• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

by Igor Blazevic
17 April 2025
in သူ့အတွေး သူ့အမြင်
A A
ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

သက်ဆင်၊ မင်းအောင်လှိုင်နှင့် အန်ဝါအီဘရာဟင်

3.7k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီက ပြည်သူကို ရက်စက်ကြမ်းကြုတ်စွာ စစ်ဆင်နေပြီး နိုင်ငံသည် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုနက်ရှိုင်းစေသည့် အင်အားပြင်း ငလျင်ကြောင့် ရုန်းကန်နေရသည်။ ထိုအချိန်တွင် ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် မြန်မာ၏ အိမ်နီးချင်းများ၏ မကြာသေးမီက လုပ်ရပ်များက အချက်တချက်ကို စိတ်ပျက်စရာ ကောင်းလောက်အောင် ပြသနေသည်။

မအောင်မြင်သော အလျှော့ပေးသည့် သေနင်္ဂဗျူဟာက မြန်မာပြည်သူများကို ထပ်မံ လျစ်လျူရှုသွားသည်ဆိုသည့် အချက်ပင်ဖြစ်သည်။

RelatedPosts

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
338
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
1.8k
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
542

ယခုအပတ်တွင် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်က စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘန်ကောက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။ ထိုအစည်းအဝေးသည် လူသားချင်းစာနာမှု အကူအညီနှင့် ငလျင်အပြီး မလေးရှား အကူအညီပေးရေး လုပ်သားများ၏ လုံခြုံရေးသာမက မည်သည့်အခါကမှ မရှိခဲ့သည် အပစ်အခတ်ရပ်စဲရေးဆိုသည့် ကိစ္စကို ဆွေးနွေးရန်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်တလုံးခြား အသုံးချသည့် ကိစ္စသာဖြစ်သည်။ လူသားချင်းစာနာမှုကြောင့် ဖြစ်လာသည့်ကိစ္စ မဟုတ်ပေ။

ထိုအပစ်အခတ်ရပ်စဲရေးဆိုသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်တလုံးခြား အသုံးချသည့် ကိစ္စသာဖြစ်သည်။ လူသားချင်းစာနာမှုကြောင့် ဖြစ်လာသည့်ကိစ္စ မဟုတ်ပေ။ ထိုကိစ္စသည် ပိုမို နက်ရှိုင်းပြီး စိတ်ပျက်စရာကောင်းသည့် ပြဿနာ၏ နောက်ဆုံးလက္ခဏာရပ် ဖြစ်သည်။

အန္တရာယ်များသော ဘုံသဘောတူညီချက်- စစ်ကောင်စီကို ကျားကန်ပေးခြင်း

ငလျင်မတိုင်မီ ကာလအတန်ကြာကပင် မြန်မာ၏အဓိက အိမ်နီးချင်းများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နှင့် ယခုနှစ်တွင် မလေးရှားက ဥက္ကဋ္ဌ တာဝန်ယူသည့် အာဆီယံတို့သည် တဖြည်းဖြည်းနှင့် စစ်ကောင်စီနှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံရေးဘက်သို့ ပြောင်းလာကြသည်။

မစ္စတာ အန်နဝါသည် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်ကို အကြံပေးများအဖြစ် ခန့်ထားပြီး ထို နှစ်ဦးသည် မြန်မာ စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည်ဟု လူသိများသည်။

ထိုရွေးချယ်မှုများသည် မြန်မာ၏ အကျပ်အတည်းကို ဖြေရှင်းရန် မဟုတ်ဘဲ နောက်ကွယ်မှ သဘောတူညီချက်များနှင့် ဒေသတွင်း သံတမန်ရေးမှတဆင့် မြန်မာစစ်တပ် လွှမ်းမိုးမှုကို သက်ဆိုးရှည်အောင် လုပ်ပေးသလို ဖြစ်နေသည်။

ထိုအားထုတ်မှုများသည် အချိတ်အဆက်လွတ်နေသော လှုပ်ရှားမှုများ မဟုတ်ပေ။ မြန်မာ၏ အိမ်နီးချင်းများနှင့် ဒေသတွင်း နိုင်ငံများအကြား လျှို့ဝှက် သဘောတူညီချက်သစ်တခု ရထားပြီးဖြစ်သည်။ ပြိုလဲနေသည့် စစ်ကောင်စီကို ကျားကန်ပေးရန် ဖြစ်သည်။

၎င်းတို့၏ ချဉ်းကပ်ပုံနည်းလမ်းတွင် အဆင့် သုံးဆင့်ရှိသည်။ မင်းအောင်လှိုင်ကို သံတမန်ရေး ထိတွေ့ဆက်ဆံခွင့် ပေးရန်၊ စစ်ကောင်စီပြိုလဲခြင်းကို တားဆီးရေး စီးပွားရေးအကူအညီ အကန့်အသတ်ဖြင့်ပေးရန်၊ တော်လှန်ရေးအင်အားစုများ ထိုးစစ်ရပ်ရန်နှင့် မည်သည့်အခါကမှ မရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို လက်ခံရေး ဖိအားပေးရန်တို့ ဖြစ်သည်။

၎င်းတို့၏ ချဉ်းကပ်ပုံနည်းလမ်းတွင် အဆင့် သုံးဆင့်ရှိသည်။ မင်းအောင်လှိုင်ကို သံတမန်ရေး ထိတွေ့ဆက်ဆံခွင့် ပေးရန်၊ စစ်ကောင်စီပြိုလဲခြင်းကို တားဆီးရေး စီးပွားရေးအကူအညီ အကန့်အသတ်ဖြင့်ပေးရန်၊ တော်လှန်ရေးအင်အားစုများ ထိုးစစ်ရပ်ရန်နှင့် မည်သည့်အခါကမှ မရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို လက်ခံရေး ဖိအားပေးရန်တို့ ဖြစ်သည်။

ထိုတွန်းအားပေးမှု၏ ဗဟိုချက်တွင် ရွေးကောက်ပွဲအတုများ ရှိသည်။ စစ်တပ်က နိုင်ငံတော်နှင့် စီးပွားရေးကို ဆက်လက် လွှမ်းမိုးစေမည့် တရားဝင်မှု အပေါ်ယံ ဖန်တီးမည်၊ တော်လှန်ရေးလှုပ်ရှားမှုတချို့ လက်နက်ချရေး ဖိအားပေးပြီး ဘောင်ကျဉ်းသည့် နယ်မြေတွင် လူမဖြစ်စလောက်ဖြင့် ဝါဒဖြန့်ချိရေး လုပ်ဆောင်ရန် ဖြစ်သည်။

နောက်ကွယ်မှ စေ့ဆော်မှုများမှာ ရှင်းလင်းသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများသည် ၎င်းတို့ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသော (သို့မဟုတ်) သြဇာမလွှမ်းမိုးနိုင်သော ဒီမိုကရေစီလှုပ်ရှားမှုထက် မကောင်းမှန်းသိသည့် ဗဟိုချုပ်ကိုင်သော အာဏာရှင်စနစ်ကို ထောက်ခံချင်ကြသည်။

နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အကျိုးစီးပွားများလည်း ပါဝင်ပတ်သက်နေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သော စစ်ရေးပူးပေါင်းကြံစည်မှု၊ စီးပွားရေး သဘောတူညီချက်များ၊ ထိုအစိုးရများ၊ မြန်မာဗိုလ်ချုပ်များနှင့် သြဇာကြီးမားသော လုပ်ငန်းရှင်ကြီးများတို့ ပတ်သက်နေသည့် အဆင့်မြင့်ကွန်ရက်တို့ ဖြစ်သည်။

ထိုကိစ္စသည် သံတမန်ရေး မဟုတ်ဘဲ ပူးပေါင်းကြံစည်မှုသာ ဖြစ်သည်။

လူသားချင်းစာနာမှု အကြောင်းပြ

ပြည်သူများထံမှ တခဲနက် ထောက်ခံမှု ရရှိပြီး အင်မတန်ကြီးမားသော စိန်ခေါ်မှုများရှိသော်လည်း တဖြည်းဖြည်း အောင်ပွဲများရနေသည့် ဒီမိုကရက်တစ်နှင့် ဖက်ဒရယ်အင်အားစုများ၏ မဟာမိတ်သည် အင်အားချည့်နဲ့အောင် အလုပ်ခံနေရသည်။

မြန်မာ့ငလျင်သည် ဒေသတွင်းနိုင်ငံများအတွက် အကြောင်းပြချက် ရသွားသည်။ ထိုအကြောင်းပြချက်မှာ ကြီးကျယ်သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသည့် စစ်ကောင်စီနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် လူသားချင်းစာနာမှု လုပ်ဇာတ်ဖြစ်သည်။ မင်းအောင်လှိုင်အတွက် ထိုကိစ္စသည် အသက်ရှူပေါက်ဖြစ်သည်။

မြန်မာ့ငလျင်သည် ဒေသတွင်းနိုင်ငံများအတွက် အကြောင်းပြချက် ရသွားသည်။ ထိုအကြောင်းပြချက်မှာ ကြီးကျယ်သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသည့် စစ်ကောင်စီနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် လူသားချင်းစာနာမှု လုပ်ဇာတ်ဖြစ်သည်။ မင်းအောင်လှိုင်အတွက် ထိုကိစ္စသည် အသက်ရှူပေါက်ဖြစ်သည်။

ရုတ်တရက် သူ့ကို နိုင်ငံတကာက လက်ခံနိုင်သူအဖြစ် ဆက်ဆံလာသည်။ ထောက်ပံ့မှုများ ပြန်လည် စတင် စီးဆင်းလာပြီး စစ်ကောင်စီသည် ထိုရင်းမြစ်များကို ၎င်းတို့ ကိုယ်ကျိုးအတွက် လိုသလို အမြတ်ထုတ်သည်။

တချိန်တည်းတွင် စစ်ကောင်စီသည် တော်လှန်ရေး အရှိန်အဟုန်ကို ခေတ္တရပ်ထားရန် အပြင်းအထန် လိုအပ်နေသည်။ သူ့တပ်ကို ပြန်လည်ဖွဲ့စည်းရန်၊ ပြန်လည်ဖြည့်တင်းရန်နှင့် စစ်သားသစ်များကို အတင်းအကျပ် စုဆောင်းရန် သူ့အတွက် အချိန်လိုသည်။

ထို့ကြောင့် မင်းအောင်လှိုင်သည် လူသားချင်းစာနာမှု လိုအပ်ချက်ဆိုသည့် ဒေသတွင်း လုပ်ဇာတ်သစ်တွင် လိုက်ပါ ဟန်လုပ်ပြသည်။ ပွင့်လင်းသလို ဟန်ဆောင်သည်။ တင်းမာမှု လျှော့ချရေးပြောပြီး အစည်းအဝေးတိုင်းကို သံတမန်ရေး အောင်မြင်မှုအဖြစ် တဖက်လှည့် ဖော်ပြသည်။

တချိန်တည်းတွင် မင်းအောင်လှိုင်သည် အကူအညီများကို ဆက်လက် နှောင့်ယှက်ပြီး အရပ်သားများကို ဆက်လက် အကြမ်းဖက်ကာ မနိုင်နိုင်သော စစ်ကို တိုက်နေသည်။ လက်ဆွဲနှုတ်ဆက်မှုတိုင်း၊ ဓာတ်ပုံရိုက်ရန် အခွင့်အရေးတိုင်းနှင့် ထိပ်သီးဆွေးနွေးပွဲတိုင်းက သူသည် ကမ္ဘာ့ဇာတ်ခုံတွင် တရားဝင် ခေါင်းဆောင်ဖြစ်သည် ဆိုသည့် ထင်ယောင်ထင်မှားဖြစ်မှုကို အားဖြည့်ပေးသည်။

ပြည်သူများသာ အောင်နိုင်မည်

ထိုထိတွေ့ဆက်ဆံခြင်းသည် စစ်ကောင်စီကို ပျော့ပျောင်းအောင် လုပ်နိုင်မည်ဟု မစ္စတာ အန်နဝါ ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ သို့သော် အလျှော့ပေးခြင်းသည် မြန်မာစစ်တပ်ဂိုဏ်းကို ယဉ်ကျေးအောင် လုပ်ပေးနိုင်မည်ဟု ယူဆသည့် ခေါင်းဆောင်များစွာအနက် နောက်တဦးမျှသာ ဖြစ်လာမည်ဖြစ်သည်။ သူ အောင်မြင်မည် မဟုတ်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ပြည်သူများကို စိတ်ဝင်စားမှု မရှိသောကြောင့် မစ္စတာ အန်နဝါ အောင်မြင်မည် မဟုတ်ပေ။ မင်းအောင်လှိုင်နှင့် သူ၏ စစ်ဝတ်စုံဝတ်ဂိုဏ်းသည် ၎င်းတို့ ဆက်လက် ရှင်သန်ရေးနှင့် ဆက်လက် လွှမ်းမိုးရေးကိုသာ စိတ်ဝင်စားသည်။

သူ၏ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ စစ်ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ပြည်သူများကို စိတ်ဝင်စားမှု မရှိသောကြောင့် မစ္စတာ အန်နဝါ အောင်မြင်မည် မဟုတ်ပေ။ မင်းအောင်လှိုင်နှင့် သူ၏ စစ်ဝတ်စုံဝတ်ဂိုဏ်းသည် ၎င်းတို့ ဆက်လက် ရှင်သန်ရေးနှင့် ဆက်လက် လွှမ်းမိုးရေးကိုသာ စိတ်ဝင်စားသည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို မင်းအောင်လှိုင် ပြုလုပ်စဉ်က သူ့ကိုယ်သူ မြန်မာ၏ အနာဂတ် သမ္မတမင်းအဖြစ် မြင်သည်။ ထိုရည်မှန်းချက် ဆက်လက် ရှိနေသည်။ စစ်အာဏာမသိမ်းမီက သူပြောခဲ့သည့်အတိုင်း သူ့တွင် “မလုပ်ရဲသောအရာ” မရှိပေ။

မိမိတို့အနေဖြင့် ရှင်းလင်းစွာသိသည်။ မြန်မာ၏ အိမ်နီးချင်းများနှင့် အာဆီယံသည် ပြည်သူများ၏ ဒီမိုကရက်တစ်နှင့် ဖက်ဒရယ် တော်လှန်အုံကြွမှုတွင် စိတ်မဝင်စားကြပေ။ မြန်မာအရပ်သားများ၏ ဒုက္ခကြောင့်လည်း သူတို့ စိတ်မဆင်းရဲပေ။ ၎င်းတို့၏ သေနင်္ဂဗျူဟာမှာ စစ်တပ်ကို အရာမယွင်းထားခဲ့မည့် အဆင့်မြင့် ညှိနှိုင်းမှုဖြင့် ငြိမ်ဝပ်ပိပြားမှု ပြန်လည် ထိန်းသိမ်းရန် ဖြစ်သည်။

၎င်းတို့အားပေးနေသည့် “ညှိနှိုင်းဖြေရှင်းမှု” ဆိုသည်မှာ လက်တွေ့တွင် သိမ်မွေ့သော အလျှော့ပေးခြင်းသာ ဖြစ်သည်။ နိုင်ငံတော်၊ စီးပွားရေးနှင့် နိုင်ငံရေးဘဝကို စစ်တပ်က အမြဲတမ်း ထိန်းချုပ်ရေး လက်ခံရန် တော်လှန်ရေးသမားများကို တောင်းဆိုခြင်းသာ ဖြစ်သည်။

သို့သော် မြန်မာပြည်သူများသည် လက်နက်ချမည် မဟုတ်ပေ။ ၎င်းတို့ တော်လှန်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ မြန်မာပြည်သူများသည် အလွန် ရဲရင့်စွာ တိုက်ခိုက်ပြီး နိုင်ငံတွင် စစ်အုပ်ရေး ပြန်လည် မထူထောင်နိုင်ရန် စွန့်လွှတ်စွန့်စား ပေးဆပ်ကြသည်။

ငြိမ်သက်စွာ စောင့်ကြည့်သည့် အနေအထားမှ တိတ်ဆိတ်စွာ ပူးပေါင်းဆောင်ရွက်သူအဖြစ် အာဆီယံ၏ အပြောင်းအလဲသည် တော်လှန်ရေးကို ပိုမိုခက်ခဲသွားစေနိုင်သော်လည်း မျှော်လင့်ချက် ကင်းမဲ့သွားအောင် မလုပ်နိုင်ပေ။

ခုခံတော်လှန်မှုသည် ပြည်သူလူထု လက်ခံမှုတွင် အခြေခံပြီး အကြောက်တရားနှင့် အင်အားသုံးနှိမ်နင်းမှုကို ဂရုမစိုက်သောကြောင့် တော်လှန်မှု ဆက်လက်ရှိနေပြီး အောင်ပွဲခံလိမ့်မည်ဖြစ်သည်။

အမှန်တရားမှာ ဒေသတွင်းနိုင်ငံများသည် စစ်တပ် နိုင်အောင် ကူညီနေခြင်း မဟုတ်ဘဲ မရှုံးအောင်သာ ကူညီနေခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းမှုနောက် အစောပိုင်းနေ့များတွင် စစ်တပ်သည် နွေဦးတော်လှန်ရေးကို အလျင်အမြန် နှိမ်နင်းမည်ဟု မျှော်လင့်ပြီး တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ယခုအခါ စစ်ကောင်စီတပ်သည် အင်အားချည့်နဲ့လာပြီး ထိုနိုင်ငံများသည် ထိရောက်မှုမရှိ၊ ရှေ့နောက်မညီ မူမရှိဘဲ ဝင်ရောက်စွက်ဖက်သည်။

မြန်မာတော်လှန်ရေးသမားများအတွက် သင်ခန်းစာမှာ ရိုးရှင်းသည်။ ဒေသမှ သို့မဟုတ် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်းမှ လိုလိုလားလား ထောက်ခံမှု မမျှော်လင့်နှင့်ဆိုသည့် သင်ခန်းစာသာဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီအချို့ ရောက်ကောင်းရောက်လာမည်ဖြစ်သော်လည်း ထိုအကူအညီများကို စစ်တပ်က အလွဲသုံးစားလုပ်မည်သာဖြစ်သည်။ လွတ်မြောက်ရေးသည် မြန်မာ့ပြည်တွင်းရေးသာ ဖြစ်သည်။ တော်လှန်ရေးကို ပြင်ပက ထောက်ခံမည် မဟုတ်ပေ။

မြန်မာတော်လှန်ရေးသမားများအတွက် သင်ခန်းစာမှာ ရိုးရှင်းသည်။ ဒေသမှ သို့မဟုတ် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်းမှ လိုလိုလားလား ထောက်ခံမှု မမျှော်လင့်နှင့်ဆိုသည့် သင်ခန်းစာသာဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီအချို့ ရောက်ကောင်းရောက်လာမည်ဖြစ်သော်လည်း ထိုအကူအညီများကို စစ်တပ်က အလွဲသုံးစားလုပ်မည်သာဖြစ်သည်။ လွတ်မြောက်ရေးသည် မြန်မာ့ပြည်တွင်းရေးသာ ဖြစ်သည်။ တော်လှန်ရေးကို ပြင်ပက ထောက်ခံမည် မဟုတ်ပေ။

သို့သော် တော်လှန်ရေးသည် အောင်မြင်တော့မည်ဖြစ်ကြောင်း ရှင်းလင်းလာသောအခါ အာဆီယံသည် ချိန်ညှိမည် ဖြစ်သော်လည်း သွေးစည်းခိုင်မာမှုကြောင့် မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားကြောင့်သာ ဖြစ်သည်။ ၎င်းတို့သည် အသွင်ကူးပြောင်းရေး အာဏာပိုင်ကို ဂရုစိုက်သောကြောင့် မဟုတ်ဘဲ အသိအမှတ်ပြုရမည် ဖြစ်သောကြောင့်သာ ဖြစ်သည်။

ထိုကာလအထိ မြန်မာပြည်သူများသည် အများအားဖြင့် ကိုယ့်အားကိုယ်ကိုးရမည်။

မည်သို့ဆိုစေ မြန်မာပြည်သူများ ကြံ့ကြံ့ခံနိုင်ကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Appeasing the Myanmar Junta in the Face of Atrocity ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)

You may also like these stories:

ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်

နိုင်ငံတကာ ငလျင်ဂရုဏာနဲ့ တရားဝင်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

မြန်မာ့ငလျင်ကယ်ဆယ်ရေး အမေရိကန် လက်တွန့်ချိန် တရုတ် ဝင်လာ

အထူးသံတမန် လာသော်လည်း မြန်မာ့ငြိမ်းချမ်းရေး အာဆီယံ အားထုတ်မှု မရေရာ

အာဆီယံ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖွယ်မရှိ (ရုပ်/သံ)

အာဆီယံ ဗဟိုပြုမှုကို မြန်မာ ခြိမ်းခြောက်နေသလား

Your Thoughts …
Tags: ငလျင်စစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးတော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးမလေးရှားရွေးကောက်ပွဲလူသားချင်းစာနာမှုအကူအညီအပစ်အခတ်ရပ်စဲရေးအာဆီယံ
Igor Blazevic

Igor Blazevic

အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အောင်ပွဲနှစ်ဖြစ်ဖို့ ကြိုးစားကြရမယ် (ရုပ်/သံ)

အောင်ပွဲနှစ်ဖြစ်ဖို့ ကြိုးစားကြရမယ် (ရုပ်/သံ)

တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ နိုင်ငံရေးမုန်တိုင်းများ

တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ နိုင်ငံရေးမုန်တိုင်းများ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.5k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate