မြန်မာပြည်တွင်းစစ် စတင်ပြီး ငါးနှစ်နီးပါးကြာသောအခါ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) တရားစွဲရှေ့နေချုပ် မစ္စတာ ကာရင်မ် ခန်းသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်း လျှောက်ထားသည်။ ထိုလျှောက်လွှာတွင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာမွတ်ဆလင်များကို မောင်းထုတ်ပြီး ဖိနှိပ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အဓိကရာဇဝတ်မှု နှစ်ခုလုပ်သည်ဟု စွပ်စွဲသည်။
နိုဝင်ဘာလနှောင်းပိုင်းက တင်သွင်းသည့် ဖမ်းဝရမ်းလျှောက်ထားမှုသည် ထူးခြားသည်။ ထိုဖမ်းဝရမ်းသည် မြန်မာမှ အဆင့်အမြင့်ဆုံးတာဝန်ရှိသူအတွက် ထုတ်ပြန်သည့် ပထမဆုံးဝရမ်း ဖြစ်သည်။ မြန်မာနှင့် ရိုဟင်ဂျာလူနည်းစုကို ဆက်ဆံပုံနှင့် ပတ်သက်သည့် အခြားဖမ်းဝရမ်းများလည်း ရှိသေးကြောင်း ထိုလျှောက်ထားမှုတွင် ဖော်ပြသည်။
မြန်မာ့သမိုင်းသည် မယုံနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းသည်။ အထူးသဖြင့် ဗြိတိန်နိုင်ငံထံမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ပို၍ဆိုးသည်။ ထိုခက်ခဲကြမ်းတမ်းမှုတွင် ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပါဝင်လာသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ICC သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်က မြန်မာနှင့် အိမ်နီချင်း ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသည်။
မြန်မာ့သမိုင်းသည် မယုံနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းသည်။ အထူးသဖြင့် ဗြိတိန်နိုင်ငံထံမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ပို၍ဆိုးသည်။ ထိုခက်ခဲကြမ်းတမ်းမှုတွင် ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပါဝင်လာသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ICC သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်က မြန်မာနှင့် အိမ်နီချင်း ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသည်။
ထိုကာလအတွင်း အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ဟု ခေါ်သည့် ရိုဟင်ဂျာစစ်သွေးကြွအုပ်စုသည် မြန်မာရဲစခန်း အများအပြားကို တိုက်ခိုက်ပြီး ရဲနှင့် စစ်သားများကို သတ်ဖြတ်သည်။ ထိုအခါ စစ်တပ်သည် ပုန်ကန်မှုနှိမ်နင်းရေး (နယ်မြေရှင်းလင်းရေး) လုပ်ပြီး ထိုသို့လုပ်ရာတွင် ရွာပေါင်း ၃၀၀ နီးပါးကို မြေလှန်ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးများကို အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများ ပါဝင်သည်။
ထိုအကြမ်းဖက် ခြိမ်းခြောက်မှု နောက်ခံအခြေအနေတွင် မြန်မာမှ ရိုဟင်ဂျာလူနည်းစု ၁ သန်းနီးပါး သတ်ဖြတ်ခံရမည့် အန္တရာယ်ရင်ဆိုင်ရပြီး ၎င်းတို့အနက် ၄ ပုံ ၃ ပုံသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်။
ဘင်္ဂလားဒေ့ရှ်သို့ ရောက်သောအခါ ၎င်းတို့သည် ဒုက္ခသည်စခန်းများတွင် လှုပ်ရှားနေသည့် ရာဇဝတ်နှင့် လက်နက်ကိုင်အုပ်စုများ၏ ရေရှည်အကြမ်းဖက်မှုများ၊ ဘင်္ဂလားဒေ့ရှ်ရဲများ၏ ငွေညှစ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရပြီး မြန်မာသို့ပြန်ရန် အတင်းအကျပ် လုပ်ခံရသည်။
ဖရိုဖရဲအခြေအနေ
ရိုဟင်ဂျာများကို ပစ်မှတ်ထားသည့် ထိုတိုက်ခိုက်မှုများအပြင် မြန်မာမှ လက်ရှိအခြေအနေသည် အလွန်စိုးရိမ်စရာ ဖြစ်သည်။ မင်းအောင်လှိုင်သည် နိုင်ငံမှ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းသည်။ ထိုအချိန်မှ စတင်ပြီး မြန်မာတွင် ပြည်တွင်းစစ်၊ ဖိနှိပ်မှု၊ ဆင်းရဲနွမ်းပါးမှုနှင့် စီးပွားရေး ဖရိုဖရဲဖြစ်သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာအရပ်သား ၅ ထောင်ကျော်ကို စစ်တပ်က သတ်ဖြတ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်လ်ကာတတ်က ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပြောသည်။
ထိုသူများအနက် ၄၀၀ ကျော်ကို အရှင်လတ်လတ်မီးရှို့သတ်ခြင်း၊ သတ်ဖြတ်ပြီးနောက် မီးရှို့ခြင်းများ ပြုလုပ်သည်ဟု ၎င်းကပြောသည်။ ထိုသို့ ကြောက်မက်ဖွယ် စာရင်းများသည် ယုံကြည်ရသည့် သတင်းရင်းမြစ်များထံမှ မှတ်တမ်းတင်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်သောကြောင့် အဖျားအနားမျှသာ ဖြစ်နိုင်သည်။
ထိုသူများအနက် ၄၀၀ ကျော်ကို အရှင်လတ်လတ်မီးရှို့သတ်ခြင်း၊ သတ်ဖြတ်ပြီးနောက် မီးရှို့ခြင်းများ ပြုလုပ်သည်ဟု ၎င်းကပြောသည်။ ထိုသို့ ကြောက်မက်ဖွယ် စာရင်းများသည် ယုံကြည်ရသည့် သတင်းရင်းမြစ်များထံမှ မှတ်တမ်းတင်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်သောကြောင့် အဖျားအနားမျှသာ ဖြစ်နိုင်သည်။
ပိုမိုကျယ်ပြန့်စွာ ပြောရပါက မြန်မာနိုင်ငံတဝန်း လူ ၃ သန်း နေရပ်စွန့်ခွာရပြီး နိုင်ငံလူဦးရေ ၅၄ ဒသမ ၅ သန်းအနက် ၁၈ သန်းသည် နေအိမ်၊ အစားအစာနှင့် လျှပ်စစ်ဓာတ်အား၊ အပူပေးစနစ်မရှိဘဲ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။
နိုင်ငံ၏ ဒေသအများအပြားတွင် စစ်တပ်ကဖြစ်စေ၊ လက်နက်ကိုင် ဂိုဏ်းများကဖြစ်စေ၊ ဥပဒေကင်းမဲ့မှုနှင့် အဂတိလိုက်စားမှု အများအပြားကို အခွင့်ကောင်းယူသည့် ရာဇဝတ်သားများကဖြစ်စေ နေအိမ်များကို တိုက်ခိုက်မှုများ ရင်ဆိုင်နေရသည်။
ထိုရာဇဝတ်ဂိုဏ်းများသည် အရေးယူအပြစ်ပေးခြင်း မခံရဘဲ လှုပ်ရှားနေပြီး စစ်ကောင်စီ၏ ဗြောင်ကျသော ထောက်ခံမှုရသည်။ ထို့ကြောင့် မြန်မာသည် အာရှတွင် ဆိုက်ဘာရာဇဝတ်မှု၊ လူကုန်ကူးခြင်းနှင့် မူးယစ်ဆေးထုတ်လုပ်သည့် အဓိကနေရာ ဖြစ်လာသည်။
ဆေးရုံများနှင့် စာသင်ကျောင်းများသည် ပုံမှန်အတိုင်း လည်ပတ်ရန် ရုန်းကန်နေရပြီး ဆိုးရွားသော စီးပွားရေး အခြေအနေကြောင့် ပြင်းထန်သော ငွေကြေးဖောင်းပွမှုနှင့် မြင့်မားသော အလုပ်လက်မဲ့နှုန်း ဖြစ်စေသည်။
တချိန်တည်းတွင် ရာသီဥတုပြောင်းလဲမှုက မုန်တိုင်းများ၊ မိုးသည်းထန်မှုများနှင့် ရေလွှမ်းမိုးမှုများစသည့် ပြင်းထန်သော ရာသီဥတု ဖြစ်ရပ်များကို ပိုမိုဆိုးရွားစေပြီး သေဆုံးမှု၊ ငတ်မွတ်မှု၊ အိုးအိမ်မဲ့မှုများ ဖြစ်စေသည်။
မြန်မာမှ လူအများအပြားသည် ကုန်းလမ်းနှင့်ရေလမ်းမှ အန္တရာယ်များသည့် ခရီးဖြင့် ထွက်ပြေးရန် ကြိုးစားသည်မှာ အံ့သြစရာ မဟုတ်ပေ။
စစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာတွင် အောင်မြင်စွာ လှုပ်ရှားနေသည့် အဖွဲ့အစည်း ရာချီရှိသည်ဟု တွက်ချက်ရသည်။ ထိုအမျိုးမျိုးသော လက်နက်ကိုင်အုပ်စုများ၊ ကာကွယ်တပ်များနှင့် တပ်မတော်များသည် မကြာသေးမီ နှစ်များအတွင်း စစ်တပ်ကို အများအပြား ရှုံးနှိမ့်အောင် တိုက်ခိုက်သည်။
ကံမကောင်းအကြောင်းမလှသည့် လူ့သမိုင်းမှ ကြိုတင်သိနိုင်သည့်အတိုင်း ထိုအောင်ပွဲများသည် ပိုမိုပြင်းထန်သည့် လက်စားချေမှုနှင့် ဖိနှိပ်မှုများ ဖြစ်စေသည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နေရာများကို လေကြောင်းမှ ဗုံးကြဲမှု ပြင်းထန်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ဖြတ်တောက်သည်။
ကံမကောင်းအကြောင်းမလှသည့် လူ့သမိုင်းမှ ကြိုတင်သိနိုင်သည့်အတိုင်း ထိုအောင်ပွဲများသည် ပိုမိုပြင်းထန်သည့် လက်စားချေမှုနှင့် ဖိနှိပ်မှုများ ဖြစ်စေသည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နေရာများကို လေကြောင်းမှ ဗုံးကြဲမှု ပြင်းထန်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ဖြတ်တောက်သည်။ တချိန်တည်းတွင် အငြင်းပွားဖွယ် ဖမ်းဆီးမှု များပြားလာပြီး ရာဇဝတ်မှု တရားခွင်များသည် အပြသဘောသာဖြစ်ပြီး တရားစီရင်မှု မမျှတပေ။
ပြည်သူများ မကြာခဏ “ပျောက်ဆုံး” သွားပြီး ဖမ်းဆီးခံရသည်ဟု သတင်းရရှိသူများသည် ထောင်အတွင်း ဆိုးရွားသော အခြေအနေများ ရင်ဆိုင်ရသည်။ အစားအစာ၊ ရေနှင့် ဥပဒေအရ ကိုယ်စားပြုခွင့်မရသလို အတင်းအကျပ် လုပ်အားခိုင်းစေခြင်း၊ လိင်ပိုင်းနှင့် အကြမ်းဖက် ခြိမ်းခြောက်မှု အမြဲရင်ဆိုင်ရသည်။
ရဲစခန်းများ မဟုတ်ဘဲ စစ်စခန်းများနှင့် နာမည်ကြီး စစ်ကြောရေးနေရာများတွင် ဖမ်းဆီးခံရသူများသည် စစ်မေးစဉ် ညှဉ်းပန်းနှိပ်စက်ခံရမည့်အန္တရာယ် ရင်ဆိုင်ရသည်။ ထိုသို့သော ပတ်ဝန်းကျင်တွင် ဖမ်းဆီးထားစဉ် သေဆုံးသူအရေအတွက် များလာခြင်းသည် အံ့သြစရာ မဟုတ်ပေ။
အဆိုးရွားဆုံးအန္တရာယ်မှာ မြန်မာသည် ကျဆုံးနိုင်ငံ ဖြစ်လာနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပါက ကမ္ဘာ့ထိခိုက်လွယ် ဒေသတွင် အန္တရာယ်များသည့် အာဏာမဲ့နယ်မြေ ဖြစ်လာနိုင်သည်။
ICC က မင်းအောင်လှိုင်အတွက် ထုတ်မည့် ဖမ်းဝရမ်းကို မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ အများပြည်သူ သိထားသင့်သည်။ စစ်ကောင်စီဖြုတ်ချရေး၊ သန်းနှင့်ချီသော ဖိနှိပ်သတ်ဖြတ်ခံရသူများ တရားမျှတမှု ရရှိရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ဥပဒေဖိအား လုံလုံလောက်လောက် တိုးလာမည်ဟု မျှော်လင့်ရသည်။
(The Conversation ပါ Alan Reid ၏ International Criminal Court goes after Myanmar military chief after nearly five years of war ကို ဘာသာပြန်သည်။ အလန် ရိဒ်သည် ဘရက်ဒ်ဖို့ဒ် တက္ကသိုလ်မှ ဥပဒေဆိုင်ရာ တွဲဖက် ပါမောက္ခဖြစ်သည်။)
You may also like these stories:
ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)
ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှုများကို မေ့မထားရန် လိုအပ်နေ
လူမျိုးတုံးသတ်သည့် စစ်တပ်က ရိုဟင်ဂျာများထံမှ အကူအညီလိုချင်
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