။
၂၀၂၁ ခုနှစ်၊ မေလတွင် ထိုဗိုလ်ကြီးဟောင်း နှစ်ဦးသည် CDM စစ်သားအဖွဲ့များ ဖွဲ့စည်းရန် ၎င်းတို့၏ အားထုတ်မှုများကို ခိုင်မာအောင်ပြုလုပ်ပြီး ဗိုလ်ကြီးဟောင်း လင်းထက်အောင် ဦးဆောင်သည့် ပြည်သူ့ရင်ခွင်အဖွဲ့နှင့် ဗိုလ်ကြီးဟောင်း ညီသုတ ဦးဆောင်သည့် ပြည်သူ့စစ်သားအဖွဲ့ ပေါ်ပေါက်လာကာ အခြား ဘက်ပြောင်းလာသူများ ပါဝင်ရန် ဖိတ်ခေါ်ကြသည်။ ထိုအချိန်မှစတင်ပြီး ထိုအဖွဲ့ နှစ်ဖွဲ့သည် သတင်းအချက်အလက် မျှဝေရန်၊ ဘက်ပြောင်းလာသူ လူသစ်များကို သယ်ယူပို့ဆောင်ရန်နှင့် ရုပ်ဝတ္ထုထောက်ပံ့ရေးအတွက် စည်းရုံးလုပ်ဆောင်သည့် စင်မြင့်များ ဖြစ်လာသည်။
ထိုဗိုလ်ကြီးဟောင်း နှစ်ဦးတို့သည် EROs အများအပြား၊ ရှင်းလင်းသော သတင်းစကားများ ဖြန့်ချိရန်နှင့် ဘက်ပြောင်းခြင်းကို ထောက်ခံရန် ပိုမိုကျယ်ပြန့်သော တော်လှန်ရေးလှုပ်ရှားမှု၊ NUG ကို နှိုးဆော် ကူညီသည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ အများအပြားနှင့် မဟာမိတ်ဖွဲ့ကြသည်။
ထိုသို့သော စုပေါင်းလှုပ်ရှားမှုများသည် အလွန် အန္တရာယ်များသည့် ဘက်ပြောင်းရေးကို ပိုမိုများပြားသော စစ်သားများအကြား စိတ်ဓာတ်လှုံ့ဆော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ အချို့စစ်သားများ ဘက်ပြောင်းရန် ၎င်းတို့၏ မိသားစုများက အားပေးသည်။ သို့သော် မိသားစုဝင်များ၏ လုံခြုံရေးအတွက် စစ်သားများ၏ ပူပန်မှုများနှင့် စစ်တပ်အပေါ် သစ္စာခံမှု ဓာတ်ခံများက ဘက်ပြောင်းခြင်းကို အတားအဆီး ဖြစ်စေနိုင်သည်။ ထို့ကြောင့်ပင် CDM စစ်သားအုပ်စုများ၏ ထောက်ခံမှုသည် စစ်တပ်ကို စွန့်ခွာမှုလုပ်ငန်း အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
ဘက်ပြောင်းလာသူများကို ထောက်ပံ့ရေးအဖွဲ့များ၏ NUG အား ဆွဲဆောင်လှုံ့ဆော်ခြင်းကလည်း အကျိုးဖြစ်ထွန်းစေသည်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် NUG သည် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ဘက်ပြောင်းခြင်းသည် လက်နက်ကိုင်ကာကွယ်ရေး၊ ဆန့်ကျင်ရေးနှင့်အတူ ၎င်း၏ တော်လှန်ရေး သေနင်္ဂဗျူဟာဖြစ်ကြောင်း ကြေညာသည်။
ဘက်ပြောင်းလာသူများကို ထောက်ပံ့ရေးအဖွဲ့များ၏ NUG အား ဆွဲဆောင်လှုံ့ဆော်ခြင်းကလည်း အကျိုးဖြစ်ထွန်းစေသည်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် NUG သည် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ဘက်ပြောင်းခြင်းသည် လက်နက်ကိုင်ကာကွယ်ရေး၊ ဆန့်ကျင်ရေးနှင့်အတူ ၎င်း၏ တော်လှန်ရေး သေနင်္ဂဗျူဟာဖြစ်ကြောင်း ကြေညာသည်။
ဘက်ပြောင်းလာသည့် စစ်သားများနှင့် မိသားစုများကို လုံခြုံရေးနှင့် ရုပ်ဝတ္တုထောက်ခံမှုအပြင် အနာဂတ် ဖယ်ဒရယ် ဒီမိုကရက်တစ် တပ်မတော်တွင် ရာထူးများပေးရန်ပါ NUG က ကတိပြုသည်။ ၂၀၂၂ ခုနှစ်မှ စတင်ပြီး ဘက်ပြောင်းလာသည့် စစ်သားများသည် စစ်လက်နက်ပစ္စည်း ခဲယမ်းနှင့်အတူ ဘက်ပြောင်းလာပါက ဆုကြေး ရနိုင်သည်။ ထိုအလေ့အထကို ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) က အသုံးပြုနေပြီးဖြစ်ကာ အောင်မြင်မှု အတိုင်းအတာတခုအထိ ရသည်။
ပြည်သူ့ရင်ခွင်အဖွဲ့သည် ဘက်ပြောင်းလာသူများကိစ္စကို ကိုင်တွယ်ပြီး ဘက်ပြောင်းလာသူများကို မှတ်ပုံတင် အမှတ်များ ထုတ်ပေးသည့် NUG ၏ CDM ဆပ်ကော်မတီမှ အကောင်အထည်ဖော်ရေးအဖွဲ့ ဖြစ်လာသည်။ ထို မှတ်ပုံတင် အမှတ်ထုတ်ပေးသည့် စနစ်သည် ဘက်ပြောင်းလာသူများ CDM အဖွဲ့ဝင်ဖြစ်ခြင်းကို တရားဝင်အောင် လုပ်ပေးပြီး လစဉ် ထောက်ပံ့ကြေး ရစေရန် စိစစ်သည့်လုပ်ငန်းများကို အခြေခံသည်။ ဘက်ပြောင်းလာသူ အရည်အချင်း ပြည့်မီရေးအတွက် အဓိကမှတ်ကျောက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရှုတ်ချခြင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်မှု မရှိခြင်း၊ ဘက်ပြောင်းလာသူများ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခြင်း၊ မပါဝင်ခြင်းတို့နှင့် သက်ဆိုင်သည်။
ဘက်ပြောင်းလာခြင်းကို တော်လှန်ရေးတွင် သွေးထွက်သံယို အနည်းဆုံးဖြင့် အောင်နိုင်ရေး သေနင်္ဂဗျူဟာအဖြစ် ယူဆသည်။ တပ်တွင်းလူအင်အား လျော့ကျစေပြီး အမိန့်မနာခံမှုများ ဖန်တီးကာ တိုက်ခိုက်မှုအနည်းဆုံး ပြုလုပ်နိုင်ရေးကို ဆိုလိုသည်။
CDM စစ်သားအဖွဲ့များတွင် ပါဝင်သူများအတွက် တော်လှန်ရေးနှင့် ပတ်သက်သည့် ဖွင့်ဆိုချက်မှာ စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျှော့ချခြင်းသာမက စစ်သားများ၏ ကျင့်ဝတ်များနှင့် နိုင်ငံရေးအမြင်များ ပြောင်းလဲစေရေးနှင့် စစ်တပ်တွင်း ဝါဒဖြန့်ချိမှုကို စုပေါင်းတွန်းလှန်ခြင်းအထိ ပါဝင်သည်။ လူသိရှင်ကြားနှင့် လျှို့ဝှက်လှုပ်ရှားမှုများကို ထိုရည်မှန်းချက်များသို့ ဦးတည်ပြီး စစ်တပ်အတွင်း ဆက်လက် သစ္စာခံနေသော စစ်သားများ ဘက်ပြောင်းရန် အခြေခံအဖြစ် အမြင်များ ပြောင်းလဲစေရန် အားထုတ်မှုများလည်း ပါဝင်သည်။ ထိုသို့လုပ်ဆောင်ခြင်းကို “ဦးနှောက် ဆေးကြောမှုများကို ချိုးဖျက်ခြင်း” ဟုလည်း မကြာခဏ ရည်ညွှန်းသုံးစွဲကြသည်။
K3C ဟုလည်း ခေါ်ကြသည့် CDF, KNU, ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO), ကရင်နီတိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP) တို့ကလည်း ဘက်ပြောင်းလာသူများကို အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စခန်းများတွင် ယာယီ နေရာထိုင်ခင်းစသည့် အထောက်အပံ့များပေးပြီး တခါတရံ NUG ၏ လစဉ်ထောက်ပံ့ကြေးပါ ပူးတွဲရသည်။ သို့သော် ထိုထောက်ပံ့ရေး စနစ်များသည် နိုင်ငံတကာ ငွေကြေးထောက်ပံ့မှု မရသောကြောင့် လိုအပ်ချက်ပြည့်မီရန် ရုန်းကန်နေရသည်။ ဘက်ပြောင်းလာသူ အများအပြားသည် နောက်ဆုံးတွင် အိန္ဒိယ သို့မဟုတ် ထိုင်းနိုင်ငံတွင် ခိုလှုံရသည်။
၂၀၂၁ ခုနှစ် သြဂုတ်လနှင့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘက်ပြောင်းမှုနှုန်း မြင့်မားပြီး ထိုသို့ဖြစ်ခြင်းမှာ EROs, NUG နှင့် CDM စစ်သားအဖွဲ့များ၏ လှုပ်ရှားမှုအမျိုးမျိုးကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် ထိုကာလနောက်ပိုင်းတွင် ဘက်ပြောင်းမှုနှုန်း ကျဆင်းလာပြီး တစိတ်တပိုင်းအားဖြင့် စစ်တပ်က တားဆီးရန် အားထုတ်မှု ပြင်းထန်လာသောကြောင့်ဟု ဆိုနိုင်သည်။ စစ်တပ်သည် ပုန်းအောင်းနေသည့် ဘက်ပြောင်းလာသူများကို သေဒဏ်များပေးပြီး ဘက်ပြောင်းလာသူများကို တော်လှန်ရေးတပ်များက သတ်ပစ်သည့်သဘော သတင်းများကို ဖြန့်ချိသည်။
တတိယနိုင်ငံတွင် ခိုလှုံခွင့်ဆိုသည့် မပြည့်ဝသော မျှော်လင့်ချက်၊ ဘက်ပြောင်းလာသူများအတွက် အသက်မွေးဝမ်းကြောင်းနှင့် လုံခြုံရေးထောက်ပံ့မှု မလုံလောက်ခြင်းအပေါ် စိတ်ပျက်ခြင်းသည်လည်း ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ဘက်ပြောင်းမှုနှုန်း နှေးကွေးစေသည့် အခန်းကဏ္ဍတခုမှ ပါဝင်သည်။
တတိယနိုင်ငံတွင် ခိုလှုံခွင့်ဆိုသည့် မပြည့်ဝသော မျှော်လင့်ချက်၊ ဘက်ပြောင်းလာသူများအတွက် အသက်မွေးဝမ်းကြောင်းနှင့် လုံခြုံရေးထောက်ပံ့မှု မလုံလောက်ခြင်းအပေါ် စိတ်ပျက်ခြင်းသည်လည်း ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ဘက်ပြောင်းမှုနှုန်း နှေးကွေးစေသည့် အခန်းကဏ္ဍတခုမှ ပါဝင်သည်။
သို့သော် ၂၀၂၃ ခုနှစ်အတွင်း ရှေ့တန်းမှ စစ်သားများ ဘက်ပြောင်းမှု မြင့်တက်လာပြီး ကယားပြည်နယ်မှ စစ်တပ်၏ မဟာမိတ် ကရင်နီအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၏ ကြီးမားသော အတိုင်းအတာဖြင့် ပထမဆုံး အစုလိုက် ဘက်ပြောင်းခြင်းကို တွေ့လာရသည်။
စစ်မြေပြင်တွင် အစုလိုက်အပြုံလိုက် လက်နက်ချခြင်းလည်း စတင်ဖြစ်ပေါ်လာပြီး အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ဖြစ်သည်။ ထိုဖြစ်ရပ်များသည် တော်လှန်ရေး အင်အားစုများ အောင်ပွဲများရလာပြီး စစ်တပ်သည် အရေးပါသော စခန်းများနှင့် နယ်မြေထိန်းချုပ်မှု အဓိက ဆုံးရှုံးစေသည်။
၂၀၂၃ ခုနှစ်မှ စတင်သည့် ဖြစ်ပေါ်တိုးတက်မှုများသည် ဘက်ပြောင်းရေး လှုပ်ရှားမှုတွင် ဖြစ်ပေါ်တိုးတက်မှုနှင့် စိန်ခေါ်မှုသစ်များကို ပေါင်းထည့်လိုက်သည်။ အစောပိုင်းက ဘက်ပြောင်းသူများသည် အခြေခံအားဖြင့် ကျင့်ဝတ်နှင့် နိုင်ငံရေး အကြောင်းရင်းများကြောင့်ဖြစ်သည့် အရပ်သားများကို အကြမ်းဖက်မှု ကျူးလွန်ခြင်းနှင့် ကြံရာပါဖြစ်ခြင်းကို ငြင်းဆန်ပြီး ဘက်ပြောင်းခြင်း ဖြစ်သော်လည်း နောက်ပိုင်း ဘက်ပြောင်းလာသူများသည် စစ်ပန်းခြင်း၊ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများတွင် သေဆုံးမည်ကို ကြောက်လန့်ခြင်း စသည့် လက်တွေ့ကျသည့် ပူပန်မှုများကြောင့် ဘက်ပြောင်းခြင်း ဖြစ်သည်ဟု ပိုအမြင်ခံရသည်။
ဘက်ပြောင်းလာသူများ၏ အခြေခံစေ့ဆော်မှုတွင် ထိုသို့ သိသိသာသာ ပြောင်းလဲခြင်းသည် အစောပိုင်း ဘက်ပြောင်းသူများ၊ EROs များနှင့် NUG အကြားတွင် အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်အတွင်း ကာလကြာမြင့်စွာ ဆက်လက်ရှိနေသည့် စစ်သားများကို ဘက်ပြောင်းလာသူများအဖြစ် မည်သည့် အတိုင်းအတာအထိ လက်ခံသင့်သည် သို့မဟုတ် ယုံကြည်သင့် ဆိုသည်နှင့် ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်မှုဖြစ်စေသည်။
