၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များ တိုက်ကွက်ဖော်ခဲ့ဖူးသည့် ကော့ကရိတ်ဒေသ တိုက်ပွဲများသည် တနှစ်ခန့်ကြာ ရပ်တန့်နေရာမှ တကျော့ပြန် ဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက် နေ့ကစပြီး KNLA ပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဌာနချုပ်များနှင့် စစ်စခန်းများကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၁၅ ရက် နံနက် ၁၁ နာရီကျော်တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ တဖက်ကမ်း ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥပုသ်ယူရန် လာသူများ အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရသည်။ ထိုဖြစ်စဉ်ကြောင့် ကျုံဒိုး-ကော့ကရိတ်က တိုက်ပွဲများကို အများက ပြန်၍ သတိထားမိလာခဲ့ကြသည်။
ကျုံဒိုးနှင့် ကော့ကရိတ်သည် စစ်ကောင်စီအတွက် ဘားအံ-ကော့ကရိတ်-သင်္ဃန်းညီနောင် လမ်းကြောင်းတွင် အရေးပါသည့် ဒေသများဖြစ်သည်။ ကော့ကရိတ်မြို့သည် ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မြဝတီမြို့နှင့် ၄၁ မိုင်မျှသာ ကွာဝေးသည်။
ကျုံဒိုးနှင့် ကော့ကရိတ်သည် စစ်ကောင်စီအတွက် ဘားအံ-ကော့ကရိတ်-သင်္ဃန်းညီနောင် လမ်းကြောင်းတွင် အရေးပါသည့် ဒေသများဖြစ်သည်။ ကော့ကရိတ်မြို့သည် ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မြဝတီမြို့နှင့် ၄၁ မိုင်မျှသာ ကွာဝေးသည်။
စစ်ကောင်စီဘက်က နိုင်ငံတော်အဆင့် စစ်ကူ စီမံချက်အဖြစ် ဆောင်ရွက်ခဲ့သည့် အောင်ဇေယျ စစ်ကြောင်းအတွက် အုပ်ချုပ် ထောက်ပံ့မှု ဆောင်ရွက်ရာ လမ်းကြောင်းလည်း ဖြစ်သည်။ နိုင်ငံတော်အဆင့် စစ်ကူမှာ တနှစ်ကျော်သည့်တိုင် မြဝတီ မဆိုထားဘိ သင်္ဃန်းညီနောင်ကိုပင် မရောက်နိုင်သေးပေ။
ကော့ကရိတ် အလွန်က ရွှေကြက်မင်း ဘုန်းကြီးကျောင်းမှာသာ ယာယီအခြေပြုနေရသဖြင့် စစ်ကောင်စီအတွက် ရှက်ဖွယ်လိလိ ဖြစ်နေရဆဲဖြစ်သည်။ ထိုသို့ ရှေ့မတိုးနိုင်သည့် အောင်ဇေယျကို ကော့ကရိတ်ဘက်က နောက်မှ အုပ်ချုပ် ထောက်ပံ့မှုများ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
စစ်ကောင်စီအတွက် ထိုကဲ့သို့ အုပ်ချုပ် ထောက်ပံ့မှုအရ အရေးပါသည့် ကော့ကရိတ်၏ မြို့အဝင်တွင် စစ်ကောင်စီ၏ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၂) ရှိပြီး ကျုံဒိုးမြို့နှင့် ကော့ကရိတ် အကြားတွင် ခမရ (၅၄၅) နှင့် ခမရ (၅၄၆)၊ ကော့ကရိတ်နှင့် မြပတိုင်ကျေးရွာကြားတွင် ခမရ (၅၄၇) နှင့် ခမရ (၅၄၈) တို့ရှိသည်။
ကော့ကရိတ်မြို့ကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးသည်။ ထို့ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဖော်ဆောင်နေသည့် တိုက်ပွဲများသည် ကျုံဒိုးနှင့် ကော့ကရိတ်ဒေသအတွက် တကျော့ပြန် မြို့သိမ်းတိုက်ပွဲများဟု ဆိုနိုင်သည်။
ကော့ကရိတ်သည် မြေအနေအထားအရ ယခင်ကလည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်က စစ်ကောင်စီတပ်စခန်းများအတွက် အုပ်ချုပ် ထောက်ပံ့မှုအရ အရေးပါခဲ့သည်။ ထိုသို့အရေးပါသည့် ကော့ကရိတ်မြို့ကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးသည်။ ထို့ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဖော်ဆောင်နေသည့် တိုက်ပွဲများသည် ကျုံဒိုးနှင့် ကော့ကရိတ်ဒေသအတွက် တကျော့ပြန် မြို့သိမ်းတိုက်ပွဲများဟု ဆိုနိုင်သည်။
ကော့ကရိတ်တိုက်ပွဲများနှင့် ဆက်စပ်ပြီး တောင်ပိုင်းက စစ်ရေးအခြေအနေကို ပြန်လည် သုံးသပ်ကြည့်မိသည်။ ထိုသို့ သုံးသပ်ကြည့်သည့်အခါ ၂၀၂၄ နှစ်ကုန်ပိုင်းမှ ယခု ၂၀၅ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) အတွင်း စစ်ကောင်စီစခန်း တခုပြီးတခုကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူလျက်ရှိသည်။
ကြိုပြီး အသံသိပ်မထွက်သဖြင့် စခန်းသိမ်းခါနီးနှင့် သိမ်းပြီးမှသာ တိုက်ပွဲသတင်းကို သိရှိရလေ့ရှိသည်။ စစ်ကောင်စီဘက်က လေကြောင်းအင်အား အဆမတန်သုံး၍ ဗုံးကြဲခြင်း၊ ထိုင်းနိုင်ငံ၏ လေကြောင်းပိုက်နက်အတွင်း ဝင်ရောက်ခြင်းနှင့် စခန်းအနီးက အရပ်သားများ နေထိုင်ရာကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် တဖက်နိုင်ငံသို့ စစ်ဘေးရှောင်ရခြင်းတို့ကြောင့်သာ သတင်းထွက်ပေါ်လာ လေ့ရှိခြင်း ဖြစ်သည်။
ယခု တပ်မဟာ ၆ အတွင်းက ကော့ကရိတ်-ကျုံဒိုး ဒေသ တကျော့ပြန် တိုက်ပွဲသတင်းများသည်လည်း ထိုသို့ပင် သိုဝှက်မှုရှိကြောင်း တွေ့ရပြန်သည်။ ယခင်က တောင်ပိုင်း၏ စစ်ရေးသတင်းများသည် ဆိုရှယ်မီဒီယာပေါ်သို့ တက်ရန် အမြန်ဆုံးဖြစ်ခဲ့ကြောင်း တွေ့ရသည်။
တိုက်ပွဲ မစတင်မီ သတင်းက ဆိုရှယ်မီဒီယာပေါ်သို့ ရောက်နှင့်ပြီး ဖြစ်နေတတ်သည်။ ထိုကဲ့သို့ သတင်းပေါက်ကြားမှုကြောင့် တော်လှန်ရေးဘက်က ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ (သတင်းပိုင်း ထိန်းချုပ်ရာတွေ အာရက္ခတပ်တော် (AA) က နမူနာယူစရာအဖွဲ့ ဖြစ်သည်။ သတင်းထုတ်ပြန်မှုကိုလည်း စစ်ကောင်စီဘက်ကို ချိန်ထိုး၍ အချိန်ကိုက် ဆောင်ရွက်လေ့ရှိသည်။)
ယခင်က ပထမအကြိမ် ဖြစ်ပွားခဲ့သည့် ကော့ကရိတ်တိုက်ပွဲသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် နေ့မှ စတင်ခဲ့ကြောင်း တွေ့ရသည်။ ကော့ကရိတ်ဒေသ တခုလုံးနီးပါး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ်မြို့ အဝင်ဝရှိ စကခ (၁၂)၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ် အကြားရှိ ခမရ (၅၄၅)၊ (၅၄၆)၊ ကော့ကရိတ်နှင့် မြပတိုင်ကျေးရွာကြားက ခမရ (၅၄၇)၊ (၅၄၈)၊ ရင်ကွဲတောင်စခန်း စသည့်နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခင်က ပထမအကြိမ် ဖြစ်ပွားခဲ့သည့် ကော့ကရိတ်တိုက်ပွဲသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် နေ့မှ စတင်ခဲ့ကြောင်း တွေ့ရသည်။ ကော့ကရိတ်ဒေသ တခုလုံးနီးပါး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ်မြို့ အဝင်ဝရှိ စကခ (၁၂)၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ် အကြားရှိ ခမရ (၅၄၅)၊ (၅၄၆)၊ ကော့ကရိတ်နှင့် မြပတိုင်ကျေးရွာကြားက ခမရ (၅၄၇)၊ (၅၄၈)၊ ရင်ကွဲတောင်စခန်း စသည့်နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေး ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ရန်အတွက် မြို့ကို စီးနင်း ဝင်ရောက်ခဲ့သည်။ KNLA နှင့် ပူးပေါင်းတပ်များဘက်က မြို့ပတ်ပတ်လည်ကိုဝိုင်း၍ ပိတ်ဆို့ ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီကလည်း မြို့အဝင်အထွက်ကို ပိတ်ပြီး ခံစစ်ဆင်ခဲ့သည်။
