စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ပုလဲမြို့ကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေကြောင်း သတင်းစပြီး ကြားရသည့် အချိန်ကတည်းက ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အရင်ဆုံး ပြေးမြင်မိသည်။
ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ဒီပဲယင်းကဲ့သို့ပင် အချိန်ကြာကြာ ထိန်းနိုင်ဖွယ် မရှိကြောင်းလည်း ယူဆမိခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည့် တော်လှန်ရေးအင်အားစုများသည် မြို့ကို ၂၄ နာရီခန့်သာ ထိန်းထားနိုင်ခဲ့၍ဖြစ်သည်။
တွေးထင်ထားမိသည့အတိုင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် ပုလဲမြို့သိမ်းတိုက်ပွဲသည် တိုက်ပွဲအတွင်း ပုလဲမြို့၏ ၉၀ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ရသည်။
ပုလဲမြို့သိမ်းတိုက်ပွဲ မဆောင်ရွက်မီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဒီပဲယင်းနှင့် ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲများသည် ပုလဲမြို့ကို မြို့သိမ်းပိုက်ပွဲဆင်နွဲမည့် တော်လှန်ရေးအင်အားစုများ အနေဖြင့် ကြိုတင်၍ သင်ခန်းစာဖော်ထုတ်ရန် အကောင်းဆုံး ဥပမာ နှစ်ခု ဖြစ်ခဲ့၏။
ပုလဲမြို့သိမ်းတိုက်ပွဲ မဆောင်ရွက်မီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဒီပဲယင်းနှင့် ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲများသည် ပုလဲမြို့ကို မြို့သိမ်းပိုက်ပွဲဆင်နွဲမည့် တော်လှန်ရေးအင်အားစုများ အနေဖြင့် ကြိုတင်၍ သင်ခန်းစာဖော်ထုတ်ရန် အကောင်းဆုံး ဥပမာ နှစ်ခု ဖြစ်ခဲ့၏။
ထို့ကြောင့် ပုလဲ မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်များအနေဖြင့် မည်သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသလဲဆိုသည့် ခေါင်းစဉ်နှင့်အတူ ပုလဲမြို့သိမ်းတိုက်ပွဲကို ပြန်လည် သုံးသပ်သည့်အခါ အဆိုပါ မြို့သိမ်းတိုက်ပွဲ နှစ်ခုနှင့် နှိုင်းယှဉ်သုံးသပ်ရမည်ဟု ထင်မြင်မိပါသည်။
တော်လှန်ရေးအင်အားစုများသည် လွန်ခဲ့သည့် သုံးလခန့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လွန်ခဲ့သည့် တလခန့် အောက်တိုဘာလလ ၈ ရက်နေ့တွင် ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဒီပဲယင်း မြို့သိမ်းတိုက်ပွဲအပြီး သုံးလခန့်အကြာနှင့် ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီး တလစွန်းစွန်းအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ပုလဲသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးနှင့် အလှမ်းကွာဝေးသော်လည်း ဒီပဲယင်းနှင့် ၇၂ မိုင်သာ ကွာဝေးသည်။ ထို့ကြောင့် မြို့သိမ်းတိုက်ပွဲအခြေအနေနှင့် ထိန်းသိမ်းထားရန် ခက်ခဲသည့်အခြေအနေကို လေ့လာမည်ဆိုပါက ပို၍ထင်သာမြင်သာ ရှိနိုင်ပါသည်။
တော်လှန်ရေးဘက်က ပင်လည်ဘူးကို လက်ရှိအချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်ပြီး အင်းတော်မြို့ကိုပင် ထိုးစစ်ဆင်လျက်ရှိသည်။ ဒီပဲယင်းကိုမူ သိမ်းပိုက်ပြီးနောက်၂၄ နာရီ မတိုင်မီတွင် ပြန်လည်စွန့်လွှတ်ခဲ့ရသည်။
BNRA သည် ရှေ့က မြို့သိမ်းတိုက်ပွဲ သင်ခန်းစာများရှိလျက်နှင့် မအောင်မြင်သော မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရလျှင် မှားမည်မဟုတ်ပေ။ အပြစ်တင်လိုခြင်းသက်သက် မဟုတ်ဘဲ စုစုစည်းစည်းနှင့် တော်လှန်ရေးကို အရွေ့တခုသို့ ရောက်ရှိစေလိုသောဆန္ဒဖြင့်သာ သုံးသပ်လိုခြင်း ဖြစ်သည်။
BNRA သည် ရှေ့က မြို့သိမ်းတိုက်ပွဲ သင်ခန်းစာများရှိလျက်နှင့် မအောင်မြင်သော မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရလျှင် မှားမည်မဟုတ်ပေ။ အပြစ်တင်လိုခြင်းသက်သက် မဟုတ်ဘဲ စုစုစည်းစည်းနှင့် တော်လှန်ရေးကို အရွေ့တခုသို့ ရောက်ရှိစေလိုသောဆန္ဒဖြင့်သာ သုံးသပ်လိုခြင်း ဖြစ်သည်။
ပုလဲကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့သည့် ဗိုလ်နဂါးနှင့် ပတ်သက်လျှင် အငြင်းပွားဖွယ်ရာ အကြောင်းအရာများစွာ ရှိနေသဖြင့် ဘက်ကွဲစေခြင်း၊ တော်လှန်ရေးအရှိန် လျော့စေခြင်းများ မဖြစ်စေလို၍ သီးသန့် သုံးသပ်လိုခြင်းတော့ မရှိပေ။
သို့သော် ကာလအားဖြင့် သိပ်အလှမ်းမကွာသည့်အချိန်က ဖြစ်စဉ်တခုကိုတော့ သတိထားမိသည်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသာယာကျေးရွာတွင် BNRA တပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ပြည်သူ ၁၄ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း ၃ က ဖမ်းဆီးထိန်းသိမ်းသည့် ဖြစ်စဉ်ဖြစ်သည်။
ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့သည် NUG / MOD လက်အောက်ခံတပ်ဖွဲ့ မဟုတ်ပေ။ BNRA တပ်ရင်း ၅၊ တပ်ခွဲ ၃ တပ်ခွဲမှူး မျိုးလှိုင်ဝင်း အပါအဝင် ရဲဘော် ၂၂ ဦးနှင့် ထောက်ပို့ / ပြည်သူ ၁၄ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ညတွင် ရွာထဲ၌ သေနတ်ပစ်ဖောက်ခဲ့သောကြောင့် MOD ၏ ရွှေဘိုခရိုင် တပ်ရင်း ၃ က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဤကဲ့သို့သော ဖြစ်စဉ်များသည် BNRA နှင့် အခြား တော်လှန်ရေးတပ်များအကြား၊ အထူးသဖြင့် NUG/ MOD လက်အောက်ခံတပ်ဖွဲ့များအကြားတွင် ကြားရလေ့ရှိသည့် ဖြစ်စဉ်များ ဖြစ်သည်။ ထို့ကြောင့် ဗိုလ်နဂါးနှင့် BNRA သည် သူတို့၏ စွမ်းဆောင်နိုင်မှုကို ပြလို၍ ဤကဲ့သို့ ပုလဲမြို့သိမ်း တိုက်ခဲ့လေသလား စဉ်းစားမိပါသည်။ တဆက်တည်း စဉ်းစားမိသည်မှာ အဆင့်ဆင့်သော ကွပ်ကဲမှုများ ရှိပါက ပုလဲမြို့သိမ်းတိုက်ပွဲကို အရမ်းကာရော ခွင့်ပြုဖွယ်မရှိဟု ထင်မြင်မိပါသည်။
ပုလဲမြို့သိမ်းတိုက်ပွဲ မတိုင်မီ စစ်ကိုင်းတိုင်းအတွင်းက အခြားမြို့သိမ်းတိုက်ပွဲ နှစ်ခုကို ပြန်ကြည့်ပါက ပုလဲတွင် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ရန် သင့်၊ မသင့်ကို သုံးသပ်နိုင်သည်။
ယနေ့တိုင် ထိန်းချုပ်ထားဆဲဖြစ်သည့် ပင်လည်ဘူးကို တော်လှန်ရေးအင်အားစုများက ၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရသည်။ ပင်လယ်ဘူးမြို့ကို တိုက်သည့် တော်လှန်ရေးအင်အားစုများသည် ကောလင်းမြို့ကို သိမ်းပိုက်နိုင်မှု အခြေအနေကို ထည့်သွင်းစဉ်းစားခဲ့ပုံရသည်။
ယနေ့တိုင် ထိန်းချုပ်ထားဆဲဖြစ်သည့် ပင်လည်ဘူးကို တော်လှန်ရေးအင်အားစုများက ၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရသည်။ ပင်လယ်ဘူးမြို့ကို တိုက်သည့် တော်လှန်ရေးအင်အားစုများသည် ကောလင်းမြို့ကို သိမ်းပိုက်နိုင်မှု အခြေအနေကို ထည့်သွင်းစဉ်းစားခဲ့ပုံရသည်။
ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြန်လည် လက်လွှတ်ခဲ့ရသည်။ ထို့ကြောင့် ပင်လည်ဘူးကို သိမ်းပိုက်ရန် တိုက်ခိုက်သည့် နှစ်လနီးပါးကာလတွင် မြို့ကို အလျင်အမြန် ရရှိရေးထက် မြို့တွင်းရှိ စစ်ကောင်စီစခန်းနှင့် လုံခြုံရေးယူထားသည့်နေရာများအား ဦးစွာ ဝိုင်းပတ်ပိတ်ဆို့ပြီး ထောက်ပံ့ရေး လမ်းကြောင်းများ ဖြတ်တောက်သည်။ ထို့နောက် စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းများအား ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်သည်။
ထို့ကြောင့် ပင်လည်ဘူးရှိ စစ်ကောင်စီတပ်ဖွဲ့များတွင် ဒဏ်ရာရသည့် လူနာများအား ပြန်မပို့နိုင်ခြင်း၊ ခဲယမ်း၊ ရိက္ခာ လိုအပ်ချက်များ ရှိလာခြင်း ဖြစ်လာခဲ့သည်။ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးချ၍ မကြာခဏ တိုက်ခိုက်ခံခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အားသာပြီး လေကြောင်းအရေးသာမှု ရှိနေသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် အင်အားသာမက စိတ်ဓာတ်ပါ ကျဆင်းသွား ခဲ့ရသည်။
ထို့ကြောင့်လည်း လေကြောင်းက အကြိမ်များစွာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများဖြင့် ခုခံခဲ့သည့် စစ်ကောင်စီခံစစ်ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိလည်း စစ်ကောင်စီအနေဖြင့် ပင်လည်ဘူးကို ပြန်၍ ထိုးစစ်ဆင်နိုင်ခြင်း မရှိသည့်အပြင် ယင်းဒေသ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့ကိုပင် မကျအောင် ခုခံနေရသည်။
နောက်ထပ် မြို့သိမ်းတိုက်ပွဲဖြစ်သည့် ဒီပဲယင်း မြို့သိမ်းတိုက်ပွဲကို ပြန်ကြည့်ပါက တော်လှန်ရေးအင်အားစုများသည် ဇွန်လ ၂၅ ရက်က စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်း/မန်း စစ်ဆင်ရေး စဉ့်ကူး၊ မတ္တရာဘက်က အရှိန်နှင့် ဆက်စပ်မှုရှိနေသည်ကို တွေ့ရသည်။
စဉ့်ကူးမြို့ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် မန္တလေး PDF နှင့် ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ပြီးနောက် တလနီးပါးအကြာတွင် စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နှင့် ၃၇ မိုင်ခန့်သာဝေးသည့် ဒီပဲယင်းကို သိမ်းပိုက်ခဲ့ကြောင်း တွေ့ရသည်။
သတင်းများအရ ထိုကာလသည် မိုးရွာသွန်းမှုများခြင်း၊ တော်လှန်ရေးတပ်များတွင် ခဲယမ်းနှင့် ရိက္ခာ၊ စစ်ဝတ်စုံ လုံလောက်မှုမရှိခြင်း စသည့် အခက်အခဲများ ရှိနေခဲ့သည်။
စစ်ကောင်စီဘက်ကလည်း သူတို့၏သိက္ခာအတွက် နမခ ၏ စစ်ဆင်ရေးနယ်မြေအတွင်းက ရှေ့တန်းတပ် ထုတ်နုတ်အင်အားများကို MI-17 ရဟတ်ယာဉ်ဖြင့် တိုက်ပွဲနေရာအထိ စစ်ကူပို့ပေးခြင်း၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ MIG-29 တိုက်ခိုက်ရေးလေယာဉ်များနှင့် Y-12 လေယာဉ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်း၊ ဗုံးကြဲခြင်းတို့ဖြင့် လေကြောင်းပစ်ကူ အဆမတန်သုံးကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း သူတို့၏သိက္ခာအတွက် နမခ ၏ စစ်ဆင်ရေးနယ်မြေအတွင်းက ရှေ့တန်းတပ် ထုတ်နုတ်အင်အားများကို MI-17 ရဟတ်ယာဉ်ဖြင့် တိုက်ပွဲနေရာအထိ စစ်ကူပို့ပေးခြင်း၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ MIG-29 တိုက်ခိုက်ရေးလေယာဉ်များနှင့် Y-12 လေယာဉ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်း၊ ဗုံးကြဲခြင်းတို့ဖြင့် လေကြောင်းပစ်ကူ အဆမတန်သုံးကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် တော်လှန်ရေးဘက်က သိမ်းပိုက်ရရှိပြီး ၂၄ နာရီ မတိုင်မီ ပြန်၍ လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ နမခ တိုင်းစစ်ဌာနချုပ်၏ မိုင် ၄၀ အတွင်းတွင်ရှိသည့် မြို့ကို သိမ်းပိုက်ပြနိုင်ခြင်းဖြင့် စစ်ကောင်စီကို ခြိမ်းခြောက်မှုပေးနိုင်ခဲ့သည်။
ဒီပဲယင်း မြို့သိမ်းဖြစ်စဉ်သည် ပုလဲမြို့ကို မြို့သိမ်းတိုက်ပွဲ မဆင်နွှဲမီ လေ့လာရမည့် အနီးစပ်ဆုံး အခြေအနေတခု ဖြစ်သည်။ သို့သော် သေချာလေ့လာခဲ့ပုံ မရခဲ့ပေ။ လေ့လာခဲ့လျှင်ပင် သေချာ မသုံးသပ်နိုင်ခဲ့၍လား စဉ်းစားစရာရှိခဲ့သည်။
ပုလဲမြို့ကို နိုဝင်ဘာလ ၁၁ ရက်တွင် BNRA နှင့် မဟာမိတ်တပ်များက ဝင်တိုက်သည်။ BNRA နှင့်အတူ ဝက်လက်နယ် အခြေပြု ဂျန်ဇီ လူငယ်မျိုးဆက် တပ်တော် (GZA)၊ မကွေးတိုင်း၊ ရေစကြိုနယ်အခြေပြု Southern YSO PDF တို့လည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုးစစ် လေးရက်အကြာ နိုဝင်ဘာလ ၁၄ ရက်တွင် မြို့ကို ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ပြီးနောက် ပြန်လည် ဆုတ်ခွာခဲ့ရသည်။ ဒီပဲယင်းကဲ့သို့ မိုးရွာသွန်းမှု မရှိတော့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များတွင် ခဲယမ်းပိုင်းနှင့် အခြားအခက်အခဲများ ရှိခဲ့ကြောင်း သိရပြီး စစ်ကောင်စီဘက်က ယခင် မြို့သိမ်းတိုက်ပွဲ နှစ်ခုကဲ့သို့ပင် လေကြောင်းမှ စစ်ကူချပေးခြင်း၊ ပစ်ကူ အဆမတန်ပေးခြင်းတို့ကြောင့် တော်လှန်ရေးတပ်များ အနေဖြင့် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်၏ အပြောအရ BNRA နှင့် NUG လက်အောက်ခံ တပ်များအနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြခြင်း မရှိကြောင်း၊ မြေပြင်က တော်လှန်ရေးတပ်အချင်းချင်း သတင်းအချက်အလက် ဖလှယ်ခြင်းမျိုး မရှိသည့်အတွက် တိုက်ပွဲ နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ရသည့် အပိုင်းတွင် အခက်အခဲများရှိကြောင်း ဘီဘီစီသတင်း ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီသည် သူ့သိက္ခာ မကျစေရန်နှင့် ဝါဒဖြန့်၍ ကောင်းစေရန်အတွက် လက်လွှတ်ရသည့် မြို့များကို အတင်းပြန်ရရေး အားထုတ်သည်။ မြေပြင်စစ်ကူရော ဝေဟင်ပစ်ကူပါ ရသမျှ သုံးပြီး ပြန်ယူပြသည်။ ပြန်ရသည့်အခါ နောက်တကြိမ် မြို့သိမ်းတိုက်ပွဲ မဖြစ်အောင် မြို့ရှိ အခြေခံအဆောက်အဦများကို မီးရှို့ခြင်း၊ ပြည်သူအချို့ကို သတ်ဖြတ်ခြင်းဖြင့် ချက်ချင်းဆိုသလို အကြောက်တရား သွင်းလေ့ရှိသည်။
စစ်ကောင်စီသည် သူ့သိက္ခာ မကျစေရန်နှင့် ဝါဒဖြန့်၍ ကောင်းစေရန်အတွက် လက်လွှတ်ရသည့် မြို့များကို အတင်းပြန်ရရေး အားထုတ်သည်။ မြေပြင်စစ်ကူရော ဝေဟင်ပစ်ကူပါ ရသမျှ သုံးပြီး ပြန်ယူပြသည်။ ပြန်ရသည့်အခါ နောက်တကြိမ် မြို့သိမ်းတိုက်ပွဲ မဖြစ်အောင် မြို့ရှိ အခြေခံအဆောက်အဦများကို မီးရှို့ခြင်း၊ ပြည်သူအချို့ကို သတ်ဖြတ်ခြင်းဖြင့် ချက်ချင်းဆိုသလို အကြောက်တရား သွင်းလေ့ရှိသည်။
ယခုလောလောဆယ် ပုလဲမြို့ရှိ မြို့ပေါ်ရပ်ကွက်များအပါအဝင် ရွာ ၁၂ ရွာက ပြည်သူ ၁၀,၀၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းများ အန္တရာယ်နှင့် လေယာဉ်ဗုံးကြဲမှု အန္တရာယ်များမှ စစ်ဘေးရှောင်နေကြရသည်။
အစီအမံ စနစ်တကျ မရှိသည့် တိုက်ပွဲဖော်ဆောင်မှုသည် အသက်နှင့် ဘဝများကို လောင်းကြေး ထပ်ထားရသဖြင့် အရင်းအနှီး အရမ်းကြီးမားပါသည်။
မြေပြန့်ဒေသ အညာမြေ စစ်ဆင်ရေးများသည် စုစည်းမှုကောင်းကောင်းဖြင့် ဗျူဟာမြောက် လှုပ်ရှားတိုက်ခိုက်နိုင်မှသာ အောင်မြင်နိုင်သည်။ လူ၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာ လုံလောက်သော ပမာဏ အသင့်ရှိရန် လိုသည်။ ကျည်မလောက်၍ ဆုတ်ရပါသည်ဆိုလျှင် အစကတည်းက တွက်ချက်မထားသည့် အားနည်းချက်ကို မြင်ရသည်။
လက်ရှိအနေအထားအရ စစ်ကိုင်းအောက်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် ပြောက်ကျားစစ် သဘောအရ အမာရှောင် အမွတိုက်သင့်သည်။ မြို့သိမ်းတိုက်ပွဲထက် ဘုတလင်၊ ကူတော်ရွာက ပြန်လာသည့် ဘီလူးစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့သကဲ့သို့ ပြောက်ကျားစစ်ကို ပီပြင်စွာ ဆင်နွဲသင့်သည်။
အထူးသဖြင့် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်များနှင့် မလှမ်းမကမ်းဒေသများကို တိုက်ကွက်ဖော်ရာတွင် ပို၍သတိကြီးစွာ ထားသင့်သည်။ စစ်တိုင်းမှူးအစီအမံဖြင့် စစ်ကူပစ်ကူ အလျင်အမြန် ရောက်ရှိလာနိုင်ခြင်းကြောင့် ဖြစ်သည်။ အချုပ်ဆိုရသော် စုစည်းမှု ကောင်းကောင်းဖြင့် ညှိနှိုင်းပေါင်းစပ်ကာ လုပ်ဆောင်နိုင်မှသာ တော်လှန်ရေးသာမက တိုက်ပွဲများပါ အရွေ့တခုကို ရောက်နိုင်မည်ဟု ထင်မြင်မိပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဗိုလ်နဂါးနဲ့ တပ်ဖွဲ့တွေ ပုလဲမြို့သိမ်းတိုက်ပွဲက ဘာကြောင့်ပြန်ဆုတ်ခဲ့ရလဲ (ရုပ်/သံ)
ကျည်မလောက်၍ ပုလဲမှ တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ်
ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့သဖြင့် ဒေသခံများ ထွက်ပြေးနေရ
မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင်
လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး