အကြောင်းအရာတွေကို ဆက်စပ်ကြည့်ကြရပါမည်။ ဆက်စပ်နေသောအရာများကို ချိတ်ဆက်ပြီး စုစည်းစဉ်းစားကြည့်ပါမည်။
“နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးပြန် လည်ထူထောင်ရေးနှင့် ရေရှည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလမ်းကြောင်းကိုရှာဖွေရန် ”ဟူသည့် အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံသည် စစ်အာဏာရှင်တို့၏လမ်းပြမြေပုံငါးရပ်ကို ထောက်ခံကာ အခိုင်အမာဆက်လက်ရပ်တည်နေကြောင်း စစ်အာဏာရှင်မင်းအောင်လှိုင်အား ဝမ်ယိက ပြောကြားခဲ့သည်။
စက်တင်ဘာ ၃ ရက်က အိန္ဒိယစစ်ဘက် အကြီးတန်းအရာရှိ ဗိုလ်ချုပ်ကြီး အာဂျေး ကူးမား ဆင်း Ajay Kumar Singh သည် မြန်မာစစ်တပ်၏ နံပါတ် ၃ အဆင့်ရှိသော မောင်မောင်အေးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လေ့ကျင့်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ ကာကွယ်ရေး၊ လေ့ကျင့်ရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း၊ အိန္ဒိယသည် ရုရှားနှင့် တရုတ်တို့နောက်တွင် စစ်အစိုးရထံ တတိယမြောက် လက်နက်နှင့် ကိရိယာများ အကြီးမားဆုံး ပံ့ပိုးသူဖြစ်သည်။
စက်တင်ဘာ ၆ ရက်က လာအိုနိုင်ငံတွင် ကျင်းပသည့် ၂၁ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ် ရေးဦးစီးခြုပျမြားအစညျးအဝေးကို စစ်အာဏာရှင်တပ်၏ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စိုးမင်းဦး တက်ရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆုံဝစ်နွန်ပတ်ဒေး Songwit Noonpackde၊ ဗီယက်နမ်ပြည်သူ့တပ်မတော် (VPA) စစ်ဦးစီးချုပ်နှင့် ကမ္ဘောဒီးယားဘုရင့် တပ်မတော် (RCAF) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗွန်ပိစန် Vong Pisen တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်အာဏာရှင်မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်နေသူတော်လှန်သူများ သိမ်းပိုက်ထားသော နယ်မြေများအား “တန်ပြန်ထိုးစစ်ဆင်မှုများ” ပြုလုပ်မည်ဟု ပြောဆိုခဲ့သည်။ပြီးခဲ့သည့် နှစ်ရက်အတွင်း၊ “တန်ပြန်ထိုးစစ်ဆင်မှုများ” အမှန်တကယ် ဖြစ်ပွားခဲ့သည်။
တရုတ်နိုင်ငံနယ်စပ်အနီးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လွတ်မြောက်နယ်မြေအနီးရှိ မြို့တစ်မြို့နှင့် ရှမ်းပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်စခန်းအနီး စစ်အာဏာရှင်လေယာဉ်များ ကတပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၅ နာရီနီးပါးလောက်ကြာမြင့်ပြီး ကလေးငယ်များအပါအဝင် အရပ်သားစုစုပေါင်း ၂၀ ခန့် သေဆုံးခဲ့ရသည်။
ကြာသပတေးနေ့ ညနှောင်းပိုင်းကလည်း အကြမ်းဖက်မှုများကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးရသော အရပ်သားပြည်သူ ၆၀၀ ကျော်ခိုလှုံနေကြရသည့် ဘန်ကောက်စခန်းဟုအမည်ပေးထားသည့် ဖယ်ခုံမြို့ နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းအား စစ်အာဏာရှင်တို့၏ဂျက်တိုက်လေယာဉ်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား ယောက်ျားလေး ၂ ဦးနှင့် မိန်းကလေး ၅ ဦး အသက်ဆုံး ရှုံးခဲ့သည်။ သေဆုံးသူတွေထဲမှာ ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးလည်း သေဆုံးခဲ့သည်။ အခြားအများအပြား ဒဏ်ရာရရှိခဲ့သည်။ ကိန်းဂဏန်းအတိအကျကို အတည်မပြုနိုင်သေးပါ။ စစ်ပြေးဒုက္ခသည်စခန်းသည် စစ်အာဏာရှင်တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အဝေးကြီးတွင် တည်ရှိနေခြင်းဖြစ်သည်။
အရပ်သားပြည်လူထုကို ပစ်မှတ်ထား၍ တမင်တကာ အကြမ်းဖက် ဗုံးကြဲခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ အရပ်သား ၁၁ ဦး သေဆုံးခဲ့ပါသည်။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများတွင် ကလေးငယ် နှစ်ဦး၊ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး ပါဝင်ကြောင်းသိရ သည်။ နောက်ထပ် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ညဘက်တွင် လူများအိပ်ပျော်နေစဉ် မြို့ပေါ်ရပ် ကွက်နှစ်ခုတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုနေရာအနီးတစ်ဝိုက်တွင် မည်သည့်တော်လှန်ရေးတပ်ဖွဲ့မှ မရှိပါ။
တမင်တကာ အရပ်သားပြည်သူများကို ပစ်မှတ်ထားခြင်းဖြစ်သည်။
တရုတ်၊ အိန္ဒိယနှင့် အာဆီယံတို့သည် စစ်အစိုးရ၏ အကြမ်းဖက် ဗုံးခွဲမှုတွင် ကြံရာပါများအဖြစ် ပါဝင်ပတ်သက်နေပါသည်။
သူတို့၏ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ထူထောင်ပြီး ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလမ်းကြောင်းကို ရှာဖွေကူညီပေးလိုသော ဆန္ဒရှိသည်” စသည်ဖြင့် မြန်မာနိုင်ငံအတွက် လက်ရှိအခြေအနေအရ မည်သို့အကျိုးမျှ မထူးနိုင်သည့်အရာများကိုသာ အကြောင်းပြပြောဆိုနေကြခြင်းများသည် အမှန်စင်စစ် စစ်အာဏာရှင်တို့က မြန်မာတနိုင်ငံလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ကျုးလွန်နေအောင် တိုက်တွန်း အားပေး ပံ့ပိုးကူညီနေကြခြင်းသာ ဖြစ်သည်။
ယခုစစ်ပွဲတွင် စစ်အာဏာရှင်များသည် အရှုံးကြီးရှုံးနေပြီး ဆက်၍လည်း ရှုံးမည်ဖြစ်သည်။ သို့သော် အိန္ဒိယ၊ တရုတ်နှင့် အာဆီယံတို့က စစ်အုပ်စုအား ထိတွေ့ဆက်ဆံမှုနှင့် အကူအညီပေးနေမှုများသည် စစ်အာဏာရှင်တို့၏ ပြည်သူအပေါ် အကြမ်းဖက်နေသည့်စစ်ပွဲကို ရှည်ကြာစေမည်ဖြစ်ပြီး၊ ရက်စက် ကြမ်းကြုတ်မှုများနှင့် ဖျက်ဆီးခြင်းများကို ဆက်လုပ်နိုင်ရန် အိမ်နီးချင်းနိုင်ငံများထံမှ အရေးကြီးသော ထောက်ပံ့မှုများ လုံလုံလောက်လောက်ရှိနေသည်ဟု စစ်အာဏာရှင်တို့ဆက်လက်ယုံကြည်ရန်အား ပေးတိုက်တွန်းနေခြင်းသာဖြစ်သည်။
(အီဂေါ ဘလက်ဇီဗစ်သည် Pague Civil Society Centre တွင် အထက်တန်းအကြံပေးဖြစ်သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကြာက သူသည် မြန်မာမှ Educational Initiatives Program တွင် ဦးစီးခဲ့သည်။)
You may also like these stories:
နမ့်ခမ်း၊ ဖယ်ခုံ၊ နောင်ချို၊ မြိုင်မြို့နယ်များ ဗုံးကြဲခံရမှု အရပ်သား ၂၈ ဦးခန့် သေဆုံး
အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်
ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ
ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)