တရုတ်သည် စစ်ဖြစ်နေသောမြန်မာမှ ၎င်း၏ အကျိုးစီးပွားနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအစိတ်အပိုင်း အများအပြားအား ဆုံးရှုံးနေသည့် စစ်ကောင်စီ၏ အကျိုးစီးပွားများကို ကာကွယ်ရန် ကြိုးစားလာပြီး တရုတ်လုံခြုံရေးတပ်များ မြန်မာသို့ “မည်သည့်အချိန်” တွင် ရောက်လာမည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။
စစ်ကောင်စီသည် တရုတ်နှင့် “ဖက်စပ်လုံခြုံရေးကုမ္ပဏီ” ထူထောင်ရန် အခြေခံလုပ်ငန်းများ ပြင်ဆင်ရေးအတွက် အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် လုပ်ငန်းကော်မတီကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။
ထိုသတင်းအရ စစ်ကောင်စီ ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် တိုးရီ ဥက္ကဋ္ဌလုပ်သည့် ထိုကော်မတီကို “လုံခြုံရေးကုမ္ပဏီ” ထူထောင်ရန် နားလည်မှုစာချွန်လွှာမူကြမ်းကို တရုတ်က လက်မှတ်မရေးထိုးမီ “လက်နက်နှင့် အထူးကိရိယာများ တင်သွင်းခြင်းနှင့် စည်းကမ်းထိန်းကျောင်းခြင်း” ကို လေ့လာရန် တာဝန်ပေးထားသည်ဟု သိရသည်။
တရုတ်နှင့် နေပြည်တော်မှ ပြောကြားချက်များအရ (လက်နက်ကိုင်များ ဖြစ်ဖွယ်ရှိသည့်) တရုတ်ဝန်ထမ်းများသည် ထို “ကုမ္ပဏီ” တွင် စစ်ကောင်စီတပ်များနှင့်အတူ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး မြန်မာမှ တရုတ်၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရန် တာဝန်ပေးမည်ဟု သိရသည်။
တရုတ်နှင့် နေပြည်တော်မှ ပြောကြားချက်များအရ (လက်နက်ကိုင်များ ဖြစ်ဖွယ်ရှိသည့်) တရုတ်ဝန်ထမ်းများသည် ထို “ကုမ္ပဏီ” တွင် စစ်ကောင်စီတပ်များနှင့်အတူ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး မြန်မာမှ တရုတ်၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရန် တာဝန်ပေးမည်ဟု သိရသည်။
တရုတ်သည် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိဟု မြင်စေရန် စစ်တပ်နှင့် ရဲများကို “ပုဂ္ဂလိက” အနေဖြင့် စေလွှတ်မည်ဟု စာရေးသူ သိရသည်။
ထိုလုပ်ငန်းသည် အမည်မှလွဲပြီး ဖက်စပ်လုပ်ငန်း မဟုတ်ပေ။
လွန်ခဲ့သော လေးနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လေ့ကျင့်မှု အားနည်းနေသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို တိုက်ပွဲ တပွဲပြီးတပွဲ ရှုံးနေသည့် မြန်မာဗိုလ်ချုပ်များကို တရုတ်တပ်များ သို့မဟုတ် ရဲများက နာခံမည်ဟု ထင်ပါသလား။
ထို့ပြင် တရုတ်-စစ်ကောင်စီ ဖက်စပ် “လက်နက်ကိုင်” များသည် မြန်မာမှ တရုတ်နိုင်ငံသားများနှင့် တရုတ် စီးပွားရေးလုပ်ငန်များကို ကာကွယ်ရန်သာ လုပ်ကိုင်ကြမည်ဟု ထင်စရာအကြောင်း မရှိပေ။
တရုတ်စီမံကိန်းများ နှောင့်နှေးနေ
မကြာသေးမီ လများအတွင်း တရုတ်၏ ပိုင်ဆိုင်မှုများသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ မြင့်မားလာသော တိုက်ခိုက် ထိန်းချုပ်မှုအောက် ကျရောက်လာသည်မှာ မှန်သည်။
တရုတ်နှင့် နေပြည်တော်၏ အမြင်မှ ကြည့်လျှင် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်တပ်များကို ကွပ်ကဲခွင့်ပေးပြီး အခြားနေရာများတွင် တော်လှန်ရေးအင်အားစုများကို မြန်မာစစ်တပ်က ရှင်းလင်းရန် မျက်နှာသာပေးလိုသည့် စဉ်းစားသုံးသပ်ပုံအချို့ ရှိသည်။
တရုတ်နှင့် နေပြည်တော်၏ အမြင်မှ ကြည့်လျှင် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်တပ်များကို ကွပ်ကဲခွင့်ပေးပြီး အခြားနေရာများတွင် တော်လှန်ရေးအင်အားစုများကို မြန်မာစစ်တပ်က ရှင်းလင်းရန် မျက်နှာသာပေးလိုသည့် စဉ်းစားသုံးသပ်ပုံအချို့ ရှိသည်။
ပြည်တွင်းစစ်သည် ကာလကြာမြင့်စွာ စီစဉ်ထားသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ အိန္ဒိယသမုဒ္ဒရာကမ်းခြေအကြား တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကဲ့သို့ မြန်မာရှိ တရုတ်၏ အဓိက စီမံကိန်းများကို နှောင့်နှေးစေသည်။
တရုတ်အတွက် သေနင်္ဂဗျူဟာအရ အဓိကကျသည်မှာ အလားအလာရှိသည့် ပိတ်ဆို့ပေါက်ဖြစ်သော မလက္ကာရေလက်ကြားကို သင်္ဘောများ ဖြတ်သန်းရန် မလိုဘဲ အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းနိုင်ရန် ရခိုင်ပြည်နယ်တွင် တည်ဆောက်လိုသည့် ဆိပ်ကမ်းဖြစ်သည်။
တရုတ်က စီးပွားရေးအရ မှီခိုနေရသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် တရုတ်ကုန်သွယ်ရေးကို ပိတ်ဆို့နိုင်သည့် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် သို့မဟုတ် ထိုင်ဝမ် ပဋိပက္ခတွင် ထိုကိစ္စသည် မရှိမဖြစ် လိုအပ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ဖွဲ့အများစုကို ရခိုင်ပြည်နယ်တွင် ဖြန့်ကြက်မည်ဟု စာရေးသူ၏ သတင်းရင်းမြစ်များက ပြောသည်။
တရုတ်က ထုတ်ပြန်သည့် ကြေညာချက်များအရ ထိုသို့ တပ်များဖြန့်ကြက်ခြင်း မတိုင်မီ ငြိမ်းချမ်းရေးဇာတ်လမ်း တည်ဆောက်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက “မြန်မာသည် တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများကို စိတ်အားထက်သန်စွာ ကာကွယ်စောင့်ရှောက်မည်” ဟု မျှော်လင့်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သြဂုတ်လတွင် ပြောသည်ဟု သိရသည်။
စစ်အာဏာသိမ်းပြီး ပထမဆုံးအကြိမ်အဖြစ် ယခုလအစောပိုင်းတွင် မင်းအောင်လှိုင် တရုတ်သို့ သွားသောအခါ တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းက မြန်မာမှ “တရုတ်နိုင်ငံသားများ၊ အင်စတီကျုးရှင်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံရန် ထိရောက်သော အစီအမံများပြုလုပ်ရေး” ညွှန်ကြားသည်။
စစ်အာဏာသိမ်းပြီး ပထမဆုံးအကြိမ်အဖြစ် ယခုလအစောပိုင်းတွင် မင်းအောင်လှိုင် တရုတ်သို့ သွားသောအခါ တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းက မြန်မာမှ “တရုတ်နိုင်ငံသားများ၊ အင်စတီကျုးရှင်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံရန် ထိရောက်သော အစီအမံများပြုလုပ်ရေး” ညွှန်ကြားသည်။
တရုတ်က သေချာသိထားသည်မှာ ပကတိအခြေအနေတွင် စစ်ကောင်စီသည် ထိုကိစ္စများကို အာမ မခံနိုင်ခြင်း ဖြစ်သည်။
ထိုကိစ္စသည် လုံခြုံရေး ကုမ္ပဏီများ လိုအပ်သည်ဟု တရုတ်အစိုးရက ယူဆရခြင်း အကြောင်းရင်းဖြစ်သည်။
ထိုးစစ်များ
တရုတ်လုံခြုံရေးဝန်ထမ်းများ မြန်မာသို့ ရောက်လာသောအခါ ၎င်းတို့သည် စက်မှုဇုန်များ သို့မဟုတ် ပိုက်လိုင်းများအနီးတွင် စောင့်ကြပ်မည်ဆိုသည့် စိတ်ကူးယဉ်မှုသည် လက်ခံရန် ခက်ခဲမည်ဖြစ်သည်။
လက်တွေ့တွင် ၎င်းတို့သည် ထိုးစစ်များ ဆင်နွှဲရန်မှအပ အခြားရွေးစရာ မရှိသလောက်ပင် ဖြစ်သည်။
ထိုသို့ ယူဆရခြင်း၏ အထင်ရှားဆုံးအကြောင်းရင်းမှာ တရုတ်လုပ်ငန်း အများအပြားသည် တော်လှန်ရေးအင်အားစုများ လက်ရှိ ထိန်းချုပ်ထားသည့် ဒေသများတွင် ရှိနေသောကြောင့် တရုတ်တပ်များက သိမ်းယူရန် လိုအပ်သည်ဟု ယူဆရခြင်းဖြစ်သည်။
ထိုသို့ ယူဆရခြင်း၏ အထင်ရှားဆုံးအကြောင်းရင်းမှာ တရုတ်လုပ်ငန်း အများအပြားသည် တော်လှန်ရေးအင်အားစုများ လက်ရှိ ထိန်းချုပ်ထားသည့် ဒေသများတွင် ရှိနေသောကြောင့် တရုတ်တပ်များက သိမ်းယူရန် လိုအပ်သည်ဟု ယူဆရခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ချော့မော့ပေးကမ်းကာ စစ်ကောင်စီနှင့် ဖြစ်နေသည့် တိုက်ပွဲများမှ တရုတ်အဖွဲ့အစည်းများ မပတ်သက်အောင်ထားသည့် ၎င်း၏ လက်ရှိမူဝါဒကို မည်သည့်အတွက် တဆစ်ချိုး ပြောင်းလဲမည်နည်း။
ဒုတိယအချက်မှာ နှစ်နှင့်ချီ စဉ်းစားပြီးနောက် တရုတ်အစိုးရသည် စစ်ကောင်စီ ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အနောက်တိုင်း လိုလားလွန်းသောကြောင့် ယုံကြည်၍မရနိုင်ဟု ယူဆသလို စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များကိုလည်း ယုံကြည်မရဟု ယူဆကြောင်း၊ တရုတ်ထံမှ အထောက်အပံ့ယူထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုပင် ယုံကြည်မရဟု ယူဆကြောင်း ထင်ရှားသည်။
