မတ်လ ၂၈ ရက်နေ့ ငလျင်အပြီးတွင် ငလျင်ဒုက္ခသည်များကို မကူညီနိုင်ဘဲ ကူညီရန် စိတ်အားထက်သန်မှုလည်း မရှိသည့် စစ်ကောင်စီ ပြိုလဲပြီး နေပြည်တော်တွင် အာဏာပြိုကွဲမည်ဆိုသည့် ခန့်မှန်းချက်များ ပျံ့နှံ့နေသည်။ တရားမဝင် စာရင်းများအရ လူ ၁ သောင်းကျော် သေဆုံးသည်ဟု ခန့်မှန်းကြသော်လည်း တရားဝင် စာရင်းအရ လူ ၃,၇၀၀ ခန့် သေဆုံးပြီး အများစုမှာ ငလျင်ဗဟိုချက် မြန်မာနိုင်ငံအလယ်ပိုင်းမှ ဖြစ်သည်။
သို့သော် တလနီးပါး ကြာသောအခါ အထက်ပါ ခန့်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ထင်ရှားလာသည်။ စစ်တပ်သည် စစ်မှန်သော ကယ်ဆယ်ရေးလုပ်ငန်းကို အကြီးအကျယ် ပျက်ကွက်နေသော်လည်း အခြားနိုင်ငံ အများအပြားသည် ရှင်ကျန်သူများကို ရှာဖွေရန်နှင့် ဒဏ်ရာရသူများကို ကုသပေးရန် အဖွဲ့များကို မြန်မာသို့ စေလွှတ်ကြသည်။
တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့သည် ပထမဆုံးရောက်သည့် နိုင်ငံများဖြစ်ပြီး ထိုနောက်တွင် ထိုင်း၊ မလေးရှား၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့ ရောက်လာပြီး ငလျင်ထိခိုက်သည့် လူမှုအသိုက်အဝန်းများကို ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်သော အရေးပေါ် အကူအညီများကို ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် တောင်ကိုရီးယားတို့က ကတိပြုကြသည်။
တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့သည် ပထမဆုံးရောက်သည့် နိုင်ငံများဖြစ်ပြီး ထိုနောက်တွင် ထိုင်း၊ မလေးရှား၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့ ရောက်လာပြီး ငလျင်ထိခိုက်သည့် လူမှုအသိုက်အဝန်းများကို ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်သော အရေးပေါ် အကူအညီများကို ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် တောင်ကိုရီးယားတို့က ကတိပြုကြသည်။
၂၀၁၅ ခုနှစ် ပြင်းထန်သော ငလျင်နှင့် ရင်ဆိုင်ရသည့် ဆင်းရဲနွမ်းပါးသော နီပေါနိုင်ငံသည်ပင် မြန်မာသို့ အကူအညီ ၄၁ တန် ပေးပို့သည်။ အမေရိကန် ပြည်ထောင်စုသည် တုံ့ပြန်မှု နှေးကွေးသော်လည်း အမေရိကန်ဒေါ်လာ ၂ သန်း ထည့်ဝင်ပြီးနောက် နောက်ထပ် ဒေါ်လာ ၇ သန်း ထပ်မံကူညီသည်။
အမျိုးမျိုးသော ကုလသမဂ္ဂ အေဂျင်စီများသည် ကယ်ဆယ်ရေးလုပ်ငန်းများ ညှိနှိုင်းရာတွင် ပါဝင်ကြသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၎င်းတို့သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေရခြင်းသာဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို လက်တွေ့ တရားဝင်မှုပေးရာရောက်စေသည်။
ပြည်ပ ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေးလုပ်ငန်းများ မြန်မာနိုင်ငံအတွင်း ရှေ့ဆက်နေစဉ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ဒေသတွင်းဖိုရမ် ထိပ်သီးဆွေးနွေးပွဲတက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ သွားသည်။
ထိုခရီးစဉ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သူ၏ ပထမဆုံး ဘန်ကောက်ခရီးဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ နီပေါ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ၊ ဘူတန်ဝန်ကြီးချုပ် ရှာရင် တော့ဘ်ဂေး၊ သီရိလင်္ကာဝန်ကြီးချုပ် ဟာရီနီ အမရာဆူရိယနှင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မူဟာမက် ယူနွတ် အပါအဝင် ဒေသတွင်းခေါင်းဆောင်များနှင့် ဓာတ်ပုံရိုက်ရန် အခွင့်အလမ်းများစွာရသည်။
ငလျင်နှင့် ဒေသတွင်း ပြည်သူများအပေါ် စာနာမှုကြောင့်သာ မဟုတ်လျှင် စစ်ကောင်စီသည် ထိုသံတမန်ရေး အောင်မြင်မှုရမည် မဟုတ်ပေ။ ငလျင်ဒဏ်ခံဒေသမှ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မြို့ရွာများကို စစ်ကောင်စီလေတပ်က ဆက်လက် ဗုံးကြဲတိုက်ခိုက်နေသည်ဆိုသည့် အချက်သည် သူ၏စစ်ကောင်စီကို လက်ခံစေရန် မင်းအောင်လှိုင်၏ အားထုတ်မှုများအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိပေ။
ငလျင်နှင့် ဒေသတွင်း ပြည်သူများအပေါ် စာနာမှုကြောင့်သာ မဟုတ်လျှင် စစ်ကောင်စီသည် ထိုသံတမန်ရေး အောင်မြင်မှုရမည် မဟုတ်ပေ။ ငလျင်ဒဏ်ခံဒေသမှ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မြို့ရွာများကို စစ်ကောင်စီလေတပ်က ဆက်လက် ဗုံးကြဲတိုက်ခိုက်နေသည်ဆိုသည့် အချက်သည် သူ၏စစ်ကောင်စီကို လက်ခံစေရန် မင်းအောင်လှိုင်၏ အားထုတ်မှုများအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိပေ။
ငလျင်အပြီးတွင် မြန်မာပြည်တွင်းမှစစ်ပွဲကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်မှုများလည်း ပြုလုပ်သည်။ BIMSTEC ၏ သီးခြားအစည်းအဝေးများတွင် မစ္စ ပေတောင်တန်၏ ဖခင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ငြိမ်းချမ်းရေးညှိနှိုင်းပေးလိုသည့် ရည်ရွယ်ချက်ဖြင့် မင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဗရာဟင်တို့ကို ညစာတည်ခင်းဧည့်ခံသည်။
ဘန်ကောက်ပို့စ်သတင်းစာက ဧပြီလ ၂၁ ရက်နေ့တွင် “နှစ်အတန်ကြာ သံတမန်ရေး အကျပ်အတည်း တွေ့ပြီးနောက် အန်နဝါနှင့် သက်ဆင်တို့၏ မကြာသေးမီက လုပ်ရပ်များသည် မြန်မာနှင့်ပတ်သက်၍ အကောင်းမြင်သော်လည်း သတိကြီးကြီးထားသည်။ ၎င်းတို့၏ အားထုတ်မှုများကြောင့် ဒေသတွင်း အခက်ခဲဆုံး အကျပ်အတည်းများအနက် တခုကို ဖြေရှင်းရာတွင် အာဆီယံ၏ ဦးဆောင်မှုကို ကမ္ဘာက စောင့်ကြည့်နေသည်” ဟု ရေးသားခဲ့သည်။ မလေးရှားသည် ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး မစ္စတာ အန်နဝါက မစ္စတာ သက်ဆင်ကို အဓိကအားဖြင့် မြန်မာ့နှင့်ပတ်သက်သည့် ကိစ္စများအတွက် “အလွတ်သဘော အကြံပေး” အဖြစ် ခန့်ထားသည်။
မစ္စတာ အန်နဝါသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့်လည်း ထိတွေဆက်ဆံပြီး ရဲတင်းသောခြေလှမ်း လှမ်းသည်။ NUG သည် ရွေးကောက်ခံရသော်လည်း ဖြုတ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် ဖွဲ့စည်းထားသည့် အစိုးရဖြစ်သည်။
ထိုအစည်းအဝေးများအပြီးတွင် အပစ်အခတ်ရပ်စဲမှုတခု ရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း မစ္စတာ အန်နဝါက ပြောသည်။ သို့သော် ထိုသို့သော ပြောကြားချက်သည် ဆယ်စုနှစ်များစွာကြာသည့် မြန်မာမှ ငြိမ်းချမ်းရေး အားထုတ်မှုနှင့်ပတ်သက်သည့် လိုရာဆွဲတွေးသည့်သဘောသာ ဖြစ်သည်။
ငလျင်ပြီးနောက် အကူအညီပေးရေး အားထုတ်မှု ပိုမိုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားကြောင်း NUG က ပြောသော်လည်း စစ်ကောင်စီသည် ထိုင်းနယ်စပ်မှ တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများကိုသာမက ငလျင်ကြောင့် လူမှုအသိုက်အဝန်းလိုက် ပျက်စီးပြီး လူထောင်ချီ သေဆုံးသည့် မန္တလေးနှင့် စစ်ကိုင်းတိုင်းများကိုလည်း ဆက်လက် တိုက်ခိုက်နေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် မစ္စတာ အန်နဝါနှင့် မစ္စတာ သက်ဆင်ကဲ့သို့သောသူများနှင့် ဆွေးနွေးခြင်းသည် အသိအမှတ်ပြုခံရရန်နှင့် လက်ခံရန် ခြေလှမ်းတခုထက် မပိုပေ။ မင်းအောင်လှိုင်၏ အမြင်အရ NUG သည် မြန်မာစစ်တုရင်ကစားပွဲတွင် ဘေးလူသာဖြစ်ပြီး သူမှားသည်ဟု မည်သူပြောမည်နည်း။ ကြေညာချက်များ ထုတ်ပြန်သည်မှအပ NUG သည် ငလျင်နောက်ပိုင်းတွင် နိုင်ငံတကာ ထောက်ခံမှုရအောင် မည်သို့မျှ မလုပ်သလောက်ပင်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် မစ္စတာ အန်နဝါနှင့် မစ္စတာ သက်ဆင်ကဲ့သို့သောသူများနှင့် ဆွေးနွေးခြင်းသည် အသိအမှတ်ပြုခံရရန်နှင့် လက်ခံရန် ခြေလှမ်းတခုထက် မပိုပေ။ မင်းအောင်လှိုင်၏ အမြင်အရ NUG သည် မြန်မာစစ်တုရင်ကစားပွဲတွင် ဘေးလူသာဖြစ်ပြီး သူမှားသည်ဟု မည်သူပြောမည်နည်း။ ကြေညာချက်များ ထုတ်ပြန်သည်မှအပ NUG သည် ငလျင်နောက်ပိုင်းတွင် နိုင်ငံတကာ ထောက်ခံမှုရအောင် မည်သို့မျှ မလုပ်သလောက်ပင်။
အာဆီယံက လုပ်နိုင်သည့်အရာလည်း မရှိသလောက်ပင်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့လူများက သိသည်။ အာဆီယံ၏ အဓိက မူနှစ်ခုဖြစ်သော ဝင်ရောက်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက် ရယူရေးသည် အဖွဲ့ကို စွမ်းဆောင်ရည် မဲ့စေကြောင်း ၅၈ နှစ်ကြာသမိုင်းက ပြသနေသည်။
အရှေ့တီမောပဋိပက္ခ၊ ထိုင်းနှင့် ကမ္ဘောဒီးယားအကြား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အကြား၊ မလေးရှားနှင့် ဖိလစ်ပိုင်အကြား နယ်နိမိတ် အငြင်းပွားမှုများ၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်မှ ပုန်ကန်မှုများ၊ မြန်မာနှင့် ကမ္ဘောဒီးယားမှ အုံကြွမှုများ စသည့် အဖွဲ့ဝင်နိုင်ငံများပါဝင်သည့် မည်သည့် ပြဿနာတခုကိုမှ အာဆီယံက မဖြေရှင်းနိုင်ခဲ့ပေ။
ထို့ကြောင့် တရုတ်များသည် မြန်မာ့ပြည်တွင်းရေးတွင် ကြားဝင်စွက်ဖက်ရန်နှင့် ဖြစ်ပျက်သမျှ အရာရာကို ၎င်းတို့ အကျိုးအမြတ်အဖြစ် ပြောင်းလဲရန် စွမ်းရည်၊ နည်းလမ်းနှင့် စိတ်ထက်သန်မှုရှိသည့် တခုတည်းသော နိုင်ငံဖြစ်လာသည်။ တရားဝင်အရ “မစွက်ဖက်ရေးမူ” ကို လိုက်နာသော်လည်း မြန်မာပြည်တွင်းရေးတွင် တရုတ်လောက် စွက်ဖက်သည့်နိုင်ငံ မည်သည့်နိုင်ငံမှ မရှိပေ။
ထိုစွက်ဖက်မှုသည် တရုတ်တို့က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို စစ်ရေးနှင့်နိုင်ငံရေး ထောက်ခံမှု အပြည့်အဝပေးရန် ဆုံးဖြတ်လိုက်သည့် ၁၉၆၀ ပြည့်နှစ်များမှ စတင်ပြီး အမျိုးမျိုးသော တိုင်းရင်းသားတပ်မတော်များ၊ အထူးသဖြင့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် နီးကပ်သော ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းထားသည်။ UWSA သည် တရုတ်နယ်စပ်မှ ကွန်မြူနစ်အခြေစိုက်စခန်း အများစုကို သိမ်းပိုက်ထားသည်။
မကြာသေးမီက ဖြစ်ရပ်တခုမှာ ထင်ရှားသော အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်း ဦးဆောင်သည်ဟုဆိုသည့် တရုတ်အလံ တပ်ဆင်ထားပြီး အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့ဟု စာတန်းရေးထိုးထားသည့် ယာဉ်တန်းသည် ရှမ်းပြည်မြောက်ပိုင်းမှ လားရှိုးသို့ ရောက်လာသည်။
မကြာသေးမီက ဖြစ်ရပ်တခုမှာ ထင်ရှားသော အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်း ဦးဆောင်သည်ဟုဆိုသည့် တရုတ်အလံ တပ်ဆင်ထားပြီး အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့ဟု စာတန်းရေးထိုးထားသည့် ယာဉ်တန်းသည် ရှမ်းပြည်မြောက်ပိုင်းမှ လားရှိုးသို့ ရောက်လာသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိခဲ့ဖူးသော ထိုမြို့ကို လွန်ခဲ့သော ဇူလိုင်လတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ခဲ့သည်။ MNDAA သည် ကိုးကန့်ဒေသမှ တရုတ်လူမျိုးစုက တည်ထောင်ထားသော တပ်ဖွဲ့တခုဖြစ်သည်။ MNDAA နှင့် ဗမာအဖွဲ့ငယ်များ အပါအဝင် မဟာမိတ် တော်လှန်ရေးအုပ်စုများသည် ထို့နောက်တွင် စစ်မြေပြင်အောင်ပွဲ အများအပြားရသလို ရှမ်းပြည်မြောက်ပိုင်းမှ မြို့အများအပြားကို သိမ်းပိုက်ထားသည့် ပလောင်လူမျိုးစု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း အောင်ပွဲများရသည်။
မြန်မာ့ပြည်တွင်းစစ် ခေတ်သစ်သမိုင်းတွင် မကြုံဖူးသည့် ထိုဖြစ်ရပ်များကြောင့် MNDAA, TNLA နှင့် အာရက္ခတပ်တော် (AA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ် တော်လှန်ရေးအင်အားစုများ၊ အခြားတိုင်းရင်းသား တပ်မတော်များနှင့် ၎င်းတို့၏ ဗမာမဟာမိတ်များသည် စစ်တပ်မြို့ ပြင်ဦးလွင်နှင့် မန္တလေးကိုပင် သိမ်းပိုက်နိုင်မည်ဆိုသည့် မျှော်လင့်ချက်များ ဖြစ်စေခဲ့သည်။
သို့သော် ထိုသို့ဖြစ်မလာဘဲ နောင်လည်း ဖြစ်လာနိုင်ဖွယ် မရှိပေ။ ရှမ်းပြည်မြောက်ပိုင်းမှ ဖရိုဖရဲအခြေအနေသည် အကျိုးအမြတ်များသည့် တရုတ်နှင့် မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးကို ပြတ်တောက်စေပြီး ထို့ထက် ပိုမိုအရေးကြီးသည်မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အတွက် အစီအစဉ်များကို အကောင်အထည်ဖော်ရန် တရုတ်အတွက် ပိုမိုခက်ခဲစေသည်။ အဆိုပါ စီးပွားရေးစင်္ကြံသည် တရုတ်ကို ဘင်္ဂလားပင်လယ်အော်မှ ဆိပ်ကမ်းများနှင့် ဆက်သွယ်ပေးပြီး အိန္ဒိယသမုဒ္ဒရာတခွင် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည်။
ညီနောင်မဟာမိတ်အဖွဲ့သည် UWSA မှတဆင့် တရုတ်လက်နက်ခဲယမ်း ထောက်ပံ့မှုမှ အကျိုးခံစားခဲ့ရဖွယ်ရှိသော်လည်း မြို့ပြအချက်အချာများကို သိမ်းပိုက်ခြင်းသည် တရုတ်မြင်လိုသည်ထက် လွန်စွာ ကျော်လွန်နေသည်။ မည်သို့ဆိုစေ ရှမ်းပြည်မြောက်ပိုင်းမှ တော်လှန်ရေးထိုးစစ်သည် စစ်ကောင်စီ ထိန်းချုပ်ဒေသများတွင် လုပ်ကိုင်နေပြီး တရုတ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေသည့် ငွေလိမ်ဂိုဏ်းများ ပိတ်ပစ်ရန် တရုတ်ထောက်ခံသည့် လှုပ်ရှားမှုအဖြစ် စတင်ခဲ့သော်လည်း MNDAA နှင့် မဟာမိတ်များသည် အားလုံး မျှော်လင့်ထားသည်ထက် ပိုမို အောင်မြင်သည်။
တရုတ်က ကြားဝင်စွက်ဖက်ရသည်။ တရုတ်၏ ပြင်းထန်သော ဖိအားအောက်တွင် MNDAA သည် လားရှိုးနှင့် ထိုမြို့ ပတ်ဝန်းကျင်ဒေသများမှ ဆုတ်ခွာရပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးဝန်ထမ်းများ ပြန်လည် ဝင်ရောက်လာသည်။ တရုတ်တို့ အတင်းအကျပ် ဝင်ရောက်မစွက်ဖက်ဘဲ ထိုကိစ္စများအနက် မည်သည့်ကိစ္စမှ ဖြစ်မလာနိုင်ပေ။
တရုတ်သည် ငလျင်ဒဏ်ခံပြည်သူများကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီနှင့် မြို့များ ပြန်လည် တည်ဆောက်ရေးအတွက် ယွမ် ၁ ဘီလီယံ (ဒေါ်လာ ၁၃၇ သန်း) ကူညီရန် ကတိပြုထားပြီး ထို့ကြောင့် နေပြည်တော်မှ ဗိုလ်ချုပ်များအပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးသည်ကိုလည်း သတိပြုသင့်သည်။ မြန်မာ့ပြည်တွင်းစစ်မှ ဘက်အားလုံးအပေါ် မည်သည့်နိုင်ငံကမှ တရုတ်လောက် သြဇာမရှိပေ။
တရုတ်သည် ငလျင်ဒဏ်ခံပြည်သူများကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီနှင့် မြို့များ ပြန်လည် တည်ဆောက်ရေးအတွက် ယွမ် ၁ ဘီလီယံ (ဒေါ်လာ ၁၃၇ သန်း) ကူညီရန် ကတိပြုထားပြီး ထို့ကြောင့် နေပြည်တော်မှ ဗိုလ်ချုပ်များအပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးသည်ကိုလည်း သတိပြုသင့်သည်။ မြန်မာ့ပြည်တွင်းစစ်မှ ဘက်အားလုံးအပေါ် မည်သည့်နိုင်ငံကမှ တရုတ်လောက် သြဇာမရှိပေ။
TNLA ထိန်းချုပ်ထားသည့် မြို့များ၊ ရွာများတွင် မည်သို့ဖြစ်နေသနည်း ဆိုသည့်ကိစ္စသည် ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ယူနန်ပြည်နယ်မှ ရွှေလီကဲ့သို့သော တရုတ်နယ်စပ်မြို့များမှ အဓိက ကုန်သွယ်ရေးလမ်းကြောင်းများသည် TNLA ထိန်းချုပ်ပိုင်နက်များကို ဖြတ်သန်းသွားပြီး တရုတ်တို့သည် တအာင်း/ပလောင်များနှင့် စစ်ကောင်စီအကြား ညှိနှိုင်းဆွေးနွေးမှုများလုပ်ရန် အကြိမ်ကြိမ် တောင်းဆိုသည်။
ညှိနှိုင်းဆွေးနွေးမှုဆိုသည်မှာ တရုတ်နိုင်ငံ၏အမြင်အရ မန္တလေးအထိ အဝေးပြေးလမ်း ပြန်ဖွင့်ခြင်းနှင့် ထိုလမ်းတလျှောက်ရှိ မြို့များမှ TNLA ဆုတ်ခွာရေးဟု အဓိပ္ပာယ်ရသည်။ မစ္စတာ တိန့်ရှီကျွင်းသည် TNLA နှင့် စစ်တပ်အကြား ဆွေးနွေးပွဲများတွင် ပါဝင်သော်လည်း “ညှိနှိုင်းဆွေးနွေးမှုများ၏ ရှုပ်ထွေးမှုများအရ” ဆိုသည်မှအပ ရလဒ်ကြီးကြီးမားမား ထွက်မလာပေ။
သို့သော် လားရှိုးမှ မကြာသေးမီက ဖြစ်ရပ်များပြီးနောက် TNLA သည် တရုတ်ဖိအားကို ကြာကြာခံနိုင်၊ မခံနိုင်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် သီပေါ၊ ကျောက်မဲနှင့် မန္တလေးအထိ လမ်းတလျှောက်ရှိ အခြားမြို့များမှ ပြန်လည်ဆုတ်ခွာရလိမ့်မည်ဟု ဆိုချင်ဆိုနိုင်သည်။
AA သည် မြောက်ပိုင်းစစ်ပွဲတွင် ပါဝင်ခြင်းအပြင် မိခင်ရခိုင်ပြည်နယ်မှ ဒေသအများစုကို သိမ်းပိုက်နိုင်သည်။ မသိမ်းပိုက်နိုင်သေးသည်မှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ထိုမြို့အနီးရှိ ကျောက်ဖြူသာဖြစ်ပြီး ထိုနေရာသည် CMEC တောင်ဘက်အစွန်း ရေနက်ဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်ရှိသော နေရာဖြစ်သောကြောင့် ဘင်္ဂလားပင်လယ်အော်တွင် တရုတ်အတွက် အရေးအပါဆုံးဖြစ်သည်။ သက်သေမပြနိုင်သော်လည်း AA သည် ထိုနေရာများကို တိုက်ခိုက်မှုရှောင်ရှားပြီး ထိုသို့တိုက်ခိုက်ပါက တရုတ်အကျိုးစီးပွားနှင့် ဆန့်ကျင်ကာ ပြင်းထန်သော အကျိုးဆက်များ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
AA ၏ ပင်မတပ်နှင့် စစ်ဆင်ရေးပြုလုပ်သည့်နေရာသည် တရုတ်နယ်စပ်မှ ဝေးသော်လည် AA သည် MNDAA, TNLA တို့နှင့် အနီးကပ်မဟာမိတ် ဖြစ်သည်။ AA ခေါင်းဆောင်အများစုသည် ၎င်းတို့ကို ပထမဆုံး အကာအကွယ်ပေးသည့် ကချင်ပြည်နယ်၊ လိုင်ဇာမှ UWSA ဌာနချုပ် ပန်ခမ်း သို့မဟုတ် ပန်ဆမ်းသို့ မကြာခဏသွားသည်ဆိုသည့် အချက်ကြောင့် ၎င်းတို့နှင့် တရုတ်လုံခြုံရေးဌာနများအကြား ဆက်ဆံရေး နီးစပ်သည့် အဓိပ္ပာယ်ဖြစ်သည်။ ထိုသို့ သွားရောက်သောအခါ တရုတ်အာဏာပိုင်များ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံကို ဖြတ်သန်းကြရသည်။
နောက်မည်သို့ ဆက်ဖြစ်မည်ဆိုသည့်ကိစ္စ အတိအကျကို ခန့်မှန်းရုံသာ တတ်နိုင်သော်လည်း တရုတ်သည် ၎င်း၏ “ငြိမ်းချမ်းရေး အားထုတ်မှု” ကို ဆက်လုပ်မည်ဖြစ်ပြီး စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစေရန် TNLA နှင့် AA ကို ဖိအားပေးမည်မှာ သေချာသည်။
နောက်မည်သို့ ဆက်ဖြစ်မည်ဆိုသည့်ကိစ္စ အတိအကျကို ခန့်မှန်းရုံသာ တတ်နိုင်သော်လည်း တရုတ်သည် ၎င်း၏ “ငြိမ်းချမ်းရေး အားထုတ်မှု” ကို ဆက်လုပ်မည်ဖြစ်ပြီး စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစေရန် TNLA နှင့် AA ကို ဖိအားပေးမည်မှာ သေချာသည်။
နောက်ထပ်ခြေလှမ်းမှာ အခြား တော်လှန်ရေးအင်အားစုများနှင့်လည်း အစီအစဉ်တမျိုးမျိုး ညှိနှိုင်းရန်ဖြစ်သည်။ ထိုကိစ္စသည် မည်သည့်အသွင်ဆောင်မည်ကို ပြောရန် မဖြစ်နိုင်သော်လည်း ငလျင်သည် မြန်မာပြည် အကျပ်အတည်းတွင် စွက်ဖက်ရန် တရုတ်ကို လမ်းဖွင့်ပေးသည်။
တရုတ်နိုင်ငံသားများသည် မြန်မာတွင် ရောက်နေပြီး ၎င်းတို့၏ ရေရှည် ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွား မြေပြင်အခြေအနေကို လိုသလို အသုံးချပြီး အာဆီယံနှင့် အခြား ပြင်ပနိုင်ငံများ မည်သို့ယုံကြည်နေသည်ဖြစ်စေ ထိုအခြေအနေသည် ပြောင်းလဲမည် မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Earthquake Has Strengthened China’s Hand in Myanmar ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ
တရုတ်ကူလို့ လားရှိုးမြို့ပေါ် စစ်ကောင်စီ ခြေပြန်ချခွင့်ရ (ရုပ်/သံ)
အန်နဝါနှင့် သက်ဆင်တို့ မင်းအောင်လှိုင်ကို နားချနိုင်မလား
ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ
မြန်မာငလျင်ကို နိုင်ငံတကာတုံ့ပြန်မှုက သေနင်္ဂဗျူဟာ ပြိုင်ဘက်များအကြောင်း မီးမောင်းထိုးပြနေ