• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တရုတ်က ပိတ်ဆို့ပေးလို့ ရှမ်းမြောက်ကို စစ်ကောင်စီ ပြန်ရနိုင်သလား

by ကိုဦး
23 November 2024
in သူ့အတွေး သူ့အမြင်
A A
တရုတ်က ပိတ်ဆို့ပေးလို့ ရှမ်းမြောက်ကို စစ်ကောင်စီ ပြန်ရနိုင်သလား

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ကိုးကန့်ဒေသ၊ နမ့်ဆန်မြို့အကြား နယ်စပ်တွင် လွှင့်ထူထားသည့် တရုတ်အလံ / AFP

5.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဘက်စုံအကျပ်အတည်းတွေ့နေသော စစ်ကောင်စီအား တရုတ်တို့က နိုင်ငံရေးအကျပ်အတည်းကို သံတမန်လမ်းကြောင်းမှ စတင် လမ်းဖွင့်ပေးလိုက်ပြီး တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း စစ်ရေးအကူအညီ၊ စီးပွားရေးအကူအညီများ ပေးမည်‌ဆိုသည့် သတင်းများ ထွက်ပေါ်နေ၏။

မြန်မာ့စစ်ရာဇဝတ်ကောင်များအား စစ်ရေး၊ စီးပွားရေးအကူအညီများ ပြောင်ပြောင်တင်းတင်း မပေးရဲခြင်းမှာ ၎င်းတို့လုပ်ရပ်ကို မြန်မာပြည်သူများကရော၊ နိုင်ငံတကာကပါ လက်မခံနိုင်ဆိုသည့်အချက်ကို သိထား၍ ဖြစ်ပုံရ၏။ သို့သော်လည်း နေပြည်တော်သို့ အောင်ပွဲကြီးတရပ် ရရှိခဲ့သည့်ပုံစံဖြင့် ပြန်လာခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ကြည့်ပါက အနည်းနှင့်အများ စစ်ရေး၊ စီးပွားရေး အကူအညီများ တိတ်တဆိတ် ရခဲ့ပုံရ၏။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
700
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
6.8k
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
2.3k

တရုတ်နှင့် မြောက်ပိုင်းအဖွဲ့များ

တရုတ်နယ်စပ်တွင် တည်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များအား စစ်ကောင်စီကို ထောက်ခံသူများကသာမက အနောက်တိုင်းမှ သတင်းစာဆရာများ၊ လေ့လာသုံးသပ်သူများကပါ တရုတ်ဩဇာခံများ၊ တရုတ်က မွေးထားသူများ၊ တရုတ်က ထောက်ပံ့ထားသည့် ကျေးဇူးခံ ကျေးဇူးစားများအဖြစ် ပုံဖော်ခဲ့ကြ၊ ကြည့်မြင်ခဲ့ကြ၏။

တကယ်တမ်းတွင် တရုတ်တို့သည် ၂၀၁၅ နောက်ပိုင်းမှစ၍ မြောက်ပိုင်းအဖွဲ့များအား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီး မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်သို့ဝင်ရန် ဖိအားပေးခဲ့ကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ရန် အတင်းအကျပ် စီစဉ်ပေးခဲ့၏။ မြောက်ပိုင်းအဖွဲ့များ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဖြစ်ပေါ်လာခြင်းသည် တကယ်တွင် တရုတ်တို့ ဖိအားပေးနေသည့် အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးရန် ဖိအားပေးမှုကို စုစည်း၍ တုံ့ပြန်ခြင်း ဖြစ်၏။

မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် ကိုးကန့်ရှိ ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းပြီး တရုတ်၏ ထောက်ခံမှုရယူရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ တရုတ်က သူ့အတွက် ပို၍အကျိုးရှိမည်ဟု ယူဆသည့် စစ်ကောင်စီကို ဆက်လက် ရွေးချယ်သွားခဲ့၏။

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီးနောက်ပိုင်း တရုတ်နှင့် မြောက်ပိုင်းအဖွဲ့များကြား သိသိသာသာ သဘောထားကွဲလွဲသည်ကို တွေ့မြင်ခဲ့ကြရသည်။ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် ကိုးကန့်ရှိ ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းပြီး တရုတ်၏ ထောက်ခံမှုရယူရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ တရုတ်က သူ့အတွက် ပို၍အကျိုးရှိမည်ဟု ယူဆသည့် စစ်ကောင်စီကို ဆက်လက် ရွေးချယ်သွားခဲ့၏။ စစ်ကောင်စီ အထိနာလာသည့်အခါ ဟိုင်ဂင်သဘောတူညီချက်ဆိုသည်ကို တရုတ်အထူးသံက အတင်းအဓမ္မ ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းခဲ့၏။

တရုတ်တို့သည် နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များက သူတို့သဘောအတိုင်း မဖြစ်သည့်အခါ အဓမ္မ ဖိအားပေးလာသည်ဟု ဆိုရမည်။ မြောက်ပိုင်းရှိ တိုင်းရင်းသားတပ်ဖွဲ့များသည် တရုတ်နယ်စပ်တွင် တည်ရှိ၍ တရုတ်နှင့် ဆက်ဆံရေးကောင်းရန် ကြိုးစားကြသော်လည်း တရုတ်၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့များ မဟုတ်သကဲ့သို့ ၎င်းတို့တပ်ဖွဲ့ မူဝါဒ၊ ရည်မှန်းချက်များကို အထိခိုက် မခံနိုင်ကြပေ။

စစ်ကောင်စီကို တိုက်ခိုက်နေကြသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကို စစ်ကောင်စီအား မတိုက်ခိုက်ရန်၊ အပစ်ရပ်ရန်၊ စစ်ကောင်စီ၏ မူဝါဒများကို နာခံရန် ဖိအားပေးလာခဲ့၏။ ထိုတပ်ဖွဲ့များ အခြေစိုက်ရာဒေသများသည် တရုတ်နယ်စပ်မှ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီမှအစ ဆက်သွယ်ရေး၊ လျှပ်စစ်မီးတို့ မှီခိုနေရသည်ကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့၏။

KIA, MNDAA, TNLA တို့သည် စစ်ကောင်စီအင်အားချိနဲ့သည့် ယနေ့ကာလတွင် စစ်အုပ်စုအား အပြုတ်တိုက်မှဖြစ်မည်ဟု မူဝါဒကို ကိုင်ဆွဲထားကြသဖြင့် စစ်ကောင်စီကို အသက်ဆက်ပေးလိုသည့် တရုတ်တို့နှင့် အကြိမ်ကြိမ်ဆွေးနွေးကြသော်လည်း သဘောတူညီမှု မရနိုင်ကြတော့ပေ။

၂၀၂၄ ခုနှစ်အတွင်း တရုတ်တို့က အတင်းအကျပ် ဖိအားပေးခြိမ်းခြောက်လာသဖြင့် နောက်ပိုင်း ဆွေးနွေးပွဲများတွင် တရုတ်နှင့် တိုင်းရင်းသားများကြား တင်းမာမှုဖြစ်လာကြပြီး တရုတ်တို့ ဆွေးနွေးပွဲခေါ်လျှင်ပင် အဓိကခေါင်းဆောင်များ မသွားသည့်အဖွဲ့များ ရှိလာ၏။

တရုတ်တို့ လက်လှမ်းမမီသည့်နေရာတွင် အာရက္ခတပ်တော် (AA) တဖွဲ့သာ တရုတ်ဖိအားမှ လွတ်သည်ကို တွေ့ရ၏။ AA ကမူ ၁၀၂၇ စစ်ဆင်ရေး စကတည်းက တောက်လျှောက်ဆိုသလို တရုတ်တို့၏ အနှောင့်အယှက်ကင်းကင်းဖြင့် တိုက်ပွဲဝင်နိုင်ခဲ့၏။

စစ်ကောင်စီနှင့် မတိုက်သည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုလည်း စစ်တိုက်နေသည့် မြောက်ပိုင်းအဖွဲ့များအား လက်နက်ခဲယမ်းအပါအဝင် မည်သည့်အရာမှ မထောက်ပံ့ရန် ဖိအားပေးလာသည်။ တရုတ်တို့ လက်လှမ်းမမီသည့်နေရာတွင် အာရက္ခတပ်တော် (AA) တဖွဲ့သာ တရုတ်ဖိအားမှ လွတ်သည်ကို တွေ့ရ၏။ AA ကမူ ၁၀၂၇ စစ်ဆင်ရေး စကတည်းက တောက်လျှောက်ဆိုသလို တရုတ်တို့၏ အနှောင့်အယှက်ကင်းကင်းဖြင့် တိုက်ပွဲဝင်နိုင်ခဲ့၏။

၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ပိုင်းက MNDAA နှင့် TNLA တို့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ဆက်လက် တိုက်ခိုက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့ကိုပါ သိမ်းလိုက်သောအခါ စစ်ကောင်စီကို အသက်ဆက်ပေးလိုသည့် တရုတ်တို့ အမျက်ချောင်းချောင်းထွက်ပြီး တရုတ်နယ်စပ်တလျှောက် အားလုံး ပိတ်ဆို့ခဲ့သည်။

တရုတ်နယ်စပ်ပိတ်ဆို့မှု

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တရုတ်နယ်စပ်တလျှောက် စစ်ကောင်စီ ချုပ်ကိုင်နိုင်သည်မှာ မူဆယ်သာ ကျန်ရှိသော်လည်း ကျန်နယ်စပ်အများစုကို တရုတ်အစိုးရက တိုးမြှင့်ပိတ်ဆို့လိုက်သည်ကို စစ်ကောင်စီခေါင်းဆောင် တရုတ်ခရီးစဉ်နှင့်အတူ တွေ့ရ၏။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိစပ်နေပြီး TNLA, KIA တို့နှင့် ထိပ်တိုက်တွေ့နေသည့် ကချင်၊ စစ်ကိုင်းနှင့် တရုတ်နယ်နိမိတ် အဓိကနေရာများ / မြေပုံ – IISS

ဤသို့ပိတ်ဆို့ခြင်း၏ ရည်ရွယ်ချက်သည် တရုတ်၏ စစ်ဘက်ဆိုင်ရာ နည်းပညာအကူအညီဖြင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များအား စစ်ကောင်စီတပ်က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ပုံရ၏။

တရုတ်တို့သည် နယ်စပ်တလျှောက် သံဆူးကြိုးခတ်ထားသည်ဖြစ်ရာ အပြည့်အဝ ပိတ်ဆို့ထားနိုင်သည့်အပြင် ဝနယ်နှင့် ကိုးကန့်ကြားရှိ UWSA ဂိတ်များတွင် တရုတ်ရဲနှင့် ထောက်လှမ်းရေးများ ဝင်ရောက်နေရာယူပြီး မည်သည့်ကုန်စည်မှ ကိုးကန့်ဒေသတွင် ဝင်ရောက်နိုင်ခြင်း မရှိရန် ဖြတ်တောက်လျက်ရှိသည်။

တရုတ်တို့သည် တရုတ်နယ်စပ်အား တရုတ်ပိုင်နက်အတွင်းမှ ပိတ်ဆို့သည်သာမက မြန်မာ အချုပ်အခြာအာဏာ ပိုင်နက်တွင်းရှိ ဝနယ်နှင့် ကိုးကန့်ကြား မြန်မာပြည်နယ်‌မြေတွင်းအထိပါ တရုတ်ရဲနှင့် ထောက်လှမ်းရေး ဝင်ရောက်နေရာယူပြီး မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိ၏။

စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်တွင် တောင်ကြီး-ရပ်စောက်လမ်း၊ နမ့်လန်လမ်း၊ မိုင်းရယ်၊ ဟိုယလမ်း အားလုံးကို ပိတ်ဆို့ထားသော်လည်း နယ်မြေအလုံးစုံ ပိတ်ဆို့ထိန်းချုပ်နိုင်ရန်၊ အပြည့်အဝ ပိတ်ဆို့နိုင်ရန် ခက်ခဲ၏။ ထို့ပြင် စစ်ကောင်စီ၏ ဂိတ်များသည့် လာဘ်ပေးလာဘ်ယူများပြီး အကျင့်ပျက်ခြစားနေကြသည်ဖြစ်ရာ တိုင်းရင်းသားဒေသတွင်း လူထု၏ အခြေခံလိုအပ်ချက် အားလုံးကို ပိတ်ဆို့ထားနိုင်ခြင်း မရှိပေ။ စစ်ကောင်စီသာ တကယ်တမ်း ပိတ်ဆို့ဖြတ်တောက် ဖမ်းဆီးနိုင်လျှင် မြန်မာပြည်တွင် မူးယစ်ဆေးဝါးပင် ရှိမည်မဟုတ်ပေ။

စစ်ကောင်စီတပ်နှင့် တရုတ်တို့၏ ပိတ်ဆို့မှုသည် အထူးသဖြင့် နယ်စပ်ဒေသရှိ ပြည်သူများအား ထိခိုက်မှုရှိသော်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား တစုံတရာ အတိုင်းအတာထိသာ ထိခိုက်မှုရှိသည့်အပြင် တောင့်ခံနိုင်သည့် အခြေအနေတွင် ရှိ၏။

ရှမ်းမြောက်နှင့် နှိုင်းယှဉ်လျှင် စစ်ကောင်စီနှင့် တရုတ်တို့၏ ပိတ်ဆို့မှုများမှာ ကချင်ပြည်နယ်ဘက်တွင် ထိရောက်မှုမရှိကြောင်း တွေ့ရ၏။ စစ်ကောင်စီတပ်နှင့် တရုတ်တို့၏ ပိတ်ဆို့မှုသည် အထူးသဖြင့် နယ်စပ်ဒေသရှိ ပြည်သူများအား ထိခိုက်မှုရှိသော်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား တစုံတရာ အတိုင်းအတာထိသာ ထိခိုက်မှုရှိသည့်အပြင် တောင့်ခံနိုင်သည့် အခြေအနေတွင် ရှိ၏။

တရုတ်တို့နှင့် စစ်ကောင်စီတို့၏ ပူပေါင်းပိတ်ဆို့မှု သက်သက်ဖြင့် တရုတ်တို့ လိုချင်သည့် ပုံသွင်း၍ မရပေ။

ရှမ်းမြောက်နှင့် စစ်တပ်၏ ပြန်လှန်ထိုးစစ်

လက်ရှိတွင် တရုတ်နှင့် စစ်တပ်တို့ ရှမ်းမြောက်ကို ပူးပေါင်းပိတ်ဆို့ပြီးနောက် စစ်တပ်က ပြန်လှန်ထိုးစစ်ဆင်ရန် ရည်ရွယ်ပုံရ၏။ ထိုထိုးစစ်သည် လားရှိုးသက်သက်သာ ဦးတည်တိုက်ခိုက်၍ မရပေ။ တရုတ်နယ်စပ်ကုန်သွယ်ရေး ပွင့်ဖို့ဆိုလျှင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်အထိ၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ ၁၀၅၊ မူဆယ်အထိ တိုက်ခိုက်ရမည်ဖြစ်၏။

ထိုသို့ ရှမ်းမြောက်တခုလုံး ပြန်သိမ်းပိုက်ရန်အတွက် နမ့်လန်၊ မိုင်းရယ်မှသာ စစ်ကြောင်းထွက်၍ လားရှိုးကို ထိုးစစ်ဆင်၍ မရပေ။ ပြင်ဦးလွင်မှ နောင်ချို၊ သီပေါ၊ လားရှိုးအထိ ပြည်ထောင်စုလမ်းအတိုင်း အဓိက ထိုးစစ်ဆင်ရမည်ဖြစ်၏။ သို့မှ ‌လက်နက်ကြီး၊ ယန္တယားတပ် စသည့် စစ်တပ်၏ အားသာသည့် စစ်လက်နက်ပစ္စည်းများကို အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ထောက်ပို့လမ်းကြောင်းလည်း လွယ်ကူမည်ဖြစ်၏။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ ကျေးရွာတရွာတွင် ကင်းစောင့်နေသည့် TNLA တအာင်းတပ်ဖွဲ့ဝင်များ / AFP

ထို့ပြင် ထိုအဓိကထိုးစစ်အား တောင်ဘက်ခြမ်းရှိ တောင်ခမ်း၊ နမ့်လန်၊ မိုင်းရယ်တို့ဘက်မှ အရန် စစ်ကြောင်းများ၊ မြောက်ဘက်ခြမ်းတွင် ပြင်ဦးလွင်၊ အုမ္မတီး၊ အုမ္မခါး၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံဘက်သို့ပါ အရန်စစ်ကြောင်းများနှင့် ပေါင်းစပ်ရမည်ဖြစ်၏။ တောင်ခမ်း၊ နမ့်လန်၊ မိုင်းရယ်တို့သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နယ်မြေများနှင့် ဆက်စပ်နေ၍ ပြဿနာမရှိသော်လည်း မြောက်ဘက်ခြမ်း မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံဘက်သို့ ထိုးမည့်စစ်ကြောင်းအတွက် တောင်ဘက်ခြမ်းကဲ့သို့ လုံလောက်သည့် ကျောထောက်နောက်ခံ မရှိရာ အင်အားပိုသုံးရန် လိုအပ်၏။

ရှမ်းမြောက်မှ နွေဦးတပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း MNDAA သည် တပ်မဟာ ၆ ခုအထိ တိုးချဲ့ဖွဲ့စည်းထားပြီး TNLA က တပ်မဟာ ၉ အထိ ပြင်ဆင်ဖွဲ့စည်းထား၏။ ထို့ပြင် စစ်တပ်နှင့် သူတို့ရင်ဆိုင်ရမည့် စစ်မျက်နှာမှာ ယခင်ကထက် များစွာကျဉ်းသွားသည်။ သို့ဖြစ်ရာ ရှမ်းမြောက်သို့ ပြန်လည်ထိုးစစ်ဆင်ပါက စစ်တပ်သည် အင်အားသောင်းဂဏန်း အသုံးပြုရန် လိုအပ်မည်ဖြစ်၏။ လက်ရှိစစ်အင်အား မလုံလောက်သည့် စစ်တပ်အတွက် တပ်သားဖြည့်တင်းခြင်းသည် အရေးကြီးသည့် ပြဿနာတရပ် ဖြစ်လာ၏။

တပ်သားဖြည့်တင်းခြင်း

စစ်ရေးအရပြောလျှင် စစ်ကောင်စီကို တရုတ်က မည်သို့ စစ်‌ရေးနည်းပညာအကူအညီ ပေးပေး စစ်တပ်အတွက် အဓိကပြဿနာမှာ စစ်အင်အားဖြည့်တင်းရေးဖြစ်၏။ စစ်ရေးကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအရ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တွင် ကျဆုံးနေသည့် တပ်ရင်းတပ်ဖွဲ့များအပါအဝင် တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်ပေါင်း ၁၅၀ ခန့်သည် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီး ကျန်တပ်ရင်းတပ်ဖွဲ့ အားလုံးလိုလိုမှာလည်း အထိနာနေသည်ဖြစ်ရာ တပ်အင်အားများစွာ လျော့ကျနေသည်။

အချို့က စစ်ကောင်စီသည် တပ်သားသစ်များ စုဆောင်းနေရာ အလျင်အမြန် အင်အားပြည့်တင်းလာမည်ဟု ယူဆကြသည်။ လက်ရှိ စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းရေးတွင် ပြဿနာများစွာရှိ၏။ တပ်သားသစ်စုဆောင်းရာတွင် တာဝန်ယူကြသူများ၏ အကျင့်ပျက်ခြစားမှုများ၊ ငွေညှစ်မှုများ နေရာတိုင်းတွင် ကြားနေရသကဲ့သို့ ရည်ရွယ်သည့် အရေအတွက် စုဆောင်းမရပေ။

အချို့က စစ်ကောင်စီသည် တပ်သားသစ်များ စုဆောင်းနေရာ အလျင်အမြန် အင်အားပြည့်တင်းလာမည်ဟု ယူဆကြသည်။ လက်ရှိ စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းရေးတွင် ပြဿနာများစွာရှိ၏။ တပ်သားသစ်စုဆောင်းရာတွင် တာဝန်ယူကြသူများ၏ အကျင့်ပျက်ခြစားမှုများ၊ ငွေညှစ်မှုများ နေရာတိုင်းတွင် ကြားနေရသကဲ့သို့ ရည်ရွယ်သည့် အရေအတွက် စုဆောင်းမရပေ။

စုဆောင်းလာသည့် တပ်သားသစ်များမှာလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်လာသူများဖြစ်သည့်ပြင် ကာလတိုသင်တန်းပေး၍ စနစ်တကျ စုဖွဲ့ချိန်ပင်မရဘဲ ရှေ့တန်းစစ်မြေပြင်သို့ တပါတည်း ပို့ဆောင်နေ၏။ လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် စစ်မြေပြင်များတွင် တပ်သားသစ်များ အသေအပျောက်များနေခြင်း၊ ဖမ်းဆီးခံနေရခြင်းကို ၎င်းတွေ့ရ၏။

လက်ရှိ တပ်သားသစ်များသည် မိမိဆန္ဒအရ ဝင်ရောက်ခြင်း မဟုတ်သည့်အပြင် ကာလတိုသင်တန်းပို့ပြီး စစ်မြေပြင်သို့ ပို့ဆောင်သည်။ အတွေ့အကြုံမရှိသည့် တပ်သားသစ်များအား စစ်မြေပြင်တွင် ထိန်းကျောင်းပြီး လက်တွဲခေါ်နိုင်သည့် တပ်သားဟောင်း အရေအတွက်မှာ လွန်စွာနည်းပါးနေသည်။ တပ်သားသစ်များနှင့် အင်အားဖြည့်သည့်တပ်များတွင် တပ်သားသစ်အချိုးအစားက တပ်သားဟောင်းထက် များနေသဖြင့် စစ်မြေပြင်တွင် စစ်တိုက်ရန် ခက်ခဲနေ၏။

မိမိယုံကြည်ချက်ဖြင့် လက်နက်ကိုင်လာကြသည့် PDF များပင် နှစ်နှစ်ခန့်ကြာမှ စစ်မြေပြင်အတွေ့အကြုံ ကောင်းစွာရနိုင်သည်ကို တွေ့ရ၏။ ယခု စစ်ကောင်စီ၏ တပ်သားသစ်များသည် တိုက်စိတ်ခိုက်စိတ်ပင် မရှိရာ စစ်ရေးအရ တိုက်ရည်ခိုက်ရည် ပြည့်ဝသူများ ဖြစ်လာရန် မလွယ်ကူပေ။

လက်ရှိကာလတွင် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ စစ်ကိုင်း‌ဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေရာ ထိုဒေသများသို့ စစ်အင်အား အမြန်ဖြည့်တင်းရန် လိုအပ်နေ၏။ ဤသို့သော အခြေအနေအောက်တွင် စစ်တပ်သည် ရှမ်းမြောက်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန်အတွက်သာ တပ်သားသစ်များကို လျာထားရန် မဖြစ်နိုင်ပေ။ အခြားနေရာများကိုလည်း မျှတရဦးမည်ဖြစ်သဖြင့် ရှမ်းမြောက်အတွက် အင်အားစုရန် အနည်းဆုံး ခြောက်လခန့် အချိန်ယူရနိုင်သည်။

ထိုသို့ အင်အားစုစည်းပြီး ‌တိုက်ပါကလည်း အကြိတ်အနယ် တိုက်ခိုက်ရနိုင်ပြီး ရည်မှန်းချက်‌ အောင်မြင်မည်ဟု သေချာပေါက် မပြောနိုင်‌ပေ။ သို့သော် မစုစည်းဘဲ တိုက်ပါက အောင်မြင်မည် မဟုတ်သည်ကတော့ သေချာသည်။ လောလောဆယ်ကာလတွင် စစ်တပ်သည် ရင်ဆိုင်ထားသည့် ရှေ့တန်းစစ်မြေပြင်များတွင် တပိုင်တနိုင် ရှေ့တိုးရန် ကြိုးပမ်းခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ တရုတ်အကူအညီရရှိပါက နည်းပညာမြင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းတို့ ဆက်လက် ပြုလုပ်လာနိုင်သည်။

အချုပ်သုံးသပ်ချက်

၁။ စစ်ကောင်စီအား အသက်ဆက်ပေးလိုသည့် တရုတ်နှင့် စစ်ကောင်စီကို လုံးဝအယုံအကြည်မရှိသော၊ စစ်ကောင်စီကို ဖြိုလဲတိုက်ခိုက်နိုင်မည်ဟု ယုံကြည်နေသော မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကြား မတူသောအမြင်ကြောင့် ဆက်ဆံရေး ဆက်လက်တင်းမာနေမည်။

လက်ရှိ စစ်ရေးအခြေအနေအရ စစ်ကောင်စီသည် လာမည့်ခြောက်လအတွင်း တရုတ်နယ်စပ်ရှိ ဆုံးရှုံးထားသောဒေသများအား ထိုးစစ်ဆင်နိုင်မည် မဟုတ်ပေ။ လေကြောင်းတိုက်ခိုက်မှု၊ အဆင့်မြင့်ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး တဖက်က စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခြင်း၊ သတင်းမှားများ ပြုလုပ်ခြင်းကို တိုးမြှင့်ပြုလုပ်ဖွယ်ရှိ၏။

၂။ လက်ရှိ စစ်ရေးအခြေအနေအရ စစ်ကောင်စီသည် လာမည့်ခြောက်လအတွင်း တရုတ်နယ်စပ်ရှိ ဆုံးရှုံးထားသောဒေသများအား ထိုးစစ်ဆင်နိုင်မည် မဟုတ်ပေ။ လေကြောင်းတိုက်ခိုက်မှု၊ အဆင့်မြင့်ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး တဖက်က စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခြင်း၊ သတင်းမှားများ ပြုလုပ်ခြင်းကို တိုးမြှင့်ပြုလုပ်ဖွယ်ရှိ၏။

၃။ MNDAA နယ်မြေတွင် လားရှိုးကို ကာရံထားသည့် နမ့်ပေါင်၊ ဟိုယ၊ စိန်ကျော့၊ ဆောင်ကြဲ၊ နောင်ကော်လုံ ခံစစ်စည်းအား ပြန်လှန်ထိုးစစ် မစတင်မီ စစ်တပ် တိုက်ခိုက်လာပါက တိုက်ပွဲများ စတင်ဖြစ်ပွားနိုင်သည်။ MNDAA ဘက်မှမူ တန့်ယန်းနှင့် မိုင်းရယ်တွင် မဟာမိတ် UWSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ရှိသဖြင့် စတင်တိုက်ခိုက်ခြင်း ပြုမည်မဟုတ်သော်လည်း နမ့်လန်၊ နားမခေါ် ဘက်သို့ တိုး၍ နေရာယူလာနိုင်ပြီး တိုက်ပွဲဖြစ်ပွားနိုင်သည်။

၄။ TNLA နယ်မြေတွင် စစ်တပ်၏ ပြန်လှန်ထိုးစစ် မစတင်လည်း တောင်ခမ်းစစ်မျက်နှာနှင့် ဘန့်ဘွေး၊ ဂန့်ဂေါ စစ်မျက်နှာတို့တွင် တိုက်ပွဲများ ဆက်လက်ရှိနေမည်။

၅။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များဘက်က စစ်ဆင်ရေးနောက်တဆင့် ပြုလုပ်လာဖွယ်ရှိ၏။

၆။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များသည် စစ်တပ်နှင့် တရုတ်တို့၏ ပူးပေါင်းပိတ်ဆို့မှု၊ စစ်တပ်ထိုးစစ်တို့ကို ရင်ဆိုင်ရန် အခက်အခဲများ ရှိသော်လည်း စိုးရိမ်ပူပန်မှုရှိသည်ကို မတွေ့ရပေ။ ၎င်းတို့ အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြ၏။ ဤအဆင့် မအောင်မြင်ပါက တရုတ်အနေဖြင့် နောက်တဆင့် မည်သည့်ခြေလှမ်း လှမ်းလာမည်နည်းဆိုသည်ကိုသာ ကောင်းမွန်စွာ ရင်ဆိုင်ရန် ဂရုတစိုက် စောင့်ကြည့်နေကြသည်ကို တွေ့ရ၏။

တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ မြန်မာပြည် ဝင်ရောက်လာမည့်အခြေအနေ၊ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များအား ဖမ်းဆီးနိုင်သည်ဟူသည့် မှန်းဆချက်အပါအဝင် ဖြစ်နိုင်ခြေအားလုံးကို အလေးထားစောင့်ကြည့်ရန် လိုအပ်ပေမည်။ သို့သော် တရုတ်တို့ကဲ့သို့ မြန်မာပြည်အကြောင်း ကောင်းစွာသိသည့် အင်အားကြီးနိုင်ငံကြီးတခု၏ နောက်ခြေလှမ်းမှာ လှေထိုးကြီးရိုးရိုးတော့ မဖြစ်နိုင်ပေ။

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

မင်းအောင်လှိုင်ကို လူရာသွင်းလိုက်တဲ့ တရုတ် ဆေးမြီးတို စွမ်းမလား

တရုတ်ထုတ်ကုန်တွေမသုံးကြဖို့ မြန်မာတွေ ဆန္ဒပြ (ရုပ်/သံ)

မြန်မာတွင် တရုတ်၏ မူဝါဒပန်းတိုင်များ

မင်းအောင်လှိုင် တရုတ်သွားတောလား (သို့မဟုတ်) အပယ်ခံမှ လတ်တလော တရားဝင်မှုဆီသို့

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAFPNCCKIAMNDAANCAPDFSliderSSPP/SSATNLAUWSAစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်ရာဇဝတ်မှုစစ်အင်္ဂါစဉ်စစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒရုန်းတိုက်ခိုက်မှုနယ်စပ်ကုန်သွယ်ရေးနယ်စပ်ပိတ်ဆို့မှုပြည်တွင်း‌ရေးစွက်ဖက်မှုလေကြောင်းတိုက်ခိုက်မှုဟိုင်ဂင်သဘောတူညီချက်အကျင့်ပျက်ခြစားမှုအတင်းအကျပ်စစ်သားစုဆောင်းမှုအပစ်အခတ်ရပ်စဲရေး
ကိုဦး

ကိုဦး

ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

တပ်ပြုတ်ကြီးနဲ့ ပရုပ်လုံးစစ်တပ် (ရုပ်/သံ)

တပ်ပြုတ်ကြီးနဲ့ ပရုပ်လုံးစစ်တပ် (ရုပ်/သံ)

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

13 hours ago
6.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate