လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားခြင်းသည် နွေဦးတော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲ စပြီဟု နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။ ရမခ ကျသွားခြင်းနှင့် ပတ်သက်၍လည်း အမေရိကန် ဒုဗိုလ်မှူးကြီးဟောင်း၊ အမေရိကန် ဟာဝိုင်အီအခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာန၏ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က အပြောင်းအလဲအမှတ် (Tipping Point) ကို ကျော်သွားပြီဟု မှတ်ချက်ပြုထားသည်။
စစ်တပ်တွင် တိုင်းစစ်ဌာနချုပ်နှင့် အင်အားကြီးသည့်တပ်မှာ တပ်မတော် – ကြည်း (ကက ကြည်း) သာ ဖြစ်သည်။ ကက ကြည်း ဆိုသည်မှာ နေပြည်တော်ရှိ စစ်ရုံးချုပ်ဖြစ်သည်။
စစ်တပ်တွင် စစ်တိုင်းကြီး ၁၄ ခုရှိသည့်အနက် ရမခသည် စစ်အင်္ဂါစဉ်အရ ဒုတိယမြောက်နေရာတွင်ရှိသည့် တိုင်းစစ်ဌာနချုပ် ဖြစ်သည်။ ပြည်တွင်းစစ်တွင် ကွမ်လုံရက် ၄၀ အပါအဝင် နာမည်ကျော် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် စစ်တပ်တွင် အစဉ်အလာရှိသော တိုင်းစစ်ဌာနချုပ် ဖြစ်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အမျိုးသားရေးရန်သူအဖြစ် တရုတ်အား သတ်မှတ်ခဲ့သည့်အတွက် ရမခ တိုင်းစစ်ဌာနချုပ်ကို အခိုင်အမာ တည်ဆောက်ခဲ့သည်။ စစ်တပ်တွင် တိုက်ရည်ခိုက်ရည် ကောင်းသူများကိုသာ ရမခ တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ရမခ တိုင်းတွင် တိုင်းမှူးဖြစ်ခဲ့သူများထဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များအား တိုက်ထုတ်နိုင်ခဲ့သည့် ဗိုလ်ချုပ် လှဦး၊ နဝတခေတ်က ဒုတပ်ချုပ် မောင်အေး၊ ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့မှာ လူသိများသူများ ဖြစ်သည်။
ရမခ တိုင်းစစ်ဌာနချုပ်အောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) နှင့် အခြေချဗျူဟာ သုံးခု၊ လှုပ်ရှားစစ်ဗျူဟာ နှစ်ခုနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှစ်ခုရှိသည်။ ရမခ တိုင်းလက်အောက်ခံ ခြေလျင်၊ ခြေမြန် တပ်ရင်းပေါင်း ၂၆ ရင်း ရှိသည်။ ထို့ကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်တွင် စုစုပေါင်း အရာရှိ စစ်သည် ၁၁,၀၀၀ ကျော်ခန့်ရှိသည်။
ထိုကဲ့သို့ အင်အားကြီးသော စစ်တိုင်းဌာနချုပ်ကြီးတခု ကျဆုံးသွားခဲ့ပြီဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သိမ်းပိုက်ခံရသည့် တိုင်းစစ်ဌာနချုပ် ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ အင်အားကြီးသော စစ်တိုင်းဌာနချုပ်ကြီးတခု ကျဆုံးသွားခဲ့ပြီဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သိမ်းပိုက်ခံရသည့် တိုင်းစစ်ဌာနချုပ် ဖြစ်လာခဲ့သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) နှင့် ကွမ်လုံ အခြေချဗျူဟာ အပါအဝင် ရမခ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ၅၀ ရာခိုင်နှုန်းခန့် ကျဆုံးခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကို မထိန်းနိုင်သည့်အတွက် စစ်ရှုံးခဲ့ရသည်ဟု စစ်ကောင်စီက သုံးသပ်ခဲ့သည်။ ထို့ကြောင့် တပ်မတော် သိပ္ပံနှင့်နည်းပညာဌာန (သသန) အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူချက် ပထမပိုင်း ရပ်နားနေချိန်တွင် ဒရုန်းကာကွယ်ရေးစနစ်နှင့် ဒရုန်းဖြင့် တန်ပြန် တိုက်ခိုက်နိုင်ရေးအတွက် အသည်းအသန် ကြိုးစားနေခဲ့၏။
ပြည်ထဲရေးဝန်ကြီး ခရီးစဉ်နှင့် ဒုတပ်ချုပ် စိုးဝင်း ခရီးစဉ်များအတွင်း တရုတ်ထံမှ ဒရုန်းနည်းပညာနှင့် ပစ္စည်းများ ရရှိသည်ဟု ကြားသိရသေး၏။ သို့သော် တကယ်တမ်း ၁၀၂၇ ဒုတိယပိုင်း စတင်ချိန်တွင် ထိရောက်စွာ မကာကွယ်နိုင်ခဲ့သလို ထိရောက်သော တန်ပြန် တိုက်ခိုက်မှုလည်း မလုပ်နိုင်ခဲ့ပေ။
၁၀၂၇ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကြားတွင် အချိန်အားဖြင့် ခြောက်လကျော် ရရှိခဲ့ပြီး ထိုကာလအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်များ၌ ခံစစ် စနစ်တကျ ပြင်ဆင်ထားခဲ့သည်။
ထို့ကြောင့်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သော မဟာမိတ်တပ်များအနေဖြင့် ရမခ လက်အောက်ခံ တပ်စခန်းများအား တိုက်သည့်အခါ ပထမလှိုင်းလောက် လွယ်ကူမည်မဟုတ်ဟု ခန့်မှန်းသူများ ရှိခဲ့သည်။ လက်တွေ့တွင် ထိုကဲ့သို့ မဟုတ်ပေ။ ရမခ တိုင်းစစ်ဌာနချုပ်ကြီးအား ၁ လအတွင်း အပြီးသတ် သိမ်းနိုင်ခဲ့သည်။
ထို့ကဲ့သို့ ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်သားများအနေဖြင့် စစ်ပန်းနေခြင်းနှင့် စိတ်ဓာတ်ကျနေခြင်းတို့ကြောင့် အဓိကဖြစ်သည်။
ထို့ကဲ့သို့ ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်သားများအနေဖြင့် စစ်ပန်းနေခြင်းနှင့် စိတ်ဓာတ်ကျနေခြင်းတို့ကြောင့် အဓိကဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် စစ်ရှုံးခဲ့သော စစ်သည်အများအပြားအား ပြန်လည် အသုံးပြုနေရသည့်အတွက် ရမခ လက်အောက်ခံ အရာရှိ စစ်သည်များ စိတ်ထဲတွင် စိတ်ခြောက်ခြားမှုများဖြစ်နေပြီး တိုက်ရဲခိုက်ရဲစိတ် ပျောက်နေခြင်းကြောင့် ဖြစ်သည်။ စစ်သည်များအနေဖြင့် တဖက်က လာတိုက်သည့်အခါ တိုက်ဖို့ထက် ပြေးဖို့စိတ်က များနေခဲ့သည်။
ထို့ပြင် အရာရှိငယ်အဆင့်နှင့် အခြားအဆင့်စစ်သည်များ စိတ်ထဲတွင် ဘယ်သူ့အတွက် တိုက်နေရသနည်းဆိုသည့် မေးခွန်းကို မေးနေကြပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်သည်များ အနားမရခြင်းနှင့် ပြည်သူလူထု၏ မုန်းတီးခြင်းကို ခံရလာသည်။ ထို့အတွက် စိတ်ဓာတ်ကျဆင်းမှု ဖြစ်ပေါ်နေပြီး တိုက်ချင်ခိုက်ချင်စိတ် မရှိသည့်အတွက်ကြောင့် ရမခ ကဲ့သို့သော တိုင်းစစ်ဌာနချုပ်ကြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း အနားမရဖြစ်နေသည့် စစ်သည်များအတွက် ထိုးနှက်ချက်တခု ထပ်ဖြစ်လာခဲ့လေပြီ။
အရင်ကတည်းက စိတ်ဓာတ်ကျနေသော စစ်သည်များအဖို့ ရမခ တိုင်းစစ်ဌာနချုပ် ကျသွားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ စစ်သည်များတွင် ပထမအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုထိခိုက်သွားမည် ဖြစ်သည်။ အရာရှိ၊ စစ်သည်အများစုတွင် တိုက်လိုခိုက်လိုစိတ် ပိုမိုကျဆင်းသွားမည် ဖြစ်သည်။
ဒုတိယ အနေဖြင့် အရာရှိ၊ စစ်သည်များသည် အာဏာသိမ်းတပ်ချုပ် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု အရည်အချင်းအပေါ် ယုံကြည်မှု လျော့ကျသွားမည် ဖြစ်သည်။
တတိယ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များသည် တိုင်းစစ်ဌာနချုပ်အဆင့်အထိ ကျဆုံးအောင် တိုက်ခိုက်နိုင်သည့်အတွက် နောက်ပိုင်းတွင် တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်နှင့် ဒေသကွပ်ကဲမှုဌာနချုပ်များအား လာရောက်တိုက်ခိုက်သည့်အခါ စစ်ကောင်စီတပ်များ အနေဖြင့် မဆုတ်မနစ် ခုခံခြင်းမျိုး မလုပ်တော့ပေ။
တတိယ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များသည် တိုင်းစစ်ဌာနချုပ်အဆင့်အထိ ကျဆုံးအောင် တိုက်ခိုက်နိုင်သည့်အတွက် နောက်ပိုင်းတွင် တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်နှင့် ဒေသကွပ်ကဲမှုဌာနချုပ်များအား လာရောက်တိုက်ခိုက်သည့်အခါ စစ်ကောင်စီတပ်များ အနေဖြင့် မဆုတ်မနစ် ခုခံခြင်းမျိုး မလုပ်တော့ပေ။
မဆုတ်မနစ်ခုခံခြင်းမျိုးထက် ‘အောင်စိတ်’ ပျောက်သွားကာ တော်လှန်ရေးတပ်ဖွဲ့များ လာရောက် တိုက်ခိုက်သည့်အခါ စစ်ကောင်စီ စစ်သားများအနေဖြင့် လက်နက်ချခြင်းများ သို့မဟုတ် စခန်းစွန့်ခွာ ထွက်ပြေးခြင်းများ ပိုမို ဖြစ်လာနိုင်မည် ဖြစ်သည်။ ရမခ တိုင်းစစ်ဌာချုပ် တိုက်ခံရသည့်အချိန်တွင်လည်း လက်နက်ချသည့် စစ်သည် ထောင်ဂဏန်းကျော် ရှိခဲ့သည်။
ထို့ကြောင့် ယုံကြည်ချက်၊ ခံယူချက် ပျောက်ဆုံးကာ အောင်စိတ်ပျောက်သွားသည့် စစ်သည်အများစုဖြင့် ဖွဲ့စည်းထားသော စစ်တပ်တခုအနေဖြင့် စစ်ပွဲနိုင်အောင်တိုက်ဖို့ မလွယ်ကူတော့ပေ။ တိုက်ပွဲဝင် စစ်သည်တို့တွင် အောင်စိတ်ပျောက်သွားခြင်းသည် ရုပ်ဝတ္တုပိုင်းကဲ့သို့ ထင်သာမြင်သာ မဟုတ်သော်လည်း စစ်ကောင်စီတပ်အတွက် အရှိုက်ကို အထိုးခံရသလိုမျိုး အထိနာသွားခဲ့လေသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်သောကြောင့် တော်လှန်ရေးအင်အားစုများအတွက် လိုအပ်နေသော လက်နက်ခဲယမ်းများစွာလည်း ရရှိသွားသည်။ ထို့ကြောင့်လည်း မြန်မာ့နိုင်ငံရေး လေ့လာသူအချို့က ရမခ ကျဆုံးခြင်းသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ အဆုံးသတ်တိုက်ပွဲစပြီဟု မှတ်ချက်ပေးနေကြသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
လားရှိုးဆေးတပ် အလံဖြူထောင် (ရုပ်/သံ)
လားရှိုးစစ်ဆေးရုံနှင့် ဗဟိုကင်း MNDAA စီးနင်း၊ စစ်သားတို့ လက်နက်ချ
တိုက်ပွဲပြင်းထန်နေချိန် လားရှိုး စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး (ရုပ်/သံ)