မကြာသေးမီ နှစ်များအတွင်း တရုတ်အစိုးရသည် လုံခြုံရေးနှင့်နိုင်ငံရေး အကဲဖြတ်ချက်များ ပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီသည် မြန်မာရှိ တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) နှင့် ပတ်သက်သည့် စီမံကိန်းများကို ကာကွယ်မပေးနိုင်တော့ဟု ကောက်ချက်ချသည်။
စစ်ကောင်စီသည် အင်အားနည်းလွန်းပြီး မတည်ငြိမ်ဟု ထိုအခြေအနေနှင့်ပတ်သက်၍ ဘေဂျင်းမှ တရုတ် သတင်းရင်းမြစ်များက ပြောသည်။
ထိုအချက်သည် ဖက်စပ်လုံခြုံရေးကုမ္ပဏီ (JVSC) ထူထောင်ရန် တရုတ်က စစ်ကောင်စီသို့ အဆိုပြုချက်၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းဖြစ်ပြီး မြန်မာမီဒီယာတွင် သတင်းခေါင်းကြီးများ ဖြစ်စေရုံသာမက မြန်မာ ထိပ်တန်း စစ်ခေါင်းဆောင်များအကြားတွင်လည်း စိတ်မသက်မသာ ဖြစ်စေသည်။
ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုး သြဂုတ်လတွင် ကျသွားခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခသည် ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိသွားသည်ကိုသာမက မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဗုံးဖြင့်တိုက်ခိုက်မှုကို မြင်ရပြီးနောက် တရုတ်သည် မြန်မာမှ ၎င်း၏စီမံကိန်းများကို ကာကွယ်ရန် အဆိုပြုချက်တင်ရသည်။
ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုး သြဂုတ်လတွင် ကျသွားခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခသည် ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိသွားသည်ကိုသာမက မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဗုံးဖြင့်တိုက်ခိုက်မှုကို မြင်ရပြီးနောက် တရုတ်သည် မြန်မာမှ ၎င်း၏စီမံကိန်းများကို ကာကွယ်ရန် အဆိုပြုချက်တင်ရသည်။
ရခိုင်ပြည်နယ်သည် တရုတ်ပိုင် ရေနံနှင့် သဘာဓာတ်ငွေ့ပိုက်လိုင်းများသာမက BRI နှင့် ဆက်စပ် ရထားလမ်းက တရုတ်နိုင်ငံမှ ကူမင်းနှင့် ဘင်္ဂလားပင်လယ်အော်ကမ်းခြေ ရခိုင်ပြည်နယ်ကို ဆက်သွယ် ဖြတ်သန်းသွားသော နေရာလည်း ဖြစ်သည်။
ထိုကိစ္စကို မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ မဟာမိတ်များ အပါအဝင် လက်နက်ကိုင် အတိုက်အခံအုပ်စုများက မည်သို့ တုံ့ပြန်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီကို နိုင်ငံတဝန်း လက်နက်ကိုင်ပုန်ကန်မှုနောက်တွင် မြန်မာမှ တရုတ်၏ BRI စီမံကိန်းများသည် ရပ်ဆိုင်းနေပြီး လုံခြုံရေးစိန်ခေါ်မှုများ ရင်ဆိုင်ရသည်။
၂၀၁၃ ခုနှစ်တွင် BRI စတင်ချိန်မှ စတင်ပြီး တရုတ် ပုဂ္ဂလိကစစ်ရေးကုမ္ပဏီများသည် တရုတ်၏ စီမံကိန်းကြီးများကို ရာဇဝတ်ဂိုဏ်းများနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုများဟု ယူဆသောကိစ္စများမှ ကာကွယ်ရန် ကမ္ဘာတဝန်းတွင် လှုပ်ရှားနေသည်။
ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ (PSCs) သည် တရုတ်ဆိပ်ကမ်းများနှင့် အရေးပါသော ပင်လယ်ဆက်သွယ်ရေး လမ်းကြောင်းများကို ကာကွယ်စောင့်ရှောက်နေကြပြီး အရေးပါသော ဒေသဆိုင်ရာ ထောက်လှမ်းရေးသတင်းများ စုဆောင်းကာ စစ်ရေးမဟုတ်သည့် ကယ်ဆယ်ရေးစစ်ဆင်ရေးများအတွက် ဝန်ထမ်းများကို ဖြန့်ကြက်နေကြသည်။
ပုဂ္ဂလိကဟု ဆိုသော်လည်း တရုတ် PSC များ အားလုံးသည် တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ထိုကုမ္ပဏီများကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ရဲတပ်ဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့ကို ခေတ်မီလက်နက်များ၊ ထောက်လှမ်းရေးသတင်း စုဆောင်းရန်နှင့် ဆက်သွယ်ရေးအတွက် အဆင့်မြင့်ကိရိယာများ တပ်ဆင်ထားပေးသည်။
အတိုချုပ်အားဖြင့် ပြောရပါက PSC များသည် တရုတ်စစ်တပ် PLA ကို ဖြန့်ကြက်နိုင်ခြင်း မရှိသောနေရများသို့ စေလွှတ်ရန် ရုပ်ဖျက်ထားသည့် တရုတ်စစ်တပ် အသေးစားများဖြစ်သည်။
အတိုချုပ်အားဖြင့် ပြောရပါက PSC များသည် တရုတ်စစ်တပ် PLA ကို ဖြန့်ကြက်နိုင်ခြင်း မရှိသောနေရများသို့ စေလွှတ်ရန် ရုပ်ဖျက်ထားသည့် တရုတ်စစ်တပ် အသေးစားများဖြစ်သည်။
လက်တွေ့တွင် တရုတ်က မြန်မာနယ်စပ်တွင် အင်အားပြခြင်းသည် မည်သည့်သက်ရောက်မှုမှ မရှိကြောင်း တရုတ်ပညာရှင်များ တိတ်တဆိတ် ဝန်ခံကြသည်။
သြဂုတ်လ နှောင်းပိုင်းတွင် လားရှိုးမြို့ကို တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မဟာမိတ်များက သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော်သို့ သွားရောက်သည်။ ထို့နောက် တရုတ်အစိုးရသည် စစ်တိုက်နေသောအုပ်စုများ နယ်စပ်တွင် တည်ငြိမ်မှုနှင့် လုံခြုံရေးထိန်းသိမ်းရန် သတိပေးသည့်အနေဖြင့် မြန်မာနှင့်နယ်စပ်အနီးတွင် ကျည်အစစ်ဖြင့် ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်သည်။
PLA ၏ အခန်းကဏ္ဍမှာ ကမ္ဘာတဝန်း သြဇာအာဏာ ထူထောင်ရေးဖြစ်သည်။ သို့သော် အကျပ်အတည်း ဖြစ်နေသည့် မြန်မာနှင့် နယ်စပ်တွင် ထိုအစီအစဉ်သည် အလုပ်မဖြစ်ဘဲ တိုက်ပွဲများ ပျံ့နှံ့နေပြီး တော်လှန်ရေးအင်အားစုများသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးကို ခြိမ်းခြောက်ရန် လုံလောက်သည့်နယ်မြေများကို သိမ်းပိုက်ထားကြသည်ဟု ဘေဂျင်းမှ တရုတ်-မြန်မာရေးရာ လေ့လာသူတဦးက ဝန်ခံသည်။
မြန်မာဘက်တွင် တိုက်ပွဲများ ၂၀၁၅ ခုနှစ်က စတင်ဖြစ်ပွားစဉ်မှ စတင်ပြီး နယ်စပ်အနီးတွင် တရုတ်သည် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည်။ သို့သော် အခြေအနေကို ပြောင်းလဲစေခြင်း မရှိဘဲ ပိုမိုဆိုးရွားလာကာ တိုက်ပွဲအများအပြား ဖြစ်ပွားပြီး စစ်ကောင်စီသည် ပိုမိုများပြားသော မြို့များကို ဆုံးရှုံးသည်။ နယ်စပ်အနီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တရုတ်ပိုင်နက်အတွင်း ဗုံးများနှင့် ကျည်ဆန်များ ကျရောက်သည်။
ဇူလိုင်လတွင် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများသည် တရုတ်ရင်းနှီးမြှုပ်နှံထားသည့် ဖက်စပ်လုပ်ငန်း နှစ်ခုဖြစ်သည် မန္တလေးမှ ဘိလပ်မြေစက်ရုံနှင့် စစ်ကိုင်းမှ နီကယ်တူးဖော်ရေး ကုမ္ပဏီကို သိမ်းပိုက်သည်။ နောက်တလအကြာတွင် လားရှိုးကျသည်။ အခြေအနေသည် အနိမ့်ဆုံးအဆင့်အထိ ရောက်နေသောကြောင့် တရုတ်က “တော်လောက်ပြီ” ဟု ဆုံးဖြတ်သည်။
အမှန်တကယ်တွင် သြဂုတ်လနှောင်းပိုင်းက ကျည်ဆံအစစ်ဖြင့် စစ်ရေးလေ့ကျင့်ချိန်မှ စတင်ပြီး ဘေဂျင်းမှ အဆင့်မြင့်အရာရှိများသည် တရုတ်အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် တရုတ်စစ်တပ် PLA က မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ကို စဉ်းစားနေကြသည်။
အမှန်တကယ်တွင် သြဂုတ်လနှောင်းပိုင်းက ကျည်ဆံအစစ်ဖြင့် စစ်ရေးလေ့ကျင့်ချိန်မှ စတင်ပြီး ဘေဂျင်းမှ အဆင့်မြင့်အရာရှိများသည် တရုတ်အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် တရုတ်စစ်တပ် PLA က မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ကို စဉ်းစားနေကြသည်။
ထို့ကြောင့်ပင် ၎င်းတို့သည် မြန်မာမှ တရုတ်စီမံကိန်းများ ဘေးကင်းလုံခြုံရေးအတွက် ဖက်စပ်လုံခြုံရေးကုမ္ပဏီ ဖွဲ့ရန် အဆိုပြုခြင်းဖြစ်ပြီး ထိုအဆိုပြုချက်ကို စစ်ကောင်စီက လိုက်နာရန် တရုတ်က တောင်းဆိုခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
လက်တွေ့တွင် တရုတ်လုံခြုံရေးအစောင့်များကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်စီမံကိန်းများတွင် ချထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သို့သော် အဆိုပြု ဖက်စပ်လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းများသည် ၎င်းတို့နှင့် တူမည်မဟုတ်ပေ။ အဆိုပြု ဖက်စပ်လုပ်ငန်းများမှ လုံခြုံရေးဝန်ထမ်းများကို ခေတ်မီလက်နက်များ၊ အဆင့်မြင့် ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ပေးထားမည် ဖြစ်သည်။
ဆက်လက် စောင့်ကြည့်ရမည်မှာ ဘေဂျင်းနှင့် နေပြည်တော် ဖက်စပ်လုံခြုံရေးအစီအစဉ်သည် (ပဋိပက္ခများဖြင့် ထိခိုက်လွယ်သော) မြန်မာ၏ စီးပွားရေးစင်္ကြံဖြစ်ပြီး ထိုကိစ္စအတွက် ကြိုတင်ဟောကိန်းထုတ်ရန် စောလွန်းသေးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ With Proposed Security Gambit, Beijing Decides “Enough Is Enough” in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား
တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်
တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ
စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း
နယ်စပ်လုံခြုံရေးနှင့် ပူးတွဲစစ်သင်တန်းပေးရန် တရုတ်က မြန်မာစစ်ကောင်စီနှင့်ဆွေးနွေး