• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

by တင်ဇာအောင်
3 May 2025
in သူ့အတွေး သူ့အမြင်
A A
လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

ငလျင်လှုပ်အပြီး မန္တလေးမြို့ အပြိုအပျက်ကြားက အမျိုးသမီးတဦး/ UNFPA Myanmar

1k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ မြန်မာနိုင်ငံ စစ်ကိုင်းနဲ့ မန္တလေးကို အခြေပြု လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဟာ စစ်ဘေး၊ အငတ်ဘေး၊ ရောဂါဘယဘေးပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူအများအတွက် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ဒုက္ခတရားကို ထပ်မံ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ငလျင်ကြောင့် သေဆုံးသူ ၅,၀၀၀ နီးပါး၊ ဒဏ်ရာရရှိသူ ၁၁,၀၀၀ ကျော်၊ ပျောက်ဆုံးနေသူ ၁၀၀ ကျော်အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေဟာ အပျက်အစီးပုံတွေအောက် မြို့ပျက်ကြီးတွေလို ဘုံးဘုံးလဲ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

24 May 2025
146
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
10k
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
3k

ငလျင်ဒဏ်သင့်လို့ နေအိမ်အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ရပြီး နေထိုင်ရာမဲ့ဖြစ်ကြရတဲ့ ဒေသခံပြည်သူတွေဟာ အဆင်ပြေသင့်တင့်ရာ လမ်းမတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ခိုလှုံနေကြရပေမဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေနဲ့ စီမံခန့်ခွဲမှု အညံ့အဖျင်းကြားမှာ ငလျင်လှုပ်ခတ်မှုအပြီး တလကျော် ကြာမြင့်ချိန်အထိ အတိဒုက္ခများစွာကို ဆက်လက် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ငလျင်ဒဏ်သင့်လို့ နေအိမ်အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ရပြီး နေထိုင်ရာမဲ့ဖြစ်ကြရတဲ့ ဒေသခံပြည်သူတွေဟာ အဆင်ပြေသင့်တင့်ရာ လမ်းမတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ခိုလှုံနေကြရပေမဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေနဲ့ စီမံခန့်ခွဲမှု အညံ့အဖျင်းကြားမှာ ငလျင်လှုပ်ခတ်မှုအပြီး တလကျော် ကြာမြင့်ချိန်အထိ အတိဒုက္ခများစွာကို ဆက်လက် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ငလျင်ဟာ ဗဟိုချက်တကြောရှိရာ မြို့ကြီးတွေကို အပျက်အစီး ကြီးမားစေခဲ့ပြီး အဲဒီအပျက်အစီးတွေအတွက် နိုင်ငံတော်အဆင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ရမယ့်အဆင့်လည်း ဖြစ်ပါတယ်။

မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုပြီးနောက် ငလျင်ဘေးဒဏ်သင့် ဒေသတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေ ဆောင်ရွက်ကူညီခဲ့ကြပြီး အပျက်အစီး ပြိုပျက်မှုတွေအောက် ပိတ်မိနေသူတွေကို ကယ်ထုတ်ရေး ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။

ကူညီကယ်ဆယ်ရေးအချိန် ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်လာချိန်မှာတော့ အပျက်အစီးအောက် ပိတ်မိနေသူရဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းဟာ နည်းပါးသွားတဲ့အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို တချို့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ရပ်ဆိုင်းခဲ့ပြီး ပြန်လည် ထွက်ခွာသွားခဲ့တာလည်း ရှိခဲ့ပါတယ်။

တချို့ အဖွဲ့အစည်းတွေကတော့ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေခဲ့ပေမဲ့ ရလဒ်ကတော့ အသက်ရှင်လျက် ရှာဖွေကယ်တင်နိုင်တာမျိုး ရှိမနေခဲ့တော့ဘူး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငလျင်ဘေးကူညီကယ်ဆယ် ရေးလုပ်ငန်းစဉ်ဟာ ရေတိုခဏလေးနဲ့ ပြီးပြတ်သွားမယ့် အကြောင်းအရာ မဟုတ်တာမို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဟာ လိုအပ်နေဆဲဆိုတာ အမှန်ပါပဲ။

ဒီနေရာမှာ သေသူဟာ ပြီးပြတ်သွားပေမဲ့ ရှင်သူဟာ နာကျင်ကျန်ရစ်တယ်လို့ ဆိုတဲ့အတိုင်း ငလျင်ကြောင့် နေအိမ် အဆောက်အဦတွေ ပြိုကျ ပျက်စီးသွားတယ်။ ကံကောင်းလို့ အသက်မသေဆုံးခဲ့ပေမဲ့ ဘာပစ္စည်းကိုမှ ပိုင်ပိုင်နိုင်နိုင် မယူနိုင်ခဲ့ကြဘဲ ဘေးလွတ်ရာ ပြေးထွက်ခဲ့ကြရတာက လူအများစုပဲ ဖြစ်ပါတယ်။

ငလျင် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်တဲ့အခါမှာ အဲဒီလိုလူတွေအတွက် လိုအပ်တာတွေကို ဖြည့်ဆည်း ကူညီပေးနိုင်ဖို့က အရေးကြီးတယ်လို့ ဆိုရမှာပါ။

ဒီလို လိုအပ်တာတွေ ဖြည့်ဆည်း ကူညီကြတဲ့အခါ အခြေခံလိုအပ်ချက်တွေ အပြင် အမျိုးသမီး၊ အမျိုးသား မတူညီချက် အပေါ်မှာလည်း ခွဲခြား စဉ်းစားဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေရဲ့ အခြေခံလိုအပ်ချက်နဲ့ အမျိုးသမီးတွေရဲ့ အခြေခံ လိုအပ်ချက်ဟာ မတူနိုင်တာမို့ ဒီလို ဖြည့်တင်းစဉ်းစားပေးမှုဟာ ပိုမိုထိရောက်တဲ့ ကူညီကယ်ဆယ်ရေးကိုလည်း အထောက်အကူဖြစ်စေတာ အမှန်ပါပဲ။

ဒီလို လိုအပ်တာတွေ ဖြည့်ဆည်း ကူညီကြတဲ့အခါ အခြေခံလိုအပ်ချက်တွေ အပြင် အမျိုးသမီး၊ အမျိုးသား မတူညီချက် အပေါ်မှာလည်း ခွဲခြား စဉ်းစားဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေရဲ့ အခြေခံလိုအပ်ချက်နဲ့ အမျိုးသမီးတွေရဲ့ အခြေခံ လိုအပ်ချက်ဟာ မတူနိုင်တာမို့ ဒီလို ဖြည့်တင်းစဉ်းစားပေးမှုဟာ ပိုမိုထိရောက်တဲ့ ကူညီကယ်ဆယ်ရေးကိုလည်း အထောက်အကူဖြစ်စေတာ အမှန်ပါပဲ။

ဒီနေရာမှာ ငလျင်ဘေးသင့်ဒေသတွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ဘယ်လို အခြေခံလို အပ်ချက်မျိုးကို ကူညီဖြည့်ဆည်းသင့်သလဲလို့ ဆိုလာရင်တော့ အရေးကြီးဆုံးအဖြစ် Dignity Kits ဟာ အလိုအပ်ဆုံးပါပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ခံ စစ်ကိုင်းမြို့ရှိ အမျိုးသမီးများအား တကိုယ်ရည်သန့်ရှင်းရေးအိတ်အပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးဝေစဉ်/ UNFPA Myanmar

Dignity Kit ဆိုတာ ဘာလဲ

ကုလသမဂ္ဂရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အခြေခံ ထောက်ပံ့ရေးပစ္စည်းတွေကို Dignity Kits လို့ ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒါတွေကို စစ်ပွဲတွေ၊ ပဋိပက္ခဒေသတွေနဲ့ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ရတဲ့ ဒေသတွေမှာ ဖြန့်ဝေပေးတာပဲ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက အဲဒါတွေကို အဓိက ဖြန့်ဝေပေးတတ်ကြပါတယ်။ အထူးသဖြင့် Dignity Kits ပစ္စည်းတွေကို ကျောပိုးအိတ် ဒါမှမဟုတ် သယ်ဆောင်ရလွယ်ကူတဲ့ ပုံးတွေထဲမှာ ထည့်ပြီး မျှဝေပေးလေ့ရှိကြတာ ဖြစ်ပါတယ်။

Dignity Kits ပစ္စည်းတွေထဲမှာတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဘေးအန္တရာယ်၊ စစ်ပွဲနဲ့ အခြား အကျပ်အတည်းတွေ ရင်ဆိုင်ကြုံတွေ့ရချိန်မှာ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ ပါဝင်တာ ဖြစ်ပါတယ်။

Dignity Kit ထဲမှာ ဘာတွေ ပါလဲ

အဓိကကတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အတွက် တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ ဂုဏ်သိက္ခာအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ အနည်းဆုံး ၁၀ မျိုးလောက်တော့ ပါနိုင်ပါတယ်။ လိုအပ်ချက် မတူညီတဲ့ဒေသ၊ နိုင်ငံတွေ အတွက်ဆို မတူညီတဲ့ အမျိုးအမည် ၄၀ နီးပါးလောက်အထိ ပါဝင်နိုင်ပါတယ်။

