သြဂုတ်လ ၇ ရက်နေ့တွင် မည်သို့ဆုံးဖြတ်သည်ဖြစ်စေ အတိုက်အခံ ရှေ့သို့ချီပါတီ (Move Forward Party-MFP) သည် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး၏ ထိုးနှက်ချက်ကို ရင်ဆိုင်ရန် အသင့်ရှိနေပုံရသည်။ ထိုပါတီကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွေးကောက်ပွဲကော်မရှင်က တောင်းဆိုသည့်အတိုင်း အမှုဆောင်ကော်မတီဝင် ၁၁ ဦးလုံးကို ရွေးကောက်ပွဲဝင်ခွင့် ၁၀ နှစ်ပိတ်ပင်ခြင်း ခံရနိုင်သည်။
ရွေးကောက်ပွဲကော်မရှင်သည် အမှုကို ကိုင်တွယ်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းကို လိုက်နာခဲ့ခြင်းမရှိဘဲ ရှေ့သို့ချီပါတီအနေဖြင့် ခုခံကာကွယ်ရန် စုံစမ်းစစ်ဆေးမှု မလုပ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသို့ တင်ခဲ့သည်ဟု ပြောကြားပြီး စုံစမ်းစစ်ဆေးရေးလုပ်ရန် ရှေ့သို့ချီပါတီ၏ တောင်းဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက လွန်ခဲ့သောအပတ်တွင် ပယ်ချခဲ့ပြီးနောက် ထိုပါတီသည် တရားရုံး၏ ထိုးနှက်မှုတွင် ဆက်လက် ရပ်တည်နိုင်မည့် အလားအလာ နည်းသည်။
ထိုပါတီနှင့် အကြံပေးအရာရှိချုပ် မစ္စတာ ဖိထာ လင်ဂျာရွန်ရက်သည် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေအား ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် မဲဆွယ်ခြင်းဖြင့် စည်းမျဉ်းခံဘုရင်စနစ်ကို မှောက်လှန်ရန် ကြိုးစားသည့် အပြစ်ရှိကြောင်း တရားရုံးက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သောကြောင့် စုံစမ်းစစ်ဆေးမှုလုပ်ရန် မလိုဟု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ ပါတီနှင့် မစ္စတာ ဖိထာအနေဖြင့် ထိုသို့သောလုပ်ရပ်များ ရပ်ဆိုင်းရန်လည်း တရားရုံးက အမိန့်ချမှတ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ထိုပါတီကို ဖျက်သိမ်းရန်နှင့် အမှုဆောင်ကော်မတီကို ရွေးကောက်ပွဲတွင် ပိတ်ပင်ရန် ၎င်းတို့၏ တောင်းဆိုမှုသည် တရားရုံး၏ ဆုံးဖြတ်ချက်နောက်ပိုင်း မပြီးပြတ်သေးသည့်အလုပ်ကို ဆက်လက် လုပ်ကိုင်ခြင်းဖြစ်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ထိုပါတီကို ဖျက်သိမ်းရန်နှင့် အမှုဆောင်ကော်မတီကို ရွေးကောက်ပွဲတွင် ပိတ်ပင်ရန် ၎င်းတို့၏ တောင်းဆိုမှုသည် တရားရုံး၏ ဆုံးဖြတ်ချက်နောက်ပိုင်း မပြီးပြတ်သေးသည့်အလုပ်ကို ဆက်လက် လုပ်ကိုင်ခြင်းဖြစ်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်များသည် အငြင်းပွားဖွယ်ဖြစ်သည်။ ပထမဆုံးအချက်မှာ ထိုပါတီဖျက်သိမ်းရေးအမှုသည် အမှုသစ်ဖြစ်သည်။ အမှုဟောင်းကို တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဖြစ်သော်လည်း နှစ်မှုလုံးကို ရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်သူမှာ သီရာယွတ် ဆူဝန်ကေဆွန် ဖြစ်သည်။
သာမန် ဥပဒေလုပ်ထုံးလုပ်နည်းအရ တရားရုံးသည် ဆုံးဖြတ်ချက်မချမီ တရားစွဲဆိုခံဘက်က ချေပခွင့်ပေးရန် စုံစမ်းစစ်ဆေးမှု သို့မဟုတ် ကြားနာမှုတခုကို ပြုလုပ်ရမည် ဖြစ်သည်။ ယခု ပါတီဖျက်သိမ်းရေးအမှုတွင် ရွေးကောက်ပွဲကော်မရှင်သည် စုံစမ်းစစ်ဆေးမှုကို ကျော်လွန်နေသည်။ ထိုကိစ္စသည် ဥပဒေနှင့်မညီပေ။
ရှေ့သို့ချီပါတီသည် အပြစ်ရှိသည်ဟုဆိုပါက ပေးအပ်ခံရမည့် ပြစ်ဒဏ်၏ ပြင်းထန်မှုအရ ထိုပါတီက စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုမှုကို ငြင်းပယ်ရေး တရားရုံးက ရွေးချယ်ခဲ့ခြင်းသည် စိတ်မသက်သာစရာ ဖြစ်သည်။ ပါတီတခုကို ဖျက်သိမ်းခြင်းသည် ထိုပါတီကို သေဒဏ်ပေးခြင်းဖြစ်ပြီး အမှုဆောင်ကော်မတီဝင်များကို ရွေးကောက်ပွဲဝင်ခွင့် ၁၀ နှစ်ပိတ်ပင်ခြင်းသည် ထောင်နှစ်ရှည်ချခြင်းပင် ဖြစ်သည်။
ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေအား ပါလီမန်ကိုယ်စားလှယ်များက ပြင်ဆင်ရန် မဲဆွယ်ခြင်း သို့မဟုတ် ထိုဥပဒေကို ဆန့်ကျင်သည့် လူထုအစည်းအဝေးများ တက်ရောက်ခြင်းသည် ဒီမိုကရေစီမူများနှင့်အညီ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဥပဒေနှင့်အညီ ကျင်းသုံးခြင်းဖြစ်သည်ဟု ရှေ့သို့ချီပါတီ၏ အဓိက သက်သေများအနက် တဦးဖြစ်သူ အများပြည်သူဆိုင်ရာ ဥပဒေ ပါမောက္ခနှင့် ရွေးကောက်ပွဲကော်မရှင် အကြံပေး ဆူရာပိုလ် နီတီကရိုင်ပုတ်က ခုခံပြောဆိုသည်။
အလားတူစွာပင် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေဖြင့် စွပ်စွဲခံရသူများ အာမခံလျှောက်ထားခြင်းကို အာမခံရန် ပါလီမန်ရာထူးများကို ရှေ့သို့ချီပါတီက အသုံးပြုခြင်းသည် ပါတီက တာဝန်ခံစရာ မလိုသည့် ပါလီမန်ကိုယ်စားလှယ် တဦးချင်း၏ လုပ်ဆောင်မှုသာ ဖြစ်သည်။
ထို့ထက် အရေးကြီးသောအချက်မှာ တရားရုံးသည် ပါတီတခုကို ဖျက်သိမ်းရန် အာဏာကိုအသုံးပြုရာတွင် အလွန် သတိထားသင့်သည်။
ပါမောက္ခ ဆူရာပိုလ်၏ သတိပေးချက်ကို တရားရုံးက ဂရုစိုက်၊ မစိုက် သို့မဟုတ် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေနှင့် ပတ်သက်ပြီး မတူညီသောအမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ပါမောက္ခ ဆူရာပိုလ်၏ သတိပေးချက်ကို တရားရုံးက ဂရုစိုက်၊ မစိုက် သို့မဟုတ် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေနှင့် ပတ်သက်ပြီး မတူညီသောအမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ရှေ့သို့ချီပါတီကို ဖျက်သိမ်းသည့်အမိန့်နှင့် အမှုဆောင်ကော်မတီဝင်များကို နိုင်ငံရေးတောနက်တွင်းသို့ မောင်းထုတ်လိုက်လျှင်ပင် နိုင်ငံရေး အပြောင်းအလဲလေကြောင်းနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲရန် မျိုးဆက်သစ်၏ ရည်မှန်းချက်များကို တရားရုံးက မတားဆီးနိုင်ပေ။
ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေအား တင်းကျပ်စွာ အကောင်အထည်ဖော်ခြင်းနှင့် ပြင်းထန်စွာ အပြစ်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကို ကာကွယ်ရာတွင် အထောက်အကူ ပြုသည်ဟု ထိုင်းလူ့အဖွဲ့အစည်းမှ ကွန်ဆာဗေးတစ်များ အထူးသဖြင့် တရားရေးအသိုက်အဝန်းမှ ကွန်ဆာဗေးတစ်များ ယုံကြည်ပုံရသည်။
သို့သော် လူငယ်များသည် တမျိုးတဖုံ စဉ်းစားနိုင်သည်။ ပြင်းထန်သော ပြစ်ဒဏ်များသည် မူးယစ်မှောင်ခိုများကို သေဒဏ်ပေးသော်လည်း မထိရောက်သကဲ့သို့ ထိရောက်မည် မဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုသို့ မထိရောက်ကြောင်းကို နိုင်ငံအတွင်း မက်သာဖက်တမင်း မူးယစ်ဆေးများ အလုံးအရင်း ဝင်ရောက်နေပြီး အကြီးအကျယ် ဖမ်းမိနေခြင်းက ပြင်းထန်သော ပြစ်ဒဏ်များသည် မထိရောက်ကြောင်း ပြသနေသည်။
ရှေ့သို့ချီပါတီကို ဖျက်သိမ်းခြင်းသည် ထိုပါတီ သို့မဟုတ် ၎င်းကို ဆက်ခံသောပါတီ၏ ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေနှင့် ပတ်သက်သည့် အမြင်များအား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် အသက်အရွယ် ကြီးရင့်သော မျိုးဆက် ကျေနပ်စေရန် ရပ်တည်ချက် အနည်းငယ် လျှော့ချကောင်း လျှော့ချလာစေနိုင်သော်လည်း ပြောင်းလဲစေမည် မဟုတ်ပေ။
တဖက်တွင်လည်း ပါတီဖျက်သိမ်းရေးအမိန့်သည် မျှတသော စိတ်ထားရှိသူများက ရှေ့သို့ချီပါတီ သို့မဟုတ် ၎င်းကို ဆက်ခံသည့်ပါတီကို ပြောင်းလဲထောက်ခံမည် ဖြစ်သောကြောင့် ကွန်ဆာဗေးတစ်များအတွက် ဆိုးကျိုးဖြစ်စေနိုင်သည်။
လူ့အဖွဲ့အစည်းမှ အထက်လွှာသည် ထိုပါတီနှင့် လူငယ်များ၏ ရည်မှန်းချက်များကို ချေမှုန်းရန် လုပ်နေသည်ဆိုသည့် ကရုဏာသက်မှု သို့မဟုတ် ယုံကြည်မှုဖြင့် မျှတသော စိတ်ထားရှိသူများက ရှေ့သို့ချီပါတီကို ပြောင်းလဲထောက်ခံမည် ဖြစ်သည်။
လူ့အဖွဲ့အစည်းမှ အထက်လွှာသည် ထိုပါတီနှင့် လူငယ်များ၏ ရည်မှန်းချက်များကို ချေမှုန်းရန် လုပ်နေသည်ဆိုသည့် ကရုဏာသက်မှု သို့မဟုတ် ယုံကြည်မှုဖြင့် မျှတသော စိတ်ထားရှိသူများက ရှေ့သို့ချီပါတီကို ပြောင်းလဲထောက်ခံမည် ဖြစ်သည်။
မည်သို့ဖြစ်သည်ဖြစ်စေ ရှေ့သို့ချီပါတီသည် လေကဲ့သို့ နိုင်ငံရေးအခင်းအကျင်းမှ လွင့်ပါးသွားမည် မဟုတ်ပေ။ အောက်လွှတ်တော်မှ ပါတီ၏ နေရာအရေအတွက်သည် ၁၄၈ နေရာမှ ၁၄၁ သို့ လျှော့ကျသွားမည် ဖြစ်သော်လည်း ပါတီအားလုံးတွင် အင်အားအကြီးဆုံး ဖြစ်နေသေးသည်။ ခေါင်းဆောင်သစ်များသည် ၎င်းတို့၏ မူများနှင့် အပြောင်းအလဲအတွက် ကတိများအတိုင်း အခိုင်အမာ ရပ်တည်ပါက ပိုမို အင်အားကောင်းလာမည် ဖြစ်သည်။
၂၀၀၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပယောဂ မကင်းသည့် ပြစ်မှုများကို ပယ်ဖျက်ရန် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အောက်လွှတ်တော်တွင် တွန်းအားပေး အားထုတ်မှုသည် အဓိကပြဿနာဖြစ်သည့် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေအထိ မရောက်သေးပေ။
ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေသည် ဘုရားသခင် ပြဋ္ဌာန်းထားသည့် ဥပဒေ မဟုတ်ပေ။ ထိုမြင့်မားသော အင်စတီကျူးရှင်း၏ သန့်ရှင်းစင်ကြယ်မှုကို ကာကွယ်ရာတွင် ဥပဒေတင်းကျပ်လေ ထိရောက်လေဆိုသည့် ယုံကြည်သူများက ဖန်တီးထားသည့် ဥပဒေသာဖြစ်သည်။ ထိုအဆိုသည် သံသယဖြစ်ဖွယ် ရှိနေသည်။
သို့သော် ထိုအင်စတီကျူးရှင်း၏ ကောင်းမွန်သော သီလတရားများအပေါ် ယုံကြည်အားကိုးမှုကမူ ဆက်လက် ရှင်သန်နေမည် ဖြစ်သည်။ ထိုနယ်ပယ်သည် ထောက်ခံအားပေးသင့်သည့် နယ်ပယ်သာဖြစ်သည်။
(Bangkok Post ပါ Veera Prateepchaikul ၏ MFP”s reforming spirit will live on ကို ဘာသာပြန်သည်။ Veera Prateepchaikul သည် Bangkok Post အယ်ဒီတာဟောင်း၊ နိုင်ငံရေး လေ့လာသုံးသပ်သူနှင့် ဆောင်းပါးရှင် ဖြစ်သည်။)
You may also like these stories:
မြဝတီက အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းတွေလည်း ပါဟု MFP ပြောဆို
Move Forward ပါတီကို ဖျက်သိမ်းရန် လျှောက်ထားမှု ထိုင်း ထိပ်တန်းတရားရုံး လက်ခံ
ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ
ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်