စစ်ကောင်စီကို ထောက်ခံသူများ၊ စစ်ကောင်စီ လော်ဘီများ၊ စစ်ကောင်စီနှင့် မကင်းသူများက ဘယ်သူက စလိုက်မှန်းမသိသည့် “စစ်ကိုခေါ်လို့ စစ်လာတာ” ဟူသော စကားကို ပြောလေ့ရှိကြသည်။
အငြင်းအခုံလုပ်လေ့ မရှိသော်လည်း ထိုစကားပြောလာလျှင် ကျနော် ပြန်ငြင်းလေ့ရှိသည်။ “စစ်ကို ခေါ်တာက မင်းအောင်လှိုင်။ ဂိမ်းဆော့၊ ဘောလုံးကန်၊ ဂစ်တာတီး၊ ကျောင်းတက်နေတဲ့ လူငယ်တွေ သေနတ်ကိုင်အောင် လုပ်တာ မင်းအောင်လှိုင်။ အခု သူ စခေါ်တဲ့ “စစ်”။ စစ်ကို တကယ်ခေါ်တာက မင်းအောင်လှိုင်ပဲ၊ အခု သူပဲ ခံနေရာတာ” စသည်ဖြင့် ပြန်ငြင်းပါသည်။
“စစ်ကိုခေါ်လို့ စစ်လာတာ” ဆိုသည့်နောက်ကွယ်တွင် စကား အတိမ်အနက်များ ရှိကြသည်။ အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်မှု၊ ကျေးရွာများကို သိမ်းကြုံး မြေလှန်မီးရှို့မှု၊ တိုက်ပွဲ မရှိပါဘဲလျက် လေကြောင်းမှ ရမ်းသမ်းပစ်မှုများ ဖုံးကွယ်ရန် “စစ်ကိုခေါ်လို့ စစ်လာတာ” ဟူသော စကားဖြင့် ဖုံးဖိရန် ကြိုးစားကြသည်။
“စစ်တပ်ကို စိန်ခေါ်တာကိုး … ခံကြပေါ့” ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။
တကယ့်လက်တွေ့တွင် မင်းအောင်လှိုင်၏ စစ်တပ်မှာ စစ်တိုင်းဌာနချုပ် ကျလို့ကျ၊ တပ်ရင်းလိုက် ပြုတ်လို့ပြုတ်၊ ကင်းစခန်းများ ကျလို့ကျ၊ အဖွဲ့လိုက် လက်နက်ချလို့ချ၊ တပ်ရင်းမှူးတွေ၊ ဗိုလ်မှူးချုပ်တွေပါ တိုက်ပွဲကျ၊ အဖမ်းခံရဖြစ်ပြီး စစ်အင်္ဂါစဉ်ပျက်၊ ဗိုလ်တွေများပြီး တပ်သားမပြည့်ဖြစ်နေသည်မှာ ဓာတ်ပုံသက်သေ၊ ဗီဒီယိုဖိုင်သက်သေနှင့်တကွ ဖြစ်သည်။
သုံးနှစ်ကျော် ပင်ပန်းဆင်းရဲခံပြီး စစ်အတွေ့အကြုံယူသည့် လူငယ်တော်လှန်ရေးသမားများက စစ်က္ကသိုလ်ဆင်း ဗိုလ်ဂုဏ်မောက်နေသည့် ဇိမ်ယစ်နေသူများကို အနိုင်ယူပြနေသည်မှာ ရှက်စရာပင်ကောင်းသည်။
သုံးနှစ်ကျော် ပင်ပန်းဆင်းရဲခံပြီး စစ်အတွေ့အကြုံယူသည့် လူငယ်တော်လှန်ရေးသမားများက စစ်က္ကသိုလ်ဆင်း ဗိုလ်ဂုဏ်မောက်နေသည့် ဇိမ်ယစ်နေသူများကို အနိုင်ယူပြနေသည်မှာ ရှက်စရာပင်ကောင်းသည်။
ထို့ကြောင့် “စစ်ကိုခေါ်တာ မင်းအောင်လှိုင်” ဟု ပြန်ငြင်းလျှင် သူတို့ ခုခံမပြောနိုင်။ စစ်ကိုခေါ်လို့ စစ်လာတာ ဆိုသော်လည်း မင်းအောင်လှိုင် စစ်ကောင်စီတပ်မှာ တိုက်တိုင်းရှုံးနေ၍ ထိုစကားကို ထပ်မပြောကြတော့။
ပြည်သူများက ရပ်မနေပါ။ “စစ်ကိုခေါ်လို့ တိုက်ပွဲမျှော်” ဟုပင် စိန်ခေါ်လိုက်သေးသည်။ ရွာမီးရှို့ခံရသဖြင့် ပြာကျပြီးနောက် ကျန်ရစ်သည့် သွပ်မိုးပြားကိုပင် မချီ၍ “အရှုံးမပေးကြောင်း” ဆန္ဒပြကြသေးသည်ကို သတင်းများတွင် တွေ့ရသည်။
“စစ်ကိုခေါ်လို့ စစ်လာတာ” ဟူသော စကားကို ယခုတလော ဆောင်းပါတချို့နှင့် CDM စစ်သားများ၏ စကားဝိုင်းတွင် အဓိပ္ပာယ်တမျိုးဖြင့် ပြန်ကြားလာရသည်။ “စစ်ကိုခေါ်တာ မင်းအောင်လှိုင်” ဟု တန်ပြန်ကြခြင်းဖြစ်သည်။ စစ်လော်ဘီများဘက်ကမူ “စစ်ကိုခေါ်လို့ စစ်လာတာ” ဟူသော ထိုစကားကို မပြောကြတော့ပေ။
စစ်အာဏာသိမ်းမှု ကာလကြာညောင်းလာသော်လည်း လူငယ်များ၏ တော်လှန်စွမ်းရည်နှင့် ပြည်သူလူထု၏ တောင့်ခံနိုင်ရည်ကို နိုင်ငံတကာ သုတေသီများက အသိအမှတ်ပြုလာရသည်။
“စစ်သားနှင့် ဘုန်းကြီးတွေမှာ အညာဒေသခံ များသည်” ဟု ဘလော်ဂါ တဦးက ရေးသည်ကို ဖတ်ဖူးသည်။ ယခု စစ်ဒဏ်ခံနေရသည်မှာလည်း အညာဒေသ အများစုပါဝင်သည်။
“သာအေး စာမရေးဘူး” ဟု နာမည်ကြီးသူ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် လုပ်ခဲ့သည့် ဗိုလ်ချုပ်ဟောင်း သာအေး၏ နှမ နေထိုင်သည့် ဘုတလင်မြို့နယ်၊ သာယာကုန်း၊ ချောင်းဝကြီးကျေးရွာကို စစ်တပ်က ဝင်ပြီး မီးရှို့သောအခါ ဗိုလ်ချုပ် သာအေး ဓာတ်ပုံချိတ်ထားပါလျက် မီးရှို့ကြသောကြောင့် ဗိုလ်ချုပ်၏ နှမအိမ် ဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက “သာအေးလည်း မသိဘူး … သာအေး အဖေလည်း မသိဘူး” ဘူးဟု ဆိုကာ မီးရှို့ပစ်ကြသည်။ စစ်ကိုခေါ်၍ စစ်လာသည့်ဒဏ် ပြန်ခံရခြင်းပင် ဖြစ်သည်။
စစ်တပ်လော်ဘီတချို့ဆိုလျှင် သူတို့ မိဘဇာတိ၊ သူတို့ဇာတိ ရပ်ရွာ၊ ကျေးရွာ မီးလောင်ပြာကျသည့်တိုင် တော်လှန်ရေး တပ်ဖွဲ့များကို လက်ညှိုးထိုး၍ အပြစ်တင်နေသည်ကို အံ့ဩစွာ တွေ့ရသေးသည်။ ထပ်ဆင့်ပြောလိုက်သေးသည်မှာ “စစ်ကို ခေါ်လို့ စစ်လာတာ” ဟူသတတ်။
စစ်တပ်လော်ဘီတချို့ဆိုလျှင် သူတို့ မိဘဇာတိ၊ သူတို့ဇာတိ ရပ်ရွာ၊ ကျေးရွာ မီးလောင်ပြာကျသည့်တိုင် တော်လှန်ရေး တပ်ဖွဲ့များကို လက်ညှိုးထိုး၍ အပြစ်တင်နေသည်ကို အံ့ဩစွာ တွေ့ရသေးသည်။ ထပ်ဆင့်ပြောလိုက်သေးသည်မှာ “စစ်ကို ခေါ်လို့ စစ်လာတာ” ဟူသတတ်။
ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် စစ်ကို ပြန်သိမ်းရမည့်ဘဝ ရောက်နေသည်။ ရခိုင်ပြည်နယ်နေ့တွင် ခပ်တည်တည်ဖြင့် အာရက္ခတပ်တော် (AA) လက်နက်စွန့်ရန်ပင် ပြောလိုက်သေးရာ တပ်တွင်းတွင် ‘အဘတော့ ရူးနေပြီ’ ဟု တီးတိုးပြောကြကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် မင်းအောင်လှိုင်၏ စစ်တပ် ခွက်ခွက်လန်အောင် ရှုံးနေသည်။
စစ်တပ်သည် မြန်မာပိုင်နက်၏ ၄ ပုံ ၁ ပုံကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်တော့ကြောင်း BBC World Service ၏ စစ်တမ်းက ဖော်ပြသည်။ ထိုအထဲတွင် မြို့ပြဒေသအချို့၊ တစိတ်တပိုင်းသာ စစ်ကောင်စီ ထိန်းချုပ်မှုရှိ ဒေသနှင့် အချက်အလက်ရရန် ခက်ခဲသည့် တောတောင်ဒေသများသာ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်အနေဖြင့် ရုရှားကယ်ပါ၊ တရုတ်ကယ်ပါ ဖြစ်ရလောက်အောင် စစ်က လာနေပြီ၊ လာခဲ့ပြီး ဖြစ်သည်။
တရုတ် ဖိအားပေးမှုကြောင့် မြောက်ပိုင်းအဖွဲ့တချို့ ကျည်မဖောက်သေးသော်လည်း အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က နောက်မဆုတ်ပေ။
တော်လှန်ရေးတပ်ဖွဲ့များက မန္တလေး မဆိုထားနှင့် ရန်ကုန်အထိပါ ထိုးဖောက်ရန် အစီအစဉ်ဆွဲနေကြောင်း မကြာသေးခင်က BBC သတင်းဌာန၏ ဆောင်းပါးတွင် ဖော်ပြသည်။ အခြေအနေအရ ပျောက်ကြားစစ်အနေဖြင့် မြေအောက်လှုပ်ရှားမှုအဖြစ်သာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နွားထိုးကြီး လမ်းပိုင်းတွင် ကင်းစခန်းကို တိုက်ခိုက်မှုကလည်း စစ်တပ်လော်ဘီများအဖို့ အိန္ဒြေမရလောက်အောင် တုန်လှုပ်မှုဖြစ်စေကြောင်း တွေ့ရသည်။
ရခိုင်ပြည်နယ်မှ စစ်တိုင်းဌာနချုပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တိုက်ခိုက်ခံရမှု၊ လက်နက်ချမှု၊ ဗိုလ်မှူးချုပ်များပါ သေဆုံး၊ အရှင်ဖမ်းမိမှု ဗီဒီယို၊ ဓာတ်ပုံများ အထောက်အထားဖြင့် ပေါ်ထွက်လာရာတွင် ဆိုဖွယ်ရာ မရှိတော့ပေ။
ဂိမ်းဆော့၊ ဘောလုံးကန်၊ ဂစ်တာတီး၊ ကျောင်းတက်နေသည့် လူငယ်များ သေနတ်ကိုင်လာအောင် လုပ်လိုက်သည်မှာ ခေါင်းပေါင်းတလူလူနှင့် ပွဲခံနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာ ဖြစ်ပြီး သူသာလျှင် “စစ်မြှူသူ” ဖြစ်သည်။
ဂိမ်းဆော့၊ ဘောလုံးကန်၊ ဂစ်တာတီး၊ ကျောင်းတက်နေသည့် လူငယ်များ သေနတ်ကိုင်လာအောင် လုပ်လိုက်သည်မှာ ခေါင်းပေါင်းတလူလူနှင့် ပွဲခံနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာ ဖြစ်ပြီး သူသာလျှင် “စစ်မြှူသူ” ဖြစ်သည်။
တပ်တွင်း၊ ဝန်ကြီးဌာနတွင်း သတင်းပေး “ဖရဲသီး” များဖြင့် ပြည့်နေသည့် သူ့ အစိုးရအဖွဲ့အပြင် ထို ဖရဲသီးများ၏ အထောက်အကူဖြင့် သူ့ကို ပြန်ဖြုတ်ချမည့်၊ အကျပ်ရိုက်စေမည့် အင်အားစုများနှင့် သူခေါ်သည့် “စစ်” ကို မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစုသာလျှင် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ယခုအခါ “စစ်ကိုခေါ်လို့ စစ်လာတာ” ဆိုသူများ ဘာမှပြန်မပြောနိုင်လောက်အောင် တော်လှန်ရေး၏ စစ်က တိုးဝင်လာပြီဖြစ်သဖြင့် အနက်အဓိပ္ပာယ်အားဖြင့် ပြောင်းပြန်ဖွင့်ဆိုရမည် ဖြစ်သည်။
စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြကြသော အညာက ရွာသူရွာသားများ၏ စကားကိုသာ ပဲ့တင်ထပ်ချင်ပါသည်။ “ရွာကိုပဲ မီးရှို့လို့ရမယ်၊ စိတ်ဓာတ်နဲ့ မြေကို မီးရှို့မရဘူး”။
စစ်ကိုခေါ်သည်မှာ မင်းအောင်လှိုင်ဖြစ်ပြီး ပြည်တွင်းစစ်၏ ဦးတည်ရာမှာ သူနှင့် သူ့ စစ်ကောင်စီထံသို့သာ ဖြစ်လေသည်။
(သာဦးသည် ရန်ကုန်အခြေစိုက် ဂျာနယ်လစ်တဦး ဖြစ်သည်။)
You may also like these stories:
မီးရှို့ခံနေရသော တောင်သူလယ်သမားနေ့
ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၂
ငြိမ်ခံနေရင် တိုင်းပြည် တိုးတက်မယ်တဲ့လား
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သူခိုးက လူဟစ်နေပြန်
စစ်တပ် ဆင်ဒရုမ်း ရောဂါ စွဲကပ်သူများ