ဥပမာအားဖြင့် အချို့ဒေသတွေအတွက် သနပ်ခါးလိုမျိုး ပါဝင်နိုင်ပြီး အချို့ဒေသတွေ အတွက်တော့ အမျိုးသမီးတွေ အသုံးပြုဖို့ ပုဝါလို အပိုပစ္စည်းပစ္စယမျိုးတွေ ပါဝင်တာ ဖြစ်ပါတယ်။

အခြေခံအားဖြင့်တော့ အမျိုးသမီးတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ သုံးလို့ရနိုင်ဖို့ လုံလောက်တဲ့ အတွင်းခံဘောင်းဘီတွေ၊ ဓမ္မတာလာရင် အသုံးပြုနိုင်ဖို့ pad ထုပ်၊ ဘရာစီယာ၊ လုံချည်၊ ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ သန့်ရှင်းရေးအတွက် သုံးဖို့ ပုဝါ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ လက်နှိပ်ဓာတ်မီး၊ ဘီး အစရှိသဖြင့် ကွဲပြားတဲ့ အမျိုးအစားတွေ ပါဝင်နိုင်တာ ဖြစ်ပါတယ်။

အခြေခံအားဖြင့်တော့ အမျိုးသမီးတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ သုံးလို့ရနိုင်ဖို့ လုံလောက်တဲ့ အတွင်းခံဘောင်းဘီတွေ၊ ဓမ္မတာလာရင် အသုံးပြုနိုင်ဖို့ pad ထုပ်၊ ဘရာစီယာ၊ လုံချည်၊ ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ သန့်ရှင်းရေးအတွက် သုံးဖို့ ပုဝါ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ လက်နှိပ်ဓာတ်မီး၊ ဘီး အစရှိသဖြင့် ကွဲပြားတဲ့ အမျိုးအစားတွေ ပါဝင်နိုင်တာ ဖြစ်ပါတယ်။

ဒီပစ္စည်းတွေက အမျိုးသမီးတွေအတွက် အခြေခံအားဖြင့် လိုအပ်တဲ့ပစ္စည်းတွေလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ လစဉ်လတိုင်းမှာ အမျိုးသမီး နှစ်ဘီလီယံခန့်ဟာ ဓမ္မတာလာကြပါတယ်။ ဒါကြောင့်မို့ စစ်ပွဲတွေ၊ ပဋိပက္ခဒေသတွေနဲ့ သဘာဝဘေးဒဏ်ကို ခံစားရတဲ့ ဒေသတွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ သူတို့ရဲ့ တကိုယ်ရည် သန့်ရှင်းမှုနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ Dignity Kits ကို လိုအပ်တာ ဖြစ်ပါတယ်။

ဘာကြောင့် ငလျင်ဘေးသင့်ဒေသက ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ စဉ်းစားတဲ့အခါ Dignity Kits ကို ထည့်သွင်းစဉ်းစားဖို့ လိုရတာလို့ဆိုရင် လစဉ်လတိုင်း ငြင်းပယ်လို့ မရဘဲ ကြုံတွေ့ရတဲ့ သဘာဝတရားဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာဖြစ်စဉ် အပါအဝင် မတူကွဲပြားမှု အခြေအနေပေါ်မှာ လိုအပ်တဲ့ အခြေခံ လိုအပ်ချက်ကြောင့်ပဲ ဖြစ်တယ်လို့ ဆိုရမှာပါပဲ။ ဒီအတွက် အဲဒီလိုအပ်ချက် အခြေခံပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အကျပ်အတည်းကာလတွေနဲ့ အရေးပေါ်အခြေအနေတွေအတွက် လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားတဲ့ အခါ အခုလို အကြောင်းအရာမျိုးကို မေ့လျော့နေလေ့ ရှိတတ်ကြတာလည်း ဖြစ်လေ့ရှိတတ်ပါတယ်။ ဒါကြောင့် ငလျင်ဘေးသင့်ဒေသက ပြည်သူတွေကို သွားရောက် ကူညီထောက်ပံ့ဖို့ စီစဉ်ကြံဆနေသူတွေ၊ ကူညီထောက်ပံ့နေသူတွေ အနေနဲ့ ဒီလို Dignity Kits တွေကိုလည်း စဉ်းစားပေးဖို့ လိုပါတယ်။ အနိမ့်ဆုံးတော့ အမျိုးသမီးတွေအတွက် လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့ ဖြစ်ပါတယ်။

ဓမ္မတာလာချိန် အပါအဝင် အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ တကိုယ်ရည် ကျန်းမာရေးအတွက် လိုအပ်ချက်တွေကို ပံ့ပိုးမှုပေးတာဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု မြှင့်တင်နိုင်ပြီး ကျား/မ ရေးရာ အခြေခံအကြမ်းဖက်မှုကိုလည်း လျှော့ချနိုင်ဖို့ အထောက်အကူလည်း ဖြစ်စေပါတယ်။

Dignity Kits နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ‌ပြောလေ့ရှိတဲ့ စကားကတော့ “Ending Period Poverty” ပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဓမ္မတာလာတဲ့အချိန်မှာ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ၊ သန့်ရှင်းရေးနဲ့ တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ၊ ဓမ္မတာလာတာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို လက်လှမ်း မမီတာတွေ ရပ်တန့်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

Dignity Kits နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ‌ပြောလေ့ရှိတဲ့ စကားကတော့ “Ending Period Poverty” ပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဓမ္မတာလာတဲ့အချိန်မှာ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ၊ သန့်ရှင်းရေးနဲ့ တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ၊ ဓမ္မတာလာတာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို လက်လှမ်း မမီတာတွေ ရပ်တန့်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဘာကြောင့် ဒါကို ရပ်တန့်ဖို့ လိုအပ်သလဲဆိုတဲ့အခါ အစဉ်အလာအရ စဉ်းစားမှုတွေ၊ စရိတ်စက မတတ်နိုင်မှုတွေ၊ လက်လှမ်းမမီမှုဆိုတဲ့ အခြေခံ လိုအပ်ချက်တွေကို ကျော်လွန် စဉ်းစားပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာနဲ့ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် ဘာတွေ လိုအပ်မလဲဆိုတာကို စဉ်းစားကြည့်ဖို့ဆိုတဲ့ အချက်ကို အလေးထားစေချင်ကြောင့်လည်း ဖြစ်ပါတယ်။

ပေးဝေသော အမျိုးသမီးသုံး တကိုယ်ရည်သန့်ရှင်းရေးအိတ်/ UNFPA Myanmar

ဒါကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ စဉ်းစားတဲ့ အခါ၊ အခြေခံ လိုအပ်ချက်တွေကို စဉ်းစားတဲ့အခါ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ ဖြစ်တည်မှု မတူညီချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဒါဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် အရေးကြီးတဲ့ လိုအပ်ချက်တခုလည်း ဖြစ်ပါတယ်။ ဒါကို ထည့်သွင်းစဉ်းစားဖို့ မေ့လျော့မယ်ဆိုရင်၊ အကူအညီတောင်းခံတဲ့နေရာမှာ ရှိတဲ့သူတွေရဲ့ အသံဟာ အမျိုးသားတွေပဲ ဦးစားပေးဖြစ်နေမယ်ဆိုရင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ သူတို့ လိုအပ်ချက်တွေအတွက် အသံထွက်ဖို့ အလှမ်းဝေးနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် လှူကြမယ် ကူကြမယ်ဆိုတဲ့အခါ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ဂုဏ်သိက္ခာနဲ့ တကိုယ်ရည် ကျန်းမာရေးအတွက် လိုအပ်ချက်တွေကိုလည်း ထည့်သွင်း စဉ်းစားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

(တင်ဇာအောင်သည် ဂျာနယ်လစ်၊ စာရေးဆရာမ၊ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းဆရာမတဦးဖြစ်ပြီး အမျိုးသမီး အခွင့်အရေးနှင့် စုံညီကွဲပြားမှု အခွင့်အရေးများ တိုးတက်ကောင်းမွန်ရေး လုပ်ကိုင်သူတဦး ဖြစ်သည်။)

You may also like these stories:

စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ရာသီသွေးလာချိန်

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

ဒီမိုကရေစီတိုက်ပွဲဝင် အမျိုးသမီး စစ်သည်တော်များ

အာဏာရှင်ကို အမြစ်ဖြတ်ချင်တဲ့ အမျိုးသမီး PDF ကွန်မန်ဒိုများ

မအူပင်ထောင်မှ နိုင်ငံရေးအကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရ

Your Thoughts …
Tags: Dignity KitsSliderကူညီကယ်ဆယ်ရေးငလျင်တကိုယ်ရည်သန့်ရှင်းရေးအိတ်ပြန်လည်ထူထောင်ရေးအမျိုးသမီးသုံး
တင်ဇာအောင်

တင်ဇာအောင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မြန်မာ့ငြိမ်းချမ်းရေး အာဆီယံဦးဆောင် ကုလသမဂ္ဂတပ်ဖြင့် ထိန်းရမည်

မြန်မာ့ငြိမ်းချမ်းရေး အာဆီယံဦးဆောင် ကုလသမဂ္ဂတပ်ဖြင့် ထိန်းရမည်

အရှောင်အတိမ်း

အရှောင်အတိမ်း

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

21 hours ago
3.5k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate