တော်လှန်ရေးအင်အားစုများ၏ ပြင်းထန်သောထိုးစစ်ကို ရင်ဆိုင်ရချိန်တွင် မြန်မာစစ်ကောင်စီပြိုလဲခြင်းကို ကယ်ဆယ်ရန် တရုတ်က စီမံမှုအများအပြား လုပ်နေချိန်တွင် တရုတ်အစိုးရသည် မန္တလေးမှ ၎င်း၏ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရခြင်းကြောင့် တုန်လှုပ်မှုများကို ခံစားရုန်းကန်နေရသည်။ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခြင်းသည် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
မြန်မာ-တရုတ် ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေသည့် ဧရာဝတီသတင်းဌာန၏ အဆိုအရ ထိုတိုက်ခိုက်မှုသည် မန္တလေးမှ ချမ်းမြသာစည်မြို့တွင် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီတွင် ဖြစ်ပွားကြောင်း သိရသည်။ ထိုကောင်စစ်ဝန်ရုံးနေရာသည် “ပြင်ပနှင့် မြင့်မားသော ခြံစည်းရိုးခြားထားပြီး” မည်သည့် လုံခြုံရေး မတော်တဆဖြစ်မှုကိုမဆို ကာကွယ်ရန် ၂၄ နာရီ စောင့်ကြည့်နေသည်။
“တရုတ်သည် ထိုတိုက်ခိုက်မှုကြောင့် အထူးတလည် တုန်လှုပ်ပြီး ပြင်းထန်စွာ ရှုတ်ချသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာမှသံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့သည် အရေးပေါ်တုံ့ပြန်ရေး ယန္တရားကို ချက်ချင်းနှိုးဆော်လိုက်ကာ ထိုဖြစ်ရပ်ကို စတင်ကိုင်တွယ်နေသည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်ဦးဆောင်သည့် အာဏာသိမ်းမှုနောက်ပိုင်း ထိုတိုက်ခိုက်မှုသည် တရုတ်သံရုံးကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် မြန်မာရှိ တရုတ်သံရုံး တိုက်ခိုက်ခံရပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်ဦးဆောင်သည့် အာဏာသိမ်းမှုနောက်ပိုင်း ထိုတိုက်ခိုက်မှုသည် တရုတ်သံရုံးကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် မြန်မာရှိ တရုတ်သံရုံး တိုက်ခိုက်ခံရပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။ မြန်မာရှိ တရုတ်သံရုံးသည် လွန်ခဲ့သော ၅၇ နှစ်က တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်များအတွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခံရသည်။
ထိုဖြစ်ရပ်ကြောင့် တုန်လှုပ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက ဘေဂျင်းသည် မြန်မာကို အလေးအနက် ကန့်ကွက်မှုများ တင်သွင်းကြောင်း ဆက်လက်ပြောကြားသည်။ ထိုဖြစ်ရပ်ကို အဆုံးအထိ စုံစမ်းစစ်ဆေးရန်၊ ကျူးလွန်သူများကို လိုက်လံရှာဖွေပြီး တရားဥပဒေကို ရင်ဆိုင်စေရေး အစွမ်းကုန်အားထုတ်ရန်၊ မြန်မာမှ တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံး၊ အင်စတီကျူးရှင်းများ၊ စီမံကိန်းများနှင့် ဝန်ထမ်းများအတွက် လုံခြုံရေးအစီအမံများကို အပြည့်အဝ တောင့်တင်းအောင်လုပ်ရန်နှင့် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားအောင် တားဆီးရန် တိုက်တွန်းသည်။
ဒီမိုကရေစီမူများကို ယုံကြည်သည့် တော်လှန်ရေးအင်အားစု အများအပြားက စစ်ကောင်စီကို တိုက်ခိုက်ရန် စုစည်းမိလာချိန်တွင် အထက်ပါဖြစ်ရပ် ဖြစ်ပွားသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင် မဟာမိတ်ဖွဲ့ထားသည်။
NUG ကို ဖြုတ်ချခံ ဒီမိုကရေစီနည်းကျရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသားမဟာမိတ်များက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်တွင် ထူထောင်ခဲ့သည်။
စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တော်လှန်ရေးတပ်များကို ရှုံးနိမ့်နေပြီး ကရင်နီပြည်နယ်တွင် မြို့ရွာအများအပြား ဆုံးရှုံးသောအခါ စိတ်လှုပ်ရှားနေသော တရုတ်သည် စစ်ကောင်စီကို ထောက်ခံမှုပြသရန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကို သြဂုတ်လတွင် မြန်မာသို့ အလျင်အမြန် စေလွှတ်လိုက်သည်။ စစ်ကောင်စီသည် တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းများ အပါအဝင် တရုတ်အကျိုးစီးပွားများကို ကာကွယ်ပေးရန် တရုတ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေသည်။
တရုတ်သည် နှစ်ပေါင်းများစွာအတွင်း မြန်မာမှ သတ္တုမိုင်းများ၊ ဆိပ်ကမ်းများ၊ လမ်းများနှင့် ရထားလမ်းများစသည့် အခြေခံအဆောက်အအုံများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး ၂၀၂၁ ခုနှစ်က မြန်မာတွင် အာဏာသိမ်းပြီး နောက်တွင်ပင် ဆက်လက် ရင်းနှီးမြှုပ်နှံသည်။
တရုတ်သည် နှစ်ပေါင်းများစွာအတွင်း မြန်မာမှ သတ္တုမိုင်းများ၊ ဆိပ်ကမ်းများ၊ လမ်းများနှင့် ရထားလမ်းများစသည့် အခြေခံအဆောက်အအုံများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး ၂၀၂၁ ခုနှစ်က မြန်မာတွင် အာဏာသိမ်းပြီး နောက်တွင်ပင် ဆက်လက် ရင်းနှီးမြှုပ်နှံသည်။
မြန်မာတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံရှိသည်။ တရုတ်သည် ၎င်း၏ရေနံသွင်းကုန်များအတွက် ကျဉ်းမြောင်းသည့် မလက္ကာရေလက်ကြားအပေါ် မှီခိုမှု လျှော့ချနေချိန်တွင် အိန္ဒိယသမုဒ္ဒရာကို တရုတ်က တိုက်ရိုက်အသုံးပြုခွင့်ရရေးတွင်လည်း မြန်မာသည် အရေးပါသည့် အခန်းမှ ပါဝင်သည်ဟု South China Morning Post သတင်းစာ၏ မကြာသေးမီက သတင်းတွင် ဖော်ပြထားသည်။
စစ်အစိုးရထိန်းချုပ် MRTV ရုပ်သံဌာန၏ အဆိုအရ မြန်မာသို့ သြဂုတ်လ ၁၄ ရက်နေ့တွင် ရောက်လာသည့် မစ္စတာ ဝမ်ယိသည် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး မြန်မာသို့ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု ပြန်လည် ဆောင်ယူရေးအတွက် တရုတ်က ကူညီဖြစ်ကြောင်း အာမခံသည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် မြန်မာဆိုင်ရာ တရုတ်သံအမတ်သစ် မစ္စ မာကျားသည် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းနှင့် နေပြည်တော်တွင် တွေ့ဆုံပြီး နယ်စပ်လုံခြုံရေးနှင့် ပူးတွဲစစ်သင်တန်းပေးရေးတို့ကို ဆွေးနွေးကြောင်း MRTV က ဖော်ပြသည်။ ထိုအစည်းအဝေးတွင် မစ္စ မာကျားက တရုတ်၏ မြန်မာနှင့် စစ်ရေးပူးပေါင်းမှု ကတိကဝတ်ကို ထပ်လောင်းပြောကြားသည်ဟု ဆိုသည်။
မြန်မာမှ တရုတ်ကိုယ်စားလှယ်များ၏ ထိုသို့သော လုပ်ရပ်များသည် လပေါင်းများစွာ တိုက်ခိုက်ပြီး နိုင်ငံပိုင်နက် ၈၆ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားသည့် တော်လှန်ရေးအင်အားစုများအတွက် အဆင်မပြေပေ။ တရုတ်က စစ်တပ်ကို စုံမှိတ်ထောက်ခံမှုအတွက် ၎င်းတို့ ဒေါသထွက်ကြသည်။
တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခြင်းသည် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် ကြီးထွားနေခြင်းကို ဖော်ပြနေသည်ဟု မြန်မာ့အရေးလေ့လာသူများက ပြောသည်။ တရုတ်သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချရန် ငြင်းဆန်ပြီး မြန်မာစစ်တပ်ကို ဆက်လက်ထောက်ခံကာ စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ဆင်ရေးအတွင်း အရပ်သားများကို ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှု၊ အကျင့်ပျက်ခြစားမှုများနှင့် စွပ်စွဲသည့်အချိန်တွင်ပင် ဆက်လက်ထာက်ခံသည်။
မြန်မာတွင် တရုတ်၏ အဓိက စိုးရိမ်ပူပန်မှုသည် ၎င်းတို့အကျိုးစီးပွားများ လုံခြုံရေး၊ ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ မြန်မာနှင့် နယ်နိမိတ်ချင်း ကီလိုမီတာ ၂,၀၀၀ ကျော် ဆက်စပ်နေသောကြောင့် တရုတ်အစိုးရသည် ၎င်း၏နယ်စပ်တွင် မတည်ငြိမ်သည့် နိုင်ငံကို မလိုလားပေ။ ထိုသို့ မလုံခြုံမှုသည် လုံခြုံရေးကို ရိုက်ခတ်နိုင်သည်။
စစ်ကောင်စီ လတ်တလော ပြိုလဲခြင်းကို တားဆီးရန် တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်သော်လည်း မအောင်မြင်ပေ။
တရုတ်သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန်နှင့် တော်လှန်ရေးအင်အားစုများ အားလုံး ထိုရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက်လည်း စစ်ကောင်စီကို ဖိအားပေးသည်။ သို့သော် NUG နှင့် PDF အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ထိုကမ်းလှမ်းမှုကို ပယ်ချပြီး စစ်ကောင်စီအောက်တွင် လွတ်လပ်မျှတသည့် ရွေးကောာက်ပွဲ မဖြစ်နိုင်ဟု ပြောသည်။
တရုတ်သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန်နှင့် တော်လှန်ရေးအင်အားစုများ အားလုံး ထိုရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက်လည်း စစ်ကောင်စီကို ဖိအားပေးသည်။ သို့သော် NUG နှင့် PDF အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ထိုကမ်းလှမ်းမှုကို ပယ်ချပြီး စစ်ကောင်စီအောက်တွင် လွတ်လပ်မျှတသည့် ရွေးကောာက်ပွဲ မဖြစ်နိုင်ဟု ပြောသည်။
ရွေးကောက်ပွဲများကို တော်လှန်ရေးအင်အားစုများက ပယ်ချခြင်း၏ အကျိုးဆက်များကို တရုတ်က ချိန်ဆနေချိန်တွင် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်လိုက်ခြင်းသည် တရုတ်ကို အတွင်းပိုင်းအထိ တုန်လှုပ်စေသည်။ မြန်မာမှ အကျိုးစီးပွားများကို တရုတ်စိုးရိမ်နေသည်။
နိုင်ငံမှ အဓိကကျသည့် အစိတ်အပိုင်းများတွင် စစ်တပ်ကို အောင်ပွဲများရပြီး စစ်ကောင်စီကို နောက်ထပ် ထိုးစစ်များ ဆင်နေသောကြောင့် အတင့်ရဲလာသည့် တော်လှန်ရေးအင်အားစုများ အနိုင်ရပါက တရုတ်၏ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများ တွက်ချက်မရနိုင်လောက်အောင် ဆုံးရှုံးမည်ကို တရုတ် စိုးရိမ်နေသည်။
ထို့အပြင် တရုတ်အစိုးရသည် နယ်စပ်မှ မတည်ငြိမ်သော မြန်မာက ၎င်း၏ အလုံးစုံလုံခြုံရေးအတွက် အဓိက ပြဿနာတခု ဖြစ်လာပြီး ၎င်းတို့၏ အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာ မအောင်မြင်မည်ကို စိုးရိမ်သည်။ ထိုသေနင်္ဂဗျူဟာမှာ နောင် နှစ်အနည်းငယ်တွင် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းပြီး တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ် တခုလုံအပေါ် ၎င်းတို့ထိန်းချုပ်မှု ခိုင်မာရေးဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Vaishali Basu Sharma ၏ Attack on Consulate in Myanmar Rattles China ကို ဘာသာပြန်သည်။ ဗိုင်ရှလီ ဘာစူ ရှားမားသည် Policy Perspective Foundation မှ အတိုင်ပင်ခံတဦးဖြစ်သည်။ သူသည် ယခင်က နယူးဒေလီရှိ ဝန်ကြီးချုပ်ရုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးရုံးတွင် လက်ထောက်ဒါရိုက်တာနှင့် အတိုင်ပံခံ လုပ်ဖူးပြီး အကြမ်းဖက်အစွန်းရောက်မှုနှင့် ဒေသလုံခြုံရေးဌာနများကို ကိုင်တွယ်ခဲ့သည်။)
You may also like these stories:
မန္တလေး တရုတ်ကောင်စစ်ဝန်ရုံး ဗုံးပစ်ခံရ
မန္တလေး ကောင်စစ်ဝန်ရုံး ဗုံးပေါက်မှု တရုတ် အခက်တွေ့
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဒုက္ခသမိုင်း
အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