ယုံကြည်မှုကို နောက်ဆုံးအချိန်အထိ ဆုပ်ကိုင်သွားပြီး ထူးထူးခြားခြား ကျယ်ပြန့်နက်ရှိုင်းမှု၊ ကြိုတင်သိမြင်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုရှိသည့် အရှေ့တောင်အာရှ ပညာရှင်များကို ယနေ့ခေတ်တွင် ရှာဖွေရန် ခက်ခဲသည်။ ထိုသို့ ရှားပါးသော ပညာရှင် ထိပ်သီးများတွင် ၂၀၁၅ ခုနှစ်က ကွယ်လွန်သွားသည့် ဒေါက်တာ ဘီနီဒစ် အိုဂေါမင်း အန်ဒါဆင်သည် ဦးဆောင်သူဖြစ်သည်။ ဂျိမ်းစ် စီ စကော့သည်လည်း ထူးခြားသောပုံစံဖြင့် သူနှင့် အပြိုင် ရှိနေသည်။
ပါမောက္ခ အန်ဒါဆင်သည် သူ၏စာအုပ်ဖြစ်သော “စိတ်ကူးယဉ် လူမှုအသိုက်အဝန်းများ- အမျိုးသားရေးဝါဒ၏ မူလအစနှင့် ပျံ့နှံ့မှုကို သုံးသပ်ခြင်း” (Imagined Communities: Reflections on the Origin and Spread of Nationalism) စာအုပ်အတွက် လူသိများသည်။ ထိုစာအုပ်သည် အမျိုးသားရေးဝါဒ၏ ဆန့်ကျင်ဘက် လက္ခဏာများ ပေါင်းစည်းမှုနှင့် စွမ်းအားကို ဖော်ထုတ်တင်ပြပြီး အယူအဆတခုအဖြစ် မည်သို့ ထူးခြားခြင်းနှင့် သာမန်ဖြစ်ခြင်း၊ ရှေးဆန်ခြင်းနှင့် သစ်လွင်ခြင်း၊ မရေရာခြင်းနှင့် စွမ်းအားကြီးခြင်းတို့ တချိန်တည်းတွင် ရှိနေကြောင်း ဖော်ပြသည်။
ကော်နဲလ်တက္ကသိုလ်တွင် ကာလကြာမြင့်စွာ လုပ်ကိုင်ခဲ့ပြီး ထိုင်းနှင့် အခြားနိုင်ငံများတွင် နောက်လိုက်များနှင့် ကျောင်းသား အများအပြား ရှိသော ပါမောက္ခ အန်ဒါဆင်သည် ကမ္ဘာ့သဘောတရားရေးရာ မူဘောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံသည့် အရှေ့တောင်အာရှကို ထိုးထွင်းသိမြင်မှု ရှိသည်။
ယေးလ်တက္ကသိုလ် အခြေစိုက် ဝါရင့်ကျောင်းဆရာနှင့် သုတေသီဖြစ်သော ပါမောက္ခ ဂျိမ်းစ် စကော့သည် ကွဲပြားခြားသော ပုံစံမျိုး ဖြစ်သည်။ သူသည် သူ့ကိုယ်သူ မင်းမဲ့ဝါဒီဟု ကြေညာသူဖြစ်ပြီး မဆုတ်နစ်သော မနုဿဗေဒ ပညာရှင်တဦးဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်တဦးအဖြစ် လေ့လာခဲ့ပြီး သူသည် နိုင်ငံတော် အယူအဆနှင့် တည်ရှိခြင်းကို ခါးခါးသီးသီး မလိုလားသူဖြစ်သည်။
ယေးလ်တက္ကသိုလ် အခြေစိုက် ဝါရင့်ကျောင်းဆရာနှင့် သုတေသီဖြစ်သော ပါမောက္ခ ဂျိမ်းစ် စကော့သည် ကွဲပြားခြားသော ပုံစံမျိုး ဖြစ်သည်။ သူသည် သူ့ကိုယ်သူ မင်းမဲ့ဝါဒီဟု ကြေညာသူဖြစ်ပြီး မဆုတ်နစ်သော မနုဿဗေဒ ပညာရှင်တဦးဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်တဦးအဖြစ် လေ့လာခဲ့ပြီး သူသည် နိုင်ငံတော် အယူအဆနှင့် တည်ရှိခြင်းကို ခါးခါးသီးသီး မလိုလားသူဖြစ်သည်။ နိုင်ငံတော်ကို ဝေဖန်မှုသည် လယ်သမားများနှင့် အောက်ခြေလူတန်းစားများအတွက် တိုက်ပွဲဝင်ခြင်း၏ အားနည်းချက်ဖြစ်သည်။ သူ၏ ကောနဲလ် ခေတ်ပြိုင်နှင့်မတူဘဲ ပါမောက္ခ ဂျိမ်းစ် စကော့သည် အများပြည်သူနှင့် ပတ်သက်သည့် ပညာရှင်မဆန်ဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပိုဆန်သည်။
သြဇာကြီးမားသည့် စာအုပ်တအုပ်ဖြစ်သည့် “လယ်သမား၏ ကျင့်ဝတ်စီးပွားရေး- အရှေ့တောင်အာရှမှ ပုန်ကန်မှုနှင့် ရပ်တည်ရှင်သန်မှု” (The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia) နှင့်အတူ ၁၉၇၀ ပြည့်နှစ်များဝန်းကျင်တွင် ကျော်ကြားလာသည်။
ထိုစာအုပ်သည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်က ကျေးလက်လူမှု အဖွဲ့အစည်းများသို့ မည်သို့ ထိုးဖောက်လာသည်ကို လေ့လာသည်။ မြေယာအခြေပြု လူမှုအဖွဲ့အစည်းများသည် ၎င်းတို့၏ သဘာဝ ပူးပေါင်းဆောင်ရွက်မှု၊ သွေးစည်းခိုင်မာမှု၊ အပြန်အလှန် အကျိုးပြုမှုနှင့် လူမှုအသိုက်အဝန်းဝါဒတို့ကြောင့် ပင်ကိုယ်အားဖြင့် ကောင်းမွန်သည်ဟု ပါမောက္ခ ဂျိမ်းစ် စကော့က တင်ပြသည်။ ထိုစဉ်က ထိုအယူအဆသည် လက်ဝဲဘက်က ကွန်မြူနစ်ဝါဒနှင့် ပတ်သက်သည်ဟု ယူဆရလောက်အောင် အရင်းရှင်ဆန့်ကျင်သည့် အမြင်ဖြစ်သည်။
စာရေးသူ ဘွဲ့လွန်သင်တန်းအတွက် လေ့လာနေသည့် ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းသို့ ရောက်သောအခါ ထို လယ်သမား လိုလားသော စာအုပ်ကို ဆင်မြူရယ် အယ်လ် ပေါ့ပ်ကင်၏ “ဆင်ခြင်တုံတရားရှိသော လယ်သမား- ဗီယက်နမ် ကျေးလက်လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဘောဂဗေဒ” (The Rational Peasant: The Political Economy of Rural Society in Vietnam) စာအုပ်က တိုက်ရိုက် ချေဖျက်သည်။ ထိုစာအုပ်သည် ပိုမို လက်ခံယုံကြည်ဖွယ်ရှိသည်ဟု ထိုစဉ်က စာရေးသူ ထင်ခဲ့သည်။
အကျိုးအမြတ်ရလိုသော လယ်သမားများသည် ၎င်းတို့ အကျိုးစီးပွားအတွက် တံခါးဖွင့်လာသောကြောင့် အရင်းရှင်စနစ်နှင့် တိုးတက်မှုသည် ကျေးလက်ဒေသများသို့ ပျံ့နှံ့လာသည်။ အခြား မည်သူမဆိုကဲ့သို့ပင် ကျေးလက်လယ်သမားများသည် အကုန်အကျ သက်သာသော ဆုံးဖြတ်ချက်များကို အမြဲတမ်းချသည့် အသုံးဝင်မှု အများဆုံးဖြစ်အောင် လုပ်သူများ ဖြစ်သည်။ ကျင့်ဝတ်သည် ကောင်းသော်လည်း ဆင်ခြင်တုံတရားက မင်းမူသည်။ ထိုသို့ပင် ထိုစဉ်က စာရေးသူ ထင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်များတွင် နောက်ထပ် ကျောင်းတက်ရန် စာရေးသူ ဝါရှင်တန်သို့ ရောက်လာသောအခါ ယေးလ်မှ ရောက်လာခါစ အတန်းဖော်တဦးက သူသည် ပါမောက္ခ စကော့ထံမှ ကြီးကျယ်ခမ်းနားသည့် အရှေ့တောင်အာရှရေးရာသင်တန်း တက်ခဲ့ကြောင်း ပြောသည်။ ထိုစဉ်က ပါမောက္ခ စကော့သည် လယ်တောတခုတွင် နေထိုင်သည်ဟု ဆိုကြသည်။ နီယိုလစ်ဘရယ်ဝါဒသည် ရွှေခေတ်ရောက်နေပြီး စကော့သည် ထိုအချက်ကို သဘောမပေါက်ပေ။ ထိုသို့သာ ဖြစ်ပုံရသည်။
ထို့နောက်တွင် သူ၏အမည်နှင့် စာပေလက်ရာများကို စာရေးသူ အာရုံစိုက်မိလာသည်။ အင်တာနက်တွင် ရှာဖွေပါက ဂျိမ်းစ် စကော့၏ လက်ရာများတွင် “အားနည်းသူများ၏ လက်နက်များ” (Weapons of the Weak) နှင့် “နိုင်ငံတော်တခုကဲ့သို့ ရှုမြင်ခြင်း” (Seeing Like A State) တို့ ပါဝင်ကြောင်း ပြသမည်ဖြစ်သည်။
သူ၏ စာအုပ်များတွင် နိုင်ငံတော်သည် လူဆိုး အမြဲတမ်းဖြစ်သည်။ အနင်းချေခံ၊ ကျွန်ပြုခံရသည့် လယ်သမားများသည် တိုက်ပွဲဝင်ပေးရန် လိုအပ်သည့် သားကောင်များ အမြဲတမ်းဖြစ်သည်။ သို့သော် သူနှင့် ပတ်သက်သည့် စာရေးသူ၏ အမြင်ကို ပြောင်းလဲစေသောစာအုပ်မှာ “အုပ်ချုပ်မခံရခြင်း အတတ်ပညာ- အရှေ့တောင်အာရှ ကုန်းမြင့်ဒေသ၏ မင်းမဲ့သမိုင်း” (The Art of Not Being Governed: An Anarchist History of Upland Southeast Asia) ဖြစ်သည်။
သူ၏ စာအုပ်များတွင် နိုင်ငံတော်သည် လူဆိုး အမြဲတမ်းဖြစ်သည်။ အနင်းချေခံ၊ ကျွန်ပြုခံရသည့် လယ်သမားများသည် တိုက်ပွဲဝင်ပေးရန် လိုအပ်သည့် သားကောင်များ အမြဲတမ်းဖြစ်သည်။ သို့သော် သူနှင့် ပတ်သက်သည့် စာရေးသူ၏ အမြင်ကို ပြောင်းလဲစေသောစာအုပ်မှာ “အုပ်ချုပ်မခံရခြင်း အတတ်ပညာ- အရှေ့တောင်အာရှ ကုန်းမြင့်ဒေသ၏ မင်းမဲ့သမိုင်း” (The Art of Not Being Governed: An Anarchist History of Upland Southeast Asia) ဖြစ်သည်။ သူသည် မြန်မာနှင့်ပတ်သက်ပြီး အတိအကျ မှန်ကန်သည်ဟု စာရေးသူ ထင်သည်။
ဒတ်ချ် လုပ်ဖော်ကိုင်ဖက်တဦးထံမှ အရှေ့တောင်အာရှ ပင်မကုန်းမြေဒေသ အများအပြားသည် လူဦးရေထူထပ်သည့် မြေနိမ့်ဒေသများ၏ သြဇာသက်ရောက်မှု နယ်ပယ်ပြင်ပတွင် ရှိကြသည်ဆိုသည့် Zomia အယူအဆကို ငှားယူပြီးနောက် ပါမောက္ခ စကော့က ကုန်းမြင့်ဒေသ ပြည်သူများသည် မြေနိမ့် ဗဟိုဒေသသြဇာကို လက်ခံရန် ငြင်းဆန်ကြောင်း ပြသသည်။
တောင်ထူသော ကုန်းမြင့်ဒေသတွင် နေထိုင်သူများသည် မီတာ ၃၀၀ နှင့်အထက် မည်သည့်နေရာတွင်မဆို နေထိုင်ကြသည်။ ထိုလေ့လာမှုတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်တောင်ပိုင်း ပြည်နယ် လေးခုတို့ပါဝင်သည့် အရှေ့တောင်အာရှ ပင်မ ကုန်းမြေမြင့်များကို လေ့လာထားသည်။ တောင်ပေါ်နေ လူမျိုးများသည် ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိန်းသိမ်းနိုင်ရန် မြေမျက်နှာပြင်နှင့် အမြင့်ကို အသုံးပြုနိုင်ကြသောကြောင့် အုပ်ချုပ်ရန် ခက်ခဲသည်။
မြန်မာသည် ရာစုနှစ်များစွာကြာသည့် ပြည်တွင်း ပဋိပက္ခအပြင် စစ်အာဏာရှင်စနစ် ဆယ်စုနှစ် ငါးခုအပြီး တံခါးဖွင့်ခါစ ဖြစ်သောကြောင့် ထူးခြားသည်။ ပထဝီအနေအထားသည် မြန်မာ၏ ကံကြမ္မာနှင့် အဓိက အတားအဆီး အမြဲတမ်းဖြစ်သည်။ ရာစုနှစ်များစွာအတွင်း ဘုရင့်နိုင်ငံ အမျိုးမျိုးနှင့် မင်းဆက် အမျိုးမျိုးမှသည် စစ်အာဏာရှင်စနစ်များအထိ မြေနိမ့်ဒေသအာဏာပိုင်များသည် လူမျိုးစု ကုန်းမြေမြင့်သမားများ ပုန်ကန်မှု အုံကြွမှုများကို အမြဲတမ်း နှိမ်နင်းနေရသည်။
၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား တပ်မတော်များကို စစ်မြေပြင်တွင် စစ်ကောင်စီအား အနိုင်ရပြီး နယ်မြေများကို သိမ်းပိုက်နေသောကြောင့် ယနေ့ အခြေအနေသည်လည်း မထူးခြားပေ။ ကြီးမားသော အပြောင်းအလဲတခုမှာ မြေနိမ့် ဗမာပြည်သူများက စစ်တပ်အုပ်ချုပ်သူများကို တိုက်ခိုက်လာခြင်း ဖြစ်သည်။
ဗမာများသည် ပထမဆုံးအကြိမ်အဖြစ် အချင်းချင်း တိုက်ခိုက်နေသောကြောင့် ကုန်းမြင့်ဒေသများမှ လူမျိုးစုများကို ထိန်းချုပ်ရန် တိုက်ခိုက်နိုင်ခြင်း မရှိပေ။ မြန်မာ၏ စိတ်မသက်သာဖွယ် အနာဂတ်သည် လူမျိုးစု တောင်ပေါ်သားများနှင့် ဗဟိုလွင်ပြင်များမှ ဗမာများအကြား ချိန်ခွင်လျှာသစ်နှင့် အာဏာခွဲဝေရေး မူဘောင်သစ် လိုအပ်သည်။
၂၀၁၀ ပြည့်နှစ်က ဘားနတ်ဒ် ရှဝပ်ဇ် စာအုပ်ဆု ကော်မတီတွင် ပါဝင်စဉ်က စာရေးသူသည် ဂျိမ်းစ် စကော့၏ အုပ်ချုပ်မခံရခြင်း အတတ်ပညာစာအုပ်ကို ဆုပေးရန် ရွေးခွင့်ရခဲ့သည်။ ထိုစာအုပ်ကို ဆုပေးရန် အားလုံး အလွယ်တကူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၊ မတ်လတွင် လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျုက ထိုစာအုပ်ကို ဘန်ကောက်တွင် မိတ်ဆက်သည်။ ထိုစဉ်က မြန်မာနိုင်ငံသစ်သဖွယ် ဖြစ်ခဲ့သော မြန်မာ့အရေးကို နားလည်လိုသူများ မဖတ်မဖြစ် ဖတ်ရမည့်စာအုပ် ဖြစ်လာသည်။
ဂျိမ်းစ် စကော့နှင့် စာရေးသူ လူကိုယ်တိုင် တွေ့ဆုံအောင် လုပ်ပေးသည်မှာ မြန်မာနှင့်ပတ်သက်သည့် ဆက်စပ်မှုများ ဖြစ်သည်။ သူသည် သူ၏ နိုင်ငံရေးနှင့် ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုတွင် စိတ်အားထက်သန်ပြီး မြန်မာစစ်အာဏာရှင်စနစ်သစ်ကို ဖယ်ရှားလိုသည်။
အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံမှ ထွက်ပြေးလာရသည့် တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံများကို ထောက်ပံ့ရန် ရန်ပုံငွေ ကူညီရှာဖွေပေးသည်။ သူသည် လွတ်လပ်သော မြန်မာ့သုတေသန ဂျာနယ် (IJBS) စာစောင်တွဲကို ထူထောင်ရာတွင်လည်း စိတ်အားထက်သန်ပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။ သူသည် ငယ်ရွယ်သည့် ပညာရှင်များနှင့် ဒီမိုကရေစီရေးကိုလည်း အမြဲတမ်းအားပေးသည်။
အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံမှ ထွက်ပြေးလာရသည့် တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံများကို ထောက်ပံ့ရန် ရန်ပုံငွေ ကူညီရှာဖွေပေးသည်။ သူသည် လွတ်လပ်သော မြန်မာ့သုတေသန ဂျာနယ် (IJBS) စာစောင်တွဲကို ထူထောင်ရာတွင်လည်း စိတ်အားထက်သန်ပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။
သူသည် ပိုမိုငယ်ရွယ်သည့် ပညာရှင်များနှင့် ဒီမိုကရေစီရေးကိုလည်း အမြဲတမ်းအားပေးသည်။ နိုင်ငံတော်သည် စစ်အာဏာရှင်စနစ် ဖြစ်သောအခါ နိုင်ငံတော်ကို သူအမုန်းတီးဆုံးဟု ဆိုနိုင်သည်။ စာရေးသူတို့ နောက်ဆုံး စာဖြင့် ဆက်သွယ်မှုကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည်။ နောက်ဆုံးခွဲခွာသည့် သူ၏ ကြိုတင်ခန့်မှန်းနိုင်သော နှုတ်ဆက်စကားများသည် မြန်မာနှင့်သာမက ထိုင်းနှင့် အခြားနေရာများနှင့်လည်း သက်ဆိုင်သည်။
“စစ်တပ် (တွေ) အာဏာလက်လွှတ်ဆုံးရှုံးတဲ့ အခမ်းအနား ကျင်းပတဲ့အခါ မကြာမီ ဆုံတွေ့ဖို့ ကျနော် မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ Remembering a Southeast Asianist ကို ဘာသာပြန်သည်။ ဒေါက်တာ သီတင်နန် ပေါင်ဆူဒီယက်သည် ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာန ပါမောက္ခနှင့် လုံခြုံရေးနှင့်နိုင်ငံတကာ လေ့လာရေးအင်စတီကျုမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး
လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း
စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း
နရသီဟပတေ့ မင်း၏ ဟင်းခွက်များ၊ ချောင်ဆက်စကူး၏ ရှပ်အင်္ကျီများ နှင့် အီမယ်လ်ဒါ မားကို့စ်၏ လေဒီရှူးများ
နိုင်ငံရေး သရော်ချက် ကာတွန်းများနဲ့ ဟန်လေး