တရုတ်အာဏာပိုင်များသည် စစ်ကောင်စီတပ်ကို အကြီးအကျယ် အထိနာစေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တာရွှင်ကို လွန်ခဲ့သောလတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယူနန်သို့ ဆင့်ခေါ်ပြီးနောက် ဖမ်းဆီးထားသည်ဟု သတင်းများထွက်နေသည်။
ထိုသို့ ဖမ်းဆီးခြင်းသည် တစုံတခုတိုက်တွန်းရန် ယာယီထိန်းသိမ်းခြင်း ဖြစ်နိုင်သလို သစ္စာမခံသော လက်နက်ကိုင်အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းရန် တရုတ်အစိုးရက ကြိုးစားခြင်းလည်း ဖြစ်နိုင်သည်။
အချုပ်အားဖြင့်ဆိုရပါက စစ်ကောင်စီ ပြတ်ပြတ်သားသား အနိုင်ရမှသာ တရုတ်၏ အကျိုးစီးပွားကို အကောင်းဆုံး အကျိုးပြုမည်ဟု ယူဆသောကြောင့် တရုတ်က စစ်ကောင်စီနောက်မှ ရပ်တည်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာမှ တရုတ်စီးပွားရေးအကျိုးစီးပွားများကို လတ်တလောနှင့် ရေရှည်တွင် ကာကွယ်သည့် နောက်ဆုံးနည်းလမ်းမှာ ပြည်တွင်းစစ်ကို အဆုံးသတ်ရေးနှင့် စစ်ကောင်စီတပ်များ ပဋိပက္ခတွင် ပြတ်ပြတ်သားသား အနိုင်ရရေးဖြစ်သည်ဟု တရုတ်က ယူဆလျှင် တရုတ်လုံခြုံရေးဝန်ထမ်းများ၏ ကာကွယ်ရေး သို့မဟုတ် ထိုးစစ်ဆင်ရေး နှစ်ခုအကြား ကွာခြားချက် ပါးပါးလေးသာ ကျန်တော့မည်။
တရုတ်သည် အဓိကရည်မှန်းချက် အောင်မြင်စေရန် ၎င်း၏တပ်များကို မည်သည့်အတွက် အသုံးမပြုဘဲနေမည်နည်း။ ၎င်းတို့ ပြီးစေလိုသော ပြည်တွင်းစစ် အဆုံးသတ်ရန်အခွင့်အလမ်းကို တရုတ်က မည်သည့်အတွက် လက်လွှတ်ခံမည်နည်း။
တရုတ်သည် အဓိကရည်မှန်းချက် အောင်မြင်စေရန် ၎င်း၏တပ်များကို မည်သည့်အတွက် အသုံးမပြုဘဲနေမည်နည်း။ ၎င်းတို့ ပြီးစေလိုသော ပြည်တွင်းစစ် အဆုံးသတ်ရန်အခွင့်အလမ်းကို တရုတ်က မည်သည့်အတွက် လက်လွှတ်ခံမည်နည်း။
တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်
နောက်ဆုံးတွင် တရုတ်အကျိုးစီးပွားကို ဆန့်ကျင်သော အင်အားစုများ တနိုင်ငံလုံးတွင် အာဏာရသွားနိုင်သည်ဟု ထင်လျှင် ဘေဂျင်းသည် တရုတ်စက်ရုံများနှင့် ပိုက်လိုင်းများကို လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ် ကာကွယ်ရန်သက်သက်ဖြင့် တပ်ဖွဲ့များကို ဘာကြောင့် စေလွှတ်မည်နည်း။
ထိုသို့သောအခြေအနေတွင် တရုတ်တပ်များသည် မြန်မာမှ “တရုတ်နိုင်ငံသားများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများကို ကာကွယ်ရန်” ဆိုသည့် ဇာတ်လမ်းဖြင့် မြန်မာနိုင်ငံတဝန်းမှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ထိုးစစ်ဆင်ရန် လိုအပ်သည်ဟု မြင်မည်ဖြစ်သည်။
သို့သော် စစ်ကောင်စီသည် တရုတ်၏ လက်ပါးစေအဖြစ် အမြင်ခံရခြင်း သို့မဟုတ် မြန်မာသည် တရုတ်အစောင့်ရှောက်ခံဒေသ ဖြစ်လာခြင်းနှင့်ပတ်သက်ပြီး ထိလွယ်ရှလွယ် ဖြစ်နေသည်။
ထို့ကြောင့် တရုတ်သည် ဖက်စပ် “လုံခြုံရေးကုမ္ပဏီ” ဟူသော ဆင်ခြေပေးပြီး နိုင်ငံခြားတပ်များ ဖြန့်ကြက်ခြင်းကို တားမြစ်သည့် မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွှားရန် ဇာတ်လမ်းဆင်သည်။
သို့သော် တရုတ်တပ်များ ဘာတွေကို လုပ်နိုင်သည် သို့မဟုတ် မြန်မာသို့ရောက်သောအခါ ဘယ်နေရာသို့ သွားနိုင်သည်ဟုပြောရန် စစ်ကောင်စီသည် မည်သည့်အနေအထားတွင် ရှိမည်နည်း။
နောက်ဆုံးအချက်မှာ စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုများက တရုတ်စွက်ဖက်မှုကို အထူးသဖြင့် စစ်ကောင်စီကိုယ်စား ထင်ရှားသည့် စွက်ဖက်မှုကို လက်တုံ့မပြန်ဘဲနေမည် ထင်ပါသလားဆိုသည့် မေးခွန်းဖြစ်သည်။
မြန်မာတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် မြင့်မားနေပြီး တရုတ်တပ်များနှင့် ရဲများ နိုင်ငံတွင် ခြေချလိုက်သည်နှင့် ဆူပွက်လာမည်ဖြစ်သည်။
စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုက တရုတ်အကျိုးစီးပွားများအား တိုက်ခိုက်မှုများ မြင့်မားလာမည်ကို အလွယ်တကူမြင်နိုင်ပြီး ထိုအချက်ကြောင့် တရုတ်လုံခြုံရေးတပ်များကလည်း ထိုးစစ်ဆင်ရန် အကြောင်းပြချက်ရမည် ဖြစ်သည်။
စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုက တရုတ်အကျိုးစီးပွားများအား တိုက်ခိုက်မှုများ မြင့်မားလာမည်ကို အလွယ်တကူမြင်နိုင်ပြီး ထိုအချက်ကြောင့် တရုတ်လုံခြုံရေးတပ်များကလည်း ထိုးစစ်ဆင်ရန် အကြောင်းပြချက်ရမည် ဖြစ်သည်။
တရုတ်တပ်များ မြန်မာတွင် ခြေချလိုက်သည်နှင့် တရုတ်က တိုက်ရိုက်စွက်ဖက်မှုဖြစ်ပြီး ဖက်စပ် “လုံခြုံရေးကုမ္ပဏီများ” ၏ စီးပွားရေးဆိုင်ရာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးသက်သက် မဟုတ်တော့ပေ။
ထို့ပြင် တရုတ်ကြေးစားတပ်များသည် တရုတ်စက်ရုံများနှင့် ပိုက်လိုင်းများကို စောင့်ကြပ်ရုံသာမက ထိုးစစ်စစ်ဆင်ရေးများ လုပ်ရမည်ဖြစ်သည်။
(RFA ပါ David Hutt ၏ What happens when China puts boots on the ground in Myanmar? ကို ဘာသာပြန်သည်။ ဒေးဗစ်ဟတ်သည် အာရှလေ့လာရေး ဗဟိုဥရောပ အင်စတီကျု (CEIAS) မှ သုတေသီနှင့် The Diplomat တွင် အရှေ့တောင်အာရှ ပင်တိုင်ဆောင်းပါးရှင် ဖြစ်သည်။)
You may also like these stories:
တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား
တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်
တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ
စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း
တရုတ်က ပိတ်ဆို့ပေးလို့ ရှမ်းမြောက်ကို စစ်ကောင်စီ ပြန်ရနိုင်သလား
တရုတ် အဆိုပြု လုံခြုံရေးအစီအစဉ် မြန်မာမှာ အလုပ်ဖြစ်မလား