ရခိုင်ဒေသမှ လက်ကျန်မြို့များကို အာရက္ခတပ်တော် (AA) က တိုက်စစ်ဆင်လာသည့် အနေအထားကို တွေ့လာရသည်။ ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ ခု ရှိသည့်အနက် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီးဖြစ်သည်။
သိမ်းပိုက်ရန်ကျန်ရှိသည့် မြို့နယ်များကို ကြည့်ပါက တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူ၊ ကျွန်းမြို့တမြို့ဖြစ်သည့် မာန်အောင်နှင့် ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေတို့ ဖြစ်ကြသည်။ လက်ရှိ AA ၏ စစ်အင်အားနှင့် စစ်ရေးအခြေအနေအရ ထိုမြို့များကို အချိန်မရွေး သိမ်းပိုက်နိုင်သော်လည်း အကြောင်းကြောင့်သာ မသိမ်းပိုက်ဘဲ ထားခြင်းဖြစ်ကြောင်း နားလည်ရသည်။
ရခိုင်ပြည်နယ်တခုလုံးနီးပါးအပြင် ချင်းပြည်နယ်၊ ပလက်ဝဒေသကိုပါ သိမ်းပိုက်ထားသည့် AA သည် လက်ကျန်မြို့များကို မသိမ်းဘဲ ထားဦးမည်ဟု ယခင်က ယူဆခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် ပဲခူး၊ ဧရာဝတီနှင့် မကွေးဘက်အထိ ထိုးစစ် စတင်နေပြီဖြစ်သောကြောင့် စစ်မျက်နှာသစ် ထပ်မဖွင့်နိုင်သေးဟု ယူဆမိသောကြောင့် ဖြစ်သည်။
AA အနေဖြင့် အခြား မြောက်ပိုင်းမဟာမိတ် နှစ်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကဲ့သို့ စစ်ကောင်စီနှင့် ဆွေးနွေးမှု ရှိလာခဲ့ပါက အလဲအလှယ်အဖြစ် ထိုမြို့များကို တောင်းယူနိုင်သည့် အနေအထားအထိ ရှိလာနိုင်သောကြောင့်လည်း မတိုက်နိုင်ဟု ယူဆခြင်းကြောင့်လည်း ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း စစ်ရေးထက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း AA ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က ကြေညာချက်ကြောင့်လည်း ယခုလို ထင်မြင်မိခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစ၍ ဖြစ်ပေါ်ခဲ့သည့် သတင်းများအရ လက်ကျန်မြို့ သုံးမြို့အနက် စစ်တွေနှင့် ကျောက်ဖြူမြို့များကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည့် အရိပ်အယောင် တွေ့လာရ၏။ ထို့ကြောင့်လည်း စစ်တွေနှင့် ကျောက်ဖြူဘက်က စစ်ရေးများကို ပြန်လေ့လာကြည့်မိသည်။
သို့သော် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစ၍ ဖြစ်ပေါ်ခဲ့သည့် သတင်းများအရ လက်ကျန်မြို့ သုံးမြို့အနက် စစ်တွေနှင့် ကျောက်ဖြူမြို့များကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည့် အရိပ်အယောင် တွေ့လာရ၏။ ထို့ကြောင့်လည်း စစ်တွေနှင့် ကျောက်ဖြူဘက်က စစ်ရေးများကို ပြန်လေ့လာကြည့်မိသည်။
တကယ်တမ်း ထိုနှစ်မြို့၌ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်မှာ၂၀၂၄ ခုနှစ်ကတည်းက ဖြစ်သည်။ မှတ်သားမိသမျှ ပြန်ကြည့်သည့်အခါ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ နေ့လယ် ၃ နာရီခန့်က စစ်တွေမြို့နယ်၊ မင်းလှ (ခေါ်) မီးလောင်ရွာ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ စစ်တွေနှင့် အနီးဆုံးနေရာတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
တဖန် ကျောက်ဖြူဘက်ကို ကြည့်မည်ဆိုပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၊ နံနက် ၆ နာရီ ဝန်းကျင်တွင် သစ်ပုတ်တောင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းအား AA က ရှော့တိုက်ဒုံးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ရာမှ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုကာလများတွင် AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ အရှိန်ကောင်းနေချိန်လည်း ဖြစ်သည်။ ထိုသို့ မြို့သိမ်းတိုက်ပွဲ မဆင်နွဲခဲ့သော်လည်း စစ်တွေနှင့် ကျောက်ဖြူတို့၌ ကာလတလျှောက် စစ်ကောင်စီနှင့် AA တို့အကြား ကြိုကြားကြိုကြား နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများတော့ ရှိနေခဲ့သည်။ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ခြင်းမျိုးနှင့် AA ဘက်ကလည်း စစ်ဆေးရေးဂိတ်နေရာအချို့ အပါအဝင် စစ်တွေမှ နေရာအချို့ကို တိုက်ခိုက်ပစ်ခတ်ခြင်းမျိုး လုပ်ဆောင်ခဲ့ကြောင်းလည်း တွေ့ရသည်။
စစ်ရေးပြင်ဆင်မှုများကို လေ့လာကြည့်သည့်အခါ ပြည်နယ်မြို့တော် စစ်တွေတွင် စစ်ကောင်စီ အခြေစိုက်တပ်များအပြင် တပ်မတပ်များကိုပါ ရှေ့တန်းစစ်ဆင်ရေးအဖြစ် အင်အားဖြည့်တင်းထားကြောင်း တွေ့ရသည်။
တပ်အင်အားများကို ကြည့်ပါက စစ်တွေတွင် အခြေစိုက်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနှင့် ကွပ်ကဲမှုအောက် တိုက်ခိုက်ရေး ခြေလျင်/ခြေမြန်တပ်များ အနေဖြင့် ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄) တပ်များရှိသည်။
ထို့ပြင် လက်ရုံးဝန်ထမ်းတပ်များ၊ အမှတ် (၁၂) ရဲတပ်ရင်းနှင့် အမှတ် (၃၆) ရဲတပ်ရင်းတို့ အခြေပြုထားသည်ကို တွေ့ရသည်။
ရေကြောင်း စိုးမိုးမှုအနေဖြင့် စစ်တွေပွိုင့်ကမ်းခြေရှိ အမှတ် (၃) ဗျူဟာရေယာဉ်အုပ်စုကို အဆင့်မြှင့်၍ လုံခြုံရေးအင်အား တိုးချဲ့ကာ ရေတပ်ဌာနချုပ်အသစ်အဖြစ် သတ်မှတ်ထားသည်။ ရွှေမင်းဂံ ရေတပ်စခန်းဘက်ကိုလည်း ပူးပေါင်းအင်အား ဖြည့်တင်းထားကြောင်း သိရသည်။

စစ်တွေ ပင်လယ်ပြင်တွင် ရပ်ထားသည့် ရေတပ်သင်္ဘောများမှာလည်း ယခင်ကထက် ရေကြောင်းလှုပ်ရှားမှုများ ပိုမို ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။ ထိုအခြေအနေ၌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ယခုရက်ပိုင်းအတွင်းမှာပင် စစ်တွေမြို့၌ လူငယ်များကို စစ်သင်တန်း ပေးနေကြောင်းလည်း သိရ၏။ ထို့ပြင် မွတ်စလင် ပြည်သူ့စစ် သင်တန်းဆင်း အင်အား ၁,၀၀၀ ကျော်ကိုပါ စစ်တွေမြို့ လုံခြုံရေး ယူခိုင်းထားကြောင်း သိရသေးသည်။
ထိုအနေအထားတွင် စစ်ကောင်စီဘက်က စစ်တွေအခြေစိုက် ဒကစ၊ အမှတ် (၉၀၈) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ-၉၀၈)၊ ရဲတပ်ရင်း (၁၂) နှင့် ရေတပ်သင်္ဘောများက စစ်တွေတဝိုက်ရှိ ကျေးရွာများ၊ စစ်တွေနှင့် နယ်မြေချင်း ထိစပ်နေသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းဘက်ကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။
ထိုပစ်ခတ်မှုသတင်းအရ စစ်တွေကို ကပ်မလာအောင် ကြိုတင် ချေမှုန်းသည့် ခံစစ်ပစ်ခတ်မှုမျိုးဟု ဆိုနိုင်သည်။ ကျည်ကျချင်သည့်နေရာကျဟုဆိုကာ ချဉ်းကပ်လာမည့်ရန်သူကို အသံပေး ခြိမ်းခြောက်ခြင်းဖြစ်သည်။ ကြောက်လန့်ပြီး သတင်းပေါ်သမျှ ရမ်းသန်း ပစ်ခတ်ခြင်းလည်းဖြစ်သည်။
ထိုပစ်ခတ်မှုသတင်းအရ စစ်တွေကို ကပ်မလာအောင် ကြိုတင် ချေမှုန်းသည့် ခံစစ်ပစ်ခတ်မှုမျိုးဟု ဆိုနိုင်သည်။ ကျည်ကျချင်သည့်နေရာကျဟုဆိုကာ ချဉ်းကပ်လာမည့်ရန်သူကို အသံပေး ခြိမ်းခြောက်ခြင်းဖြစ်သည်။ ကြောက်လန့်ပြီး သတင်းပေါ်သမျှ ရမ်းသန်း ပစ်ခတ်ခြင်းလည်းဖြစ်သည်။
ဇန်နဝါရီလ ၁၇ ရက်တွင် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွင် စစ်ကောင်စီနှင့် AA အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက် AA လာနိုင်သည့်လမ်းကြောင်းဟု ယူဆသည့်နေရာများဖြစ်သည့် စစ်တွေမြို့ပြင်ရှိ ဂိတ်များတွင် စစ်သင်တန်းဆင်း မွတ်ဆလင်များအပြင် အင်အား ထောင်နှင့်ချီ ထပ်မံ ဖြည့်တင်းထားသည်ဟု သိရသည်။
ထို့ပြင် စစ်တွေမြို့ အကျဉ်းထောင်ထဲရှိ နှစ်ရှည် ထောင်ဒဏ်ကျနေသူများ အပါအဝင် ရဲအချုပ်ခန်းများမှ အချုပ်သားများကို စစ်မှုထမ်းရန် စစ်ကောင်စီက စည်းရုံးခေါ်ဆိုမှုများ ရှိနေကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် AA က စစ်တွေမြို့ရှိ ဒကစ ဌာနချုပ် အပါအဝင် စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတချို့ကို ဟောင်ဝစ်ဇာနှင့် အမြောက်ကြီး အပါအဝင် အကြီးစား လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီက ကြောက်လန့်ပြီး လေယာဉ်ဖြင့် တန်ပြန်၍ ဗုံးကြဲချတိုက်ခိုက်ခြင်း ဖြစ်သည်။ စစ်တွေမြို့အနီးရှိ ဝါဘို၊ မင်းလှ၊ ညိုရောင်ချောင်း ကျေးရွာများဘက်တွင်လည်း မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်းလည်း သိရသည်။
တဖက်က ကျောက်ဖြူဘက်ကို ကြည့်မည်ဆိုပါက စစ်ကောင်စီရေတပ်ဖြစ်သည့် ဓညဝတီရေတပ်စခန်း ဌာနချုပ်ကြီးတခုနှင့် ကွပ်ကဲမှုအောက် ရေတပ်စခန်းများဖြစ်ကြသည့် အရှေ့ဘက်ရှိ အုန်းကျိန် (အုန်းကြည်) ရေတပ်စခန်းနှင့် တောင်ဘက်ရှိ တောင်မော်ဦး ရေတပ်စခန်းများ အခြေစိုက်ထားသည်။
ခြေလျင်တပ်များအနေဖြင့် အမ်းအခြေစိုက် (ယခု စစ်တွေရှိ) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကွပ်ကဲမှုအောက် ခလရ (၃၄) နှင့် တောင်ကုတ် အခြေစိုက် (ယခု မကွေးတွင် ယာယီစုဖွဲ့) အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၅) ကွပ်ကဲမှုအောက် ခမရ (၅၄၂)၊ ခမရ (၅၄၃) တို့ ရှိသည်။
ဓညဝတီ ရေတပ်စခန်းသည် ယခင်က စစ်တွေမြို့တွင် အခြေစိုက်ခဲ့သော်လည်း ကျောက်ဖြူတွင် တရုတ်စီမံကိန်းများ အကောင်အထည် ဖော်လာပြီးနောက် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ကျောက်ဖြူဘက်တွင် တရုတ်စီမံကိန်းများ ရှိနေခြင်းကြောင့် AA အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရမည့် သဘောရှိသည်။ ကျောက်ဖြူတွင် စစ်ကောင်စီဘက်က AA နှင့် ဆက်စပ်မှုရှိကြောင်း ယူဆရသူများကို အကြောက်တရားဖြင့် ကြိုတင် နှိမ်နင်းလိုဟန်ရှိကြောင်း တွေ့ရသည်။
ကျောက်ဖြူမှ လူငယ်အချို့ကို AA နှင့် ဆက်စပ်မှုရှိကြောင်း သံသယဖြင့် မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် စစ်ကောင်စီ တပ်များတွင် စစ်ကြောရေးလုပ် ညှဉ်းပန်းနှိပ်စက်ပြီး မေးမြန်းနေကြောင်း သိရသည်။
ထို့ပြင် ကျောက်ဖြူကို ရေကြောင်းမှတဆင့် အင်အားဖြည့်တင်းသလို ဝင်လမ်း ထွက်လမ်းများကို မိုင်းထောင်ခြင်း၊ လုံခြုံရေး ကင်းလှည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။ စစ်သားများက တပ်ဌာနချုပ်များနှင့် စခန်းများတွင် လုံခြုံရေး အသင့်နေရာယူထားကြသည်။

ဇန်နဝါရီလ ဒုတိယအပတ်ကစပြီး ဓညဝတီနှင့် အုန်းကျိန် (အုန်းကြည်) ရေတပ်စခန်းများမှ ဆလိုက်မီးများနှင့် ကမ်းခြေကို စောင့်ကြည့်ခြင်း၊ ဒရုန်းများနှင့် ကင်းထောက်ခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဇိုင်ချောင်းနှင့် ကျောက်ဖြူမြို့ကို သွားသည့် သုံးလမ်းဆုံအနီးတွင် ကင်းပုန်းဝပ်နေသည့် အင်အား ၇၀ ပါ စစ်ကြောင်းကို AA က ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် ကင်းလှည့်ခြင်းအား စစ်သားများကို မလုပ်ခိုင်းတော့ဘဲ ရဲများကိုသာ လုပ်ခိုင်းလာကြောင်း သိရသည်။
နောက်ဆုံးသတင်းအရ မတ်လ ၁ ရက်နေ့တွင် ဓညဝတီ ရေတပ်ဌာနချုပ်အနီးရှိ ရှောက်ချောင်းကျေးရွာ အနီးဝန်းကျင်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် AA တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ရေးတင်းမာနေချိန်တွင် ကျောက်ဖြူနှင့် စစ်တွေရှိ စီမံကိန်းများကို စစ်ကောင်စီဘက်က အတင်း အကောင်အထည် ဖော်ဆောင်နေသည်။ စစ်တွေတွင် အိန္ဒိယ၏ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းရှိသည်။ ကျောက်ဖြူတွင် တရုတ်၏ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းရှိသည်။
ထိုကဲ့သို့ စစ်ရေးတင်းမာနေချိန်တွင် ကျောက်ဖြူနှင့် စစ်တွေရှိ စီမံကိန်းများကို စစ်ကောင်စီဘက်က အတင်း အကောင်အထည် ဖော်ဆောင်နေသည်။ စစ်တွေတွင် အိန္ဒိယ၏ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းရှိသည်။ ကျောက်ဖြူတွင် တရုတ်၏ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းရှိသည်။
ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် စစ်တွေမြို့ရှိ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယ သံအမတ် မစ္စတာ အဘေး သာကူရ်က လာရောက် ကြည့်ရှုခဲ့သည်ကိုလည်း တွေ့ရသည်။ အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်အရ စတင် လည်ပတ်နေပြီဖြစ်သည့် စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို ပြန်လည်သုံးသပ်ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။
အိန္ဒိယအစိုးရက သူတို့ စီမံကိန်းကို ကာကွယ်ပေးရန် စစ်ကောင်စီနှင့် AA နှစ်ဖက်လုံးကို တောင်းဆိုနိုင်ကြောင်း သုံးသပ်ရသည်။ သို့သော် သံအမတ်၏ ခရီးစဉ်အတွင်း၌ပင် စစ်တွေအနီးတဝိုက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။
ကျောက်ဖြူတွင်လည်း တရုတ်နှင့် သဘောတူထားသည့် စီမံကိန်းများကို အကောင်အထည်ဖော်ရန် စစ်ကောင်စီက အစွမ်းကုန် ကြိုးစားနေသည်။ ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပဒေကို ဖေဖော်ဝါရီလ ၁၈ ရက်စွဲဖြင့် စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။
ထိုဥပဒေသည် တရုတ် စီမံကိန်းများကို ကာကွယ်ရန် ခေါင်းစဉ်ဖြင့် ပြည်တွင်းသို့ ဝင်လာမည့် တရုတ်ကုမ္ပဏီများအတွက် ရည်ရွယ်ကြောင်း သိသာနေသည်။ ကျောက်ဖြူ အပါအဝင် တရုတ် စီမံကိန်းနေရာများကို စစ်ကောင်စီ လုံခြုံရေးအစား တရုတ် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများ ဝင်ရောက်လာဖွယ် ရှိသည်။ ဖေဖော်ဝါရီလ ၂၁ ရက်က စစ်ကောင်စီနှင့် တရုတ်အမျိုးသားပိုင်ကုမ္ပဏီ CITIC တို့ နှစ်ဖက် ကြိုတင် ဖြည့်ဆည်းရမည့် အချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် စစ်တွေနှင့် ကျောက်ဖြူရှိ အိန္ဒိယနှင့်တရုတ် စီမံကိန်းများကို ကြားခံထား၍ ထိုမြို့များကို လက်မလွတ်ရရေး ကြိုးစားနေသည်ကို တွေ့ရသည်။ သံတွဲနှင့်ဂွကို သိမ်းယူခဲ့သည့် အတွေ့အကြုံအရ AA အနေဖြင့် စစ်တွေနှင့် ကျောက်ဖြူကို စစ်ကောင်စီရေတပ် ခံစစ်ကြားမှ သိမ်းယူရန် မခက်ခဲဟု ယူဆနိုင်သည်။
သို့သော် နိုင်ငံကြီးများ၏ စီမံကိန်းများကြောင့် ထိုမြို့များကို သိမ်းပိုက်ရန်အတွက် ဗျူဟာကျကျ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ရန် ကြံဆောင်နေကြောင်း ခန့်မှန်းရသည်။
လတ်တလော ထွက်ပေါ်နေသည့် သတင်းများအရ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။ ရှေ့ပိုင်းတွင် စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA နှင့် TNLA တို့အနေဖြင့် ကျေနပ်လောက်သည့် သဘောတူညီမှု မရကြဘဲ ဆွေးနွေးမှု ပျက်ခဲ့ကြသည်။ ယခုလည်း စစ်ရှုံးနေသည့်တိုင် အသာစီးရယူလိုသည့် စစ်ကောင်စီနှင့် AA တို့အကြား ဆွေးနွေးမှုမှာလည်း မအောင်မြင်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
စစ်တွေမှာ AA ထိုးစစ် စတော့မလား(ရုပ်/သံ)
မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