ပြည်တွင်းစစ် ဖြစ်နေစဉ် မြန်မာ၏သမိုင်းဝင် ကပ်ဆိုးငလျင်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီကို အန္တရာယ်များသည့် အနေအထားရောက်စေသည်။ စစ်တပ်၏မြို့တော် နေပြည်တော်နှင့် စစ်ကိုင်း၊ မန္တလေးတိုင်းတို့ကို လှုပ်ခတ်သည့် ထိုသဘာဝဘေးအန္တရာယ်သည် လွန်စွာပြင်းထန်ပြီး စစ်ကောင်စီကို ပြိုလဲနိုင်စေပါသလား။
ငလျင်ဒဏ်ခံရသူများထံ အကူအညီများ ရောက်ရှိရေးအတွက် တော်လှန်ရေးအင်အားစုများက အပစ်အခတ်ရပ်စဲရေး ကြေညာထားသည်။ ဧပြီ ၁၀ ရက် နံနက်ပိုင်း စစ်ကောင်စီထုတ်ပြန်ချက်အရ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ပြင်းထန်ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူ ၁၄၅ ဦး ရှိကြောင်း သိရသည်။
ကြေညာထားသော အပစ်အခတ်ရပ်စဲရေးနှင့် စစ်ကောင်စီက နိုင်ငံတကာ အကူအညီ တောင်းခံမှု စတင် စီးဝင်မှုရှိသော်လည်း စစ်ကောင်စီသည် လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေအနီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမှ ဆေးရုံတရုံကို အမြောက်ဖြင့် ပစ်ခတ်ခြင်း အပါအဝင် လက်နက်ကြီးများဖြင့် တိုက်ခိုက်သည်။
သို့သော် သမိုင်းတွင် မကြုံဖူးသည့် သဘာဝဘေးအန္တရာယ်အတွင်း ထိုတိုက်ခိုက်မှုများကို အားကောင်းချက်အဖြစ် မမြင်သင့်ဘဲ အားနည်းချက်အဖြစ် မြင်သင့်သည်။ သမိုင်းအရ ပြည်တွင်းစစ်သည် ငလျင်များ၊ ရေလွှမ်းမိုးမှုများ၊ မုန်တိုင်းများနှင့် မြေပြိုမှုများ စသည့် သဘာဝကပ်ဆိုးများကြောင့် ပိုမိုဆိုးရွားသွားသောအခါ စစ်အာဏာရှင်များ၏ ထိခိုက်လွယ်မှုကို ထပ်မံထင်ဟပ်နေသည်။
လက်တွေ့တွင် သဘာဝဘေးအန္တရာယ်များသည် နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ပုံဖော်ရာတွင် အထူးသဖြင့် တရားမဝင် သို့မဟုတ် နက်ရှိုင်းစွာ အငြင်းပွားဖွယ်ဖြစ်သော အုပ်ချုပ်ရေးစနစ်များဖြင့် ထိခိုက်လွယ် နိုင်ငံတော်များတွင် အရေးပါသော အခန်းမှ ပါဝင်သည်။
လက်တွေ့တွင် သဘာဝဘေးအန္တရာယ်များသည် နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ပုံဖော်ရာတွင် အထူးသဖြင့် တရားမဝင် သို့မဟုတ် နက်ရှိုင်းစွာ အငြင်းပွားဖွယ်ဖြစ်သော အုပ်ချုပ်ရေးစနစ်များဖြင့် ထိခိုက်လွယ် နိုင်ငံတော်များတွင် အရေးပါသော အခန်းမှ ပါဝင်သည်။
မြန်မာတွင် သဘာဝပတ်ဝန်းကျင် ကပ်ဆိုးများသည် စစ်အုပ်စုအမျိုးမျိုး၏ စနစ်ဆိုင်ရာ အားနည်းချက်များကို ပိုမိုဆိုးရွားစေပြီး ပုန်ကန်မှု၊ နိုင်ငံတကာ စူးစမ်းလေ့လာမှုနှင့် ပြည်တွင်း မကျေနပ်မှုများကြောင့် စစ်အုပ်စုများကို ထိခိုက်စေသည်။
ထို့နောက် ငလျင်အလွန် အဖြစ်အပျက်များ ထွက်ပေါ်လာသောအခါ တော်လှန်ရေးအင်အားစုများသည် စစ်တပ်မြို့တော် နေပြည်တော်နှင့် အဓိကကျသည့် ရန်ကုန်မြို့ကြီးကို ပစ်မှတ်ထားနိုင်သည့် အခွင့်အရေး ရသော်လည်း အင်အားနည်းနေသည့် စစ်ကောင်စီကို လက်လျှော့ပေးလိုက်သည်။
သူတော်ကောင်း နတ်ကောင်းတို့၏ စောင်မမှု ဆုံးရှုံးခြင်း
သူတော်ကောင်း နတ်ကောင်းတို့၏ စောင်မခြင်းဆိုသည့် အယူအဆသည် ကွန်ဖျူးရှပ်နှင့် ဗုဒ္ဓဘာသာ အစဉ်အလာတွင် အမြစ်တွယ်နေပြီး အစိုးရမင်း၏ တရားဝင်မှုသည် ထိရောက်စွာ အုပ်ချုပ်နိုင်ပြီး ပြည်သူများ၏ ဘဝ သာယာဝပြောအောင် လုပ်ပေးနိုင်သည့် စွမ်းရည်နှင့် သက်ဆိုင်သည်။
ခေတ်သစ် မတိုင်မီက တရုတ်ပြည်တွင် မင်းဆက်အုပ်ချုပ်သူများသည် သဘာဝ ဘေးအန္တရာယ်များကို သေချာစွာ မဖြေရှင်းနိုင်ပါက ၎င်းတို့၏ အခွင့်အာဏာ ဆုံးရှုံးပြီး နောက်ဆုံးတွင် ကျဆုံးသည်ဟု ယုံကြည်ကြသည်။ လောကီဆန်ပြီး အမျိုးသားရေး သဘောသဘာဝ ရှိသော်လည်း မြန်မာစစ်တပ်သည် နိုင်ငံမှ အယူသည်းသော ပြည်သူများ၏ ထိုသို့သော ယူဆမှုမှ မလွတ်မြောက်နိုင်ပေ။
ကမ္ဘာတဝန်းတွင် သဘာဝဘေးအန္တရာယ်များသည် အာဏာရှင်အစိုးရများ၏ စွမ်းဆောင်ရည် ကင်းမဲ့မှုကို ဖော်ပြသည်။ အထူးသဖြင့် မြန်မာစစ်အုပ်စုများ စွမ်းဆောင်ရည်ကင်းမဲ့မှုကို ဖော်ပြသည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းက တိုင်းပြည်ကို ဖျက်ဆီးပြီး လူ ၁၃၀,၀၀၀ ကျော် သေဆုံးစေသည်။ ထိုစဉ် စစ်အုပ်စုက နိုင်ငံတကာ စူးစမ်းလေ့လာမှုနှင့် ဖြစ်နိုင်ခြေရှိသော အမေရိကန် ကျူးကျော်မှုကိုပင် စိုးရိမ်ပြီး ပြည်ပ လူသားချင်းစာနာမှု အကူအညီကို ငြင်းဆန်ခြင်းသည် သဘာဝဘေးအန္တရာယ်ကို လူလုပ်သည့် ကြေကွဲစရာ ဇာတ်လမ်းအဖြစ် ပြောင်းလဲသွားစေသည်။
ယနေ့ဖြစ်ရပ်များသည်လည်း ထူးဆန်းစွာ အလားတူပင် ဖြစ်သည်။ ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများနှင့် မုန်တိုင်းများအပြီး ယခင်က ကယ်ဆယ်ရေးအားထုတ်မှုကို စစ်ကောင်စီက ညံ့ဖျင်းစွာ ကိုင်တွယ်ခြင်းသည် သဘာဝဘေးအန္တရာယ်ခံရသူများနှင့် မတ်လ ၂၈ ရက်နေ့ ငလျင်မှ လွတ်မြောက်လာသူများအတွက် အခြေအနေ မကောင်းပေ။ သို့သော် ၂၀၀၈ ခုနှစ်ကနှင့်မတူဘဲ ယနေ့မြန်မာသည် ပိုမို အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး စစ်တပ်၏ အာဏာချုပ်ကိုင်မှုသည် သိသိသာသာ အားနည်းနေသည်။
အာဏာရှင်အစိုးရများသည် ဖုံးကွယ်မှုများဖြင့် ထွန်းကားကြပြီး မြန်မာစစ်ကောင်စီသည်လည်း ခြွင်းချက် မဟုတ်ပေ။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း စစ်တပ်သည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကဲ့သို့ စစ်တပ်ပိုင် လုပ်ငန်းစုကြီးများမှတဆင့် စီးပွားရေး၏ ကျယ်ပြန့်သော နယ်ပယ်ကို ထိန်းချုပ်ထားသည်။
သဘာဝဘေးအန္တရာယ်များအပြီး နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ အလုံးအရင်း ဝင်ရောက်လာစေသည်။ အကျင့်ပျက် စစ်အရာရှိများ၊ ၎င်းတို့နှင့် ပတ်သက်သည့် စီးပွားရေးသမားများလက်သို့ ယခင်ကဲ့သို့ ရန်ပုံငွေနှင့် ရင်းမြစ်များ လွှဲပြောင်းပေးခြင်းသည် စစ်ကောင်စီ ဆုံးရှုံးနေသည့် အယုံအကြည်ကို ထပ်မံ ပျက်စေမည့် အန္တရာယ်ရှိသည်။
သို့သော် သဘာဝဘေးအန္တရာယ်များအပြီး နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ အလုံးအရင်း ဝင်ရောက်လာစေသည်။ အကျင့်ပျက် စစ်အရာရှိများ၊ ၎င်းတို့နှင့် ပတ်သက်သည့် စီးပွားရေးသမားများလက်သို့ ယခင်ကဲ့သို့ ရန်ပုံငွေနှင့် ရင်းမြစ်များ လွှဲပြောင်းပေးခြင်းသည် စစ်ကောင်စီ ဆုံးရှုံးနေသည့် အယုံအကြည်ကို ထပ်မံ ပျက်စေမည့် အန္တရာယ်ရှိသည်။
စစ်အုပ်စု အဆက်ဆက်၏ ဆက်လက်ရှင်သန်ရေးသည် အတိုက်အခံများကို ဖိနှိပ်ပြီး စီးပွားရေးကို ၎င်းတို့၏ ထိန်းချုပ်နိုင်မှုအပေါ် မူတည်သည်ဟု ဘာတေးလ် လင့်တနာနှင့် ဒေးဗစ် စတိုင်းဘတ်ကဲ့သို့သော မြန်မာ့အရေးကျွမ်းကျင်သူများက စောဒကတက်သည်။
သို့သော် သဘာဝဘေးအန္တရာယ်များသည် သဘာဝအနှောင့်အယှက်များဖြစ်ပြီး စစ်အုပ်စုကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ထိတွေ့ဆက်ဆံရန် သို့မဟုတ် ရရှိထားသော ပြည်တွင်း ထောက်ခံမှု အနည်းငယ်ကို ဆုံးရှုံးရန် အန္တရာယ်နှင့် ရင်ဆိုင်ရစေသည်။ ငလျင်အပြီး လက်ရှိအချိန်တွင် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ကုလသမဂ္ဂတို့က အကူအညီများ ကတိပြုထားကြသည်။
ပွင့်လင်းမြင်သာမှုသည် သက်ဦးစံပိုင် အုပ်ချုပ်သူများအတွက် မကောင်းဆိုးဝါးဖြစ်ပြီး စူးစမ်းလေ့လာမှု မြင့်မားလာသောအခါ အန္တရာယ်ဖြစ်နိုင်ခြေလည်း များလာသည်။ စစ်ကောင်စီကို ကျော်လွှားလာသည့် လူသားချင်းစာနာမှု အကူအညီသည် နိုင်ငံရေး ဖြစ်လာသောအခါ အဓိကရင်းမြစ်များကို စစ်ကောင်စီ၏ ထိန်းချုပ်မှု ထပ်မံအားနည်းလာနိုင်သည်။
ပြောက်ကျားများကို အင်အားတောင့်တင်းစေခြင်း
မြန်မာ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ဗဟိုချက်များဖြစ်သော မန္တလေးနှင့် နေပြည်တော်သို့ ဦးတည်သည့် လမ်းများသည် မကြာသေးမီက ရေလွှမ်းမိုးမှုတွင် အကြီးအကျယ် ပျက်စီးပြီး ယခု ငလျင်ကြောင့်လည်း အကြီးအကျယ် ပျက်စီးသည်။
ထိုသို့ အခြေခံအဆောက်အအုံ ပျက်စီးခြင်းသည် လက်နက်ကိုင် အင်အားစုများအတွက် သေနင်္ဂဗျူဟာကျသည့် အထောက်အကူဖြစ်ပြီး အထူးသဖြင့် AA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်သော ညီနောင်မဟာမိတ် သုံးဖွဲ့အတွက် အထောက်အကူဖြစ်သည်။
ထိုအဖွဲ့များသည် စစ်တပ်ကို ကောင်းစွာ ညှိနှိုင်းတိုက်ခိုက်နိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို ပြသပြီးဖြစ်ကြောင်း မကြာသေးမီက ကြီးမားသည့် စစ်မြေပြင်အောင်ပွဲများနှင့် ယခင် စစ်ကောင်စီ ထိန်းချုပ်သည့် နယ်မြေကို သမိုင်းဝင် ထိန်းချုပ်မှုက ပြသနေသည်။
လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အန်ထော်နီ ဒေးဗစ်၏ အဆိုအရ ပြောက်ကျားစစ်သည် သမားရိုးကျ စစ်တပ်များ၏ လှုပ်ရှားမှုနှင့် ထောက်ပံ့ရေးလမ်းကြောင်းများ စံချိန်မမီသည့် ပတ်ဝန်းကျင်တွင် အောင်မြင်ကြသည်။
အဓိကကျသောလမ်းများ ပျက်စီးခြင်းကြောင့် စစ်တပ်သည် လေကြောင်းကို ပိုမို အားကိုးရသော်လည်း လောင်စာဆီ အကန့်အသတ်ရှိပြီး သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများ မြင့်မားသောကြောင့် လေကြောင်းအားသာချက်ကို ရေရှည်ထိန်းထားနိုင်မည် မဟုတ်ပေ။ တချိန်တည်းတွင် ခုခံတော်လှန်ရေး အင်အားစုများသည် ဒေသခံပြည်သူများတွင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီး ကြမ်းတမ်းသော နယ်ပယ်တွင် လိုသလို ပြောင်းလဲနိုင်ကာ ငလျင်ဒဏ်ခံဒေသများတွင် အပေါ်စီး ပိုမိုရလာမည်ကို သံသယ မရှိပေ။
အဓိကကျသောလမ်းများ ပျက်စီးခြင်းကြောင့် စစ်တပ်သည် လေကြောင်းကို ပိုမို အားကိုးရသော်လည်း လောင်စာဆီ အကန့်အသတ်ရှိပြီး သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများ မြင့်မားသောကြောင့် လေကြောင်းအားသာချက်ကို ရေရှည်ထိန်းထားနိုင်မည် မဟုတ်ပေ။ တချိန်တည်းတွင် ခုခံတော်လှန်ရေး အင်အားစုများသည် ဒေသခံပြည်သူများတွင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီး ကြမ်းတမ်းသော နယ်ပယ်တွင် လိုသလို ပြောင်းလဲနိုင်ကာ ငလျင်ဒဏ်ခံဒေသများတွင် အပေါ်စီး ပိုမိုရလာမည်ကို သံသယ မရှိပေ။
စစ်တပ်များကို ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်လိုက်သောအခါ အာဏာထူထောင်နိုင်သည့် ၎င်းတို့၏ စွမ်းရည် ဆိုးဆိုးရွားရွား လျော့နည်းသွားကြောင်း အရှေ့တောင်အာရှ ပုန်ကန်မှုများသမိုင်းက ပြသနေသည်။ ဗီယက်နမ်စစ်အတွင်းက ဟိုချီမင်း လမ်းကြောင်းသည် ဗီယက်ကောင်းတို့အတွက် အရေးပါသည့် အသက်သွေးကြောဖြစ်ပြီး လွန်စွာ အင်အား ပိုမိုတောင့်တင်းသည့် စစ်တပ်ကို အသာရကာ နောက်ဆုံးတွင် ချေမှုန်းနိုင်သည်။
အလားတူစွာ မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကြမ်းတမ်းခက်ခဲသော မြေပြင်အခြေအနေကို အားသာချက်အဖြစ် အသုံးပြုရာတွင် ကျွမ်းကျင်ပြီး မကြာသေးမီက သဘာဝဘေးအန္တရာယ်သည်လည်း ၎င်းတို့၏ သေနင်္ဂဗျူဟာ အနေအထားကို ခိုင်မာစေသည်။
တည်ငြိမ်သယောင် ထင်မှတ်မှားခြင်း
သက်ဦးဆံပိုင်အစိုးရများသည် အတွင်းတွင် အက်ကြောင်းများ ဖြစ်နေစေကာမူ အပေါ်ယံ တည်ငြိမ်မှုကို ဟန်လုပ်ထားတတ်သည်။ မြန်မာစစ်အုပ်စုသည် စစ်ရေးပြပွဲများ၊ သံတမန်ရေး ထိတွေ့ဆက်ဆံမှုများ၊ တရုတ်နှင့် ရုရှားကဲ့သို့ နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံကို ထိန်းချုပ်ထားနိုင်ကြောင်း ပုံဖော်သည်။

သို့သော် ပြည်ပ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခြင်း (အများအားဖြင့် လွတ်လပ်သော အဖွဲ့အစည်းများကြားခံဖြင့် ဝင်ရောက်ခြင်း) သည် အဆိုပါ ထင်ယောင်ထင်မှားဖြစ်ခြင်းကို ခြိမ်းခြောက်လာသည်။ လူသားချင်းစာနာမှု လုပ်ငန်းများသည် ကြားနေသည့်မူဖြင့် ဆောင်ရွက်သော်လည်း ၎င်းတို့ ရှိနေခြင်းသည် နိုင်ငံတကာ လေ့လာစောင့်ကြည်မှု ပိုမိုများပြားစေသည်။
ပြည်ပ အကူအညီပေးရေးလုပ်သားများနှင့် အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ရခြင်းသည် အများအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်ပက ပိုမိုသိစေသည်ဟု မာရီ ကယ်လာဟန်ကဲ့သို့သော ပညာရှင်များက ပြောသည်။
မြန်မာတွင် လူသားချင်းစာနာမှု အကူအညီသစ်များ ဝင်ရောက်မှုနှင့် ပြည်ပ အကူအညီပေးရေး လုပ်သားများ ရှိနေခြင်းသည် အတင်းအကျပ် လုပ်အားစေခိုင်းမှုမှ စစ်ရာဇဝတ်မှုအထိ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမို မှတ်တမ်းတင်နိုင်စေသည်။
မြန်မာတွင် လူသားချင်းစာနာမှု အကူအညီသစ်များ ဝင်ရောက်မှုနှင့် ပြည်ပ အကူအညီပေးရေး လုပ်သားများ ရှိနေခြင်းသည် အတင်းအကျပ် လုပ်အားစေခိုင်းမှုမှ စစ်ရာဇဝတ်မှုအထိ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမို မှတ်တမ်းတင်နိုင်စေသည်။
ထို့ပြင် စစ်တပ်လမ်းကြောင်းများကို ကျော်လွှားပြီး ဒေသခံအဖွဲ့အစည်းများမှတဆင့် ထိခိုက်ပြည်သူများထံ ရောက်ရှိနိုင်သည့် အကူအညီသည် စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာနှင့် စစ်မြေပြင် အနေအထားကို ထပ်မံ ထိခိုက်စေသည်။ ထိုဒေသခံအဖွဲ့အစည်း အများအပြားသည် လက်နက်တော်လှန်ရေးနှင့် ဆက်စပ်ကြသည်၊ သို့မဟုတ် ထောက်ခံကြသည်။
ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာအကျပ်အတည်းနှင့် ပတ်သက်ပြီး ပိုမို သဘောထားကွဲလာခြင်းနှင့်အတူ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂကဲ့သို့ ပြင်ပအဖွဲ့အစည်းများသည် အကူအညီပေးရာတွင် ပိုမိုတိုက်ရိုက်ကျသည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ (USAID ကို ပိတ်လိုက်ခြင်းသည် အမေရိကန် သြဇာကို လျော့ကျစေမည် ဖြစ်သော်လည်း အမေရိကန် အကူအညီအချို့ ရောက်လာသည်။)
ပြည်ပအကူအညီ ဖြန့်ဝေခြင်းကို နိုင်ငံတော်အဆင့် မဟုတ်သူများ ထိန်းချုပ်ပါက စစ်တပ်သည် အရေးပါသော ရင်းမြစ်များကို ချုပ်ကိုင်ရန် ရုန်းကန်ရမည်ဖြစ်ပြီး အခွင့်အရေးဆုံးရှုံးနေသော ပြည်သူများအပေါ် သြဇာ ထပ်မံ ကျဆင်းစေမည် ဖြစ်သည်။
ပြည်တွင်းစစ်နှင့် မတ်လ ၂၈ ရက်နေ့ ငလျင် တထပ်တည်းကျနေခြင်းသည် စစ်ကောင်စီကို ပိုမို အကာအကွယ်မဲ့သော အနေအထား ဖြစ်စေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို ထိန်းချုပ်ရန် ရုန်းကန်နေရစဉ် သဘာဝဘေးအန္တရာယ်များကို ထိထိရောက်ရောက် ညီညီမျှမျှ မကိုင်တွယ်နိုင်သည့် စွမ်းရည်သည် မြန်မာ့ငလျင်အလွန် တုံ့ပြန်မှုအတွက် အခြေအနေ မကောင်းပေ။
ပြည်ပအကူအညီများ နိုင်ငံသို့ ဝင်ရောက်လာစဉ် အဓိက ရင်းမြစ်များကို စစ်တပ်က ချုပ်ကိုင်မှုသည် အားနည်းလာမည်ဖြစ်ပြီး တချိန်တည်းတွင် စစ်ကောင်စီ၏ စနစ်အတွင်း နက်ရှိုင်းသော အပြစ်အနာအဆာများ ပေါ်ထွက်လာမည် ဖြစ်သည်။ အကျင့်ပျက်ခြစားမှု၊ အခွင့်အရေး ပိတ်ပင်မှု၊ အခြေခံအဆောက်အအုံ ပျက်စီးမှုတို့သည် လုံးဝ ပြီးပြည့်စုံသည့် မုန်တိုင်းဖြစ်နိုင်ပြီး စစ်ကောင်စီ ကျဆုံးမှုနှင့် ပြိုလဲမှုအတွက် ထိုးချလိုက်မည်ဖြစ်သည်။
စစ်ကောင်စီ ကျဆုံးမည့် အချိန်ဇယားသည် မရေရာသေးသော်လည်း လမ်းကြောင်းမှာ ရှင်းလင်းသည်။ လက်နက်ကိုင်နှင့် လက်နက်မကိုင်သော ရန်သူများ နေ့စဉ် အင်အား ကြီးထွားနေချိန်တွင် မျှော်လင့်ချက် ကင်းမဲ့မှုများနှင့် ဒုက္ခများအကြား စစ်ကောင်စီအတွက် အချိန်နှင့် ယုံကြည်မှု မရှိတော့ပေ။
(Asia Times ပါ Phar Kim Beng ၏ Why Myanmar’s earthquake could topple its military regime ကို ဘာသာပြန်သည်။ ဒေါက်တာ ပါကင်မ်ဘန်သည် မလေးရှား အစ္စလမ်မစ် နိုင်ငံတကာတက္ကသိုလ် (IIUM)၊ အာဆီယံလေ့လာရေးဌာနမှ ပါမောက္ခနှင့် မာလာယတက္ကသိုလ်၊ အာရှ-ဥရောပ အင်စတီကျုမှ ဝါရင့်သုတေသီဖြစ်သည်။)
You may also like these stories:
နိုင်ငံတကာ ငလျင်ဂရုဏာနဲ့ တရားဝင်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်
နေပြည်တော် ရေပေါ်ဆီရပ်ကွက်တွေကိုလည်း ငလျင်က ချမ်းသာမပေး
ငလျင်ကယ်ဆယ်ရေးမှာ ဓာတ်ပုံရိုက်ခံနေတဲ့ စစ်တပ် (ရုပ်/သံ)
စစ်တပ်ကို ပေးရင် ပြည်သူ ဆယ်ရာခိုင်နှုန်း ရရင် ကံကောင်း (ရုပ်/သံ)
စစ်ကိုင်းငလျင်ကြီးမှာ စစ်တပ် ဘယ်လောက် ထိသလဲ