ဧပြီလ ၂၂ ရက်တွင် မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်း လားရှိုးကို ဝင်ရောက်လာမှုကြောင့် ဆိုရှယ်မီဒီယာတွင် လှုပ်ခတ်မှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ထိုရက်မှာပင် အချိန်ကိုက်ဆိုသလို လားရှိုးကို စစ်ကောင်စီနှင့် တရုတ် ပူးတွဲအုပ်ချုပ်သည့် ရုံးပုံစံ အဆောက်အဦ၏ အတွင်းပိုင်းဓာတ်ပုံများပါ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို နည်းပညာအရ စစ်ဆေးကြည့်သည့်အခါ AI ဖြင့် လုပ်ဆောင်ထားသည့် ဓာတ်ပုံများဖြစ်ကြောင်း သိရသည်။
သို့သော် စစ်ယာဉ်တန်းဝင်ရောက်လာမှုနှင့် ရုံးပုံစံ ဓာတ်ပုံများကြောင့် နွေဦးတော်လှန်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေး အဆုံးသတ်သွားပြီဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။ အားတက်စရာဖြစ်စေခဲ့သည့် ရှမ်းမြောက်မှ အောင်မြင်မှုရလဒ်ကို လွယ်လွယ်ပင် ရိုက်ချိုးခံလိုက်ရကြောင်း သုံးသပ်သူများလည်း ရှိ၏။
လားရှိုးကို ပြန်ယူမည်ဆိုသည့် စစ်ကောင်စီ၏ ယခင်ကတည်းက ဝါဒဖြန့်မှုများသည် ယခုအခါ အမှန်တကယ် ဖြစ်လာခဲ့ပြီဟုလည်း ဆိုနိုင်သည်။ စစ်ဘက် အသုံးအနှုန်းအရ ရန်သူ့စခန်းကုန်းတခုကို တိုက်ပြီး သိမ်းပိုက်နိုင်သည့်အခါ “ရန်သူ့ စခန်းကုန်းကို ရပြီ” ဟု သုံးနှုန်းတတ်ကြသည်။ မိမိစခန်းကုန်း ရန်သူ့လက်သို့ ကျရောက်သွားပြီးနောက် ပြန်၍ တိုက်ယူရသည့် အခါမျိုးတွင် “ပြန်ရပြီ” ဟု သုံးလေ့ရှိကြသည်။
ယခုကဲ့သို့ တရုတ် အကူအညီဖြင့် လားရှိုးကို ပြန်၍ ဝင်ရောက်နိုင်သည့်အခါ “ပြန်ရပြီ” ဟု စစ်လော်ဘီများ မသုံးနိုင်ကြဘဲ “ပြန်လည်ဝင်ရောက် နေရာယူနေကြပြီ” ဟုသာ သုံးနှုန်းနေကြသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ တရုတ်၏ကြားဝင်မှုဖြင့် လားရှိုးကို စစ်ကောင်စီဘက်က ပြန်လည် ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။
ယခုကဲ့သို့ တရုတ် အကူအညီဖြင့် လားရှိုးကို ပြန်၍ ဝင်ရောက်နိုင်သည့်အခါ “ပြန်ရပြီ” ဟု စစ်လော်ဘီများ မသုံးနိုင်ကြဘဲ “ပြန်လည်ဝင်ရောက် နေရာယူနေကြပြီ” ဟုသာ သုံးနှုန်းနေကြသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ တရုတ်၏ကြားဝင်မှုဖြင့် လားရှိုးကို စစ်ကောင်စီဘက်က ပြန်လည် ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။
အလံတလူလူလွှင့်ပြီး ဝင်လာသည့် စစ်ယာဉ်တန်းပေါ်က စစ်သီချင်းသံလည်း မကြားရသလို လမ်းဘေးတွင် စစ်တပ်ထောက်ခံသူ နေ့စားများက ကြိုဆိုသည်ကိုလည်း မတွေ့ခဲ့ရပေ။
လားရှိုးဖြစ်စဉ်ကြောင့် စစ်တပ်ထောက်ခံသူ အချို့ကပင် မြန်မာ့တပ်မတော်၏ သမိုင်းဝင် တိုက်ပွဲအချို့ကိုပါ မေးခွန်းပြန်ထုတ်လာကြသည်။ မြန်မာစစ်တပ်၏ ယခင်က အောင်ပွဲများသည်လည်း ယခုကဲ့သို့ ညှိနှိုင်းပြီး ရယူခဲ့လေသလားဟု မေးခွန်းထုတ်လာကြခြင်း ဖြစ်၏။ ဇာတ်ညွှန်းဆွဲပြီးသား ပြဇာတ်တခုကို လက်အောက်က ဘဝများ စတေးခံပြီး ကပြခဲ့ကြလေသလားဟု စဉ်းစားစရာလည်း ဖြစ်ခဲ့သည်။
တဖက် အဖွဲ့အစည်းများနှင့် ညှိလိုက်နှိုင်းလိုက် အချိန်တန်တော့ ခွက်ချင်းတိုက်လိုက်နှင့် စတေးခံခဲ့ရသည့် လက်အောက်မှ အရာရှိ၊ စစ်သည်များက ကာလတခု ကြာသည့်အခါ အမေ့ခံဘဝနှင့် မိသားစုများ ပြိုကွဲကြရကြောင်း စစ်မှုထမ်းတချို့ကလည်း ထောက်ပြကြသည်။
ထိုအခြေအနေတွင် လက်ဝေခံ ရှားရှားပါးပါး စစ်လော်ဘီ အချို့ကမူ မျက်စိစုံမှိတ်ပြီး “လားရှိုးပြန်ရ တို့အဘ၊ လားရှိုးပြန်ယူ အမေကြူ” ဆိုပြီး အာဏာရှင်ဂုဏ်တော်တွေ ချီးမွမ်းနေကြကြောင်း အံ့ဩဖွယ် တွေ့ရသေး၏။ ထိုသူများသည် စစ်ကို တကယ်မကြုံဘူးဘဲ ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို ထောက်ခံကြသူများ ဖြစ်သည်။

စစ်တပ်ထောက်ခံသူ အမာခံ အများစုအတွက်ကမူ လားရှိုးဖြစ်စဉ်သည် အရှက်ရဖွယ်ကိစ္စအဖြစ်သာ မြင်ကြကြောင်း တွေ့ရသည်။ ဆုံးရှုံးသွားသည့်နယ်မြေများကို ပြန်တိုက်မယူနိုင်တော့သည့် စစ်တပ်ဖြစ်ကြောင်း ပြသခဲ့သည့်သဘောကြောင့်ဟု တွက်ဆမိ၍လည်း ဖြစ်သည်။
လားရှိုးကို စစ်ယာဉ်တန်းများ ဝင်မလာခင် ရက်ပိုင်းအလို၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင် ခရီးစဉ်တွင် ကျေးဇူးရှင် တရုတ်ကို မစော်ကားရန် ပြောခဲ့ကြောင်း သတင်းတပုဒ် ဖတ်လိုက်ရသည်။
လားရှိုးကို စစ်ယာဉ်တန်းများ ဝင်မလာခင် ရက်ပိုင်းအလို၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင် ခရီးစဉ်တွင် ကျေးဇူးရှင် တရုတ်ကို မစော်ကားရန် ပြောခဲ့ကြောင်း သတင်းတပုဒ် ဖတ်လိုက်ရသည်။
“လားရှိုးကိစ္စမှာ တပ်က မကျေနပ်တဲ့သူတွေ ရှိတယ်။ လားရှိုးကို တရုတ်က အုပ်ချုပ်နေသလို ခံစားရလို့ တခုခုဆို တရုတ်ကို အကြောင်းကြားပြီးမှ လုပ်ရမယ်ဆိုတော့ ဝေဖန်သူတွေလည်း ရှိတယ်။ ဒါကြောင့် မနေ့က ပြင်ဦးလွင်ကို တပ်ချုပ်ရောက်တော့ တရုတ်ကို မဝေဖန်ဖို့၊ ကျေးဇူးရှင်ကို မစော်ကားဖို့ မှာတယ်ဆိုတာထက် သတိပေးတာ” လို့ ပြောခဲ့တာဖြစ်ကြောင်း သတင်းအရင်းအမြစ်တခုကို ကိုးကား၍ DVB က ဖော်ပြခဲ့သည်ကို တွေ့ရ၏။
ထို့ပြင် လားရှိုးကို ပြန်ဝင်ရမည့်တပ်များမှ တပ်မှူးများအနေဖြင့် တရုတ်စောင့်ကြည့်ရေးအဖွဲ့ မကြိုက်တာ တခုခုလုပ်လျှင် ချက်ချင်း စုံခုံဖွဲ့ အရေးယူမည်ဟုပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်အောက်ကို ခြိမ်းခြောက်ခဲ့ပြန်သေးကြောင်းလည်း တွေ့ရသည်။
စစ်ခေါင်းဆောင်က ထိုသို့ပြောပြီး မကြာမီ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ညီအကိုတွေလို့ ပြောပြန်သည်။ သူက “မင်းတို့ ဘာမှ ကြောက်စရာ မလိုဘူး၊ အရင်ကလို ကိုးကန့်တွေက ပစ်တာခတ်တာ လုပ်မှာမဟုတ်ဘူး၊ ငြိမ်းချမ်းရေး ယူပြီးပြီ၊ တို့ ညီအကိုတွေ ဖြစ်သွားပြီ၊ တခုခုဆို ကိုးကန့်တပ်တွေက ကာကွယ်ပေးလိမ့်မယ့် ဟိုရောက်ရင်လည်း လာကြိုလိမ့်မယ် တိုင်တိုင်ပင်ပင် လုပ်ကြ” ဟု ပြောကြောင်း DVB ကပင် ဖော်ပြခဲ့ပြန်သည်။
ဧပြီလ ၂၄ ရက်နေ့ကလည်း အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကို စစ်ဆေးစဉ် “ဦးနေဝင်း လက်ထက်မှာလည်း ကူညီတယ်၊ ဦးသန်းရွှေ လက်ထက်လည်း ကူညီတယ်၊ ကျနော်တို့ လက်ထက်မှာလည်း ကူညီနေတုန်းပဲ။ ရယူလိုစိတ်မရှိတဲ့ ကူညီမှုမျိုးပါ။ ဒါကို ကျေးဇူးတင်ရမယ့်အစား ဝိုင်းပြီး ပုတ်ခတ်နေတာဟာ တရုတ်နိုင်ငံကို စော်ကားသလို ဖြစ်နေတယ်၊ သတိထားပြီး ဆောင်ရွက်ကြဖို့ မှာချင်တယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များကို ပြောကြောင်း အခြား မီဒီယာတခု၏ သတင်းတပုဒ်တွင် ဖတ်ရပြန်သည်။
စစ်တပ် အာဏာသိမ်းထားစဉ် အင်အားပြင်းငလျင်ကြောင့် သဘာဝဘေးကပင် သူ့ကို မထောက်ခံကြောင်း သိသွားပြီး စိတ်ပျက်နေသည့် စစ်ခေါင်းဆောင်သည် ငလျင်အလွန်၌ တရုတ်ကို လုံးဝနီးနီး အားကိုးရတော့မည်ဖြစ်၍ ထင်သည်။ ချေးငွေအပြင် နေပြည်တော်တည်ဆောက်ရေးပါ ကူညီမည်ဟု တရုတ်ဘက်ကလည်း ပြောလာကြောင်း သိရသည်။
နဂိုကမှ အခွန်အကောက် မရတာရော စီးပွားရေး မကောင်းတာကြောင့်ပါ ဘတ်ဂျက်မရှိသည့် စစ်ကောင်စီအတွက် ပျက်စီဆုံးရှုံးမှုများက ပြန်ထနိုင်စရာ အခြေအနေ မရှိပေ။ နိုင်ငံတကာက မထောက်ခံသည့် စစ်ကောင်စီသည် ငလျင်ကြောင့် တရုတ်အကူအညီကို မရမနေ ရယူရမည့် အနေအထား ဖြစ်သွားစေခဲ့သည်ဟုလည်း ဆိုနိုင်သည်။
နဂိုကမှ အခွန်အကောက် မရတာရော စီးပွားရေး မကောင်းတာကြောင့်ပါ ဘတ်ဂျက်မရှိသည့် စစ်ကောင်စီအတွက် ပျက်စီဆုံးရှုံးမှုများက ပြန်ထနိုင်စရာ အခြေအနေ မရှိပေ။ နိုင်ငံတကာက မထောက်ခံသည့် စစ်ကောင်စီသည် ငလျင်ကြောင့် တရုတ်အကူအညီကို မရမနေ ရယူရမည့် အနေအထား ဖြစ်သွားစေခဲ့သည်ဟုလည်း ဆိုနိုင်သည်။
ပြန်စဉ်းစားကြည့်မိသည့်အခါ ယခင်က တရုတ်၏ မျက်စိမှိတ်ပေးခဲ့မှုသည် ရှမ်းမြောက်က အောင်ပွဲများအတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။ သို့သော် တရုတ်ဘက်က ယခုလို မျက်စိပြန်ဖွင့်လာသည့်အချိန်တွင် ပုံစံက ပြောင်းသွားခဲ့သည်။
စစ်ကောင်စီဘက်လည်း ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကစ၍ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မသိမသာ ခွင့်ပြုပေးခဲ့သေးသည်။ စစ်ရှုံး၍သာ တရုတ်ကို ညစ်တွန်းတွန်းနေခဲ့ရသော်လည်း စစ်ဗိုလ်ချုပ်များ၏ စိတ်ထဲတွင် တရုတ်ကို ရွံလည်းရွံ ကြောက်လည်းကြောက် ဖြစ်နေခဲ့၏။
တရုတ်၏ “ဟ” ပေးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (ERO) များနှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ မြေပြန့်အထိ ဆင်းလာမည်ကိုလည်း စစ်ဗိုလ်ချုပ်များ သေမလောက် စိုးရိမ်ခဲ့ရသည်။ ၁၀၂၇ ဒုတိယလှိုင်းတွင် ERO များနှင့် မန္တလေး PDF ပေါင်းပြီး မန္တလေးအနီးအထိ တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့သည်။
တဖက်ကလည်း လားရှိုး-နောင်ချို-တောင်ခမ်းမှသည် ကျောက်ဆည်လွင်ပြင်ဘက် ဆက်ဆင်းလာမည့် အခြေအနေအထိ ရောက်လာခဲ့သည်။ ထိုအစီအမံအတိုင်း ထိုးစစ်ဆင်လာပါက စစ်ကောင်စီ နိဂုံးချုပ်ဖို့ အခြေအနေ နီးကပ်သွားနိုင်သည်။
ထို့ကြောင့် ၁၀၂၇ ဒုတိယလှိုင်းအတွင်း လားရှိုးကို လက်လွှတ်လိုက်ရချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခုံပေါ်က မဆင်းရရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များ တောင်းသမျှ လိုက်လျောပေးရေးကို စဉ်းစားလာသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရေးကဲ့သို့သော တောင်းဆိုမှုများကို လိုက်လျောပြီး တိုက်ပွဲများကို လျှော့ချရန် လုပ်ဆောင်လာသည်။

နောင် လွှတ်တော်တွင် ဆွေးနွေးနိုင်အောင် လုပ်ပေးပါမည်ဆိုသည့်လေသံကို ဟိုင်ဂင် သဘောတူညီချက်နောက်ပိုင်း အကြားရများလာခဲ့သည်။ နယ်မြေများ ပေးလိုက်ရလျှင်ပင် စစ်ပွဲဇုန် လျှော့ချပြီး စစ်ကောင်စီ ထိန်းချုပ်လို့ရသေးသည့် ဒေသများကို အုပ်ချုပ်ကာ မင်းလုပ်ချင်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကွက်ဖြစ်သည်။ ဖက်ဒရယ်စနစ်ပင် သူ့လက်ထက်ရောက်မှသာ တိုင်းရင်သားများ ရကြသည်ဆိုသည့်ပုံစံ ဖမ်းချင်နေပုံရသည်။
၁၀၂၇ ဒုတိယလှိုင်း အားကောင်းနေသည့် အခြေအနေတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော် ရောက်လာသည့်အချိန်တွင် တရုတ်မုန်းတီးရေး လှုပ်ရှားမှုများကို ရပ်တန့်ရန်နှင့် မြန်မာပြည်တွင်းရှိ တရုတ်၏အကျိုးစီးပွား အာမခံချက်ကို စစ်ခေါင်းဆောင်ထံက တောင်းသည်။ ခရီးစဉ်အပြီးတွင် တရုတ်ဆန့်ကျင်ရေးများသည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကွယ်သွားသည်။
MNDAA ကိုးကန့်တပ်များကို ကွေ့ရှမ်းတရုတ်တပ်များဟု ပုံဖော်မှုများကိုလည်း လုံးဝ မတွေ့ရတော့ပေ။ ထို့အတူ စစ်ကောင်စီတပ်တွင်း၌ လားရှိုးကို ပြန်ရတော့မည်ဟု ကျကျနန သတင်းလွှင့်လာခဲ့သည်။ ထိုအချိန်သည် လားရှိုးကို MNDAA ကိုးကန့်တပ်က သိမ်းပိုက်အပြီး ၁၀ ရက်ကျော်ကာလသာ ရှိသေးသည်။
တရုတ်ဘက်က စစ်ခေါင်းဆောင်ကို မကြိုက်သော်လည်း အကျိုးစီးပွားအတွက် လိုအပ်နေသည့်ပုံရ၏။ ဒီမိုကရေစီအစိုးရထက် သူ့ဘက်ကို ယိမ်းသည့် စစ်အုပ်စု မြန်မာပြည်တွင် အာဏာရနေရေးက သူ့အကျိုးစီးပွားအရ စိတ်ကြိုက် အမြတ်ထုတ်ရေး၏ လိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် စစ်ခေါင်းဆောင်နှင့် လားရှိုးကိစ္စ အပါအဝင် အပေးအယူလုပ်ခြင်း ဖြစ်သည်။
တရုတ်ဘက်က စစ်ခေါင်းဆောင်ကို မကြိုက်သော်လည်း အကျိုးစီးပွားအတွက် လိုအပ်နေသည့်ပုံရ၏။ ဒီမိုကရေစီအစိုးရထက် သူ့ဘက်ကို ယိမ်းသည့် စစ်အုပ်စု မြန်မာပြည်တွင် အာဏာရနေရေးက သူ့အကျိုးစီးပွားအရ စိတ်ကြိုက် အမြတ်ထုတ်ရေး၏ လိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် စစ်ခေါင်းဆောင်နှင့် လားရှိုးကိစ္စ အပါအဝင် အပေးအယူလုပ်ခြင်း ဖြစ်သည်။
အပေးအယူလုပ်ပြီး လားရှိုးကို ပြန်ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်နေရာဟောင်းများတွင် ဝင်ရောက် နေရာယူပြီးနောက် ဇာတိပြလာသည်။
တရုတ်နိုင်ငံသားတဦး TikTok တွင် တင်ထားသည့် ဗီဒီယိုအရ အဆောက်အဦတခုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းသည်ကို တွေ့ရသည်။ လားရှိုးတွင် ဝင်ရောက်နေရာယူအပြီး နှစ်ရက်အကြာ ဧပြီလ ၂၄ ရက်တွင် လားရှိုး-သိန္နီအထွက် အေတီ တံတားတွင် လုံခြုံရေးတာဝန်ယူနေသည့် စစ်ကောင်စီတပ်က ငွေစတောင်းနေကြောင်း သတင်းဖတ်ရပြန်သည်။ တရုတ် ယွမ်ငွေ ၂,၀၀၀ (သို့မဟုတ်) ၅ သိန်းကျပ် ပေးရကြောင်းနှင့် နေ့စဉ် ဖြတ်သန်းသည့် ယာဉ်အစီးရေအရ တနေ့လျှင် ဝင်ငွေ သိန်း ၅၀၀ ခန့် ရနိုင်ကြောင်း သိရသည်။
ထိုသတင်းများ ကြားရသဖြင့် စစ်တပ်ထောက်ခံသူ အသိတဦးနှင့် လားရှိုးကိစ္စ စကားပြောဖြစ်ကြသည်။ စကားပြောနေရင်း သူက စိတ်ပျက်လက်ပျက်နှင့် သီချင်း ထညည်းသည်။ “အချစ်ဆိုတာ ပြန်တောင်းလို့လည်း ရကောင်းသောအရာ ဟုတ်ပါသလား… သက်လျာဖြေစမ်းပါ” ဟူ၍ ဖြစ်သည်။ ထို့နောက် သီချင်းကို ရပ်လိုက်ပြီး “ဒီမှာဆရာရဲ့ လားရှိုးက ပြန်တောင်းလို့လည်း ရကောင်းတဲ့ အရာပါဗျာ၊ လည်တဲ့ကောင်တွေလည်း ခွဲတမ်းရကြတာပေါ့ ဒါပေမယ့် တပ်မတော်သမိုင်းကတော့ မြောင်းထဲရောက်ခဲ့တာ ကြာပါပြီဗျာ” ဟု ပြောသည်။
သူ့စကားအဆုံးတွင် နေပြည်တော် စာကြည့်တိုက်ကို သွားသည့်အချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမိုင်းအမှန်သိရန်လိုကြောင်း ပြောခဲ့သည်ကို သွားသတိရမိသည်။ တပ်မတော်သမိုင်းတလျှောက် မင်းအောင်လှိုင် တပ်ချုပ်လက်ထက်တွင် တိုက်ပြီး ပြန်ယူ၍မရသဖြင့် ညှိပြီး ပြန်ယူသည့် တပ်မတော်အဖြစ် သမိုင်းဝင်သွားဖွယ်ရှိသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်ကို ဒူးထောက်လိုက်ရတဲ့ မင်းအောင်လှိုင် (ရုပ်/သံ)
လားရှိုးလွှဲပြောင်းမှုကို စီစဉ်ပြီး တရုတ်က မြန်မာကို ပိုမိုချုပ်ကိုင်လာ
တရုတ် စီမံကွပ်ကဲမှုအောက် ရောက်သွားတဲ့ လားရှိုးမြို့ (ရုပ်/သံ)
တရုတ်ကူလို့ လားရှိုးမြို့ပေါ် စစ်ကောင်စီ ခြေပြန်ချခွင့်ရ (ရုပ်/သံ)
လားရှိုးထဲ စစ်တပ် လှုပ်ရှားမှု MNDAA ထိန်းချုပ်မှုအောက် ရှိမည်