၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး တော်လှန်ရေးကာလအစမှ လက်ရှိအချိန်အထိ မြန်မာ့လူ့အဖွဲ့အစည်းတွင် နွေဦးတော်လှန်ရေးနှင့်အတူ ယှဉ်တွဲပါလာသော ရေပန်းစားသည့် စကားလုံးမှာ “ဗမာလူမျိုးကြီးဝါဒ” သို့မဟုတ် ဗမာဇာတ်သွင်းခြင်း (Burmanization) ဖြစ်သည်။
“ဗမာလူမျိုးကြီးဝါဒ” ဟု ခေါ်ဆိုရာတွင် အဓိပ္ပာယ်သတ်မှတ်ချက်သည် တိုင်းပြည်၏ အရေးပါသောနေရာ ကဏ္ဍတိုင်းတွင် ဗမာလူမျိုးအများစု ကြီးစိုးထားပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လူနည်းစုအခွင့်ရေးများကို မျက်ကွယ်ပြုထားကာ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမျိုးရေးနှင့် လူ့အဖွဲ့အစည်းထဲတွင် လူအများစု ဗမာစံတန်ဖိုးများကို ရှေ့တန်းတင်ထားခြင်းဟု ဖွင့်ဆိုနိုင်သည်။
ကိုလိုနီနယ်ချဲ့ဗြိတိသျှတို့ လက်အောက်မှလွတ်၍ တိုင်းပြည်တည်ထောင်ရာတွင် တောင်တန်းနှင့်ပြည်မ ပူးတွဲလွတ်လပ်ရေးရယူမည်ဟု နိုင်ငံရေးသဘောထားဖြင့် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗမာနိုင်ငံ၏ သမိုင်းဝင် “ပင်လုံစာချုပ်” ကို ချုပ်ဆိုနိုင်ခဲ့ပြီး ထိုမှတဆင့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပကာ ပါလီမန်ဒီမိုကရေစီခေတ်ကို ဖြတ်သန်းခဲ့သည်။
လွတ်လပ်ခါစ တိုင်းပြည်၏ ထိုကာလတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ပါ အဆစ်ပါလာခဲ့ပြီး နုနယ်ကာလ ပါလီမန်ဒီမိုကရေစီလမ်းကြောင်းတွင် စစ်တပ်၏အခန်းကဏ္ဍမှာ တန်ခိုးကြီးထွားလာခဲ့သည်။
လွတ်လပ်ခါစ တိုင်းပြည်၏ ထိုကာလတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ပါ အဆစ်ပါလာခဲ့ပြီး နုနယ်ကာလ ပါလီမန်ဒီမိုကရေစီလမ်းကြောင်းတွင် စစ်တပ်၏အခန်းကဏ္ဍမှာ တန်ခိုးကြီးထွားလာခဲ့သည်။
တိုင်းပြည်လွတ်လပ်ရေးရခါစ ပါလီမန်ဒီမိုကရေစီခေတ်မှလွဲ၍ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ် ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (နအဖ)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စသည်ဖြင့် ဗမာလူမျိုးအများစု ကြီးစိုးခဲ့သော အာဏာရှင်အုပ်ချုပ်မှုများကို ဗမာပြည်သူလူထုနှင့်အတူ တိုင်းရင်းသား ညီအကို မောင်နှမများ ခေတ်အဆက်ဆက် ဖြတ်သန်းနေထိုင်ခဲ့ရသည်။
စစ်တပ်၏ ဗမာလူမျိုးကြီးဝါဒ ကြီးထွားလာပုံ
ဗမာ့တပ်မတော်၏ ထူးခြားချက်မှာ လူမျိုးကြီးဝါဒကို အားပေးသော ဂျပန်စစ်တပ်၏ ဖက်ဆစ်ဝါဒကို သန္ဓေတည်ကာ ဂျပန်နိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တပ်မတော်တွင် လူအများ၏ ယုံကြည်လေးစားခံရသော ရဲဘော်သုံးကျိပ်ဝင် သခင်များနှင့် ဖွဲ့စည်းထားသောကြောင့် အစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာရှိသော တပ်မတော်တရပ် ဖြစ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သော ဗမာ့တပ်မတော် (BIA) သည် တိုင်းရင်းသားလူမျိုးစု အားလုံးစုဖွဲ့ပြီး လွတ်လပ်ရေးကို အရယူကာ ပြည်ထောင်စုသမ္မတဗမာနိုင်ငံ၏ တိုင်းပြည်ကာကွယ်ရေးတပ်မတော် ဖြစ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် စောကြာဒိုး အပါအဝင် ကရင်လူမျိုး တော်တော်များများသည် ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဗမာအစိုးရအပေါ်တွင် သစ္စာစောင့်သိခဲ့ကြသည်။
သို့သော် ဗိုလ်နေဝင်းလက်ထက်မှ စတင်ကာ ရှိရင်းစွဲ တိုင်းရင်းသားတပ်ရင်းများအား လက်နက်ဖြုတ်သိမ်းပြီး ဗမာလူမျိုးအများစု ကြီးစိုးသည့် တပ်မတော်ဖြစ်အောင် ပုံစံခွက်ထဲသွင်းခြင်းဖြင့် ဗမာလူမျိုးကြီးဝါဒအဖြစ် စတင်သန္ဓေတည်ခဲ့သည်။
ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသော ဝန်ကြီးချုပ် ဦးနုခေတ်တွင်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ (၁) တွင် ဗုဒ္ဓဘာသာသာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီး ဖြစ်သည်ဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်။
ပုဒ်မ ၂၂ (၂) တွင် နိုင်ငံတော်သည် အစ္စလာမ်ဘာသာ သာသနာ၊ ခရစ်ယာန်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤအခြေခံဥပဒေ အာဏာတည်သောနေ့တွင် နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာအချို့ဟူ၍ အသိအမှတ်ပြုသည်ဟု အတိအကျရေးထားသည်။
ဝန်ကြီးချုပ်ဦးနု၏ ပြည်ထောင်စုအစိုးရသည် ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာခဲ့သည်။ ယင်းကိစ္စကြောင့် ခရစ်ယာန်ဘာသာဝင် လူမျိုးစုများနှင့် သွေးကွဲခဲ့သည်။ ဤအချက်ကိုကြည့်ပါက ပြည်ထောင်စုဗမာအစိုးရသည် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ အခြား ဘာသာဝင်များအပေါ်တွင် ဘာသာရေးအရ ဖိနှိပ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝန်ကြီးချုပ်ဦးနု၏ ပြည်ထောင်စုအစိုးရသည် ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာခဲ့သည်။ ယင်းကိစ္စကြောင့် ခရစ်ယာန်ဘာသာဝင် လူမျိုးစုများနှင့် သွေးကွဲခဲ့သည်။ ဤအချက်ကိုကြည့်ပါက ပြည်ထောင်စုဗမာအစိုးရသည် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ အခြား ဘာသာဝင်များအပေါ်တွင် ဘာသာရေးအရ ဖိနှိပ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုမှတဆင့် တိုင်းပြည်၏ ကိစ္စအဝဝတွင် ဗိုလ်နေဝင်း၏ စိတ်ကြိုက်ချယ်လှယ်ခြင်း၊ ဗမာနှင့် တိုင်းရင်းသား လူမျိုးစုများအကြား သွေးခွဲခြင်းများကို စနစ်တကျ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် တပ်မတော်ထဲတွင်လည်း ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာအပြင် အခြား သက်ဝင်ကိုးကွယ် ယုံကြည်သူများနှင့် ဗမာ မဟုတ်သော လူမျိုးစုများကို စစ်ဘက်ဆိုင်ရာ ရာထူးအပိုင်းတွင် မည်သို့ပင် ကျွမ်းကျင်စေကာမူ ရာထူးကြီးကြီးမားမား တာဝန်ပေးအပ်ခြင်းမျိုး မရှိပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စစ်တပ်သည် ဗုဒ္ဓဘာသာနှင့် ဗမာလူမျိုး မဟုတ်သော အခြားဘာသာ လူမျိူးစုများအပေါ် တပ်မတော်ထဲတွင် ဖိနှိပ်မှုများစွာ ပြုလုပ်ခဲ့သည်။
တိုင်းပြည်နှင့် တပ်မတော်ထဲတွင်လည်း ဗမာလူမျိုးဦးစားပေး အသုံးအနှုန်းများကို ရည်ရွယ်ချက်ရှိရှိ သုံးခဲ့သည်ကို တွေ့ရှိနိုင်သည်။ ဥပမာ “ဗမာပြည်သည် – တို့ပြည်၊ ဗမာစာသည် – တို့စာ၊ ဗမာစကားသည် – တို့စကား” ဟူ၍ ခေတ်အဆက်ဆက် ပညာရေးကဏ္ဍတွင် ဗမာလူမျိုး မဟုတ်သော အခြားလူမျိုးစုများ အပေါ်တွင် ဗမာစာဖြင့်သာ အဓိကသင်ကြားပေးခြင်းဖြင့် လူမျိုးစုတို့၏ အမျိုးသားရေး သရုပ်လက္ခဏာကို ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ခဲ့သည်။
ခေတ်ကာလအရ စစ်တပ်၏ စနစ်တကျ ဦးနှောက်ဆေးခြင်းကို ခံခဲ့ရသော ဗမာလူမျိုးအများစုကိုယ်တိုင် တိုင်းပြည်ကို မိမိတို့ ဗမာတိုင်းရင်းသားများသာ ပိုင်သည်ဟု ထင်ယောင်ထင်မှား ဖြစ်လာကာ ပင်လုံ ကတိကဝတ်များကို မေ့လျော့ခဲ့ကြသည်။ ကျောင်းသားများနှင့် နိုင်ငံရေးသမား တချို့သာ စစ်တပ်၏ မတရားမှုများကို ဆက်လက်ခုခံပြီး ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၇၄ အလုပ်သမားအရေးအခင်း၊ ၁၉၇၅ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်အရေး စသည့် ထင်ရှားသော စစ်အာဏာရှင် ဆန့်ကျင်ရေး အရေးအခင်းများတွင် ဗိုလ်နေဝင်း ခေါင်းဆောင်သော အစိုးရနှင့်စစ်တပ်သည် ပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်း ပစ်ခတ် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ထိုမှတဆင့် စစ်တပ်၏ဖိနှိပ်မှုများ၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့တွင် အလုံးစုံ ဝင်ရောက် ခြယ်လှယ်မှုများကြောင့် တိုင်းပြည်သည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ် စာရင်းဝင်ကာ ကမ္ဘာ့အဆင်းရဲဆုံးဘွဲ့ ခံယူခဲ့ကြရသည်။
အထက်ပါ အကျိုးဆက်များကြောင့် ၁၉၈၈ ခုနှစ်တွင် သမိုင်းဝင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်၏ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ရဟန်းရှင်လူနှင့် ကျောင်းသားပြည်သူ အများအပြား သွေးမြေကျခဲ့ရသည်။
၁၉၉၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပကာ အနိုင်ရပါတီကို တိုင်းပြည်အာဏာ လွှဲပေးမည်ဟု ကာကွယ်ရေးဦးစီးချုပ် စောမောင် ကိုယ်တိုင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သော်လည်း ဗမာလူမျိုးအများစု ကြီးစိုးသော စစ်တပ်ကိုယ်တိုင် ဗမာလူမျိုးအများစု ထောက်ခံသော အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာလွှဲပြောင်းခြင်း မရှိဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်နှင့် စစ်တပ်မှ အရပ်ဘက်ပြောင်းလာသော ပါတီထိပ်ပိုင်းဗိုလ်ချုပ်များ၊ ပါတီဝင်အများပြားနှင့် စစ်အာဏာရှင် ဆန့်ကျင်သော ကျောင်းသား၊ ပြည်သူအများကို ဖမ်းဆီးထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ မဝေးသေးသော သမိုင်းကာလများပင် ရှိသေးသည်။
အထက်ပါကိစ္စရပ်ကို လေ့လာကြည့်အားဖြင့် ဗမာလူမျိုးကြီးဝါဒသည် ဖက်ဆစ်စစ်တပ်၏ အင်စတီကျူးရှင်း အတွင်းပိုင်းထဲအထိ အမြစ်တွယ်နေခြင်းဖြစ်သည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။
ဗိုလ်နေဝင်းအစိုးရ၏ လူမျိုးစုများအပေါ် ဖိနှိပ်မှုများ
အာဏာသိမ်း တော်လှန်ရေးကောင်စီ ခေတ်မှစတင်ကာ စစ်တပ်သည် နိုင်ငံတဝန်းတွင် ဗမာအများစု ကြီးစိုးသော အခန်းကဏ္ဍများကို ရည်ရွယ်ချက်ရှိရှိဖြင့် မြှင့်တင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ မူလရှိရင်းစွဲ ရှမ်းစော်ဘွားများ၏ ပဒေသရာဇ်စနစ်အာဏာကို အတင်းစွန့်လွှတ်ခိုင်းခြင်းသည် ဗိုလ်နေဝင်း၏ တိုင်းရင်းသားများအပေါ် လူမျိုးကြီးဝါဒ စတင်ကျင့်သုံးသည့် ရှေ့ပြေးလက္ခဏာအဖြစ် ရှုမြင်နိုင်သည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ် နေဝင်းက အာဏာသိမ်းပြီးနောက် ရှမ်းစော်ဘွားမိသားစုများကို ဖမ်းဆီးခဲ့သည်။ အထင်ရှားဆုံးမှာ သီပေါစော်ဘွား စဝ်ကြာဆိုင်အား အာဏာကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်းကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံရပြီး ယနေ့တိုင် မည်သို့ ပျောက်ဆုံးသွားသည်ကို မသိရှိနိုင်သည်အထိ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့ပြီး ဖက်ဆစ်စရိုက်လက္ခဏာကို ဗိုလ်နေဝင်း၏ ခါးပိုက်ဆောင် ဗမာစစ်တပ်က ပြသခဲ့သည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ် နေဝင်းက အာဏာသိမ်းပြီးနောက် ရှမ်းစော်ဘွားမိသားစုများကို ဖမ်းဆီးခဲ့သည်။ အထင်ရှားဆုံးမှာ သီပေါစော်ဘွား စဝ်ကြာဆိုင်အား အာဏာကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်းကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံရပြီး ယနေ့တိုင် မည်သို့ ပျောက်ဆုံးသွားသည်ကို မသိရှိနိုင်သည်အထိ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့ပြီး ဖက်ဆစ်စရိုက်လက္ခဏာကို ဗိုလ်နေဝင်း၏ ခါးပိုက်ဆောင် ဗမာစစ်တပ်က ပြသခဲ့သည်။
ယင်းအပြင် ကျိုင်းတုံစော်ဘွား၏ ဟော်နန်းကို ဗမာစစ်တပ်က ဖျက်ဆီးခြင်း စသည့် လူမျိုးစုများ၏ ယဉ်ကျေးမှုများကို တိုက်ခိုက်၍ ဗမာလူမျိုးကြီးဝါဒကို စစ်တပ်က အထင်အရှား ပုံဖော်ခဲ့သည်။ ကျိုင်းတုံဟော်နန်းသည် ရှမ်းလူမျိုးများ၏ အမှတ်သင်္ကေတတခုထဲတွင် ပါဝင်ခဲ့သည်။ ကျိုင်းတုံစော်ဘွား၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် စော်ဘွားကြီး စဝ်စိုင်းလောဝ်သည် အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် ခုနစ်နှစ်နီးပါး ကျခံခဲ့ရသည်။ ကျိုင်းတုံဟော်နန်းကို ၁၉၉၁ ခုနှစ်၊ နိုင်ဝင်ဘာ ၉ ရက်နေ့တွင် စစ်အစိုးရက ဖြိုချခဲ့သည်။
တော်လှန်ရေးကောင်စီခေတ်တွင် ဦးနေဝင်း၏ အစိုးရသည် ရခိုင်ဒေသ စပါးအထွက်နှုန်း ကျဆင်းမည်ကို သိရှိလျက်နှင့် နိုင်ငံခြားသို့ စပါးတင်းရေ ပြည့်မီအောင် ရောင်းချနိုင်ရေးကိုသာ ဦးစားပေးခဲ့သဖြင့် ရခိုင်လူထုမှာ ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ကြုံတွေ့ခဲ့ရသည်။
စစ်တွေမြို့ရှိ ဆန်ဂိုထောင်များတွင် ဆန်အပြည့် ရှိသော်လည်း အစိုးရက ဆန်မရောင်းပေးခြင်း၊ လူတဦးလျှင် နို့ဆီဘူးဖြင့် ၁၄ ဘူးသာ ရောင်းချပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံခြားသို့တင်ပို့ရန် ဆန်ဂိုဒေါင်များ၌ လှောင်ထားသောဆန်များကို ရောင်းချပေးရန် ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်ပြည်သူလူထုသည် “ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ကွဲမစား ရခိုင်သား” ဟု ဟစ်ကြွေးကာ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထိုသို့ ငြိမ်းချမ်းစွာ တောင်းဆိုခြင်းကို အစိုးရက လိုက်လျောခြင်း မရှိသည့်အပြင် စစ်တပ်က ပစ်မိန့်ပေး နှိမ်နင်းခဲ့သဖြင့် ဒေသခံရခိုင်ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရသည်။ ထိုသို့ ဗမာစစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ရခိုင်လူမျိုးများအပေါ် ဖိနှိပ်မှုကြောင့် ၁၉၆၇ စစ်တွေဆန်ပြဿနာ ပေါ်ပေါက်လာခဲ့သည်။
ထင်ရှားသော ဖိနှိပ်မှုအဖြစ် ၁၉၇၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မှိုင်းရာပြည့် စစ်အာဏာရှင် ဆန့်ကျင်ရေး အရေးအခင်းတွင် ပါဝင်သော ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်ခုံရုံးတင်ကာ သေဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် မဆလ အစိုးရက အင်းစိန်ထောင်တွင် ကြိုပေးသတ်ဖြတ်ခဲ့သည်။
ထိုဖြစ်စဉ်ကိုကြည့်ပါက စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကျောင်းသားပြည်သူ မြောက်များစွာ ပါဝင်သော်လည်း တိုင်းရင်းသား လူငယ်ပညာတတ် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဆလိုင်းတင်မောင်ဦး တဦးတည်းကို သေဒဏ်ပေးခြင်းသည် ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးသော စစ်တပ်၏ လူမျိုးစုများအပေါ် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုဟု ရှုမြင်နိုင်သည်။
စစ်တပ်၏ ကိုယ်ကျိုးရှာ အတုအယောင် ငြိမ်းချမ်းရေး
စစ်တပ် အကြီးပိုင်းရာထူးမှ ဗိုလ်စောမောင် ဆင်း၍ ဗိုလ်သန်းရွှေ တက်လာပြီးနောက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကိုလည်း တော်လှန်ရေးနှင့် ဗမာပြည်မ လူထုလှုပ်ရှားမှုများကို အာရုံမစိုက်နိုင်အောင် အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်၍ အကျိုးစီးပွားများကို အခြေခံကာ အချို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကို ချွေးသိပ်ခဲ့သည်။
ဗမာတော်လှန်ရေး အဖွဲ့အစည်းအများစုကို လက်ခံထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လို အဖွဲ့အစည်းမျိုးကို ထိုးစစ် အကြီးအကျယ် ဆင်နွှဲ၍ အင်အားချိနဲ့အောင် ဘက်ပေါင်းစုံမှ အင်အားအလုံးအရင်းဖြင့် အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့သည်လည်း မိမိတို့လူမျိုးစု လွတ်မြောက်မှုအတွက် တော်လှန်ရေး လုပ်သော်ငြားလည်း တဖက်တွင် စစ်အစိုးရ၊ စစ်တပ်နှင့် ငြိမ်းချမ်းရေးအကြောင်းပြုကာ အကျိုးစီးပွားများ ပူးပေါင်းပြီး နောက်ကွယ်တွင် လက်တွဲချိတ်ခြင်း စသည့် လုပ်ရပ်များသည် စစ်တပ်ကို လူမျိုးကြီးဝါဒ ဆက်လက် ကျင့်သုံးနိုင်အောင် တဖက်တလမ်းက ထောက်ပံ့ခြင်းမျိုးဖြစ်စေသည်။
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့သည်လည်း မိမိတို့လူမျိုးစု လွတ်မြောက်မှုအတွက် တော်လှန်ရေး လုပ်သော်ငြားလည်း တဖက်တွင် စစ်အစိုးရ၊ စစ်တပ်နှင့် ငြိမ်းချမ်းရေးအကြောင်းပြုကာ အကျိုးစီးပွားများ ပူးပေါင်းပြီး နောက်ကွယ်တွင် လက်တွဲချိတ်ခြင်း စသည့် လုပ်ရပ်များသည် စစ်တပ်ကို လူမျိုးကြီးဝါဒ ဆက်လက် ကျင့်သုံးနိုင်အောင် တဖက်တလမ်းက ထောက်ပံ့ခြင်းမျိုးဖြစ်စေသည်။
စစ်အစိုးရနှင့် စစ်တပ်သည် နိုင်ငံတွင် စစ်တပ်နှင့် စစ်တပ်ထောက်ခံသော အသိုင်းအဝိုင်းတခု ကြီးစိုးအောင် ဖန်တီးခဲ့သည်။ ထိုအဝိုင်းအဝန်းကို စစ်တပ်အား ထောက်ခံသောဗမာနှင့် တိုင်းရင်းသား ခရိုနီများ၊ စစ်တပ်ဗိုလ်ချုပ်များနှင့်သားသမီးများဖြင့် နိုင်ငံ၏စီးပွားရေး လုပ်ငန်းအများအပြားကို ထိန်းချုပ်ကာ ခြယ်လှယ်ခဲ့ကြပြီး တနိုင်ငံလုံးတွင် ထိုလူတစုသာ ကောင်းစားခဲ့သည်။
ဗမာပြည်မတွင်လည်း လက်တွေ့ တိုးတက်မှု မဆိုသလောက်ကိုသာ ရန်ကုန်မြို့၊ မန္တလေးမြို့ပေါ် လူတန်းစားတရပ်သာ ခံစားခဲ့ရသည်။ စစ်တပ်၏ ပင်မအရင်းအမြစ် တပ်သားများ ရရှိနိုင်သည့် စစ်ကိုင်း၊ မကွေး၊ ပဲခူး စသည့်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ကျောင်း၊ ဆေးရုံ စသည့် အခြေခံအဆောက်အအုံများသည် တိုင်းရင်းသားပြည်နယ် လူမျိုးစုများနည်းတူ ထိုဒေသရှိ ဗမာတိုင်းရင်းသားများ မခံစားခဲ့ရချေ။
ဤအရာကို ကြည့်မြင်မည်ဆိုပါက စစ်တပ်သည် ဗမာလူမျိုးအများစု ပါဝင်သော်ငြားလည်း လက်တွေ့ ခေတ်အဆက်ဆက်တွင် ဗမာလူမျိုးအများစု ကောင်းကျိုးကို မည်သည့်အခါမှ သယ်ပိုးဆောင်ရွက်ခဲ့သည် မဟုတ်ပါ။ စစ်တပ်ထောက်ခံသူ မည်သူ့ကိုမဆို အခွင့်အရေးများပေးကာ စစ်တပ်၏ အာဏာစက်ဝန်းနှင့် နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို ခိုင်မာအမြစ်တွယ်အောင် ဖြန့်ကြက်၍ အကျိုးစီးပွားများဖြင့် ချည်နှောင်ထားသည်ကို တွေ့နိုင်သည်။
စစ်တပ်၏ ဗုဒ္ဓဘာသာအပေါ် ပြုမူပုံ
စစ်တပ်၏ အစဉ်တစိုက်ကျင့်သုံးလာသော အမျိုးသားရေးလက္ခဏာမှာ ဗမာလူမျိုးကြီးဝါဒနှင့်အတူ ဗုဒ္ဓဘာသာကို အခြေခံသည့်ဝါဒ ဖြစ်သည်။ စစ်တပ်သည် ဘာသာသာသနာ တိုးတက်ပြန့်ပွားအောင် ဦးဆောင်မှုကဏ္ဍတွင် အမြဲရှိသည်ဟု ကြွေးကြော်လေ့ရှိသည်။
၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကမ္ဘာအေးစွယ်တော်ဘုရားသို့ ဗုဒ္ဓဂယာမှ ပင့်ဆောင်လာသော ဗုဒ္ဓစွယ်တော်ပွဲတွင် စစ်တပ်တွင်း အာဏာအားပြိုင်မှုများကို ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော ရဟန်းသံဃာများနှင့် ပြည်လူများ၏ အသက်ကိုချနင်းကာ ဘုရားဖူးချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖန်တီးခြင်းများ ပြုလုပ်၍ တိုင်းရင်းသားအဖွဲ့အစည်းများကို ပြစ်တင်ဝေဖန်ခြင်းများ ပြုလုပ်ခဲ့သည်။
ရဟန်းသံဃာများ ဦးဆောင်ကာ ဆန္ဒပြမှုကို ကျောင်းသား၊ ပြည်သူလူထုများက ဝန်းရံခြင်းဖြင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်။ မတရားမှု၊ အထွေထွေ အဆင်မပြေမှုများကို ငြိမ်းချမ်းစွာဆန္ဒပြသော ရဟန်းရှင်လူပြည်သူများအား စစ်တပ်သည် အကြမ်းဖက် ရက်စက်စွာ ဖြိုခွင်းခဲ့သည်မှာလည်း လက်တွေ့ပင်ဖြစ်သည်။
နောက်ထပ် အချက်အလက်တခုကိုလည်း ရွှေဝါရောင်တော်လှန်ရေးတွင် တွေ့မြင်နိုင်ပါသည်။ တတိုင်းပြည်လုံး စစ်တပ်အုပ်ချုပ်မှုအောက်တွင် မွဲပြာကျေမွနေချိန် ကမ္ဘာ့စီးပွားပျက်ကပ်လှိုင်းလုံးနှင့်အတူ မြန်မာပြည်တွင်လည်း စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။ ထိုအခြေအနေပေါ်မှုတည်၍ ရဟန်းသံဃာများ ဦးဆောင်ကာ ဆန္ဒပြမှုကို ကျောင်းသား၊ ပြည်သူလူထုများက ဝန်းရံခြင်းဖြင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်။ မတရားမှု၊ အထွေထွေ အဆင်မပြေမှုများကို ငြိမ်းချမ်းစွာဆန္ဒပြသော ရဟန်းရှင်လူပြည်သူများအား စစ်တပ်သည် အကြမ်းဖက် ရက်စက်စွာ ဖြိုခွင်းခဲ့သည်မှာလည်း လက်တွေ့ပင်ဖြစ်သည်။
၂၀၀၈ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းအပြီးတွင် ပြည်သူလူထု သိန်းချီ သေကြေပျက်စီးသော်ငြားလည်း စစ်တပ်သည် ပြည်သူအပေါ် ဂရုစိုက်မှု တစိုးတစိမှ မရှိခဲ့ပါ။ ထိုအကျပ်အတည်းကို အခြေခံ၍ ယင်းတို့ နှစ်ရှည်လများ အချိန်ယူရေးဆွဲခဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်တွင် ပြည်သူလူထု၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစု အများစုဆန္ဒမပါဘဲ ပြဌာန်းခဲ့သည်။
၂၀၁၂ တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်တွင် စစ်တပ်သည် သပိတ်မှောက် သံဃာနှင့် ပြည်သူများအပေါ် မီးလောင်ဗုံး အသုံးပြု ဖြိုခွဲခဲ့ခြင်းကြောင့် ရဟန်း၊ ပြည်သူ ၁၀ ဦးကျော် မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။
ထိုအချက်အလက်များကို ကြည့်ခြင်းဖြင့် လက်တွေ့တွင် စစ်တပ်သည် ဘာသာ သာသနာ၊ ဗမာနှင့် တိုင်းရင်းသားလူမျိုးစုများ၏ ဘဝများကို အကျိုးစီးပွားနှင့်ယှဉ်လာလျှင် ချနင်းရန် ဝန်မလေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရသည်။
ရွေးကောက်ခံ အစိုးရများ၏ လူမျိုးကြီးဝါဒ ဆက်လက်ကျင့်သုံးမှု
ထို့သို့ အထွေထွေဖိအားနှင့် ကျပ်တည်းမှုများကြားတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံကာ ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး စစ်တပ်သည် အရပ်သားတပိုင်း၊ စစ်သားတပိုင်း အစိုးရအနေဖြင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။
ထို့နောက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ အဝေးရောက် မြန်မာနိုင်ငံသားများကို ပြည်တွင်း ဝင်ရောက်ခွင့် ပြန်လည်ပေးခြင်း၊ ၂၀၁၂ ခုနှစ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကို လွှတ်တော်နိုင်ငံရေးလမ်းကြောင်းသို့ ဝင်ရောက်နိုင်အောင် ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင်ခဲ့သည်။ အခြေအနေ အကြောင်းကြောင်းကြောင့် ထို့မှတဆင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဖြတ်သန်း၍ ရှားရှားပါးပါး စစ်တပ်၏သမိုင်းတွင် အနိုင်ရပါတီ NLD အရပ်သားအစိုးရကို အာဏာလွှဲအပ်ပေးခဲ့သည်။
ထို့နောက် မြန်မာပြည်သူလူထုသည် အတုအယောင် ရွှေရည်စိမ် ဒီမိုကရေစီကို အထိုက်အလျောက် ခံစားလာရပြီး လူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအမြင်များ ပွင့်လင်းလာခဲ့သည်။ သို့သော် ဝမ်းနည်းဖွယ်ရာကောင်းသည့်အချက်မှာ ဗုဒ္ဓဘာသာကိုးကွယ်သူအများစု ကြီးစိုးသော တိုင်းပြည်ဖြစ်သဖြင့် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အတွေးအခေါ် တိုးတက်မှုများ ထိုက်သင့်သလောက် မတိုးတက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ထိုအချက်ကို အခွင့်ကောင်းယူကာ စစ်တပ်သည် ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှုများကြောင့် ထိုကာလ မြန်မာပြည်သူလူထု အများစုသည် စစ်တပ်၏ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများကို ပြည်သူအများစုထောက်ခံသော ပြည်သူ့အစိုးရနှင့်အတူ ရပ်တည်ချက်အမှားမျိုး ကျူးလွန်ခဲ့မိသည်။ စစ်တပ်၏ လုပ်ရပ်အပေါ် မကြိုက်သော်လည်း နိုင်ငံရေးနှင့် တိုင်းပြည်အကျိုးစီးပွားအရ အစိုးရသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ခုခံချေပခြင်းမျိုး ပြုလုပ်ခဲ့သည်။ ထိုလုပ်ရပ်သည် အရပ်သားအစိုးရအတွက် ပြုပြင်ရန်ခက်သည့် နိုင်ငံရေးအမည်းစက်အဖြစ် ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်သွားခဲ့သည်။
NLD အစိုးရ၏ နိုင်ငံရေးဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများအပေါ် ခွဲခြားမှုများသည် အရပ်သားအစိုးရအနေဖြင့် လိမ္မာပါးနပ်စွာ ရှောင်လွဲ၍ ရသော်ငြားလည်း တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို လျစ်လျူရှုခြင်းသည် ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးခဲ့သလားဟု အစိုးရအပေါ် မေးခွန်းထပ်ထုတ်နိုင်စရာကိစ္စ ဖြစ်ခဲ့သည်။
NLD, တိုင်းရင်းသားပါတီများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးဆိုင်ရာ အမြင်မတူ ပွတ်တိုက်မှုများ ဖြစ်ခဲ့မှုသည်လည်း ဝမ်းနည်းဖွယ်ရာ အချက်တခုဖြစ်ခဲ့သည်။ ဤနေရာတွင် မွန်ပြည်နယ်၊ ချောင်းဆုံတံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးခြင်း၊ ကရင်နီပြည်နယ် ပန်းခြံတွင် ဗိုလ်ချုပ်ရုပ်ထုထားရှိခြင်း၊ ရခိုင်ပြည်တွင် အင်တာနက်ဖြတ်တောက်ခြင်း၊ ရန်ကုန်တိုင်းတွင် ကရင့်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပသည်ကို ကန့်ကွက်ခြင်း စသည့် NLD အစိုးရ၏ နိုင်ငံရေးဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများအပေါ် ခွဲခြားမှုများသည် အရပ်သားအစိုးရအနေဖြင့် လိမ္မာပါးနပ်စွာ ရှောင်လွဲ၍ ရသော်ငြားလည်း တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို လျစ်လျူရှုခြင်းသည် ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးခဲ့သလားဟု အစိုးရအပေါ် မေးခွန်းထပ်ထုတ်နိုင်စရာကိစ္စ ဖြစ်ခဲ့သည်။
ပွင့်လင်းကာစ ခေတ်ကာလတွင်လည်း အချို့သော အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ၊ INGO, NGO များနှင့် ပညာရှင်ဆိုသူများသည် ခေတ်အဆက်ဆက် စစ်တပ်၏ စနစ်တကျ လူမျိုးကြီးဝါဒ ပုံဖော်မှုကို သိရှိသော်လည်း ထိုသို့သောကိစ္စရပ်များတွင် လူထုကို ရှေ့ကအမှားများအား သင်ခန်းစာယူပြီး နောင်အခါ ထပ်မဖြစ်အောင် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ရပ်ထဲရွာထဲ ဆင်း၍ အသိပညာပေးခြင်း စသည်တို့ကို စနစ်တကျ ရေရှည်စီမံကိန်းမျိုး ဆောင်ရွက်ကာ ပြုလုပ်ရမည့်အစား လူထုကို ပြစ်တင်ဝေဖန်မှုများသာ ပြုလုပ်ခဲ့ခြင်းမျိုးသည် အတိတ်ခေတ်ကာလက စနစ်တကျ ဦးနှောက်ဆေးခံထားရသော ဗမာပြည်မရှိ ပြည်သူလူထုကို လူမျိုးကြီးဝါဒ ဆက်လက် ကျင့်သုံးနိုင်အောင် မရည်ရွယ်ဘဲ တွန်းပို့သလိုမျိုး ဖြစ်ခဲ့ကြောင်း ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
တိုင်းပြည်အနှံ့အပြား ခရီးထွက်ခြင်းမျိုး ကိစ္စရပ်များတွင်လည်း ဗမာတိုင်းရင်းသားများသည် တနိုင်ငံလုံး လွတ်လပ်စွာသွားနိုင်ပြီး တခြားလူမျိုးစုများသည် တနိုင်ငံလုံး သွားလာရာတွင် အကန့်အသတ်တချို့ ရှိသည်။ ယင်းအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်းမျိုးတွင်လည်း အစိုးရ၏ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေတွင် ဗမာ မဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများနှင့် အခြားတိုင်းရင်းသား မဟုတ်သည့် လူမျိုးများအပေါ်တွင် ဥပဒေအရ ဖိနှိပ်ကန့်သတ်မှုများစွာ ထည့်သွင်းရေးဆွဲထားခြင်းမျိုး တွေ့ရှိနိုင်သည်။
လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၅ – (၁) တွင် လူတိုင်းသည် နိုင်ငံတနိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ (၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရဟု အတိအလင်း ဖော်ပြထားသည်။
သို့သော် ခေတ်အဆက်အဆက် အစိုးတို့သည် ထို့သို့ နိုင်ငံသားအခွင့်အရေး၊ လူအခွင့်အရေးတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားသော အဆိုပါ ဥပဒေအား ပြင်ဆင်ပြဌာန်းခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်းမျိုး မပြုလုပ်ဘဲ ဆက်လက်ကျင်သုံးကာ ဥပဒေအရပါ လူမျိုးကြီးဝါဒ ဆက်လက် ကျင့်သုံးနိုင်အောင် လုပ်ဆောင်ခဲ့သည်။
ဗမာတိုင်းရင်းသားများနှင့် လူမျိုးကြီးဝါဒအား ခွဲခြားကြည့်ခြင်း
အထက်ပါ ကိစ္စများကို ကြည့်ပါက အပေါ်ယံအားဖြင့် ဗမာလူမျိုးစုများ ပြုလုပ်သည်ဟု ထင်မှားသံသယ ဖြစ်နိုင်သည်။ သို့သော် လက်တွေ့တွင် စာရေးသူ သုံးသပ်ချက်အရ အစိုးရ၊ စစ်တပ်တို့၏ ပြုလုပ်မှုများနှင့် ဗမာပြည်သူလူထု၏ သဘောထား စိတ်ဆန္ဒတို့ အမြဲတစေ တူညီမှု မရှိသည်ကို ခွဲခြားသိမြင်နိုင်ရန် လိုပေသည်။
ဤသို့ပြောရသည်မှာ တိုင်းရင်းသားလူမျိုးစု ပြည်နယ်များတွင် ဖြစ်ပွားသော ကိစ္စရပ်များတွင်လည်း လက်နက်ရှိသူတို့၏ အနိုင်ကျင့်ဗိုလ်ကျခြင်းများအပေါ် ထိုဒေသ၏ ပြည်သူလူထု သဘောဆန္ဒဟု တသမတ်တည်း မှတ်ယူ၍ မရနိုင်ချေ။ ပြုလုပ်သည့် အဖွဲ့အစည်းနှင့် ဒေသခံပြည်သူလူထုကို ခွဲခြားကြည့်မြင်နိုင်ရမည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပကာ ပြည်သူအများစုသည် ရရှိပြီးသည့် ဒီမိုကရေစီ တစိတ်တပိုင်းကို အဆုံးရှုံးမခံလိုသည့်အတွက် ကိုဗစ်ကာလကြားထဲမှ ခက်ခက်ခဲခဲ မဲပေးခဲ့ကာ NLD ပင် ထပ်မံအနိုင်ရခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီကျကျ နောက်ဆုံး ရွေးကောက်ပွဲနှင့် နောက်ဆုံးအစိုးရ ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်သည် ပြည်သူအများစု၏ ဆန္ဒနှင့်တက်လာသော အစိုးရကို အာဏာသိမ်း ဖြုတ်ချ၍ အရှိန်ရခါစ ဒီမိုကရေစီ လမ်းကြောင်းကို ရပ်တန့်စေခဲ့ပြီး စစ်တပ်၏ ဖက်ဆစ်စရိုက်လက္ခဏာ အမှန်ကို ပြန်လည် ပြသခဲ့သည်။ အာဏာမသိမ်းခင်တွင်လည်း ပြည်သူလူထုအပေါ် စစ်တပ်၏ နိုင့်ထက်စီးနင်းမှုများသည် ရွေးကောက်ပွဲအပြီး လူမိုက်ဆန်ဆန် ခြိမ်းခြောက်မှုများအပြင် အခြေခံဥပဒေ၏ ပြဌာန်းချက်များအပေါ် မူတည်၍ စစ်တပ်သည် မည်သည့်အခါမှ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့်အပိုင်းတို့တွင် အရပ်သားအစိုးရ အုပ်ချုပ်မှု လက်အောက်တွင် မရှိခဲ့ပေ။
စစ်တပ်သည် သူတို့ကို မထောက်ခံသော တိုင်းရင်သားလူမျိုးစုများအပြင် ပြည်မမှ ဗမာလူမျိုးများကိုပင် ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်မှု လုပ်ဆောင်ခဲ့သည်မှာ လက်ရှိကာလ မျက်မြင်ပင်ဖြစ်သည်။ စစ်တပ်၏ ယုတ်မာမှုများကို ဗမာလူထုကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရပြီး လူများစု ဗမာတိုင်းရင်းသားများသည် ဖယ်ဒရယ်ပြည်ထောင်စုကို စုပေါင်းတည်ထောင်ရန် ဆုံးဖြတ်ထားကြသည်။
အာဏာသိမ်းကာလတလျှောက်လုံးတွင်လည်း စစ်တပ်သည် သူတို့ကို မထောက်ခံသော တိုင်းရင်သားလူမျိုးစုများအပြင် ပြည်မမှ ဗမာလူမျိုးများကိုပင် ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်မှု လုပ်ဆောင်ခဲ့သည်မှာ လက်ရှိကာလ မျက်မြင်ပင်ဖြစ်သည်။ စစ်တပ်၏ ယုတ်မာမှုများကို ဗမာလူထုကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရပြီး လူများစု ဗမာတိုင်းရင်းသားများသည် ဖယ်ဒရယ်ပြည်ထောင်စုကို စုပေါင်းတည်ထောင်ရန် ဆုံးဖြတ်ထားကြသည်။ သက်ဆိုင်ရာ တော်လှန်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် သက်ဆိုင်ရာ ဗမာလက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်း၍ တနိုင်ငံလုံးရှိ တိုင်ရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဖက်ဆစ် စစ်တပ်ကို တိုင်းပြည်အနှံ့တွင် ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံအသစ်အတွက် ခုခံတော်လှန်တိုက်ခိုက်လျက်ရှိကြသည်။
ထို့ကြောင့် ဗမာလူမျိုးကြီးဝါဒသည် ဗမာတိုင်းရင်းသားများ ပြည်သူများနှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ စစ်တပ်အသိုင်းအဝိုင်းအတွင်း အမြစ်တွယ်ကာ ဗမာလူမျိုးများအပေါ် ထင်မှားသံသယဖြစ်အောင် ခေတ်အဆက်ဆက် အစိုးရနှင့် စစ်တပ်က ပုံဖော်ထားသော ဝါဒတခုဖြစ်ကြောင်း၊ စစ်တပ်၏ အကျိုးစီးပွားနှင့် ယှဉ်လာပါက စစ်တပ်သည် ဗမာတိုင်းရင်းသားများအပေါ် ရက်စက်စွာ ဖျက်ဆီး သတ်ဖြတ်ရန် ဝန်မလေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရသည်။
လက်ရှိ တော်လှန်ရေးကာလတွင် ဗမာလူမျိုးများသည် အတိတ်က အမှားများကို သင်ခန်းစာယူကာ ဝန်ချတောင်းပန်ခြင်းမျိုး ပြုလုပ်ပြီး ဗမာ လူလတ်ပိုင်း၊ လူငယ်ထုကြားတွင် လူမျိုးရေး၊ ဘာသာရေး ကင်းစင်သော အတွေးအခေါ်တခု တည်ဆောက်ထားနိုင်သည်ကို တွေ့ရှိရကာ တော်လှန်ရေးကာလအလွန်တွင်လည်း ဗမာတိုင်းရင်းသားများ ပြည်သူလူထုနှင့် ဖက်ဆစ် စစ်တပ်ကို ခွဲခြားသိမြင်ပေးခြင်းဖြင့် အမုန်းတရားများ လျော့နည်းကာ နိုင်ငံသစ်ထူထောင်ရေးတွင်လည်း လူမျိုးစုတစု သို့တည်းမဟုတ် လူမျိုးကြီးဝါဒကို အခြေခံသည့် နိုင်ငံရေးကို ကျော်လွှားနိုင်ကာ ယုံကြည်နားလည်မှုများ ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်တင်ပြလိုပါသည်။
(သစ်လွင်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် လူမှုရေးသိပ္ပံ တက်ရောက်နေသော ကျောင်းသားတဦး ဖြစ်သည်။)
You may also like these stories:
ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်
NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူနှင့် ဗမာလူမျိုးကြီး ဝါဒ
အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး
ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်
စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်း လုပ်လာတာက ဗမာ