လူ့အဖွဲ့အစည်းတွင် နယ်ပယ်အသီးသီး၌ ပညာရှင်များ လိုအပ်သည်က အမှန်ပင်ဖြစ်၏။ အတတ်ပညာ နယ်ပယ်တွင်သာမက နိုင်ငံရေးနယ်ပယ်တွင်လည်း ပညာရှင်ဆိုသည်မှာ လိုအပ်သည်သာ။
ထိုပညာရှင်ဟုဆိုသူများသည် အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို အခြေခံအားဖြင့် ပိုင်းခြားစိတ်ဖြာ သုံးသပ်နိုင်ပါမှ၊ ရှင်းလင်းစွာ ကြည့်မြင်သုံးသပ်နိုင်ပါမှ ပညာရှင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်၏။ ထိုသို့သော ပညာရှင်များသည်သာ လူ့အဖွဲ့အစည်းကို ကောင်းစွာ လမ်းညွှန်နိုင်သကဲ့သို့ ကောင်းစွာ အလုပ်အကျွေး ပြုနိုင်သူများလည်း ဖြစ်ပေလိမ့်မည်။
သို့သော် ပညာရှင်ဆိုသူတိုင်းလည်း ဤသို့ မှန်ကန်စွာ သုံးသပ်နိုင်ခြင်းရှိကြသည် မဟုတ်ပေ။ အမှန်တရားနှင့် ဆန့်ကျင်၍ မိမိကိုယ်ကျိုးအတွက်၊ မိမိထိခိုက်နစ်နာမည်ကို စိုးရိမ်၍ လိမ်လည်လှည့်ဖျားရန် ဝန်မလေးသည့် ပညာရှင်များလည်း ရှိ၏။ ထိုကဲ့သို့သော ပညာရှင်များ၊ ပညာတတ်များက လူထုကို ကျောခိုင်းဖောက်ပြန်ပါက ပိုမိုဆိုးဝါးပြီး သာမန်လူများထက် ပိုမို လိမ်လည်လှည့်ဖျားတတ်သည်၊ ပိုမိုကောက်ကျစ်တတ်သည်ကို သမိုင်းတွင် အကြိမ်ကြိမ် ကြုံခဲ့ရပြီဖြစ်၏။
သို့ဖြစ်ရာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် တကယ်တမ်း လိုအပ်သည့်၊ ပြည်သူလူထုအား တကယ်တမ်း မျက်နှာမူသည့်၊ အမှန်တရားဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် ပညာရှင် ဟုတ်၊ မဟုတ်ဆိုသည်ကို လက်တွေ့ ၎င်းတို့၏ လုပ်ဆောင်ချက်ပေါ်မှ သုံးသပ်ရပေလိမ့်မည်။
ယနေ့ခေတ်ကာလတွင် ပညာရှင်ဆိုသူများအား တိုင်းနိုင်ငံအသီးသီးတွင် ပညာရှင်များအဖွဲ့ Think Tank များအဖြစ် ဖွဲ့စည်းပြီး လူသိများကြရာ မြန်မာပြည်တွင်လည်း အမျိုးသားရင်ကြားစေ့ရေးကာလဟုဆိုသည့် ၂၀၁၁ ခုနှစ်ခန့်မှစ၍ Think Tank ဆိုသည်နှင့် ယဉ်ပါးခဲ့၏။
စစ်ကောင်စီ အာဏာရပြီး များမကြာခင် အကြံပေးအဖွဲ့ဆိုသည်ကို ပါရဂူဘွဲ့ရ အနောက်တိုင်း ပညာတတ်အချို့ကို ထည့်သွင်းဖွဲ့စည်းသည်ကို တွေ့ရ၏။ စစ်တပ်အာဏာသိမ်းသည်ကို မြန်မာလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်နေသည့်ကာလတွင် စစ်တပ်ဘက်က ရပ်တည်သည့် အကြံပေးဆိုသည်များသည် မည်မျှပညာတတ်၍ မည်သည့် ပါရဂူဘွဲ့ရသည်ဖြစ်စေ ပြည်သူ့အတွက်ရော တိုင်းပြည်အတွက်ပါ တန်ဖိုးမရှိကြသူများ ဖြစ်ကြပြီး စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရေးအတွက် အစိတ်အပိုင်းများသာဖြစ်ကြ၏။ လူထုက ခါးခါးသီးသီး ဆန့်ကျင်ကြသည်ကို မြင်တွေ့ခဲ့ရပြီဖြစ်၏။ စစ်ကောင်စီ၏ အကြံပေးများသည် ပြည်တွင်းရော ပြည်ပမှာပါ တိုးမပေါက်ခဲ့ကြပေ။ လူထု၏ အသိမှတ်ပြုမှုမခံရဘဲ လူရာလည်း အသွင်းမခံခဲ့ကြရပေ။
ပညာရှင်ဆိုသူတိုင်းလည်း ဤသို့ မှန်ကန်စွာ သုံးသပ်နိုင်ခြင်းရှိကြသည် မဟုတ်ပေ။ အမှန်တရားနှင့် ဆန့်ကျင်၍ မိမိကိုယ်ကျိုးအတွက်၊ မိမိထိခိုက်နစ်နာမည်ကို စိုးရိမ်၍ လိမ်လည်လှည့်ဖျားရန် ဝန်မလေးသည့် ပညာရှင်များလည်း ရှိ၏။ ထိုကဲ့သို့သော ပညာရှင်များ၊ ပညာတတ်များက လူထုကို ကျောခိုင်းဖောက်ပြန်ပါက ပိုမိုဆိုးဝါးပြီး သာမန်လူများထက် ပိုမို လိမ်လည်လှည့်ဖျားတတ်သည်၊ ပိုမိုကောက်ကျစ်တတ်သည်ကို သမိုင်းတွင် အကြိမ်ကြိမ် ကြုံခဲ့ရပြီဖြစ်၏။
၂၀၂၅ ခုနှစ်၊ မတ်လထဲတွင် မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank – MNTT) ဆိုသည့် ပညာရှင်အမည်ခံအဖွဲ့တခု ပေါ်ထွက်လာသည်ကို တွေ့ရ၏။ ထိုအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ဖွဲ့စည်းခဲ့သည်ဟုသိရပြီး မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025: Challenges and Opportunities in the Multipolar World) တွင် ထိုအဖွဲ့ကို ပွဲထုတ်လာကြောင်း တွေ့ရသည်။ ထိုဖိုရမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောပြီး ပြည်ပနိုင်ငံအချို့က ဖိတ်ကြားထားသူအချို့၊ စစ်ကောင်စီအကြံပေးအချို့ပါ တက်ရောက်ခဲ့သည်ကို တွေ့ရ၏။
အဆိုပါ MNTT ဆိုသည်ကို ယခင် ဦးသိန်းစိန်ခေတ် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၊ စစ်တပ်မှ ဖွဲ့စည်းထားသည့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် သုတေသနအဖွဲ့အနေဖြင့် လုပ်ဖူးကိုင်ဖူး လုပ်တတ်ကိုင်တတ်ရှိသူ အချို့နှင့် ဖွဲ့စည်းထားသည်ကို တွေ့ရ၏။
သို့သော် အဆိုပါ Think Tank ခေါ် ပညာရှင်အဖွဲ့သည် လွတ်လပ်သည့် ပညာရှင်အဖွဲ့တော့ မဟုတ်ပေ။ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ရာ စစ်ကောင်စီ ယန္တရား၏ အစိတ်အပိုင်းဖြစ်သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ စစ်ကောင်စီ၏ မူဝါဒများကို တနည်းတဖုံဖြင့် အကောင်အထည်ဖော်ရန် ဖွဲ့စည်းခဲ့သည့်အဖွဲ့ဟု ဆိုရမည်။ ပြည်တွင်းရော ပြည်ပတွင်ပါ တိုးမပေါက်ဖြစ်နေသည့် စစ်ကောင်စီ၏အကြံပေး ပညာရှင်ဆိုသည်များကို အားဖြည့်လိုက်ခြင်းသည်ဟု ဆိုလျှင်လည်း မမှားပေ။
သို့သော်လည်း MNTT သည် ၎င်းတို့မူဝါဒကို ထုတ်ပြန်ရာတွင်မူ ပြည်တွင်းရော ပြည်ပပါ ဖမ်းစားနိုင်မည်ဟု ယူဆသည့် ဆန်းပြားသော နိုင်ငံရေးစကားလုံးများ သုံးစွဲထားသည်ကို တွေ့ရ၏။
အဆိုပါ MNTT ဆိုသည်ကို ယခင် ဦးသိန်းစိန်ခေတ် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၊ စစ်တပ်မှ ဖွဲ့စည်းထားသည့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် သုတေသနအဖွဲ့အနေဖြင့် လုပ်ဖူးကိုင်ဖူး လုပ်တတ်ကိုင်တတ်ရှိသူ အချို့နှင့် ဖွဲ့စည်းထားသည်ကို တွေ့ရ၏။
MNTT ၏ ရည်ရွယ်ချက်ကို ဖော်ပြရာတွင် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် မြန်မာပြည်၏ အမြင်များကို ထုတ်ဖော်ပြသရန်၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကွဲပြားသောအမြင်နှင့် သဘောထားကို အသိအမှတ်ပြုသည့် ပြဿနာဖြေရှင်းရေး ချဉ်းကပ်မှုကို အားပေးရန်၊ မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသူများအား ပံ့ပိုးရန်ဟူ၍ ဖော်ပြထားသည်။
ယခင် စစ်ကောင်စီ အကြံပေးပညာရှင်ဆိုသူများအား ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ MNTT ဆိုသည်ကို ဖွဲ့စည်းအားဖြည့်ပြီး နေပြည်တော်တွင် ဖိုရမ်တခုပြုလုပ်ခြင်း၊ ပြည်ပမှ ပညာရှင်ဆိုသူအချို့ပါ ဖိတ်ကြားခြင်း၊ လျင်မြန်စွာ ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာကြီးတွင် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ စသည့် စကားလုံးအသစ်အဆန်းများနှင့် ဖမ်းစားရန် ကြိုးစားခြင်း၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် အဆိုပါဖိုရမ်သို့ တက်ရောက် စကားပြောခြင်းတို့သည် အစောဆုံး ၂၀၂၅ အကုန်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရည်ရွယ်သည့် စစ်ကောင်စီ၏ နိုင်ငံရေးခြေလှမ်းဖြစ်သည်ကို ရှင်းလင်းစွာတွေ့ရ၏။
ပညာရှင်ဆိုသည်မှာ အမှန်တရားအတွက် မှန်မှန်ကန်ကန် ရပ်တည်ပြောဆိုနိုင်ရန် လိုသည်။ ဒဿနပညာရှင် ဆိုကရေးတီးကဲ့သို့ အမှန်တရားအတွက် အဆိပ်ခွက်သောက်သေရဲသည့် သတ္တိမျိုး မရှိလျှင်ပင် အမှန်တရားအတွက် ပြောရဲဆိုရဲရှိဖို့လိုသည်။ ပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက် အမှန်တရားကို ရိုးရိုးသားသား မှန်မှန်ကန်ကန် ကြည့်မြင်ပြီး ရဲရဲရင့်ရင့် ပြောဆိုနိုင်သူတော့ ဖြစ်ဖို့လိုသည်။ အမှန်တရားဘက်က၊ ပြည်သူလူထုဘက်က မရပ်တည်သည့် မည်သည့်ပညာရှင်မဆို လူထုက ထောက်ခံကြလိမ့်မည် မဟုတ်ပေ။
လက်ရှိ Think Tank ဖွဲ့ထားသည့် ပညာရှင်ဆိုသည်များလည်း လွတ်လပ်သည့် အဖွဲ့အစည်းမဟုတ်ဘဲ စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့အစည်းဖြစ်ရာ မြန်မာပြည်နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် အမှန်အတိုင်း ကြည့်မြင်သုံးသပ် ချဉ်းကပ်မှု ရှိ၊ မရှိ စောကြောရန် လိုအပ်ပေလိမ့်မည်။
ပညာရှင်ဆိုသည်မှာ အမှန်တရားအတွက် မှန်မှန်ကန်ကန် ရပ်တည်ပြောဆိုနိုင်ရန် လိုသည်။ ဒဿနပညာရှင် ဆိုကရေးတီးကဲ့သို့ အမှန်တရားအတွက် အဆိပ်ခွက်သောက်သေရဲသည့် သတ္တိမျိုး မရှိလျှင်ပင် အမှန်တရားအတွက် ပြောရဲဆိုရဲရှိဖို့လိုသည်။ ပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက် အမှန်တရားကို ရိုးရိုးသားသား မှန်မှန်ကန်ကန် ကြည့်မြင်ပြီး ရဲရဲရင့်ရင့် ပြောဆိုနိုင်သူတော့ ဖြစ်ဖို့လိုသည်။ အမှန်တရားဘက်က၊ ပြည်သူလူထုဘက်က မရပ်တည်သည့် မည်သည့်ပညာရှင်မဆို လူထုက ထောက်ခံကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် အကြံပေးဆိုသည်များမှအစ မြို့ပေါ်တွင် ကျန်ရှိနေသည့် တက်ကြွလှုပ်ရှားအချို့မှာ စစ်ကောင်စီအား ဆန့်ကျင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ဝေဖန်ရန် လက်မတွန့်ကြသော်လည်း စစ်တပ်အား ဝေဖန်ပြောဆိုသည်ကို မတွေ့ရသလောက်ဖြစ်သည်။
လက်ရှိမြန်မာပြည်အခြေအနေသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခြင်းကြောင့် ဖြစ်လာခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှု မရှိပါက လက်ရှိအခြေအနေ ဖြစ်ပေါ်လာနိုင်ခြင်း မရှိပေ။
သို့ဖြစ်ရာ MNTT သည် စစ်တပ်နှင့်ပတ်သက်၍၊ လက်ရှိအခြေအနေနှင့်ပတ်သက်၍ တိတိကျကျ ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်ခြင်း ရှိ၊ မရှိက အရေးကြီးဆုံးအချက် ဖြစ်သည်။
လက်ရှိအချိန်တွင် ကမ္ဘာကြီး ဗဟုဝင်ရိုးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စစ်ကောင်စီကို ဆက်ဆံနေသည့်အစိုးရမှာ တရုတ်နှင့် ရုရှားသာ ရှိ၏။ ဤအခြေအနေကို ပြောင်းလဲရန်မှာ ကမ္ဘာကြီးနှင့်မဆိုင်ဘဲ မြန်မာပြည်တွင်းရေးနှင့်သာ ဆိုင်၏။
ပထမအချက်မှာ စစ်တပ်သည် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းထားနိုင်မှု မရှိခြင်း၊ နယ်စပ်ဒေသအများစုကို ထိန်းချုပ်ထားနိုင်မှု မရှိခြင်းများကြောင့်ဖြစ်သည်။
မြန်မာပြည်တွင် မည်သည့်အစိုးရမျိုး တက်သည်ဖြစ်စေ၊ တရုတ်နှင့်ရုရှားက စီးပွားရေးအရ ဆက်ဆံမည်သာဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စသည့် အိမ်နီးချင်းနိုင်ငံများက နယ်စပ်ကုန်သွယ်ရေး ပြုလုပ်မည်သာဖြစ်၏။
လက်ရှိအချိန်တွင် ကမ္ဘာကြီး ဗဟုဝင်ရိုးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စစ်ကောင်စီကို ဆက်ဆံနေသည့်အစိုးရမှာ တရုတ်နှင့် ရုရှားသာ ရှိ၏။ ဤအခြေအနေကို ပြောင်းလဲရန်မှာ ကမ္ဘာကြီးနှင့်မဆိုင်ဘဲ မြန်မာပြည်တွင်းရေးနှင့်သာ ဆိုင်၏။
လက်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေခြင်း၊ နယ်စပ်ကုန်သွယ်ရေးအများစု ရပ်တန့်နေခြင်းများသည် စီးပွားရေးပိတ်ဆို့မှုနှင့် မဆိုင်သကဲ့သို့ ထိုနိုင်ငံများက မြန်မာနိုင်ငံနှင့် သို့မဟုတ် စစ်ကောင်စီနှင့် မဆက်ဆံချင်၍ မဟုတ်ပေ။ အဓိကပြဿနာမှာ မြန်မာပြည်အား စစ်ကောင်စီက တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်း မရှိ၍ဖြစ်သည်။ မြန်မာပြည်ကို တည်ငြိမ်းအောင် ထိန်းချုပ်နိုင်ခြင်း မရှိ၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်မှု၊ လျှပ်စစ်စွမ်းအင်၊ လောင်စာ စသည့် ပြဿနာပေါင်းစုံ ကြုံနေရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပေ။
ပညာရှင်ဆိုသူ၊ တက်ကြွလှုပ်ရှားသူအချို့သည် စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နွေဦးတော်လှန်ရေးအင်အားစုများက တပြည်လုံး အာဏာရယူနိုင်ခြင်း မရှိ၊ ရယူနိုင်ရန်လည်း အလှမ်းဝေးသေးသည်ဟု ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည့်တိုင် စစ်တပ်က တိုင်းပြည်၏အများစု၊ နယ်စပ်ဒေသအများစုကို ထိန်းချုပ်နိုင်မှု မရှိတော့ခြင်း၊ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်မှု မရှိတော့ခြင်းတို့ကို ပွင့်ပွင့်လင်းလင်း ထောက်ပြရန် ပျက်ကွက်နေကြသည်။
ဒုတိယအချက်မှာ စစ်တပ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း ပြည်တွင်းစစ် ကျယ်ပြန့်ပြီး ပြည်ပကျူးကျော်စစ်ကဲ့သို့ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်မပြတ် ပြုလုပ်နေရသည့်အခြေအနေကို ကြုံနေရသည် မြန်မာပြည်သည် စစ်စရိတ်နှင့်ပိနေပြီး ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပေ။
စစ်ပွဲရပ်ရန် လိုသည်၊ ငြိမ်းချမ်းရေးရရန် လိုသည်ဆိုသည်မှာ ငြင်းခုံရန် မလိုသည့်အချက်ဟု ဆိုနိုင်သည်။ သို့သော်လည်း မည်သို့ ငြိမ်းချမ်းရေး ရယူမည်နည်းဆိုသည်အချက်ကမူ မတူကွဲပြားသည်။
ဤသို့သော အခြေအနေတွင် စစ်ပွဲရပ်ရန် လိုသည်၊ ငြိမ်းချမ်းရေးရရန် လိုသည်ဆိုသည်မှာ ငြင်းခုံရန် မလိုသည့်အချက်ဟု ဆိုနိုင်သည်။ သို့သော်လည်း မည်သို့ ငြိမ်းချမ်းရေး ရယူမည်နည်းဆိုသည်အချက်ကမူ မတူကွဲပြားသည်။
လက်ရှိတွင် စစ်တပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF များကို အကြမ်းဖက်အဖွဲ့ ကြေညာထားပြီး လက်နက်ချရမည်ဟု ဆိုထားသည်။ ဆွေးနွေးခြင်းမပြုဟု ဆိုထားသည်။
ဤအချက်နှင့်ပတ်သက်၍ ပညာရှင်ဆိုသူများ မည်သို့ ချဉ်းကပ်သုံးသပ်မည်နည်း။ PDF များက “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုသည့်အချက်အား နိုင်ငံရေးပိတ်မိနေသည်ဟု ကျယ်ကျယ်လောင်လောင် ပြောဆိုထောက်ပြခဲ့ကြသော်လည်း စစ်တပ်က NUG, PDF တို့နှင့် မဆွေးနွေး၊ လက်နက်ချရမည်ဆိုသည့် အချက်အား မှားယွင်းသည်၊ NUG, PDF တို့နှင့် ဆွေးနွေးရန် လိုအပ်သည်ဟု ပညာရှင်ဆိုသူများ ပြောဆိုထောက်ပြသည်ကို မတွေ့ရသကဲ့သို့ ယခု Think Tank ဆိုသည်ကရော ထောက်ပြရဲပါမည်လော။
၂၀၁၅ ခုနှစ်တွင် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သုံးဖွဲ့အား လက်နက်စွန့်ရမည်၊ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးခွင့်မပြုနိုင်ဟု ဆိုခဲ့သည့်စစ်တပ် ယခု မည်သည့်အခြေသို့ ဆိုက်နေသည်ကို အားလုံးအသိပင်ဖြစ်သည်။
လက်ရှိ PDF နှင့် နွေဦးတော်လှန်ရေးအင်အားစုများ သိန်းချီနေပြီဖြစ်သည့်အပြင် လက်နက်တပ်ဆင်မှုမှာလည်း သောင်းဂဏန်း ရှိပြီဖြစ်၏။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာလည်း ၎င်းတို့အောင်မြင်မှုအတွက် နွေဦးအင်အားစုများနှင့် ပူးပေါင်းထားရမည်ကို ကောင်းစွာ သဘောပေါက်ကြပြီး လက်တွေ့လည်း ပူးပေါင်းနေကြသည်။
PDF နှင့် နွေဦးတော်လှန်ရေးအင်အားစုများကို အချိန်တိုအတွင်း ချေမှုန်းနိုင်မည်ဟု ထင်မြင်ခဲ့သည့် စစ်ကောင်စီသည် လက်တွေ့တွင် ပြောင်းပြန်ရလဒ်ကို ကြုံနေရသည်။ PDF နှင့် နွေဦးတော်လှန်ရေးအင်အားစုများသည် အချိန်တိုအတွင်း မြို့အချို့၊ စခန်းအချို့ကို သိမ်းနိုင်သည့်အပြင် ၂၀၂၄၊ ၂၀၂၅ အတွင်း စစ်ကြောင်းလိုက် ချေမှုန်းရေးတိုက်ပွဲများကို အောင်မြင်စွာ တိုက်ခိုက်လာနိုင်သည်ကို တွေ့မြင်နိုင်သည်။
ယခင်အခါများက လက်နက်ကိုင်ပုန်ကန်မှု မဖြစ်နိုင်ဟု မှတ်ယူထားသည့် နေရာအများအပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်နေသည်ကို တွေ့နိုင်သည်။ သို့ဖြစ်ရာ လက်ရှိကာလတွင် PDF များ၏ အခြေအနေကို မှန်မှန်ကန်ကန်မြင်ပြီး ဆွေးနွေးမှသာ မြန်မာပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဆိုသည်ကို ပညာရှင်ဆိုသူများ ယခုထိတိုင် ထောက်ပြသည်ကို မတွေ့ရသေးပေ။
ယခင်အခါများက လက်နက်ကိုင်ပုန်ကန်မှု မဖြစ်နိုင်ဟု မှတ်ယူထားသည့် နေရာအများအပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်နေသည်ကို တွေ့နိုင်သည်။ သို့ဖြစ်ရာ လက်ရှိကာလတွင် PDF များ၏ အခြေအနေကို မှန်မှန်ကန်ကန်မြင်ပြီး ဆွေးနွေးမှသာ မြန်မာပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဆိုသည်ကို ပညာရှင်ဆိုသူများ ယခုထိတိုင် ထောက်ပြသည်ကို မတွေ့ရသေးပေ။
PDF နှင့် နွေဦးတော်လှန်ရေးအင်အားစုများအား လက်နက်ချခိုင်းနေသည့် စစ်တပ်၏ သဘောထားမှာ လက်တွေ့မဖြစ်နိုင်ဘဲ မြောက်ပိုင်းသုံးဖွဲ့နှင့် ရင်ဆိုင်ရသည့် ကံကြမ္မာမျိုးသာ ကြုံကြရပေလိမ့်မည်ဟု ထောက်ပြရဲသည့် ပညာရှင် ယခုတိုင် မတွေ့ရသေးပေ။
တတိယအချက်မှာ နွေဦးအင်အားစုများအနေဖြင့် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုပြီး နိုင်ငံရေးအရ ပိတ်မိနေသည်ဟု ဆိုနေကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးပြီးနောက် မည်သူနှင့်မှ တွေ့ခွင့်မပေးဘဲ တရားမဲ့စွာ ပိတ်လှောင်ထားသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံရေးအရ ပိတ်မိနေကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကိုရော လက်ရှိပဋိပက္ခအား ညှိနိုင်းဖြေရှင်းရန် လမ်းကြောင်းကိုပါ ပိတ်မိနေသည့်အပြင် အပြုတ်တိုက်ရေးကို ဦးတည်နေကြောင်း မည်သည့်ပညာရှင်မှ စစ်တပ်အား ပွင့်လင်းစွာ ထောက်ပြသည်ကို မတွေ့ရသေးပေ။ ယခု MNTT ဆိုသည် ပညာရှင်ဆိုသူများကရော ထောက်ပြပြောဆိုရဲပါမည်လော။
စတုတ္ထအချက်အရ ယခင်က ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) တို့သာ ထိန်းချုပ်နယ် မြေရှိရာမှ ယခုအခါ တိုင်းရင်းသားအဖွဲ့များစွာ ထိန်းချုပ်နယ်မြေရှိနေသည့် အခြေအနေတွင် စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA ကို ဆုပ်ကိုင်ဖြေရှင်းနေပါက မရသည်ကို MNTT အပါအဝင် မည်သည့် ပညာရှင်များက ထောက်ပြမည် ဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။
စစ်ကောင်စီက ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် MNTT ကဲ့သို့ Think Tank တခုဖွဲ့ခြင်းမှာ စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်သာဖြစ်သည်။ တိကျစွာပြောရလျှင် စစ်ကောင်စီက ယခုပြုလုပ်ရန် ရည်ရွယ်နေသည့် ရွေးကောက်ပွဲအား နိုင်ငံရေးစကားလုံးအလှများဖြင့် လော်ဘီလုပ်ရန် MNTT အား ပွဲထုတ်လာခြင်းဖြစ်၏။
လက်တွေ့တွင် စစ်တပ်သည် အထက်ပါအချက်များကို မပြောင်းလဲပါက အပြုတ်တိုက်ရေးသာဖြစ်ပြီး မြန်မာပြည်တွင် စစ်ရှိန်ဆက်မြင့်မည်သာ ဖြစ်သည်။ MNTT သည်လည်း ထိုအချက်များကို ထောက်ပြပြောဆိုခြင်း မပြုပါက မြန်မာ့အရေးနှင့်ပတ်သက်၍ အခြေအနေမှန်ကို သုံးသပ်ပြသည့် ပညာရှင်အဖွဲ့အစည်း မဖြစ်တော့ဘဲ ပြည်တွင်းပြည်ပတွင် စစ်ကောင်စီ၏ မူဝါဒများကို နိုင်ငံရေးစကားလုံးအလှများ တန်ဆာဆင်ကာ လော်ဘီလုပ်သည့်အဖွဲ့တခုထက် ပိုမည်မဟုတ်ပေ။
စစ်ကောင်စီက ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် MNTT ကဲ့သို့ Think Tank တခုဖွဲ့ခြင်းမှာ စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်သာဖြစ်သည်။ တိကျစွာပြောရလျှင် စစ်ကောင်စီက ယခုပြုလုပ်ရန် ရည်ရွယ်နေသည့် ရွေးကောက်ပွဲအား နိုင်ငံရေးစကားလုံးအလှများဖြင့် လော်ဘီလုပ်ရန် MNTT အား ပွဲထုတ်လာခြင်းဖြစ်၏။
ယခင်ခန့်ထားသော စစ်ကောင်စီအကြံပေးအဖွဲ့ဆိုသည့် ပညာရှင်ဆိုသည်များနှင့် အလုပ်မဖြစ်၍ အင်အားထပ်ဖြည့်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သွားပါ MNTT သည် ပညာရှင်အဖွဲ့တခု မဟုတ်တော့ဘဲ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းသည့်၊ နိုင်ငံရေးဝေါဟာရများကို လှိုင်လှိုင်သုံးတတ်သည့် အဆင့်မြင့် လော်ဘီအဖွဲ့တခုထက် ပိုမည် မဟုတ်ပေ။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ထောက်လှမ်းရေးဟောင်းများ ပြန်သုံးသော်လည်း
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်
အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်
မြန်မာစစ်တပ်၏ နိုင်ငံ့စွမ်းဆောင်ရည်ကို ပြန်အကဲဖြတ်ခြင်း