သြဂုတ်လ ၃ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်နှင့် ကုန်သွယ်ရေး အဓိကကျသည့် မြို့နယ်ဖြစ်သည့် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်လိုက်ကြောင်း ကြေညာသည်။
လားရှိုးကို သိမ်းပိုက်လိုက်ခြင်းသည် လွန်ခဲ့သောနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်အကြီးမားဆုံး အောင်ပွဲဖြစ်သည်။
ထိုအောင်ပွဲသည် မြန်မာပြည်သူများအကြား လှိုက်လှဲပျော်ရွှင်စွာ အောင်ပွဲခံမှုများ ဖြစ်စေပြီး ပြည်တွင်းနှင့် နိုင်ငံတကာ လူမှုအသိုက်အဝန်းများတွင် အံ့သြတုန်လှုပ် ဂယက်ထစေခဲ့သည်။
ရမခသည် သေနင်္ဂဗျူဟာကျသည့် စစ်အခြေစိုက်စခန်းသာမက စစ်တပ်က ဝါဒဖြန့်လေ့ရှိသော သမိုင်းဝင် အောင်ပွဲများရှိခဲ့သည့် စစ်တိုင်းဌာနချုပ် ဖြစ်သည်။ ရမခ စစ်တိုင်းသည် ၁၉၅၀ ပြည့်နှစ်များတွင် ကူမင်တန် ကျူးကျော်မှုကို ချေမှုန်းခဲ့ရုံသာမက ၁၉၈၀ ပြည့်နှစ်များတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပုန်ကန်မှုကို ချေမှုန်းခဲ့သော စစ်တိုင်း ဖြစ်သည်။
ထိုသို့ ရမခ မကြုံစဖူး ကျဆုံးမှုသည် စစ်ကောင်စီကို ဖြုတ်ချရန် တော်လှန်ရေးအင်အားစုများ၏ ပူးပေါင်းညှိနှိုင်းထိုးစစ်များ တနိုင်ငံလုံးရှိ စစ်မြေပြင်များတွင် အရှိန်ရနေစဉ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော် နိုင်ငံတကာအသိုက်အဝန်းရှိ လေ့လာသုံးသပ်သူများနှင့် မူဝါဒချမှတ်သူများသည် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်လျှင် ယခုအထိ ဝေဝါးမှုများဖြစ်နေပြီး နားမလည်နိုင်ဘဲဖြစ်နေသည်။ ထို့ကြောင့် ပဋိပက္ခကို ကူညီဖြေရှင်းရာတွင် ထိရောက်ပြီး အကောင်အထည် ဖော်နိုင်သည့် နည်းလမ်းများ ရှာဖွေနိုင်မှု အားနည်းလျက် ရှိသည်။
မြန်မာ့အရေးနှင့် ပတ်သက်လျှင် နိုင်ငံတကာ၏ စိတ်ပျက်မှုနှင့် လွဲမှားနေသောအမြင်များ လွှမ်းမိုးနေသည့် ချဉ်းကပ်မှုသည် ကမ္ဘာ့အရက်စက် အကြမ်းကြုတ်ဆုံး စစ်အာဏာရှင်အုပ်စုတစုဖြစ်သော စစ်ကောင်စီနှင့် မြန်မာစစ်တပ်ကို ၎င်းတို့နှင့် ထိုက်တန်သော နိုင်ငံတကာဖိအားမှ အကာအကွယ်ပေးရန် အထောက်အကူ ဖြစ်နေသည်။
မြန်မာ့အရေးနှင့် ပတ်သက်လျှင် နိုင်ငံတကာ၏ စိတ်ပျက်မှုနှင့် လွဲမှားနေသောအမြင်များ လွှမ်းမိုးနေသည့် ချဉ်းကပ်မှုသည် ကမ္ဘာ့အရက်စက် အကြမ်းကြုတ်ဆုံး စစ်အာဏာရှင်အုပ်စုတစုဖြစ်သော စစ်ကောင်စီနှင့် မြန်မာစစ်တပ်ကို ၎င်းတို့နှင့် ထိုက်တန်သော နိုင်ငံတကာဖိအားမှ အကာအကွယ်ပေးရန် အထောက်အကူ ဖြစ်နေသည်။
လားရှိုးကျဆုံးခြင်းကြောင့် ပိုမိုနီးကပ်လာနေသည့် စစ်ကောင်စီကျဆုံးမှုသည် နိုင်ငံသစ်အတွက် လမ်းစလား သို့မဟုတ် ပိုမိုဆိုးရွားသော ဖရိုဖရဲအခြေအနေကို ဦးတည်နေသလားဆိုသည်မှာ အရေးတကြီး မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ပိုမိုအရေးကြီးသည့်အချက်မှာ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာခြင်းကို လိုလားသည့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဖရိုဖရဲဖြစ်စေနိုင်သည့် အန္တရာယ်ကို ရှောင်ရှားနိုင်ရန် သို့မဟုတ် လျှော့ချနိုင်ရန်၊ ထွန်းသစ်စနိုင်ငံအတွက် ထိရောက်သော နည်းလမ်းများ ရှာဖွေရန် ကူညီရမည် ဖြစ်သည်။
လွဲမှားနေသော နိုင်ငံတကာ အမြင်များ
မြန်မာ့အကျပ်အတည်းနှင့် ကာလရှည်ကြာ ရှုပ်ထွေးသော ပြည်တွင်းရေးပြဿနာများကို လေ့လာသုံးသပ်ချက်များသည် ထိုးထွင်းသိမြင်မှု အားကောင်းသော်လည်း ၎င်းတို့သည် တော်လှန်ရေးအင်အားစုများကိုသာ အာရုံစိုက်လေ့ရှိပြီး တိုင်းပြည်လက်ရှိအကျပ်အတည်း၏ တဦးတည်းသော တရားခံဖြစ်သည့် မင်းအောင်လှိုင်နှင့် ဆယ်စုနှစ် ခုနစ်ခုကြာ ပဋိပက္ခကို အဓိကမောင်းနှင်သော မြန်မာစစ်တပ်ကို ချန်လှပ်ထားလေ့ရှိသည်။
ထို့ကြောင့် မြန်မာပြဿနာသည် ဖြေရှင်းမရဟု နိုင်ငံတကာက ယူဆစေပြီး စေ့စပ်ညှိုနှိုင်းရန် တော်လှန်ရေးအင်အားစုကိုသာ ဖိအားပေးကာ ပိုမိုဆိုးရွားသည်မှာ တော်လှန်ရေးအောင်ပွဲ အလားအလာကိုပင် စိုးရိမ်ပူပန်နေဟန်ရှိသည်။
မြန်မာနှင့်ပတ်သက်သည့် နိုင်ငံတကာ၏ အဓိကအမြင်များကို အချိန်အပိုင်းအခြား သုံးခုခွဲ၍ မြင်နိုင်သည်။
ပထမ အစပိုင်းတွင် စစ်တပ်သည် ဒေသတွင်း၌ အင်အားအကြီးမားဆုံးများတွင် ပါဝင်ပြီး ခေတ်သစ်မြန်မာ့သမိုင်းတွင် သက်တမ်းအရှည်ဆုံး အင်စတီကျူးရှင်းဖြစ်သောကြောင့် တော်လှန်ရေး မအောင်မြင်နိုင်ဟု ယူဆခြင်းဖြစ်သည်။
ဒုတိယ အလယ်ပိုင်းတွင် တိုက်ပွဲများကို နှစ်ဖက်လုံးမှ အစွန်းရောက်များက တိုက်ခိုက်နေခြင်း ဖြစ်ပြီး သာမန်ပြည်သူများက ကြားညပ်ကာ ဒုက္ခအကြီးမားဆုံး ခံစားနေရသည်ဟု မြင်ခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်တွင် နိုင်ငံတကာ၏ အများသဘောတူအမြင်မှာ မြန်မာစစ်တပ်သည် စစ်နိုင်အောင် တိုက်နိုင်သည့် စွမ်းဆောင်ရည် မရှိ၊ သို့သော် တော်လှန်ရေးအင်အားစုသည် ပြန့်ကျဲနေပြီး နိုင်ငံကို မစုစည်းနိုင်သောကြောင့် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲမည်ဆိုသည့် အမြင်ဖြစ်သည်။
တတိယနှင့် ယခုလက်ရှိအချိန်တွင် နိုင်ငံတကာ၏ အများသဘောတူအမြင်မှာ မြန်မာစစ်တပ်သည် စစ်နိုင်အောင် တိုက်နိုင်သည့် စွမ်းဆောင်ရည် မရှိ၊ သို့သော် တော်လှန်ရေးအင်အားစုသည် ပြန့်ကျဲနေပြီး နိုင်ငံကို မစုစည်းနိုင်သောကြောင့် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲမည်ဆိုသည့် အမြင်ဖြစ်သည်။
အဓိက အမြင်အချို့မှာ
-နောက်ဆုံးတွင် မြန်မာစစ်တပ် အနိုင်ရမည်။
-ပဋိပက္ခသည် စစ်တပ်နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြား ဗမာလူများစုကို စည်းရုံးသိမ်းသွင်းနိုင်ရေး တိုက်ပွဲဖြစ်သည်။
-တော်လှန်ရေး အင်အားစုများ ညီညွတ်မှု မရှိသော်လည်း စစ်တပ်သည် တစုတစည်းတည်းရှိပြီး ခိုင်မာအားကောင်းကာ အထက်အောက် အမိန့်နာခံမှု ရှိသည်။
-စစ်တပ်သည် အင်းအားချိနဲ့သွားသော်လည်း မကြာမီပြိုကွဲမည် မဟုတ်၊ ပဋိပက္ခသည် ပိုမိုဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုများနှင့် ပိုမိုကြီးမားသော မရေရာမှုများသို့ ဦးတည်နေသည်။
-ပဋိပက္ခသည် ဆက်လက်ရှည်ကြာပြီး စစ်တပ်၏ အဓိက အာဏာဗဟိုချက်များကို မခြိမ်းခြောက်နိုင်ဘဲ ပြည်သူများ၏ဒုက္ခသာ ပိုမိုနက်ရှိုင်းလာမည်။
-အာဏာသိမ်းကာလအလွန် မြန်မာနိုင်ငံသည် တစစီပြိုကွဲနေသည်တို့ ဖြစ်သည်။
အစောပိုင်း လွဲမှားသော အယူအဆ သုံးသပ်မှုများကို လက်ခံနိုင်ဖွယ်ရှိသော်လည်း နောက်ပိုင်း သုံးသပ်ချက်များနှင့် အတွေးအမြင် ဆောင်းပါးများတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုက လက်ရှိအကျပ်အတည်းနှင့် ပြည်သူများ၏ ဒုက္ခကို ဖြစ်စေသည်ဆိုသည့် အဓိကအချက်ကို မကြာခဏ လျစ်လျူရှုကြသည်။
ပိုမိုဆိုးရွားသည်မှာ ထိုအမြင်ရှုထောင့်များသည် မကြာခဏဆိုသလို တော်လှန်ရေးကိုသာ ဝေဖန်ကြပြီး ပြည်သူ့တော်လှန်ရေး အင်အားစုများက ပဋိပက္ခနှင့် ပြည်သူလူထု အကျပ်အတည်းဖြစ်စေပြီး နိုင်ငံတည်ငြိမ်ရေးကို ခြိမ်းခြောက်နေသကဲ့သို့ လွဲမှားစွာ ကောက်ချက်ချမှုမျိုး ဖြစ်ပေါ်စေသည်။
တချိန်တည်းတွင် ထိုကောက်ချက်အလွဲများက မင်းအောင်လှိုင်၏ စစ်ကောင်စီကို ၎င်းတို့နှင့် ထိုက်တန်သည့် နိုင်ငံတကာဖိအားမှ အကာအကွယ်ပေးမိလျက်သား ဖြစ်နေသည်။
တစစီပြိုကွဲရေးဆီ ဦးတည်နေပါသလား
တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်မှုမရှိ ဆိုသည့်အချက်သည် ပြည်တွင်း ပြည်ပ လေ့လာသူများအားလုံး၏ ဘုံစိုးရိမ်ပူပန်မှုနှင့် ဝေဖန်မှုဖြစ်သည်။ ထိုသို့ စိုးရိမ်ပူပန်ခြင်းသည် နည်းလမ်းကျသည် မှန်သော်လည်း တကယ်တမ်း မေးရမည့်မေးခွန်းများမှာ လက်ရှိအချိန်နှင့် နောင်အနာဂတ်တွင် စစ်တပ်က ကိုယ့်ပြည်သူကို သတ်ဖြတ်နေခြင်းမှ ရပ်တန့်သွားအောင် မည်သို့လုပ်နိုင်မည်နည်း။
စစ်တပ်သည် နိုင်ငံရေး သက်ဆိုင်သူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားနည်းလမ်းကျ အလျော့ပေး သဘောတူညှိနှိုင်းမှု လုပ်လာအောင် ဖျောင်းဖျ၍ ရနိုင်မည်လား။ စစ်တပ်က ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရအောင် နိုင်ငံကို ပေါင်းစည်းနိုင်စွမ်းရှိမည်လား စသည့် မေးခွန်းတို့ဖြစ်သည်။
အာဏာသိမ်းချိန်မှစတင်ပြီး နိုင်ငံတကာအသိုက်အဝန်းက တော်လှန်ရေအင်အားစုများ စုပေါင်းတပ်ဦးဖွဲ့ရန် တိုက်တွန်းလေ့ရှိသည်။ ညီညွတ်ခြင်းသည် အင်အားကြီးမားသော စစ်တပ်ကို ချေမှုန်းရန် တခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယူဆသောကြောင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများအတွက် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေး စီးဆင်းမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် တစုတည်း စုထားသော တော်လှန်ရေးအင်အားစုက ပိုမိုလွယ်ကူစေခြင်းကြောင့်လည်းကောင်း ထိုသို့ တိုက်တွန်းခြင်းဖြစ်သည်။
နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် အင်အားစုပေါင်းစုံတို့၏ အောင်မြင်ထင်ရှားသော နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှုကို လျစ်လျူရှုခဲ့ကြသည်။ ထိုနိုင်ငံရေး စုစည်းမှုများတွင် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းခြင်းနှင့် နောက်တလအကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထူထောင်ခြင်းတို့ ပါဝင်သည်။
သို့သော် အကြောင်းကြောင်းကြောင့် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် အင်အားစုပေါင်းစုံတို့၏ အောင်မြင်ထင်ရှားသော နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှုကို လျစ်လျူရှုခဲ့ကြသည်။ ထိုနိုင်ငံရေး စုစည်းမှုများတွင် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းခြင်းနှင့် နောက်တလအကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထူထောင်ခြင်းတို့ ပါဝင်သည်။
ဘုံရန်သူကို တိုက်ခိုက်ရန် တနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစု အမျိုးမျိုးသည် ဗဟိုစုစည်းခေါင်းဆောင်မှု တခုတည်းအောက်တွင် စုစည်းတိုက်ခိုက်နိုင်ပါက အကောင်းဆုံးဖြစ်မည်ဖြစ်သည်။ သို့သော် ပကတိအခြေအနေသည် အကောင်းဆုံးဆိုသည့် အခြေအနေနှင့် အလှမ်းကွာဝေးလှသည်။
လွန်ခဲ့သော သုံးနှစ်ကာလအတွင်း စစ်ကောင်စီက ထန်တလန်မြို့ကို မီးရှို့ခြင်း၊ အနန့်ပါနှင့် ပဇီကြီးတွင် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း အပါအဝင် အကြမ်းဖက်မှုများ ဆက်တိုက် မြှင့်တင်လုပ်ဆောင်နေစဉ် စီးပွားရေးကျပ်တည်းမှုပါ ပိုမိုနက်ရှိုင်းလာစေခြင်းတို့ကြောင့် တော်လှန်ရေးအင်အားစုအတွက် စစ်အုပ်ချုပ်ရေးကို အမြစ်ဖြတ်တိုက်ခိုက်ရေးသည် သေရေးရှင်ရေး တိုက်ပွဲတခုကို ရင်ဆိုင်ရသည့် အခြေအနေမျိုးဖြစ်သည်။
တော်လှန်ရေးအင်အားစုတွင် ဗဟိုအင်စတီကျူးရှင်းတခု ထူထောင်ရန် အချိန်နှင့် ရင်းမြစ်များသုံးနိုင်သည့် အခွင့်ကောင်း မရှိခဲ့ပေ။ အပြစ်မဲ့ ပြည်သူများကို မရပ်မနား သတ်ဖြတ်နေသည့် ရန်သူကို တိုက်ခိုက်ရန်ကိုသာ ပထမဦးစားပေး လုပ်ဆောင်နေရသည်။
ဗဟိုစုစည်းခေါင်းဆောင်မှု၏ အနှစ်သာရမှာ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် အဆင်ပြေချောမွေ့စေရေး ဖြစ်သည်။ ဗဟိုအမိန့်ပေးကွပ်ကဲမှုတခုတည်း မရှိသော်လည်း တော်လှန်ရေးအင်အားစုတွင် စတင်ကတည်းက နိုင်ငံရေးအရနှင့် စစ်ရေးအရ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုရှိသည်။
စစ်ကောင်စီ သုံးလေ့ရှိသော မဟာဗျူဟာဖြစ်သည့် အစွန်းရောက်အမျိုးသားရေး (အမျိုး၊ ဘာသာ၊ သာသနာ ဆိုင်ရာ) လှုံ့ဆော်မှုများဖြင့် တော်လှန်ရေးအင်အားစုများကို သွေးခွဲရန်ကြိုးပမ်းမှု ဖိအားများကြားမှပင် တော်လှန်ရေးမဟာမိတ်များသည် ပိုမို လက်တွဲခိုင်မာလာရုံသာမက အင်အားပင် ပိုမိုတောင့်တင်းလာပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သည့် စစ်ရေးရလဒ်များ ရရှိလာကြသည်။ လားရှိုးအောင်ပွဲသည် တော်လှန်ရေးအင်အားစုများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော ဥပမာဖြစ်သည်။
မြန်မာနိုင်ငံသစ် ဖြစ်လာနိုင်မည်လား
ယခုအခါ စစ်တပ်ပြိုကွဲမှုသည် အနှေးနှင့်အမြန် အချိန်အတိုင်းအတာတခုအတွင်း ဖြစ်လာနိုင်သည့် အခြေအနေတွင် တော်လှန်ရေးအင်အားစုအပေါ် ဝိုင်းဝန်းပြောဆိုကြသည့် ဒုတိယဝေဖန်မှုမှာ စစ်ကောင်စီအလွန်ကာလအတွက် ကြိုတင်စဉ်းစားထားသည့် အစီအစဉ်မရှိဆိုသည့် အချက်ဖြစ်သည်။
ထိုအချက်သည် စိုးရိမ်ပူပန်ထိုက်သည် မှန်သော်လည်း လွဲမှားနေသည့် ဆင်ခြင်သုံးသပ်ခြင်းနှင့် ခံရသူဘက်ကို အပြစ်တင်သည့် သဘောမျိုးဆောင်လျက် ရှိသည်။ စစ်တပ်သည် ပုံစံတမျိုးမျိုးဖြင့် အာဏာဆက်လက် ရှိနေရမည့်သဘောမျိုး ဦးတည်ပြောနေခြင်းသည် မှားယွင်းပြီး အန္တရာယ်များလှသည်။
တော်လှန်ရေးအင်အားစုများနှင့် အရပ်သားပြည်သူများသည် စစ်တပ်က သိမ်းကြုံးသတ်ဖြတ် အကြမ်းဖက်မှုကို ဆက်လက် ရင်ဆိုင်နေရခြင်း ဖြစ်သောကြောင့် “အပြစ်ရှိသူကို ငဲ့ညှာထောက်ထားခြင်းသည့် အပြစ်မဲ့သူကို ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်” ဆိုသည့် စကားပုံဟောင်းသည် ဤနေရာတွင် ဆီလျော်ပေမည်။
တော်လှန်ရေးအင်အားစုများနှင့် အရပ်သားပြည်သူများသည် စစ်တပ်က သိမ်းကြုံးသတ်ဖြတ် အကြမ်းဖက်မှုကို ဆက်လက် ရင်ဆိုင်နေရခြင်း ဖြစ်သောကြောင့် “အပြစ်ရှိသူကို ငဲ့ညှာထောက်ထားခြင်းသည့် အပြစ်မဲ့သူကို ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်” ဆိုသည့် စကားပုံဟောင်းသည် ဤနေရာတွင် ဆီလျော်ပေမည်။
ယခုလက်ရှိအခြေအနေတွင် တော်လှန်ရေးအောင်ပွဲများက တော်လှန်ရေးအင်အားစုများအကြားနှင့် မြန်မာပြည်သူများအကြား သွေးစည်းချစ်ကြည်မှု ပိုမိုခိုင်မာလာနေစေလျက်ရှိသည်။ NUG နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) စသည့် အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခြင်းအတွက် ညီနောင်မဟာမိတ်များကို ချီးကျူးသည့် သဝဏ်လွှာများ ပေးပို့ကြပြီး စစ်ကောင်စီကို ဖြုတ်ချရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအားဖြည့်ဖော်ပြကြသည်။
သာမန်ပြည်သူများကလည်း တော်လှန်ရေးအင်အားစု၏ အောင်မြင်မှုအလီလီအတွက် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေကြပြီး ၎င်းတို့၏ ခံစားချက်များကို အွန်လိုင်းမှာသာမက မြေပြင်မှာပါ ဖော်ထုတ်ပြသလျက်ရှိကြသည်။
စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းပြီးနောက်ပိုင်းတွင် မြန်မာသည် ပိုမိုဆိုးရွားသည့် ဖရိုဖရဲအခြေအနေသို့ ကျရောက်နိုင်မည်လားဟု မေးခွန်းထုတ်ပါက ထိုသို့ ဖြစ်နိုင်ခြေကို ညွှန်းဆိုပြသမည့် ဖြစ်ရပ်များနှင့် အထောက်အထားများကို ရှာဖွေရန် လွယ်ကူမည် ဖြစ်သည်။ သို့သော် ထိုသို့သော လေ့လာသုံးသပ်မှုများသည် မိမိတွင်ရှိပြီးသား ယုံကြည် ယူဆချက်များအပေါ် ခိုင်မာစေသည့် အချက်အလက်များကို ဆွဲယူကောက်ချက်ချသည့် ‘ဘက်လိုက် ကောက်ချက်ချမှု’ ဖြစ်တတ်သည်ကို မိမိတို့ သတိပြုရန် လိုအပ်သည်။
တော်လှန်ရေးဘက်တွင်မူ ခေါင်းဆောင်များနှင့် သာမန်နိုင်ငံသားများသည် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် ဖရိုဖရဲဖြစ်နိုင်သည့် အန္တရာယ်ကို ကောင်းစွာနားလည်ကြသည်။ ကံမကောင်းအကြောင်းမလှသည်မှာ မြန်မာပြည်သူများသည် ထိုသို့ဖြစ်နိုင်ခြေအပေါ်သာ ဖက်တွယ်တွေးတော၍ ပူပန်မနေနိုင်ကြပေ။
နိုင်ငံရေး အထက်လွှာအီလစ်များအတွက် နိုင်ငံသစ်တခု ထူထောင်နိုင်ရေး အခွင့်အလမ်းသည် စွန့်စားသင့်စွန့်စားထိုက်သော ကိစ္စဖြစ်သကဲ့သို့ သာမန် ပြည်သူများအတွက်မူ မရေရာသော အနာဂတ်သည် မင်းအောင်လှိုင် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မည့် နဖူးတွေ့ဒူးတွေ့ ကြုံနေရသည့် ခြိမ်းခြောက်မှုထက် ပိုမိုကောင်းမွန်သည့် အလားအလာဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝန်းက မည်သို့ ကူညီနိုင်မည်နည်း
အန္တရာယ်များ၊ အခက်အခဲများပြီး ရင်းမြစ်များ ရှားပါးခြင်းနှင့် နိုင်ငံတကာထောက်ပံ့မှု မရှိခြင်းတို့ကြားမှပင် မြန်မာ့တော်လှန်ရေးသည် အချိန်တိုအတွင်း အံဩဘနန်း အောင်မြင်မှုများ ရရှိခဲ့ပြီဖြစ်သည်။ စစ်တပ်က အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြိမ်းခြောက်ခြင်းမျိုး နောက်အနာဂတ်တွင် မလုပ်ဆောင်နိုင်စေရေးအတွက် စစ်တပ်ကို နိုင်ငံရေးနှင့် စီးပွားရေးမှ အပြီးအပြတ် ဖယ်ရှားရန် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ ခိုင်မာသည့်ဆုံးဖြတ်ချက်ကို စဉ်ဆက်မပြတ် သက်သေပြပြီး ဖြစ်သည်။
စစ်တပ်၏ အကြောက်တရားဖြင့် ဖိနှိပ်ဖြိုခွင်းရန် ကြိုးပမ်းမှုသည် တော်လှန်ရေးကို မနှိမ်နင်းနိုင်သည့်အပြင် စစ်အာဏာသိမ်းမှုများနှင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေး” ကဲ့သို့ ပြည်သူလူထုကို လိမ်လည်ပြီး ကမ္ဘာကို အမြင်ဝေဝါးသွားစေမည့် စစ်တပ်၏ အားထုတ်မှုများ၏ အဆိုးကျော့သံသရာမှ လွတ်မြောက်ရေးအတွက် ဆုံးဖြတ်ချက်သည်သာလျှင် ပိုမိုခိုင်မာလာသည်။
လက်ရှိပြဿနာများနှင့် တိုင်းပြည်ဖရိုဖရဲဖြစ်နိုင်သည့် အန္တရာယ်များကိုသာ အဆက်မပြတ် မီးမောင်းထိုးပြနေမည့်အစား နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် အဖြေရှာခြင်းကို အာရုံစိုက်ပါက ပိုမို အပြုသဘောဆောင်မည် ဖြစ်သည်။
လက်ရှိပြဿနာများနှင့် တိုင်းပြည်ဖရိုဖရဲဖြစ်နိုင်သည့် အန္တရာယ်များကိုသာ အဆက်မပြတ် မီးမောင်းထိုးပြနေမည့်အစား နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် အဖြေရှာခြင်းကို အာရုံစိုက်ပါက ပိုမို အပြုသဘောဆောင်မည် ဖြစ်သည်။ မလိုလားအပ်သော အခြေအနေများ ဖြစ်ပေါ်နိုင်မှုကို လျှော့ချနိုင်မည့် မူဝါဒ ရွေးချယ်စရာ လမ်းကြောင်းများ ရှာဖွေလမ်းညွှန်ခြင်းက မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် စီးပွားရေးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် အထောက်အကူပြုမည် ဖြစ်သည်။
အရေးကြီးသည့်အချက်မှာ နိုင်ငံတကာ အသိုက်အဝန်း၏ အဖြေရှာခြင်းသို့ ဦးတည်သည့် ချဉ်းကပ်မှုမျိုးဖြစ်ပြီး ထိုချဉ်းကပ်မှုတွင် အဆင့်သုံးဆင့်ရှိသည်။
၁- စေ့စပ်ညှိနှိုင်းဖြေရှင်းမှု/ တွေ့ဆုံဆွေးနွေးရေး
ပဋိပက္ခကို စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ အဆုံးသတ်ရမည်ဟု ယုံကြည်သည့် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများသည် ထိုနည်းလမ်းကို ဆက်လက် ကျင့်သုံးနိုင်သည်။ သို့သော် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့လာရန် ဖိအားကို စစ်တပ်အပေါ် ပေးရမည်ဖြစ်သည်။ တိကျစွာဆိုရလျှင် တနိုင်ငံလုံးတွင် အကြမ်းဖက်မှုများ ကျူးလွန်နေမှုကို ရပ်ဆိုင်းရန် စစ်တပ်ကို ဖိအားပေးပြီး မြန်မာပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများနှင့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေရမည်ဖြစ်သည်။
တော်လှန်ရေးအင်အားစုများဘက်က ကန့်ကွက်ဆန္ဒပြပွဲများ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုများ (CDM)၊ နိုင်ငံတကာ အသိုက်အဝန်းက ကာကွယ်စောင့်ရှောက်ရန် တာဝန် (R2P) တောင်းဆိုခြင်းနှင့် လေယာဉ်မပျံသန်းရဇုန် တောင်းဆိုခြင်း စသည့် ငြိမ်းချမ်းသော နည်းလမ်းအားလုံးကို လက်ကုန် ကျင့်သုံး တောင်းဆိုနှင့်ပြီးဖြစ်သည်။
ထိုသို့ ငြိမ်းချမ်းသော အားထုတ်မှုများ မအောင်မြင်သောအခါမှသာ မိမိနှင့် မိမိတို့ ချစ်ခင်မြတ်နိုးသူများ၏ အသက်များကို ကာကွယ်ရန် နောက်ဆုံးတွင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြရခြင်းဖြစ်သည်။ အချို့က ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့သည် (မိုက်မဲသည်) ဟု မြင်သည့် လက်နက်ကိုင်လမ်းစဉ် ရွေးချယ်မှုကို အသက်ဆုံးရှုံးမှု၊ ဖမ်းဆီးခံရမှုနှင့် စစ်အုပ်ချုပ်ရေးအောက်တွင် ကာလကြာမြင့်စွာ ခက်ခဲကျပ်တည်း ဒုက္ခရောက်နိုင်ခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရချိန်တွင် ရွေးချယ်ဆုံးဖြတ်ခဲ့ရကြခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုအတွက် စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန် အနည်းငယ်မျှသော အခွင့်အရေးသည်ပင်လျှင် စွန့်စားထိုက်သောကိစ္စဟု မှတ်ယူခဲ့ကြသည်။ ထို့ကြောင့် စေ့စပ်ညှိနှိုင်းမှုလုပ်ရန် တော်လှန်ရေးအင်အားစုဘက်ကိုသာ ဖိအားပေးခြင်းသည် တရားမျှတမှုကင်းမဲ့ပြီး အကြင်နာတရား ကင်းမဲ့သော ကိစ္စဖြစ်သည်ဟု ရှုမြင်ကြသည်။
၂- လူသားချင်းစာနာမှု အကူအညီ
သုံးနှစ်ခွဲကျော်ကာလကြာ ပဋိပက္ခနှင့် နက်ရှိုင်းလာနေသော စီးပွားရေး အကျပ်အတည်းက သာမန်ပြည်သူများကို ဆင်းရဲနွမ်းပါးသွားစေသည်။ စစ်အုပ်ချုပ်ရေးကို အဆုံးမသတ်နိုင်သရွေ့ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုနှင့် တန်းတူညီမျှသော လူအဖွဲ့အစည်းကို ပြန်လည် ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းမရှိပေ။
လက်ရှိအချိန်အထိ အကူအညီသည် အခြေခံအားဖြင့် ပြည်တွင်းနှင့် ကမ္ဘာတဝန်း အဝေးရောက် ပြည်သူချင်း အလွတ်သဘော ကွန်ရက်များ၏ ထောက်ပံ့မှုမှသာ လာနေသည်။ နိုင်ငံတကာအသိုက်အဝန်းသည် လူသားချင်းစာနာမှု အကူအညီများကို ပိုမိုထိရောက်စွာပေးနိုင်မည့် ယန္တရားများနှင့် လမ်းကြောင်းများ တည်ဆောက်ရန် နည်းလမ်းများ ရှာဖွေသင့်သည်။
တချိန်တည်းတွင် မြန်မာပြည်သူ လူဦးရေအများစုသည် အရေးပေါ် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်။ လက်ရှိအချိန်အထိ ထိုအကူအညီသည် အခြေခံအားဖြင့် ပြည်တွင်းနှင့် ကမ္ဘာတဝန်း အဝေးရောက် ပြည်သူချင်း အလွတ်သဘော ကွန်ရက်များ၏ ထောက်ပံ့မှုမှသာ လာနေသည်။ နိုင်ငံတကာအသိုက်အဝန်းသည် လူသားချင်းစာနာမှု အကူအညီများကို ပိုမိုထိရောက်စွာပေးနိုင်မည့် ယန္တရားများနှင့် လမ်းကြောင်းများ တည်ဆောက်ရန် နည်းလမ်းများ ရှာဖွေသင့်သည်။
၃- မြန်မာနိုင်ငံသစ် ပြန်လည်မွေးဖွားခြင်းကို အားပေးကူညီခြင်း
ယခုလက်ရှိ အကျပ်အတည်း၏ အမှောင်မိုက်ဆုံးနေ့များတွင်ပင် မြန်မာပြည်သူများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်ပြည့်စုံသည့် အားလုံးအကျုံးဝင်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို တောင့်တမျှော်လင့်လျက် ရှိခဲ့ကြသည်။ ၎င်းတို့သိရှိထားသည့် သမိုင်း၊ တဦးချင်းအတွေ့အကြုံနှင့် သဘာဝစိတ်အခံက စစ်တပ် အာဏာဆက်ရှိနေသရွေ့ ထိုအိပ်မက်ကို မက်နိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိနားလည်နေသည်။ လက်ရှိတွင် ထိုမျှော်လင့်ချက်အိပ်မက် လက်တွေ့ဖြစ်လာရေးအတွက် အခွင့်အလမ်းစင်စစ်တရပ် ၎င်းတို့ လက်တကမ်းတွင် ရှိနေသည်ဆိုသည့် ယုံကြည်မှုမှာ ပိုမို မြင့်မားလာနေလျက်ရှိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်ဦး၏ Would a Myanmar Resistance Victory Pave Way for New Country or Greater Chaos?ကို ဘာသာပြန်သည်။ ခင်ဦးသည် လူထုရေးရာမူဝါဒ သုံးသပ်သူနှင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဘောဂဗေဒ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လား
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ
တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်
လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု
ပြည်သူ့တော်လှန်ရေးကြီး မြန်မလား နှေးမလား
မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