• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ် တိုးတက်မှု (အပိုင်း ၁)- ပထမဆုံး အာဏာသိမ်းမှု ဘာကြောင့် ခုခံမှု နည်းရသလဲ

by ကျော်စွာမိုး
12 September 2024
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ် တိုးတက်မှု (အပိုင်း ၁)- ပထမဆုံး အာဏာသိမ်းမှု ဘာကြောင့် ခုခံမှု နည်းရသလဲ
2.9k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းမှုဆိုတာ ဒီမိုကရေစီကို ဆိတ်သုဉ်းစေတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းအောက်မှာပဲ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ဒါမှမဟုတ် ဒီမိုကရေစီတိုးတက်မှု ဖြစ်စဉ်အားလုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ပထမဆုံးအကြိမ်က ၁၉၆၂ ခုနှစ်။ ဒုတိယအကြိမ်က ၁၉၈၈ ခုနှစ်။ နောက်ဆုံးအကြိမ်ကတော့ ၂၀၂၁ ခုနှစ်ပါ။ အာဏာသိမ်းမှုတွေကို ပြည်သူတွေက မုန်းတီးကြပါတယ်။ ဒါပေမယ့် တုံ့ပြန်ပုံတွေကတော့ မတူကြပါဘူး။ အာဏာသိမ်းမှုတခုကို တုံ့ပြန်မှုက မရှိသလောက်နည်းပါးပြီး အခြားတခုကျ ဆန္ဒပြဆန့်ကျင်ခဲ့ကြပေမယ့် နောက်တခုမှာတော့ တော်လှန်ပုန်ကန်တဲ့အထိကို မြင့်တက်ခဲ့ကြပါတယ်။

ဒီလို တုံ့ပြန်မှု ကွဲပြားရတဲ့ အကြောင်းရင်းတွေကလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ထူးထူးခြားခြား ကွဲပြားတာကတော့ ၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို ပြည်သူတွေရဲ့ ဆန့်ကျင်မှုဟာ ယခင်အာဏာသိမ်းမှုတွေကို ဆန့်ကျင်မှုတွေထက် ပိုမို ပြင်းပြင်းထန်ထန် တုံ့ပြန်တာ တွေ့ခဲ့ရပါတယ်။ ဘာကြောင့် ကွာခြားခဲ့ရပါသလဲ။

RelatedPosts

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

12 June 2025
2.6k
တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

12 June 2025
15k
အပြင်းအထန် ရုန်းကန်ရမည့် သမ္မတသစ်ထံမှ ဘာတွေ မျှော်လင့်နိုင်မလဲ

အပြင်းအထန် ရုန်းကန်ရမည့် သမ္မတသစ်ထံမှ ဘာတွေ မျှော်လင့်နိုင်မလဲ

11 June 2025
507

စစ်အာဏာသိမ်းမှုတွေရဲ့ နောက်ကွယ်က အကြောင်းတရားနဲ့ ရည်ရွယ်ချက်တွေဟာ တူညီကြပေမယ့် သူတို့ တခုချင်းရဲ့ အသေးစိတ် အခြေအနေတွေ၊ အချိန်ကာလ ကွာခြားမှုနဲ့ ကွဲပြားတဲ့ နိုင်ငံရေး နောက်ခံ အခြေအနေတွေပေါ် မူတည်ပြီး ဆန့်ကျင်တော်လှန်မှုတွေ ကွဲပြားကြတာလို့ ကနဦး သုံးသပ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ကစပြီး နိုင်ငံတဝှမ်း စစ်ကောင်စီ အခြေစိုက်စခန်းတွေ တခုပြီးတခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်တာ၊ မြို့တွေ တမြို့ပြီး တမြို့ သိမ်းနိုင်တဲ့အထိ စစ်ရေး အောင်မြင်မှုမျိုးကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးစ လူငယ်တွေ စတင်လက်နက် စွဲကိုင်တော်လှန်ခဲ့တဲ့ ကာလမှာ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ ယခင် အာဏာသိမ်းမှု နှစ်ကြိမ်လုံးမှာ ဒီလို အောင်မြင်မှုမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ကစပြီး နိုင်ငံတဝှမ်း စစ်ကောင်စီ အခြေစိုက်စခန်းတွေ တခုပြီးတခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်တာ၊ မြို့တွေ တမြို့ပြီး တမြို့ သိမ်းနိုင်တဲ့အထိ စစ်ရေး အောင်မြင်မှုမျိုးကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးစ လူငယ်တွေ စတင်လက်နက် စွဲကိုင်တော်လှန်ခဲ့တဲ့ ကာလမှာ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ ယခင် အာဏာသိမ်းမှု နှစ်ကြိမ်လုံးမှာ ဒီလို အောင်မြင်မှုမျိုး မရှိခဲ့ပါဘူး။

