၂၀၂၁ ခုနှစ် သမိုင်းဝင် အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်ကျော်လာသောအခါ မြန်မာသည် ပြည်တွင်းစစ် နွံနစ်နေသည်။ မြန်မာသည် ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျဆုံးနိုင်ငံဖြစ်သည်။ ထို နှစ်နိုင်ငံတို့သည် နယ်နိမိတ်ချင်း ၂,၄၁၆ ကီလိုမီတာ ထိစပ်နေပြီး ကျယ်ပြန့်သည့် ကုန်သွယ်ရေးနှင့် လုံခြုံရေး ဆက်ဆံရေးများ ရှိသည်။ ထိုင်းအထက်လွှာ အထူးသဖြင့် ထိုင်းစစ်တပ်သည် စစ်ကောင်စီနှင့် အလွန် ရင်းနှီးပြီး မြန်မာနှင့်ပတ်သက်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဦးဆောင်သော အစီအစဉ်များသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘန်ကောက်ကို ဖြတ်သန်းရမည် ဖြစ်သည်။
၁၉၈၈ ခုနှစ်အထိ ထို နှစ်နိုင်ငံ၏ နီးကပ်မှုနှင့် ဘန်ကောက်၏ မြန်မာခြိမ်းခြောက်မှု အယူအဆသည် ထိုင်းအနေဖြင့် ကြားခံထားသည့် မူဝါဒကို ဖြစ်စေသည်။ ဘန်ကောက်သည် နယ်စပ်တလျှောက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်ရရှိစေသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ထိုင်းအစိုးရနှင့် စစ်ခေါင်းဆောင်များသည် မြန်မာနှင့် မည်သို့ ဆက်ဆံရမည်ကို သဘောထားကွဲလွဲသည်။
၂၀၀၁ ခုနှစ်မှ စတင်ပြီး ဘန်ကောက်သည် ရင်းနှီးသော စစ်ဘက်ဆက်ဆံရေး တည်ဆောက်သည်။ သို့သော် မြန်မာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီး ပြည်တွင်းပဋိပက္ခ ပိုမိုဆိုးရွားသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံ အကျပ်အတည်း ဖြစ်သည်။ ဘန်ကောက်သည် အာဆီယံ၏ ထိုစစ်ပွဲရပ်ရန် အားထုတ်မှု ရှေ့တန်းတွင် တည်ရှိနေသော်လည်း ထိုင်းသည် မြန်မာမှ ၎င်း၏ အကျိုးစီးပွားများကို ဆက်လက် ထိန်းသိမ်းနေရသည်။
ထိုင်းသည် မြန်မာနှင့် ပတ်သက်၍ လုံခြုံရေး စိုးရိမ်မှုများရှိသည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာဂျက်တိုက်လေယာဉ်များ ထိုင်းနယ်နိမိတ်အတွင်းသို့ ကျူးကျော်ပြီး ထိုင်းနယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်ကာ မြန်မာ ပြည်တွင်းပဋိပက္ခနှင့် နောက်ဆက်တွဲ အရေးယူပိတ်ဆို့မှုများသည် ထိုင်း၏ စွမ်းအင်ဖူလုံမှုကို ခြိမ်းခြောက်နေသည်။
ထိုင်းသည် မြန်မာနှင့် ပတ်သက်၍ လုံခြုံရေး စိုးရိမ်မှုများရှိသည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာဂျက်တိုက်လေယာဉ်များ ထိုင်းနယ်နိမိတ်အတွင်းသို့ ကျူးကျော်ပြီး ထိုင်းနယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်ကာ မြန်မာ ပြည်တွင်းပဋိပက္ခနှင့် နောက်ဆက်တွဲ အရေးယူပိတ်ဆို့မှုများသည် ထိုင်း၏ စွမ်းအင်ဖူလုံမှုကို ခြိမ်းခြောက်နေသည်။
မြန်မာတွင် တော်လှန်ရေးဖြစ်နေပါက မြန်မာ့စွမ်းအင်ကို အမြတ်ထုတ်ရန် ထိုင်းနိုင်ငံ အခွင့်အရေးရသည့် စေ့စပ်ညှိနှိုင်းမှုများကို ထိခိုက်စေမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ၎င်း၏ သဘာဝ ဓာတ်ငွေ့တင်သွင်းမှု၏ ၁၅ ရာခိုင်နှုန်းကို မြန်မာမှ တင်သွင်းသည်။ ထိုင်းနိုင်ငံရေး ဘောဂဗေဒ ပညာရှင် ဥကရစ် ပက်မန်နန်၏ အဆိုအရ ထိုင်းသည် မြန်မာမှ လျှပ်စစ်ဓာတ်အား ၁၅ ရာခိုင်နှုန်းအထိ တင်သွင်းနေကြောင်း သိရသည်။
မြန်မာနှင့် ထိုင်း၏ စီးပွားရေး ကံကြမ္မာသည် အမျိုးမျိုးဆက်စပ်နေသည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် မြန်မာသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖိုး တင်ပို့သည်။ အပြန်အလှန်အားဖြင့် မြန်မာကလည်း အလားတူနီးပါး ဒေါ်လာ ၄ ဒသမ ၄၃ ဘီလီယံဖိုး ပြန်လည်တင်ပို့သည်။
၂၀၂၄ ခုနှစ်တွင် ကရင်နယ်ခြားစောင့်တပ်၏ ထိုင်း-မြန်မာနယ်စပ်မှ မြဝတီကို ခေတ္တသိမ်းပိုက်မှုသည် ဘတ် ၁၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ) ရှိသည့် မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးကို ခြိမ်းခြောက်သည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် မြန်မာတွင် တတိယ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။
မြန်မာမှ ဈေးပေါသောလုပ်အား၊ သဘာဝသယံဇာတများနှင့် အရေးယူပိတ်ဆို့မှုများ စိတ်ပူသည့် အနောက်တိုင်း လုပ်ငန်းများ၏ ဆုတ်ခွါမှုများက ပြည်တွင်းစစ်ဖြစ်နေသည့် မြန်မာတွင် ဆက်လက် ပါဝင်ပတ်သက်ရန် ထိုင်းလုပ်ငန်းများကို အားပေးနေသည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ PTT သည် မြန်မာမှ ရတနာဓာတ်ငွေ့ စီမံကိန်းတွင် အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်လာသည်။ မြန်မာမှ အခြား ဖက်စပ်လုပ်ငန်းများတွင် ပါဝင်သည့် ထိုင်းလုပ်ငန်းများတွင် Northern Gulf Petroleum, Osotspa Glass, CP, Siam Cement, ThaiBev, Boonrawd, Bangkok Bank နှင့် Siam Commercial Bank တို့ပါဝင်သည်။ ထိုင်းရင်းနှီးမြှုပ်နှံသူများသည် မြန်မာမှ သီလဝါ အထူးစီးပွားရေးဇုန်တွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ကြသည်။
လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ သားသည် ရန်ကုန်အခြေစိုက် မြန်မာစစ်တပ်နှင့် အချိတ်အဆက်ရှိ Hlaing Sang Holdings ကို ဦးဆောင်သည်။ ထိုင်းများသည် မြန်မာနိုင်ငံတဝန်း ကာစီနို ရှယ်ယာများကို ပိုင်ဆိုင်ပြီး မြဝတီ တမြို့တည်းတွင်ပင် အနည်းဆုံး ၁၇ ခု ပိုင်ဆိုင်သည်။ လျှို့ဝှက်သော ထိုင်းအကျိုးစီးပွားများတွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသောသူများအနက် မြန်မာစစ်တပ်နှင့် စီးပွားရေး လုပ်ခဲ့သော အထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယာကွန်းလည်း ပါဝင်သည်။
စစ်ဦးစီးချုပ်ဟောင်း အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲနှင့် အငြိမ်းစား ထိုင်းစစ်တပ် အရာရှိများ၊ ရဲများသည် မြန်မာမှ ဖျော်ဖြေရေး လုပ်ငန်းများတွင် ရှယ်ယာများ ဆက်လက် ထည့်ဝင်နေပြီး အချို့မှာ တရားမဝင် ငွေကြေး လိမ်လည်မှု လုပ်ငန်းများနှင့် ကြံရာပါများ ဖြစ်သည်ဟု ဆိုသည်။
စစ်ဦးစီးချုပ်ဟောင်း အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲနှင့် အငြိမ်းစား ထိုင်းစစ်တပ် အရာရှိများ၊ ရဲများသည် မြန်မာမှ ဖျော်ဖြေရေး လုပ်ငန်းများတွင် ရှယ်ယာများ ဆက်လက် ထည့်ဝင်နေပြီး အချို့မှာ တရားမဝင် ငွေကြေး လိမ်လည်မှု လုပ်ငန်းများနှင့် ကြံရာပါများ ဖြစ်သည်ဟု ဆိုသည်။
မြန်မာတွင် ထိုင်း၏ အခြားပြဿနာတခုမှာ ရွှေ့ပြောင်းအခြေချ မလုံခြုံမှုဟု ခေါ်သည့်ကိစ္စ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား ၁ ဒသမ ၈ သန်း ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ထိုအရေအတွက်တွင် မှတ်ပုံတင်မထားသည့် အလုပ်သမားများ သို့မဟုတ် မြန်မာပြည်တွင်းစစ်မှ ထွက်ပြေးလာသူများ မပါဝင်ပေ။ ဒုက္ခသည် စီမံခန့်ခွဲမှုအတွက် ထိုင်းဘဏ္ဍာငွေ အသုံးစရိတ်သည် ထိုင်းနိုင်ငံ၏ တာဝန်ဖြစ်ပြီး နယ်စပ်မှ စစ်ပွဲသည် နယ်စပ်လုံခြုံရေးအပေါ် သြဇာသက်ရောက်သည်။
ထိုင်းနှင့်မြန်မာအကြား နီးကပ်သော ဆက်ဆံရေးသည် အာဆီယံက မြန်မာပြဿနာကို ကိုင်တွယ်ရေးတွင် ထိခိုက်စေသည်။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ထိုင်းနိုင်ငံသည် အာဆီယံ အတည်ပြု တစိတ်တပိုင်း လွတ်လပ်နေသည့် ကရင်ပြည်နယ်မှ ပြည်တွင်း နေရပ်စွန့်ခွာသူများသို့ လူသားချင်းစာနာမှု အကူအညီပေးရေး စတင်သည်။
ထိုအစီအစဉ်ကို ထိုင်းကြက်ခြေနီအသင်းနှင့် မြန်မာကြက်ခြေနီအသင်းက ဦးဆောင်မည့် အားထုတ်မှု ဖြစ်သော်လည်း မြန်မာကြက်ခြေနီအသင်းနှင့် စစ်ကောင်စီ ဆက်စပ်မှုသည် မြန်မာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သံသယ ဖြစ်စေသည်။ ထိုအစီအစဉ်သည် ထိုင်းနိုင်ငံက ထိုင်း-မြန်မာ နယ်စပ်မှ ဒုက္ခသည်များနှင့် ပတ်သက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များထက် စစ်ကောင်စီနှင့် ဆက်ဆံလိုသည့် ထိုင်း၏ အစီအစဉ်ဖြစ်ကြောင်း ပြသသည်။
ထိုင်းနိုင်ငံ၏ မြန်မာမူဝါဒနှင့် ပတ်သက်ပြီး ရင်ဆိုင်ရသည့် စိန်ခေါ်မှုများအနက် အခက်ခဲဆုံးတခုမှာ မကြာသေးမီက ထိုင်း စစ်အရာရှိများနှင့် အစဉ်အလာ နိုင်ငံရေးသမားများသည် မြန်မာအစိုးရ အရာရှိများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံရန် ခက်ခဲနေခြင်းဖြစ်သည်။ ထိုင်းစစ်တပ်သည် မြန်မာစစ်တပ်နှင့် ဆက်ဆံခြင်းကိုသာ အထူးသဖြင့် ပိုမိုလိုလားသည်။ နှစ်နိုင်ငံမှ အဆင့်မြင့် အရာရှိများသည် ကာကွယ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေး မြှင့်တင်ရန် ပုံမှန်တွေ့ဆုံကြသည်။
မစ္စတာ ဆက်ထာ ထာဝီဆင် ဦးဆောင်သည့် ဖွေထိုင်းအစိုးရ (ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တရားမဝင် ထိန်းချုပ်သည့် အစိုးရ) ၂၀၂၃ ခုနှစ်တွင် ဖွဲ့ချိန်မှ စတင်ပြီး မြန်မာနှင့် ပတ်သက်သည့် မူဝါဒတွင် အစိုးရနှင့် စစ်တပ်အကြား သဘောထား ကွဲလွဲမှု စတင်သည်။
မစ္စတာ ဆက်ထာ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသား လုံခြုံရေးကောင်စီသည် မြန်မာနှင့် ပတ်သက်သည့် တရားဝင်မူဝါဒကို ထိန်းချုပ်သော်လည်း တော်ဝင်ထိုင်းစစ်တပ်၊ ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဌာန (ISOC) နှင့် နာရေစွမ် တပ်ဖွဲ့သည် မြေပြင်မှ မြန်မာမူဝါဒကို ထိန်းချုပ်ထားသည်။
ခြုံ၍ပြောရလျှင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး တင်းမာနေသည်။ ထိုကိစ္စသည် ထိုင်း၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ထိခိုက်စေသည့် ပကတိ အခြေအနေဖြစ်သည်။ မစ္စတာ ဆက်ထာ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသား လုံခြုံရေးကောင်စီသည် မြန်မာနှင့် ပတ်သက်သည့် တရားဝင်မူဝါဒကို ထိန်းချုပ်သော်လည်း တော်ဝင်ထိုင်းစစ်တပ်၊ ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဌာန (ISOC) နှင့် နာရေစွမ် တပ်ဖွဲ့သည် မြေပြင်မှ မြန်မာမူဝါဒကို ထိန်းချုပ်ထားသည်။
မြန်မာစစ်အုပ်စုများနှင့် စီးပွားရေးဆက်ဆံရေး အဆင်ပြေခဲ့သော မစ္စတာ သက်ဆင်သည် စစ်ကောင်စီနှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် နည်းလမ်းရှာမည်ဟု ပြောသည်။ မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီအကြား အရေးပါသည့် ဆွေးနွေးပွဲများ ကျင်းပနေပြီး အရေးပါသည့်အဆင့် ရောက်နေကြောင်း သက်ဆင်၏ လူယုံတဦးက ဇွန်လအတွင်း လူမှုကွန်ရက်တွင် ပြောသည်။
ထိုင်းစစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုအဆိုအရ ထိုင်းစစ်တပ် ထိပ်တန်းအရာရှိများက ၎င်းတို့သည် မစ္စတာ သက်ဆင်၏ ငြိမ်းချမ်းရေးကွင်းပြင်ပတွင် ရောက်နေသောကြောင့် ဒေါသထွက်နေသည်ဟု ဆိုသည်။ ထိုသို့သော စိတ်ပျက်မှုသည် သက်ဆင်၏ လူယုံ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် သက်ဆင်၏ အားထုတ်မှုကို ထောက်ခံပုံရပြီး ပိုမိုတွေ့ဆုံ ဆွေးနွေးရန် အားပေးသည်။
လက်တွေ့တွင် မစ္စတာ ဆက်ထာ၏ မြန်မာနှင့်ပတ်သက်သည့် လက်ဦးမှုရရန် တွန်းအားပေးမှုသည် ထိုင်းစစ်တပ်၏ အကြံပြုချက်များကို လျစ်လျူရှုသည်။ ခိုင်မာသည့် ရင်းမြစ်တခု၏အဆိုအရ မစ္စတာ ဆက်ထာက ၂၀၂၄ ခုနှစ်တွင် စစ်အရာရှိအစား ရဲဗိုလ်ချုပ် ရွိုင် အင်ခါပိုင်ရော့ကို အမျိုးသားလုံခြုံရေးကောင်စီအား ဦးဆောင်ရန် ခန့်အပ်ခြင်းသည် ထိုကော်မတီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် သြဇာနည်းစေသည်။
အစိုးရသည် စစ်တပ်ကို မြန်မာမူဝါဒ ပြင်ပတွင် ထားလိုသော်လည်း ကိစ္စအများအပြားသည် အစိုးရက အောက်တိုဘာလ ထိုင်းစစ်တပ်ရာထူး အပြောင်းအလဲကို သြဇာသက်ရောက်ခြင်း ရှိ၊ မရှိအပေါ် မူတည်နေသည်။
အရပ်ဘက်-စစ်ဘက် တင်းမာမှုသည် ထိုင်းနိုင်ငံအနေဖြင့် စစ်တပ်နှင့် အရပ်ဘက်အေဂျင်စီများ ပါဝင်သည့် ထိရောက်သော မြန်မာ့ရေးရာကော်မတီ မဖွဲ့နိုင်ဘဲ ဖြစ်စေသည်။ အစိုးရသည် စစ်တပ်ကို မြန်မာမူဝါဒ ပြင်ပတွင် ထားလိုသော်လည်း ကိစ္စအများအပြားသည် အစိုးရက အောက်တိုဘာလ ထိုင်းစစ်တပ်ရာထူး အပြောင်းအလဲကို သြဇာသက်ရောက်ခြင်း ရှိ၊ မရှိအပေါ် မူတည်နေသည်။
နောက်ဆုံးတွင် ထိုင်းနိုင်ငံသည် လိုအပ်ချက်များအတွက် မြန်မာကို လွန်စွာမှီခိုရသည်။ မြန်မာနှင့် ပတ်သက်သည့် ထိုင်းမူဝါဒသည် NUG နှင့် EAOs ထက် စစ်ကောင်စီဘက်သို့ ဦးတည်နေသည်။ သို့သော် ထိုင်းစစ်တပ်နှင့် အစိုးရသည် မြန်မာမူဝါဒတွင် သဘောထားကွဲနေသည်။ ထိုသို့သော အချက်များသည် မြန်မာတွင် ပဋိပက္ခလျှော့ချရေး အောင်မြင်ရန် အာဆီယံ ထောက်ခံသည့် ထိုင်းအားထုတ်မှုများအပေါ် အကြီးအကျယ် ဖိစီးနေသည်။
(Fulcrum ပါ Paul Chambers နှင့် Kridsana Chotisut တို့၏ Neighbour to Civil War: Thailand’s Relations with Myanmar in 2024 ကို ဘာသာပြန်သည်။ ပေါလ် ချန်ဘာစ်သည် ISEAS – Yusof Ishak Institute မှ ဧည့်သုတေသီနှင့် ထိုင်းနိုင်ငံ နာရေစွမ်တက္ကသိုလ်မှ ကထိကဖြစ်သည်။ ခရစ်ဒ်စနာ ချိုတီဆတ်သည်လည်း နာရေစွမ် တက္ကသိုလ်မှ ကထိကဖြစ်သည်။)
You may also like these stories:
ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ
Chevron က ရှယ်ယာများကို စစ်ကောင်စီနှင့် ထိုင်း PTTEP သို့ လွှဲပေး
ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်
စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ
ထိုင်းလွှတ်တော်အမတ်နဲ့ မြန်မာလက်နက်ပွဲစားတို့ရဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး စစ်ကောင်စီကို အကျိုးပြု
မြန်မာ စစ်လက်နက်ရောင်းဝယ်ရေးနှင့် ပတ်သက်သည့် ဘဏ်များကို ထိုင်း စုံစမ်းစစ်ဆေး
မြန်မာ ဖရိုဖရဲအခြေအနေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်း
ထိုင်းအထက်လွှတ်တော်အမတ်နှင့် မြန်မာခရိုနီ နက်ရှိုင်းစွာ ပတ်သက်ပုံ ထိုင်းပါလီမန်တွင် ဆွေးနွေး