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် ပတ်သက်သော ဆွေးနွေးမှုများ၊ အထူးသဖြင့် အကြမ်းဖက် ရက်စက်ကြမ်းကြုတ်မှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူများနှင့် ပတ်သက်သည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုများသည်လည်း ထိုသို့သော ဆွေးနွေးငြင်းခုန်မှုများကို ပိုမိုပျံ့နှံ့စေသည်။
သို့သော် ခြုံငုံသုံးသပ်ရပါက EROs, PDFs နှင့် NUG တို့သည် စစ်သုံ့ပန်းများနှင့် လက်နက်ချလာသူများကို နိုင်ငံတကာ ဥပဒေနှင့်အညီ ဆက်ဆံခြင်း အပါအဝင် ဘက်ပြောင်းလာသူများကို ဆက်လက် လက်ခံနေဆဲဖြစ်သည်။

ဘက်ပြောင်းလာမှု မြှင့်တင်ရေးအတွက် ပိုမိုခိုင်မာသော သေနင်္ဂဗျူဟာများကို ဖော်ထုတ်ရန် စုပေါင်းအားထုတ်မှုများကိုလည်း ပြုလုပ်လာနေကြသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ဘက်ပြောင်းရေးနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Defection and Defiance Movement) သည် ဘက်ပြောင်းလာသူများ၊ ERO ကိုယ်စားလှယ်များ၊ လူမှုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နိုင်ငံတကာ မိတ်ဖက်များနှင့် NUG တို့ ပါဝင်သည့် ဆွေးနွေးပွဲ ကျင်းပပြီး အတွေ့အကြုံများနှင့် အဖြေများများကို ဆွေးနွေးသည်။
လက်ရှိအချိန်အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုမှာ များပြားလာသည့် လက်နက်ချ စစ်သားများနှင့် စစ်အရာရှိများကို နေရာချထားနိုင်ပြီး ၎င်းတို့ စစ်တပ်သို့ မပြန်ရန် လုပ်ဆောင်နိုင်သည့် တော်လှန်ရေး အင်အားစုများ၏ စွမ်းရည်ဖြစ်သည်။
လက်ရှိအချိန်အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုမှာ များပြားလာသည့် လက်နက်ချ စစ်သားများနှင့် စစ်အရာရှိများကို နေရာချထားနိုင်ပြီး ၎င်းတို့ စစ်တပ်သို့ မပြန်ရန် လုပ်ဆောင်နိုင်သည့် တော်လှန်ရေး အင်အားစုများ၏ စွမ်းရည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရာတွင် လက်နက်ချသူများကို ဘက်ပြောင်းလာသူများအဖြစ် ပြောင်းလဲရန် ဖြစ်နိုင်သော သေနင်္ဂဗျူဟာများ ပါဝင်ပြီး စိစစ်ရေး လုပ်ငန်းစဉ်များ၊ အသိတရားလှုံ့ဆော်ရေး လှုပ်ရှားမှုများ၊ လုံခြုံရေးနှင့် ရုပ်ဝတ္ထုထောက်ပံ့မှုများကို အရှိန်မြှင့်တင်ရန် လိုအပ်သည်။ ထိုသို့သော အားထုတ်မှုများအတွက် လွန်စွာများပြားသည့် ရင်းမြစ်များနှင့် စွမ်းရည် လိုအပ်ပြီး ထိုကိစ္စသည် ပြင်ပဘဏ္ဍာရေး ထောက်ပံ့မှု မရှိသောကြောင့် အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။
စစ်အင်အား နည်းလာသောကြောင့် စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အကောင်အထည်ဖော်ခြင်းသည် ဘက်ပြောင်းမှုပုံစံကို ထပ်ပြောင်းလဲစေနိုင်သည်။ အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် ထိုကိစ္စတွင် မပူးပေါင်းလိုသည့် လူငယ်များအကြား စိုးရိမ်ကြောက်လန့်မှုများနှင့် စိတ်ပျက်မှုများ ဖြစ်စေသည်။
ဘက်ပြောင်းသည့် လုပ်ငန်းစဉ်သည် လက်ရှိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို လျှော့ချရာတွင်သာမက အနာဂတ်စစ်တပ် ပြန်လည်ဖွဲ့စည်းရေး အတွက်လည်း အရေးပါသည်။
စစ်မှုမထမ်းမနေရ သည် စစ်ကောင်စီက စစ်တပ်အတွင်း စိတ်ဓာတ်မြှင့်တင်ရန် ဖြစ်သော်လည်း တိုက်ခိုက်ရေးစိတ်ဓာတ် နိမ့်ကျမှု သို့မဟုတ် မရှိဘဲ ညံ့ဖျင်းစွာ လေ့ကျင့်ထားပြီး စစ်တပ်ကို သစ္စာမခံသော လူငယ်များသည် အခွင့်အရေးရလျှင် ထွက်ပြေးနိုင်သည်ဟု မျှော်လင့်ရသည်။ ထို့ကြောင့် ဘက်ပြောင်းမှု မြင့်မားလာစေနိုင်သည်။ အထူးသဖြင့် တော်လှန်ရေး အင်အားစုများ၏ သိမ်းသွင်းရေးနှင့် ထောက်ပံ့ရေး စွမ်းရည်ကို မြှင့်တင်နိုင်ပါက ဘက်ပြောင်းမှု ပိုမိုမြင့်မားစေနိုင်သည်။
၂၀၂၁ ခုနှစ်မှ စတင်သည့် မြန်မာမှ ဘက်ပြောင်းမှုများသည် လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက် ပဋိပက္ခများနှင့် တော်လှန်ရေးများအတွင်း ဘက်ပြောင်းမှုပုံစံနှင့် စိန်ခေါ်မှုရှိသော လက္ခဏာကို ထင်ဟပ်နေသည်။ ဘက်ပြောင်းမှုများသည် စစ်အုပ်ချုပ်ရေးကို တွန်းလှန်ရာတွင် လုံလောက်သော ထိရောက်မှု မရှိသေးသော်လည်း မြန်မာစစ်တပ်၏ စနစ်ကို ထိထိရောက်ရောက် စိန်ခေါ်ရန် တပ်အင်အား လျှော့ချခြင်းထက်မကသည့် အရေးပါသော သေနင်္ဂဗျူဟာဖြစ်သည်။
ဘက်ပြောင်းလာသူများကို လက်ခံထားသည့် အဖွဲ့အစည်းများအတွက် နိုင်ငံတကာထောက်ပံ့မှုသည် ဘက်ပြောင်းမှုလုပ်ငန်းစဉ်ကို အထောက်အကူပြုရာတွင် ခရီးရောက်သည်။ ထိုသို့ ဘက်ပြောင်းသည့် လုပ်ငန်းစဉ်သည် လက်ရှိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို လျှော့ချရာတွင်သာမက အနာဂတ်စစ်တပ် ပြန်လည်ဖွဲ့စည်းရေး အတွက်လည်း အရေးပါသည်။
(New Mandala ပါ Helene Maria Kyed ၏ Defection and revolution in Myanmar ကို ဘာသာပြန်သည်။ ဟယ်လင် မာရီယာ ကိုင်းဒ်သည် နိုင်ငံတကာလေ့လာရေး ဒိန်းမတ် အင်စတီကျုမှ မနုဿဗေဒပညာရှင်နှင့် ဝါရင့်သုတေသီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစ၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးနှင့် ပဋိပက္ခ ရိုက်ခတ်မှုများဆိုင်ရာ စီမံချက်တွင် ပူးပေါင်းလုပ်ဆောင်နေပြီး မြန်မာအရေးနှင့် ပတ်သက်၍ စစ်တပ်ကို စွန့်ခွာသော စစ်သားများအကြောင်း လေ့လာသည်။)
You may also like these stories:
တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ
သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ
သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ
ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်
စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ
တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို
စစ်မှုထမ်းဥပဒေက လူငယ်များကို တော်လှန်ရေးထဲ ပို့ဆောင်ပေးနေ