၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မြန်မာတွင် ပြင်းအား ၇.၇ ရှိ ငလျင်လှုပ်ပြီးနောက် မြန်မာစစ်တပ်နှင့် ပြည်တွင်းစစ်ကို နှစ်နှင့်ချီ တိုက်နေသည့် အမျိုးမျိုးသော တော်လှန်ရေးအင်အားစုများသည် ချက်ချင်း အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာတောင်းဆိုမှုကို ရင်ဆိုင်ရသည်။ တိုက်ခိုက်မှု ရပ်စဲခြင်းသည် အဓိက ငလျင်ဇုန်များသို့ အကူအညီများ ဝင်ရောက်စေနိုင်မည်ဖြစ်ပြီး ကယ်ဆယ်ရေးသမားများအနေဖြင့် လူ ၃,၀၀၀ ကျော် သေဆုံးသော ငလျင်ဒဏ်ခံရသူများကို ကူညီစေနိုင်မည် ဖြစ်သည်။
ထိုတောင်းဆိုမှုကို ပထမဆုံး တုံ့ပြန်သည်မှာ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖြစ်ပြီး ၎င်း၏ လက်နက်ကိုင်တပ်များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် တဖက်သတ် ကြေညာသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့၏ ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း အလားတူ ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူသည်။
သို့သော် မြန်မာစစ်တပ်က အပစ်ရပ်ရန် ငြင်းဆန်သည်။ ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်း ကယ်ဆယ်ရေးသမားများသည် အသက်ရှင်ကျန်သူများကို အုတ်ပုံကြားတွင် တူးဖော်ရှာဖွေနေစဉ် စစ်ဗိုလ်ချုပ်များသည် ရှမ်းပြည်နယ်နှင့် နိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စခန်းများကို လေကြောင်းတိုက်ခိုက်ရန် အမိန့်ပေးသည်။ ထိုဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ် အင်ဒရူးက မယုံနိုင်လောက်အောင်ဖြစ်ကြောင်း ပြောသည်။
ငလျင်လှုပ်ပြီး ငါးရက်အကြာ ဧပြီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်များသည် ဖိအားကို အလျှော့ပေးရပြီး ဧပြီလ ၂၂ ရက်နေ့အထိ တိုက်ခိုက်မှုရပ်စဲမည်ဟု ကြေညာရသည်။ သို့သော် ထိုကြေညာချက်သည် အနှစ်သာရ ကင်းမဲ့ပုံရပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှု မလျှော့သည့် သတင်းများ နောက်တနေ့တွင် ထွက်ပေါ်လာသည်။
ငလျင်လှုပ်ပြီး ငါးရက်အကြာ ဧပြီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်များသည် ဖိအားကို အလျှော့ပေးရပြီး ဧပြီလ ၂၂ ရက်နေ့အထိ တိုက်ခိုက်မှုရပ်စဲမည်ဟု ကြေညာရသည်။ သို့သော် ထိုကြေညာချက်သည် အနှစ်သာရ ကင်းမဲ့ပုံရပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှု မလျှော့သည့် သတင်းများ နောက်တနေ့တွင် ထွက်ပေါ်လာသည်။
မြန်မာစစ်တပ်၏ အပြုအမူသည် အံ့သြစရာမဟုတ်ဟု မြန်မာ့နိုင်ငံရေးသမိုင်း ကျွမ်းကျင်သူ တဦးအနေဖြင့် စာရေးသူ ယုံကြည်သည်။ လွန်ခဲ့သော ဆယ်စုနှစ် ခြောက်ခုအတွင်း ကာလအများစုတွင် နိုင်ငံကို ချုပ်ကိုင်ခဲ့သည့် စစ်ဗိုလ်ချုပ်များသည် သဘာဝဘေးကို နိုင်ငံရေးအသာစီးရရန် အမြတ်ထုတ်သည့် သမိုင်းမှတ်တမ်းရှိသည်။
ရှည်ကြာသော ပြည်တွင်းစစ်ကြောင့် အင်အားချည့်နဲ့နေသော ဗိုလ်ချုပ်များသည် ယခုအခါ ပြည်ပတွင် ၎င်းတို့ ပုံရိပ်ကို ပြည်လည် ထူထောင်ရန်နှင့် ပြည်တွင်းတွင် အာဏာခိုင်မြဲစေရန်အတွက် ငလျင်ကို အမြတ်ထုတ် အသုံးချရန် ကြိုးစားနေသည်။
သဘာဝဘေးအန္တရာယ်များမှ ရွေးကောက်ပွဲများသို့
မြန်မာစစ်အုပ်စုများသည် ထိုနည်းဗျူဟာကို ယခင်ကလည်း အသုံးပြုဖူးသည်။ ၂၀၀၈ ခုနှစ်က မြန်မာတွင် လူအသေအပျောက်များသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁ သိန်းကျော် သေဆုံးပြီး တပတ်အကြာတွင် စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ ကျင်းပသည်။
ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသည် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သတ်မှတ်ပြီး အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲ ၇၅ ရာခိုင်နှုန်း လိုအပ်စေသည့် အခြေခံဥပဒေဖြစ်သည်။ ထို့ပြင် အခြေခံဥပဒေသည် “အရေးပေါ်အခြေအနေ” တွင် နိုင်ငံကို စစ်တပ်က အုပ်ချုပ်ခွင့်ပြုထားသည်။

မြန်မာနိုင်ငံ ဒေသအများအပြားသည် သဘာဝဘေးမှ ရုန်းကန်နေရချိန်တွင် ထိုလူထုဆန္ဒခံယူပွဲ ကျင်းပသော်လည်း မဲပေးသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းရှိပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက စစ်တပ်လိုလားသော ဖွဲ့စည်းပုံကို ထောက်ခံသည်ဟု (သန်းရွှေ၏) စစ်အုပ်စုက ကြေညာသည်။
ထိုဥပဒေသည် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန် လမ်းဖွင့်ပေးပြီး စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရသည်။ ထိုရွေးကောက်ပွဲကို အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်သော်လည်း အမေရိကန်သည် ထိုစဉ်က စစ်အုပ်စုနှင့် လက်တွေ့ကျကျ ဆက်ဆံရေးသို့ မူဝါဒပြောင်းကြောင်း ပြသရသည်။
ထိုအမေရိကန် မူဝါဒ အပြောင်းအလဲကြောင့် စိတ်မပါသော NLD ကို ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ရန် ဖိအားပေးပြီး ဗိုလ်ချုပ်များအကြိုက် လုပ်ထားသည့် လုပ်ငန်းစဉ်ကို တရားဝင်စေခဲ့သည်။
တရားဝင်မှု အကာအကွယ်ကို အသုံးချခြင်း
စစ်ကောင်စီသည် ရွေးကောက်ပွဲမျာအတွက် တွန်းအားထပ်မံပေးနေချိန်တွင် ယခုနောက်ဆုံး သဘာဝဘေးအန္တရာယ် ဖြစ်လာသည်။ ငလျင်မတိုင်မီ ရက်အနည်းငယ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ရွေးကောက်ပွဲအစီအစဉ်ကို ထပ်မံအတည်ပြုပြီး အတိုက်အခံပါတီများ ပါဝင်ရန် တောင်းဆိုသည်။
သို့သော် ထိုအဆိုပြု ရွေးကောက်ပွဲသည် မြန်မာစစ်တပ်နှင့် ပြည်တွင်းစစ် ရပ်စဲရန် မည်သည့် အရေးပါသော အားထုတ်မှုမှ မလုပ်သည့် နိုင်ငံတကာအသိုက်အဝန်းအတွက် အဖတ်ဆယ်သည့် ရွေးကောက်ပွဲဟု ကျယ်ပြန့်စွာ မြင်ကြောင်း စာရေးသူ စောဒကတက်လိုသည်။
ထိုအခြေအနေတွင် ရွေးကောက်ပွဲများသည် ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းကို တရားဝင်မှု အကာအကွယ်ဖြင့် ဖုံးကွယ်ရန် ကြိုးစားခွင့်ရမည် ဖြစ်သည်။
ထိုအခြေအနေတွင် ရွေးကောက်ပွဲများသည် ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းကို တရားဝင်မှု အကာအကွယ်ဖြင့် ဖုံးကွယ်ရန် ကြိုးစားခွင့်ရမည် ဖြစ်သည်။
စစ်အာဏာသိမ်းမှုသည် ရှည်ကြာသော ပြည်တွင်းစစ် ဖြစ်စေသည်။ အကန့်အသတ်ဖြင့် ဒီမိုကရေစီ စမ်းသပ်မှု ၁၀ နှစ်ကို အဆုံးသတ်စေသည့် အာဏာသိမ်းမှုဖြစ်ပြီး နိုင်ငံကို အပြည့်အဝ ထိန်းချုပ်ရန် စစ်တပ်၏ မူလအစီအစဉ် လမ်းကြောင်းလွဲစေသည်။
နေရာအနှံ့ ဖြစ်ပွားသည့် လေးနှစ်ကြာ တိုက်ခိုက်မှုတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရခိုင် AA, တအာင်းTNLA, MNDAA စသည့် လူမျိုးစု လူနည်းစုအုပ်စုများနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တို့ပါဝင်သော အတိုက်အခံသည် စစ်တပ်ကို အထိနာစေသည်။
မြန်မာစစ်တပ်သည် ဒေသအများအပြားတွင် အမျိုးမျိုးသော တော်လှန်ရေးအင်အားစုများနှင့် တိုက်ခိုက်ရာတွင် နယ်မြေထိန်းချုပ်မှု ဆုံးရှုံးသည်။ နိုင်ငံတကာတွင်လည်း စစ်တပ်သည် စီးပွားရေးပိတ်ဆို့မှုများကြောင့် ပိုမို အထီးကျန်လာသည်။ ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက် တရုတ်သည် နယ်စပ်တွင် မတည်ငြိမ်မှုအတွက် စိုးရိမ်ပူပန်လာပြီး ပဋိပက္ခ၏ ဘက်အားလုံးတွင် ပါဝင်ရန် ကြိုးစားရင်း ရင်းနှီးမြှုပ်နှံမှု နှေးကွေးလာသည်။
မျှောင့်လင့်ချက် ကင်းမဲ့စွာဖြင့် ဗိုလ်ချုပ်များသည် ခြေလျင်စစ်သားများကို အတင်းအကျပ် စုဆောင်းပြီး လက်နက်နှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ရုရှားကို အားကိုးသည်။
ဗိုလ်ချုပ်များ၏ ကျဆုံးခန်း
ယခုအချိန်တွင် စစ်တပ်က ဆိုးဆိုးရွားရွား လိုအပ်နေသည်မှာ အသက်ဆက်ရေးနှင့် ပြည်တွင်းစစ်မှ ထွက်ပေါက် အစီအစဉ်ဖြစ်သည်။ ငလျင်သည် ထို နှစ်ခုလုံးကို ရစေနိုင်သည်။ အပစ်အခတ်ရပ်စဲရေးကို မည်မျှ မလိုက်နာသည်ဖြစ်စေ ရွေးကောက်ပွဲအတွက် အကာအကွယ် ပေးသည်။
သို့သော် အပစ်အခတ်ရပ်စဲရေး ကြေညာချက် ထုတ်ပြန်သည့် ပတ်ဝန်းကျင် အနေအထားများအရ စစ်တပ်သည် တော်လှန်ရေးအင်အားစု အားနည်းစေရန် သဘာဝဘေးအန္တရာယ်ကို ခုတုံးလုပ် အမြတ်ထုတ်ဖွယ်ရှိသည်။

အပစ်အခတ်ရပ်စဲချိန်အတွင်း အင်အား ပြန်လည်စုဆောင်းခြင်း၊ တိုက်ခိုက်ခြင်းဟု မြင်သည့် မည်သည့် အဖွဲ့အစည်းကို မဆို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။ သို့သော် စစ်ကောင်စီသည် ထိုးစစ်ကို ဆက်လက် ဆင်နွှဲနေသည်။
ငလျင်သည် စစ်တပ်၏ ကျဆုံးမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို တနည်းတလမ်းဖြင့်လည်း ဖွင့်ချသည်။ ငလျင်အပြီးတွင် စစ်တပ်သည် ငလျင်ဒဏ် အဆိုးဆုံးခံရသည့် မန္တလေးတွင် ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများသည် တော်လှန်ရေးအင်အားစုများကို ကုသပေးနေသည့် သူပုန်ဆရာဝန်များနှင့် သူနာပြုများကို အလုပ်ခန့်ထားသည်ဟု စွပ်စွဲကာ ပိတ်ပင်လိုက်သည်။
အခြေအနေမှန်မှာ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ကျန်းမားရေး လုပ်သားများသည် ပုန်းအောင်းနေထိုင်ရပြီး ကယ်ဆယ်ရေးအားထုတ်မှု ရှေ့တန်းတွင် ပါဝင်နိုင်မည့် လူငယ်များသည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရ သို့မဟုတ် နိုင်ငံမှထွက်ပြေးကြရသည်။
ငလျင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ရုပ်သိမ်းသောကြောင့် အထိနာနေပြီးဖြစ်သည့် မြန်မာ့စီးပွားရေး အသိုက်အဝန်းကိုလည်း ထပ်မံ ထိခိုက်စေမည် ဖြစ်သည်။
မခိုင်မာသည့် အုတ်မြစ်များ
စစ်တပ်သည် ၎င်း၏ ပြည်ပပုံရိပ်ကို ပြန်လည် တည်ဆောက်ရန် သဘာဝဘေးအန္တရာယ်ကို အသုံးပြု၍ရသည်ဟု မျှော်လင့်ဖွယ်ရှိသည်။ စစ်ဗိုလ်ချုပ်များက ရုတ်တရက် အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းသည် မျှော်လင့်ချက်၏ တစိတ်တပိုင်း ဖြစ်သည်။
ထိုကဲ့သို့ပင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များကို ကနဦးတွင် ပိတ်ပင်ခဲ့ပြီးနောက် ဝင်ခွင့်ပြုရန် ဆုံးဖြတ်ခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ ထိုကိစ္စသည် မြန်မာစစ်တပ်က ကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံလိုသည့် ဆန္ဒကို ပြသခြင်းလည်း ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါက သဘာဝဘေးအန္တရာယ် အကြောင်းပြု သံတမန်ရေးသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးကဲ့သို့ပင် မြန်မာစစ်တပ်အတွက် စတင် အလုပ်ဖြစ်နေသည်။ ထိုမုန်တိုင်းသည် စစ်အုပ်စုက နိုင်ငံတကာအသိုက်အဝန်းသို့ ကွဲပြားခြားနားသည့် မျက်နှာစာတခုမှ တိုးဝင်ရန် အခွင့်အလမ်းရစေသည်။
အချုပ်အားဖြင့်ဆိုရပါက သဘာဝဘေးအန္တရာယ် အကြောင်းပြု သံတမန်ရေးသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးကဲ့သို့ပင် မြန်မာစစ်တပ်အတွက် စတင် အလုပ်ဖြစ်နေသည်။ ထိုမုန်တိုင်းသည် စစ်အုပ်စုက နိုင်ငံတကာအသိုက်အဝန်းသို့ ကွဲပြားခြားနားသည့် မျက်နှာစာတခုမှ တိုးဝင်ရန် အခွင့်အလမ်းရစေသည်။
အမေရိကန်နှင့် အခြားနိုင်ငံများက အားပေးမှုဖြင့် ရွေးကောက်ပွဲများကို တကြိမ်သာမက နှစ်ကြိမ်ကျင်းပပြီး မြန်မာသည် “နောက်ထပ် အာရှကျားတကောင်” ဖြစ်လာမည်ဟုဆိုကာ ရင်းနှီးမြှပ်နှံမှုများ အလုအယက် ဝင်ရောက်လာသည်။
သို့သော် မြန်မာတွင် စစ်တပ် ကျောထောက်နောက်ခံပြု ပြုပြင်ပြောင်းလဲရေး အုတ်မြစ်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ပြတ်ရွေ့တွင် တည်ဆောက်ထားသည်။ စစ်တပ်က ၂၀၂၅ ငလျင်ကို အလားတူ အမြတ်ထုတ်မည်ကို စာရေးသူ စိုးရိမ်သည်။
(The Conversation ပါ သရဖီသန်း၏ Myanmar military’s ‘ceasefire’ follows a pattern of ruling generals exploiting disasters to shore up control ကို ဘာသာပြန်သည်။ သရဖီသန်းသည် မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ်ရှိ ကမ္ဘာ့ယဉ်ကျေးမှုများနှင့် ဘာသာစကားများဆိုင်ရာဌာနတွင် တွဲဖက်ပါမောက္ခဖြစ်သည်။)
You may also like these stories:
ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား
ငလျင်သေဆုံးမှု မြင့်မားသော်လည်း သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီ ကြိုးစားနေ
ငလျင်ကပ်ဘေးက မင်းအောင်လှိုင်ကို သဘောထား ပြောင်းသွားစေမလား
ငလျင်ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်သလား
ငလျင်က မင်းအောင်လှိုင် ဓာတ်ပုံအရိုက်ခံဖို့လား