တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွင်း အိမ်နီးချင်း နှစ်နိုင်ငံသည် လုပ်ငန်းတခုအတွက် သဘောတူညီခဲ့သည်။ တရုတ် ပုဂ္ဂလိက စစ်ရေးကုမ္ပဏီများ (PMCs) ကို မြန်မာတွင် ဖြန့်ကြက်ရန် ခွင့်ပြုခြင်းဖြစ်သည်။
တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ လေးခုသည် မြန်မာတွင် လုပ်ငန်းဆောင်ရွက်နေပြီး အထိုင်စွဲထားသည့် လုံခြုံရေးလုပ်ငန်းများ လုပ်နေသည့်သတင်းကို BBC မြန်မာပိုင်းက ပထမဆုံး ဖော်ပြခဲ့သည်။
ကြေးစားတပ်များ ဖြန့်ကြက်ခြင်းသည် တရုတ်၏ စိတ်မသက်မသာဖြစ်မှုနှင့် စစ်ကောင်စီ၏ မျှော်လင့်ချက်ကင်းမဲ့မှုကို ပြသနေသည်။
စစ်ဖြစ်နေသော မြန်မာနိုင်ငံတွင် တရုတ်အကျိုးစီးပွားများအား စစ်ကောင်စီ၏ ကာကွယ်နိုင်သော စွမ်းရည်ကို တရုတ်က စိုးရိမ်ပူပန်နေကြောင်း ထင်ရှားသော်လည်း တရုတ် ပုဂ္ဂလိကတပ်များ ဖြန့်ကြက်ခြင်းသည် မင်းအောင်လှိုင်အတွက် သိက္ခာ လုံးဝကျဆင်းခြင်းသာ ဖြစ်သည်။
စစ်ဖြစ်နေသော မြန်မာနိုင်ငံတွင် တရုတ်အကျိုးစီးပွားများအား စစ်ကောင်စီ၏ ကာကွယ်နိုင်သော စွမ်းရည်ကို တရုတ်က စိုးရိမ်ပူပန်နေကြောင်း ထင်ရှားသော်လည်း တရုတ် ပုဂ္ဂလိကတပ်များ ဖြန့်ကြက်ခြင်းသည် မင်းအောင်လှိုင်အတွက် သိက္ခာ လုံးဝကျဆင်းခြင်းသာ ဖြစ်သည်။
စစ်ကောင်စီတပ်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြသနေသော်လည်း မြန်မာနိုင်ငံ၏ ထက်ဝက်ကျော်သည် အတိုက်အခံများလက်သို့ ကျရောက်နေပြီး စစ်ကောင်စီတပ်များသည် ညီနောင်မဟာမိတ်များက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေးမှ စတင်ဆုံးရှုံးသည့်နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိပေ။
တရုတ်တပ်များ ဖြန့်ကြက်ခြင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သူ့တပ်များသည် လွန်စွာ ပြန့်ကျဲနေကြောင်း ပြတ်ပြတ်သားသား ဝန်ခံလိုက်ခြင်းဖြစ်သည်။ လစဉ် လူ ၅,၀၀၀ ကို အတင်းအကျပ် စစ်သားစုဆောင်းသော်လည်း စစ်မြေပြင်ဆုံးရှုံးမှုများနှင့် ဘက်ပြောင်းမှုများသည် စစ်ကောင်စီ၏ အရေအတွက် အားသာမှုကို ထိခိုက်စေသည်။
စစ်ကောင်စီသည် စစ်ရေးကုမ္ပဏီ တည်ထောင်ရန်၊ လက်နက်နှင့် ဆက်သွယ်ရေးကိရိယာ တင်သွင်းသည့် နားလည်မှုစာချွန်လွှာ (MOU) ရေးဆွဲရန် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ပါဝင်သည့် အဖွဲ့ဝင် ၁၃ ဦးပါ လုပ်ငန်းကော်မတီ ဖွဲ့စည်းသည်ဟု ဧရာဝတီသတင်းဌာနက အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ထိုကော်မတီသည် တရုတ် စစ်ဘက်ကုမ္ပဏီများကို မည်သည့်နေရာတွင် မည်သို့ဖြန့်ကြက်မည်ကိုလည်း ဆုံးဖြတ်မည်ဖြစ်သည်။
တရုတ်စစ်ရေးကုမ္ပဏီများ
တရုတ် စစ်ရေးကုမ္ပဏီသစ်ကို မထူထောင်ရသေးသော်လည်း လက်ရှိ တရုတ် စစ်ရေးကုမ္ပဏီများအနက် တခုနှင့် လုပ်ငန်းခွဲ သို့မဟုတ် ဖက်စပ်လုပ်ငန်းထူထောင်ရန် အလားအလာရှိသည်။ တရုတ် စစ်ရေးကုမ္ပဏီများသည် ၎င်းတို့လုပ်ငန်းများကို ဖန်တီးပေးသည့် ဥပဒေမူဘောင် ဖန်တီးပြီးနောက် ၁၉၉၀ ပြည့်နှစ်များမှ စတင်ပြီး ပျံ့နှံ့နေသည်။ ထိုဥပဒေများကို ၂၀၀၉ ခုနှစ်တွင် ပြန်လည်ပြင်ဆင်သည်။
ယနေ့တွင် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများကို လုံခြုံရေးပေးရန် နိုင်ငံပေါင်း ၄၀၊ အများအားဖြင့် အာဖရိကတွင် လုပ်ကိုင်နေသည့် တရုတ်စစ်ဘက်ကုမ္ပဏီ ၂၀ ခန့်ရှိသည်။
ယနေ့တွင် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများကို လုံခြုံရေးပေးရန် နိုင်ငံပေါင်း ၄၀၊ အများအားဖြင့် အာဖရိကတွင် လုပ်ကိုင်နေသည့် တရုတ်စစ်ဘက်ကုမ္ပဏီ ၂၀ ခန့်ရှိသည်။
ထိုဈေးကွက်တွင် အဓိကကျသည့် လုပ်ငန်းများမှာ De Wei Security Group Ltd, Hua Xin China Security, Guan An Security Technology, China Overseas Security Group နှင့် Frontier Services Group တို့ ဖြစ်သည်။
တရုတ် စစ်ရေးကုမ္ပဏီများသည် ရုရှားမှ ဝဂ္ဂနာအုပ်စုနှင့် စီးပွားရေးလုပ်ငန်းပုံစံ မတူပေ။ ဝဂ္ဂနာအုပ်စုသည် ရုရှားအစိုးရ၏ ပိုမိုကျယ်ပြန့်သော နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားကို အကောင်အထည်ဖော်ပြီး ရုရှားအစိုးရက ပြည်ပတွင်သာ တိုက်ခိုက်ရန် ဖွဲ့ထားသည့် တပ်ဖွဲ့အဖြစ် ပိုမိုအသုံးပြုသည်။
ဝဂ္ဂနာ၏ ပုံစံသည် သဘာဝသယံဇာတ ထုတ်ယူရေးကို အခြေခံသည်။ တရုတ်လုပ်ငန်းများသည် ယနေ့အထိ ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ကြပြီး ရပ်ဝန်းနှင့်လမ်းအစီအစဉ်အောက်မှ တရုတ်၏ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ရန် ပိုမိုအာရုံစိုက်သည်။
ဝဂ္ဂနာအမှုဆောင်အရာရှိချုပ် ယက်ဗ်ဂျနီ ပရီဂိုဇင်က ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပုန်ကန်ရန်ကြိုးစားမှုသည် စစ်ရေးကုမ္ပဏီများနှင့် ပတ်သက်သည့် တရုတ်ခေါင်းဆောင်ပိုင်း၏ စဉ်းစားသုံးသပ်ပုံကို ပုံဖော်ပေးနိုင်ပြီး ကွန်မြူနစ်ပါတီနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ၎င်းတို့ ထိန်းချုပ်မှုကို မြှင့်တင်နိုင်သည်။
တရုတ် စစ်ရေးကုမ္ပဏီများနှင့် PLA အကြား စည်းခြားထားမှု လုံးဝ မပြတ်သားပေ။ စီးပွားရေး လုပ်ငန်းခေါင်းဆောင်များနှင့် အောက်ခြေဝန်ထမ်း အများအပြားသည် PLA, ပြည်သူ့လက်နက်ကိုင်ရဲနှင့် အခြား တရုတ်လုံခြုံရေးဝန်ကြီးဌာနများမှ လာသူများ ဖြစ်သည်။
ဘလူချီ စစ်သွေးကြွများက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတလျှောက်မှ တရုတ်နိုင်ငံသားများနှင့် တရုတ်အကျိုးစီးပွားများကို အမြဲတမ်း ပစ်မှတ်ထားနေခြင်းသည် တရုတ် စစ်ရေးကုမ္ပဏီများ မည်သည့်အချိန်တွင် မည်သို့ အင်အားသုံးမည်နှင့် ရင်ဆိုင်တွေ့ရေး စည်းမျဉ်းများ မည်သို့ဖြစ်သည်ကို ပြန်လည်စဉ်းစားစေသည်။
မင်းအောင်လှိုင်နှင့် သူ့စစ်တပ်၏ စွမ်းရည်ကို စိုးရိမ်သောကြောင့် တရုတ်အစိုးရသည် ခိုင်မာသော ရင်ဆိုင်တွေ့ရေး စည်းမျဉ်းများနှင့် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွား ပတ်ဝန်းကျင်များတွင် စစ်ဆင်နိုင်စွမ်းအတွက် အပြင်းအထန် တွန်းအားပေးနိုင်သည်။
မင်းအောင်လှိုင်နှင့် သူ့စစ်တပ်၏ စွမ်းရည်ကို စိုးရိမ်သောကြောင့် တရုတ်အစိုးရသည် ခိုင်မာသော ရင်ဆိုင်တွေ့ရေး စည်းမျဉ်းများနှင့် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွား ပတ်ဝန်းကျင်များတွင် စစ်ဆင်နိုင်စွမ်းအတွက် အပြင်းအထန် တွန်းအားပေးနိုင်သည်။
တရုတ်၏ အဓိက အကျိုးစီးပွားများ
တရုတ်သည် မြန်မာတွင် စီးပွားရေး အကျိုးစီးပွား အများအပြားရှိသည်။
ထိုအကျိုးစီးပွားများတွင် ကျောက်ဖြူမှ အထူးစီးပွားရေးဇုန်နှင့် အဆိုပြုထားသည့် ရေနက်ကုန်သေတ္တာဆိပ်ကမ်း၊ ဝမ်ပေါင် ကြေးနီသတ္တုတွင်းများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ ရေအားလျှပ်စစ်စက်ရုံများ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကူမင်းသို့ ဆက်သွယ်ထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် ကချင်ပြည်နယ်မှ ကျောက်စိမ်းနှင့် မြေရှားသတ္တုတွင်းများ ပါဝင်သည်။
သို့သော် ထိုစီမံကိန်းများ အားလုံးနီးပါးသည် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ ထိန်းချုပ်မှုအောက်တွင် ရောက်နေသည်။
အမှန်တကယ်တွင်လည်း မြန်မာ၏ သဘာဝသယံဇာတများ၏ ၉၀ ရာခိုင်နှုန်းသည် စစ်ကောင်စီထိန်းချုပ်မှု ပြင်ပတွင် သို့မဟုတ် အားပြိုင်နေသော နေရာများတွင် ရောက်နေသည်။
တရုတ် ပုဂ္ဂလိကစစ်ရေးကုမ္ပဏီများ ပါဝင်လာခြင်းသည် မည်သည့်အဓိပ္ပာယ်ဆောင်သနည်း။
တရုတ် စစ်ရေးကုမ္ပဏီများကို မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းမှ သတ္တုတွင်းများကဲ့သို့ အားပြိုင်နေသော နေရာများတွင် ဖြန့်ကြက်ပါက ၎င်းတို့သည် စစ်ကောင်စီတပ်များနှင့်အတူ တိုက်ခိုက်မည်လား။
သို့မဟုတ် ၎င်းတို့သည် တရုတ်၏ စီးပွားရေးအကျိုးစီးပွားကိုသာ ကာကွယ်ပြီး စစ်ကောင်စီတပ်များကို ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်စေမည်လား။
ထောက်လှမ်းရေးသတင်း ဖလှယ်ခြင်းနှင့် သတင်းအချက်အလက် ပစ်မှတ်ထားခြင်း၊ နည်းဗျူဟာအဆင့် ထည့်သွင်းဖြန့်ကြက်ခြင်း ရှိလာမည်လား။
တရုတ် စစ်ရေးကုမ္ပဏီများနှင့် တရုတ် PLA အကြား နီးကပ်သောဆက်ဆံရေးကြောင့် လက်တွေ့တွင် PLA တပ်များကို မြန်မာတွင် ဖြန့်ကြက်ခြင်းအဖြစ် ရှုမြင်ရမည်ဖြစ်သည်။
တရုတ် စစ်ရေးကုမ္ပဏီများနှင့် တရုတ် PLA အကြား နီးကပ်သောဆက်ဆံရေးကြောင့် လက်တွေ့တွင် PLA တပ်များကို မြန်မာတွင် ဖြန့်ကြက်ခြင်းအဖြစ် ရှုမြင်ရမည်ဖြစ်သည်။
တရုတ် စစ်ရေးကုမ္ပဏီတခုကို ကျောက်ဖြူတွင် ထူထောင်သည့် သဘောတူစာချုပ်ကို ယခုလအတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းနှင့် တရုတ် CITIC Group ကုမ္ပဏီအကြား လက်မှတ်ရေးထိုးသည်ဟု မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့သည်။
အာရက္ခတပ်တော် (AA) က အထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းတည်ဆောက်ရေး ရပ်ဆိုင်းနေသည့် ကျောက်ဖြူကို ဝိုင်းပတ်ထားသော်လည်း ထိုနေရာသို့ ဝင်ရောက်ရန် မကြိုးစားသေးပေ။
တရုတ် စစ်ရေးကုမ္ပဏီများကို ထိုနေရာမှ ပြင်ပသို့ သွားခွင့်ပေးမည်လား။ တရုတ် စစ်ရေးကုမ္ပဏီများက စစ်ကောင်စီတပ်များကို ထောက်လှမ်းရေးသတင်း၊ ဆက်သွယ်ရေးကြားဖြတ်မှု သို့မဟုတ် ပစ်မှတ်ထားရန် သတင်းအချက်အလက်များ ပေးမည်လား။
တိုင်းရင်းသားတပ်မတော်များကို ဒဏ်ခတ်ခြင်း
တိုင်းရင်းသားတပ်မတော်များသည် ၎င်းတို့ပိုင်နက်များတွင် တရုတ် စစ်ရေးကုမ္ပဏီများ ဖြန့်ကြက်ခြင်းကို ခွင့်ပြုမည်ဟု စဉ်းစားရန် ခက်ခဲသည်။
တရုတ်သည် စစ်ကောင်စီဘက်တွင် လောင်းကြေး နှစ်ဆတိုးကြောင်း ရှင်းလင်းစွာပြသသော်လည်း အတိုက်အခံ NUG နှင့် တိုင်းရင်းသား တပ်မတော်များက တရုတ်ကို အကြိမ်ကြိမ် အာခံကာ စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်ပြီး စစ်ကောင်စီအလိုကျ တနိုင်ငံလုံးရွေးကောက်ပွဲ ကျင်းပရေးကို ပယ်ချကြသည်။
တရုတ်သည် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ခြင်းဖြင့် တိုင်းရင်းသားတပ်မတော်များကို ဒဏ်ခတ်ရန် ကြိုးစားပြီး ကုန်စည်စီးဆင်းမှုကို မှီခိုရသော ဒေသခံလူမှုအသိုက်အဝန်းများကို ထိခိုက်စေသည်။ နယ်စပ်မြို့အများအပြားသို့ တရုတ်က လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်သည်။
တရုတ်သည် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ခြင်းဖြင့် တိုင်းရင်းသားတပ်မတော်များကို ဒဏ်ခတ်ရန် ကြိုးစားပြီး ကုန်စည်စီးဆင်းမှုကို မှီခိုရသော ဒေသခံလူမှုအသိုက်အဝန်းများကို ထိခိုက်စေသည်။ နယ်စပ်မြို့အများအပြားသို့ တရုတ်က လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်သည်။
ယခုအခါ တရုတ်တို့သည် ၎င်းတို့၏ ဖိအားပေးရေးလှုပ်ရှားမှုကို နောက်တဆင့် မြှင့်တင်လိုက်သည်။
တရုတ်တို့သည် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တပ်မှူး ဖုန်တာရွှင်ကို ဆွေးနွေးပွဲအတွက် ကူမင်းသို့ ဖိတ်ခေါ်ပြီး အကျယ်ချုပ်ဖမ်းထားသည်ဟု Myanmar Now သတင်းဌာနက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖော်ပြသည်။
ထို့နောက်တွင် တရုတ်က ဖုန်တာရွှင်ကို အကျယ်ချုပ် ဖမ်းမထားကြောင်းငြင်းဆိုပြီး သူသည် ဆေးကုသမှုခံယူနေသည်ဟု ပြောသည်။
ထိုသို့ အဓိကကျသည့် တင်းမာမှုနှင့် စစ်ကောင်စီကို တရုတ်က လက်နက်များနှင့် ဒရုန်းများအပါအဝင် နောက်ဆက်တွဲ ထောက်ပံ့မှုအပြင် ပုဂ္ဂလိကတပ်များ ဖြန့်ကြက်ရန် ညှိနှိုင်းဆွေးနွေးမှုများသည် တရုတ်၏ မြန်မာအပေါ် သဘောထားကို တွေးကြည့်စရာပင် မလိုပေ။
(RFA ပါ Zachary Abuza ၏ Are Chinese private armies entering the fray in Myanmar? ကို ဘာသာပြန်သည်။ ဇာကာရီအဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ် ပါမောက္ခနှင့် ဂျော့တောင်းတက္ကသိုလ်တွင်လည်း ဧည့်ပါမောက္ခဖြစ်သည်။)
You may also like these stories:
တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား
တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်
တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် မတိုက်နိုင်
နယ်စပ်လုံခြုံရေးနှင့် ပူးတွဲစစ်သင်တန်းပေးရန် တရုတ်က မြန်မာစစ်ကောင်စီနှင့်ဆွေးနွေး
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး