၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီကို အကြီးအကျယ်ထိုးနှက်ပြီးနောက် ရှစ်လအကြာတွင် ပြန်လည် စတင်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မှ ပစ်မှတ်အများအပြားကို ကိုးကန့် လူမျိုးစု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ပါဝင်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့ (3BA) က အပြင်းအထန် တိုက်ခိုက်သည်။
၎င်းတို့ကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) နှင့် ကွန်မြူနစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အုပ်စုများက ဝင်ရောက်ပူးပေါင်းသည်။
လေးလကြာ အပြင်းအထန် တိုက်ခိုက်ပြီးနောက် ညီနောင်မဟာမိတ် သုံးဖွဲ့သည် မြို့ပေါင်း ၁၈ မြို့၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် တပ်ရင်းအရွယ် စစ်စခန်း ၃၆ ခုကို သိမ်းပိုက်သည်။ ထိုစစ်ဆင်ရေးတွင် စစ်တပ်မှ စစ်သားရာပေါင်းများစွာ သေဆုံးပြီး ဗိုလ်မှူးချုပ်များ အပါအဝင် စစ်သား ၄,၀၀၀ ကျော် လက်နက်ချရသည်။
လေးလကြာ အပြင်းအထန် တိုက်ခိုက်ပြီးနောက် ညီနောင်မဟာမိတ် သုံးဖွဲ့သည် မြို့ပေါင်း ၁၈ မြို့၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် တပ်ရင်းအရွယ် စစ်စခန်း ၃၆ ခုကို သိမ်းပိုက်သည်။ ထိုစစ်ဆင်ရေးတွင် စစ်တပ်မှ စစ်သားရာပေါင်းများစွာ သေဆုံးပြီး ဗိုလ်မှူးချုပ်များ အပါအဝင် စစ်သား ၄,၀၀၀ ကျော် လက်နက်ချရသည်။
အဓိကကျသည့် ရှမ်းပြည်နယ်စပ်မြို့များနှင့် တရုတ်နယ်စပ် လားရှိုးမြောက်ဘက် ဒေသအများစုကိုလည်း သိမ်းပိုက်သည်။ အထူးခြားဆုံးမှာ MNDAA သည် ၂၀၀၉ ခုနှစ်ကတည်းက မြန်မာစစ်တပ်ထံ ဆုံးရှုံးထားသည့် တရုတ်နယ်စပ်မှ လောက်ကိုင်မြို့ကိုလည်း သိမ်းပိုက်ခြင်းဖြစ်သည်။
ထိုအချက် အားလုံးအရ ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုကို ပြန်လည် အားအင်တောင့်တင်းစေပြီး အားတက်လာစေသည်။ ထိုရုတ်တရက် ထိုးစစ်အပြီး ရက်သတ္တပတ်များတွင် အလားတူ အရှိန်မြှင့် တိုက်ခိုက်မှုများကို တနိုင်ငံလုံးတွင် ပြုလုပ်ကြသည်။
အထင်ရှားဆုံးမှာ ကရင်နီနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး PDF တပ်များ ပူးပေါင်းပြုလုပ်သည့် ကယားပြည်နယ်မှ ၁၁၁၁ စစ်ဆင်ရေး ဖြစ်သည်။ နိုဝင်ဘာလနှောင်းပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ရခိုင်ပြည်နယ်သို့ တိုးချဲ့ကြောင်း AA က ကြေညာသည်။ AA ၏ ရခိုင်ပြည်နယ်မှ စစ်ရေးအောင်ပွဲများသည်လည်း မြောက်ပိုင်းမှ ကနဦး စစ်ဆင်ရေးထက် မကြီးကျယ်လျှင်ပင် အလားတူသည်။

ရခိုင်ပြည်နယ်ဒေသ အများစုနှင့် အိမ်နီးချင်း ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်ကို ထိုစဉ်ကပင် AA သိမ်းပိုက်ပြီး စစ်ဆင်ရေးဌာနချုပ် နှစ်ခုကို စီးနင်းကာ ပြည်နယ်မှ သံတွဲလေဆိပ်ကိုလည်း သိမ်းပိုက်သည်။
မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် မတ်လ အစောပိုင်းတွင် ၀၃၀၇ စစ်ဆင်ရေး စတင်ပြီး ကချင်ပြည်နယ်တခုလုံးနှင့် အိမ်နီးချင်း ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက် ချီတက်လာနေသည်။
ဇန်နဝါရီလတွင် တရုတ်က ဟိုင်ဂင်သဘောတူညီချက် ကြားဝင်ဆောင်ရွက်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများ အရှိန်ကျလာသည်။ မည်ကာမတ္တ အပစ်အခတ်ရပ်စဲရေး ဖြစ်သောကြောင့် ထိုသဘောတူညီချက်သည် ထိရောက်မှုမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများဖြင့် မကြာခဏ ချိုးဖောက်သည်။ ထိုချိုးဖောက်မှုများကြောင့် TNLA က ၁၀၂၇ စစ်ဆင်ရေး၏ ၎င်းတို့စစ်မျက်နှာကို ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင်သည်။
ဇန်နဝါရီလတွင် တရုတ်က ဟိုင်ဂင်သဘောတူညီချက် ကြားဝင်ဆောင်ရွက်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများ အရှိန်ကျလာသည်။ မည်ကာမတ္တ အပစ်အခတ်ရပ်စဲရေး ဖြစ်သောကြောင့် ထိုသဘောတူညီချက်သည် ထိရောက်မှုမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများဖြင့် မကြာခဏ ချိုးဖောက်သည်။ ထိုချိုးဖောက်မှုများကြောင့် TNLA က ၁၀၂၇ စစ်ဆင်ရေး၏ ၎င်းတို့စစ်မျက်နှာကို ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင်သည်။
မကြာမီ ရက်များအတွင်း TNLA သည် မန္တလေး-လားရှိုး အဝေးပြေးလမ်းမှ ပြင်ဦးလွင် တပ်မြို့နှင့် ဂုတ်ထိပ် တံတားအကြား လမ်းတဝက်ရှိ နောင်ချိုမြို့ကို သိမ်းပိုက်သည်။ မြောက်ဘက် ကျောက်မဲတွင်လည်း ပြင်းထန်သော တိုက်ပွဲများဖြစ်နေသည်။ နောင်ချိုမြို့နယ်အတွင်းရှိ TNLA စခန်းများကို ဒရုန်းနှင့်လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် နောင်ချိုမြို့ကို သိမ်းပိုက်ခြင်းဖြစ်သည်။
အောက်တိုဘာလ နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ထိုအဓိက အဝေးပြေးလမ်းသို့ စစ်ကူများ မပို့နိုင်သော်လည်း စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးနှင့် အနောက်ဘက် သီပေါသို့ အထောက်အပံ့များ ရက်သတ္တပတ်များစွာ ပို့နိုင်ခဲ့သည်။ စစ်ကောင်စီသည် မိုးကုတ်နှင့် မိုးမိတ်တွင်လည်း တပ်အင်အား ဖြည့်တင်းနေသည်။
၁၀၂၇ စစ်ဆင်ရေး ရှစ်လပြည့်တွင် အဓိကသင်ခန်းစာ ရှစ်ခုကို လေ့လာသင့်သည်။ လေးခုသည် စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုအတွက် ကောင်းသော သင်ခန်းစာဖြစ်ပြီး အခြား လေးခုသည် ၎င်းတို့အတွက် သတိထားစရာ သင်ခန်းစာများ ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး၏ ကနဦး အောင်မြင်မှုသည် အဓိကအားဖြင့် ပြင်းထန်သော အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ဖြစ်သည်။
ထိုထိုးစစ်၊ တပ်များနှင့် စစ်လက်နက်ပစ္စည်းများကို ကာလကြာမြင့်စွာ ဖြန့်ကြက်ထားခြင်းကြောင့် စစ်ကောင်စီကို အငိုက်မိစေသည်ဆိုသည့် အချက်သည် စစ်ကောင်စီ၏ လူနှင့် ဆက်သွယ်ရေး အပါအဝင် စစ်မြေပြင် ထောက်လှမ်းရေး အကန့်အသတ်များကို ပြသနေသည်။ တိုက်ခိုက်ရေး စီမံချက်များကို သိရန်လိုသည့် အတွင်းလူများသာသိရန် ထိန်းသိမ်းထားခြင်းသည် အလုပ်ဖြစ်ကြောင်း ထင်ရှားသည်။
ဒုတိယအချက်သည် စီမံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆိုင်သည်။ ထို ထိုးစစ်ကို အသေးစိတ် ဂရုတစိုက် စီစဉ်ပုံဖော်ထားကြောင်း ထင်ရှားသည်။
ထိုကြီးမားသော စစ်ဆင်ရေးအတွက် မဟာမိတ်အဖွဲ့သည် ငါးနှစ်နီးပါး ပြင်ဆင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးအတွက် လုံလောက်သော ပြင်ဆင်မှု ရှိသောကြောင့် မိမိတို့သည် လျှို့ဝှက်စွာ စီစဉ်နိုင်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးတွင် မိမိတို့သည် သေနင်္ဂဗျူဟာကျကျ စုပေါင်းကာ အလစ်အငိုက် စည်းချက်ညီ တိုက်ခိုက်နိုင်ခဲ့သည်ဟု AA ဒု စစ်ဦးစီးချုပ် ညိုထွန်းအောင် ပြောကြောင်း Myanmar Peace Monitor က ဧပြီလတွင် ထုတ်ပြန်သည့် လက်ရှိအချိန်ထိ ၁၀၂၇ စစ်ဆင်ရေးကို သရုပ်ခွဲလေ့လာမှုတွင် ဖော်ပြသည်။
ထိုကြီးမားသော စစ်ဆင်ရေးအတွက် မဟာမိတ်အဖွဲ့သည် ငါးနှစ်နီးပါး ပြင်ဆင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးအတွက် လုံလောက်သော ပြင်ဆင်မှု ရှိသောကြောင့် မိမိတို့သည် လျှို့ဝှက်စွာ စီစဉ်နိုင်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးတွင် မိမိတို့သည် သေနင်္ဂဗျူဟာကျကျ စုပေါင်းကာ အလစ်အငိုက် စည်းချက်ညီ တိုက်ခိုက်နိုင်ခဲ့သည်ဟု AA ဒု စစ်ဦးစီးချုပ် ညိုထွန်းအောင် ပြောကြောင်း Myanmar Peace Monitor က ဧပြီလတွင် ထုတ်ပြန်သည့် လက်ရှိအချိန်ထိ ၁၀၂၇ စစ်ဆင်ရေးကို သရုပ်ခွဲလေ့လာမှုတွင် ဖော်ပြသည်။
ထိုအချက်သည် အရေးပါသည်။ ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၂၀၁၉ ခုနှစ် အသေးစား ၁၀၂၇ စစ်ဆင်ရေး အသေးစားများကို လက်ရှိ တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ပြုလုပ်ခဲ့သည်။ ထိုမဟာမိတ်အဖွဲ့သည် မှန်ကန်သော တပ်ဖွဲ့တည်ဆောက်ပုံ၊ လက်နက်ခဲယမ်းများကို စုစည်းပြီး တိကျသော ပစ်မှတ်များကို တိုက်ခိုက်ရန် နည်းဗျူဟာလေ့ကျင့်မှု ပြုလုပ်နိုင်သည်ဆိုသည့် အချက်သည် သေနင်္ဂဗျူဟာအရ ရင့်ကျက်မှု အဆင့်တခုကို ပြသနေသည်။
တတိယ သင်ခန်းစာမှာ ထိရောက်သော မဟာမိတ်တည်ဆောက်ခြင်း၏ စွမ်းအားကို မီးမောင်းထိုးပြသည်။ ၁၅ နှစ်အတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် အင်အားချိနဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းငယ်များအဖြစ်မှ PDF အများအပြား အတုယူရသည့် ပုန်ကန်မှု၏ ခေါင်းဆောင်ဖြစ်လာသည်။
AA သည် ရှမ်းပြည်နယ်တွင် နယ်မြေတောင်းခံမှု မရှိသောကြောင့် အဓိက အဖွဲ့ဝင် သုံးခုသည် အခြေခံအားဖြင့် ဆန့်ကျင်ဘက်များ မဟုတ်ဘဲ ထိုမဟာမိတ်သည် အကြီးအကျယ် မဟုတ်လျှင်ပင် တစိတ်တပိုင်း အလုပ်ဖြစ်ပြီး MNDAA နှင့် TNLA တို့သည် ဆက်စပ်ဒေသများကို ထိန်းချုပ်ရန် ကြိုးစားကြသည်။ (သို့သော် ထိုအဖွဲ့ နှစ်ဖွဲ့အကြား တင်းမာမှု မကြာသေးမီလများအတွင်း ဖြစ်လာသည်)
ညီနောင်မဟာမိတ် သုံးဖွဲ့သည် အာဏာသိမ်းကာလအလွန် ခုခံတော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံရာတွင် ကနဦးက နှေးကွေးသော်လည်း မန္တလေး PDF နှင့် အခြား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့များကို လေ့ကျင့် လက်နက်တပ်ဆင်ပေးသောကြောင့် အကျိုးရှိကြောင်း ထင်ရှားသည်။
မည်သည့် စစ်ပွဲတွင်မဆို လက်ဆုပ်လက်ကိုင် မပြနိုင်သည့် စတုတ္ထသင်ခန်းစာသည် မမျှော်လင့်ဘဲ ဖြစ်လာခြင်းနှင့် သက်ဆိုင်သည်။ စကားပုံဟောင်းအတိုင်း ပြောရပါက “ကံကောင်းခြင်းဟူသည် ပြင်ဆင်မှုနှင့် အခွင့်အလမ်း တထပ်တည်းကျသော အချိန်တွင် ဖြစ်သည်” ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနယ်စပ်တလျှောက်တွင် ပျံ့နှံ့နေသည့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို တရုတ်က ရှင်းလင်းလိုသော အချိန်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီး ထိုစစ်ဆင်ရေးကို စတင်ရန် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ထောက်ခံမှု အစီအမံအချို့ ပေးခဲ့ကြောင်း ထင်ရှားသည်။
မဟာမိတ်အဖွဲ့အနေဖြင့် အမှားများ၊ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီနှင့် ထိုစစ်ဆင်ရေးကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများမှ လေ့လာရန် လိုအပ်သည်။ ထိုစစ်ဆင်ရေးမှ သတိထားရမည့် သင်ခန်းစာများကို ဖိနှိပ်မှု သို့မဟုတ် မလေးမထားသောကြောင့် မဟာမိတ်အဖွဲ့အတွက် အနှောင့်အယှက်နှင့် အနာဂတ် အန္တရာယ်ဖြစ်စေနိုင်သည်။
ထိုသို့ဆိုသော်လည်း မဟာမိတ်အဖွဲ့အနေဖြင့် အမှားများ၊ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီနှင့် ထိုစစ်ဆင်ရေးကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများမှ လေ့လာရန် လိုအပ်သည်။ ထိုစစ်ဆင်ရေးမှ သတိထားရမည့် သင်ခန်းစာများကို ဖိနှိပ်မှု သို့မဟုတ် မလေးမထားသောကြောင့် မဟာမိတ်အဖွဲ့အတွက် အနှောင့်အယှက်နှင့် အနာဂတ် အန္တရာယ်ဖြစ်စေနိုင်သည်။
ပထမ သင်ခန်းစာသည် စစ်တပ်နှင့် ပစ်အား အလွန် အချိုးမညီခြင်း၊ အရပ်သားပြည်သူများကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခြင်း အပါအဝင် လက်နက်အားသာမှုကို မညှာမတာ အသုံးပြုခြင်းနှင့် သက်ဆိုင်သည်။
စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေး အင်အားစုများလက်သို့ ဆုံးရှုံးသွားသည့် မြိုများကို တိုက်ခိုက်ရန် လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ကြီးများ၊ ရေကြောင်းမှ အမြောက်ဖြင့် ပစ်ခတ်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာသည်။ စစ်ကောင်စီသည် စစ်ဘက်ပစ်မှတ်ကို တိုက်ခိုက်ခြင်းနှင့် အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်ခြင်း နှစ်မျိုးလုံး သုံးသောကြောင့် တိုက်ခိုက်ရေးသမားနှင့် အရပ်သားအကြား ခွဲခြားမှု အခြေခံ ပျက်စီးသွားသည်။
ဒုတိယသင်ခန်းစာမှာ စစ်ကောင်စီဆန့်ကျင်ရေးစစ်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပိုမိုထင်ရှားသည့် ခေါင်းဆောင်မှု အခန်းကဏ္ဍယူရန် လုံးဝ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ “NUG က အကြောင်း နှစ်ခုကြောင့် မပါဝင်နိုင်ဘူး။ တခုက ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်တာဖြစ်တယ်။ နောက်တခုက အောင်မြင်မှုရတာ ဖြစ်တယ်” ဟု ၁၀၂၇ စစ်ဆင်ရေးပြီး မကြာမီ ရှမ်းပညာတတ်တဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ဦးဆောင်ပါဝင်သည်ဟု ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့စွာ ပြောဆိုခြင်းသည် NUG အပေါ် ယုံကြည်မှုကို ထပ်မံထိခိုက်စေသည်။ အကြောင်းမလှသော NUG သည် ၁၀၂၇ စစ်ဆင်ရေးတွင် အကန့်အသတ်ရှိသော ၎င်း၏ အခန်းကဏ္ဍကို ပြသရန် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို သိမ်းပိုက်ခြင်းသာ လုပ်နိုင်ခဲ့သည်။
သို့သော် ရက်သတ္တပတ် အတန်ကြာသောအခါ စစ်ကောင်စီတပ်များက ထိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီး ဖျက်ဆီးပစ်လိုက်သည်။ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုများကို နိုင်ငံအလယ်ပိုင်းဒေသ အညာစစ်မျက်နှာ တိုးတက်မှုများကို မယှဉ်နိုင်ဘဲ အညာတွင် ဖရိုဖရဲ အားပြိုင်နေပြီး NUG သြဇာမှ ပိုမိုကင်းလွတ်လာကြသည်။
တတိယ သင်ခန်းစာမှာ စစ်ရေးအောင်ပွဲရပြီးနောက် စီမံအုပ်ချုပ်ရသည့် ကြီးမားလှသော စိန်ခေါ်မှု ဖြစ်သည်။ အခြေကျပြီး စွမ်းဆောင်ရည်ရှိသော အရပ်သားဌာနများ၊ တောင့်တင်းသော လူထုအခြေပြု အဖွဲ့အစည်းများ ကွန်ရက်၊ နယ်မြေများနှင့် ပြည်သူများကို စီမံအုပ်ချုပ်ခဲ့သည့် ရှည်လျားသော သမိုင်းရှိသော EAOs များသည် သိမ်းပိုက်ပြီးသည့်မြို့များကို အုပ်ချုပ်မှု လည်ပတ်စေရန် စိန်ခေါ်မှုများကို ကောင်းစွာ သိနားလည်ကြသည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ရေးအရ ထိန်းချုပ်ထားသည့်နယ်မြေ အလျင်အမြန် အကြီးအကျယ် ချဲ့ထွင်လာခြင်းသည် အတွေ့အကြုံ အနည်းငယ်မျှနှင့် ရေ၊ လျှပ်စစ်ဓာတ်အား၊ အသက်မွေးဝမ်းကြောင်းများ၊ ဥပဒေစိုးမိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် အကန့်အသတ်ရှိသော ရင်းမြစ်များဖြင့် မြို့များကို မည်သို့စီမံမည်ဆိုသည့် လေးနက်သောတာဝန်များ ရှိလာသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့မှ TNLA ကဲ့သို့သော အဖွဲ့တခုအတွက် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ရေးအရ ထိန်းချုပ်ထားသည့်နယ်မြေ အလျင်အမြန် အကြီးအကျယ် ချဲ့ထွင်လာခြင်းသည် အတွေ့အကြုံ အနည်းငယ်မျှနှင့် ရေ၊ လျှပ်စစ်ဓာတ်အား၊ အသက်မွေးဝမ်းကြောင်းများ၊ ဥပဒေစိုးမိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် အကန့်အသတ်ရှိသော ရင်းမြစ်များဖြင့် မြို့များကို မည်သို့စီမံမည်ဆိုသည့် လေးနက်သောတာဝန်များ ရှိလာသည်။
ကရင်နှင့် ကချင်ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဦးဆောင်သည့် အုပ်ချုပ်ရေးများ အသားကျသော်လည်း ထိုအတွေ့အကြုံရှိ အဖွဲ့အစည်းများသည်ပင် ၎င်းတို့ သိမ်းပိုက်နယ်မြေ ကျယ်ပြန့်လာသောအခါ အရေးပေါ် လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် ရင်ဆိုင်ရသည်။ ခန့်မှန်းတွက်ချက်မှု အချို့အရ ယခုအခါ မြန်မာတွင် နေရပ်စွန့်ခွာရသူ အရပ်သား ၃ သန်းအထိ ရှိသည်။
ကရင်နီ ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ (KIEC) သည် တရားဥပဒေစနစ်တခုနှင့် အုပ်ချုပ်ရေးကို တိုးချဲ့နေပြီး နယ်မြေသေးငယ်သည့် အားသာချက်ရှိနေသည်။ ရှမ်းပြည်မြောက်ပိုင်းမှ ဖြစ်ပေါ်တိုးတက်မှုများသည် ပိုမိုခက်ခဲသည်။

နောက်ဆုံး သင်ခန်းစာမှာ ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းပြည်မြောက်ပိုင်းမှ EAOs များ အချင်းချင်းကြား၊ အထူးသဖြင့် ကချင်နှင့် တအာင်းအကြား တင်းမာမှုများ၊ ကာလကြာမြင့်ပြီဖြစ်သော နယ်မြေထိန်းချုပ်ရေး အားပြိုင်မှုများ၊ ရှုပ်ထွေးလှသော စစ်သားစုဆောင်းသည့် ပြဿနာ အပါအဝင် လက်နက်ကိုင်အဖွဲ့တခုစီက ဒေသခံပြည်သူများကို မည်သို့ ဆက်ဆံသည်နှင့် ပတ်သက်သည့် ပြဿနာများကို ဖော်ပြနေသည်။
ရှမ်းလက်နက်ကိုင် အုပ်စုများအကြား မဖြေရှင်းနိုင်သေးသည့် တင်းမာမှုများကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင်များသည် စစ်ကောင်စီကို ရေရှည်တိုက်ရန် အာရုံစိုက်မှုနှင့် ရင်းမြစ်များကို ခွဲထုတ်ပေးရနိုင်သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့၊ EAO နှင့် NUG ခေါင်းဆောင် အများအပြားကို လက်ခံထားသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ နယ်မြေချဲ့ထွင်မှုဟု ယူဆချက်ကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှုများလည်း ရှိသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ယခင်မကြုံဖူးသည့် ညီညွတ်မှုကို ပြသသည်ဆိုသည့် အယူအဆကို အတွင်းပိုင်း တင်းမာမှုများအား ပိုမိုစူးရှသော နားလည်မှုဖြင့် သုံးသပ်ရန် လိုအပ်သည်။
ကြိုတင် ဟောကိန်းထုတ်သည့် မိုက်မဲမှုသည် ၁၀၂၇ စစ်ဆင်ရေး၏ နောက်ထပ် အရေးပါသည့် သင်ခန်းစာတခု ဖြစ်သည်။ ဝေဖန်သုံးသပ်သူ အများအပြားသည် စစ်ကောင်စီကျဆုံးပြီး တနိုင်ငံလုံးတွင် စစ်တပ်ပြိုလဲတော့မည်ဟု အလျင်စလို ပြောဆိုကြသည်။
ယခုအခါ အယုံအကြည် ကင်းမဲ့ခံရသော အဖွဲ့အစည်းအချို့သည် တာဝန်ကင်းမဲ့စွာဖြင့် သုံးလမှ ခြောက်လအတွင်း စစ်ကောင်စီ ပြိုလဲမည်၊ မြို့ပြများမှ စစ်ကောင်စီစခန်းများကို အကြီးအကျယ် တိုက်ခိုက်ရန် နီးကပ်လာသည်၊ စစ်ကောင်စီပြိုလဲမည့် အပြောင်းအလဲမှတ်သို့ ရောက်ရှိပြီးဖြစ်သည် စသည်ဖြင့် အလျင်စလို ဟောကိန်းထုတ်ကြသည်။
အကောင်းမြင် အောင်ပွဲခံမှုကို ရိုးသားစွာ အသေးစိတ် သရုပ်ခွဲလေ့လာပါက ပဋိပက္ခ ပိုမိုရှည်ကြာမည်ဟု ခန့်မှန်းနိုင်ပြီး ထို့ကြောင့်ပင် တော်လှန်ရေး အင်အားစု၏ မည်သည့် စစ်ရေးအောင်ပွဲမဆို အပြီးတွင် ပေါ်ပေါက်လာမည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို ပိုမိုတိကျစွာ ပုံဖော်နိုင်မည် ဖြစ်သည်။
အကောင်းမြင် အောင်ပွဲခံမှုကို ရိုးသားစွာ အသေးစိတ် သရုပ်ခွဲလေ့လာပါက ပဋိပက္ခ ပိုမိုရှည်ကြာမည်ဟု ခန့်မှန်းနိုင်ပြီး ထို့ကြောင့်ပင် တော်လှန်ရေး အင်အားစု၏ မည်သည့် စစ်ရေးအောင်ပွဲမဆို အပြီးတွင် ပေါ်ပေါက်လာမည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို ပိုမိုတိကျစွာ ပုံဖော်နိုင်မည် ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး နောက်တဆင့်သို့ ကူးပြောင်းချိန်တွင် ထိုစစ်ဆင်ရေး၏ ခေါင်းဆောင်များနှင့် သေနင်္ဂဗျူဟာ ချမှတ်သူများသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက သင်ခန်းစာများကို ဂရုတစိုက် လေ့လာချိန်ဆရန်နှင့် ရှည်ကြာနိုင်ဖွယ်ရှိသော ရှေ့လာမည့် တိုက်ပွဲအတွက် နည်းဗျူဟာများ၊ စီမံချက်များ ချမှတ်ရန် လိုမည်ဖြစ်သည်။
(Asia Times ပါ David Scott Mathieson ၏ Putting Myanmar’s 1027 in realist perspective ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် မြန်မာ ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေး မန္တလေးတိုင်းထဲရောက်လာ ( ရုပ်/သံ )
တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား
ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်
စစ်ကောင်စီ ထပ်မံအထိနာနေတဲ့ ၁၀၂၇ ဒုတိယလှိုင်း (ရုပ်/သံ)