မစ္စတာ ဒေါ်နယ် ထရမ့် အိမ်ဖြူတော်အတွက် ရွေးကောက်ခံရခြင်းသည် တကမ္ဘာလုံးတွင် အချက်ပေး ခေါင်းလောင်းသံများ ထွက်ပေါ်လာစေသော်လည်း မြန်မာနှင့်ပတ်သက်သည့် သက်ရောက်မှု ရှိသည်ဆိုလျှင် ဘာတွေ ဖြစ်မည်နည်း။
ရိုးရှင်းသောအဖြေမှာ သူ၏ “အမေရိက ပထမ” နိုင်ငံခြားရေးနှင့် အမျိုးသားလုံခြုံရေးမူဝါဒသည် မြန်မာကို ဆိုးကျိုးသက်ရောက်စေမည်မှာ သေချာသော်လည်း မည်သည့်အတိုင်းအတာအထိ ဖြစ်မည်ကို မိမိတို့ မသိသေးပေ။
ထရမ့်က လျစ်လျူရှုထားခံရလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။ သို့သော် သူ၏ သမ္မတသက်တမ်းသည် ပြန်လည်နေရာချထားရေး၊ အမေရိကန်သို့ ရောက်နေသည့် ရွှေ့ပြောင်းအခြေချများ၊ လူသားချင်းစာနာမှု အကူအညီနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ဆိုးကျိုးများ ကျရောက်လာနိုင်စေပြီး ထိုကိစ္စများ အားလုံးသည် မြန်မာနိုင်ငံနှင့် အဝေးရောက်မြန်မာများကို ထိခိုက်စေသည့်ကိစ္စများ ဖြစ်သည်။
မြန်မာ၏ အမေရိကန်နှင့် ကုန်သွယ်မှုသည် အလွန်နည်းပြီး ထို့ကြောင့်ပင် မစ္စတာ ထရမ့်က လျစ်လျူရှုထားခံရလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။ သို့သော် သူ၏ သမ္မတသက်တမ်းသည် ပြန်လည်နေရာချထားရေး၊ အမေရိကန်သို့ ရောက်နေသည့် ရွှေ့ပြောင်းအခြေချများ၊ လူသားချင်းစာနာမှု အကူအညီနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ဆိုးကျိုးများ ကျရောက်လာနိုင်စေပြီး ထိုကိစ္စများ အားလုံးသည် မြန်မာနိုင်ငံနှင့် အဝေးရောက်မြန်မာများကို ထိခိုက်စေသည့်ကိစ္စများ ဖြစ်သည်။
မြန်မာဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်း နည်းသွားမည် သို့မဟုတ် လုံးဝပင် ရှိတော့မည် မဟုတ်ပေ။ ယာယီအကာအကွယ်ပေးရေးအဆင့် (TPS) အစီအစဉ်ကိုလည်း ဖြတ်တောက်ဖွယ်ရှိသည်။ ပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်စားသည်ဟု စွပ်စွဲပြီး မဲဆွယ်ပွဲအတွင်း ထရမ့်က လှောင်ပြောင်ခဲ့သည့် ဟေတီမှ ရွှေ့ပြောင်းအခြေချများသည် TPS အစီအစဉ်ဖြင့် ရောက်နေကြပြီး ဒုသမ္မတအဖြစ် ရွေးကောက်ခံရသူ မစ္စတာ ဂျေဒီဗန့်စ်ကလည်း ထိုအစီအစဉ်ကို ဖြတ်တောက်ရန် ကတိပြုထားပြီးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် TPS အစီအစဉ်ဖြင့် နေထိုင်သည့် ရွှေ့ပြောင်းအခြေချသည့်မြန်မာ ၂,၀၀၀ ရှိသည်။
နောက်ထပ် မြန်မာဒုက္ခသည် အများအပြားကို အမေရိကန်သို့ ခေါ်ယူပေးမည့် ထိုဒုက္ခသည်အစီအစဉ်ကိုလည်း ဖြတ်တောက်ဖွယ်ရှိသည်။ ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်း ကိုးခုတွင် နေထိုင်သည့် ဒုက္ခသည် ၉၁,၀၀၀ နီးပါးရှိပြီး ၎င်းတို့အနက် ၆၀,၀၀၀ ကျော်သည် အမေရိကန် ပြည်ထောင်စုတွင် ပြန်လည် နေရာချထားခံရရန် မျှော်လင့်နေသည်။
အချို့ဒုက္ခသည်များ စောင့်ဆိုင်းနေသည်မှာ ဆယ်စုနှစ်ချီနေပြီဖြစ်ပြီး မကြာသေးမီက ပြန်လည်နေရာချထားရေး အစီအစဉ်အတွက် မှတ်ပုံတင်ခံရသူများဖြစ်သော်လည်း ထိုအစီအစဉ်သည် ယခုအခါတွင် ဖြစ်ပေါ်လာဖွယ် မရှိတော့ပေ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာသည့် အခြား မြန်မာများသည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ရန် မှတ်ပုံတင်ထားပြီး အချို့သည် မှတ်ပုံတင်ထားသည်မှာ လေးနှစ်နီးပါး ရှိပြီဖြစ်သည်။ အများအပြားကို နောက်ဆုံး ကျန်းမာရေး ဆေးစစ်ခြင်း ပြီးစီးပြီး ထွက်ခွာရန် စောင့်နေကြသည်။
၎င်းတို့၏ အိပ်မက်များ စုံးစုံးမြုပ်သွားမည်ကိုလည်း စာရေးသူ စိုးရိမ်သည်။ ထိုကိစ္စသည် ၎င်းတို့ စိတ်ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေမည် ဖြစ်သည်။ အမှန်တကယ်တွင်လည်း အချို့သည် စိတ်ဖိစီးမှုခံစားနေရပြီး သေကြောင်းကြံစည်မှုများ ရှိနေသည်။ ထိုသို့သောဖြစ်ရပ်များကို ပိုမိုမျှော်လင့်ထားရမည် ဖြစ်သည်။ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦး ပြောသည့်စကားမှာ “ပြန်လည်နေရာချထားရေးကို တင်းကျပ်လိုက်ပြီ။ ရပ်ဆိုင်းသွားတော့မယ်” ဟူ၍ ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင် ပြန်လည်နေရာချထားခံရပြီးဖြစ်သည့် ဒုက္ခသည်များသည်ပင် ဘေးမကင်းပေ။ မစ္စတာ ဒေါ်နယ် ထရမ့်သည် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချများ၏ အကြီးမားဆုံးရန်သူ မစ္စတာ စတီဖင် မေလာကို အိမ်ဖြူတော် လက်ထောက်အရာရှိအဖြစ် ရွေးချယ်ထားသည်။
အမေရိကန် ပြည်ထောင်စုတွင် ပြန်လည်နေရာချထားခံရပြီးဖြစ်သည့် ဒုက္ခသည်များသည်ပင် ဘေးမကင်းပေ။ မစ္စတာ ဒေါ်နယ် ထရမ့်သည် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချများ၏ အကြီးမားဆုံးရန်သူ မစ္စတာ စတီဖင် မေလာကို အိမ်ဖြူတော် လက်ထောက်အရာရှိအဖြစ် ရွေးချယ်ထားသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်းတပုဒ်တွင် မစ္စတာ ထရမ့်သည့် အရေးပေါ်အခြေအနေ ကြေညာပြီး ရွှေ့ပြောင်းအခြေချများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရာတွင် စစ်တပ်ပါဝင်စေမည်ဆိုသည့် သတင်းဖြစ်သည်။ ပြည်ဝင်ခွင့်ဗီဇာ ချိုးဖောက်သည်ဟုဆိုရန် လွန်စွာလွယ်ကူပြီး သက်တမ်းကုန်ကာ တရက်ကျော်သွားလျှင်ပင် ရွှေ့ပြောင်းအခြေချတဦးသည် တရားမဝင် ဖြစ်သွားသည်။
မြန်မာရွှေ့ပြောင်းအခြေချသူ အများစုသည် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အကောင်အထည်ဖော်ရေးဌာန (ICE) က အလွယ်တကူ ဝင်ရောက်စီးနင်းနိုင်သည့် စက်ရုံကြီးများတွင် အလုပ်လုပ်ကြသည်။
၎င်းတို့ကို ပြည်နှင်ဒဏ်ပေးခြင်းသည် မြန်မာမှ မိသားစုများကို ထောက်ပံ့သည့် လွှဲငွေကိုသာမက တော်လှန်ရေးကို ကူညီသည့် ရန်ပုံငွေထည့်ခြင်းကိုပါ နောက်ဆက်တွဲ ရိုက်ခတ်နိုင်သည်။
လူသားချင်းစာနာမှု အကူအညီသည် မည်သည့်အခါကမှ ထရမ့်၏ ဦးစားပေး မဟုတ်ပေ။ ကာကွယ်ရေးဝန်ကြီးဌာန၏ (ဘတ်ဂျက်) ပိုမိုရရှိမှုသည် လူသားချင်းစာနာမှု အကူအညီ ဆုံးရှုံးမှု ဖြစ်နိုင်သောကြောင့် ပြည်ပအကူအညီ သို့မဟုတ် ဒေသဆိုင်ရာ စီမံအုပ်ချုပ်မှု အထောက်အပံ့ နည်းခြင်း သို့မဟုတ် လုံးဝရှိမည် မဟုတ်ပေ။
ယခုအခါ ရီပတ်ဘလစ်ကန်တို့သည် အထက်နှင့် အောက်လွှတ်တော် နှစ်ခုလုံးကို ထိန်းချုပ်ထားသောကြောင့် Burma Act အကောင်အထည်ဖော်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်း (၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ငွေ အမေရိကန်ဒေါ်လာ ၁၂၁ သန်း) ကိစ္စ အရှိန်မြင့်လာနိုင်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန် အကူအညီပေးရေးအေဂျင်စီ (USAID) တို့သည် Burma Act ကို ငွေကြေးထုတ်ပေးရန် တာဝန်ရှိပြီး ထရမ့်အစိုးရတွင် ၎င်းတို့၏ အခန်းကဏ္ဍသည် မရေရာပေ။ သူသည် မြန်မာသို့ အကြီးမားဆုံး အလှူရှင်ဖြစ်သည့် USAID ကို လုံးဝဖျက်သိမ်းနိုင်သည်ဆိုသည့် ပြောဆိုမှုများပင် ရှိနေသည်။
သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန် အကူအညီပေးရေးအေဂျင်စီ (USAID) တို့သည် Burma Act ကို ငွေကြေးထုတ်ပေးရန် တာဝန်ရှိပြီး ထရမ့်အစိုးရတွင် ၎င်းတို့၏ အခန်းကဏ္ဍသည် မရေရာပေ။ သူသည် မြန်မာသို့ အကြီးမားဆုံး အလှူရှင်ဖြစ်သည့် USAID ကို လုံးဝဖျက်သိမ်းနိုင်သည်ဆိုသည့် ပြောဆိုမှုများပင် ရှိနေသည်။
မြန်မာလူဦးရေ၏ ၂၄ ရာခိုင်နှုန်း သို့မဟုတ် လူ ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမပြည့်စုံမှု အပြင်းအထန် ခံစားရမည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ လူ ၂ သန်းသည် လပိုင်းအတွင်း အငတ်ဘေးဆိုက်မည့်အန္တရာယ် ရှိသည်ဟု ကုလသမဂ္ဂက ဟောကိန်းထုတ်နေသောကြောင့် ထိုကိစ္စသည် ကပ်ဆိုးတခုဖြစ်သည်။
မြန်မာသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်အလွယ်ဆုံး နိုင်ငံများအနက် တခုလည်းဖြစ်ပြီး အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေလွှမ်းမိုးမှု၊ မုန်တိုင်းဒီရေနှင့် မိုးသည်းထန်ခြင်း အပါအဝင် သဘာဝဘေးအန္တရာယ် အများအပြားကို ခံရနိုင်ခြေရှိနေသည်။
ငွေပြတ်နေသည့် စစ်ကောင်စီသည် သဘာဝသယံဇာတများ မြန်နိုင်သမျှ အမြန်ဆုံး ထုတ်ယူနေသောကြောင့် ထိုအခြေအနေသည် ပိုမိုဆိုးရွားစေနိုင်သည်။ သို့သော် မစ္စတာ ထရမ့်သည် ရာသီဥတုပြောင်းလဲမှုကို အယုံအကြည်မရှိဘဲ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး ပါရီစာချုပ်မှ နုတ်ထွက်ချင် နုတ်ထွက်နိုင်ပြီး ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာလုပ်ငန်းကို တိုးချဲ့နိုင်သည်။
နိုင်ငံရေးအရ ထရမ့်သည် ဘိုင်ဒင်၏ အာဆီယံကို ထောက်ခံရေးမူဝါဒအား ဆက်လက် ကျင့်သုံးနိုင်သောကြောင့် လတ်တလော အပြောင်းအလဲအနည်းငယ်ရှိမည်ဟု သဘောတရားအားဖြင့် ယူဆရသည်။ သို့သော် ထရမ့်၏ ထိပ်တိုက်တွေ့ရေး ပြည်ပစီးပွားရေးမူဝါဒများသည် မြန်မာကို ဆင့်ကဲသက်ရောက်မှု ဖြစ်နိုင်သည်။ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးသည် မြန်မာ့အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး ၎င်းတို့သည် အမေရိကန်နှင့် အခွန်စစ်ပွဲ ဆင်နွှဲနေပါက ပိုမိုခက်ခဲနိုင်သည်။
အမေရိကန်သည် တရုတ်နှင့် စီးပွားရေးပဋိပက္ခ ဖြစ်ဖွယ်ရှိပြီး ထိုကိစ္စတွင် မြန်မာ ပါဝင်လာနိုင်သည်။ မစ္စတာ ထရမ့်က တရုတ်မှ သွင်းကုန်များကို အခွန် ၆၀ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများမှ သွင်းကုန်များကို အခွန် ၁၀ မှ ၂၀ ရာခိုင်နှုန်း ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထို့ပြင် အမေရိကန်သည် တရုတ်ကို မလက္ကာရေလက်ကြားမှလည်း ပိတ်ဆို့နိုင်သည့် စွမ်းရည်ရှိပြီး ရွှေလီမှ ကျောက်ဖြူသို့ ရထားလမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းသည် တရုတ်အတွက် ပိုမိုအရေးပါလာသည်။
ကချင်ပြည်နယ်သည် ကမ္ဘာတွင် အကြီးမားဆုံး မြေရှားသတ္တုရင်းမြစ်ဖြစ်ပြီး ကမ္ဘာ့လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းနီးပါး ထုတ်လုပ်ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ထိုသတ္တုမိုင်းများကို မကြာသေးမီက သိမ်းပိုက်လိုက်သည်။ မြေရှားသတ္တု လိုချင်သူများသည် KIA နှင့် ဆက်ဆံရမည်ဖြစ်သည်။
ကချင်ပြည်နယ်သည် ကမ္ဘာတွင် အကြီးမားဆုံး မြေရှားသတ္တုရင်းမြစ်ဖြစ်ပြီး ကမ္ဘာ့လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းနီးပါး ထုတ်လုပ်ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ထိုသတ္တုမိုင်းများကို မကြာသေးမီက သိမ်းပိုက်လိုက်သည်။ မြေရှားသတ္တု လိုချင်သူများသည် KIA နှင့် ဆက်ဆံရမည်ဖြစ်သည်။ အီလွန်မတ်စ်သည် တက်စလာ ကုမ္ပဏီအတွက် မြေရှားသတ္တုလိုပြီး သူသည် ထရမ့်အစိုးရတွင် ပါဝင်လာမည်ဖြစ်သည်။
အဆိုပြုထားသည့် တရုတ်-မြန်မာ ဖက်စပ် လုံခြုံရေးလုပ်ငန်းကိုလည်း မစ္စတာ ထရမ့်က အာရုံစိုက်နိုင်သည်။ မြန်မာတွင် တပ်စွဲထားပြီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းနှင့် ကူမင်းမှ ကျောက်ဖြူသို့ ရပ်ဝန်းနှင့်လမ်းစီမံကိန်း ရထားလမ်း အပါအဝင် တရုတ်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် စစ်ကောင်စီနှင့် ပူးပေါင်းသည့် မည်သည့် တရုတ်အဖွဲ့မဆိုသည် ထရမ့်အတွက် လွန်စွာ တရားလွန်သောကိစ္စ ဖြစ်သည်။
တရုတ်လုံခြုံရေးအဖွဲ့များသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင်သာမက တရုတ်စီမံကိန်းများရှိသည့် မည်သည့် နေရာတွင်မဆို စခန်းချနိုင်သည်။ ထို့ပြင် တရုတ်သည် ၎င်း၏စစ်တပ်ကို ကိုကိုးကျွန်းစုတွင်လည်း ဖြန့်ကြက်နိုင်သည်။ ထိုကျွန်းစုသည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး အိန္ဒိယ၏ အန်ဒမန်နှင့် နီကိုဘာ ကျွန်းစုများမှ ၅၅ ကီလိုမီတာသာ ဝေးသည်။ ထိုအခြေအနေသည် ဒေသတခုလုံးကို မတည်မငြိမ်ဖြစ်စေပြီး အမေရိကန်အနေဖြင့် ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် ပိုမို ပါဝင် ပတ်သက်လာနိုင်သည်။
ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာများကို အလျင်အမြန် ပြန်လည်နေရာချထားရေး လိုလားနေပြီး ကြားဖြတ်ခေါင်းဆောင် မိုဟန်မက် ယူနွတ်ကလည်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကော့ဘဇားမှ စခန်းများရှိ ရိုဟင်ဂျာ ၁ သန်းကျော်ကို တတိယနိုင်ငံများတွင် ပြန်လည်နေရာချထားရေး ထောက်ခံရန် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုသည်။ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ပြည်နယ်သို့ နယ်စပ်ဖြတ်ကျော် အကူအညီနှင့် ပြန်လည်နေရာချထားရေးကို ချိတ်ဆက်ထားသည်။ ထိုကိစ္စသည် ထရမ့်၏ “အမေရိက ပထမ” အလံအောက်တွင် ပိုမို မဖြစ်နိုင်သောကိစ္စ ဖြစ်သည်။
ထရမ့်သည် စိတ်အပြောင်းအလဲမြန်ပြီး ကြိုတင်ခန့်မှန်းရန် ခက်သောကြောင့် ထိုအခြေအနေများအနက် အများအပြားသည် တင်းပြည့်ကျပ်ပြည့် ဖြစ်လာနိုင်ဖွယ် မရှိပေ။ သို့သော် သက်ပြင်းမချပါနှင့်။
အခြားနိုင်ငံများက ယင်းဟာကွက်တွင် ဝင်ရောက်ဖြည့်ဆည်းရေး အရှိန်မြှင့်တင်သင့်ကြသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပိုမိုများပြားသော ဒုက္ခသည် ပြန်လည်နေရာချထားရေး လိုအပ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အရှေ့အလယ်ပိုင်းကလည်း အပြိုင် ဖြစ်သည်။ လွှဲရှောင်မရသည့် မြန်မာမှ ဒုက္ခသည် တိုးပွားလာခြင်းကို အိမ်နီးချင်းနိုင်ငံများ စောင့်ကြည့်ထိန်းချုပ်နိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့ အခွန်ကောက်နိုင်သည်ဆိုသည့် အခြေခံဖြင့် နှစ်နှစ်ကြာ နေထိုင် အလုပ်လုပ်ခွင့်ပေးမျိုး ဖြစ်သည်။
လူသားချင်းစာနာမှု အကူအညီ အကြီးအကျယ် တိုးမြှင့်ရန်နှင့် နယ်စပ်ဖြတ်ကျော် အကူအညီ အများအပြားကို လုပ်ပိုင်ခွင့်မရှိဘဲ အကုန်အကျလည်း များသည့် ကုလသမဂ္ဂအစား နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) အနည်းငယ်နှင့် များပြားလှသော လူထုအခြေပြုအဖွဲ့အစည်း (CSO) များမှတဆင့် ပေးပို့သင့်သည်။
နိုင်ငံများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု ထောက်ခံသင့်သည်။ တောင်ကိုရီးယား အစိုးရသည် ဥပမာကောင်းဖြစ်ပြီး တောင်ကိုရီးယားမှ NUG ရုံးကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပြုသည်။
နိုင်ငံများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု ထောက်ခံသင့်သည်။ တောင်ကိုရီးယား အစိုးရသည် ဥပမာကောင်းဖြစ်ပြီး တောင်ကိုရီးယားမှ NUG ရုံးကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပြုသည်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် NUG ရုံးမှ တံဆိပ်တုံးဖြင့် တောင်ကိုရီးယားတွင် နေထိုင်ခွင့် နှစ်နှစ် သက်တမ်းတိုးနိုင်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းကို အိန္ဒိယ၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူကဲ့သို့ နိုင်ငံများကလည်း အလားတူ လုပ်ဆောင်နိုင်သည်။
ထရမ့်သည် ဒုက္ခများ တနင့်တပိုး ခံစားနေရသော မြန်မာပြည်သူများ အပါအဝင် အမေရိကန်နှင့် ကမ္ဘာအတွက် ကပ်ဆိုးဖြစ်နိုင်သည်။ ထိုဒုက္ခများကို အတတ်နိုင်ဆုံး လျှော့ချရန်မှာ အခြားနိုင်ငံများ၏ တာဝန်ဖြစ်ပြီး မြန်မာပြည်သူများအနေဖြင့် ရှေ့လာမည့် ပိုမိုခက်ခဲသော အခြေအနေအတွက် ပိုမိုလိုက်လျောညီထွေ ရှိရန် လိုသည်။ မြန်မာပြည်သူများသည် အနိုင်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် အခြေအနေများ ပိုမိုကောင်းမွန်လာမည် ဖြစ်သော်လည်း ကာလတိုအတွင်းတော့ မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Paul Greening ၏ The Best Myanmar Can Hope for From Trump Is Benign Neglect ကို ဘာသာပြန်သည်။ ပေါလ်ဂရင်းနင်းသည် အာရှနိုင်ငံ ခြောက်နိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသော ကုလသမဂ္ဂ အကြီးတန်း အရာရှိဟောင်းနှင့် INGO များတွင် လုပ်ကိုင်ခဲ့သူတဦးဖြစ်သည်။ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ တာဝန်ထမ်းဆောင်ခဲ့သည်။)
You may also like these stories:
ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေ မြန်မာအကြောင်း သိကြလား (ရုပ်/သံ)
ဒေါ်နယ်ထရမ့်၊ တရုတ်နဲ့ မြန်မာ အရွေ့ (ရုပ်/သံ)
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
ထရမ့်လက်ထက်မှာ မြန်မာ့အရေး ကောင်းတာတွေလည်းရှိနိုင်တယ် (ရုပ်/သံ)
တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်