မရယ်ရတဲ့ဟာသ
ထုံးစံအတိုင်း ဖေ့စ်ဘုတ်ပေါ် ဟိုကြည့်သည်ကြည့်လုပ်ရင်း ဟာသကလေးတွေတင်တဲ့ ဂရု (ပ်) ထဲ ဝင်ကြည့်မိတယ်။ စိတ်အညောင်းပြေ၊ အာရုံအနောက်ပြေ။ တယောက်က အခုလို သဘောရတဲ့ စာမတိုမရှည်ကလေး အလှအပရေးဖွဲ့ပြီး တင်ထားတယ်။ စာနဲ့အတူ ရန်ကုန်က ဓာတ်ဆီတန်းစီနေတဲ့ လူတွေရဲ့ ပုံကလေးကို တွဲတင်ထားသေးရဲ့။
အရင်တုန်းက ဘယ်လို ရည်မှန်းချက်တွေ ရှိခဲ့တယ်၊ ဘာတွေ လုပ်ဖို့ စိတ်ကူးခဲ့တယ်။ စိတ်ကူးတွေ၊ အိပ်မက်တွေ အများကြီး အခုချိန်မှာတော့ ဆီတန်းစီတဲ့အခါ ကိုယ့်အလှည့်မရောက်ခင် မကုန်ဖို့ဘဲ ရည်မှန်းတော့တယ် ဆိုတဲ့သဘော ရေးထားတယ်။ ထုံးစံအတိုင်း မှတ်ချက်တွေမှာ အမျိုးမျိုး စနောက်သူ၊ ပြောဆိုသူတွေနဲ့ ပွဲစည်နေကြပါတယ်။ ကျနော့်အတွက်တော့ ရယ်စရာမကောင်းတဲ့ ဟာသ။ ဒီထက်ပိုပြောရရင် ရင်နာစရာကောင်းတဲ့ ခေတ်ပုံရိပ်။
တခြားတဖက်မှာတော့ မင်းအောင်လှိုင်ခေတ် လေးနှစ်ကို ပြက်ပြက်ထင်ထင် ပေါ်လွင်စေတဲ့ အနေအထား ဖြစ်ပါတယ်။ လူငယ်ပေါင်းများစွာရဲ့ အိမ်မက်တွေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ကျိုးကြေသွားတယ်။ တစုံတရာ လွတ်လပ်လင်းပွင့်တဲ့ခေတ်၊ မျှော်လင့်ချက်တွေ ထုပ်ပိုးနိုင်တဲ့ခေတ်ကနေ တဖြည်းဖြည်း ခေတ်နောက်ပြန်ဆွဲသွားခဲ့တာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် လေး၊ ငါးခု (မဆလခေတ်) လိုမျိုးကို နေ့ချင်းညချင်း ရောက်သွားရတော့တယ်။ တနေ့တခြား ဆင်းရဲကျပ်တည်းလာမှုအောက်မှာ လူသန်းပေါင်းများစွာဟာ စားဖို့ပူရ၊ အဖမ်းခံရမှာပူရနဲ့ နေ့စဉ်ရှင်သန်ဖို့ သက်သက်အတွက် ရုန်းကန်လှုပ်ရှားရသူတွေ ဖြစ်သွားကြတယ်။
ဘယ်လောက်များ လူတွေရဲ့ လူမှုအဆင့်အတန်းတွေ နိမ့်သွားရပါလိမ့်။ လူစင်စစ်ကနေ အနာဂတ်အကြောင်း မတွေးနိုင်၊ စိတ်ကူးအိပ်မက်တွေ မထွန်းညှိနိုင်တဲ့ လူမည်ကာမတ္တတွေအဖြစ် ပြောင်းလဲသွားကြရသူတွေ ဘယ်လောက်များ များနေပြီလဲ။ လူပေါင်းများစွာဟာ သက်ရှိမျိုးစိတ်တွေရဲ့ မွေးရာပါ ဗီဇအတိုင်း အသက်မသေဖို့ ရှင်သန်မှုဗီဇကို မီးကုန်ယမ်းကုန် ထုတ်သုံးနေကြရပါတယ်။
ဘယ်လောက်များ လူတွေရဲ့ လူမှုအဆင့်အတန်းတွေ နိမ့်သွားရပါလိမ့်။ လူစင်စစ်ကနေ အနာဂတ်အကြောင်း မတွေးနိုင်၊ စိတ်ကူးအိပ်မက်တွေ မထွန်းညှိနိုင်တဲ့ လူမည်ကာမတ္တတွေအဖြစ် ပြောင်းလဲသွားကြရသူတွေ ဘယ်လောက်များ များနေပြီလဲ။ လူပေါင်းများစွာဟာ သက်ရှိမျိုးစိတ်တွေရဲ့ မွေးရာပါ ဗီဇအတိုင်း အသက်မသေဖို့ ရှင်သန်မှုဗီဇကို မီးကုန်ယမ်းကုန် ထုတ်သုံးနေကြရပါတယ်။
အဲဒီစာလေးကို ဖတ်ရင်း၊ တွေးရင်း စကားလုံးတလုံး ခေါင်းထဲ ရောက်လာတယ်။ Dehumanization ဆိုတဲ့ စကားလုံး။ ပဋိပက္ခတွေအကြောင်း လေ့လာသူတွေ ရင်းနှီးကျွမ်းဝင်ပြီး ထပ်တလဲလဲ အသုံးပြုတတ်ကြတဲ့ စကားလုံး။ အခုလို ဒုက္ခရောက်နေကြတာနဲ့ dehumanization ဘာဆိုင်လဲပေါ့။ အခုလို အဓိပ္ပာယ် အရတော့ ဆက်စပ်စဉ်းစားစရာ ကောင်းလှပါတယ်။
Dehumanization ကို “လူတဦး သို့မဟုတ် လူအုပ်စုတစုကို ကောင်းမွန်တဲ့ လူ့အရည်အသွေးတွေ ယုတ်လျော့သွားအောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ်” (the process of depriving a person or group of positive human qualities) တဲ့။ နောက်တခုမှာတော့ လူအုပ်စုတချို့ကို “လူစင်စစ်” တွေအဖြစ် မမြင်ခြင်းတဲ့။ ဆိုရရင် လူကို လူလို မမြင်ခြင်း၊ လူတွေကို လူမပီအောင်၊ လူဖြစ်ရှုံးအောင် လုပ်ခြင်းဟာ dehumanization ပဲ။
ဒီလို မြင်တဲ့အမြင်ကနေတဆင့် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) တွေ ဖြစ်ပေါ်လာစေတယ်။ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုမှာဆိုရင် ဟူတူအရာရှိတွေက တွတ်ဆီလူမျိုးတွေကို “ပိုးဟပ်” တွေလို့ ခေါ်တယ်။ ရှင်းထုတ်ပစ်ရမယ့် ပိုးဟပ်တွေပေါ့။ အဆိုးဆုံးတွေ ဖြစ်လာတဲ့အခါ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာတယ်။
စာတပုဒ်
တိုက်တိုက်ဆိုင်ဆိုင် အထက်က အကြောင်းအရာကို တွေးတောနေမိစဉ်မှာပဲ အတွေးအခေါ် စာပေတွေ ဘာသာပြန်ရေးသားလေ့ရှိတဲ့ စာရေးဆရာ တယောက်က dehumanization အကြောင်း မတိုမရှည် ရေးတင်ပါတယ်။
အဲဒီဆရာ စာထဲမှာ “Dehumanization လုပ်တယ်ဆိုတာ လူကိုလူလို မမြင်တော့တဲ့ မကောင်းဆိုးဝါး လုပ်ရပ်တွေ၊ မကောင်းဆိုးဝါးတွေ ထွက်ပေါ်လာစေအောင် လမ်းခင်းပေးနေတာ။ ဒီတော့ လူကိုလူလို မမြင်တဲ့ ပြောဆိုမှုပုံစံတွေ၊ ပုတ်ခတ်မှုပုံစံတွေထဲမှာ ပါဝင်ပတ်သက်မှုတိုင်းဟာ လူ့အဖွဲ့အစည်းတခုအတွင်း Dehumanization ပုံစံတွေ နစ်မြုပ်လာဖို့ တနည်းတဖုံ လမ်းခင်းပေးနေတာချည်းပဲ” လို့ ရေးထားတာ ပါဝင်ပါတယ်။ Dehumanization အကြောင်းကို လိုတိုရှင်း ရှင်းပြထာတာက တိကျပါတယ်။ တရားကိုယ်အားဖြင့် မမှား။
သို့သော် ကာလံဒေသံအားဖြင့် တခုခု လွဲနေသလို မြင်စရာရှိနေပါတယ်။ မူရင်းရေးသူရဲ့ သဘောထားကို မသိရပေမယ့် ဒီစာကို အသုံးပြုပြီး မျှဝေကြသူတွေကြားမှာ အငြင်းပွားမှုလေးတွေကို တွေ့ရပါတယ်။ ဒီအထဲမှာ သဘောတူသူရော သဘောမတူသူပါ တွေ့ရပါတယ်။
သဘောမတူသူ အများစုက ဒီစာမျိုးဟာ “မကောင်းမှုတွေ ကျူးလွန်နေသူ” နဲ့ “မကောင်းမှု ကျူးလွန်ခံရလို့ တုံ့ပြန်သူ” (perpetrator and victim) ကို တတန်းတည်းထား ပြောလိုက်တာမျိုး ဖြစ်နေတာကြောင့်လို့ ယူဆကြပါတယ်။
သဘောမတူသူ အများစုက ဒီစာမျိုးဟာ “မကောင်းမှုတွေ ကျူးလွန်နေသူ” နဲ့ “မကောင်းမှု ကျူးလွန်ခံရလို့ တုံ့ပြန်သူ” (perpetrator and victim) ကို တတန်းတည်းထား ပြောလိုက်တာမျိုး ဖြစ်နေတာကြောင့်လို့ ယူဆကြပါတယ်။
မှတ်ချက်ပေးသူ တယောက်ကတော့ “’မုဒိမ်းကျင့်ခံရမှာပေါ့၊ နင်က နန့်တာကိုး’ ဆိုတာလို၊ မုဒိမ်းကောင်မှာ အပြစ်မရှိဘဲ၊ ခံရသူပဲ အပြစ်ရှိနေသလိုလို။ တကယ့် တာဝန်အရှိဆုံးသူကို လက်ညှိုးတည့်တည့် မထိုးရဲတိုင်း၊ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်သလို ဖြစ်နေသလား” လို့ မှတ်ချက်ပေးပါတယ်။ မှန်ပါတယ်။ ပြဿနာတွေရဲ့ ရင်းမြစ်ကို မြင်ကြည့်ပြီး ပကတိအတိုင်း နားလည်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ စကားလုံးက လှပေမယ့် အဆီအငေါ်မတည့် ဖြစ်နေမှာပဲ။ မူရင်းစာရေးသူရဲ့ သဘောထားကို ဆန်းစစ်တာမျိုး မလုပ်ဘဲ dehumanization သက်သက်ကိုပဲ ဆက်လက် ဆွေးနွေးချင်ပါတယ်။
အဓိက စိုးရိမ်တကြီး မေးကြတဲ့မေးခွန်း၊ နားလည်မှုလွဲမှာကို ကြောက်တဲ့မေးခွန်းဖြစ်တဲ့ တော်လှန်ရေး ဘက်တော်သားတွေကရော dehumanization တွေ လုပ်နေကြသလား ဆိုတဲ့မေးခွန်းကို ဆန်းစစ် ကြည့်ချင်ပါတယ်။
စစ်တပ်ရဲ့ dehumanization နည်းနာ
အခြေခံအားဖြင့် dehumanization ဆိုတာကို ‘လူအုပ်စုတစုကို လူ့အဖွဲ့အစည်းတခုက လုပ်တာ၊ လူမျိုး အချင်းချင်းအကြား လုပ်တာ’ ကိုသာ ဇောင်းပေး စဉ်းစားတတ်ကြပါတယ်။ မြန်မာပြည်ကိစ္စမှာဆို ရိုဟင်ဂျာတွေကို ဒီလိုမျိုး လုပ်ခဲ့တယ်လို့ ပြောဆိုတတ်ကြပါတယ်။ တကယ်တမ်းကျတော့ လူကိုလူလိုမမြင်၊ ခြံခတ်ထားရမယ့် ကျွဲတွေ နွားတွေအဖြစ် မြင်တတ်ကြတဲ့ အာဏာရှင်လူတန်းစားတွေသာ dehumanization ကို စနစ်တကျ စိတ်လိုလက်ရ လုပ်တတ်ကြခြင်းပါပဲ။
ဟစ်တလာရဲ့ နာဇီပါတီနဲ့ သူ့နောက်လိုက်တွေဟာ ဂျူးလူမျိုးတွေကို လူအဖြစ်က လျော့ကျပြီး ရှင်းလင်းပစ်ရမယ့် ကြွက်တွေ၊ မသန့်ရှင်းတဲ့ သတ္တဝါတွေလို့ မြင်ချိန်မှာ သူတို့ကိုယ်နှိုက်လည်း လူသားအဖြစ်က လျောကျသွားကြတာကို မမြင်နိုင်ခဲ့ကြဘူး။ သူတို့ဟာ ဘဝတူ လူသားတွေကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်ဖြတ်ပစ်ဖို့ လူစိတ်ပျောက်သွားသူတွေ၊ လူ့အသိဉာဏ် ပျောက်သွားသူတွေ (တနည်း) လူတဦးမှာ ရှိသင့်ရှိထိုက်တဲ့၊ ကောင်းမွန်တဲ့ အရည်အသွေးတွေ ယုတ်လျော့သွားသူတွေ ဖြစ်သွားကြတယ်။ သူတို့ကိုယ်တိုင် တပါးသူတွေကို dehumanization လုပ်ရင်း သူတို့ကိုယ်တိုင် dehumanization အလုပ်ခံလိုက်ရတော့တယ်။
မင်းအောင်လှိုင်ရဲ့ စစ်တပ်နဲ့ သူ့နောက်လိုက် အပေါင်းအပါတွေဟာလည်း အခြေခံအားဖြင့် ဦးတည်အုပ်စု နှစ်ခုကို နည်မျိုးစုံနဲ့ dehumanization လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ တပ်တွင်းနဲ့ တပ်ပြင်လို့ လူအုပ်စု နှစ်စု အကြမ်းဖျဉ်းခွဲပြီး ကြည့်နိုင်ပါတယ်။
ပြည်သူတွေကို စနစ်တကျ dehumanization လုပ်ရာမှာတော့ အကြမ်းစားနည်းရော အနုစားနည်းပါ သုံးပါတယ်။ အထူးသဖြင့် ဖြတ်လေးဖြတ် ဗျူဟာအောက်မှာ စစ်ပွဲနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ငတ်စေပြတ်စေ၊ ဒုက္ခရောက်စေ သဘောနဲ့ နှိပ်စက်မယ်။ အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်ခြင်းအားဖြင့် ပြည်သူတွေ အမြဲစိုးရိမ်ထိတ်လန့်နေရအောင် လုပ်ထားမယ်။
တော်လှန်ရေး အားကောင်းတဲ့နယ်တွေမှာ မြေလှန်မီးရှို့တဲ့စနစ်သုံးမယ်။ ဒုက္ခသည်တွေကို ကူညီမယ့် အဖွဲ့အစည်းတွေကိုလည်း ဖမ်းဆီးထောင်ချတာ၊ လိုအပ်တဲ့အကူအညီတွေ ပေးခွင့်မရအောင် လူသားချင်းစာနာမှုကို ပိတ်ပင်မယ်။
မြို့ပေါ်က လူတွေကိုတော့ စီပွားရေး ကျပ်တည်းပြီး နေ့စဉ် အသက်ရှင်သန်မှု ပိုပို ကျပ်တည်းလာအောင်၊ အလုပ်အကိုင် အလွယ်တကူ လုပ်လို့မရအောင်၊ အာဏာပြ ခြိမ်းခြောက်တာ၊ ဧည့်စာရင်းစစ်တာ၊ မထင်ရင် မထင်သလို ဖမ်းဆီးပြီး ငွေညှစ်တာတွေနဲ့ အနေကျုံ့လာအောင် လုပ်မယ်။ သာမာန်ပြည်သူတွေ အထူးသဖြင့် စစ်ကောင်စီ ထိန်းချုပ်တဲ့နေရာက လူတွေဟာ တဖြည်းဖြည်း ကျုံးသွင်းခံနေရတဲ့ ကျွဲတွေ နွားတွေနဲ့ တူလာတယ်။ ကျွဲအုပ်နွားအုပ်ကြီးဟာ မီးပြတ်လို့ ငြီးရတယ်၊ ကုန်ဈေးနှုန်းတက်လို့ အော်ရတယ်။ ရေမလာလို့ ပူရတယ်။ စားစရာ ဆန်မရှိလို့ ခိုးဝှက်လုယက်ရတယ်။ သူတို့ခမျာ နာဇီလက်အောက်က ဂျူးတွေလို ဓာတ်ငွေ့ခန်းထဲ အထည့်မခံရတာပဲ ကျန်ပါတော့တယ်။
ဒါဟာ dehumanization အလုပ်ခံနေရတာ မဟုတ်ဘူးလား။
တခြား တဖက်မှာလည်း စစ်ဘီလူးတွေ ဖြစ်လာမယ့် စစ်သားတွေကို လေ့ကျင့်ပေးတဲ့အခါ အလိမ်အညာ ဝါဒဖြန့်နည်းမျိုးစုံကို ခေါင်းထဲရိုက်သွင်းတယ်။ အထူးသဖြင့် “အကြမ်းဖက်သမား” တွေကို နှိမ်နင်းရတာ ဆိုတာမျိုးကို တွင်တွင်ပြောတယ်။ စစ်တပ်သာ တိုင်းပြည်ကို အုပ်စိုးသူ၊ အမျိုးဘာသာ ကာကွယ်သူ၊ သူတို့ကို ဆန့်ကျင်တဲ့ပြည်သူဟာ စစ်တပ်ရဲ့ရန်သူအဖြစ် မမြင်မြင်လာအောင် လုပ်ပေးတယ်။
တခြား တဖက်မှာလည်း စစ်ဘီလူးတွေ ဖြစ်လာမယ့် စစ်သားတွေကို လေ့ကျင့်ပေးတဲ့အခါ အလိမ်အညာ ဝါဒဖြန့်နည်းမျိုးစုံကို ခေါင်းထဲရိုက်သွင်းတယ်။ အထူးသဖြင့် “အကြမ်းဖက်သမား” တွေကို နှိမ်နင်းရတာ ဆိုတာမျိုးကို တွင်တွင်ပြောတယ်။ စစ်တပ်သာ တိုင်းပြည်ကို အုပ်စိုးသူ၊ အမျိုးဘာသာ ကာကွယ်သူ၊ သူတို့ကို ဆန့်ကျင်တဲ့ပြည်သူဟာ စစ်တပ်ရဲ့ရန်သူအဖြစ် မမြင်မြင်လာအောင် လုပ်ပေးတယ်။
အကယ်၍ စစ်တပ်ထဲက ထွက်ချင်လာတဲ့ စစ်သားတွေကိုလည်း ထွက်ခွင့်မရအောင် နည်းအမျိုးမျိုး လှောင်ပိတ်ထားတယ်။ သတင်းအချက်အလက် အမှားပေးခြင်း၊ သတင်းတွေ လိမ်လည်ဖြန့်ဝေခြင်းနဲ့ အမုန်းစကားတွေ ဖြန့်ဝေခြင်းစတဲ့ ဝါဒဖြန့်မှိုင်းတွေနဲ့ လက်တွေ့ ကန့်သတ်ချုပ်ချယ်ထားမှုတွေကြောင့် စစ်ကောင်စီရဲ့ စစ်သားတွေဟာလည်း ကျွန်အဆင့်သာ ဖြစ်နေပါတော့တယ်။ ထားရာနေ စေရာသွား၊ ခိုင်းတာလုပ်၊ လူသတ်ဆိုသတ်၊ မီးရှို့ဆိုရှို့။
နောက်ဆုံး နည်းပညာအရ ခက်ခဲတဲ့ လေယာဉ်မောင်းတတ်လို့ ပညာတတ်ပါတယ်ဆိုတဲ့ စစ်ကောင်စီလေတပ်က လေယာဉ်မှူးတွေလိုမျိုးမှာတောင် အခြေခံ လူ့အသိစိတ် ရှိမနေတော့တာက နေ့စဉ်နဲ့အမျှ အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲချနေတာက သက်သေပြနေပါတယ်။ ဒါကြောင့်ပဲ ဘီလူးသရဲတွေလို လူမဆန်တဲ့လုပ်ရပ်တွေကို သွေးအေးအေး လုပ်နေနိုင်ကြတာသာ ဖြစ်ပါတယ်။ ဒီလူတွေဟာလည်း စစ်တပ်ကို လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာနေတဲ့ စစ်အာဏာရှင်တွေရဲ့ dehumanization အပြည့်အဝ လုပ်ခံထားရသူတွေသာ ဖြစ်ပါတယ်။
အပြန်အလှန် dehumanization လုပ်တာလား
ဒါဆို ကျနော်တို့ ပြည်သူတွေက မခံမရပ်နိုင်ဖြစ်လာလို့ မင်းအောင်လှိုင်ရဲ့ စစ်တပ်က လူတွေကို “စစ်ခွေး” လို့ခေါ်တာ၊ တခြား အသုံးအနှုန်းတွေနဲ့ ပြောဆိုတာတွေကရော dehumanization လုပ်တာလား။ တရားကိုယ်သဘောကို ကာလံ ဒေသံနဲ့ မချိန်ညှိတဲ့အခါ dehumanization သက်သက်ကို ပြောဆိုခြင်းဟာ မှန်မလိုလိုနဲ့ မမှန်ပါဘူး။ ကျနော့်အမြင်မှာတော့ dehumanization လုပ်တာ မဟုတ်ဘူးလို့ ရှင်းရှင်းပြတ်ပြတ် ဆိုချင်ပါတယ်။
အထက်မှာ ပြောခဲ့သလို dehumanization ဟာ အုပ်စုနှစ်စုအကြား “သူတို့နဲ့ငါတို့ မတူဘူး” (us and them) ခွဲခြားတာ တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က “သူတို့နဲ့ ငါတို့” ဆိုတဲ့ ခွဲခြားချက်ကို လူတွေအပေါ် စနစ်တကျ နှိပ်ကွပ်ချင်တဲ့အခါ လူထုရဲ့စိတ်ထဲကို အရင်ဆုံး စနစ်တကျ သွတ်သွင်းကြပါတယ်။ ဒီကနေမှ အလွန်ကြီးမားတဲ့ လူမဆန်မှုတွေကို ကျူးလွန်ကြတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီအတွေးအခေါ်ကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တာ ထင်ရှားပါတယ်။
ပြည်သူတွေကတော့ ဒီစစ်တပ်ရဲ့ မကောင်းမှုတွေ၊ လူမဆန်မှုတွေ၊ ရိုင်းစိုင်း ကြမ်းကြုတ်မှုတွေကို မခံနိုင်တော့တဲ့ အခါမှသာ ဒီလူတွေဟာဖြင့် ငါတို့နဲ့ အတူနေဖို့ မသင့်တဲ့သူတွေလို့ တွေးလာကြတာသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် “ရာဇဝတ်သား” တွေကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲမှာ လုပ်ချင်ရာလုပ်ပါစေ ထားထားလို့ မရဘဲ ပြစ်မှုအလျောက် ပြစ်ဒဏ်ပေးတာ ဖြစ်စေ၊ ထောင်ထဲ ထားတာဖြစ်စေ လုပ်တာမျိုး လိုချင်ကြတာပါ။
ဆိုတော့ကာ ပြည်သူတွေက “စစ်ခွေး” လို့ နာနာကျည်းကျည်း ခေါ်လိုက်တဲ့ ခေါ်သံဟာ စစ်ကောင်စီက လူမဆန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခြင်းဆိုတဲ့ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်သာ ဖြစ်ပါတယ်။ ပြည်သူတွေက စစ်သားတွေကို စနစ်တကျ မုန်းတီးအောင် အလုပ်ခံရပြီးတော့ စစ်သားတွေကို မုန်းတီး သတ်ဖြတ်လာတာ မဟုတ်ပါဘူး။
နောက်ထပ် ကွာခြားချက်တခုက ဘက်နှစ်ဖက် ရန်ဖြစ်နေကြတာပဲလို့ ထပ်တူပြု ပြောလို့မရတဲ့အချက်က မင်းအောင်လှိုင်ရဲ့ စစ်ဘီလူးတွေက လူကြီးလူငယ်မရွေး၊ အရပ်သားတွေကို မရှောင်လွှဲဘဲ ပစ်ခတ် သတ်ဖြတ်နေတာတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပြန်လည် တိုက်ခိုက်မှု မတူညီနဲ့ အနေအထားပါ။
တော်လှန်ရေး တပ်ဖွဲ့တွေထဲမှာလည်း စုန်းပြူးတွေ ပါတာကို ဝန်ခံရပါမယ်။ သို့သော် တော်လှန်ရေးရဲ့ “မူဝါဒ”၊ ဖြစ်တည်လာရာ လမ်းကြောင်း၊ တွေးခေါ်မျှော်မြင်ပုံတွေဟာ “ချစ်ခြင်းတရား”၊ “အမှန်တရား”နဲ့ “မတရားမှုကို လက်မခံခြင်း” မှာသာ ယေဘုယျ အခြေခံတာ ဖြစ်ပါတယ်။ တနည်း dehumanization အလုပ်ခံထားရတဲ့ လူ့ဘောင်ကို လူသားဆန်မှု re-humanization ပြန်လုပ်ခွင့်ရအောင် ကြိုးစားရခြင်းသာ ဖြစ်ပါတယ်။
နောက်ထပ် ဥပမာ ပိုရှင်းအောင် ပြောရရင် နာဇီဂျာမနီတွေကို အသေအကြေ တိုက်ထုတ်ခဲ့တဲ့ မဟာမိတ် တပ်တွေကရော နာဇီဘီလူးတွေကို dehumanization လုပ်ပြီး အဲ့သလို မြင်လို့ သတ်ဖြတ်သေကြေအောင် တိုက်ခိုက်ခဲ့ကြတာလားလို့ မေးရမယ် ထင်ပါတယ်။
ဒီလိုပြောလို့ အကြမ်းနည်းသုံးပြီး ပြဿနာကို ဖြေရှင်းတာဟာ ကောင်းတဲ့ကိစ္စလို့တော့ မဆိုလိုပါဘူး။ လက်ရှိ ဖြစ်ပျက်နေတဲ့ အကြမ်းနည်းတွေကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် အရင်းအနှီးကြီးပြီး ဘယ်လောက် ပေးဆပ်ရဦးမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ သေချာတာက စစ်ဘီလူးတွေဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ သူ့လူတွေ မာန်စွယ်မချဘဲ အချိန်ကြာကြာ နေနိုင်လေ ဆုံးရှုံးမှုတွေ ပိုများလေလေသာ ရှိနေမှာ ဖြစ်ပါတယ်။
ဒီလို အခြေအနေကို မသိကျိုးကျွံပြုပြီး ကြားနေသယောင်ယောင်၊ တရားဟောသလိုလို၊ ငြိမ်းချမ်းရေး စကားပြောသလိုလိုနဲ့ လူကြားကောင်းတဲ့ စကားပြောတာမျိုးဟာ လွဲမှားတဲ့ အခြေအနေကို ဦးတည်စေပါတယ်။ စစ်တပ်ကလည်း ဒီလို ဇာတ်ကြောင်းတွေကို အလွန်ပဲ ကြိုက်ပါလိမ့်မယ်။ သူတို့ရဲ့ ဆိုးညစ်တဲ့ နည်းလမ်းနဲ့ လူတွေကို သတ်ဖြတ်နေတဲ့အပြစ်တွေ ပေါ့သွားဖို့အတွက် အကြောင်းပြချက် ရသွားတာကြောင့်ပါပဲ။ ကိုယ့်ထက်သာတဲ့ ရန်သူကို အဆင့်နိမ့်သွားအောင် ဆွဲချလိုက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလို အခြေအနေကို မသိကျိုးကျွံပြုပြီး ကြားနေသယောင်ယောင်၊ တရားဟောသလိုလို၊ ငြိမ်းချမ်းရေး စကားပြောသလိုလိုနဲ့ လူကြားကောင်းတဲ့ စကားပြောတာမျိုးဟာ လွဲမှားတဲ့ အခြေအနေကို ဦးတည်စေပါတယ်။ စစ်တပ်ကလည်း ဒီလို ဇာတ်ကြောင်းတွေကို အလွန်ပဲ ကြိုက်ပါလိမ့်မယ်။ သူတို့ရဲ့ ဆိုးညစ်တဲ့ နည်းလမ်းနဲ့ လူတွေကို သတ်ဖြတ်နေတဲ့အပြစ်တွေ ပေါ့သွားဖို့အတွက် အကြောင်းပြချက် ရသွားတာကြောင့်ပါပဲ။ ကိုယ့်ထက်သာတဲ့ ရန်သူကို အဆင့်နိမ့်သွားအောင် ဆွဲချလိုက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
သတိပြု ဆင်ခြင်စရာတွေလည်း ရှိတယ်
တချိန်တည်းမှာပဲ တော်လှန်ရေး ဘက်တော်သားတွေဘက်မှာလည်း ဆင်ခြင် ပြုပြင်စရာတွေ အများကြီး ရှိနေသေးတာကို အရှိအတိုင်း လက်ခံရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ရေးကျင့်ဝတ်တွေကို လိုက်နာဖို့၊ အရပ်သား ပြည်သူတွေကို မထိခိုက်အောင် အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်ဖို့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကို အထူးလိုက်နာဖို့တွေ လိုအပ်လှပါတယ်။
ပြန်ချုပ်ရရင် တချို့ စကားလုံးတွေဟာ လှတယ်။ ပြည့်ဝတယ်။ သို့သော် အသုံးမတတ်ရင် ဆေးမဖြစ်ဘဲ ဘေးလည်း ဖြစ်တတ်တယ်။ တခြားတဖက်ကလည်း လေးလေးနက်နက် နားလည်ပြီး သတိပြုစရာ ဖြစ်တယ်။ ထိန်းကွပ်ရမယ့်ကိစ္စတွေ ရှိမယ်လို့ မြင်ပြီး ပိုကောင်းအောင် ပြုပြင်ကြရပါမယ်။
Dehumanization ကို ဘယ်လို တန်ပြန်မလဲ
သီအိုရီတွေအရတော့ လူသားဆန်မှုကို ပြန်လည်သွတ်သွင်း အားပေးခြင်း (re-humanization) နဲ့ လူအဖြစ်လျှော့ချ ဆက်ဆံတာကို ဆန့်ကျင်ခြင်း (anti-dehumanization) နည်းလမ်းတွေနဲ့သာ လုပ်လို့ရမှာပါ။ သို့သော် ဒီစကားလုံး လှလှတွေက မြန်မာပြည် အခြေအနေအတွက် ဘယ်လို ဆိုနိုင်မလဲ။
အထက်က ပြောခဲ့တဲ့ လူသား အရည်အသွေးတွေကို ပြန်ရအောင် ကျနော်တို့ လုပ်ရမှာပါပဲ။ လူသား အရည်အသွေးတွေ အရှိကို အရှိအတိုင်း ထွန်းပခွင့်ရတဲ့ ပတ်ဝန်းကျင်ကောင်းကို ပြန်ဖန်တီးရမှာပဲ။ လူသားဝါဒ (humanity) ဆီကို ပြန်လည် ချဉ်းကပ်ရမှာပဲ။ လူသားဝါဒကို လက်တွေ့ကျင့်သုံးတဲ့အခါ အဓိက သုံးပိုင်း ရှိတယ်လို့ ဆိုပါတယ်။
ပထမတပိုင်းက လူတိုင်းကို ဟိုမိုဆေပီယမ် မျိုးနွယ်စု အစိတ်အပိုင်း ဖြစ်တာကို လက်ခံခြင်း၊ ဒုတိယပိုင်းက လူတဦးချင်းဟာ သူ့ဘဝ သူ့အထာနဲ့သူ ပုံစံအမျိုးမျိုး၊ အမှတ်သရုပ်အမျိုးမျိုး ရှိနိုင်တယ်ဆိုတဲ့ လူတဦးချင်းရဲ့ ပကတိ ဖြစ်တည်မှုကို နားလည်လက်ခံခြင်းနဲ့ တတိယပိုင်းကတော့ လူသားတဦးအနေနဲ့ စစ်ပွဲကာလဖြစ်စေ၊ ငြိမ်းချမ်းနေချိန်ဖြစ်စေ လူ့အခွင့်အရေးတွေ ရရှိထိုက်သူအဖြစ် ရှုမြင်လက်ခံတာ ဖြစ်ပါတယ်။
လူသားဝါဒ၊ လူလူချင်း ချစ်ခင်ရမယ်ဆိုတဲ့ ဝါဒထဲမှာ ကြီးနိုင်ငယ်ညှဉ်း မပါဖို့ လိုအပ်ပါတယ်။ အနိုင့်ကျင့်မခံတာကို ရိုင်းစိုင်းတာလို့ နာမည်မတပ်ဖို့ လိုပါမယ်။ လူကိုလူလို မမြင်တဲ့လူတွေကို ဆန့်ကျင်ရာမှာ အားလုံးကို သိမ်းကြုံးပြီး အထင်သေး မုန်းတီးနေတာ မဟုတ်ဘူးဆိုတာကို ပြသရမှာ ဖြစ်ပါတယ်။ ဒီအတွက် တော်လှန်ရေး ဘက်တော်သားတွေ လက်တွေ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေရှိတာ မြင်အောင် ကြည့်ဖို့လိုပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ်ထဲက စိတ်ကောင်းရှိသူတွေ၊ စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံလို့ စွန့်ခွာလာသူတွေကို “ကြိုဆိုလက်ခံ” တဲ့ အစီအစဉ်တွေ အားသွန် ခွန်စိုက်လုပ်ခဲ့ကြတာ၊ တိုက်ပွဲမှာ သူသေကိုယ်သေ တိုက်ပြီး မတတ်သာလို့ လက်နက်ချလာတဲ့ စစ်သုံ့ပန်းတွေကိုလည်း ကျင့်ဝတ်နဲ့အညီ ဆက်ဆံတာတွေဟာ ကျနော်တို့ရဲ့ လူသားဆန်လွန်းတဲ့ အပြုအမှုတွေ မဟုတ်ဘူးလား၊ အခြေခံကျတဲ့ လူ့အခွင့်အရေးကို လေးစားခြင်း မဟုတ်ဘူးလား။
သို့သော် လူ့အဖွဲ့အစည်းတရပ်လုံး လူအဖြစ်က လျှော့ချဆက်ဆံနေရလို့ လက်ပိုက်ကြည့်မနေသူတွေကို “လူမဆန်တာတွေ လုပ်နေသူတွေ”၊ dehumanization လုပ်နေသူတွေလို့ ရည်ညွှန်း ပြောဆိုလာမယ်ဆိုရင်တော့ အလေးအနက် ဆင်ခြင်၊ ရှောင်ရှားသင့်တဲ့ အပြုအမှု ဖြစ်တယ်လို့သာ ဆိုချင်ပါတယ်။ တော်လှန်ရေး ဘက်တော်သားတွေဘက်ကလည်း ဒီလို dehumanization လုပ်ရာမြောက်တဲ့ အပြုအမှုတွေ၊ ပြောဆိုလာနိုင်တဲ့ အချက်တွေကို သတိပြု ဆင်ခြင်နေရမှာလည်း အသေအချာပါပဲ။
(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)
You may also like these stories:
လူသတ် စစ်ကောင်စီ၏ တရားလက်လွတ်လုပ်မှု အတိုင်းအဆ မရှိ
ထပ်ပြီး ရက်စက်ကြမ်းကြုတ်ဖို့ စစ်ကောင်စီ ကြံနေသည်
ရက်စက်ကြမ်းကြုတ်မှုနှင့် လက်စားချေလိုခြင်းဖြင့် စစ်ကောင်စီခေါင်းဆောင် စိတ်ထင်ရာလုပ်နေ
စစ်ကောင်စီနဲ့ မြန်မာလူထုတွေကြားက သေရေးရှင်ရေးတိုက်ပွဲ
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်ယဉ်နေသော စစ်ကောင်စီ