စစ်တပ်၏ ဝါဒမှိုင်းများ၊ တတိယအင်အားစုများ၊ နိုင်ငံတကာအသိုင်းဝိုင်းနှင့် ပညာရှင်ဆိုသူများ၊ လက်ရှိ လူထုတော်လှန်ရေးကို အားမလိုအားမရ ဖြစ်သူများနှင့် အတိုက်အခံများက “တော်လှန်ရေးအင်အားစုများသည် ပြန့်ကျဲလျက်ရှိပြီး မစုစည်းနိုင်” ဆိုသည့် ယူဆချက်ကို ထပ်ခါထပ်ခါ ပြောဆိုလျက် ရှိသည်။ အဆိုပါ ယူဆချက်မှသည် အောက်ပါခန့်မှန်းချက်၊ တိုက်တွန်းချက်များအထိ သွားလေရာ လူထုတော်လှန်ရေးကို ထိခိုက်လျက်ရှိသည်။
၁။ မစုစည်းနိုင်ခြင်းကြောင့် တော်လှန်ရေးတပ်များ ရှုံးနိမ့်ပြီး စစ်တပ်အောင်ပွဲခံမည် (စစ်တပ်၏ ဝါဒမှိုင်း)
၂။ မစုစည်းနိုင်ခြင်းကြောင့် စစ်ပွဲရှည်ကြာပြီး ပြည်သူများ ဒုက္ခရောက်မည်၊ ထို့ကြောင့် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းကြပါ (နိုင်ငံတကာ၊ တတိယအင်အားစုနှင့် ငြိမ်းချမ်းရေးပွဲစား ပညာရှင်များ၏ အဓိက တိုက်တွန်းချက်)
၃။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မစုစည်းနိုင်ခြင်းကြောင့် ပြိုကွဲနိုင်ငံဖြစ်မည် (စစ်တပ်ကို မထောက်ခံသော်လည်း NUG နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့၏ အတိုက်အခံအင်အားစုများ) ဟု ပြောဆိုကြသည်။
စစ်အာဏာရှင်ကို တိုက်ခိုက်သည့် မည်သည့်အဖွဲ့မဆို ပြန့်ကျဲသည်ဖြစ်စေ၊ မပြန့်ကျဲသည်ဖြစ်စေ လူထုကြီးက အားပေးလျက်ရှိသည်ကို လျစ်လျူရှုနေကြသည်။ လူထုသည် နိုင်မည်ဟု ခန့်မှန်း၍၊ သိရှိ၍ တော်လှန်နေခြင်းထက် မတော်လှန်လို့မရသည့် အခြေအနေကြောင့်ကို တော်လှန်နေကြရခြင်းသာ ဖြစ်သည်။
သို့သော် စစ်အာဏာရှင်ကို တိုက်ခိုက်သည့် မည်သည့်အဖွဲ့မဆို ပြန့်ကျဲသည်ဖြစ်စေ၊ မပြန့်ကျဲသည်ဖြစ်စေ လူထုကြီးက အားပေးလျက်ရှိသည်ကို လျစ်လျူရှုနေကြသည်။ လူထုသည် နိုင်မည်ဟု ခန့်မှန်း၍၊ သိရှိ၍ တော်လှန်နေခြင်းထက် မတော်လှန်လို့မရသည့် အခြေအနေကြောင့်ကို တော်လှန်နေကြရခြင်းသာ ဖြစ်သည်။
ဤတင်ပြချက်တွင် အဆိုပါ အချက်များကို တတ်နိုင်သမျှ အတိုချုပ် ချေပရေးသားအပ်ပါသည်။
“မစုစည်းနိုင်” ဆိုသည်ကို ထောက်ပံ့သည့် ယူဆချက်များ
၁။ NUG ကြောင့် အင်အားစုများကို မစုစည်းနိုင်။
၂။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (ERO) များသည် ပြန့်ကျဲနေပြီး ဘုံရည်မှန်းချက်မရှိ၊ ၎င်းတို့နယ်မြေလွတ်မြောက်ရေး အတွက်သာ တိုက်မည်။
၃။ PDF များသည် အင်အားကြီးထွားမလာနိုင်၊ ERO များ၏ အသုံးချခံသာဖြစ်သည်။
ချေပချက် ၁။ ။ NUG ကြောင့် အင်အားစုများကို မစုစည်းနိုင်
၁။ NUG သည်ပင်လျှင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (FDC) အရ ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။
NUCC သည် (၁) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ခေါ် ရွေးကောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့၊ (၂) နိုင်ငံရေးပါတီအစုအဖွဲ့၊ (၃) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အရပ်ဖက်အဖွဲ့ အစည်းများ၊ CDM နှင့် သပိတ်ကော်မတီများ အစုအဖွဲ့၊ (၄) ERO များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်ကိုယ်စားပြုနှင့် လူမျိုးအခြေပြုအဖွဲ့အစည်း/ကောင်စီများ (ကရင်နီ၊ ချင်း၊ မွန်၊ ပအိုဝ်းနှင့် တအာင်း) တို့ ပါဝင်သည့် တော်လှန်ရေး အင်အားစုကြီးဖြစ်သည်။
NUG သည် အင်အားစုများကို မစုစည်းနိုင်ဆိုသည့် ဝေဖန်ချက်သည် အမြီးအမောက် မတည့်ပေ။ NUG ကသာ အဓိက စုစည်းရမည့်သူ မဟုတ်ဘဲ NUG ကိုယ်တိုင်ပင်လျှင် အင်အားစု အစုအဖွဲ့များမှ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်ကို သတိပြုရန်လိုသည်။
၂။ NUG သည် အင်အားစုများကို မစုစည်းနိုင်ဆိုသည့် ဝေဖန်ချက်သည် အမြီးအမောက် မတည့်ပေ။ NUG ကသာ အဓိက စုစည်းရမည့်သူ မဟုတ်ဘဲ NUG ကိုယ်တိုင်ပင်လျှင် အင်အားစု အစုအဖွဲ့များမှ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်ကို သတိပြုရန်လိုသည်။
၃။ ထို့ပြင် K3C အဖြစ် KIO (ကချင်)၊ KNU (ကရင်)၊ KNPP (ကရင်နီ)၊ CNF (ချင်း) ဆိုသည့် ERO များနှင့် NUG အကြား စစ်ရေး၊ နိုင်ငံရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အခြား ပလက်ဖောင်းတခုအနေဖြင့် AA (ရခိုင်)၊ TNLA (တအာင်း)၊ MNDAA (ကိုးကန့်)၊ PNLO (ပအိုဝ်း)၊ NMSP (မွန်)၊ ABSDF (ကျောင်းသားတပ်ဦး) တို့နှင့်လည်း စစ်ရေး ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
သုံးသပ်ချက်
NUG သည် အင်အားစုများကို စုစည်းခြင်းမဟုတ်၊ NUG သည်ပင်လျှင် စုစည်းအင်အားစုများ၏ ရလဒ်ဖြစ်သည်၊ ပိုမိုအားကောင်းသည့် စုဖွဲ့မှုဖြင့် အင်အားစုများက အလိုရှိပါက NUG ကို FDC အရ အချိန်မရွေး ပြန်လည် စုဖွဲ့နိုင်သည့် အခင်းအကျင်း ရှိပြီးဖြစ်သည်။ NUG အားကောင်းမှ အင်အားများ စုစည်းလာနိုင်ခြင်းထက် အင်အားများ စုစည်းလာမှသာ NUG အားကောင်းလာမည် ဖြစ်သည်။ လက်ရှိ စုစည်းအင်အားစု NUG သည်လည်း အခြား အင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ချေပချက် ၂ ။ ။ ERO များသည် ပြန့်ကျဲနေပြီး ဘုံရည်မှန်းချက်မရှိ၊ ၎င်းတို့နယ်မြေလွတ်မြောက်ရေး အတွက်သာ တိုက်မည်
၁။ ERO များ အားလုံးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်က စောင့်ကြည့် အနေအထားဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ နွေဦးတော်လှန်ရေးဖြစ်မည်ဟု မတွက်ဆထားကြပေ (NLD နှင့် စစ်တပ်အကြား ညှိနှိုင်းပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့သာ တိုက်တွန်းခဲ့ကြသည်)။
၂။ ဗမာပြည်သူတို့က ERO များ ပါဝင်တိုက်ခိုက်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။ အချို့အင်အားစုများက ဗမာများ၏ အဆိုပါ မျှော်လင့်ချက်ကို တိုင်းရင်းသားများအား စတေးခိုင်းပါသည်ဟုဆိုကာ ပြင်းပြင်းထန်ထန်ပင် ဝေဖန်စွပ်စွဲခဲ့ကြသည်။
၃။ ထိုစွပ်စွဲမှုများကို မမှုဘဲ ဗမာပြည်သူများ မိမိတို့ကိုယ်တိုင် လက်နက်ကိုင်တိုက်ပွဲ စတင်ပြီး ERO များကိုလည်း သက်ဆိုင်ရာ ဒေသအလိုက် အကြမ်းဖက် စစ်ကောင်စီကို အတူတကွ တိုက်ခိုက်ရန်သာ မျှော်လင့် တောင်းဆိုခဲ့ကြသည်။ ဗမာဒေသများအထိ လာရောက်ကာ စတေးရန် မတောင်းဆိုကြ။
သုံးသပ်ချက်
ဗမာလူငယ်များကို တောင်ပိုင်းတွင် ကရင်နီ၊ ကရင် တော်လှန်ရေးအဖွဲ့များ၊ မြောက်ပိုင်းတွင် ကချင်၊ ချင်းနှင့် တအာင်းတော်လှန်ရေးအဖွဲ့များ၊ အနောက်ဘက်တွင် ရခိုင် တော်လှန်ရေးအဖွဲ့တို့က စစ်ရေးလေ့ကျင့် ပေးကြပြီး ယနေ့တွင် စစ်ကောင်စီကို ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်မှာ လက်တွေ့ဖြစ်သည်။ အညာနှင့် ဗမာဒေသကို စစ်ရေး အဓိက အထောက်အပံ့မှာ မည်သည့်ပြည်ပမှ မပါဝင်ဘဲ တိုင်းရင်းသားတပ်မတော်များ၏ အထောက်အပံ့ဖြင့် ယနေ့အထိ အင်အား ဆက်လက် တိုးပွားဆဲဖြစ်သည်။ ERO များ၏ ဘုံရည်မှန်းချက်သည် စစ်ကောင်စီပြုတ်ကျရေး ဖြစ်သည်။
အညာနှင့် ဗမာဒေသကို စစ်ရေး အဓိက အထောက်အပံ့မှာ မည်သည့်ပြည်ပမှ မပါဝင်ဘဲ တိုင်းရင်းသားတပ်မတော်များ၏ အထောက်အပံ့ဖြင့် ယနေ့အထိ အင်အား ဆက်လက် တိုးပွားဆဲဖြစ်သည်။
ချေပချက် ၃ ။ ။ PDF များသည် အင်အားကြီးထွားမလာနိုင်၊ ERO များ၏ အသုံးချခံသာဖြစ်သည်
၁။ PDF များသည် စစ်အာဏာရှင်စနစ်ကို အနုနည်းများဖြင့် ဆန္ဒပြတောင်းဆိုမှု၊ CDM ဆောင်ရွက်မှုများကို အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးသည့်အချိန်ကတည်းက တိုင်းရင်းသား ညီအကိုမောင်နှမ တော်လှန်ရေးတပ်များကိုသာ အားကိုးခဲ့သည်။
၂။ အားကိုးသည့်အတိုင်း၊ မျှော်လင့်သည့်အတိုင်း အထက်ပါ တင်ပြခဲ့သလို ခရီးရောက်ခဲ့သည်ကိုလည်း လက်တွေ့ သိရှိရပြီးဖြစ်သည်။
၃။ PDF သည် အသုံးချခံသာဖြစ်သည် ဆိုသည်မှာ စစ်ကောင်စီ၏ ဝါဒဖြန့် သွေးခွဲမှုသာဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အချင်းချင်းကြား၊ တိုင်းရင်းသားအချင်းချင်းကြား စစ်မြေပြင်က ပေးလိုက်သည့် သွေးနီးမှုပါ ခိုင်မာလျက်ရှိသည်။
သုံးသပ်ချက်
နိုင်ငံရေးခေါင်းဆောင်များအကြား သဘောထားကွဲလွဲသည့်တိုင် စစ်မြေပြင် ရဲဘော်ရဲဘက်များအကြား သွေးစည်းမှုက နိုင်ငံရေးခေါင်းဆောင်များကိုပင် ပြန်လည် ထိန်းကျောင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် အင်အားစုများသည် သမိုင်းတလျှောက် အင်အားအကောင်းဆုံး စုဖွဲ့မှုဖြင့် ဖွဲ့စည်းလျက်ရှိသည်။ စာရွက်ပေါ်မှ သဘောတူညီမှုများတင် မဟုတ်ဘဲ မြေပြင်မှာပါ လက်တွေ့ အောင်ပွဲများ ရရှိနေသည့် စုဖွဲ့မှုဖြစ်သည်။
ထို့ကြောင့် အင်အားစုများသည် သမိုင်းတလျှောက် အင်အားအကောင်းဆုံး စုဖွဲ့မှုဖြင့် ဖွဲ့စည်းလျက်ရှိသည်။ စာရွက်ပေါ်မှ သဘောတူညီမှုများတင် မဟုတ်ဘဲ မြေပြင်မှာပါ လက်တွေ့ အောင်ပွဲများ ရရှိနေသည့် စုဖွဲ့မှုဖြစ်သည်။
စစ်တိုက်ရသည်မှာ ပြည်သူလူထု ထိခိုက်ခြင်း၊ ငွေကုန်ကြေးကျများခြင်းတို့အပြင် လူ့အသက်ပေါင်းများစွာ ရင်းနှီးရသည့် အလုပ်ဖြစ်သည်။ ထိုလုပ်ငန်းကြီးအတွက် အတူတကွ လုပ်ဆောင်နေသည့် အင်အားစုများအား စုစည်းမှု မရှိသကဲ့သို့ သုံးသပ်ခြင်းမှာ အမြင်မှားခြင်း၊ အထင်မြင်သေးခြင်း သို့မဟုတ် ပြိုကွဲစေရန်သွေးခွဲခြင်းသာ ဖြစ်သည်။
မည်သည့် ERO မှ မိမိနယ်မြေ လွတ်မြောက်ရုံဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရန်မှ ကင်းဝေးနိုင်မည်ဟု မယူဆပေ။ နေပြည်တော်တွင် အကြမ်းဖက်သမားတို့ ခေါင်းဆောင်နေခြင်း မရှိမှသာ မိမိတို့ လွတ်မြောက်နိုင်မည်ကို ကောင်းစွာသိရှိ နားလည်ပြီးဖြစ်သည်။ ထိုသို့ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးမှာ လက်ရှိ ဗမာများရော အခြားလူမျိုးများပါ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်မှသာ အောင်မြင်မည့် အချိန်အခါသာ ဖြစ်သည်ကို စစ်တိုက်နေသည့် တော်လှန်ရေးစစ်သည်တိုင်း နားလည်သည့်အချက် ဖြစ်သည်။
စုစည်းအင်အားကို တော်လှန်ရေးဘက်တော်သားများအပေါ် အားမလိုအားမရဖြစ်သည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် ထင်ရှားသည့်အချက်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းမှာပင် တော်လှန်ရေးအင်အားစုများ ဝိုင်းဝန်းတိုက်ခိုက်နေကြောင်း စိုးရိမ်ထိတ်လန့်နေသည်မှာ တော်လှန်ရေးအင်အားစုများ မည်မျှ စုစည်းမှုရှိနေသည်ကို ပြသသော သက်သေပင်ဖြစ်သည်။
(ရန်နိုင် (သလ္လာဝတီ) သည် မြန်မာ့အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာသုံးသပ်သည့် သုတေသီ ဖြစ်သည်။)
You may also like these stories:
အမုန်းစကားနှင့် သတင်းတုများ တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးမှာ အရေးကြီး
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး
တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့
စစ်ရှိန်မြှင့်နေသည့် တိုင်းရင်းသား ပြည်နယ်များ