ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ် သြဇာကြီးမားလာပြီး သူ၏ဖခင် မစ္စတာ သက်ဆင်ရှင်နာဝပ် နိုင်ငံရေးလောကသို့ ပြန်လည် ဝင်ရောက်လာခြင်းသည် ထိုင်းနိုင်ငံရေးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေသည်။
အပေါ်ယံအားဖြင့် ကြည့်ပါက မစ္စတာ သက်ဆင်သည် စစ်အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံရပြီးနောက် အချိန်အများစုတွင် ပြည်ပသို့ သွားရောက်နေထိုင်ပြီး နှစ်ပေါင်း ၂၀ နီးပါးကြာသည့်တိုင် ထိုင်းနိုင်ငံရေးကို လွှမ်းမိုးနေဆဲဖြစ်သည်။ ယခုတကြိမ်တွင် သူ၏ နိုင်ငံရေး အာဏာနှင့်သြဇာကို သမီးဖြစ်သူ မစ္စ ပေတောင်တန်မှတဆင့် ကျင့်သုံးနေသည်။
ရှင်နာဝပ် ဆွေမျိုးစုသည် ၎င်းတို့၏ ယခင် ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်နေစဉ် အချိန်မှန် ရွေးကောက်ပွဲများ၊ လမ်းမပေါ် ဆန္ဒပြပွဲများ၊ စစ်အာဏာသိမ်းမှု နှစ်ခု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှစ်ခု၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံ နိုင်ငံရေးသမားများအား တရားရေးဘက်က ပိတ်ပင်မှုများ စသည်တို့၏ ဆယ်စုနှစ် နှစ်ခုသည် အခန်းကဏ္ဍသစ်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။
ရှင်နာဝပ် ဆွေမျိုးစုသည် ၎င်းတို့၏ ယခင် ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်နေစဉ် အချိန်မှန် ရွေးကောက်ပွဲများ၊ လမ်းမပေါ် ဆန္ဒပြပွဲများ၊ စစ်အာဏာသိမ်းမှု နှစ်ခု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှစ်ခု၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံ နိုင်ငံရေးသမားများအား တရားရေးဘက်က ပိတ်ပင်မှုများ စသည်တို့၏ ဆယ်စုနှစ် နှစ်ခုသည် အခန်းကဏ္ဍသစ်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။
ရှေ့ဆက်ရမည့် ပြဿနာမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက ဖျက်သိမ်းခံရသည့် အနာဂတ်သို့ချီပါတီ (Future Forward Party) နှင့် ယခုလအတွင်း ဖျက်သိမ်းခံရသည့် ရှေ့သို့ချီပါတီ (Move Forward Party) ကို ဆက်ခံသည့် ပချာချွန် (ပြည်သူ့) ပါတီက ကိုယ်စားပြုသော ထိုင်းနိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲရေးနှင့် အင်စတီကျူးရှင်း ခေတ်မီရေးအတွက် လူထုလှုပ်ရှားမှု ဖြစ်သည်။