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေရဲ့ မကြာသေးခင်က အဓိကအောင်ပွဲ တခုကတော့ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ပြီး လားရှိုးမြို့ ကိုပါ သိမ်းပိုက်နိုင်လိုက်တာပါ။ ၂၀၂၃ ခုနှစ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ ပြည်သူကာကွယ်ရေးတပ် (PDFs) တွေရဲ့ ပူးပေါင်းထိုးစစ်ဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက တောက်လျှောက် အောင်မြင်မှုတွေကြောင့် အခုအချိန်မှာတော့ အထက်မြန်မာနိုင်ငံ တခုလုံးနီးပါးတောင် တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်တော့မယ့် အခြေအနေ တွေ့နေရပါပြီ။ တကယ်တော့ စစ်ကောင်စီဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒေသ တော်တော်များများရဲ့ မြို့ကြီး မြို့ငယ်တွေရဲ့ နယ်မြေထိန်းချုပ်မှုတွေ ဆက်တိုက် ဆုံးရှုံးနေတာပါ။ ဘာကြောင့် ဒီတခေါက် စစ်အာဏာရှင်ဆန့်ကျင်ရေးက ဒီလောက် အောင်မြင်တာပါလဲ။

ဗိုလ်ချုပ်နေဝင်း၏ မတ်လ ၂ ရက် အာဏာသိမ်းမှုကို ၁၉၆၂ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် The Guardian စာမျက်နှာက ဖော်ပြခဲ့ပုံ

ယခုလို ဆန့်ကျင်လှုပ်ရှားမှုတွေရဲ့ မကြုံစဖူး အောင်မြင်မှုကို သေချာ နားလည်သဘောပေါက် ဖို့ဆိုရင် စစ်အာဏာသိမ်းမှု သုံးခုကြားက ကွာခြားချက်တွေရယ်၊ အဲဒီ အာဏာသိမ်းမှုတွေကို တုံ့ပြန်တဲ့ ဆန့်ကျင်မှုတွေဟာ ဘယ်လို ကွဲပြားသလဲ ဆိုတာကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။ အဲဒီ အချက်ကို ဒီ “မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု” အခန်းဆက် ဆောင်းပါးမှာ ဆွေးနွေးတင်ပြ သွားမှာပါ။

ပထမဆုံး စစ်အာဏာသိမ်းမှု ဖြစ်တဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနဲ့ စတင် ဆန်းစစ်ကြည့်ရအောင်ပါ။ (ဒီနေရာမှာ ၁၉၅၈ ဝန်ကြီးချုပ် ဦးနုရဲ့ အရပ်သား အစိုးရဆီက အခြေခံဥပဒေအရ စစ်တပ်ကို အာဏာလွှဲပေးတဲ့ အတွက်ကြောင့် ထည့်မတွက်ထားပါဘူး။)

“Mother Coup” လို့ ခေါ်လို့ရတဲ့ ပထမဆုံး အာဏာသိမ်းမှုကို ပြည်သူတွေ ဘာကြောင့် ဆန့်ကျင်မှု နည်းခဲ့တာလဲ

ဗိုလ်ချုပ်နေဝင်းဟာ ပထမဆုံး စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ နိုင်ငံမှာ နောက်ဆက်တွဲ အာဏာသိမ်းမှုတွေကို ဖြစ်လာစေဖို့ မကောင်းတဲ့ သန္ဓေကို တည်ပေးခဲ့တဲ့သူဆိုရင် မမှားပါဘူး။ တနည်းအားဖြင့် ကျနော်တို့နိုင်ငံကို ခေတ်အဆက်ဆက် ဒုက္ခပင်လယ်ဝေစေတဲ့ အာဏာသိမ်းမှုတွေကို “မွေးထုတ်ပေးသူ” လို့ဆိုရမှာပါ။ သူ့ရဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ အာဏာသိမ်းမှုကိုတော့ “Mother Coup” လို့တောင် အမည်တပ် လို့ရပါတယ်။ ဒီကနေ့အထိ သူ့ကိုဆက်ခံတဲ့ ခေတ်အဆက်ဆက် ဗိုလ်ချုပ်တွေ သူ့ခြေရာနင်းပြီး အာဏာသိမ်းနေကြတာဟာ သူထားခဲ့တဲ့ အမွေဆိုးကြောင့်ပါပဲ။

ဒါပေမယ့် အဲဒီ ပထမဆုံး အာဏာသိမ်းမှုဟာ ခုခံဆန့်ကျင်မှု မကြုံရသလောက်ပါပဲ။ အကြောင်းတချက်ကတော့ ပြည်သူတွေအနေနဲ့စစ်တပ်က အာဏာသိမ်းတာကို ပထမဆုံးအကြိမ် ကြုံဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မတ်လ ၂ ရက်နေ့ အာဏာသိမ်းမှုမှာ သမ္မတဟောင်း စပ်ရွှေသိုက်နဲ့ သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ ရှမ်းစော်ဘွားတွေ နဲ့ ရှမ်းပြည်နယ်က အမတ်အများစု အပါအဝင် စုစုပေါင်း ၅၀ ကျော်ကို ဖမ်းဆီးပြီး ရွေးကောက်တင်မြှောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံရေး အင်အားစုကမှ အဲဒီအာဏာသိမ်းမှုကို မဆန့်ကျင်ကြပါဘူး။ လမ်းမပေါ် ဆန္ဒပြပွဲတွေ မရှိသလို လမ်းပေါ်မှာ စစ်တပ်က သတ်ဖြတ်မှုတွေလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် သွေးထွက်သံယိုမှုမရှိတဲ့ အာဏာသိမ်းပွဲ လို့တောင် ဆိုကြပါတယ် (ဒါပေမယ့် စပ်ရွှေသိုက်ကို ဖမ်းစဉ် သူရဲ့သားက ပြန်ခုခံတဲ့အတွက် သားဖြစ်သူ အသတ်ခံခဲ့ရပါတယ်)။ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းက သူတို့ရဲ့ တော်လှန်ရေး ကောင်စီဟာ ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖေါ်မယ်လို့ ကတိပြုတဲ့အတွက် လက်ဝဲနိုင်ငံရေး အင်အားစုတွေကလည်း အဲဒီအာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ နိုင်ငံရေး အတွေးအခေါ်ကြောင့် စုံလုံးကန်းခဲ့တဲ့ အဲဒီပါတီခေါင်းဆောင်တွေဟာ စစ်အာဏာရှင်စနစ်က ဆိုရှယ်လစ်အဖြစ် ရုပ်ဖျက်ထားတာကို မမြင်နိုင်ခဲ့ကြပါဘူး။ စစ်အာဏာသိမ်းမှု ဆိုတာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို အဆိုးဆုံး ချိုးဖေါက်မှုဖြစ်တယ် ဆိုတာကို သူတို့ မျက်ကွယ်ပြုခဲ့ကြတယ်။ ကျောင်းသားသမဂ္ဂတွေကသာ စစ်အာဏာသိမ်းမှုကို ဝေဖန်ဆန့်ကျင်ခဲ့ကြတယ်။

စစ်အစိုးရဟာ သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲခဲ့ပါတယ်။ အဒီအဆောက်အအုံဟာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဦးနုအပါအဝင် တခြား လူငယ်ကျောင်းသားခေါင်းဆောင်တွေ ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင်ပြီး လွတ်လပ်ရေးတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့တဲ့ သမိုင်းဝင် နေရာပါ။ ဒီလုပ်ရပ်ဟာ စစ်ဗိုလ်ချုပ်တွေက ကျောင်းသားတွေကို ပထမဆုံးအကြိမ် စစ်ကြေညာလိုက်တာဆိုရင် မမှားပါဘူး။

အာဏာသိမ်းအပြီး ၄ လအကြာ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ ကျောင်းသားတွေက သူတို့ရဲ့ အဆောင်စည်းကမ်းတွေကို အာဏာပိုင်တွေက ပိုတင်းကျပ်လာတဲ့အတွက် ဆန္ဒပြခဲ့ကြတယ်။ ဆန္ဒပြပွဲကို ဗိုလ်နေဝင်းရဲ့ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတဲ့အတွက် ကျောင်းသား ၁၀၀ ဝန်းကျင်လောက်ကို သေဆုံးခဲ့ပါတယ် (အစိုးရကတော့ ၁၇ ဦးသေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်)။ နောက်နေ့ မနက်မှာတော့ စစ်အစိုးရဟာ သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲခဲ့ပါတယ်။ အဒီအဆောက်အအုံဟာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဦးနုအပါအဝင် တခြား လူငယ်ကျောင်းသားခေါင်းဆောင်တွေ ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင်ပြီး လွတ်လပ်ရေးတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့တဲ့ သမိုင်းဝင် နေရာပါ။ ဒီလုပ်ရပ်ဟာ စစ်ဗိုလ်ချုပ်တွေက ကျောင်းသားတွေကို ပထမဆုံးအကြိမ် စစ်ကြေညာလိုက်တာဆိုရင် မမှားပါဘူး။

ဗိုလ်ချုပ်နေဝင်းက အမိန့်ပေးပြီးနောက် ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၏ လမ်းများပေါ် စစ်သားများ စောင့်ကြပ်ခဲ့ကြစဉ်/AFP

“တကယ်တော့ အဆောင်စည်းကမ်းတွေ တင်းကျပ်မှုကို ဆန္ဒပြလို့ သမဂ္ဂအဆောက်အအုံကို စစ်အုပ်စုက ဖေါက်ခွဲတာမဟုတ်ဘူး၊ ကျောင်းသားတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် သမဂ္ဂ အဆောက်အအုံကို ဖေါက်ခွဲခဲ့တာ” လို့ ၁၉၆၂ ခုနှစ်က ၇ ဂျူလိုင် (7 July) ဆန္ဒပြပွဲရဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှရွှေက ပြောဆိုခဲ့ဘူးပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းသားတွေ အတွက်သာမက ပြည်သူတွေအတွက်ပါ စစ်အာဏာရှင် စနစ်ရဲ့ ဆိုးရွားခါးသီးတဲ့ အရသာကို ပထမဆုံး မြည်းခဲ့ရတာပါ။ သမဂ္ဂ အဆောက်အအုံကိုလည်း ဒီနေ့အထိ ပြန်မဆောက်နိုင်သေးသလို ကျောင်းသား လူငယ်တွေ ရင်ထဲက ဒဏ်ရာလည်း မပြေပျောက်သေးပါဘူး။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း စတင်ခဲ့တဲ့ စစ်တပ်နဲ့ ကျောင်းသားထုကြားက “စစ်ပွဲ” ဟာ အဆုံးမသတ်ခဲ့ပါဘူး။

ဗိုလ်နေဝင်းရဲ့ စစ်အုပ်စုဟာ အတိုက်အခံ ဆန့်ကျင်သူတွေကို ဆက်လက် နှိမ်နင်း ဖြိုခွဲခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို ထောင်ဒဏ် တသက်တကျွန်းချပြီး ကိုကိုးကျွန်းကို ပို့ခဲ့တယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့သူတွေ အများအပြားဟာ မတရား ဖမ်းဆီး နှိပ်စက်မခံရဖို့ နိုင်ငံကို စွန့်ခွာခဲ့ကြရတယ်။ သူတို့အများစုဟာ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ကြရတယ်။ အဲဒီအချိန်ကစလို့ ထိုင်းနိုင်ငံဟာ သူတို့ရဲ့ ခိုလုံရာ ဖြစ်လာပါတယ်။ သူတို့တွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်ပကို ပထမဆုံး ရောက်လာတဲ့ သူတွေလို့ ဆိုရမှာပါ။

နိုင်ငံရေးအရ သဘောထားကွဲလွဲ ဆန့်ကျင်သူတွေကို အဲလို ပြင်းထန်တဲ့ ဖိနှိပ်မှုတွေရှိပေမယ့် ဆန့်ကျင်ကန့်ကွက်မှုတွေ ကတော့ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်တော့ “ဦးသန့်အရေးအခင်း” သို့မဟုတ် “ဦးသန့်ဈာပနအရေးအခင်း” ဖြစ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် ဝန်းကျင် မှာလည်း အလုပ်သမားသပိတ်တွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ စာပေပညာရှင်ကြီးနဲ့ ငြိမ်းချမ်းရေးဖခင် အဖြစ် လေးစားကြည်ညိုခံရတဲ့ သခင်ကိုယ်တော်မှိုင်း မွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေး အခမ်းအနား ကျင်းပလို့ ကျောင်းသား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ ရပါတယ်။

ဒါပေမယ့် အာဏာသိမ်း စစ်အစိုးရ (တနည်းအားဖြင့်) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဆန့်ကျင်တဲ့ အဲဒီဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံး အုံကြွတဲ့အဆင့်ကို မရောက်ခဲ့ပါဘူး။ အဲဒီဆန္ဒပြပွဲတွေမှာ ပါဝင်ဆန္ဒပြသူ သိပ်မများသလို နေရာဒေသအရလည်း ရန်ကုန် ဝန်းကျင်လောက်မှာပဲ ဖြစ်ပွားခဲ့ ကြပါတယ်။ (အလုပ်သမားသပိတ် ကတော့ ရန်ကုန်အပြင် တခြားမြို့နယ် တချို့မှာလည်း ဖြစ်ခဲ့ပါတယ်။ ) အဲဒီအချက်ဟာ ၁၉၆၂ ခုနှစ် ပထမဆုံး အာဏာသိမ်းမှုနဲ့ နောက်ထပ် အာဏာသိမ်းမှုတွေ (၁၉၈၈ နှင့် ၂၀၂၁) အကြား အဓိက ကွဲပြားခြားနားချက်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှု ၃ ခုလုံးရဲ့ သဘောသဘာဝနဲ့ အာဏာသိမ်းသူတွေရဲ့ ရည်ရွယ်ချက်တွေကတော့ အတူတူပါပဲ။

အာဏာသိမ်းမှု အားလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက်

Cambridge အဘိဓာန်မှာ “coup d”état” နဲ့ သူ့ရဲ့ အတိုကောက်ဖြစ်တဲ့ “coup” ကို “a sudden illegal, often violent, taking of government power, especially by part of an army” လို့ဖွင့်ဆိုထားတဲ့အတွက် “စစ်တပ်က (အထူးသဖြင့် စစ်တပ်ရဲ့ တစိတ်တပိုင်းက) အစိုးရရဲ့ အာဏာကို အကြမ်းဖက်တဲ့နည်းနဲ့ တရားမဝင် ရ (သိမ်း) ယူခြင်း” လို့ဖေါ်ပြပါတယ်။

အာဏာသိမ်းတဲ့ ခေတ်တွေ မတူတဲ့အတွက် အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေလည်း မတူကြပါဘူး။ ဒါပေမယ့် အာဏာသိမ်းမှု အားလုံးကို ကျူးလွန်တာကတော့ ‘တပ်မတော်’ လို့ ခေါ် တဲ့ စစ်တပ်ကပဲ ဖြစ်ပါတယ်။ အင်စတီကျူးရှင်း အနေနဲ့ ဆိုရင် တခုတည်းပါပဲ။

မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှု အားလုံးဟာ ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ တထပ်တည်း ကျပါတယ်။ အာဏာသိမ်းတဲ့ ခေတ်တွေ မတူတဲ့အတွက် အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေလည်း မတူကြပါဘူး။ ဒါပေမယ့် အာဏာသိမ်းမှု အားလုံးကို ကျူးလွန်တာကတော့ “တပ်မတော်” လို့ ခေါ် တဲ့ စစ်တပ်ကပဲ ဖြစ်ပါတယ်။ အင်စတီကျူးရှင်း အနေနဲ့ ဆိုရင် တခုတည်းပါပဲ။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း

နောက်ပြီး ခေတ်တွေကွဲပေမယ့် အာဏာသိမ်းဗိုလ်ချုပ်တွေရဲ့ ရည်ရွယ်ချက်တွေကတော့ မကွဲပါဘူး။ တိုင်းပြည်အပေါ် နိုင်ငံရေး စီးပွားရေးတွေ ထိန်းချုပ်ပြီး အကြွင်းမဲ့အာဏာကို ချုပ်ကိုင်နိုင်ဖို့၊ ပြီးတော့ ဒီမိုကရေစီ နဲ့ လစ်ဘရယ် အင်အားစုသစ်တွေကို ဆန့်ကျင်ဖို့ တနည်းအားဖြင့် နေရာမပေးဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါအပြင် တနိုင်ငံလုံးကို စိတ်တိုင်းကျ ချယ်လှယ်နိုင်ဖို့နဲ့ ပြည်သူတရပ်လုံးကို သူတို့အလိုကျ အုပ်ချုပ်နိုင်ဖို့လည်း ပါပါတယ်။

ခေတ်အလိုက် အာဏာသိမ်း ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်တွေကို ကြည့်ကြည့်မယ်ဆိုရင် သူတို့အတွက် ရည်ရွယ်ချက် ကတော့ တခုတည်းပါ။

၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဟာ နိုင်ငံရဲ့ ပထမဆုံး ပါလီမန် ဒီမိုကရေစီစနစ် ကို ဖျက်စီးခဲ့တယ်။ (မြန်မာ အာရှနိုင်ငံတွေထဲမှာ ဒီမိုကရေစီကို အစောဆုံး စတင် ကျင့်သုံးတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။) အာဏာသိမ်းမှုက ဒီမိုကရေစီ စနစ်နဲ့ အတူ “အာရှ စပါးကျီ” လို့ တင်စားခေါ်လောက်အောင် ကောင်းမွန်တိုးတက် နေတဲ့ စီးပွားရေးစနစ်ကိုပါ ဖျက်ဆီးခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းမှုဟာ “၈၈ ဒီမိုကရေစီ အရေးတော်ပုံ” ကြောင့် သန္ဓေတည်ပြီး ပြန်လည် မွေးဖွားလာတော့မယ့် ဒီမိုကရေစီကို တားဆီးခဲ့တယ်။ (၈၈ ဒီမိုကရေစီအရေးတော်ပုံကြောင့် စစ်အစိုးရဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ခံပါတီအနေနဲ့ အစိုးရဖွဲ့ ခွင့်ကို မရခဲ့တဲ့ အတွက် သန္ဓေစတည် နေပြီဖြစ်တဲ့ ဒီမိုကရေစီ ပျက်စီးခဲ့ရတာပါ။)

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက အသစ်ပြန်လည် မွေးဖွားလာတဲ့ ဒီမိုကရေစီ စနစ်ကို အမြစ်ဖြတ်ခဲ့တယ်။ (ဒီ နောက်ဆုံးအာဏာသိမ်းမှုက ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုနီးပါး နိုင်ငံရေး စီးပွားရေး တိုးတက်မှုနဲ့ လွတ်လပ်မှုတွေကို အဆုံးသတ်ခဲ့တယ်။)

စစ်အာဏာသိမ်းမှုကို တက္ကသိုလ်ကျောင်းသားသမဂ္ဂကသာ ဆန့်ကျင်ဆန္ဒပြခဲ့သည်

ဆိုတော့ ဒီအာဏာသိမ်းမှု တွေအားလုံးဟာ ဒီမိုကရေစီကို ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တာပါ။

အဲဒီအာဏာသိမ်းမှုတွေကို ကျနော်တို့ မြန်မာပြည်သူတွေက တနည်းနည်းနဲ့ ဆန့်ကျင်ပေမယ့် ဆန့်ကျင်မှုအဆင့်တွေ ကွာခြားကြပါတယ်။ ဒါပေမယ့် ပထမဆုံး အာဏာသိမ်းမှုကို ဆန့်ကျင်မှုကတော့ အားအနည်းဆုံးပါ။ အင်္ဂလိပ်ဘာသာစကားမှာလိုပဲ မြန်မာဘာသာစကားမှာလည်း ဆန့်ကျင်မှုအဆင့်တွေကို ဖေါ်ပြတဲ့ စကားလုံး အမျိုးမျိုးရှိပါတယ်။ ၁၉၆၂ အာဏာသိမ်းမှုနဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြည်သူရဲ့ တုံ့ပြန်မှုတွေဟာ အရေးအခင်း၊ ဆန့်ကျင်ဆန္ဒပြပွဲ ဒါမှမဟုတ် ဆန္ဒဖော်ထုတ်မှု အဆင့်ကို မကျော်လွန်ပါဘူး။ အင်္ဂလိပ်လိုဆိုရင် “Riot” “Protest” နဲ့ “Demonstration” တွေဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၈၈ နဲ့ ၂၀၂၁ ကာလတွေမှာတော့ အရေးတော်ပုံ “Uprising” သို့မဟုတ် တော်လှန်ရေး “Revolution” လို့ ခေါ်ဝေါ်နိုင်လောက်အောင် ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ “၈၈ ဒီမိုကရေစီ အရေးတော်ပုံ” နဲ့ “၂၀၂၁ နွေဦးတော်လှန်ရေး” လို့ အမည်တပ်ခံခဲ့ရပါတယ်။ (ဒီနေရာမှာ သတိပြုဖို့က နွေဦးတော်လှန်ရေးဟာ အစကနဦးမှာ အရေးတော်ပုံ တခုပါပဲ။ တကယ့် တော်လှန်ရေး တခု ဖြစ်လာဖို့ အချိန်အနည်းငယ် ယူခဲ့ရပါတယ်။ ဒါကို နောက် ဆောင်းပါးတွေမှာ ဆက်လက်ဆွေးနွေးသွားမှာပါ။)

၁၉၈၈ နဲ့ ၂၀၂၁ အာဏာသိမ်းမှုတွေအပေါ် ပြည်သူရဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေဟာ “အရေးတော်ပုံ” ကနေ “တော်လှန်ရေး” အဖြစ် ဘယ်လိုဆင့်ကဲ ဖြစ်ပေါ် တိုးတက်လာသလဲ ဆိုတာကို သေချာ နားလည်မယ်ဆိုရင် ဒီနေ့ စစ်ကောင်စီကို ဆန့်ကျင်မှုဟာ မြန်မာ့သမိုင်းမှာ ဘာကြောင့် အားအကောင်းဆုံး ဖြစ်လာတယ်ဆိုတာကို ကျနော်တို့ နားလည်နိုင်မှာပါ။

အဲဒီ ၁၉၈၈ နဲ့ ၂၀၂၁ အာဏာသိမ်းမှုတွေအပေါ် ပြည်သူရဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေဟာ “အရေးတော်ပုံ” ကနေ “တော်လှန်ရေး” အဖြစ် ဘယ်လိုဆင့်ကဲ ဖြစ်ပေါ် တိုးတက်လာသလဲ ဆိုတာကို သေချာ နားလည်မယ်ဆိုရင် ဒီနေ့ စစ်ကောင်စီကို ဆန့်ကျင်မှုဟာ မြန်မာ့သမိုင်းမှာ ဘာကြောင့် အားအကောင်းဆုံး ဖြစ်လာတယ်ဆိုတာကို ကျနော်တို့ နားလည်နိုင်မှာပါ။ ဒါဟာ ၁၉၄၅ ခုနှစ် “ဖက်ဆစ် ဂျပန် တော်လှန်ရေး” နောက်ပိုင်း (သို့) လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျနော်တို့ မြန်မာ့သမိုင်းမှာ ပေါ်ပေါက်လာတဲ့ တခုတည်းသော တော်လှန်ရေး ဖြစ်ပါတယ်။ “စစ်အာဏာရှင် တော်လှန်ရေး” လို့ အမည်တပ်ရမှာပါ။

တနိုင်ငံလုံး အုံကြွခဲ့တဲ့ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုဟာ “အရေးတော်ပုံ” (Uprising) အဆင့်မှာ ရပ်တန့်သွားပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်း ဆန့်ကျင်မှုကတော့ “တော်လှန်ရေး” (Revolution) အဖြစ် ဘာကြောင့် ပြောင်းလဲ သွားရတာလဲ။ ဒီမေးခွန်းကို ဒီအခန်းဆက် ဆောင်းပါး အပိုင်း ၂ နဲ့ ၃ မှာ ဆက်လက် ဆွေးနွေးမှာဖြစ်ပြီး “၈၈ အရေးတော်ပုံ” ကနေ မြန်မာပြည်သူတွေ ဘဝနဲ့ရင်းပြီး ရရှိခဲ့တဲ့ နိုင်ငံရေး သင်ခန်းစာတွေကိုလည်း တင်ပြသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီသင်ခန်းစာ တွေဟာ မပြီးဆုံးသေးတဲ့ ဒီမိုကရစီတိုက်ပွဲကို နောက်တဆင့် တက်ဖို့ မြန်မာပြည်သူတွေအတွက် ဘယ်လိုတွန်းအားတွေ ဖြစ်စေခဲ့လည်း ဆိုတာကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်ပြီး သူ၏ Evolution of the Myanmar Revolution (Part 1): Why the “Mother Coup” Faced Little Resistance ကို ဘာသာပြန်သည်။)

You may also like these stories:

မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

တရုတ် ဖြတ်လေးဖြတ်နှင့် မြန်မာ့ အင်္ဂါဂြိုဟ်

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

Your Thoughts …
Tags: ၁၉၆၂ ခုနှစ်Mother Coupစစ်ခေါင်းဆောင် မင်းအောင်လှိုင်စစ်အာဏာရှင်စနစ်စစ်အာဏာသိမ်းမှုဆင့်ကဲဖြစ်ပေါ် တိုးတက်မှုဆိုရှယ်လစ်ဗိုလ်ချုပ်နေဝင်းမြန်မာ့တော်လှန်ရေး
ကျော်စွာမိုး

ကျော်စွာမိုး

ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းအယ်ဒီတာ ဖြစ်သည်။

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.8k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.2k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.1k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
စစ်ဖြစ်နေသော မြန်မာသို့ အကူအညီစင်္ကြံဖွင့်ရေး ICRC တွန်းအားပေးနေ

စစ်ဖြစ်နေသော မြန်မာသို့ အကူအညီစင်္ကြံဖွင့်ရေး ICRC တွန်းအားပေးနေ

နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်

နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate