အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျပြီး စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်၏ မိန့်ခွန်းကို အများသူငါ စိတ်ဝင်စားခဲ့ကြသည်။ မိန့်ခွန်းပြောမည့်သူ၏ ရုပ်ကို မြင်မြင်ချင်းမှာပင် အိပ်ဆေးသောက် အိပ်နေရသည် ဆိုသော သတင်းမှာ မှန်လေပြီဟု မှတ်ချက်ချမိသည်။
နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာကိုပြောသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ရုပ်တွင် ယုံကြည်မှု အကြည်ဓာတ် ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ဂနာမငြိမ်သည့် မျက်လုံးများတွင် စစ်ရှုံး၍ အလိုမကျ ဖြစ်နေသည်ကို ပေါ်လွင်စေသည်။ အသံပိုင်းတွင်လည်း တချို့စကားလုံးများကို ပီသစွာပင် မပြောနိုင်သည်ကို သတိထားမိသည်။ အပူရုပ်ကို ဟန်လုပ်နေသည့်ပုံစံမျိုး ဖြစ်နေသည်။
အစပိုင်း နိဒါန်းပျိုးရာတွင် သူကြောင့် ဒုက္ခတခုမဟုတ်တခု ရနေကြသည့် ပြည်သူများကို “ချစ်ခင်လေးစားရသော မိဘပြည်သူများ” ဟု နှုတ်ဆက်လိုက်သေးသည်။ လူနေအိမ် မပြောနှင့် ပြည်သူများ ကိုးကွယ်ကြသည့် ဘာသာရေး အဆောက်အဦးများပါမကျန် ဗုံးကြဲနေသူက ပြည်သူကို ချစ်ခင်လေးစားသည်မှာ မှန်ပါရဲ့လား။
အစပိုင်း နိဒါန်းပျိုးရာတွင် သူကြောင့် ဒုက္ခတခုမဟုတ်တခု ရနေကြသည့် ပြည်သူများကို “ချစ်ခင်လေးစားရသော မိဘပြည်သူများ” ဟု နှုတ်ဆက်လိုက်သေးသည်။ လူနေအိမ် မပြောနှင့် ပြည်သူများ ကိုးကွယ်ကြသည့် ဘာသာရေး အဆောက်အဦးများပါမကျန် ဗုံးကြဲနေသူက ပြည်သူကို ချစ်ခင်လေးစားသည်မှာ မှန်ပါရဲ့လား။
မိန့်ခွန်းကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်သဖြင့် နိုင်ငံတော်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း အစချီသည်။ စကတည်းက အလိမ်အညာဂျင်းထည့်သည်။
အမှန်မှာ ရွေးကောက်ပွဲပြီး၍ လွှတ်တော်မခေါ်ခင် အာဏာမသိမ်းခင်အထိ နိုင်ငံတော်က တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ မတည်ငြိမ်သည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရှုံးပြီး NLD နိုင်သဖြင့် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်က ရွေးကောက်ပွဲကော်မရှင်များကို နည်းမျိုးစုံနှင့် ဖိအားပေးပြီး လက်အောက်က တပ်များအား မဲစာရင်းစစ်ခိုင်းသည်မှာ စစ်တပ်ဟု ဆိုရမည်။
နောက်ထပ် ဆက်ပြီး ထုံးစံအတိုင်း စစ်ကောင်စီ အစည်းအဝေးများတွင် ကြားနေကျ ထူးမခြားနား ပတ်ပျိုးသာ ဆိုသည်။ တပ်တွင်း မိသားစုများ မျှော်လင့်ထားသည့် တာဝန်ယူမှု၊ တာဝန်ခံမှုများ မပါခဲ့ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် အပစ်အခတ်ရပ်စဲရေး NCA မထိုးထားသည့်အဖွဲ့များရော ထိုးထားသည့်အဖွဲ့များကပါ PDF များကို သင်တန်းပေးသည်ဟု အပြစ်တင်သည်။ သူ့တွင် အပြစ်မရှိ၊ သူမှလွဲလျှင် သူ့ကို တော်လှန်သူအားလုံး အပြစ်ရှိသည်။
သို့သော် ဝန်ခံချက်များတော့ ပါသည်။ ၁၀၂၇ စစ်ဆင်ရေးနှင့် ပတ်သက်၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ကြိုတင်ပြင်ဆင်ခဲ့ကြကြောင်း၊ ဒရုန်းနှင့် ရှော့တိုက်ဒုံး အဆင့်မြင့်ကြောင်း ဝန်ခံထားသည်။ သူ့စစ်တပ်က မယှဉ်နိုင်ခဲ့ကြောင်း၊ ကြိုတင် မပြင်ဆင်နိုင်သည့်အတွက် စစ်တပ်အကြီးအကဲဖြစ်သည့် သူ့တွင် တာဝန်ရှိပါကြောင်းကိုတော့ ဝန်ခံပြောကြားခြင်း မရှိခဲ့ပါ။
လားရှိုးစစ်ဆေးရုံ အတိုက်အခိုက်ခံရမှုကို ဒရာမာချိုးသွားခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်းက ဆေးရုံအချို့ကို လေတပ်က ဗုံးကြဲသည့် ဖြစ်စဉ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါ။
တရုတ်အလိုကျ ကျားဖြန့်ကို နှိမ်နင်းပေးခဲ့သော်လည်း စစ်ပွဲရပ်မသွားခြင်းကို မရဲတရဲ ဆက် ပြောသည်။ လားရှိုးစစ်ဆေးရုံ အတိုက်အခိုက်ခံရမှုကို ဒရာမာချိုးသွားခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်းက ဆေးရုံအချို့ကို လေတပ်က ဗုံးကြဲသည့် ဖြစ်စဉ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါ။
အာရက္ခတပ်တော် (AA) နှင့် ပတ်သက်၍ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးသလို ဖြစ်နေကြောင်း အပြောတွင် အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက သံတွဲသူ သူ့ဇနီး ဒေါ်ကြူကြူလှ မျက်နှာကို မြင်ယောင်မိပါသေးသည်။
စစ်ကိုင်းတိုင်းထဲမှ စစ်ရေးလှုပ်ရှားမှုများသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ လက်ချက်ဖြစ်ကြောင်း၊ ၀၃၀၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်းများစွာ အတိုက်ခံရကြောင်း ပြောကြားခဲ့သည်။ မြစ်ကြီးနားတဖက်ကမ်း ဝိုင်းမော်အထိ သိမ်းထားပြီး မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လည်း လက်လွှတ်ရနီးနီးတွင် စစ်စခန်းများစွာ ရှုံးခဲ့သည်ကို ဝန်မခံဘဲ သွယ်ဝိုက်၍ ပြောသွားသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း PDF နှင့် ပူးပေါင်း၍ တိုက်ကွက်ဖော်ကြောင်း ပြောကြားသော်လည်း မတူပီဗျူဟာ ကျဆုံးမှု အပါအဝင် ချင်းပြည်နယ်မှ စခန်းများ ကုန်သလောက်ရှိသည်အထိ စစ်ရှုံးခဲ့သည်ကိုလည်း ထည့်ပြောမသွားခဲ့ပေ။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့်ပတ်သက်၍ ပြောကြားမှုတွင် အချို့ ခေါင်းဆောင်ဆိုသည့် အသုံးအနှုန်းကို ရွေးချယ်သုံးနှုန်းခဲ့သည်။ ထို့ကြောင့် ယခင်နည်းဟောင်းအတိုင်း ကရင် အဖွဲ့အစည်းများအကြား သွေးခွဲစည်းရုံးမည့်သဘောကို တွေ့ရသည်။ မြဝတီကို စစ်ကူလိုက်သည့် အောင်ဇေယျ စစ်ကြောင်း လေးလနီးပါး ကြာသည်အထိ ဒေါနတောင်ကို မကျော်နိုင်သဖြင့် ပြန်ဆုတ်သွားရသည့် အခြေအနေကိုလည်း ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
တပ်မဟာ ၁၊ ၃ နှင့် ၅ က စစ်တောင်းမြစ်တဝိုက် တိုက်ကွက်ဖော်ရန် လုပ်ဆောင်မှုသတင်းကို ထုတ်ပြောသည်မှာ ထူးဆန်းနေသည်။ စစ်သဘောအရ ရရှိထားသည့် ရန်သူ့သတင်းအား ကြိုတင်ချပြလေ့ မရှိပေ။ ယခုလို တိုင်းသိပြည်သိ သတင်းချပြသည်မှာ စစ်တောင်းမြစ် တလျှောက်ကို တော်လှန်ရေးအင်အားစုများ ထပ်မံ တိုက်ကွက်ဖော်၍ စစ်တပ်က စစ်ရှုံးသည့်အခါ သူကြိုသိထားပါသည်ဟု ပြောဆိုလို၍ ဖြစ်မည်။
သူ့တွင် အပြစ်မရှိ၊ သူကြိုသိလျက် ဒေသခံတွေ ထိခိုက်မည် စိုးရိမ်၍ နောက်ဆုတ်လိုက်ရပါသည်ဟု ထပ်မံ တင်ပြချင်ပုံရသည်။
သူ့တွင် အပြစ်မရှိ၊ သူကြိုသိလျက် ဒေသခံတွေ ထိခိုက်မည် စိုးရိမ်၍ နောက်ဆုတ်လိုက်ရပါသည်ဟု ထပ်မံ တင်ပြချင်ပုံရသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့နှင့် ပတ်သက်၍ လွိုင်ကော်ကို အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဒေသခံများ သတင်းပေးသဖြင့် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောသည်။
သို့သော် လွိုင်ကော်တက္ကသိုလ်ထဲက အလံဖြူထောင်၍ ထွက်လာကြသည့် စစ်သားများအကြောင်းနှင့် ယခုတိုင် ကရင်နီပြည်ကို KNDF က နေရာ အတော်များများကို ထိန်းချုပ်ထားသည့်အကြောင်းတော့ မပါခဲ့ပေ။ ဆီဆိုင်ကို ပြန်ထိန်းချုပ်မှုနှင့် ပတ်သက်၍ ပအိုဝ်း ပြည်သူ့စစ်သည် ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်နိုင်ခဲ့ကြောင်း ချီးကျူးသွားသေးသည်။ ကိုယ်ကျိုးရှာရန် လက်ကိုင်တုတ် မွေးလိုသည့်စိတ် မကုန်သေးသည်ကို တွေ့ရ၏။
လားရှိုးကိစ္စ ကြားဝင်ဖို့ အကူအညီတောင်းသော်လည်း တရုတ်က မလိုလားသည့် အာဏာသိမ်းကာလ ခြောက်လ တိုးမြင့်လိုက်ခြင်းကြောင့် ကြားနေသက်သက် ငြိမ်သွားသည့် ဝ တပ်ဖွဲ့ UWSA နှင့် ပတ်သက်၍ မထိတထိ ပြောသွားသေးသည်။ တရုတ်နယ်စပ်တွင် လက်နက်စက်ရုံ တည်ဆောက်ပြီး PDF များကို လက်နက်ခဲယမ်း ထောက်ပံ့ခြင်း ရောင်းချခြင်းများ ဆောင်ရွက်နေသည့်အကြောင်း ဖြစ်၏။
ပန်ဆန်းသို့ စစ်ဗိုလ်ချုပ်များလွှတ်၍ မြောက်ပိုင်း မဟာမိတ်များကို ထိန်းပေးရန်နှင့် ကြားဝင်ပေးရန် တောင်းဆိုသည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
တောင်ပိုင်းအဖွဲ့များ ကိုင်ဆောင်သည့် လက်နက်များသည် ထိုင်း-မြန်မာ နယ်စပ်မှောင်ခို လမ်းကြောင်းများမှ တင်သွင်းလာသည့် လက်နက်များဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မှောင်ခိုနှင့် ကျားဖြန့်ကိစ္စများတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသည့် ကရင်နယ်ခြားစောင့်တပ် BGF များအကြောင်းကို ချန်လှပ်၍ ထားခဲ့သည်။
MNDAA သုံးသည့် ဒရုန်းနှင့် ရှော့တိုက်ဒုံးများကို ပြည်ပ ကြေးစားနည်းပညာနှင့် အဆင့်မြှင့်ထားကြောင်း အထင်ကြီးလေးစားသလို ပြောကြားခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ တင်ဒါရယူ တင်သွင်းသည့် ဒရုန်းကာကွယ်ရေးစနစ်များ မထိရောက်ခဲ့ဘဲ လုပ်စားတာသက်သက်ဆိုသည်ကို ထည့်သွင်း ပြောကြားခြင်း မရှိခဲ့ပါ။
MNDAA သုံးသည့် ဒရုန်းနှင့် ရှော့တိုက်ဒုံးများကို ပြည်ပ ကြေးစားနည်းပညာနှင့် အဆင့်မြှင့်ထားကြောင်း အထင်ကြီးလေးစားသလို ပြောကြားခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ တင်ဒါရယူ တင်သွင်းသည့် ဒရုန်းကာကွယ်ရေးစနစ်များ မထိရောက်ခဲ့ဘဲ လုပ်စားတာသက်သက်ဆိုသည်ကို ထည့်သွင်း ပြောကြားခြင်း မရှိခဲ့ပါ။
ရှုံးလျှင် ပြောနေကျစကားဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်များအား တိုက်ခိုက်ရာတွင် အရပ်သားပြည်သူများကို မထိခိုက်စေရန် ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ထားချိန်တွင်ပင် အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲခဲ့ခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများကို ဖုံးကွယ်သွားခဲ့သည်။ ငဲ့ညာဆုတ်ခွာပါသည်ဟု ခေါင်းစဉ်တပ်ခဲ့သော်လည်း သေဒဏ်ပေးခံရသည့် ဗိုလ်မှူးချုပ်များအကြောင်းလည်း မပါခဲ့ပေ။
သို့သော် စစ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေကြေ ဒဏ်ရာရရှိနေကြသည်ကို ရပ်တန့်အောင်နှင့် လုံခြုံအောင် ကာကွယ်ပေးမည့် အစီအစဉ်မပါဝင်ဘဲ သေကြေနေသည်ကို ဂုဏ်ယူကြောင်း၊ ဦးဆောင်လမ်းပြများအဖြစ် သတိရနေမည်ဖြစ်ကြောင်း မြောက်ပင့်ပြောဆိုခဲ့သည်။
စစ်အာဏာရှင်ဝါဒမှိုင်းမိကာ စစ်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အသက်ပေး၍ တိုက်ပွဲဝင်နေချိန်တွင် မင်းအောင်လှိုင်၏ သားနှင့်သမီးက တိုင်းပြည်၏ တင်ဒါလုပ်ငန်းများအား လက်ဝါးကြီးအုပ်ပြီး ကိုယ်ကျိုးရှာနေသည့် အကြောင်းတော့ မပါဝင်ခဲ့ပေ။
အတင်း ဖိအားပေးသဖြင့် ရှေ့တန်းသို့ ထောက်ပံ့လှူဒါန်းမှုများကိုပင် ပြည်သူက ထောက်ခံ၍ ပံ့ပိုးသယောင် ပြောခဲ့သော်လည်း စက်သုံးဆီဆိုင်က ဆီရအောင် တန်းစီနေရသည့် လူတန်းကြီး အကြောင်းကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
ပြည်သူများသည် တပ်မတော်နှင့် ပူးပေါင်းပြီး ပြည်တွင်းပြည်ပ အန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း ရှိကြောင်း ပြောကြားထားသည်မှာ လေသာများပြီး မရှိသော ဂုဏ်များကို ကြွားဝါဆာပြနေသဖြင့် “လေဆာ သမ္မတကြီး” ဟု တပ်တွင်း၌ လှောင်ပြောင်ခေါ်ဝေါ်နေကြသည်။
ပြည်သူများသည် တပ်မတော်နှင့် ပူးပေါင်းပြီး ပြည်တွင်းပြည်ပ အန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း ရှိကြောင်း ပြောကြားထားသည်မှာ လေသာများပြီး မရှိသော ဂုဏ်များကို ကြွားဝါဆာပြနေသဖြင့် “လေဆာ သမ္မတကြီး” ဟု တပ်တွင်း၌ လှောင်ပြောင်ခေါ်ဝေါ်နေကြသည်။
လက်ရှိအခြေအနေကမူ ပြင်ဦးလွင်ရှိ တပ်မိသားစုများအား မန္တလေးသာမက ရန်ကုန်ထိပါ ရွှေ့ပြောင်းခိုင်းထားကြောင်း ကြားသိနေရ၏။
ထိုသို့သောအခြေအနေမှာပင် သူ့ကို အားလုံးက ဝိုင်းတိုက်နေကြပါသည်ဟု မျက်ရည်ချူလိုခြင်း ဖြစ်သည်။ မျက်ရည်တော့ ထွက်သည်။ ဝမ်းနည်း၍ မဟုတ်၊ ရယ်ရသောကြောင့် ဖြစ်သည်။ ပြည်သူလူထု၏ သရော်လှောင်ပြောင်နေမှုကို သူပိတ်ပင်ထားသော ဖေ့ဘွတ် ဆိုရှယ်မီဒီယာပေါ် အတိုင်းသား မြင်နေရသည်။
အချုပ်အားဖြင့် ဆိုရလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းသည် ရသလောက် အာဏာယူထားပြီး ကိုယ်ကျိုးစီးပွားနှင့် သားသမီးများ၏ လုပ်ငန်းများကို ကာကွယ်မည်၊ စစ်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုမူ ဆက်တိုက်၊ သေလျှင်ဂုဏ်ယူမည်၊ မနိုင်၍ ပြေးလာလျှင် အရေးယူမည်၊ သူကတော့ ပုလ္လင်ပေါ်က မဆင်းဘူးဟု ပြောသွားခြင်းသာဖြစ်ကြောင်း စစ်သားတယောက် အနေဖြင့် သုံးသပ်မိပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်
ယာယီသမ္မတ ဦးမင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၆ လသက်တမ်းတိုးခွင့်ပြု (ရုပ်/သံ)
မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး
လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား