မြန်မာတွင် ဘေးအန္တရာယ်ပေါင်းစုံသည် အထူးအဆန်း မဟုတ်တော့ဘဲ နိုင်ငံသည် သဘာဝဘေး သို့မဟုတ် နိုင်ငံရေး အကျပ်အတည်း တခုပြီးတခုဒဏ် ခံနေရသည်။ လွတ်လပ်ပြီး စီးပွားရေးတိုးတက်သည့် တိုတောင်းသောကာလကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက နောက်တကြိမ် စစ်အာဏာသိမ်းမှုဖြင့် ဖျက်စီးလိုက်ပြီး လွန်ခဲ့သော လေးနှစ်သည် မြန်မာပြည်သူများ ကြုံတွေ့ဖူးသည့် အဆိုးဆုံးအခြေအနေ ဖြစ်သည်။
ယခုအခါ ငလျင်နှင့် ကြုံတွေ့ရသည်။
သေဆုံးမှု အချက်အလက် အပြည့်အစုံကို မိမိတို့ မသိရသေးသော်လည်း လက်ရှိ စစ်ကောင်စီ၏ တုံ့ပြန်မှုများတွင် အထင်အရှားတွေ့နေရသည့် ဖရိုဖရဲအခြေအနေများနှင့် စီမံခန့်ခွဲမှု အလွဲများကြောင့် မိမိတို့သည် သေဆုံးမှုများကို သိရလိမ့်မည် မဟုတ်ပေ။
သို့သော် ထိခိုက်ဒေသများကို ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှု အတိုင်းအတာအရ လွန်စွာ မြင့်မားဖွယ်ရှိသည်။ အမေရိကန် ဘူမိတိုင်းတာရေးဌာန (USGS) ၏ စံတွက်ချက်မှုအရ သောင်းချီ သေဆုံးနိုင်သည်ဟု သိရပြီး ထိုတွက်ချက်မှုများသည် မြန်မာနိုင်ငံ လက်တွေ့မြေပြင်မှ စာရေးသူ ဆက်သွယ်ခဲ့သည့် အသက်မသေ လွတ်မြောက်လာသူများ၏ အကဲဖြတ်ချက်နှင့် ကိုက်ညီသည်။
ဖရိုဖရဲအခြေအနေနှင့် စီမံခန့်ခွဲမှု အမှားများသည် လွန်ခဲ့သောရက် အနည်းငယ်အတွင်း စစ်တပ်က ကျူးလွန်ခဲ့သည့် မကောင်းမှုများတွင် အသေးအဖွဲမျှသာဖြစ်သည်။ ထူးထူးခြားခြား နိုင်ငံတကာအကူအညီကို စောလျင်စွာ တောင်းဆိုပြီး စစ်ကောင်စီသည် ကြေကွဲစရာ ထိုဖြစ်ရပ်မှ တစုံတရာသော နိုင်ငံတကာ တရားဝင်မှု ရယူရန်၊ ပေးလာသည့် နိုင်ငံတကာအကူအညီကို ကျဉ်းမြောင်းလာနေသည့် စစ်ကောင်စီ ထိန်းချုပ်ဒေသမှ ထောက်ခံသူများနှင့် ခွဲဝေယူရန် အခွင့်အရေးကို အကွက်မြင်ပုံရသည်။
ဖရိုဖရဲအခြေအနေနှင့် စီမံခန့်ခွဲမှု အမှားများသည် လွန်ခဲ့သောရက် အနည်းငယ်အတွင်း စစ်တပ်က ကျူးလွန်ခဲ့သည့် မကောင်းမှုများတွင် အသေးအဖွဲမျှသာဖြစ်သည်။ ထူးထူးခြားခြား နိုင်ငံတကာအကူအညီကို စောလျင်စွာ တောင်းဆိုပြီး စစ်ကောင်စီသည် ကြေကွဲစရာ ထိုဖြစ်ရပ်မှ တစုံတရာသော နိုင်ငံတကာ တရားဝင်မှု ရယူရန်၊ ပေးလာသည့် နိုင်ငံတကာအကူအညီကို ကျဉ်းမြောင်းလာနေသည့် စစ်ကောင်စီ ထိန်းချုပ်ဒေသမှ ထောက်ခံသူများနှင့် ခွဲဝေယူရန် အခွင့်အရေးကို အကွက်မြင်ပုံရသည်။
ယခုအခါ နိုင်ငံထက်ဝက်သည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများ၏ လွတ်မြောက်ဒေသတွင် ရှိနေသော်လည်း မန္တလေးမြို့သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ရန်ကုန်ပြီးလျှင် အကျော်ကြားဆုံး ဒုတိယမြို့ကြီးဖြစ်သည့် မန္တလေးသည် ငလျင်ဗဟိုချက်အနီးတွင်ရှိပြီး ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အများဆုံး ဖြစ်ပွားသောနေရာ ဖြစ်သည်။
မန္တလေး ကယ်ဆယ်ရေးသမားများသည် အုတ်ကျိုးအုတ်ပဲ့များကြားမှ ပြည်သူများ လွတ်မြောက်ရေး (လက်ချည်းသက်သက်ဖြင့်) ကြိုးစားနေသည့်အချိန်တွင်ပင် သူတို့ထဲမှ ငယ်ရွယ်ပြီး အားကောင်းမောင်းသန်ရှိသူများကို စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းရန် ပစ်မှတ်ထားနေသည်။
စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းရေးမူဝါဒသည် လက်ရှိအချိန်အထိ မှတ်တမ်းတင်ရမည့် ကျဆုံးမှုသာဖြစ်နေသည်။ မြန်မာ့သမိုင်းမှ ကြေကွဲစရာ ထိုကာလနှင့် အခြားသူများ၏ ရက်ရောသော စိတ်စေတနာကို အမြတ်ထုတ် အသုံးချခြင်းသည် စစ်ဝတ်စုံ ဝတ်ဆင်ထားသူများ အားလုံး၏ အကျင့်ဖြစ်ပုံရသည်။
ငလျင်လှုပ်ချိန်မှစတင်ပြီး မြန်မာ့ဒီမိုကရက်တစ် အတိုက်အခံများကို နေရာတကာတွင် လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်တင်နေကြောင်းနှင့် စစ်ကောင်စီတပ်များသည် စစ်ကိုင်းကဲ့သို့သော ပဋိပက္ခဒေသများ အကူအညီ မရအောင် အထီးကျန်ထားရန် လုပ်နေကြောင်း ဖော်ပြကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြုသည့် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့ ပါဝင်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေစဉ် ထိုးစစ်ရပ်ရန် ကတိပြုထားသည်။ (စစ်ကောင်စီက ငလျင်ဒဏ် ကယ်ဆယ်ရေး တရုတ် ကြက်ခြေနီ ကားတန်းကို နောင်ချိုတွင် ပစ်ခတ်ခဲ့အပြီး အပစ်ရပ်မည်ဟု ကြေညာလာသည်။)
စစ်ကောင်စီက နိုင်ငံတကာ မီဒီယာကို ဝင်ရောက်ခွင့် မပေးချေ။ ထိုသို့ လုပ်ခြင်းသည် ၎င်းတို့၏ အစဉ်အလာ လုပ်နည်းလုပ်ဟန်ဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့၏ လုပ်ရပ်များအပေါ် စူးစမ်းလေ့လာခြင်းနှင့် သတင်းအချက်အလက် သိခွင့်ပေးခြင်းသည် စစ်မှန်သော ကယ်ဆယ်ရေးနှင့် နာလန်ထရေးကို အထောက်အကူပြုနိုင်သော်လည်း စစ်အုပ်စုများ လုပ်လေ့မရှိသည့်ကိစ္စ ဖြစ်သည်။
စစ်ကောင်စီက နိုင်ငံတကာ မီဒီယာကို ဝင်ရောက်ခွင့် မပေးချေ။ ထိုသို့ လုပ်ခြင်းသည် ၎င်းတို့၏ အစဉ်အလာ လုပ်နည်းလုပ်ဟန်ဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့၏ လုပ်ရပ်များအပေါ် စူးစမ်းလေ့လာခြင်းနှင့် သတင်းအချက်အလက် သိခွင့်ပေးခြင်းသည် စစ်မှန်သော ကယ်ဆယ်ရေးနှင့် နာလန်ထရေးကို အထောက်အကူပြုနိုင်သော်လည်း စစ်အုပ်စုများ လုပ်လေ့မရှိသည့်ကိစ္စ ဖြစ်သည်။
ထိုဖိအားကြောင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအတွင်း မြန်မာပြည်သူ ၁ သိန်းကျော် သေဆုံးပြီး စစ်အုပ်ချုပ်ရေး နောက်ဆုတ်ရသည့် ကာလကို လျင်မြန်စေသည်။ ဖြစ်စဉ်များကို မေ့လည်း မမေ့၊ လေ့လည်း မလေ့လာသည်မှာ မြန်မာစစ်တပ်၏ စရိုက်လက္ခဏာဖြစ်သည်။
မြန်မာနိုင်ငံအခြေအနေ လွန်စွာဆိုးရွားပြီး ကူညီရန် စိတ်အားထက်သန်မှုနှင့် စွမ်းဆောင်ရည် စစ်ကောင်စီတွင် လုံးဝ မရှိသောကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်ရက်ရောသော အရေးယူဆောင်ရွက်မှု ချက်ချင်း လိုအပ်သည်။
ငလျင် ကယ်ဆယ်ရေးအတွက် လိုအပ်ချက်ကို သြစတြေးလျတွင် အစိုးက တာဝန်ယူဆောင်ရွက်ပြီး နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) နှင့် ကုလသမဂ္ဂ ဗဟိုအရေးပေါ် တုံ့ပြန်ရေးရန်ပုံငွေ (CERF) မှ အကူအညီပေးရန် လွန်ခဲ့သော သီတင်းပတ်ကုန်တွင် ကြေညာခဲ့ပြီး “သြစတြေးလျသည် မည်သည့် တိုက်ရိုက် ရန်ပုံငွေကိုမှ စစ်ကောင်စီကတဆင့် ပေးမည်မဟုတ်ကြောင်း” ပြောသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော်လည်း မလုံလောက်ပေ။ မြန်မာတွင် လုပ်ကိုင်ရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများသည် ခက်ခဲသော ပတ်ဝန်းကျင်တွင် မည်မျှ စိတ်ပိုင်းဖြတ်မှုရှိပြီး ကျွမ်းကျင်သည်ဖြစ်စေ ၎င်းတို့ လုပ်ငန်းများကို အများအားဖြင့် စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှတဆင့် လုပ်ကိုင်ရသည်။
ထို့ကြောင့် ကြေညာထားပြီးသည့် အကူအညီအပြင် နောက်ထပ် အကူအညီများကို မြေပြင်တွင် လုပ်ကိုင်နေသော အဖွဲ့များသို့ ပေးရန် လိုအပ်သည်။ ထိုသို့သော အဖွဲ့များသည် အထက်ပါ NUG နှင့် မဟာမိတ်များ ဖြစ်သည်။ ထို့ကြောင့် NUG ကို နိုင်ငံတကာအကူအညီပေးရေး လမ်းကြောင်းတွင် ထည့်သွင်းသင့်သည်။
မြန်မာတွင် ယခုနောက်ဆုံးကြုံရသည့် ကြမ္မာဆိုးမှ ကောင်းလာနိုင်စရာ ရှိပါသလား။
မြန်မာတွင် ကပ်ဆိုးများသည် မကောင်းဆိုးရွား၊ မင်းကျင့်တရားနှင့်မညီ မတရားအုပ်ချုပ်သူများကို ဆန့်ကျင်သည့် ဂြိုဟ်ဆိုး ကျရောက်ခြင်းဖြစ်သည်ဟု သမိုင်းအရ မြင်ကြသည်။ ထိုသို့ဆိုလျှင် ဂြိုဟ်ဆိုး ကျရောက်ခြင်းသည် သေချာသော စီရင်ချက်ဖြစ်သည်။ ယခုအချိန်သည် ပြန်လည် ကုစား ရုန်းထရမည့်အချိန် ဖြစ်သည်။
ထင်ထင်ရှားရှား မသိကြသော်လည်း မြန်မာတွင် ကပ်ဆိုးများသည် မကောင်းဆိုးရွား၊ မင်းကျင့်တရားနှင့်မညီ မတရားအုပ်ချုပ်သူများကို ဆန့်ကျင်သည့် ဂြိုဟ်ဆိုး ကျရောက်ခြင်းဖြစ်သည်ဟု သမိုင်းအရ မြင်ကြသည်။ ထိုသို့ဆိုလျှင် ဂြိုဟ်ဆိုး ကျရောက်ခြင်းသည် သေချာသော စီရင်ချက်ဖြစ်သည်။ ယခုအချိန်သည် ပြန်လည် ကုစား ရုန်းထရမည့်အချိန် ဖြစ်သည်။
(Lowy Institute ပါ Sean Turnell ၏ Might Myanmar’s earthquake be a catalyst for political change? ကို ဘာသာပြန်သည်။ ရှောင်တာနဲလ်သည် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီရှိ လိုဝီအင်စတီကျုတွင် ဝါရင့်သုတေသီနှင့် မြန်မာအရပ်သားအစိုးရ (၂၀၁၆-၂၀၂၁) ၏ စီးပွားရေး အကြံပေးဟောင်း ဖြစ်သည်။)
You may also like these stories:
ငလျင်ဒဏ် ဖိအား မင်းအောင်လှိုင် ဘယ်လောက်တောင့်ခံနိုင်မလဲ (ရုပ်/သံ ဆွေးနွေးခန်း)
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား
စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ
ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်
ငလျင်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူများ ဘဝပျက်နေသည်