ဧပြီလ ၅ ရက်ညပိုင်း အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ ညောင်ကျိုးစခန်းကို ဧပြီလ ၂ ရက်ကတည်းက သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ညောင်ကျိုးစခန်းသည် စစ်ကောင်စီ၏ ပဲခူးတိုင်း အနောက်ခြမ်း ခံစစ်အတွက် အရေးပါသော ဗျူဟာအဆင့် ခံစစ်စခန်းတခုဖြစ်၏။
ယခုကဲ့သို့ ဗျူဟာအဆင့်ရှိ စစ်ကောင်စီဘက်က ခံစစ်စခန်း ကျဆုံးသွားခြင်းကြောင့် ပဲခူးအနောက်ခြမ်းက စစ်ကောင်စီ၏ ကပစများအတွက် စိုးရိမ်စရာ အခြေအနေတရပ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များရှိရာနေရာကို AA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဝင်ရောက် မလာနိုင်စေရန် အရေးကြီးသည့်နေရာ ဖြစ်သည်။ ယခုကဲ့သို့ ဗျူဟာအဆင့်ရှိ စစ်ကောင်စီဘက်က ခံစစ်စခန်း ကျဆုံးသွားခြင်းကြောင့် ပဲခူးအနောက်ခြမ်းက စစ်ကောင်စီ၏ ကပစများအတွက် စိုးရိမ်စရာ အခြေအနေတရပ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
စစ်ကောင်စီဘက်က စိုးရိမ်ခဲ့ကြသည့် AA နှင့် ပူးပေါင်းတပ်များ၏ ပဲခူးအနောက်ခြမ်း ထိုးစစ် အစကို ပြန်ကြည့်မည်ဆိုပါက တောင်ပုံကြီးစခန်းတိုက်ပွဲက အစပြုသည်ဟု ယူဆရမည်ဖြစ်သည်။ တောင်ပုံကြီးစခန်းသည် တောင်ကုတ်-ပန်းတောင်း ကားလမ်းပေါ်ရှိ စစ်ကောင်စီ စခန်းတခုဖြစ်သည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်နယ်မြေထဲတွင်ရှိပြီး ရခိုင်မှာ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကွပ်ကဲမှုအောက်က အစွန်ဆုံးစခန်း ဖြစ်သည်။ ပဲခူးတိုင်းအနောက်ခြမ်းမှ အစွန်ဆုံးမြို့နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည်။ ရခိုင်ရိုးမပေါ်ရှိ ထိုစခန်းသည် အမ်းမြို့ကို စစ်ကောင်စီက လက်လွှတ်ပြီး နောက်ပိုင်း ၁၈ ရက်အကြာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ထပ်မံ လက်လွှတ်ခဲ့ရသည့်စခန်း ဖြစ်သည်။
AA ၏ ထိုးစစ်သည် သူ့နယ် ရခိုင်ပြည်နယ်အတွင်းက အစွန်ဆုံး စစ်ကောင်စီစခန်းဖြစ်သည့် တောင်ပုံကြီးစခန်းကို သိမ်းပိုက်ပြီးနောက် ရပ်တန့်သွားမည်ဟု စစ်ကောင်စီဘက်က ထင်မှတ်ခဲ့ကြသည်။ သို့သော် တောင်ပုံကြီးစခန်းကို သိမ်းပိုက်ရရှိပြီးနောက် AA နှင့် ပူးပေါင်းတပ်များသည် ရခိုင်နှင့် ပဲခူး နယ်နိမိတ်အစပ်ရှိ မိုးထိ နယ်ခြားစခန်းကို ထပ်မံ တိုက်ခိုက်ပြန်သည်။
တောင်ပုံကြီးစခန်းမှ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြီးသတ် ရှင်းလင်းရန်နှင့် ရခိုင်-ပဲခူး အစပ်ကို ထိန်းချုပ်ရန်အတွက် ဖြစ်မည်ဟု ထပ်မံ သုံးသပ်ခဲ့ကြသေး၏။ မိုးထိ နယ်ခြားစခန်းတွင် စစ်ကောင်စီဘက်က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ ၅) ဗိုလ်မှူးချုပ် ကောင်းမြတ် ဦးစီးပြီး အင်အား ရာချီဖြင့် ခုခံခဲ့သည်။
ထို့ပြင် အင်းမ အခြေစိုက် တပ်မ ၆၆ နှင့် ရခိုင်ဒေသမှ ဆုတ်ခွာလာရသည့် တပ်များက အရာရှိ၊ စစ်သည်များ အင်အားဖြည့်အဖြစ် ပို့ပြီး အခိုင်အမာ ခုခံခဲ့သည်။ သို့သော် မိုးထိ နယ်ခြားစခန်းကို AA နှင့် ပူးပေါင်းတပ်များက ဇန်နဝါရီလ ၂၆ ရက် နေ့လယ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ပြီးသည့်တိုင် ထိုးစစ်ကမူ ရပ်တန့်သွားခဲ့ခြင်း မရှိခဲ့ပေ။
AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် နယ်ခြားတွင် ရပ်မနေဘဲ ပဲခူးတိုင်းအတွင်းသို့ ဆက်၍ တိုးဝင်လာခဲ့၏။
AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် နယ်ခြားတွင် ရပ်မနေဘဲ ပဲခူးတိုင်းအတွင်းသို့ ဆက်၍ တိုးဝင်လာခဲ့၏။ တပ်မ ၆၆ နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ပြည်) လက်အောက်ခံတပ်များနှင့် ကပစများက စစ်ကူအင်အားများစွာဖြင့် စစ်ကောင်စီဘက်က အဆင့်ဆင့် မိုးထိနယ်ခြားစခန်းနှင့် ညောင်ကျိုးစခန်း အကြားက ကာကင်း အဆင့်ဆင့်တွင် အပြင်းအထန် ခံစစ်ဆင် ခုခံတိုက်ခိုက်နေခဲ့သည်။
စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ခံစစ်ပစ်ခတ်ခြင်း၊ စက်တပ်လေထီးများ (paramotor) များဖြင့် ဗုံးချ တိုက်ခိုက်ခြင်းနှင့် လေကြောင်းပစ်ကူ အဆမတန် အသုံးပြု ခုခံခဲ့ကြသည်။
သို့သော် AA နှင့် ပူးပေါင်းတပ်များက ရခိုင်ရိုးမပေါ်တွင် အစဉ်လိုက် တည်ရှိသည့် ပန်းကန်ကွဲစခန်း အပါအဝင် ညောင်ကျိုးစခန်း၏ ကာကင်းစခန်းများကို အစဉ်လိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ညောင်ကျိုးရွာအဝင် နတ်တောင် တာဝါတိုင် ကုန်းစခန်းကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထပ်မံ သိမ်းပိုက်ပြန်သည်။ ထိုသို့ သိမ်းပိုက်ပြီးသည့်နောက် ထိုစခန်းနှင့် တမိုင်ခန့်အကွာရှိ ညောင်ကျိုးစခန်းကို ဖေဖော်ဝါရီလ၂၆ ရက်တွင် စတင် တိုက်ခိုက်ခဲ့သည်။ ညောင်ကျိုး စခန်းသည် ညောင်ကျိုးရွာအတွင်း တည်ရှိသည့် စစ်ကောင်စီ၏ ဗျူဟာအဆင့် ခံစစ်စခန်းတခုလည်း ဖြစ်သည်။
ညောင်ကျိုးစခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေချိန်တွင် ထိုနေရာနှင့် အနီးဆုံး စစ်ဘက်ကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် ဒကစ (ပြည်) ဘက်က စစ်ကူ ပစ်ကူဆိုင်ရာ ကိစ္စများကို အဓိက ဆောင်ရွက်ပေးခဲ့သည်။
စကခ ၅ တပ်မှူးအား တပ်ဆုတ်ခွာမှုများကြောင့် ဖမ်းဆီးပြီးချိန်တွင် ဒကစ (ပြည်) က စစ်ဆင်ရေးဆိုင်ရာများ ကွပ်ကဲခဲ့ကြောင်းလည်း သိရသည်။ ဒကစ (ပြည်) က ညောင်ကျိုးကို စစ်ကူပို့ခဲ့သည့် စစ်ကူအင်အားအများစုမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဝင်ရောက်လာကြသည့် စစ်သည်များဖြစ်ကြောင်း သိရသည်။
ညောင်ကျိူးစခန်းတွင် ဗျူဟာမှူး ဦးစီးပြီး မူလ အင်အားအပြင် နပခ နယ်မြေအတွင်းက လက်လွှတ်လိုက်ရသည့် တပ်များကို ပြောင်းရွှေ့လာကြသည့် အရာရှိ၊ စစ်သည်များ၊ ပန်းတောင်းတပ်နယ်မှ လက်ရုံးတပ်များနှင့် စစ်ကူ စစ်ကြောင်းများ၏ အင်အားအပါအဝင် ၇၀၀ နီးပါးခန့်အထိ စစ်ကောင်စီဘက်က ဖြည့်တင်းထားခဲ့သည်။ မှော်ဘီ အခြေစိုက် တပ်မဟာ ၄ (စကခ ၄) လက်အောက်ခံ တပ်ရင်း သုံးရင်းလည်း အပါအဝင်ဖြစ်သည်။

ညောင်ကျိုးစခန်းသည် တောင်ပုံကြီးစခန်းနှင့် မိုးထိစခန်းတို့ထက် မြေအနေအထားအရ စစ်ကောင်စီဘက်က အားနည်းချက်များသောစခန်း ဖြစ်သည်။ အနောက်ဘက်ရှိ ကာကင်းစခန်းများ သိမ်းပိုက်ခံရပြီးသည့်နောက် စခန်းကို တိုက်စစ်ဆင်သူဘက်က စိုးမိုးနိုင်သည့် အနေအထားကို ရောက်သွားစေခဲ့သည့်သဘော တွေ့ရသည်။
ထိုနေရာတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူကလည်း ခံစစ်အတွက် ထိရောက်မှု မရှိခဲ့သည်ကို တွေ့ရသည်။ Yak-130, FTC -2000 လေယာဉ်များ အပါအဝင် လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုပြီး ကြိမ်ဖန်များစွာ ပစ်ကူပေးခဲ့သော်လည်း မြေပြင်တပ်များနှင့် ချိတ်ဆက်ပြီး ထိရောက်သည့် ပစ်ကူမပေးနိုင်ကြောင်း တွေ့ရသည်။
နောက်ဆုံးတွင် စစ်ကောင်စီ၏ ညောင်ကျိုး ဗျုဟာစခန်းသည် မြေပြင် စစ်ကူအင်အားရော လေကြောင်းပစ်ကူ အင်အားပါ အလွန်အကျွံ ရယူထားသော်လည်း အင်အား ၃, ၀၀၀ ကျော် နီးပါး စုဖွဲ့ထားသည့် AA နှင့် ပူးပေါင်းတပ်တို့၏ တိုက်စစ်ကို တောင့်ခံနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ လက်လွှတ်ခဲ့ရကြောင်း တွေ့ရသည်။
နောက်ဆုံးတွင် စစ်ကောင်စီ၏ ညောင်ကျိုး ဗျုဟာစခန်းသည် မြေပြင် စစ်ကူအင်အားရော လေကြောင်းပစ်ကူ အင်အားပါ အလွန်အကျွံ ရယူထားသော်လည်း အင်အား ၃, ၀၀၀ ကျော် နီးပါး စုဖွဲ့ထားသည့် AA နှင့် ပူးပေါင်းတပ်တို့၏ တိုက်စစ်ကို တောင့်ခံနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ လက်လွှတ်ခဲ့ရကြောင်း တွေ့ရသည်။
ဆောင်းပါးရေးနေဆဲ အချိန်အထိ စစ်ကောင်စီဘက်က လော်ဘီများအတွင်းတွင် ညောင်ကျိုး မကျသေးသည့်အဖွဲ့နှင့် ညောင်ကျိုး ကျ၍ ပြန်တိုက်မည့် အဖွဲ့နှစ်ဖွဲ့ကွဲနေဆဲ ဖြစ်သည်။ လတ်တလော ငလျင်ကြောင့် အပစ်ရပ် ကာလအတွင်း ကပစ ၆ စည်းရုံးရေးနယ်အတွင်းက လျှော်ဖြူ စခန်းဘက်ကို စစ်ကောင်စီဘက်က စစ်ကူအင်အားများ ဖြည့်တင်းနေကြောင်း တွေ့ရသည်။
ညောင်ကျိုးကို စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရပြီဖြစ်သဖြင့် ပဲခူးအနောက်ခြမ်း ကပစများကို AA နှင့် ပူးပေါင်းတပ်များက မကြာမီ ဝင်ရောက် တိုက်ခိုက်တော့နိုင်မည့် သဘောကို တွေ့ရသည်။ ပဲခူးတိုင်း အနောက်ခြမ်းက ညောင်ကျိုးနှင့် အလှမ်းမဝေးသည့် နေရာများ တွင်ရှိသည့် စစ်ကောင်စီတပ်နှင့် စက်ရုံများမှာ သံရည်ကြိုစက်ရုံ ကပစ ၆ (ညောင်ခြေထောက်)၊ လက်နက်ငယ် ကျည်စက်ရုံ ကပစ ၉ (ကျောက်ဖူး)၊ ယမ်းချက်စက်ရုံ ကပစ ၅ (ကမြိုင်)၊ ယမ်းချက် စက်ရုံ ကပစ ၁၆ (မသုံ)၊ ဒုံးတပ်ရင်း (ဒတရ ၆၀၁) (ဥသျှစ်ပင်)၊ ခြေလျင်တပ်ရင်း (ခလရ ၉၂) (ပန်းတောင်း)၊ ခဲယမ်းမီးကျောက်တပ်ရင်း (ခယရ ၂) (ပန်းတောင်း )၊ ကစလ စက်ရုံ (ထုံးဘို) နှင့် ကပစ ၃ (ဆင်တဲ) တို့ ဖြစ်သည်။
ပထမဆုံး အတိုက်ခံရနိုင်သည့် ကပစမှာ ညောင်ခြေထောက် ကပစ ၆ ဖြစ်နိုင်သည်။ ကပစရှိ စစ်သည်နှင့် မှီခိုမိသားစုများကို လက်နက်ငယ် ပစ်ခတ်စဉ် ဝင်ရောက်လေ့ကျင့်စေပြီး စစ်သင်တန်းများ ပေးနေကာ တပ်အသင့်ပြင်ထားကြောင်း တွေ့ရသည်။
ထိုဒေသက ကပစ စက်ရုံများကို သိမ်းပိုက်နိုင်ပါက စစ်တပ်သုံး လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုကို အတိုင်းအတာတခုအထိ ထိခိုက်သွားနိုင်သည်။ ကပစ စက်ရုံ အများစု၏ နယ်နိမိတ်သည် ကြိုးဝိုင်း သစ်တောများနှင့် ဆက်စပ်နေသဖြင့် ဖုံးကွယ်မှုနှင့် ချဉ်းကပ်ရန် လွယ်ကူနိုင်သည်။
သစ်ခိုးထုတ်သည့် တောတွင်း ကားလမ်းများနှင့် ဆင်ဆွဲ လမ်းများကတဆင့် အလွယ်တကူ ချဉ်းနင်း ဝင်ရောက်နိုင်ကြောင်း တွေ့ရသည်။ AA ၏ ထိုးစစ်သည် ချီစစ် လမ်းကြောင်းပေါ်က စစ်ကောင်စီ ကပစနှင့် တပ်များကို တခုချင်း သိမ်းပိုက်ကာ မြေအနေအထားအရ ဥသျှစ်ပင်ကို အလွယ်တကူ ဝင်ရောက်နိုင်သည်။
ထိုမှတဆင့် ပန်းတောင်းဘက်ကို ဝင်ရောက်လာနိုင်သည်။ ပန်းတောင်းတွင် တန့်ကြည်တောင်ကုန်းသည် စိုးမိုးကုန်းအဖြစ်ရှိနေပြီး စစ်ကောင်စီဘက်က ခံစစ်ဆင်ထားကြောင်း သိရသည်။ စစ်ကောင်စီတပ်များနှင့် ထိုစခန်းကုန်းကို သိမ်းပိုက်ပြီးပါက AA နှင့် ပူးပေါင်းတပ်များသည် ဧရာဝတီမြ စ် အနောက်ဘက်ခြမ်းကို ထိန်းချုပ်နိုင်ဖွယ် ရှိနေသည်။
AA နှင့် ပူးပေါင်းတပ်များသည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ပြည်မြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် ဒကစ (ပြည်) ကို စစ်ရောက်လာမည့်သဘောတွင် ရှိသည်။
ထိုမှတဆင့် AA နှင့် ပူးပေါင်းတပ်များသည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ပြည်မြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် ဒကစ (ပြည်) ကို စစ်ရောက်လာမည့်သဘောတွင် ရှိသည်။
အခြားသော အကြောင်းအရာများ ကြားဝင်လာခြင်း မရှိပါက လပိုင်းအတွင်း AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် ပြည်မြို့ကို ခြိမ်းခြောက်လာနိုင်ဖွယ် ရှိနေသည်။
ထို့ပြင် ထိုးစစ်အတွင်း ပေါက်ခေါင်း၊ နတ္တလင်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ သဲကုန်း၊ မင်းလှ၊ သာယာဝတီရှိ တော်လှန်ရေးတပ်ဖွဲ့များပါ ပေါင်းမိသွားပါက စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်ကို ပဲခူးအနောက်ခြမ်းက အိပ်မက်ဆိုးများ မက်အောင် လုပ်ဆောင်ကြဖွယ်ရှိနေတော့သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ပစ်မှတ်ဖြစ်လာတော့မည့် စစ်လက်နက်ထုတ် ကပစ စက်ရုံများ
ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၁
ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၂
AA တိုက်နေတဲ့ ညောင်ကျိုးစခန်းက ဘယ်လောက်အရေးပါလဲ (ရုပ်/သံ)
၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ
ကပစ စက်ရုံတွေ လုံခြုံအောင်ကာဖို့ မဖြစ်နိုင်တော့ဘူး (ရုပ်/သံ)