ပချာချွန်ပါတီနှင့် အောက်ခြေမှ ပြုပြင်ပြောင်းလဲရန် တောင်းဆိုသည့် တိုးတက်သော အင်အားစုများကို ဟန့်တားရန် ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အသိုက်အဝန်း၏ ကြိုတင်ခန့်မှန်းနိုင်သော အားထုတ်မှုသည် ၂၀၂၇ နှစ်လယ်တွင် ကျင်းပမည့် နောက်ရွေးကောက်ပွဲ မတိုင်မီ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရေးကို လွှမ်းမိုးနေမည်ဖြစ်သည်။
အသစ်ခန့်အပ်ခံရသည့် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မစ္စ ပေတောင်တန်သည် ရိုးအသည့် အသစ်ဝင်ရောက်လာသူ ဖြစ်လိမ့်မည် မဟုတ်ပေ။ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက မစ္စတာ သက်ဆင် အာဏာအထွတ်အထိပ် ရောက်နေချိန်တွင် သူ လူလားမြောက်ခဲ့သည်။
၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ အာဏာသိမ်းမှုတွင် မစ္စတာ သက်ဆင်ကို ဖြုတ်ချသောအခါ ပေတောင်တန်သည် ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံကျောင်းသူဖြစ်ပြီး ကျောင်းသို့ သက်တော်စောင့်များဖြင့် လာသည်။ ထိုစဉ်က သူ၏ ဖခင်အပေါ် မုန်းတီးနေကြမှု ထိုမျှ ပြင်းထန်သည်။
သူသည် အငယ်ဆုံးသမီးအဖြစ် ဖခင်နှင့် မကြာခဏ လိုက်ပါသွားတတ်သောကြောင့် သက်ဆင်၏ နိုင်ငံရေး အပေါင်းအသင်းများ၊ ထောက်ခံသူ ကွန်ရက်များ၊ စီးပွားဖက်များနှင့်လည်း ရင်းနှီးကျွမ်းဝင်သူ ဖြစ်လိမ့်မည်။
ယခုအခါ သူ့အတွက် မျှော်လင့်မထားသည့်အချက်မှာ စစ်တပ်လိုလားပြီး သူ့ဖခင်နှင့် သူ့အဒေါ် ယင်လတ်ရှင်နာဝပ်တို့ကို ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုများတွင် ဖြုတ်ချခဲ့သည့် အသိုက်အဝန်း အင်အားစုများနှင့် သူ၏ ဖခင်က မဟာမိတ်ဖွဲ့လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် သက်ဆင်သည် သူ၏ နိုင်ငံရေးဆရာကြီးသစ်များနှင့် ပတ်သက်သည့် ကျေးဇူးခံကျေးဇူးစား နည်းပုံရသည်။ အာခံခြင်းနှင့် သူ၏ အပြစ်ကင်းစင်မှုကို အခိုင်အမာပြောဆိုခြင်း၊ သူ့ကို အာဏာသိမ်းမှုတွင် မည်သို့ နိုင်ငံရေး ပယောဂ မကင်းသည်ကို ပြောဆိုခြင်းတို့ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့အပေါ် အဂတိလိုက်စားမှု စီရင်ချက်ကို လက်ခံခြင်း၊ လွယ်ကူသော စည်းကမ်းချက်များနှင့် အကြီးအကျယ် လျှော့ချထားပေးသည့် ထောင်ဒဏ်ကို လက်ခံခြင်းဖြင့် အယူအဆ ပြောင်းလဲလာသည်။
သူ့သမီးသည် ဝန်ကြီးချုပ်ဖြစ်ပြီး သူ၏ ဖွေထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရကို ဦးဆောင်ခြင်းကြောင့် သူ့ အနေအထား ခိုင်မာပုံရသော်လည်း လက်တွေ့တွင် သက်ဆင်သည် အာဏာသိမ်းသည့် နှစ်များအတွင်း ရရှိထားသည့် ကျင့်ဝတ်ဆိုင်ရာ အားသာချက်နှင့် လူထုထောက်ခံမှုသည် မမှတ်မိနိုင်လောက်အောင် အင်အားနည်းသွားသည်။ လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ကာ သူ့ရန်သူများ၏ စည်းကမ်းချက်များအောက်တွင် အိမ်ပြန်လာရသောကြောင့် မည်သည့်အခါကမှ ယခုလောက် နိုင်ငံရေးအရ အင်အားမနည်းခဲ့ဖူးပေ။
သူ့သမီးသည် ဝန်ကြီးချုပ်ဖြစ်ပြီး သူ၏ ဖွေထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရကို ဦးဆောင်ခြင်းကြောင့် သူ့ အနေအထား ခိုင်မာပုံရသော်လည်း လက်တွေ့တွင် သက်ဆင်သည် အာဏာသိမ်းသည့် နှစ်များအတွင်း ရရှိထားသည့် ကျင့်ဝတ်ဆိုင်ရာ အားသာချက်နှင့် လူထုထောက်ခံမှုသည် မမှတ်မိနိုင်လောက်အောင် အင်အားနည်းသွားသည်။ လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ကာ သူ့ရန်သူများ၏ စည်းကမ်းချက်များအောက်တွင် အိမ်ပြန်လာရသောကြောင့် မည်သည့်အခါကမှ ယခုလောက် နိုင်ငံရေးအရ အင်အားမနည်းခဲ့ဖူးပေ။
မစ္စ ပေတောင်တန်သည် ဝန်ကြီးချုပ်ဖြစ်နေစဉ်အတွင်း ညွန့်ပေါင်းအစိုးရ၏ မန်နေဂျာ၊ အာဏာပွဲစားနှင့် ဒုက္ခများကို ဖြေရှင်းပေးသူအဖြစ် ဖခင်ကို အနီးကပ် မှီခိုနေရမည်ဖြစ်သည်။ မစ္စတာ သက်ဆင်သည် အစိုးရသစ်ကို အရိပ်မိုးနေမည်ဖြစ်ပြီး သူ့သမီးသည် ရှေ့ထွက် ဟန်ပြ ဖြစ်နေမည်ဖြစ်သည်။
ဖခင်က ကူညီပေးသော်လည်း မစ္စ ပေတောင်တန်သည် အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်သည်။ နိမ့်ကျသော တိုးတက်မှုလမ်းကြောင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ဆုံးရှုံးခြင်းကြောင့် စီးပွားရေးသည် အလွန်အမင်း ကျပ်တည်းနေသည်။ သက်ဆင်သည် မူဝါဒ ချမှတ်သည့် အကွက်ရွှေ့ပွဲ၊ တိုးတက်မှုနှုန်း တွန်းတင်သူများတွင် ဒေသတွင်း၌ ထိပ်ဆုံးမှ ရှိနေခဲ့သည့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကနှင့်မတူဘဲ ခေတ်မမီတော့သည့် အခြေအနေတွင် ပေတောင်တန်သည် မူဝါဒ အတွေ့အကြုံ ကင်းမဲ့ကြောင်း ထင်ရှားသည်။
၎င်းတို့၏ ဖွေထိုင်းပါတီသည် လူထုမကျေနပ်မှုကို လျှော့ချပေးနိုင်သည့် မူဝါဒကို ဖော်ပြရန် အရေးပေါ် လိုအပ်နေသည်။ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ခြင်း၊ အာဏာဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ စစ်တပ်ကို ပြုပြင်ပြောင်းလဲခြင်းနှင့် ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲခြင်း စသည့် မဲဆန္ဒရှင်များကို ပြန်လည်စည်းရုံးရန် လိုအပ်သည့် တိုးတက်သော မူဝါဒများက ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အသိုက်အဝန်း၏ မဟာမိတ်အဖြစ်ရရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အသိုက်အဝန်းနှင့် ပူးပေါင်းခြင်းသည်လည်း ဖွေထိုင်းပါတီအပေါ် အောက်ခြေထောက်ခံမှုများကို ပစ်ပယ်ရာရောက်နိုင်သည်။ ရွေးကောက်ပွဲတွင် ပိုမိုကြီးမားသည့် ဆုံးရှုံးမှု အလားအလာကို ရင်ဆိုင်ရပါက ဖွေထိုင်းသည် နောက်ရွေးကောက်ပွဲတွင် ကျယ်ပြန့်လာသည့် ပရာချာချွန်ပါတီကို ဆန့်ကျင်ပြီး ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ပါတီအပြည့်အဝ ဖြစ်သွားနိုင်သည်။
ပေတောင်တန်အစိုးရ ပေါ်လာစဉ် ပါတီဝေစုအရ ဝန်ကြီးဌာနများကို ခွဲဝေခြင်းသည် ယခင် ဝန်ကြီးချုပ် ဆက်ထာ ခေတ်အတိုင်း ရှေ့ဆက်ဖြစ်လာဖွယ် ရှိသည်။ ဘုမ်ဂျိုင်ထိုင်း၊ ပလန်ပရာချာရက်နှင့် ယူနိုက်တက် ထိုင်းနေးရှင်း စသည့် ညွန့်ပေါင်းမိတ်ဖက်များသည် ပိုမိုများပြားသော ရာထူးနေရာများနှင် ပိုမို အကျိုးအမြတ်ရနိုင်သည့် ရာထူးနေရာများကို အပေးအယူ လုပ်နိုင်သည်။
စားသုံးသူ သုံးစွဲမှု မြှင့်တင်ရန် လူတိုင်းအတွက် ဘတ် ၁ သောင်း ဒစ်ဂျစ်တယ်ငွေကြေး အစီအစဉ်၊ ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ကို ဆက်သွယ်မည့် ကုန်းမြေတံတားမှသည် အာဏာအပျော့စား ထူထောင်သော စီမံကိန်းများ၊ ဆက်ထာ လက်ထက်တွင် တိုးတက်မှု အနည်းငယ်သာရသည့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များအထိ အဓိကမူဝါဒများသည် သက်ဆင်နှင့် ပေတောင်တန်အတွက် ကြီးမားသော ကနဦး စမ်းသပ်မှုများ ဖြစ်လာမည်ဖြစ်သည်။
ဘတ် ၁ သောင်း ဒီဂျစ်တယ်ငွေကြေး ထောက်ပံ့သည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပါက မူဝါဒချမှတ်သည့် စွမ်းရည်ကင်းမဲ့ကြောင်း ပြသရာရောက်မည် ဖြစ်သည်။ မကြာမီကာလတွင် အခြား မူဝါဒ၏ အစီအစဉ်များ ခရီးရောက်သည့် အတိုင်းအတာအရ အစိုးရ၏ မူဝါဒ အလားအလာများကို ကြိုတင်ဖော်ပြနေမည် ဖြစ်သည်။
ဝန်ကြီးချုပ် ပေတောင်တန် လက်အောက်မှ သက်ဆင်သြဇာလွှမ်းမိုးသည့် အစိုးရသည် ကမ္ဘာ့တန်ဖိုးမြှင့်တင်ရေးကွင်းဆက်တွင် ထိုင်းစီးပွားရေးကို မြှင့်တင်ရန်နှင့် တိုးတက်မှုလမ်းကြောင်း မြှင့်တင်ရန် ဖော်ထုတ် အကောင်အထည်ဖော်နိုင်သည့် မူဝါဒများ ချနိုင်၊ မချနိုင်နှင့် ထိုသို့ လုပ်ဆောင် ပြီးမြောက်နိုင်ရန် အစိုးရကို နေရာပေးနိုင်၊ မပေးနိုင်ဆိုသည့် အချက်များကို မူတည်ပြီး ဖြစ်ပေါ်တိုးတက်လာမည် ဖြစ်သည်။
ဝန်ကြီးချုပ် ပေတောင်တန် လက်အောက်မှ သက်ဆင်သြဇာလွှမ်းမိုးသည့် အစိုးရသည် ကမ္ဘာ့တန်ဖိုးမြှင့်တင်ရေးကွင်းဆက်တွင် ထိုင်းစီးပွားရေးကို မြှင့်တင်ရန်နှင့် တိုးတက်မှုလမ်းကြောင်း မြှင့်တင်ရန် ဖော်ထုတ် အကောင်အထည်ဖော်နိုင်သည့် မူဝါဒများ ချနိုင်၊ မချနိုင်နှင့် ထိုသို့ လုပ်ဆောင် ပြီးမြောက်နိုင်ရန် အစိုးရကို နေရာပေးနိုင်၊ မပေးနိုင်ဆိုသည့် အချက်များကို မူတည်ပြီး ဖြစ်ပေါ်တိုးတက်လာမည် ဖြစ်သည်။
မစ္စ ပေတောင်တန် သို့မဟုတ် သူ၏ဖခင်ကို တရားရုံးသို့ တိုင်ကြားမှုများ ရှိလာက အစိုးရသစ်သည် ဆက်ထာ အစိုးရ ကဲ့သို့ပင် ထိရောက်မှုမရှိဘဲ ဟန်ချက်ပျက်မည်ဖြစ်သည်။ သက်ဆင်သည် ယခုပင် တော်ဝင်စနစ်ကို အသရေဖျက်မှု ရင်ဆိုင်နေရသည်။
နိုင်ငံရေး အခင်းအကျင်းကို ပြန်လည် ချမှတ်ပြီးနောက် တော်ဝင်ဝါဒီ အသိုက်အဝန်းက ထိုင်းနိုင်ငံသည် ပေတောင်တန် အစိုးရလက်အောက်တွင် တဖြည်းဖြည်းဖြင့်ပင်ဖြစ်စေ ရှေ့ခရီး ရောက်၊ မရောက်ကို အာရုံစိုက်လိမ့်သည်။
သို့မဟုတ် ထိုအသိုက်အဝန်းသည် ဖွေထိုင်းကို အင်အားချိနဲ့အောင်၊ သက်ဆင်နှင့် ပေတောင်တန်တို့ ဆက်လက် ထိခိုက်လွယ်အောင်၊ အစိုးရဟန်ချက်ပျက်အောင်နှင့် အတိုက်အခံ ပချာချွန် ပါတီ မလှုပ်ရှားနိုင်အောင် ထိန်းထားရသည်ကို ပိုမိုလိုလားနိုင်သည်။
ဆုံးရှုံးသွားသော ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်ရရှိစေရန် ထိုင်းနိုင်ငံကို သွေးခွဲအုပ်ချုပ်ခြင်းသည် တပိုင်းဖြစ်ပြီး အာဏာကို ထိန်းချုပ်ထားနိုင်ရန် နိုင်ငံရေးအရ ကွဲပြဲပြီး မတည်ငြိမ်အောင် ထိန်းထားခြင်းနှင့် စီးပွားရေးကို အကျပ်အတည်း ဖြစ်စေခြင်းက အခြားတပိုင်းဖြစ်သည်။
ရှေးရိုးစွဲ အသိုက်အဝန်းဟောင်းသည် ဗြောင်ကျသည့် နိုင်ငံရေး ဇာတ်ကောင်အဖြစ် ပိုမိုပွင့်ကျလာချိန်တွင် ထိုင်းနိုင်ငံသည် ယခင်ကနှင့်မတူဘဲ နယ်ပယ်သစ်သို့ ရောက်နေသည်။ နောက်ဆုံးတွင် သက်ဆင်သည် ထိုအသိုက်အဝန်းဟောင်း၏ တစိတ်တပိုင်းဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သည်။
ရွေးကောက်ပွဲကို အကြီးအကျယ် သက်ဆင် အကြိမ်ကြိမ်နိုင်ခဲ့ခြင်းသည် မသိစိတ်ဖြင့် မရည်ရွယ်ဘဲ လုပ်သည့် ခြိမ်းခြောက်မှုဖြစ်ခဲ့သည်။ စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများအတွက် ပချာချွန် ပါတီ၏ နောက်မှ လူထုလှုပ်ရှားမှုကမူ ထိုင်း၏ နိုင်ငံရေး အခန်းကဏ္ဍသစ်ကို လွန်စွာ ကွဲပြားခြားနားသွားစေသည်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ Thai Politics Has Turned Upside Down ကို ဘာသာပြန်သည်။ ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာန ပါမောက္ခနှင့် လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ
ထိုင်းနိုင်ငံရေးတွင် တော်ဝင်ဝါဒီများက အခိုင်အမာ ချုပ်ကိုင်ထားဆဲ
ထိုင်းတွင် တည်ထောင်စ ပြည်သူ့ပါတီကို ထောက်ခံမှု မြင့်မား
ရှေ့သို့ချီပါတီ၏ ပြုပြင်ပြောင်းလဲရေး ထိုင်းစိတ်ဓာတ် ဆက်လက်ရှင်သန်မည်