ထိုစဉ်က စစ်ကောင်စီ တပ်ဌာနချုပ်များကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း မြို့ဝန်းကျင်ရှိ စစ်ကောင်စီ လုံခြုံရေးနေရာနှင့် ကာကင်းစခန်း အချို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ စကခ (၁၂) ဌာနချုပ်နှင့် ခလရ (၉၇ ) အပါအဝင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဌာနချုပ်များကိုလည်း ပိတ်ဆို့၍ ဖိအားပေးနိုင်ခဲ့သည်။
ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေယာဉ်များ၊ ဒရုန်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြိုတွင်း ရပ်ကွက် ၇ ခုရှိ နေအိမ် ၅၀၀ ကျော် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တန်ပြန်ဒရုန်းများကို တွင်တွင်ကျယ်ကျယ် စတင် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်းတွေ့ရသည်။ စစ်ကောင်စီဘက်သာမက တော်လှန်ရေးပူးပေါင်းတပ်များတွင်ပါ တိုက်ပွဲများအတွင်း ထိခိုက် ဆုံးရှုံးမှုများ ရှိခဲ့သည်။
ကော့ကရိတ်ကို မသိမ်းနိုင်ခဲ့သော်လည်း တိုက်ပွဲကာလအတွင်း ကော့ကရိတ်နှင့် မြဝတီအကြားရှိ စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာနှင့် ကွပ်ကဲမှုအောက် တပ်ရင်းများကို သိမ်းပိုက်ခဲ့သည်။ သင်္ဃန်းညီနောင်ရှိ ခမရ (၃၅၅) နှင့် ခမရ (၃၅၆) တို့ကို မတ်လအတွင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီလ ၄ ရက်တွင် ခမရ (၃၅၇) နှင့် အခြေချဗျူဟာတို့ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
ထို့ပြင် မြဝတီမြို့စောင့်တပ်အဖြစ် လူသိများသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ၏ ကွပ်ကဲမှုတပ် ခလရ (၂၇၅) ကိုလည်း ဧပြီလ ၁၀ ရက် ညပိုင်းတွင် သိမ်းပိုက်ခဲ့သည်။ ထို့နောက် မြဝတီမြို့ကိုပင် ထိန်းချုပ်ရန် လက်တကမ်းအလိုသို့ ရောက်ရှိလာခဲ့သည်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ရခိုင်က တပ်မဌာနချုပ်များ ကျနေသည်ကိုပင် ပစ်ထားခဲ့ပြီး မော်လမြိုင်အထိဆင်းကာ အောင်ဇေယျ စစ်ကူစီမံချက်ကို ကွပ်ကဲခဲ့သည်။ စစ်ကောင်စီဘက်က တပ်မ ၅၅ အပါအဝင် ထုတ်နုတ် အင်အား အများအပြားနှင့် စစ်ကူစစ်ကြောင်း ချီစစ်ဆင်လာသဖြင့် KNLA ဦးဆောင်မှုဖြင့် စစ်ဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
ထိုအခြေအနေတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ရခိုင်က တပ်မဌာနချုပ်များ ကျနေသည်ကိုပင် ပစ်ထားခဲ့ပြီး မော်လမြိုင်အထိဆင်းကာ အောင်ဇေယျ စစ်ကူစီမံချက်ကို ကွပ်ကဲခဲ့သည်။ စစ်ကောင်စီဘက်က တပ်မ ၅၅ အပါအဝင် ထုတ်နုတ် အင်အား အများအပြားနှင့် စစ်ကူစစ်ကြောင်း ချီစစ်ဆင်လာသဖြင့် KNLA ဦးဆောင်မှုဖြင့် စစ်ဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့အနီးက တော်လှန်ရေးတပ်များ၊ စစ်ကြောင်းများနှင့် မြဝတီမြို့အနီးမှ စစ်ကြောင်းများကို ဒေါနတောင်ဘက်သို့ ပြောင်းပြီး ခံစစ်ဆင်ခဲ့သည်။ ဒေါနစစ်ကြောင်းသည် သင်္ဃန်းညီနောင်နှင့် မြဝတီဘက်သို့ ရောက်မလာစေရန် ဖြစ်သည်။
ထိုသို့ဖြင့် ကော့ကရိတ် မြို့သိမ်းတိုက်ပွဲများ ရပ်တန့်သွားခဲ့ရသည်။ သို့သော် KNLA နှင့် ပူးပေါင်းတပ်များသည် အောင်ဇေယျစစ်ကြောင်းကိုမူ ဒေါနတောင်ကို မကျော်နိုင်အောင် ယနေ့အထိ ဟန့်တားထားနိုင်ခဲ့ကြသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း ကော့ကရိတ်ဒေသ တကျော့ပြန် တိုက်ပွဲများသည် ဧပြီလ ၁၄ ရက်တွင် ပြန်လည် စတင်ခဲ့သည်။ ရည်ရွယ်ချက်ကို မှန်းဆကြည့်ပါက ယခုလို တကျော့ပြန်မှုသည် ကော့ကရိတ် မြို့သိမ်းတိုက်ပွဲနှင့်အတူ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည့် အောင်ဇေယျစစ်ကြောင်းကို လည်း KNLA နှင့် ပူးပေါင်းတပ်များက အပြီးသတ် ချေမှုန်းရန်ဖြစ်နိုင်သည်။
ယခုအကြိမ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များသည် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို ဦးစွာထိန်းချုပ်သည်။ ဧပြီလလယ်ပိုင်းကစပြီး တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားပြီးလည်း ဖြစ်သည်။ ထိုလမ်းကြောင်းကို စစ်ကောင်စီဘက်ကလည်း ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။
လမ်းကြောင်းဘက်ကို မြေပြင်က စစ်ကြောင်းထိုး ရှင်းလင်းရန် ကြိုးစားနေသကဲ့သို့ စကခ (၁၂) က လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိသည်။ စစ်ကောင်စီ လေကြောင်းကလည်း ကော့ကရိတ် မြောက်ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
KNLA နှင့် ပူးပေါင်းတပ်များက လမ်းကြောင်းနှင့် မြို့ပတ်ဝန်းကျင်ကို စိုးမိုးထိန်းချုပ်ထားဆဲ ဖြစ်သည်။ စစ်ကောင်စီဘက်က ရှမ်းမြောက်၌ အပေးအယူ လုပ်ပြီးပြီဖြစ်၍ ကော့ကရိတ်ဘက်သို့ စစ်အင်အား ရွှေ့ပြောင်း ဖြည့်တင်းမှုများ လုပ်ဆောင်လာနိုင်သည်။
ဧပြီလ ၂၉ ရက်နေ့တွင် ဘားအံရှိ တပ်မ (၂၂) ကွပ်ကဲမှုအောက် နည်းဗျူဟာတခုနှင့် အရန် လက်နက်ခဲယမ်းများကို ကျုံဒိုးသို့ ပို့ဆောင်ထားပြီး လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း တွေ့ရသည်။
ထိုသို့သော အခြေအနေတွင် KNLA နှင့် ပူးပေါင်းတပ်များက လမ်းကြောင်းနှင့် မြို့ပတ်ဝန်းကျင်ကို စိုးမိုးထိန်းချုပ်ထားဆဲ ဖြစ်သည်။ စစ်ကောင်စီဘက်က ရှမ်းမြောက်၌ အပေးအယူ လုပ်ပြီးပြီဖြစ်၍ ကော့ကရိတ်ဘက်သို့ စစ်အင်အား ရွှေ့ပြောင်း ဖြည့်တင်းမှုများ လုပ်ဆောင်လာနိုင်သည်။
ထုံးစံအရ လေကြောင်းပစ်ကူ အဆမတန် လုပ်ဆောင်လာနိုင်သည်။ စစ်ကောင်စီဘက်က စစ်ရေးဖိအား မည်မျှပေးစေကာမူ တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် ယခင်ကလို နောက်ပြန်ဆုတ်စရာ အကြောင်းရှိနိုင်မည်မဟုတ်ကြောင်း ယူဆရသည်။
ပထမအကြိမ်က အောင်ဇေယျ စစ်ကြောင်းကြောင့် စစ်နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်ခဲ့ရသည်ကို မှန်ကန်ကြောင်း ပြသရန် ယခုအခြေအနေသည် အကောင်းဆုံး အနေအထား ဖြစ်သည်။ လတ်တလော အခြေအနေအရ စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းကိုလည်း ရှေ့မတိုးနိုင်အောင် KNLA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကြောင်းထိုးလာ၍ ကော့ကရိတ်နှင့် ကျုံဒုံးကြား တိုက်ပွဲပြင်းထန်
ကော့ကရိတ် မြို့တွင်း၌ ပိတ်မိသူထောင်ချီ ရှိ
ကော့ကရိတ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)
ကော့ကရိတ်ကို စစ်ကောင်စီ ဗုံးကြဲပြန်
ကော့ကရိတ်နဲ့ ကျုံဒိုးက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင် (ရုပ်/သံ)