၂၀၁၇ ခုနှစ်က ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုစဉ် သူ၏နိုင်ငံခြားရေးမူဝါဒ ပထမ ဦးစားပေးမှာ တရုတ်နိုင်ငံကို အပြင်းအထန် ရင်ဆိုင်ရေး ဖြစ်သည်။ တကျော့ပြန် ထရမ့် ၂.၀ အစိုးရသည် ထိုလုပ်ငန်းကို ဆက်လက် လုပ်ကိုင်မည်ဖြစ်သည်။
သို့သော် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဘဲဥပုံရုံးခန်းသို့ သူပြန်သွားသောအခါ ထရမ့်သည် ပထမအကြိမ် ရာထူးသက်တမ်းအတွင်း ကံကောင်းစွာ ရှောင်ရှားနိုင်ခဲ့သည့် အရေးပါသော နိုင်ငံခြားရေးမူဝါဒ အကျပ်အတည်းများဖြစ်သည့် အန္တရာယ်များသော စစ်ပွဲ နှစ်ခုကို အမေရိကန် စီမံခန့်ခွဲရေးအတွက်လည်း တာဝန်ရှိမည် ဖြစ်သည်။
မစ္စတာ ထရမ့်က သူသည် ငြိမ်းချမ်းရေးလုပ်ဆောင်သူ၊ တည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းပြီး အမေရိကန် အခွန်ထမ်းများအတွက် ပြည်ပစစ် (နှင့် အလားအလာရှိသော စစ်ပွဲများ) တွင် အမေရိကန် ပါဝင်ပတ်သက်မှု ကုန်ကျစရိတ်ကို ကန့်သတ်ပေးရန် လိုအပ်သော သဘောတူညီချက်များ ပြုလုပ်မည့် ခေါင်းဆောင်အဖြစ် မဲဆန္ဒရှင်များကို တင်ပြခဲ့သည်။
သမ္မတသစ်သည် အစ္စရေးနှင့် ဟားမတ်စ်အကြား သဘောတူထားသော ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်သည့် အပစ်အခတ်ရပ်စဲရေးအတွက် အသိအမှတ်ပြုခံနေရပြီ ဖြစ်သည်။
ဂါဇာမှ စစ်ပွဲအပြင် မစ္စတာ ဒေါ်နယ် ထရမ့် ရွေးကောက်ခံရခြင်းသည် အစ္စရေး၏ ဟစ်ဇဘိုလာနှင့် ထိပ်တိုက်တွေ့ခြင်း၊ အီရန်နှင့် ရုရှား၏ ယူကရိန်းစစ်ကို သူမည်သို့ ချဉ်းကပ်မည်ဆိုသည့် ခန့်မှန်းချက်များကိုလည်း ဖြစ်စေသည်။ ၂၀၂၅ ခုနှစ်တွင် မည်သည်တို့ကို မျှော်မှန်းသင့်သနည်း။
အရှေ့အလယ်ပိုင်း
လတ်တလောတွင် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးသည် တိုက်ခိုက်မှု ရပ်စဲစေပြီး ဟားမတ်စ်က ဖမ်းထားဆဲဖြစ်သည့် ဓားစာခံအချို့ ပြန်လွတ်လာမည့် သဘောရှိသည်။ သို့သော် ထိုသဘောတူညီချက်သည် ထိလွယ်ရှလွယ်ဖြစ်ပြီး ရေရှည် အာမ မခံနိုင်ပေ။ ထိုအခြေအနေကြောင့် ထရမ့်က မဟာသေနင်္ဂဗျုဟာအဖြစ် အာရုံစိုက်လာနိုင်သည်။
လတ်တလောတွင် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးသည် တိုက်ခိုက်မှု ရပ်စဲစေပြီး ဟားမတ်စ်က ဖမ်းထားဆဲဖြစ်သည့် ဓားစာခံအချို့ ပြန်လွတ်လာမည့်သဘော ရှိသည်။ သို့သော် ထိုသဘောတူညီချက်သည် ထိလွယ်ရှလွယ်ဖြစ်ပြီး ရေရှည် အာမ မခံနိုင်ပေ။
မစ္စတာ ထရမ့်၏ အခိုင်မာဆုံး နိုင်ငံခြားရေးမူဝါဒ ဆက်ဆံရေးသည် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုနှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှ ခေါင်းဆောင်များ ဆက်ဆံရေး ဆက်လက်ဖြစ်နေသည်။

ထိုကိစ္စသည် လွန်ခဲ့သော ရှစ်နှစ်က သူ၏ သမ္မတရာထူး စတင်ခဲ့သည့်ကိစ္စဖြစ်ပြီး ပထမဆုံး ပြည်ပခရီးများမှာ ဆော်ဒီအာရေဘီးယားနှင့် အစ္စရေးဖြစ်သည်။ အရှေ့အလယ်ပိုင်းသည် သူ၏နိုင်ငံခြားရေး မူဝါဒ အကြီးမားဆုံး အောင်မြင်မှုရသောနေရာ ဖြစ်သည်။
အေဗရာဟင် သဘောတူညီချက်သည် အစ္စရေးနှင့် အာရပ်နိုင်ငံ အများအပြားအကြား ဆက်ဆံရေး ပုံမှန်ထူထောင်မှု ဖြစ်စေပြီး ထိုအရေးပါသည့် သဘောတူညီချက်သည် ဂါဇာမှ အစ္စရေး၏စစ်ပွဲနှင့် လက်ဘနွန်မှ ဟစ်ဇဘိုလာကို တိုက်ခိုက်မှုတို့အား ခံနိုင်လောက်အောင် ခိုင်မာသည့် သဘောတူညီချက်ဖြစ်သည်။
ထိုသံတမန်ရေးလုပ်ငန်းတွင် နောက်တဆင့်မှာ အစ္စရေးနှင့် ဆော်ဒီအာရေဘီးယားအကြား သမိုင်းဝင် သဘောတူညီချက် ဖြစ်သည်။ ထိုကိစ္စသည် နှစ်နိုင်ငံအကြား အကျိုးအမြတ်များသည့် ကူးသန်းရောင်းဝယ်ရေး ဆက်ဆံရေးကို လမ်းပွင့်စေမည်ဖြစ်ပြီး ဆော်ဒီအာရေဘီးယားအတွက် အမေရိကန်ထံမှ ၎င်းတို့ ကာလကြာမြင့်စွာ တောင်းဆိုနေသည့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာ စစ်လက်နက်ပစ္စည်းများ ရရှိစေမည်ဖြစ်သည်။
ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေး အစီအစဉ်တခုမရှိဘဲ မည်သည့် သဘောတူညီချက်မှ ရမည်မဟုတ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က တရားဝင် ပြောသည်။ ထိုကိစ္စသည် ထင်သလောက် ကြီးမားသည့် အခက်အခဲ မဟုတ်ပေ။ ဆော်ဒီအိမရှေ့မင်းသားက ထိုသဘောတူညီချက်ကို လိုချင်ပြီး နိုင်ငံဖြစ်ရေး “အစီအစဉ်” သည် ထရမ့်၊ အစ္စရေးနှင့် ထိုမင်းသားတို့ သဘောတူညီချက် မရမီ ကြီးကြီးကျယ်ကျယ် ထည့်သွင်းစဉ်းစားရမည့် ကိစ္စမဟုတ်ပေ။
အရှေ့အလယ်ပိုင်းတွင် ထို့ထက်မကသော ပြဿနာများ ရှိသေးရာ ဆီးရီးယားသူပုန်များသည် လွန်ခဲ့သောလတွင် အာဏာရှင် ဘာရှား အာဆတ်ကို ဖြုတ်ချခဲ့သည်။ အစ္စရေးက ဆီးရီးယား လက်နက်တိုက်များကို တိုက်ခိုက်ရန်နှင့် စစ်ဒဏ်ခံနေရသည့် ဆီးရီးယားကို ထပ်မံကျူးကျော်ရန် အခွင့်ရသွားသည်။
သို့သော် ၂၀၂၅ ခုနှစ်တွင် အရှေ့အလယ်ပိုင်းအတွက် အကြီးမားဆုံးပြဿနာမှာ အီရန်ကို ပစ်မှတ်ထားသည့် ကျယ်ပြန့်သောစစ်ပွဲတခု၏ အလားအလာဖြစ်သည်။ ဟားမတ်စ်နှင့် ဟစ်ဇဘိုလာကို အစ္စရေးက အင်အားချိနဲ့အောင် လုပ်ရာတွင် အောင်မြင်မှုကြောင့် အီရန်အစိုးရသည် အစ္စရေးကို ပတ်လည်ဝိုင်းထားသည့် ဒေသများတွင် အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုများ ဆုံးရှုံးသွားစေပြီး အီရန် ခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံသည် ယခုအခါ ထိခိုက်လွယ်သွားသည်ကို သိကြသည်။
အစ္စရေးမှ နေတန်ရာဟုတွင် တီဟီရန်နှင့် အီရန်နျူကလီးယားအစီအစဉ်ကို တိုက်ခိုက်ရန် စိတ်ဝင်စားမှု အကြီးအကျယ်ရှိသည်။
၂၀၂၅ ခုနှစ် ဝါရှင်တန်တွင် ပိုမိုရန်လိုသော အစိုးရကို ရင်ဆိုင်ရမည်ကိုလည်း အီရန်ခေါင်းဆောင်များ သိသည်။ အီရန်ကာကွယ်ရေးအကြီးအကဲ ကက်ဆန် ဆိုလေမာနီကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ထရမ့်က လုပ်ကြံသတ်ဖြတ်ခြင်းသည် အီရန်နှင့်ပတ်သက်ပြီး စွန့်စားရန် ထရမ့်၏ စိတ်အားထက်သန်မှုကိုသာမက ထိုကိစ္စနှင့် ပတ်သက်ပြီး အီရန်က များများ မလုပ်ဆောင်နိုင်ကြောင်းကိုပါ ဖော်ပြနေသည်။
အမေရိကန် ပြည်ထောင်စု၏ တက်ကြွ ပြတ်သားသော အကူအညီမပါလျှင် အီရန်၏ အကြီးအကျယ် ကာကွယ်ထားသည့် နက်ရှိုင်းသော မြေအောက်မှ နျူကလီးယား အဆောက်အအုံများကို အောင်မြင်စွာ တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း မစ္စတာ နေတန်ရာဟု သိသည်။ ထိုသို့သော တိုက်ခိုက်မှုသည် အမေရိကန် စစ်တပ်ကသာ လုပ်နိုင်သည့် အတိုင်းအတာ ကြီးမားသော ညှိနှိုင်း ဗုံးကြဲမှုများ အများအပြား လိုအပ်သည်။
အပြည့်အဝ အောင်မြင်သော တိုက်ခိုက်မှု မဟုတ်ပါက ဗုံးတလုံး ချက်ချင်းဖန်တီးရန် အီရန်ကို တွန်းအားပေးလိုက်ခြင်း ဖြစ်သွားနိုင်သည်။ ထရမ့်ကလည်း မည်သူ၏စစ်ပွဲတွင်မှ အမေရိကန် ပါဝင်ပတ်သက်မည် မဟုတ်ဟု ဆက်လက် ပြောကြားနေသည်။
အပြည့်အဝ အောင်မြင်သော တိုက်ခိုက်မှု မဟုတ်ပါက ဗုံးတလုံး ချက်ချင်းဖန်တီးရန် အီရန်ကို တွန်းအားပေးလိုက်ခြင်း ဖြစ်သွားနိုင်သည်။ ထရမ့်ကလည်း မည်သူ၏စစ်ပွဲတွင်မှ အမေရိကန် ပါဝင်ပတ်သက်မည် မဟုတ်ဟု ဆက်လက် ပြောကြားနေသည်။
ပါဝင်ပတ်သက်သူအားလုံး ပေးဆပ်ရမည့် အရင်းအနှီး ကြီးမားသောကြောင့် ၂၀၂၅ ခုနှစ်တွင် အီရန်နှင့် ကျယ်ပြန့်သော သံတမန်ရေး သဘောတူညီချက်ထက် တွန်းအားပေးမှုကိုသာ မိမိတို့ တွေ့ဖွယ် ပိုရှိသည်။
ထိုတွန်းအားပေးမှုသည် အီရန်၏ အင်အားချိနဲ့နေသော စီးပွားရေးအပေါ် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများ သက်သာစေရေးနှင့် ဘက်အားလုံးမှ စစ်ရေးတင်းမာမှု လျှော့ချရေးအတွက် အီရန်အပေါ် ဒုံးကျည် ကန့်သတ်ချက်သစ်များ ချမှတ်မည်ဖြစ်ပြီး ဒေသတွင်းမှ စစ်သွေးကြွအုပ်စုများကို ထောက်ပံ့မှု ကန့်သတ်ရေး အီရန်၏ စိတ်အားထက်သန်မှု ပြသရန် တွန်းအားပေးခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းကို ပြန်လည်တည်ငြိမ်စေမည့် သဘောတူညီချက်တခု မည်သို့ ဖြစ်နိုင်သနည်း။ ထိုအချက်သည် ထရမ့်အပေါ်နှင့် ထရမ့်က စွန့်စားရမည့် အန္တရာယ်ကို မည်မျှလက်ခံမည်၊ သံတမန်ရေး သဘောတူညီမှုတခုကို သူမည်မျှလိုချင်သည်ကို အစ္စရေးနှင့် အီရန်ခေါင်းဆောင်များ ခန့်မှန်းတွက်ချက်မှုအပေါ် မူတည်သည်။
ရုရှားနှင့် ယူကရိန်း

ထရမ့် ရာထူးလက်ခံသည့်အချိန် နီးကပ်စဉ်ကတည်းက ရုရှား၏ ယူကရိန်းစစ်ပွဲသည် ပိုမိုပြင်းထန်လာသည်။ တာဝန်ပြီးဆုံးသွားသည့် ဘိုင်ဒင်အစိုးရ၊ ဗြိတိန်နှင့် ပြင်သစ်အစိုးရများသည် ယူကရိန်းကို ထောက်ပံ့ထားသည့် လက်နက်များကို ရုရှားနိုင်ငံတွင်းမှ ပစ်မှတ်များကို ပစ်ခတ်ရန် ခွင့်ပြုခဲ့သည်။
ထိုကိစ္စသည် ယူကရိန်းတပ်များ သိမ်းပိုက်ထားသည့် ရုရှား၏ ကာ့စ်ခ်ဒေသမှ ယူကရိန်းတပ်များကို မောင်းထုတ်ရန် ရုရှားက မြောက်ကိုရီးယား စစ်သားများကို အသုံးပြုသောကြောင့် တုံ့ပြန်မှုဖြစ်သည်။
ယူကရိန်း အရှေ့ပိုင်းတွင် ရုရှားတပ်များ ရှေ့ဆက်ချီတက်မှု နှေးကွေးစေရန်အတွက် အမေရိကန် သမ္မတ ဘိုင်ဒင်က မြေမြှုပ်မိုင်းများကိုလည်း ပေးပို့နေသည်။ မျှော်လင့်ချက်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးပွဲများတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ အပေးအယူလုပ်နိုင်သည့် အနေအထား တောင့်တင်းအောင် ကျားကန်ပေးရေးဖြစ်သည်။
အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တို့က ထိုသို့ ခွင့်ပြုလိုက်ခြင်းကို မော်စကိုက တတိယကမ္ဘာစစ် စတင်ရန် ခြိမ်းခြောက်မှု နောက်တကြိမ်အဖြစ် ချက်ချင်း တုံ့ပြန်ပြီး ယူကရိန်းမြို့ကြီး ဒနီပရိုကို နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့် အသံထက် ငါးဆမြန်သော ဒုံးကျည်များဖြင့် ပစ်ခတ်သည်။
ထိုကိစ္စသည် စစ်ပွဲကို လျင်မြန်စွာ အဆုံးသတ်ရေး မဲဆွယ်ပွဲကတိ ထိန်းသိမ်းရန် ကြိုးစားနေစဉ် ထရမ့် ရာထူးလက်ခံသောအခါ ဆက်ခံရမည့် ပြင်းထန်သော တင်းမာမှု ဖြစ်သည်။
စစ်လိုလားသော ဘိုင်ဒင်အတွက် ကြိုဆိုရမည့် အစားထိုးအဖြစ် ရုရှားသမ္မတ ပူတင်က ထရမ့်ကို ပုံဖော်ပြီး ဇယ်လန်စကီးသည် ယခုအခါ အကျပ်အတည်း ရင်ဆိုင်နေရသည်။
ရုရှားသိမ်းပိုက်ထားသည့် နယ်မြေများအား ကျူးကျော်သူများကို ပြန်ပေးမည့် ထရမ့် ကြားဝင်ဆောင်ရွက်သော သဘောတူညီချက်ကို လက်ခံခြင်းကြောင့် ယူကရိန်းပြည်သူများ၏ ဒေါသကို ခံရမည့်အန္တရာယ် သို့မဟုတ် ထရမ့်ကို အာခံပြီး ဥရောပမှ မဟာမိတ်များ ကူညီမည်ဟု မျှော်လင့်ရန်ဖြစ်သည်။
တခုမှာ ရုရှားက ခရိုင်းမီးယားကို ဆက်လက်ရယူထားရန် ဇယ်လန်စကီး လက်ခံရမည့်ကိစ္စဖြစ်သည်။ အခြားတခုမှာ ထိုကိစ္စကို ယူကရိန်းပြည်သူများ လက်ခံနိုင်အောင် ကြိုးစားရေးဖြစ်သည်။
ဥရောပခေါင်းဆောင် အများအပြားကလည်း မစ္စတာ ထရမ့် ပြန်လာခြင်းကို ကြိုဆိုကြသည်။ သူသည် ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်ရန် အစီအစဉ်များတွင် ၎င်းတို့ကို ထည့်သွင်းမည် မဟုတ်သည်ကို သိကြပြီး ယခုအခါ ထရမ့်နှင့် ပူတင် နှစ်ဦးလုံးကို ရင်ဆိုင်ရချိန်တွင် ဥရောပ ညီညွတ်ရေးကို ထိန်းသိမ်းထားရန် လုပ်ကိုင်နေကြသည်။
ယူကရိန်း၏ အနာဂတ်နှင့် ရုရှား ခြိမ်းခြောက်မှုများသည် ဝါရှင်တန်ထက် ဥရောပနိုင်ငံများအတွက် များစွာ ပိုမိုအရေးကြီးသည်။ ယူကရိန်း လက်နက်ချရန် အတင်းအကျပ်လုပ်သည့် မည်သည့် အမေရိကန် တွန်းအားပေးမှုမဆိုကြောင့် ပိုလန်၊ ဘောလ်တစ်နိုင်ငံများနှင့် နော်ဒစ်နိုင်ငံများသည် ခြိမ်းခြောက်ခံရသည်ဟု ခံစားကြရသည်။
ယူကရိန်း၏ အနာဂတ်နှင့် ရုရှား ခြိမ်းခြောက်မှုများသည် ဝါရှင်တန်ထက် ဥရောပနိုင်ငံများအတွက် များစွာ ပိုမိုအရေးကြီးသည်။ ယူကရိန်း လက်နက်ချရန် အတင်းအကျပ်လုပ်သည့် မည်သည့် အမေရိကန် တွန်းအားပေးမှုမဆိုကြောင့် ပိုလန်၊ ဘောလ်တစ်နိုင်ငံများနှင့် နော်ဒစ်နိုင်ငံများသည် ခြိမ်းခြောက်ခံရသည်ဟု ခံစားကြရသည်။

အခြားတဖက်တွင်လည်း ဟန်ဂေရီခေါင်းဆောင် ဗစ်တာအော်ဘန်းက ထိုညီညွတ်ရေးကို ထိခိုက်အောင်လုပ်ခြင်းဖြင့် ထရမ့်နှင့် ပူတင် နှစ်ဦးကြား အခွင့်အလမ်းကို မြင်သည်။ ရှေ့တန်းနှင့် ပိုမိုဝေးကွာသည့် ဥရောပနိုင်ငံများမှ ယူကရိန်း လိုလားသောနိုင်ငံများသည် ယူကရိန်းကို ထောက်ခံသောကြောင့် ပေးဆပ်လိုက်ရသည်မှာ မြင့်မားပြီး ဆက်လက် မြင့်တက်နေဦးမည်ကို သိကြသည်။
၂၀၂၅ ခုနှစ်အတွင်း ကြီးမားသော ပြဿနာများမှာ ထရမ့်က ယူကရိန်းအပေါ် ထောက်ခံမှုကို နောက်ပြန်လှည့်လျှင် ဥရောပနိုင်ငံများသည် ယူကရိန်းနှင့် ဆက်လက် ရပ်တည်မည်လား၊ အမေရိကန်-ဥရောပ ကုန်သွယ်ရေး ပြဋ္ဌာန်းချက်များအတွက် ပိုမိုကြီးမားသော သဘောတူညီချက် ထရမ့်နှင့် ရရေးအတွက် ဇယ်လန်စကီးကို ထောက်ခံမှု လျှော့ချပေးရမည်ဟု ဥရောပနိုင်ငံအချို့ တွက်ချက်မည်လား၊ တရုတ်နှင့် ပိုမိုကျယ်ပြန့်သော ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒ ထိတွေ့ဆက်ဆံမှုသည် ပိုမို အကျပ်အတည်းဖြစ်လာသော အတ္တလန္တိတ် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် မှီခိုရခြင်းထက် ပိုမိုကောင်းမွန်သော ရေရှည်အကာအကွယ်ဟု ဥရောပနိုင်ငံအချို့ ဆုံးဖြတ်မည်လား။
ကမ္ဘာတွင် အမေရိကန်၏ အခန်းကဏ္ဍကို ကြိုတင်ခန့်မှန်းရန်ခက်ခဲသည်မှာ ဆယ်စုနှစ် ရှစ်ခုကျော်ပြီ ဖြစ်သည်။ မစ္စတာ ထရမ့်သည် အပြောင်းအလဲမြန်သည့် ဆုံးဖြတ်ချက် ချမှတ်သူ ဆက်လက်ဖြစ်နေပြီး နိုင်ငံခြားရေးမူဝါဒကို သူ မည်သို့ ချဉ်းကပ်လိုသည် သူကိုယ်တိုင် မသိဘဲဖြစ်နေနိုင်သည်။
ထို့ပြင် လွန်ခဲ့သော အမေရိကန် သမ္မတရွေးကောက်ပွဲ သုံးခုသည် အမေရိကန်အရေး ဦးစားပေးများနှင့် ရည်မှန်းချက်များ အကြီးအကျယ် ပြောင်းလဲသည်ကို ကမ္ဘာတဝန်းမှ ခေါင်းဆောင်များနှင့် မူဝါဒချမှတ်သူများ မြင်နိုင်ကြသည်။ အိုဘားမားမှ ထရမ့်သို့၊ ထရမ့်မှ ဘိုင်ဒင်သို့နှင့် ယခုအခါ ဘိုင်ဒင်က ထရမ့်သို့ ပြန်လည် လွှဲပြောင်းပေးသည်။
ရေရှည်တွင် အမေရိကန်သည် မည်သည့် နိုင်ငံတကာအခန်းကဏ္ဍ ယူမည်ကို ယုံကြည်လောက်အောင် ဟောကိန်းထုတ်နိုင်သူ အနည်းငယ်သာရှိသည်။
ထိုသို့သော မရေရာမှုသည် စစ်ကာလတွင် အန္တရာယ်အများဆုံးနှင့် ကုန်ကျစရိတ်အများဆုံးဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းမှ ပဋိပက္ခများသည် ထရမ့်၏အောက်တွင် ခေတ္တရပ်ဆိုင်းထားမှု ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် စစ်ဖြစ်နေသော ဘက်အသီးသီးမှ မည်သူမဆို ခံစားခဲ့ရသော စိတ်ဒဏ်ရာဒဏ်ချက်များ ပြေလည်ရန် အလွယ်တကူ ဖြေရှင်းရေး အနာဂတ်အစီအစဉ်များ ရှိလိမ့်မည်ဟု ယုံကြည်ရန် အကြောင်း မရှိပေ။
ထိုကိစ္စသည် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းမှ စစ်ပွဲများ အလျင်အမြန် ဖြစ်စေသည့် အပြည့်အဝ ဖြေရှင်းမှုနှင့် မရေရာ မခိုင်မာသော သဘောတူညီချက်အကြား ကွဲပြားခြားနားမှုပင် ဖြစ်သည်။
(TIME ပါ Ian Bremmer ၏ What a Second Trump Term Could Mean for Gaza and Ukraine ကို ဘာသာပြန်သည်။ အီရန် ဘရမ်းမားသည် နိုင်ငံခြားရေးရာဆောင်းပါးရှင်နှင့် TIME ၏ အချိန်ပိုင်း အယ်ဒီတာဖြစ်သည်။)
You may also like these stories:
ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု
အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း
မြောက်ကိုရီးယားတပ်များ ရုရှားရောက်နေဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြော
တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား