မကြုံစဖူး ဖျက်အားပြင်းငလျင် အလွန်တွင် စစ်ကောင်စီဘက်က အပစ်ရပ်ကာလ ကြေညာခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများကမူ ယခုတိုင် ရှိနေဆဲဖြစ်သည်။ ရှမ်းမြောက်ရှိ တောင်ခမ်း၊ ပဲခူး အနောက်ပိုင်းရှိ ညောင်ကျိုးနှင့် တိုက်ပွဲမရှိသည့် မိုးကုတ်မြို့အပါအဝင် အခြားနေရာများကိုလည်းကို ဗုံးကြဲ တိုက်ခိုက်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
ဖျက်အားပြင်းငလျင်ဘေးကြောင့် တုန်လှုပ်နေဆဲ ပြည်သူများအတွက် နှစ်သိမ့်ရမည့်အစား စစ်ကောင်စီက တိုက်ပွဲနေရာများအပြင် အရပ်ဘက်ပစ်မှတ်များကိုပင် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ တိုင်းပြည်တွင် မကြုံစဖူး ဝမ်းနည်းစရာ ငလျင်ဘေးကို စစ်အာဏာသိမ်းကာလအတွင်း ကြုံလိုက်ရသော်လည်း ယာယီ အပစ်ရပ်ရန် ဦးစွာ ကြေညာခဲ့သည့် အဖွဲ့မှာ အာဏာသိမ်းစစ်တပ်ဘက်က မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ဘက်ကသာ ဖြစ်သည်။
NUG ဘက်က မတ်လ ၂၉ ရက် ညပိုင်းတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၂ ရက်အထိ ထိုးစစ်များကို ရပ်တန့်မည်ဖြစ်ပြီး ခုခံကာကွယ်စစ်သာ ဆင်နွှဲမည်ဖြစ်ကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် ထိုးစစ်ရပ်တန့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
NUG ဘက်က မတ်လ ၂၉ ရက် ညပိုင်းတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၂ ရက်အထိ ထိုးစစ်များကို ရပ်တန့်မည်ဖြစ်ပြီး ခုခံကာကွယ်စစ်သာ ဆင်နွှဲမည်ဖြစ်ကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် ထိုးစစ်ရပ်တန့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
အလားတူ ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ဧပြီလ ၁ ရက်နေ့တွင် ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် ထိုးစစ်များကို ပြုလုပ်မည် မဟုတ်ဘဲ ယခု ဧပြီလကုန်ပိုင်းအထိ တလတာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တော်လှန်ရေးကာလအတွင်း စစ်ရေးအားသာပြီး စစ်ကောင်စီကို ဖိအားပေးနေသည့် လက်နက်ကိုင်အဖွဲ့များက ငလျင်ဘေးကို ငဲ့ကွက်၍ အပစ်ရပ်မည်ဟု စပြီး ကြေညာခဲ့သည်ကို အံ့ဩဖွယ်တွေ့ရသည်။ သို့သော် စစ်ရေးအရ အရေးသာမှု နိမ့်ပါးလာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ငလျင်ဘေးအတွက် အလှူငွေပေးအပ်ပွဲအထိ အပစ်ရပ်မည့် စကားအစား ကာကွယ်တိုက်ခိုက်မှုများ ဆက်လုပ်မည်ဟုသာ ကြွေးကြော်ခဲ့သည်။
ဧပြီလ ၂ ရက် ညပိုင်းမှသာ ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ဟုဆိုပြီး စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ကာလကို ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ထိုကဲ့သို့ ထုတ်ပြန်ရခြင်းမှာလည်း ငလျင်ဘေးအတွက် ငဲ့ကွက်ခြင်းထက် ထိုင်းနိုင်ငံတွင် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အစည်းအဝေး တက်ရောက်ရန်အတွက်သာ ရည်ရွယ်လိုခြင်းဟု ထင်သည်။ တနည်းအားဖြင့် ထိုင်းဘက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေး တက်ခွင့်ပြုခဲ့သဖြင့် ထိုင်းဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ် အပေါ် ရောက်လာသည့် ဖိအားများ လျှော့ချရန်ဟုသာ ဆိုချင်သည်။

ထိုညတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်ကလည်း ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်နားထားမည်ဟု ကြေညာသည်။ ကြေညာချက် နောက်ဆုံးအပိုဒ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက် အပိုဒ် (၄) ပါ အကြောင်းအရာ အချက်အလက်များကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် တော်လှန်ရေးအဖွဲ့များသာမက မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်ပါ အပိုဒ် (၄) တွင် ယာယီ ပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေ ချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူ တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ကြေညာချက်အရ စစ်ကောင်စီဘက်က ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည်း သူတို့ မထင်လျှင် မထင်သလို ခေါင်းစဉ်တပ်ပြီး ပစ်ခတ်တိုက်ခိုက်မည့်သဘော ဖြစ်နေသည်။ ထို့ကြောင့်လည်း KIA က သူတို့ ထုတ်ပြန်ချက်တွင် အပိုဒ် (၄) ကို မြန်မာစစ်တပ်ကပါ လိုက်နာရန် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ကြေညာချက်အရ စစ်ကောင်စီဘက်က ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည်း သူတို့ မထင်လျှင် မထင်သလို ခေါင်းစဉ်တပ်ပြီး ပစ်ခတ်တိုက်ခိုက်မည့်သဘော ဖြစ်နေသည်။ ထို့ကြောင့်လည်း KIA က သူတို့ ထုတ်ပြန်ချက်တွင် အပိုဒ် (၄) ကို မြန်မာစစ်တပ်ကပါ လိုက်နာရန် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးဘက်ကို အင်အားစုခြင်းနှင့် ပြင်ဆင်ဖွဲ့စည်းခြင်း စသည့် အချက်များ လုပ်လျှင်ပင် ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် အပစ်ရပ် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည့် စစ်ကောင်စီသည် အပစ်ရပ်ကာလအတွင်း သတ်မှတ်ထားသည့် အချက်များကို သူကိုယ်တိုင် ချိုးဖောက်ခဲ့သည်။
တိုက်ပွဲဖြစ်ရာက ရပ်တန့်ထားသည့် ပဲခူး အနောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ တိုက်ပွဲ မရှိသည့် ကန်ပက်လက်၊ မိုးကုတ်နှင့် မိုးညှင်း ဒေသများတွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်သည်။
ထိုမျှမကဘဲ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နယ်မြေအတွင်းရှိ ချောင်းဦးနှင့် မြင်းမူဘက်တွင်လည်းကောင်း၊ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နယ်မြေရှိ ညောင်ဦးဘက်တွင်လည်းကောင်း၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နယ်မြေရှိ ဝိုင်းမော်ဘက်တွင်လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နယ်မြေရှိ ကျုံဒိုးနှင့် ကော့ကရိတ်ဘက်တွင်လည်းကောင်း၊ ယာယီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နယ်မြေရှိ နောင်ချိုနှင့် တောင်ခမ်းဘက်တွင်လည်းကောင်း တပ်ရွှေ့ပြောင်းမှုများနှင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် စစ်ကောင်စီဘက်က ယာယီ အပစ်ရပ် သတ်မှတ်ချက်များကို သူတို့ကိုယ်တိုင်က မလိုက်နာခဲ့ကြောင်း တွေ့ရသည်။ ထိုသို့ မလိုက်နာသော စစ်ကောင်စီသည် KIA က ဗန်းမော်တဝိုက်၊ TNLA က တောင်ခမ်းဒေသ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဖားဆောင်း၊ AA က ဧရာဝတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖာပွန်ဒေသရှိ ကတိုင်တိ စခန်းနှင့် PDF များက မကွေးတိုင်း၊ ဆင်ဖြူကျွန်း စသည့်နေရာများတွင် ရှိကြသည့် စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေကြောင်း ပြန်လည် စွပ်စွဲခဲ့သည်ကို တွေ့ရသည်။
သို့သော် AA က ဧပြီလ ၆ ရက်နေ့ ညဘက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီ အပစ်ရပ် မကြေညာမီ ဧပြီလ ၂ ရက်က ညောင်ကျိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တဖက်သတ် အပစ်ရပ်ထားခဲ့သောကြောင့် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ ထိုးစစ်များကို ရပ်တန့်ကာ ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုသို့ စစ်ကောင်စီနှင့် လက်နက်ကိုင်များအကြား အပြန်အလှန် စွပ်စွဲနေကြချိန်တွင် ငလျင်လှုပ်ပြီး ရက်ပိုင်းက ဖြစ်စဉ်တခုကို သတိထားမိသည်။ ထိုဖြစ်စဉ်မှာ မုံရွာဘက်မှ စစ်ကိုင်းဘက်သို့လာသည့် ကယ်ဆယ်ရေးယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက မိုင်းဆွဲ၍ ကြားဖြတ် တိုက်ခိုက်ကြောင်း လုပ်ကြံသည့် ဖြစ်စဉ်ဖြစ်သည်။
ထိုဖြစ်စဉ်ကို လေ့လာကြည့်သည့်အခါ မုံရွာ-မန္တလေး လမ်းပေါ်တွင် ယခင်က ဖြစ်ခဲ့ဖူးသည့် ဖြစ်စဉ်ဟောင်းက ဓာတ်ပုံဟောင်းများကို ပြန်လည် အသုံးပြုပြီး သတင်းတုအဖြစ် ဖန်တီးထားသည်ကို တွေ့ရသည်။ စစ်ကောင်စီဘက်က ဖြစ်စေချင်သည်မှာ ပြည်သူများ ငလျင်ဘေးခံစားနေရချိန်တွင် ကယ်ဆယ်ရေးအဖွဲ့ကို PDF က တိုက်ခိုက်သည်ဆိုပြီး ပြည်သူလူထု အထင်မှားစေရန် လုပ်ကြံခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ကြံမှုကို ဖော်ဆောင်ခဲ့သောကြောင့် ယခုကဲ့သို့ ငလျင်ဘေးအတွက် စစ်ကောင်စီ၏ ယာယီ အပစ်ရပ်ကြောင်း ကြေညာမှုသည် ရိုးသားမှု မရှိနိုင်ကြောင်း ယူဆမိသည်။ ငလျင်ဘေးသင့် ပြည်သူများကို အားပေးနှစ်သိမ့်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာအပြည့်နှင့် လုပ်ဆောင်ရန်ထက် ထိုင်းနိုင်ငံတွင် အစည်းအဝေးတက်သည့်အချိန် သဘောထားကြီးစွာဖြင့် အပစ်ရပ်ထားကြောင်း ပြချင်ရုံသက်သက်သာ ဖြစ်ခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်တပ်ဘက်က ကြေညာခဲ့သည်များကို လေ့လာကြည့်သည့်အခါတွင်လည်း စစ်အာဏာသိမ်း ကာလအတွင်း ဆန့်ကျင် တိုက်ခိုက်သူ နည်းပါးစေရန် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ကြောင်းသာ တွေ့ရသည်။ အစိုးရမရှိ၊ လွှတ်တော် မရှိချိန်တွင် စစ်တပ်တခုတည်းနှင့် ပြောဆိုညှိနှိုင်းရုံဖြင့် ငြိမ်းချမ်းရေးရပါမည်ဟု မစားရ ဝခမန်း ပြီးပြီးရော ပြောခဲ့သည်ကို တွေ့ရသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်တပ်ဘက်က ကြေညာခဲ့သည်များကို လေ့လာကြည့်သည့်အခါတွင်လည်း စစ်အာဏာသိမ်း ကာလအတွင်း ဆန့်ကျင် တိုက်ခိုက်သူ နည်းပါးစေရန် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ကြောင်းသာ တွေ့ရသည်။ အစိုးရမရှိ၊ လွှတ်တော် မရှိချိန်တွင် စစ်တပ်တခုတည်းနှင့် ပြောဆိုညှိနှိုင်းရုံဖြင့် ငြိမ်းချမ်းရေးရပါမည်ဟု မစားရ ဝခမန်း ပြီးပြီးရော ပြောခဲ့သည်ကို တွေ့ရသည်။
သို့သော် ပြည်သူကို ကိုယ်စားပြုသော အဖွဲ့အစည်းထက် အာဏာရှင် တပ်ချုပ် မင်းအောင်လှိုင်က ဗဟို ဦးစီးချုပ်ကိုင်သည့် စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်များက မယုံကြည်ခဲ့ကြပေ။ ထို့ကြောင့် စစ်အာဏာသိမ်းကာလအတွင်း အပစ်အခတ်ရပ်စဲရေး NCA ရေးထိုးပြီးသား အဖွဲ့များကပင် စစ်တပ်ကို ပြန်လည် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယခုနောက်ဆုံး ငလျင်ဘေးကြောင့် အပစ်ရပ်ကာလ ကြေညာချက်ကို ကြည့်လျှင်လည်း BIMSTEC အစည်းအဝေး တက်ရောက်စဉ် ဖိအားလျော့နေစေရန်အတွက် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တခုဟုသာ ယူဆရသည်။ တကယ်စေတနာမှန်ဖြင့် ထုတ်ပြန်သည့် အပစ်ရပ်ကြောင်း ထုတ်ပြန်ချက် မဟုတ်ခဲ့သည်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်စဉ်များကို ကြည့်ပါက တွေ့နိုင်သည်။
ထို့ကြောင့် ထိုသို့ နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရန် ပျက်ကွက်နေသော အပစ်ရပ်ရေး အလုပ်မဖြစ်ဘဲ ဖလမ်းနှင့် အင်းတော်ပါသွားခဲ့ရခြင်းကလည်း ထူးပြီး အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
နိုင်ငံတကာ ငလျင်ဂရုဏာနဲ့ တရားဝင်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်
ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်
လေကြောင်းတိုက်ခိုက်မှုများ ရပ်ပါ၊ ငလျင်ကယ်ဆယ်ရေး စစ်အင်အားကို သုံးပါ
ဗိုလ်ချုပ်များ အာဏာမြဲရေး သဘာဝဘေးကို အမြတ်ထုတ်
စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