သုတေသီများသည် မြန်မာနိုင်ငံ၏ တော်လှန်ရေးအင်အားစုများအကြား ထူးခြားသော ဆက်စပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဆုံးဖြတ်ချက်ကို မမြင်ကြပေ။
မြေပြင်တွင် စစ်ကောင်စီ ရှုံးနိမ့်မှုများ ဆက်လက် ဖြစ်ပေါ်နေစဉ် အဓိက လွှမ်းမိုးသည့်အမြင်မှာ “စစ်တပ်သည် မပြိုကွဲနိုင်လောက်အောင် အင်အားကြီးမားသည်” ဆိုသည့် အယူအဆမှ မြန်မာသည် “ကျဆုံး” သို့မဟုတ် “ပြိုကွဲနိုင်ငံ” ဖြစ်တော့မည်ဆိုသည့် စိုးရိမ်မှုများဘက်သို့ ပြောင်းလာသည်။
နိုင်ငံ၏ ပဋိပက္ခလွန်အနာဂတ်အပေါ် စိတ်ပျက်စရာ ရုပ်ပုံလွှာကို သုတေသီ အများအပြား၊ အများဖြင့် နိုင်ငံပြင်ပမှ သုတေသီများ မကြာသေးမီက ပုံဖော်ကြသည်။ စစ်တပ်တွင် အာဏာမရှိတော့လျှင် မြန်မာသည် ကျဆုံးနိုင်ငံဖြစ်လာပြီး အလွန်ဆုံး အစိတ်စိတ်အမွှာမွှာ ဖြစ်မည်ဟု ၎င်းတို့ ပြောကြသည်။
ထိုအမြင်များသည် လစ်ဗျား၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန်နှင့် အီဂျစ်တို့ကို ဥပမာအဖြစ် မကြာခဏ ကိုးကားကြပြီး စစ်ကောင်စီ ကျဆုံးပြီးနောက် မြန်မာသည် ညီညွတ်သော ဒီမိုကရက်တစ်နိုင်ငံ ဖြစ်ဖွယ်မရှိသည့် အထောက်အထားအဖြစ် ဖော်ပြကြသည်။
မြေပြင် ပကတိအခြေအနေများနှင့် အကျွမ်းတဝင် မရှိသူများအတွက် ထိုသို့သော ဆွေးနွေးမှုများသည် ယုံကြည်ဖွယ်ရာ ဖြစ်သည်။ သို့သော် အခြားနိုင်ငံများမှ သင်ခန်းစာများက အဖိုးတန်သည့် အတွင်းသရုပ်ကို ဖော်ပြပေးသော်လည်း ၎င်းတို့သည် မြန်မာ၏အနာဂတ်ကို ဆုံးဖြတ်မည်ဟု မဆိုလိုပေ။
မြေပြင် ပကတိအခြေအနေများနှင့် အကျွမ်းတဝင် မရှိသူများအတွက် ထိုသို့သော ဆွေးနွေးမှုများသည် ယုံကြည်ဖွယ်ရာ ဖြစ်သည်။ သို့သော် အခြားနိုင်ငံများမှ သင်ခန်းစာများက အဖိုးတန်သည့် အတွင်းသရုပ်ကို ဖော်ပြပေးသော်လည်း ၎င်းတို့သည် မြန်မာ၏ အနာဂတ်ကို ဆုံးဖြတ်မည်ဟု မဆိုလိုပေ။
မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများသည် ထိုသို့ဆိုးရွားသည့် ကြိုတင်ခန့်မှန်းမှု အများအပြားကို အာခံနေပြီးဖြစ်သည်။ အကြီးအကျယ် လက်နက်တပ်ဆင်ထားသည့် စစ်ကောင်စီကို အခြေခံလက်နက်မျှဖြင့် ကနဦးတွင် တိုက်ခိုက်ပြီးနောက် တော်လှန်ရေးအင်အားစုများသည် လေးနှစ်မပြည့်မီ အချိန်အတွင်း နိုင်ငံလူဦးရေ ၆၇ ရာခိုင်နှုန်းကို စစ်ကောင်စီအောက်မှ လွတ်မြောက်စေနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဖော်ပြသည်။
ယခုအခါ စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို အခြေခံအားဖြင့် အားကိုးနေရပြီး အကြောက်တရား ဖြန့်ချိရန်နှင့် တော်လှန်ရေးကို ထောက်ခံမှု အားနည်းစေရန် အရပ်သားများကို ပိုမိုပစ်မှတ်ထားလာသည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု လေးနှစ်နီးပါး ကြာလာပြီး စစ်ကောင်စီက ဆက်လက် ရက်စက်ကြမ်းကြုတ်နေသော်လည်း မြန်မာပြည်သူအများစုသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေဆဲဖြစ်ကာ စစ်ကောင်စီကို ဖယ်ရှားရန် ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာနေသည်။
ထိုအောင်မြင်မှုသည် တော်လှန်ရေးအင်အားစုများအကြား မကြုံစဖူး ပူပေါင်းဆောင်ရွက်မှု၏ သက်သေဖြစ်ပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်း အလေးအနက် ပြောင်းလဲသွားကြောင်း ပြသနေသည်။ လူမျိုးစုနှင့် ဘာသာရေးကွဲပြားမှုကို အမြတ်ထုတ်အသုံးချသည့် စစ်ကောင်စီ၏ ကာလကြာမြင့်ပြီဖြစ်သော သေနင်္ဂဗျူဟာကို ဘုံတော်လှန်ရေးတပ်ဦးက ဖျက်သိမ်းပစ်လိုက်သည်။
ဘုံတိုက်ပွဲဖြင့် တည်ဆောက်ထားသည့် ကွဲပြားခြားနားသော တပ်ပေါင်းစုသည် အားလုံး ပိုမိုအကျုံးဝင် ဖက်ဒရယ်ဆန်သော ဒီမိုကရက်တစ်မြန်မာအတွက် လမ်းခင်းပေးသည်။ တော်လှန်ရေးအင်အားစုများ၏ ခံနိုင်ရည်က သဘောထားကွဲလွဲမှုဟောင်းများကို ဖြတ်ကျော်ပြီး ဒီမိုကရက်တစ်အနာဂတ်ကို တည်ဆောက်ရန် ပြည်သူများ၏ ဆုံးဖြတ်ချက်ကို ပြသနေသည်။
နိုင်ငံရေးသိပ္ပံ မူပုံစံများသည် အသုံးဝင်သောမူဘောင်များကို ချပြသော်လည်း ဖြစ်ပေါ်နေသည့် ပိုမိုနက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာနှင့် လူမှုစနစ်များကို မမြင်နိုင်ကြပေ။ လစ်ဗျား၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန်နှင့် အီဂျစ်ကဲ့သို့သော နိုင်ငံများနှင့် နှိုင်းယှဉ်ခြင်းသည် အဓိကကျသည့် ကွဲလွဲမှုများကို ထည့်သွင်း မစဉ်းစားဘဲ ထိုကွဲပြားခြားနာမှုများကြောင့် မြန်မာသည် ပိုမိုအပြုသဘောဆောင်သည့် လမ်းကြောင်းသို့ သွားနိုင်သည်။
နိုင်ငံရေးသိပ္ပံ မူပုံစံများသည် အသုံးဝင်သော မူဘောင်များကို ချပြသော်လည်း ဖြစ်ပေါ်နေသည့် ပိုမိုနက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာနှင့် လူမှုစနစ်များကို မမြင်နိုင်ကြပေ။ လစ်ဗျား၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန်နှင့် အီဂျစ်ကဲ့သို့သော နိုင်ငံများနှင့် နှိုင်းယှဉ်ခြင်းသည် အဓိကကျသည့် ကွဲလွဲမှုများကို ထည့်သွင်း မစဉ်းစားဘဲ ထိုကွဲပြားခြားနာမှုများကြောင့် မြန်မာသည် ပိုမိုအပြုသဘောဆောင်သည့် လမ်းကြောင်းသို့ သွားနိုင်သည်။
မြန်မာနှင့် လစ်ဗျား
ပဋိပက္ခလွန် နာလန်ထရေးတွင် အစိတ်စိတ်အမွှာမွှာ ကြေမွနေသော အမျိုးသားအင်စတီကျူးရှင်းများကို တစစီ ပြန်လည် တည်ဆောက်ရသည့် လစ်ဗျားနှင့်မတူဘဲ မြန်မာတွင် ဒီမိုကရက်တစ်အုပ်ချုပ်ရေး တစိတ်တပိုင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အခြေကျပြီး နိုင်ငံရေးပါတီများသမိုင်းကြောင်း ရှိသည်။
မြန်မာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုများတွင် ပါဝင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း အတွေ့အကြုံရှိသည်။ ထိုအချက်များသည် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ လက်ရှိ အင်စတီကျူးရှင်းများအတွက် အုတ်မြစ်ချပေးပြီး လစ်ဗျားတွင်ကဲ့သို့ အစမှ ပြန်လည် တည်ဆောက်ရမည် မဟုတ်ပေ။
မြန်မာနှင့် လိုက်ဘေးရီးယား
လိုက်ဘေးရီးယား ပြည်တွင်းစစ်ကို လူမျိုးစုနစ်နာမှုများ၊ အထက်လွှာလွှမ်းမိုးမှုနှင့် သယံဇာတအတွက် စစ်ပွဲတို့က မောင်းနှင်ပြီး ပြင်ပ စွက်ဖက်မှု အများအပြားရှိသည်။ တဖက်တွင် မြန်မာ၏ ပဋိပက္ခသည် လူမျိုးစု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်မှုတို့နှင့် အခြေခံအားဖြင့် ပတ်သက်ပြီး နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးကို အာရုံစိုက်သည်။
ထို့ပြင် မြန်မာဆိုင်ရာ နိုင်ငံတကာတုံ့ပြန်မှုသည် အရေးယူပိတ်ဆို့မှုနှင့် လူသားချင်းစာနာမှု စိုးရိမ်ပူပန်မှုများကို ပိုမိုအာရုံစိုက်ပြီး လိုက်ဘေးရီးယားတွင် တွေ့ရသည့် ဒေသတွင်း စစ်ရေးစွက်ဖက်မှုများ မရှိပေ။
မြန်မာနှင့် အီဂျစ်
အီဂျစ်တွင် ၂၀၁၁ ခုနှစ်၌ တော်လှန်ရေးတွင် လူထုအခြေပြုအဖွဲ့အစည်းက အခန်းကဏ္ဍတခုမှ ပါဝင်သော်လည်း ၂၀၁၃ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း သမ္မတ အယ်လ်စီစီ လက်အောက်တွင် လူထုအခြေပြုအဖွဲ့အစည်း ဖိနှိပ်ခံရသည်။
မြန်မာတွင် ဖြုတ်ချခံ လွှတ်တော် ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အဓိက အတိုက်အခံအင်အားစုအဖြစ် ထွက်ပေါ်လာသည်။ အီဂျစ်နှင့်မတူဘဲ မြန်မာလူထုအခြေပြု အဖွဲ့အစည်းသည် အုပ်ချုပ်ရေးကို ပုံဖော်ရာတွင် ထူးခြားသောအခန်းမှ ပါဝင်ပြီး ပဋိပက္ခလွန်ကာလတွင် လူ့အခွင့်အရေးနှင့် လူမျိုးစု ပြန်လည်သင့်မြတ်ရေးကို အားပေးသည်။
မြန်မာနှင့် ဆီရာလီယွန်
ဆီရာလီယွန် လူထုအခြေပြုအဖွဲ့အစည်းသည် ပြည်တွင်းစစ်အတွင်းနှင့် နောက်ပိုင်းတွင် နှိုင်းယှဉ်ကြည့်လျှင် အားနည်းပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ပြန်လည် နေရာချထားရေးအတွက် ပြင်ပအင်အားစုများကို အကြီးအကျယ် မှီခိုရသည်။
သို့သော် မြန်မာတွင် လူထုအခြေပြုအဖွဲ့အစည်းသည် အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် များစွာ ပိုမိုတောင့်တင်းကြံ့ခိုင်သည်။ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများ၊ တက်ကြွလှုပ်ရှားသူ အုပ်စုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရာတွင် ဗဟိုချက်ဖြစ်သည်။
ပဋိပက္ခလွန် အသွင်ကူးပြောင်းရေးတွင် မြန်မာ့လူထုအခြေပြုအဖွဲ့အစည်းသည် အဓိကအခန်းမှ ပါဝင်ဖွယ်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြင်ပအင်အားစုများ ပိုမိုကြီးမားသည့် အခန်းမှပါဝင်နေသည့် ဆီရာလီယွန်နှင့် မတူပေ။
စစ်ကောင်စီ ကျဆုံးပြီးနောက် မြန်မာ၏အနာဂတ်ကို ကြိုတင်ခန့်မှန်းရာတွင် ထိုဥပမာများကို သုံးရန် မသင့်လျော်ပေ။ မြန်မာ၏ သမိုင်းအခြေအနေ၊ လူထုအခြေပြုအဖွဲ့အစည်းနှင့် တော်လှန်ရေးလှုပ်ရှားမှုက ပိုမိုအကောင်းမြင်လည့် လမ်းကြောင်းကို ညွှန်ပြနေသည်။
စစ်ကောင်စီ ကျဆုံးပြီးနောက် မြန်မာ၏အနာဂတ်ကို ကြိုတင်ခန့်မှန်းရာတွင် ထိုဥပမာများကို သုံးရန် မသင့်လျော်ပေ။ မြန်မာ၏ သမိုင်းအခြေအနေ၊ လူထုအခြေပြုအဖွဲ့အစည်းနှင့် တော်လှန်ရေးလှုပ်ရှားမှုက ပိုမိုအကောင်းမြင်သည့် လမ်းကြောင်းကို ညွှန်ပြနေသည်။
အထက်တွင် ဖော်ပြထားသည့် ကိစ္စများနှင့်မတူဘဲ မြန်မာပြည်သူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု တောင်းဆိုခြင်းသည် ကျယ်ပြန့်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် NUG အပါအဝင် အားလုံးနှင့် သက်ဆိုင်သည်။ စစ်ကိုင်းနှင့် တနင်္သာရီကဲ့သို့ ဒေသများတွင် တခါတရံ ဖြစ်တတ်သည့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တော်လှန်ရေးအင်အားစုများအပေါ် ဖိအား ကြီးထွားနေသည်။
၁၀ နှစ်ကြာ နှိုင်းယှဉ်ချက်အားဖြင့် ပွင့်လင်းမှုသည် လျင်မြန်သော စီးပွားရေး၊ ပညာရေးတိုးတက်မှုနှင့်အတူ ယခု တော်လှန်ရေးအတွက် အုတ်မြစ်ချပေးသည်။ ထို့ပြင် ဗြိတိသျှကိုလိုနီခေတ်က အများအားဖြင့် အမြစ်တွယ်နေသည့် မြန်မာ၏ နိုင်ငံတော် အင်စတီကျူးရှင်းများသည် ခံနိုင်ရည်ရှိကြောင်း ပြသနေသည်။ ကာလကြာမြင့်ပြီဖြစ်သော တိုင်းရင်းသား EAO များသည်လည်း ဖရိုဖရဲအခြေအနေထက် ဒေသ သို့မဟုတ် ပြည်နယ်အဆင့် အုပ်ချုပ်ရေးအတွက် အုတ်မြစ်ဖြစ်စေနိုင်သည့် အုပ်ချုပ်ရေးစွမ်းရည်များ ပိုင်ဆိုင်ကြသည်။
နိုင်ငံရေး တန်းတူညီမျှမှုသည် မြန်မာတွင် ဆွေးနွေးရန် အကြောင်းအရာ ဖြစ်နေသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာပြီဖြစ်သော်လည်း ယခုအခါ ထိုအကြောင်းအရာကို တနိုင်ငံလုံးတွင် ပိုမိုကျယ်ပြန့်စွာ ပြောဆိုကြသည်။ လက်ရှိ အကျပ်အတည်းအတွက် စစ်ကောင်စီတွင် တာဝန်ရှိပြီး တော်လှန်ရေးကိုဖြစ်စေသည့် မလိုအပ်သော အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သည်။ ထိုအချက်သည် အုံကြွမှုများ အလိုအလျောက် ဖြစ်ပေါ်သည့် အာရပ် နွေဦးတော်လှန်ရေးနိုင်ငံများနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်။
မြန်မာနှင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် လွန်စွာ ကြီးမားသော်လည်း နိုင်ငံသည် ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံသစ် ဖြစ်လာမည့် အလားအလာရှိသည်ဟု ယုံကြည်ရန် ခိုင်မာသော အကြောင်းရင်းများ ရှိနေသည်။
(The Diplomat ပါ Miemie Winn Byrd ၏ Myanmar is Not About to Become a ‘Fractured’ State ကို ဘာသာပြန်သည်။ ဒေါက်တာ မီမီဝင်းဘတ်သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye အာရှ-ပိစိဖိတ်လုံခြုံရေးလေ့လာမှုဌာန (APCSS) မှ ပါမောက္ခဖြစ်ပြီး အမေရိကန်စစ်တပ်တွင် ဒုဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။)
You may also like these stories:
Tipping Point ကိုကျော်ပြီး End Point ကိုသွားနေပြီ (ရုပ်/သံ)
“စစ်တပ်က စစ်ပန်းနေပြီ” (ရုပ်/သံ)
“အရင်ကတည်းက မန္တလေး တောင်ကြီး သွားမယ်လို့ သူတို့ မပြောထားဘူး” (ရုပ်/သံ)
အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်
မြန်မာကို ကြားကာလ နိုင်ငံတော်အဖြစ် ရှုမြင်ခြင်း