မျှော်လင့်ချက်ကင်းမဲ့နေသော စစ်ကောင်စီသည် အရပ်သားများကို ခြိမ်းခြောက်ကာ ရေဘေးအကူအညီများကို အလစ်သုတ်ပြီး ၎င်းတို့တပ်သားများ၏ အသက်အာမခံများကိုပင် ခိုးယူနေသည်။
တရားမဝင် အာဏာသိမ်းကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာစစ်တပ်သည် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းမည်ဟု မည်သည့်အခါမှ မမျှော်လင့်နိုင်တော့ပေ။
သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုက လွန်ခဲ့သော တနှစ်ခန့်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၎င်းတို့၏ ဆုံးရှုံးမှုများကြောင့် စစ်တပ်သည် ပိုမိုပြင်းထန်သော မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ပြုလုပ်နေသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း အရပ်သားသေဆုံးမှု ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးလာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။
အရပ်သား ၂,၄၁၄ ဦး သေဆုံးသည့်အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် ကလေး ၈၈ ဦးနှင့် အမျိုးသမီး ၁၂၅ ဦး အပါအဝင် လူ ၁,၃၂၆ ဦး ဖမ်းဆီးချုပ်နှောင်ထားခံရစဉ် သေဆုံးကြောင်း ထိုအစီရင်ခံစာက အသေးစိတ် ဖော်ပြသည်။
ထိုအစီရင်ခံစာတွင် ကွပ်မျက် သတ်ဖြတ်ခြင်း၊ အလွန်ဆိုးရွားစွာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ပုံမှန် ညှဉ်းပန်းနှိပ်စက်ခြင်းများကိုလည်း ဖော်ပြထားသည်။ စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်မှုမှ မသေဘဲ ပြန်လည် လွတ်မြောက်လာသူများက ထောင်များနှင့် စစ်တပ် စစ်ကြောရေးစခန်းများမှ ဆိုးရွားသော အခြေအနေများကို ပြန်လည် ပြောကြားကြသည်။
ယခုအခါ စစ်ကောင်စီသည် လာမည့်ရက်များအတွင်း စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ငါးဦးကို ကွပ်မျက်တော့မည်ဆိုသည့် သတင်းများ ပေါက်ကြားလာသည်။
ဦးကျော်မင်းယု (ကိုဂျင်မီ) နှင့် ဦးဖြိုးဇေယျာသော် အပါအဝင် တက်ကြွလှုပ်ရှားသူ လေးဦးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တုန်လှုပ်စရာ ကွပ်မျက်ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ အနည်းဆုံး ၁၁၂ ဦး ရှိသည်။ စစ်မြေပြင်တွင် ဆုံးရှုံးမှု များနေသော်လည်း အခိုင်အမာ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စစ်ကောင်စီက ထိုကွပ်မျက်မှုများဖြင့် ပြည်တွင်းပြည်ပသို့ သတင်းစကားပေးရန် ဆန္ဒရှိနေသည်။
အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ အနည်းဆုံး ၁၁၂ ဦး ရှိသည်။ စစ်မြေပြင်တွင် ဆုံးရှုံးမှု များနေသော်လည်း အခိုင်အမာ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စစ်ကောင်စီက ထိုကွပ်မျက်မှုများဖြင့် ပြည်တွင်းပြည်ပသို့ သတင်းစကားပေးရန် ဆန္ဒရှိနေသည်။
စစ်ရာဇဝတ်မှုများသည် သေနင်္ဂဗျူဟာ
အရပ်သားများကို ရည်ရွယ် ဗုံးကြဲခြင်း၊ စစ်အကျဉ်းသားများကို သတ်ဖြတ်ခြင်းနှင့် နိုင်ငံသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို စုပေါင်းအပြစ်ပေးမှုအဖြစ် ကမ္ဘာက လျစ်လျူရှုနေသည်။ အာဏာသိမ်းပြီးနောက် လူပေါင်း ၂၇,၀၀၀ ကျော်ဖမ်းဆီးခံရသည်။
စစ်ကောင်စီတပ်များက လက်စားချေ မီးရှို့သောကြောင့် ၂၀၂၄ ခုနှစ်၊ ပထမ ခြောက်လအတွင်းတွင်ပင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတွင် နေအိမ်ပေါင်း ၁,၀၅၀ မီးလောင်သည်။
လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လာသောကြောင့် အရပ်သားသေဆုံးမှု မြင့်မားလာကြောင်း လွတ်လပ်သော အာရှအသံ (RFA) က မှတ်တမ်းတင်ထားသည်။
ထိုကိစ္စသည် အံ့သြစရာမဟုတ်ပေ။ ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းနှင့် ပုန်ကန်မှုအတွက် စစ်သားစုဆောင်းမှု ဖြတ်တောက်ရေးဆိုသည့် စစ်တပ်၏ “ဖြတ်လေးဖြတ်” ဟုခေါ်သော ပုန်ကန်မှုနှိမ်နင်းရေး နည်းလမ်းသည် စစ်အုပ်စုဆန့်ကျင်ရေး အင်အားစုများကို ထောက်ခံမှုအတွက် အတားအဆီးအဖြစ် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားရေး ဖြစ်သည်။
စစ်ရာဇဝတ်မှုများသည် စစ်တပ်၏ သေနင်္ဂဗျူဟာ အမြဲတမ်းဖြစ်ခဲ့ပြီး စစ်သားများကို မုဒိမ်းမှုအပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် အမြဲအားပေးသည်။
စစ်တပ်သည် အရေးပါသော စစ်မြေပြင် ခြောက်ခုတွင် တိုက်ခိုက်နေပြီး အားလုံးတွင် ရှုံးနိမ့်နေသည်။ ရှမ်းပြည်မြောက်ပိုင်း တခုတည်းတွင်ပင် မြို့များ၏ ၆၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးသည်။
ယခုအခါ အတိုက်အခံအင်အားစုများသည် အဓိကကျသည့်လမ်းများနှင့် မြစ်ကြောင်းများကို ထိန်းချုပ်ထားပြီး စစ်တပ်လှုပ်ရှားမှုနှင့် အင်အားပြန်လည်ဖြည့်တင်းမှုကို ခက်ခဲစေသည်။ စစ်တပ်က ပြန်လည် လက်စားချေနိုင်သည့် တခုတည်းသောနည်းလမ်းမှာ လေကြောင်းဗုံးကြဲခြင်းနှင့် အဝေးပစ်အမြောက်များဖြင့် ပစ်ခတ်ခြင်းသာ ဖြစ်သည်။
စစ်တပ်သည် အတိုက်အခံတပ်များကို မသတ်နိုင်ပါက ထိုအတိုက်အခံတပ်များကို ထောက်ခံသည့် ပြည်သူများကို သတ်မည်ဖြစ်သည်။
ဇာတ်တူသားစား
စစ်တပ်သည် ထိုမျှဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သောကြောင့် ၎င်းတို့အတွက် ခွင့်လွှတ်ရန်ခက်သည်။ ၎င်းတို့၏ သားကောင်ရှာသော စရိုက်သည် ၎င်းတို့ တပ်ဖွဲ့ဝင်များ၏ ဝင်ငွေကို လုယက်ခြင်းမှ စတင်သည်။
စစ်တပ်သည် ထိုမျှဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သောကြောင့် ၎င်းတို့အတွက် ခွင့်လွှတ်ရန်ခက်သည်။ ၎င်းတို့၏ သားကောင်ရှာသောစရိုက်သည် ၎င်းတို့ တပ်ဖွဲ့ဝင်များ၏ ဝင်ငွေကို လုယက်ခြင်းမှ စတင်သည်။
လစာအနည်းငယ်သာ ရသော်လည်း စစ်သားများသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) သို့ လစဉ်ငွေ ထည့်ဝင်ရသည်။ ထိုထည့်ဝင်ရသည့် ပမာဏသည် ရာထူးအလိုက် ကွာခြားသော်လည်း အားလုံး ထည့်ဝင်ရသည်။
အကျိုးအမြတ်ကို နှစ်ကုန်တွင် ပေးရမည်ဟု ယူဆရသော်လည်း အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်ခြင်းကြောင့် MEHL သည် မည်သည့် အကျိုးအမြတ်မှ မပေးအပ်နိုင်ပေ။
စစ်တပ်၏ သေဆုံးထိခိုက်မှုအာမခံသည် ထို့ထက်ပင် အခြေအနေများစွာ ဆိုးရွားသည်။
၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ထူထောင်သည့် အောင်မြင့်မိုရ်မင်း အာမခံကုမ္ပကီသည် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအစား ၂၀၁၅ ခုနှစ်မှ စတင်ပြီး စစ်သားများကို အသက်အာမခံ လက်ဝါးကြီးအုပ် ရောင်းချသည်။ ထိုလုပ်ငန်းတွင် MEHL မှတဆင့် စစ်တပ်ပိုင်ဆိုင်မှု မည်မျှရှိသည်ကို မသိရပေ။
ရာထူးအနိမ့်ဆုံး စစ်သားများသည်ပင် ကျပ် ၅ သိန်း (အတင်းအကျပ် ငွေလဲနှုန်းအရ ၂၈၃ ဒေါ်လာ) ကုန်ကျသည့် အသက်အာမခံ နှစ်နှစ်ဝယ်ယူရပြီး လစဉ်အာမခံငွေ ၈,၄၀၀ ကျပ် ပေးရသည်။
အတင်းအကျပ် တပ်သား စုဆောင်းထားသည့် စစ်သင်တန်း ငါးခုအပါအဝင် မကြာသေးမီက စစ်မြေပြင် ဆုံးရှုံးမှုများအတွင်း ထိုကုမ္ပဏီသည် ၎င်းတို့ရသလောက် ပြန်လည်ပေးလျော်ရခြင်း မရှိပေ။
ဆင်းရဲနွမ်းပါးသော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေအရ ထိုကုမ္ပဏီ၏ ငွေရင်းသည် လွန်စွာနိမ့်ကျသည်ဟု ယူဆရသည်။
မင်းအောင်လှိုင်၏ လောဘကြီးသော ဆွေမျိုးစုကို အားလုံး ထင်ထားသည့်အတိုင်း ထိုအာမခံကုမ္ပဏီသည် လိမ်လည်နေသည်။ သေဆုံးသွားသည့် စစ်သားအများအပြားကို ထိုအာမခံကုမ္ပဏီက “တိုက်ပွဲအတွင်း ပျောက်ဆုံး” ဟု စာရင်းသွင်းထားသည်။
အခြားကိစ္စများတွင် စာရွက်စာတမ်း ဟာကွက်များနှင့် လစဉ်ကြေး မပေးမှုကြောင်း အာမခံငွေတောင်းခံမှုများကို မပေးချေကြောင်း အကြောင်းပြသည်။ ထိုအာမခံလုပ်ငန်းသည် အတိုက်အခံဘက် ပြောင်းသွားသည့် စစ်သား ခန့်မှန်းခြေ ၂၀,၀၀၀ ၏ အာမခံငွေပေးသွင်းမှုများကိုလည်း သိမ်းယူထားသည်။
စစ်ကောင်စီသည် ငွေရှာရန် ၎င်းတို့ စုဆောင်းထားသည့် စစ်သားများထံမှ ခိုးယူမည်မှာ သေချာသည်။
လက်နက် ကောင်းစွာတပ်ဆင်ထားသည် ငွေညှစ်လုပ်ငန်း
စစ်တပ်၏ ဆိုးရွားလှသော ရာဇဝတ်မှုများသည် ပိုမိုဆိုးရွားလာသည်။
စစ်တပ်၏ စီးပွားရေး မကျွမ်းကျင်မှုကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းနေသည်။ ထို့ကြောင့် စစ်တိုက်ရန် လိုအပ်သည့်ဝင်ငွေ အကြီးအကျယ် ကျဆင်းသည်။
အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒစ်ဂျစ်တယ် နွေဦးထီသည် စစ်ကောင်စီထီကို သိသိသာသာ ထိခိုက်စေသည်။ စစ်မြေပြင်တွင် နယ်မြေဆုံးရှုံးခြင်းသည်လည်း ဝင်ငွေဆုံးရှုံးစေသည်။
အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒစ်ဂျစ်တယ် နွေဦးထီသည် စစ်ကောင်စီထီကို သိသိသာသာ ထိခိုက်စေသည်။ စစ်မြေပြင်တွင် နယ်မြေဆုံးရှုံးခြင်းသည်လည်း ဝင်ငွေဆုံးရှုံးစေသည်။
မကြာသေးမီက ဆုံးရှုံးမှုများတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်း ရေနံမြေ လေးခု၊ ကျောက်မီးသွေးတွင်း၊ ခဲမဖြူ၊ ခဲနှင့် ပတ္တမြားတွင်းများ ပါဝင်သည်။ အကျိုးအမြတ်များသော ကျောက်စိမ်းနှင့် မြေရှားသတ္တုတွင်းများ ရှိသည့် ကချင်ပြည်နယ်မြောက်ပိုင်း ဖားကန့်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်နေသည်။
ရေအားလျှပ်စစ်ဆည် နှစ်ခုသည် တော်လှန်ရေးအင်အားစုလက်သို့ ကျရောက်နေပြီး အခြား ဆည်များသည် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လက်သို့ ကျရောက်နေသည်။
တရုတ်နယ်စပ်မှ မြို့ကြီး မြို့ငယ်များကို သိမ်းပိုက်ခြင်းကြောင့် အင်တာနက် ငွေကြေးလိမ်လည်မှုလုပ်ငန်း အများအပြားကို ပိတ်နိုင်ပြီး တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာကို ပြန်ပို့ပေးနိုင်သော်လည်း စစ်ကောင်စီသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဘဏ္ဍာရေးရင်းမြစ်အဖြစ် ဆက်လက် မှီခိုနေရသည်။
အများအပြားသည် လောက်ကိုင်မှ ရန်ကုန်သို့ ပြောင်းရွှေ့ကြသည်။ ထိုင်းနယ်စပ်မှ လက်ကျန် အင်တာနက် လိမ်လည်မှုလုပ်ငန်းများသည် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များအောက်တွင် ဆက်လက် လုပ်ကိုင်နေကြသည်။
ဝင်ငွေ မရှိသောကြောင့် စစ်တပ်သည် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို စိစစ်သည်။ တချိန်က အလုပ်ဖြစ်သော အခွန်စနစ်သည် ငွေညှစ်သည့်လုပ်ငန်းအဖြစ် ပြောင်းလဲသွားသည်။
တချိန်က ပုံမှန်ပေးဆောင်ရပြီး အပြန်အလှန်အားဖြင့် လူမှုဝန်ဆောင်မှု အနည်းငယ်သာပေးရသော လုပ်ငန်းများနှင့်မတူဘဲ စစ်တပ်၏အခွန်များသည် သားကောင်ရှာခြင်းဖြစ်ကာ စီးပွားရေးတိုးတက်မှုကို ထပ်မံထိခိုက်စေပြီး ငွေရင်းစီးထွက်မှုသည် မြန်မာမှ အများအပြားအတွက် ဆင်ခြင်တုံတရားရှိသော ရွေးချယ်စရာ ဖြစ်လာသည်။
နိုင်ငံတွင် ယာဂီ မုန်တိုင်းဒဏ်ခံရသောအခါ စစ်ကောင်စီသည် နိုင်ငံတကာ လူသားချင်းစာနာမှု အလုပ်သမားများကို ဆက်လက် ပိတ်ဆို့ပြီး လှူဒါန်းမှု အားလုံးသည် စစ်တပ်မှတဆင့် သွားရမည်ဟု တောင်းဆိုသည်။
နိုင်ငံတွင် ယာဂီ မုန်တိုင်းဒဏ်ခံရသောအခါ စစ်ကောင်စီသည် နိုင်ငံတကာ လူသားချင်းစာနာမှု အလုပ်သမားများကို ဆက်လက် ပိတ်ဆို့ပြီး လှူဒါန်းမှု အားလုံးသည် စစ်တပ်မှတဆင့် သွားရမည်ဟု တောင်းဆိုသည်။
အကူအညီများ အတိုက်အခံလက်သို့ ရောက်မည်ကို စိုးရိမ်ပြီး စစ်တပ်သည် အဓိက အစားအစာနှင့် ဆေးဝါးများကို အမှန်တကယ် လိုအပ်သူများထံ မရောက်စေရန် ထပ်မံပိတ်ပင်သည်။
စစ်ရာဇဝတ်မှုများသည် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ၏ ဗဟိုချက် မဖြစ်လျှင်ပင် ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။
စစ်တပ်၏အကျိုးစီးပွားများကို လေးစားရမည်၊ အနာဂတ် မည်သည့်အစိုးရတွင်မဆို စစ်တပ်ကို နေရာတခု ပေးရမည်ဟု တရုတ်မှ အိန္ဒိယနှင့် အာဆီယံအထိ နိုင်ငံတကာ ပါဝင်ပတ်သက်သူများ ယုံကြည်နေဆဲဖြစ်သည်။
တရုတ်ဖိအားအောက်တွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် စီစဉ်နေပြီး စစ်ကောင်စီ၏ အနာဂတ်အခန်းကဏ္ဍကို ခွင့်ပြုခြင်းအား လုံးဝ လက်မခံနိုင်ပေ။ စစ်တပ်သည် လေးနှစ်နီးပါး ကိုယ့်ပြည်သူကို စနစ်တကျ ပစ်မှတ်ထားပြီး အလွန်ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကာ နိုင်ငံသားများကို ဆင်းရဲနွမ်းပါးစေပြီး လုံးဝ အကျင့်ပျက်သည့် လူသတ် ရာဇဝတ်ဂိုဏ်းအဖြစ် ပြောင်းလဲစေခဲ့သည်။
(RFA ပါ Zachary Abuza ၏ No limits to the lawlessness of Myanmar’s predatory military regime ကို ဘာသာပြန်သည်။ Zachary Abuza သည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်။)
You may also like these stories:
မှတ်တမ်းတင် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီ ဘူးခံ ငြင်း
စစ်ကောင်စီကို အရေးယူရာ၌ ဗုံးကြဲမှုများက မှတ်တမ်းဖြစ်ဟုဆို
ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်
စစ်ရာဇဝတ်မှုများနှင့် မှတပါး အခြားမရှိ
ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ
မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ပြော