၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်များကို ရရာလက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်ကြသည့် နွေဦးတော်လှန်ရေးအင်အားစုများ တပြည်လုံးအနှံ့ ပေါ်ပေါက်လာ၏။ ပြည်မတွင် အဓိကအားဖြင့် PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များအပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – မကွေး)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) စသည်ဖြင့် နွေဦးအင်အားစုများ ပေါ်ပေါက်လာခဲ့၏။
ထို့ပြင် ကရင်နီ၌ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ချင်းပြည်နယ်၌ ချင်းဒေသကာကွယ်ရေးတပ်မတော် (CDF)၊ ကချင်ပြည်နယ်၌ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) တို့ အားကောင်းမောင်းသန် ပေါ်ပေါက်လာသည်။
နွေဦးတော်လှန်ရေးအင်အားစုများသည် စတင်ပေါ်ပေါက်လာစဉ်က လေ့ကျင့်စုဖွဲ့မှု အားနည်းသည့်အပြင် တူမီးအပါအဝင် ရရာလက်နက် စွဲကိုင်တိုက်ပွဲဝင်ကြရသည်ဖြစ်ရာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ကြရ၏။ ‘ချောင်း၊ ပစ်၊ ပြေး’ သည့်အဖွဲ့များဟုဆိုကြပြီး အတော်များများက အထင်မြင်သေးကြ၏။
အဆိုပါ နွေဦးတော်လှန်ရေးအင်အားစုများသည် စတင်ပေါ်ပေါက်လာစဉ်က လေ့ကျင့်စုဖွဲ့မှု အားနည်းသည့်အပြင် တူမီးအပါအဝင် ရရာလက်နက် စွဲကိုင်တိုက်ပွဲဝင်ကြရသည်ဖြစ်ရာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ကြရ၏။ ‘ချောင်း၊ ပစ်၊ ပြေး’ သည့်အဖွဲ့များဟုဆိုကြပြီး အတော်များများက အထင်မြင်သေးကြ၏။
အချိန်ယူ စုဖွဲ့လေ့ကျင့်ထားသည့် တိုင်းရင်းသားတပ်ဖွဲ့များပင် မဖြိုနိုင်သည့် စစ်တပ်အား လေ့ကျင့်စုဖွဲ့မှု၊ လက်နက်ခဲယမ်း တပ်ဆင်မှု၊ ဘဏ္ဍာရေးနှင့် ထောက်ပို့မှု အာနည်းသည့် နွေဦးတပ်ဖွဲ့များက ယှဉ်ပြိုင် တိုက်ခိုက်အနိုင်ယူရန် မဖြစ်နိုင်ဟု ယူဆခဲ့ကြ၏။ နွေဦးအင်အားစုများကို အထင်အမြင်သေးခဲ့ကြ၏။
PDF အပါအဝင် နွေဦးအင်အားစုများသည် လေတပ်၊ အမြောက်တပ်နှင့် လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားသည့်၊ စနစ်တကျ လေ့ကျင့်စုဖွဲ့ထားသည့် စစ်တပ်၏ ပြိုင်ဘက်မဟုတ်ဟု ယူဆခဲ့ကြသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက တိုက်နိုင်စွမ်းရှိလျှင်ပင် PDF နှင့် နွေဦးအင်အားစုများ တိုက်စွမ်းရှိမည် မဟုတ်ဟု အထင်အမြင်သေးခဲ့ကြသည်။
ထိုသို့သော နွေဦးတပ်ဖွဲ့များထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ဖွဲ့သည် တပြည်လုံးအတိုင်းအတာဖြင့် ဖြန့်ကြက်လှုပ်ရှားနေပြီး အင်အားအများဆုံး ဖြစ်သည်။ စစ်ကောင်စီ အဓိက အာရုံစိုက်သော တပ်ဖွဲ့ဖြစ်သကဲ့သို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံထားရသော တပ်ဖွဲ့ဖြစ်၏။ နွေဦးကာလ လေးနှစ်တာကို ဖြတ်သန်းပြီးသကာလ PDF တပ်ဖွဲ့များ၏ စစ်ရေးအခြေအနေကို သုံးသပ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။

ဖြန့်ကြက်မှု
PDF တပ်ဖွဲ့များကို ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင် စသည့် ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲ လှုပ်ရှားသည်ကို တွေ့ရသကဲ့သို့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီတို့တွင် သီးခြားရပ်တည်၍သော်လည်းကောင်း၊ အချို့နေရာများတွင် တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးတွဲ၍သော်လည်းကောင်း လှုပ်ရှားနေသည်ကို တွေ့မြင်ရသည်။
နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော တပ်ဖွဲ့များအနက် PDF သည် တပြည်လုံး အတိုင်းအတာအရ အင်အားအများဆုံးနှင့် ဖြန့်ကြက်မှု အများဆုံးတပ်ဖွဲ့ ဖြစ်သည်။
PDF များသည် တိုင်းရင်းသားတပ်ဖွဲ့များကဲ့သို့ ပြည်နယ်အကန့်အသတ်နှင့်သာ လှုပ်ရှားနိုင်သည် မဟုတ်ဘဲ တပြည်လုံး နေရာအများစုတွင် လှုပ်ရှားနိုင်သည်ကို တွေ့မြင်ရ၏။ PDF တပ်ဖွဲ့များသည် ယခုအခါ ပြောက်ကျားတိုက်ပွဲများသာမက ချေမှုန်းရေးတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများကိုပါ အောင်မြင်စွာ တိုက်ခိုက်လာနိုင်သည်ကို တွေ့ရ၏။
ထို့ပြင် PDF များသည် တိုင်းရင်းသားတပ်ဖွဲ့များကဲ့သို့ ပြည်နယ်အကန့်အသတ်နှင့်သာ လှုပ်ရှားနိုင်သည် မဟုတ်ဘဲ တပြည်လုံး နေရာအများစုတွင် လှုပ်ရှားနိုင်သည်ကို တွေ့မြင်ရ၏။ PDF တပ်ဖွဲ့များသည် ယခုအခါ ပြောက်ကျားတိုက်ပွဲများသာမက ချေမှုန်းရေးတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများကိုပါ အောင်မြင်စွာ တိုက်ခိုက်လာနိုင်သည်ကို တွေ့ရ၏။
ချေမှုန်းရေးတိုက်ပွဲများ
၂၀၂၄၊ ၂၀၂၅ ခုနှစ်များတွင် စစ်တပ် လှုပ်ရှားစစ်ကြောင်းများအား တိုက်ခိုက်ချေမှုန်းသည့် တိုက်ပွဲများကို PDF များက တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရရာ အရာရှိ ငါးဦးအပါအဝင် ၂၀ ခန့် သေဆုံးပြီး သုံ့ပန်း ၁၀ ဦး ဖမ်းဆီးရရှိခဲ့၏။ ရန်သူ့ထံမှ လက်နက်မျိုးစုံ အလက် ၃၀ နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်အနီးတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ အင်အား ၅၈ ဦးပါ စစ်ကြောင်းအား PDF တပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ရန်သူ ၂၀ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ရန်သူထံမှ လက်နက်မျိုးစုံ ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့၏။

စစ်ကိုင်းတိုင်း၊ ဘုတလင်တိုက်ပွဲတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်မြို့သို့ ပြန်လည် ထွက်ခွာလာသည့် ခမရ ၁၀၆ မှ အင်အား ၈၀ ကျော်ရှိ လှုပ်ရှားစစ်ကြောင်းအား စီပါရွာ၏ အနောက်တောင်ဘက် အရောက်တွင် PDF နှင့် ပူးပေါင်းတပ်များက အသင့်စောင့်ကြို၍ ချေမှုန်းသည့် တိုက်ပွဲဖြစ်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦး သေပြီး သုံ့ပန်းအဖြစ် ၄၃ ဦး ဖမ်းမိ၏။ လက်နက်မျိုးစုံ ၅၆ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့၏။ အကျိုးအမြတ်များသည့် တိုက်ပွဲဖြစ်၏။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော အင်အား ၇၇ ဦးပါ စစ်ကြောင်းအား PDF တပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် တိုက်ခိုက် ချေမှုန်းခဲ့ရာ ၄၇ ဦးသေဆုံး၊ ခြောက်ဦးအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၄၅ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့၏။
ထို့ပြင် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်ကိုင်း၊ ဝက်လက်မြို့နယ် ရှိန်းမကားရွာသို့ စခန်းထိုင်ရန် ချီတက်လာသည့် တပ်မ ၃၃ စစ်ကြောင်းအား PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးပြီး လက်နက် ငါးလက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့၏။
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် ကား ၁၀ စီးခန့် ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းအား PDF များက၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ခုနစ်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့၏။
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် ကား ၁၀ စီးခန့် ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းအား PDF များက၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ခုနစ်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့၏။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံနှင့် တောင်သာသို့ သွားသည့်လမ်း၌ ခမရ ၁၅၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် PDF တပ်ဖွဲ့မျာက တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၀ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့၏။
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ ခန့်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းတွင် မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ PDF များက တိုက်ခိုက်ရာ ၂၁ ဦးသေဆုံး၊ ရှစ်ဦး ဖမ်းဆီးရမိပြီး လက်နက် ၃၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော တပ်မ ၁၀၁ လက်အောက်ခံ စစ်ကောင်စီအင်အား ၂၀၀ ခန့်အား PDF ပူးပေါင်းတပ်ဖွဲ့တို့က ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး အရာရှိနှစ်ဦးအပါအဝင် ၁၄ ဦး ဖမ်းဆီးရမိသည်။ စစ်ကောင်စီတပ်ထံမှ လက်နက် ၄၄ လက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့၏။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ ကသာမြို့မှ ထွက်လာသည့် အင်အား ၁၅၀ ခန့်ပါသော စစ်ကြောင်းအား PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ၍ ၃၁ ဦး ဖမ်းဆီးရမိသည်။ လက်နက် ၅၄ လက်၊ ခဲယမ်းအများအပြားနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့၏။

စခန်းသိမ်းတိုက်ပွဲများ
NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာအရ တော်လှန်ရေးတပ်ဖွဲ့များက စခန်းပေါင်း ၇၄၂ ခု သိမ်းပိုက်ခဲ့သည့်အနက် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းတို့တွင် PDF, ပကဖနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်သည့် စခန်းပေါင်း ၁၆၂ ခု ရှိသည်ကို တွေ့ရ၏။ စခန်းသိမ်းတိုက်ပွဲ အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းအား PDF နှင့် ပကဖ တပ်များက တိုက်ခိုက်သိမ်းပိုက်ရာ ရန်သူ ခြောက်ဦးသေ၊ ၁၁ ယောက် လက်နက်ချ၊ လေးဦး ထွက်ပြေးပြီး လက်နက်မျိုးစုံ ၁၇ လက်နှင့် ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရရှိခဲ့၏။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံး ရဲစခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သုံးဦးသေ၊ ၁၆ ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၃၁ လက်နှင့် ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရမိခဲ့၏။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်အထိ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရန်ကြီးအောင် ရဲစခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရန်သူ ၁၆ ဦးသေ၊ ၁၇ ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၃၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့၏။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်ထု စစ်ဆင်ရေး ခြေကုပ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၅ ဦးသေ၊ နှစ်ဦး ဒဏ်ရာရပြီး ခုနစ်ဦး အရှင်မိခဲ့၏။ စစ်ကောင်စီ တပ်ဖွဲ့ထံမှ လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်း အများအပြားသိမ်းဆည်းရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်ထု စစ်ဆင်ရေး ခြေကုပ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၅ ဦးသေ၊ နှစ်ဦး ဒဏ်ရာရပြီး ခုနစ်ဦး အရှင်မိခဲ့၏။ စစ်ကောင်စီ တပ်ဖွဲ့ထံမှ လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်း အများအပြားသိမ်းဆည်းရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာတပ်စခန်းအား PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရန်သူ ၁၄ လောင်း ရခဲ့ပြီး လက်နက်မျိုးစုံ ၂၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့၏။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာ တာဝါတိုင်စခန်းအား PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ အလောင်း ရှစ်လောင်း၊ သုံ့ပန်း ရှစ်ဦးနှင့် လက်နက်မျိုးစုံ ၂၃ လက်၊ ကျည်အများအပြား သိမ်းဆည်းရမိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရေနံမှော်ကင်းစခန်းများ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရန်သူ ၁၂ ဦးသေ၊ ၁၂ ဦးဖမ်းမိ၊ လက်နက်မျိုးစုံ အလက် ၃၀ နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့၏။

မြို့သိမ်းတိုက်ပွဲများ
PDF တပ်ဖွဲ့များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား သိမ်းပိုက်ခဲ့၏။ စစ်ကောင်စီစခန်း အားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ ငွေအမြောက်အများ သိမ်းဆည်းရမိခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျွန်းလှမှ ကောလင်းသို့ စစ်ကူလာသည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းအား ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာအနီး၌ PDF တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့၏။ ရန်သူ့ထံမှ လက်နက်မျိုးစုံ ၅၉ လက်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်း ရမိခဲ့သည်။ PDF တို့၏ ပထမဆုံး မြို့သိမ်းတိုက်ပွဲ ဖြစ်သော်လည်း ၂၀၂၄ တွင် ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အား PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့၏၊၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်အထိ ကလေးမြို့မှ ခါမ်းပါတ်မြို့သို့ ပြန်လည် ထိုးစစ်ဆင်လာသည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား PDF တပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သေပြီး ၁၈ ဦးခန့် ဒဏ်ရာရှိခဲ့ပြီးနောက် လက်နက်မျိုးစုံ ၁၇ လက် သိမ်းပိုက်ရရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။ တိုက်ပွဲအတွင် သုံ့ပမ်း ရှစ်ဦး ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၄၀ ခန့်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့၏။
၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့အား PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့၏။ မြို့သစ်တွင် စစ်တပ်၊ ရှမ်းနီ၊ ကသည်း၊ ရဲ၊ ပျူစောထီး အင်အား ၂၅၀ အခြေချထားသည်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်၏။ ကနဦး သတင်းများအရ ရဲ ၂၁ ဦး လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ ၂၉ လက် သိမ်းပိုက်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့အား PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့၏။ မြို့သစ်တွင် စစ်တပ်၊ ရှမ်းနီ၊ ကသည်း၊ ရဲ၊ ပျူစောထီး အင်အား ၂၅၀ အခြေချထားသည်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်၏။ ကနဦး သတင်းများအရ ရဲ ၂၁ ဦး လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ ၂၉ လက် သိမ်းပိုက်ရရှိခဲ့သည်။
PDF တပ်ဖွဲ့များသည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ စဉ့်ကူး စစ်ဆင်ရေးများတွင် သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ကို တွေ့ရ၏။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား PDF တပ်ဖွဲ့များက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့၏။ တိုက်ပွဲတွင် ရန်သူ ၆၄ ဦး အလောင်းရရှိပြီး အရာရှိနှစ်ဦး အပါအဝင် ၂၀ ဦး ဖမ်းဆီးရမိခဲ့၏။ လက်နက်မျိုးစုံ ၈၃ လက်နှင့် ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့၏။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၂၅ ရက်နေ့က အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့၏။ ရန်သူထံမှ လက်နက်မျိုးစုံ ၆၃ လက်၊ မော်တာ ၅ လက်၊ ခဲယမ်း၊ ဗုံးသီးနှင့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့အား PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင် တိုက်ခိုက်ခိုက်ခဲ့ပြီး နှစ်လနီးပါး တိုက်ခိုက်ခဲ့ရ၏။
စစ်ကောင်စီ၏ တပ်ရင်း ၁၀ ရင်းခန့်မှ အင်အားများနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းအင်အား ၈၀၀ နီးပါးကို တိုက်ခိုက်အောင်နိုင်ခဲ့ခြင်း ဖြစ်၏။ တိုက်ပွဲအတွင်းရန်သူ ၇၀ ဦးခန့် သေဆုံး၊ ၂၇၅ ဦး ပျောက်ဆုံး၊ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်နက်ချသူ ၄၈ ဦး၊ စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိခဲ့၏။
ပင်လည်ဘူးတိုက်ပွဲအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၇၀ ကျော်၊ ဗုံးသီး အလုံး ၅,၀၀၀ ကျော် ကြဲချသည့်ကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးငယ်မျိုးစုံ ၄၀၀ ကျော်နှင့် ခဲယမ်းမီးကျောက် အမြောက်အများ၊ ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့၏။
PDF တပ်ဖွဲ့များသည် အင်းတော် မြို့သိမ်းတိုက်ပွဲအား ရှစ်လခန့် ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်သည်။ အင်းတော်မြို့သည် စစ်ကောင်စီ၏ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည်။ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ ရက်တွင် စခန်းစွန့်လွှတ် ဆုတ်ခွာသွားခြင်း ဖြစ်သည်။
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ဟောင်ဝစ်ဇာ နှစ်လက်၊ ၁၂၀ မမ နှစ်လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း ကနဦး သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။ ထို့ပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၇၀ ခန့်ကို ကသာအနီးတွင် ထပ်မံ ဖမ်းမိရမိခဲ့သည်။
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ဟောင်ဝစ်ဇာ နှစ်လက်၊ ၁၂၀ မမ နှစ်လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း ကနဦး သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။ ထို့ပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၇၀ ခန့်ကို ကသာအနီးတွင် ထပ်မံ ဖမ်းမိရမိခဲ့သည်။
မြိုသိမ်းတိုက်ပွဲများအနက် ကောလင်းမြို့ကို ပြန်လည် စွန့်လွှတ်ထားပြီး လက်ရှိ မြို့ ရှစ်မြို့အား ဆက်လက် သိမ်းပိုက်ထားသည်။

PDF များ၏ အခန်းကဏ္ဍ
PDF များသည် ပြောက်ကျားစစ်သာမက ချေမှုန်းရေးတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများပါ တိုက်ခိုက်လာပြီး တိုက်ရည်ခိုက်ရည် မြင့်တက်လာ၏။
NUG နှင့် PDF များ၏ သိမ်းပိုက်ထိန်းချုပ်နိုင်သည့် မြို့အရေအတွက် နည်းသေးသော်လည်း ပြောက်ကျားစစ်သာမက၊ ချေမှုန်းရေးတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများကြောင့် စစ်ကောင်စီတပ် လက်ရှိ ထိန်းချုပ်ထားနိုင်သည်ဆိုသည့် မြို့ပြင်သို့ထွက်၍ လှုပ်ရှားနိုင်ခြင်းမရှိဘဲ PDF စိုးမိုးနယ်မြေ ကျယ်ပြန့်နေသည်ကို တွေ့မြင်နိုင်သည်။
ပြောက်ကျားစစ်သာမက စခန်းသိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများကို တိုက်ခိုက်နိုင်သဖြင့် ရန်သူထောင်နှင့်ချီ၍ ချေမှုန်းနိုင်ပြီး ရန်သူထံမှ လက်နက်ထောင်နှင့်ချီ၍ သိမ်းပိုက်၍ မိမိတပ်ကို တပ်ဆင်နိုင်သည်။
အထက်တွင် ဖော်ပြခဲ့သည့် တိုက်ပွဲအရေအတွက်များသည် အကြောင်းမဲ့ ပြန်လည် ဖော်ပြခဲ့သည် မဟုတ်ပေ။ PDF တို့သည် ထိုအရေအတွက်များမှသည် အရည်အချင်းတရပ်အဖြစ်သို့ ကူးပြောင်းသွားပြီဆိုသည်ကို သတိပြုစေလို၍ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် NUG နှင့် PDF သည် အားနည်းချက်များ ရှိနေဆဲဖြစ်သည်ဟု ဆိုနိုင်သည်။ လိုအပ်သည့် ပြုပြင်စရာ အချက်များရှိသည်ဟုလည်း ဆိုနိုင်ကြပါသည်။ အားမလိုအားမရ ဖြစ်စရာ အချက်များလည်း ရှိသည်ဟုဆိုနိုင်သည်။
သို့သော် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အင်အားစုများအနက် PDF များသည် နှိုင်းယှဉ်မှုအရ တပြည်လုံးအနှံ့အပြားတွင် လှုပ်ရှားနိုင်ထိန်းချုပ်နိုင်သည်သာမက တိုက်ရည်ခိုက်ရည် မြင့်တက်နေ၏။ ဘဏ္ဍာ၊ အခွန် ရှာဖွေနိုင်မှု မြင့်မားနေဆဲဖြစ်၏။
တပြည်လုံးတွင် စစ်သည်အင်အား သောင်းနှင့်ချီ၍ လက်နက်တပ်ဆင်နိုင်ပြီး လနှင့်ချီကြာသည့် မြို့သိမ်းတိုက်ပွဲများ တိုက်နိုင်သည်အထိ ထောက်ပို့ပြသနာကို ဖြေရှင်းနိုင်သည်ကို တွေ့ရ၏။ PDF တို့သည် လက်ရှိ မြန်မာပြည်နိုင်ငံရေး၊ စစ်ရေးတွင် အရေးပါသည့်အခန်းတွင် ပါဝင်နေပြီဖြစ်သည်ကို ၎င်းတို့၏ လုပ်နိုင်စွမ်းများက သက်သေပြနေ၏။
တပြည်လုံးတွင် စစ်သည်အင်အား သောင်းနှင့်ချီ၍ လက်နက်တပ်ဆင်နိုင်ပြီး လနှင့်ချီကြာသည့် မြို့သိမ်းတိုက်ပွဲများ တိုက်နိုင်သည်အထိ ထောက်ပို့ပြသနာကို ဖြေရှင်းနိုင်သည်ကို တွေ့ရ၏။ PDF တို့သည် လက်ရှိ မြန်မာပြည်နိုင်ငံရေး၊ စစ်ရေးတွင် အရေးပါသည့်အခန်းတွင် ပါဝင်နေပြီဖြစ်သည်ကို ၎င်းတို့၏ လုပ်နိုင်စွမ်းများက သက်သေပြနေ၏။
ညီနောင်မဟာမိတ် မြောက်ပိုင်းသုံးဖွဲ့အား အထင်အမြင်သေးခဲ့ကြပြီး မြန်မာနိုင်ငံရေး၊ စစ်ရေးမှ ဖယ်ထုတ် စဉ်းစားခဲ့ကြသောကြောင့် မြန်မာပြည်ပြဿနာ ဖြေရှင်းရန် ပို၍ ခက်ခဲလာသည်ကို ကြုံခဲ့ပြီဖြစ်၏။ ယခု NUG နှင့် PDF အပါအဝင် နွေဦးအင်အားစုများအား ဖယ်ထုတ်စဉ်းစားပါက မြန်မာပြည်နိုင်ငံရေးပြဿနာကို ဖြေရှင်း၍ပင် ရမည်မဟုတ်ပေ။
မြောက်ပိုင်းသုံးဖွဲ့သည် အောင်မြင်မှုရရှိရန် ပျမ်းမျှ အချိန် ၁၀ နှစ်ခန့် ယူခဲ့ကြရသော်လည်း PDF နှင့် နွေဦးအင်အားစုများသည် လေးနှစ်တာကာလဖြစ်သည့် အချိန်တိုအတွင်းတွင် အောင်မြင်မှုများရရှိခဲ့သည်ကို လက်တွေ့ မြေပြင်အချက်အလက်များက ဖော်ပြနေ၏။
မြန်မာပြည် နိုင်ငံရေးပြဿနာဟုဆိုလျှင် လွှမ်းမိုးနေသည်က လက်နက်ကိုင်တော်လှန်ရေး (ဝါ) လက်နက်ကိုင်နိုင်ငံရေး ဖြစ်နေသည်။ မြန်မာပြည် နိုင်ငံရေးပြဿနာတွင် အဓိကကျသည့် စစ်ရေးပြဿနာကို ကြည့်မြင်သုံးသပ်ရာတွင် လက်တွေ့ မြေပြင်အခြေအနေ၊ အချက်အလက်များအပေါ် အခြေပြုပါမှ ပြဿနာကို မှန်ကန်စွာ ကြည့်မြင်သုံးသပ် ဖြေရှင်းနိုင်ပေလိမ့်မည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ပျူရွာများကို သိမ်း၍ ကလေး-ဂန့်ဂေါလမ်းကို ထိန်းချုပ်ရန် လုပ်ဆောင်လာ
မတ္တရာအနောက်ခြမ်းတိုက်ပွဲများ၌ မန္တလေး PDF ပါဝင်လာ
PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်တိုက်ပွဲ
တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း
ဖလမ်းနှင့် အင်းတော်တိုက်ပွဲ တပ်မ ၇၇ အထိနာဟုဆို
ဧရာဝတီတိုင်း စစ်မျက်နှာ ကျယ်ပြန့်လာနေပြီ
ဗဟိုစုစည်းမှု မရှိသော မြန်မာ့တော်လှန်ရေးသည် ကြံ့ကြံ့ခံနိုင်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်