တိုင်းပြည်ကို တပ်မတော်က ကယ်တင်ပါတယ်ဆိုသည့် စစ်အာဏာသိမ်းကာလသည် လေးနှစ်အထိ ရှိခဲ့ပြီ ဖြစ်သည်။ စစ်အာဏာရှင်၏ ကျေးဇူးကြောင့် အာဏာသိမ်းကာလအတွင်း တိုင်းပြည်သာမက တပ်မတော်ပါ ချောက်အတွင်းသို့ တရှိန်ထိုး ကျဆင်းသွားခဲ့ရပြီဖြစ်သည်။
တပ်မတော်က နိုင်ငံတော်ကို ပုန်ကန်သူ ‘သူပုန်’ ဖြစ်လာခဲ့ပြီး တော်လှန်ရေးအင်အားစုများက လူထုကိုယ်စားပြု ‘တရားဝင်တပ်မတော်’ အဖြစ် ကြီးထွားလာခဲ့သည်။ သူပုန်သဖွယ်ဖြစ်လာသည့် မြန်မာစစ်တပ်သည် အာဏာသိမ်းကာလအတွင်း အရာရှိ၊ စစ်သည်များစွာ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ စစ်ခုံရုံးဖြင့် အရေးယူခံရခြင်း၊ ပျောက်ဆုံးခြင်းနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်စဉ်များစွာ ဖြစ်ပေါ်ခဲ့ရသည်။
စစ်တပ်အတွင်း ကျန်နေသေးသည့် အရာရှိ၊ စစ်သည်များအနေဖြင့်လည်း မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်း၊ စီနီယာ၊ ဂျူနီယာများလည်း သုံ့ပန်းအဖြစ် အဖမ်းခံရခြင်း၊ တိုက်ပွဲအတွင်း သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း စသည့်ဖြစ်စဉ်များလည်း အာဏာသိမ်းကာလအတွင်း ဒုနှင့် ဒေးမို့ ရေတွက်ရန်ပင် ခက်ခဲလှသည်။
ထို့ပြင် စစ်သားများအတွက် အမှတ်တရများရှိသည့် မိခင်တပ်များအပါအဝင် တပ်ဌာနချုပ်များ၊ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ကြသည့် နေရာများ၊ စခန်းများမှာလည်း တော်လှန်ရေးအင်အားစုများ၏ သိမ်းပိုက်မှုများကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည့် Standard Army ကြီးသည် ပြည်တွင်းက လက်နက်ကိုင်များကိုပင် စစ်ရှုံးသဖြင့် အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယ သာမက ဘင်္ဂလားဒေ့ရှ်လို နိုင်ငံများအတွင်းသို့ပင် ထွက်ပြေးခဲ့ကြရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည့် Standard Army ကြီးသည် ပြည်တွင်းက လက်နက်ကိုင်များကိုပင် စစ်ရှုံးသဖြင့် အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယ သာမက ဘင်္ဂလားဒေ့ရှ်လို နိုင်ငံများအတွင်းသို့ပင် ထွက်ပြေးခဲ့ကြရသည်။ နိုင်ငံတခု၏ တပ်မတော်မှ တပ်ဖွဲ့ဝင်များအနေဖြင့် တဖက်နိုင်ငံက မသိအောင် အလစ်အငိုက်ယူပြီး ဝင်ပြေးရုံမျှမက ပေါ်တင်ပါ ပြေးခဲ့ကြရသည်။
ဥပမာဆိုရပါက မြဝတီတိုက်ပွဲများ ပြင်းထန်ချိန်အတွင်း ထိုင်းနိုင်ငံဘက် ပြေးဝင်ရန် ကြိုးစားသည့် မြန်မာစစ်သားများကို ထိုင်းက ဝင်ခွင့်မပေးသဖြင့် ဘောင်းဘီတိုနှင့် နယ်စပ်တံတားအနီး ထိုင်နေသည့် ဓာတ်ပုံများကို နိုင်ငံတကာမီဒီယာများတွင်လည်း ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။ စစ်တပ်၏ သိက္ခာသည် ချောက်ထဲသာမက အဝီစိ အထိပင် ကျဆင်းသွားခဲ့ရ၏။
အာဏာသိမ်းကာလ လေးနှစ်တာကို ပြန်ကြည့်သည့်အခါ မြန်မာစစ်တပ်အနေဖြင့်လည်း ဆင့်ကဲ၍ အလိုလို ဆုတ်ယုတ်လာခဲ့ကြောင်း သတိထားမိ၏။ သုံးနှစ်ပြည့်ပြီး လေးနှစ်အတွင်း ဝင်ရောက်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်အကြားကို ကြည့်လျှင် တိုင်းစစ်ဌာနချုပ်အဆင့် နှစ်ခုကို စစ်တပ်ဘက်က လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။ တိုင်းစစ်ဌာနချုပ်အဆင့် ၁၄ ခုရှိသည့်အနက် နှစ်ခုကို စွန့်လွှတ်ခဲ့ရခြင်းလည်း ဖြစ်၏။

စစ်ရှုံး၍ အင်အားပြုန်းတီးမှုကို ကာကွယ်ရန်အတွက် ဦးသန်းရွှေ ဆင်းခါနီး အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်များကို စစ်ပွဲများအတွင်း စတေးရန် လမ်းကြောင်းပေါ် တင်ပေးခဲ့သည်။ စစ်တပ်သည် အဓမ္မ လူသစ်စုဆောင်းပြီး စစ်တိုက်ခိုင်းရသည့်အဆင့်သို့ ရောက်သွားခဲ့သည်။
ထိုကဲ့သို့ စစ်တပ်ဘက်က ယုတ်လျော့ကျဆင်းနေချိန်တွင် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်တို့သည် တနှစ်ထက် တနှစ် ပိုမို အားကောင်းလာသည်ကို တွေ့ရ၏။ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်ကောင်စီကို တော်လှန်သည့် စစ်ဆင်ရေးများသည် အရွေ့တခုကို ဖြစ်ပေါ်စေခဲ့သည်။
ဒေသအလိုက် ကြည့်ပါက ရှမ်းမြောက်ရှိ နေရာအများစုကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က သိမ်းပိုက်နိုင်ခဲ့သလို ရခိုင်ဒေသ အားလုံးနီးနီးကိုလည်း အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အလားတူ ကချင် အထူးဒေသ (၁) အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ နေရာ အများအပြားကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း ကယား (ကရင်နီ) ပြည်က နေရာများကို ထိန်းချုပ်ထားသည်။
ချင်းပြည်နယ် တောင်ပိုင်းတခုလုံးကို ချင်းလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်သည်။ စစ်ကိုင်းတိုင်း အပေါ်ဘက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။ AA နှင့် KIA တို့ အနေဖြင့်လည်း ထိုးစစ်များ ဆင်နွှဲနေကြဆဲ ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ တော်လှန်ရေးအင်အားစုများဘက်က မြို့ပေါင်း ၉၄ မြို့ကို သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။ မြို့မသိမ်းနိုင်သေးသော်လည်း နယ်မြေများကို စိုးမိုးထားပြီး ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ထားသည့် ဒေသများလည်း များစွာရှိလာခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ တော်လှန်ရေးအင်အားစုများဘက်က မြို့ပေါင်း ၉၄ မြို့ကို သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။ မြို့မသိမ်းနိုင်သေးသော်လည်း နယ်မြေများကို စိုးမိုးထားပြီး ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ထားသည့် ဒေသများလည်း များစွာရှိလာခဲ့သည်။
ဥပမာ ဆိုရပါက ကမ်းရိုးတန်း စစ်ဌာနချုပ်ရှိရာ တနင်္သာရီတိုင်းဆိုလျှင် ရေး-ထားဝယ်-မြိတ်-ကော့သောင်း လမ်းကို စစ်ကောင်စီဘက်က အသုံးမပြုနိုင်တော့သည်မှာ ကြာပြီဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ ကွပ်ကဲမှုနယ်မြေ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကွပ်ကဲမှုနယ်မြေ ကချင်ပြည်နယ်တို့ကို လေကြောင်းကသာ သွားလာနိုင်တော့သည်။ နမခ နယ်မြေအစ စစ်ကိုင်းတိုင်း အောက်ပိုင်းတွင်လည်း စစ်ကိုင်းတံတား ကျော်သည်နှင့် တိုက်ပွဲများ ပြင်းထန်တတ်ပြီး စစ်ယာဉ်တန်း ဖြတ်တိုင်း မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံနေရသည်။

ရပခ အတွင်းက ကရင်နီ (ကယား) ၏ မြို့တော် လွိုင်ကော်နှင့် နမခ အတွင်းက ချင်းပြည်နယ်၏ မြို့တော်ဟားခါးတို့ဆိုလျှင်လည်း လေကြောင်းဖြင့်သာ သွားလာနိုင်တော့သည်။
အခြားမြို့များဆိုလျှင် ပို၍ပင်ဆိုးသည်။ စစ်တပ်၏ ရှေ့တန်းစခန်းများသာမက တပ်ဌာနချုပ်များအတွက်ပါ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း အများစုသည် ကုန်းလမ်းမှ စစ်ယာဉ်တန်းများနှင့် သယ်ယူပို့ဆောင်၍ မရနိုင်တော့သည်ကို တွေ့ရသည်။
ထို့ကြောင့် ရေကြောင်းနှင့် လေကြောင်းကိုသာ အဓိကထားပြီး ထောက်ပံ့ပို့ဆောင်မှုများ လုပ်ဆောင်၍ ရတော့သည့် အနေအထားဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းကိုပင် အပြည့်အဝ မထိန်းချုပ်နိုင်တော့ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ရှမ်းအရှေ့တို့ကိုသာ မကြာခဏ သွား၍ ‘လိုအပ်သည်များကို မှာစား’ နိုင်တော့သည်။
မင်းအောင်လှိုင်သည် ယတြာချေရန်နှင့် ဝါဒဖြန့်ရန်အတွက်သာ ခရီးစဉ်များ သွားလာနေပြီး တကယ့် တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ ခရီးစဉ်အတွင်း လူထုနှင့် ထိတွေ့ ဆက်ဆံရန် သာ၍ပင် ဝေးသွားခဲ့သည်။
မင်းအောင်လှိုင်သည် ယတြာချေရန်နှင့် ဝါဒဖြန့်ရန်အတွက်သာ ခရီးစဉ်များ သွားလာနေပြီး တကယ့် တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ ခရီးစဉ်အတွင်း လူထုနှင့် ထိတွေ့ ဆက်ဆံရန် သာ၍ပင် ဝေးသွားခဲ့သည်။
မင်းအောင်လှိုင်သည် ယတြာချေရန်နှင့် ဝါဒဖြန့်ရန်အတွက်သာ ခရီးစဉ်များ သွားလာနေပြီး တကယ့် တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ ခရီးစဉ်အတွင်း လူထုနှင့် ထိတွေ့ ဆက်ဆံရန် သာ၍ပင် ဝေးသွားခဲ့သည်။
ထိုအခြေအနေတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အန္တရာယ်ရှိသည့် ခရီးစဉ်များကို ဒုတိယ စစ်ခေါင်းဆောင်ကိုသာ စေလွှတ်လေ့ရှိကြောင်းလည်း တွေ့ရသည်။ ပင်လည်ဘူးကို စစ်ကောင်စီဘက်က လက်လွှတ်ရအပြီး ဒု စစ်ခေါင်းဆောင် စိုးဝင်းကို ဝန်သိုမှတပ်များ လက်နက်မချရေး စည်းရုံးရန် သွားခိုင်းခဲ့သည်။
ထို့အတူ ကယား (ကရင်နီ) ပြည်နယ်နေ့ အခမ်းအနားကို တက်ရန် လွိုင်ကော်သို့ စေလွှတ်ခဲ့သည်ကို တွေ့ရသည်။ ဒု စစ်ခေါင်းဆောင်မှာလည်း ခရီးစဉ်တိုင်းလိုလို တိုက်ခိုက်ခံရလေ့ရှိသည်။
ပထမဆုံးအဖြစ် ဒု စစ်ခေါင်းဆောင် စိုးဝင်း အတိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဧပြီလက မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တွင် ဖြစ်သည်။ ရှာထူးဝေါ် ဒရုန်းအဖွဲ့က ရတခ ဌာနချုပ်အတွင်း ဒရုန်းဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိခိုက်မှု တစုံတရာ မရှိသော်လည်း လုံခြုံရေးရှုထောင့်အရ စစ်တပ်၏ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးပင် ဖရိုဖရဲနိုင်လာသည်ကို တွေ့နိုင်သည်။
ဒုတိယအကြိမ်မှာ ပင်လည်ဘူးကို လက်လွှတ်ရပြီး မကြာမီ ဝန်းသိုသို့ သွားသည့်ခရီးစဉ် ဖြစ်သည်။ ခရီးစဉ်အပြန် မုံရွာ နမခမှ မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဘက် အပြန်တွင် ရဟတ်ယာဉ်ကွင်းအတက်၌ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရဟတ်ယာဉ်အတက်မြန်၍ သီသီကလေး လွတ်မြောက်ခဲ့ရသည်။
နောက်ဆုံးအကြိမ်မှာ ကယားပြည်နယ်နေ့ကို သွားသည့်ခရီးစဉ် ဖြစ်သည်။ KNDF က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် နောက်တနေ့တွင် ချက်ချင်း ပြန်ပြေးလာခဲ့ရသည်။ ဒု စစ်ခေါင်းဆောင် စိုးဝင်း ကယားပြည်နယ်၊ လွိုင်ကော်သွားသည့် သတင်းပင် စစ်ကောင်စီမီဒီယာများက မဖော်ပြနိုင်ခဲ့ကြပေ။
ဒု စစ်ခေါင်းဆောင် တယောက်သာ အာဏာသိမ်းကာလအတွင်း လုပ်ကြံခံရမှုအန္တရာယ် ရှိသလားဆိုလျှင်တော့ မဟုတ်ပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း မကြာခဏ ကြုံနေခဲ့ရသည်။
ဒု စစ်ခေါင်းဆောင် တယောက်သာ အာဏာသိမ်းကာလအတွင်း လုပ်ကြံခံရမှုအန္တရာယ် ရှိသလားဆိုလျှင်တော့ မဟုတ်ပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း မကြာခဏ ကြုံနေခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် စစ်ခေါင်းဆောင်တက်မည့် သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း သတင်းပေါက်ကြားခဲ့သဖြင့် ရန်ကုန်က မြို့ပြပြောက်ကျား UG တချို့ ၁၀၇ မမ ရှော့တိုက်ဒုန်းများ အပါအဝင် စပ်ဆက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို ရောက်ရှိနေစဉ် KNDF က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ သို့သော် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တချို့၌ လွိုင်ကော်မြို့တွင်း သာသနာ့ဗိမာန်အနီးတွင် လက်နက်ကြီး ကျရောက်မှုရှိပြီး လူထိခိုက်မှု မရှိကြောင်း ရေးသားခဲ့သည်ကို တွေ့ရသည်။
ထိပ်ပိုင်း စစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် မင်းအောင်လှိုင်နှင့် စိုးဝင်းမှာ အာဏာသိမ်း လေးနှစ်တာကာလအတွင်း ထိုမျှလောက်အထိ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံလာခဲ့ရသည်။ လက်အောက်ရှိ တိုင်းမှူး၊ တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) အဆင့် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များဆို သာ၍ပင် ဆိုးလာသည်။
အောက်ခြေက အရာရှိအဆင့်များ ထိခိုက်သေဆုံးမှုသည် တော်လှန်ရေးကာလအတွင်း ထူးဆန်းမှုတခုအဖြစ် ရှိမနေတော့ဘဲ တပ်မမှူး၊ တိုင်းမှူးအဆင့်များ အဖမ်းခံရခြင်း၊ သေဆုံးခြင်း၊ လက်နက်ချခြင်းများကသာ သတင်းထူးဖြစ်လာခဲ့သည်။ စစ်တပ်အနေဖြင့် ဖရိုဖရဲနှင့် တဖြည်းဖြည်း ပြိုလဲလာနေသည့် အခြေအနေများလည်း ဖြစ်သည်။

ထိုအခြေအနေတွင် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် တာစူလာခဲ့သည်ကိုတွေ့ရသည်။ စစ်အာဏာသိမ်းကာလအတွင်း ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကို အချိန်တိုးပြီး ကောက်ခဲ့ရသည်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ်ပေါင်း ၂၃၃ ခုထက်မနည်း ၇၀ ရာခိုင်နှုန်းကျော်မှာ တိုက်ပွဲအကြိမ်ရေ ၁၅,၀၀၀ ဖြစ်ပွားနေချိန် ဖြစ်သည်။ စစ်ကောင်စီဘက်က နယ်မြေ ၅၀ ရာခိုင်နှုန်းပင် မထိန်းချုပ်နိုင်သည့်အချိန်တွင် မည်မျှအထိ ပြည့်ပြည့်စုံစုံ ကောက်နိုင်ခဲ့သနည်း ဆိုသည်မှာ စဉ်းစားရုံနှင့် အဖြေထွက်ပါသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်သစ်ကူး မိန့်ခွန်းတွင် ၂၀၂၅ ခုနှစ်သည် ပြည်သူအာလုံး၏အောင်ပွဲ၊ နိုင်ငံသားအားလုံး လိုလားသော ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းကြရန် ထည့်ပြောထားသည်။ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မနိုင်သသရွေ့ “ဒီမိုကရေစီပန်းတိုင်” ဆိုတာကြီးက စစ်ခေါင်းဆောင်များအတွက် ရောက်လာဦးမည်တော့ မဟုတ်ပေ။
နိုင်ငံ၏နယ်မြေတဝက်ကိုပင် မထိန်းချုပ်နိုင်သည့် ရွေးကောက်ပွဲက မည်မျှ တရားမျှတလာမည်နည်း။ ခါးကြား သေနတ်ချိတ်ပြီးလုပ်မည့် ရွေးကောက်ပွဲ၊ မင်းအောင်လှိုင်ပြောသည့် အပိုင်းလိုက် ရွေးကောက်ပွဲဆိုသည်များက မည်မျှ တရားမျှတနိုင်မည်လဲဆိုသည်ကို ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။
နိုင်ငံ၏နယ်မြေတဝက်ကိုပင် မထိန်းချုပ်နိုင်သည့် ရွေးကောက်ပွဲက မည်မျှ တရားမျှတလာမည်နည်း။ ခါးကြား သေနတ်ချိတ်ပြီးလုပ်မည့် ရွေးကောက်ပွဲ၊ မင်းအောင်လှိုင်ပြောသည့် အပိုင်းလိုက် ရွေးကောက်ပွဲဆိုသည်များက မည်မျှ တရားမျှတနိုင်မည်လဲဆိုသည်ကို ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။
တကယ်တွင် စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံနှင့်တပ်မတော်ကို ချောက်ထဲ ဆွဲချခဲ့သည့် စစ်ခေါင်းဆောင်များအတွက် ထွက်ပေါက်ရှာခြင်းသာဖြစ်သည်။ အာဏာရှင် စိတ်တိုင်းကျ ရွေးကောက်ပွဲလုပ်ပြီး ရုပ်သေးအစိုးရတရပ်တင်ကာ ‘ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ပါပြီ’ ဟု ပြချင်ရုံ သက်သက်သာဖြစ်သည်။
ထိုအကွက်ကို သိသော အာဆီယံ အလှည့်ကျဥက္ကဋ္ဌက စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ပြီး တွေ့ဆုံဆွေးနွေးမှု စတင်ရန် တိုက်တွန်း ထားသည်။
ထို့ကြောင့် အပစ်မရပ်ဘဲ ထင်တိုင်းကြဲပြီး ရွေးကောက်ပွဲ လုပ်လာမည့် စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်ကြောင်း ကြိုတင်၍ သတိပေးထားသလို ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲ လုပ်ပြရုံဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် မိုက်တွင်းထက် နက်သည့် ချောက်မှ ပြန်တက်ရန် မလွယ်တော့ပေ။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
လေးနှစ်အတွင်း ဝင်လာသော စစ်အာဏာသိမ်းမှု အကျပ်အတည်း
စစ်အာဏာသိမ်းမှုကို ဆက်လက် အာခံနေသော နိုင်ငံရေးအကျဉ်းသူများ
စစ်အာဏာသိမ်းဆန့်ကျင်သူ မြို့ကြီးသားများ ခုခံတော်လှန်ရေး ထိုးစစ်ကို မျှော်နေ
မြန်မာ့ ပထမဆုံး စစ်အာဏာသိမ်းမှု နှစ် ၆၀ ပြည့်တဲ့အခါ
စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)