• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တုတ်ပြပြီး မုန့်ဝေနေတဲ့ တရုတ်လုပ် ဆွေးနွေးပွဲများ

by ဝတ်ရည်ခိုင်မာ
6 May 2025
in သူ့အတွေး သူ့အမြင်
A A
တုတ်ပြပြီး မုန့်ဝေနေတဲ့ တရုတ်လုပ် ဆွေးနွေးပွဲများ

တရုတ်နယ်စပ် မုံးကိုးဂိတ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း က သိမ်းပိုက်အပြီး/The Kokang

1.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၅ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှား တာဝန်ယူသည့်အချိန်မှစ၍ မြန်မာပြည်တွင် အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို အာဆီယံက ပြုလုပ်လာသည်ကို တွေ့ရ၏။ သို့သော်လည်း အာဆီယံမူဝါဒကို ထောက်ခံပါသည့်ဆိုသည့် တရုတ်တို့ကလည်း သူ့နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အပစ်အခတ်ရပ်စဲ‌ရေးတို့အတွက် ၂၀၂၂ ခုနှစ်အကုန်မှစ၍ တရုတ်သံတမန်တယောက် ခန့်အပ်ပြီး တရုတ်နည်း တရုတ်ဟန်ဖြင့် ဆောင်ရွက်နေသည်မှာလည်း နှစ်နှစ်ခွဲခန့်ရှိပြီ ဖြစ်သည်။

မြန်မာပြည်နယ်စပ်တွင် လက်ရှိ တရုတ်တို့ အလေးထားဆောင်ရွက်နေသည်မှာ ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရေး ဖြစ်၏။ ၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းမှစ၍ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း ပိတ်သွားရာ တရုတ်တို့အတွက် ရည်းစားလူလု အူနုကျွဲခတ်ခံရသကဲ့သို့ ဖြစ်သွားခဲ့၏။

RelatedPosts

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

24 May 2025
145
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
3.5k
ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

23 May 2025
1.5k

တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ ကျင်စန်းကျော့၊ ကြူကုတ် ပန်ဆိုင်းနှင့် ချင်းရွှေဟော်တို့မှ မြန်မာပြည်သို့ ကုန် သွယ်သည့် ပမာဏသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ ခန့်အထိ ရှိခဲ့၏။

တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ ကျင်စန်းကျော့၊ ကြူကုတ် ပန်ဆိုင်းနှင့် ချင်းရွှေဟော်တို့မှ မြန်မာပြည်သို့ ကုန် သွယ်သည့် ပမာဏသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ ခန့်အထိ ရှိခဲ့၏။

ရှမ်းမြောက်နယ်စပ်ဂိတ်များသည် ပြည်မသို့ တိုက်ရိုက် ကုန်သွယ်သဖြင့် ကုန်သွယ်ပမာဏ မြင့်မားသည်။ ကချင်တွင် ကုန်သွယ်ရေးဂိတ်များ ရှိသော်လည်း ပြည်မအထိ တိုက်ရိုက် ကုန်သွယ်မှု မပြုသဖြင့် ပမာဏ များစွာနည်း၏။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွက် ရှမ်းပြည်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များသည် အရေးပါသည်။

အမေရိကန် ဒေါ်လာသန်း ၆,၀၀၀ ခန့် ကူးသန်းရောင်းဝယ်နေသည့် ကုန်သွယ်ရေးလုပ်ငန်းသည် တရုတ်ပြည်တွင်းရှိ စက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းစသည့် ဆက်စပ်ပတ်သက်နေသော လုပ်ငန်းများတွင် အလုပ်အကိုင် သိန်းချီ ဖန်တီးပေးထားသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းသည် အဆိုပါ အလုပ်အကိုင်များစွာကို ထိခိုက်စေပြီး တရုတ်လူ့အဖွဲ့အစည်းကို မတည်မငြိမ် ဖြစ်စေနိုင်သည်ဖြစ်ရာ တရုတ်တို့အတွက် အလွန်အရေးကြီးနေသည်။

၂၀၀၀ ပြည့်နှစ် ကိုဗစ်ကာလကစပြီး ၂၀၂၁၊ ၂၀၂၂ ခုနှစ်အထိ နယ်စပ်ကုန်သွယ်ရေး ပုံမှန် မလည်ပတ်သောကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ အခက်အခဲများ ကြုံနေရသည်။

ယနေ့ကာလကဲ့သို့ တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားပြီး ကုန်သွယ်ရေးပမာဏ ကျဆင်းခြင်း၊ လုပ်ငန့်အချို့ ရပ်ဆိုင်းခြင်း၊‌ အခြားတိုင်းပြည်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်ခြင်းများ ကြုံနေရရာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးဖွင့်လှစ်ရန် လိုလားနေသည်ကို တွေ့ရ၏။ ပြောရလျှင် တရုတ်လည်း သူ့လောဘ၊ သူ့မောဟနဲ့သူ၊ သူ့အပူနှင့်သူ၊ သူ့ဒုက္ခနဲ့သူဟု ဆိုရမည်။

တရုတ်တို့အတွက် မြန်မာပြည်တွင် ဒီမိုကရေစီ ရှိသည်၊ မရှိသည်၊ အာဏာရှင် အုပ်ချုပ်သည်၊ မအုပ်ချုပ်သည်က အရေးမကြီးပေ။ မည်သည့်စနစ်နှင့် မည်သူအုပ်ချုပ်သည်ဖြစ်စေ မြန်မာပြည် တည်ငြိမ်ပြီး တရုတ်နှင့် ကုန်သွယ်မှုပြုလုပ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေး၊ စီးပွားရေးက အရေးကြီးသည်။

တရုတ်တို့အတွက် မြန်မာပြည်တွင် ဒီမိုကရေစီ ရှိသည်၊ မရှိသည်၊ အာဏာရှင် အုပ်ချုပ်သည်၊ မအုပ်ချုပ်သည်က အရေးမကြီးပေ။ မည်သည့်စနစ်နှင့် မည်သူအုပ်ချုပ်သည်ဖြစ်စေ မြန်မာပြည် တည်ငြိမ်ပြီး တရုတ်နှင့် ကုန်သွယ်မှုပြုလုပ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေး၊ စီးပွားရေးက အရေးကြီးသည်။

တရုတ်တို့အတွက် ပြဿနာဖြစ်နေသည်မှာ မြန်မာပြည် မတည်ငြိမ်ခြင်း ဖြစ်၏။ မြန်မာပြည်၌ စစ်ပွဲဖြစ်ပွားနေခြင်းသည် တရုတ်အတွက် စိတ်ပျက်စရာဖြစ်နေ၏။ နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးအတွက် အဟန့်အတားဖြစ်နေသည့် တည်ငြိမ်မှုကို ဖျက်ဆီးနေသည့် စစ်ပွဲကို ဖြစ်သည့်နည်းနှင့် ရပ်တန့်ရန် တရုတ်တို့ ကြိုးစားနေသည်ကို တွေ့ရပေသည်။

တရုတ်၏ နယ်စပ်တွင် အခြေပြု ဖွဲ့စည်းသည့် အဖွဲ့အစည်း ၇ ခုအနက် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား သုံးဖွဲ့က စစ်ကောင်စီနှင့် တိုက်ခိုက်ခြင်း မရှိ‌ပေ။

၂၀၁၉ ခုနှစ်အတွင်းက မြင်တွေ့ရသော မူဆယ်ရှိ ကုန်ကားများ/ဧရာဝတီ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လေးဖွဲ့ကသာ စစ်ကောင်စီနှင့် တိုက်ခိုက်နေသည်။ ထိုလေးဖွဲ့အနက် AA က ရခိုင်တွင် အဓိက လှုပ်ရှားနေပြီး တရုတ်နယ်စပ်တွင် မဟာမိတ်၏ စစ်ဆင်ရေးများတွင်သာ အကူအညီပေးကာ သူ့အစီအစဉ်နှင့် စစ်ရေးလှုပ်ရှားမှု မရှိပေ။ သို့ဖြစ်ရာ တရုတ်တို့အတွက် သူ၏ နယ်စပ်တွင် အာရုံစိုက်ရသည့် အဖွဲ့သုံးဖွဲ့မှာ KIA, TNLA နှင့် MNDAA အဖွဲ့ သုံးဖွဲ့ဖြစ်သည်။

တရုတ်နယ်စပ်ရှိ အဖွဲ့များအတွက် အခရာကျသည့် ရိက္ခာ၊ လောင်စာ၊ ဆေးဝါးနှင့် ပတ်သက်၍ဖြစ်စေ၊ ခရီးသွားလာခွင့်၊ ဆေးကုသခွင့်နှင့် ပတ်သက်၍ဖြစ်စေ တရုတ်နှင့် ကင်း၍ မရသဖြင့် ၎င်းအဖွဲ့များကို တရုတ်တို့က အညှာကိုင်နိုင်သည့် အနေအထားတွင်ရှိ၏။ သို့ဖြစ်ရာ တရုတ်တို့သည် တရုတ်နယ်စပ်အဖွဲ့များကို ချော့တလှည့် ခြောက်တလှည့် ဖိအားပေး၊ ခြိမ်းခြောက် အကျပ်ကိုင်နိုင်သည့် အခွင့်အလမ်းရှိရာ တရုတ်နည်း၊ တရုတ်ဟန်နှင့် တရုတ်လုပ် အပစ်ရပ်ဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်ကတည်းက စတင်နေခြင်းဖြစ်၏။

လက်ရှိ မြန်မာ့အရေးနှင့် ပတ်သက်၍ ပါဝင်ပတ်သက်နေသည့် တရုတ်တို့၏ အမြင်ကို ရှင်းလင်းစွာ တွေ့မြင်ရသည့် အခြေခံအချက်မှာ မြန်မာစစ်တပ်ကို ဗဟိုပြု စဉ်းစားနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာစစ်တပ် ပြိုကျနိုင်သည်ကို တရုတ်တို့ မြင်တွေ့နေသော်လည်း မြန်မာစစ်တပ် ပြိုကျသွားပါက အစားထိုးနိုင်သည့် အဖွဲ့အစည်းမရှိဟု ယူဆပြီး စစ်တပ်ပြိုကွဲပါက မြန်မာပြည် ဖရိုဖရဲဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်သည်ဟု ကြည့်မြင်၏။

လက်ရှိ မြန်မာ့အရေးနှင့် ပတ်သက်၍ ပါဝင်ပတ်သက်နေသည့် တရုတ်တို့၏ အမြင်ကို ရှင်းလင်းစွာ တွေ့မြင်ရသည့် အခြေခံအချက်မှာ မြန်မာစစ်တပ်ကို ဗဟိုပြု စဉ်းစားနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာစစ်တပ် ပြိုကျနိုင်သည်ကို တရုတ်တို့ မြင်တွေ့နေသော်လည်း မြန်မာစစ်တပ် ပြိုကျသွားပါက အစားထိုးနိုင်သည့် အဖွဲ့အစည်းမရှိဟု ယူဆပြီး စစ်တပ်ပြိုကွဲပါက မြန်မာပြည် ဖရိုဖရဲဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်သည်ဟု ကြည့်မြင်၏။

ထို့ကြောင့် တရုတ်သည် မြန်မာစစ်တပ်ပြိုကျ၍ မဖြစ်ဟု ယူဆသည်နှင့်အညီ မြန်မာစစ်တပ်ကို ကျားကန်ပေးရန်၊ အသက်ဆက်ပေးရန် နည်းမျိုးစုံနှင့်ကြိုးစားနေသည်ကို တွေ့မြင်ရသည်။

တိုင်းရင်းသားအဖွဲ့များကိုလည်း တရုတ်ပြည် အတွေ့အကြုံအရ အခွင့်အရေးတချို့ပေး၍ နှစ်သိမ့်ခြင်းနည်းလမ်းကို စဉ်းစားနေပုံရသည်။ ပြောရလျှင် တရုတ်တို့ စီစဉ်နေသည့် စေ့စပ်ဆွေးနွေးပွဲဆိုသည်မှာ စစ်ကောင်စီနှင့် တိုင်းရင်းသားအဖွဲ့များကြား အကြေအလည် ညှိနိုင်းဆွေးနွေးရန် စီစဉ်ပေးသည်ထက် စစ်ကောင်စီက ဒီအပိုင်းယူ၊ တိုင်းရင်းသားအဖွဲ့တွေက ဟိုအပိုင်းယူ စသည်ဖြင့် အခွင့်အရေး ခွဲဝေယူခိုင်းပြီး ပြေလည်အောင် လုပ်နေခြင်းနှင့်တူသည်။ တဖက်ကဆိုလျှင်လည်း သူ့၏ အကြံပြုချက်၊ သူ့စကား နားထောင်ရန် ချော့တလှည့် ခြောက်တလှည့် မူဝါဒကို ကျင့်သုံးနေသည်။

ပြောရလျှင် တရုတ်တို့ ပြုလုပ်‌နေသည်က မြန်မာပြည်နိုင်ငံရေးပြဿနာကို နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ပြီး အဖြေရှာနေသည်နှင့် မတူပေ။ လူကြီး အလုပ်ရှုပ်နေချိန် မုန့်အဝေ မတည့်၍ ဆူညံရန်ဖြစ်နေသော ကလေးများကို မုန့်ခွဲပေးပြီး မဆူညံဘဲ တိတ်တိတ် နေခိုင်းနေသည်နှင့်တူသည်။

သူသင့်တော်သည်ဟု ထင်၍ သူခွဲပေးသည့် မုန့်ကိုယူ၊ ဒေါင့်တနေရာမှာ ငြိမ်ငြိမ်ထိုင် စားကြ၊ စောဒကတက်ဖို့ မစဉ်းစားနှင့်၊ လူကြီးက သင့်တော်လို့ စီစဉ်တာကို ရိုရိုသေသေ လိုက်နာ၊ ကလန်ကဆန်လုပ်ရင်၊ ပူညံပူညံလုပ်ရင် ကြိမ်လုံးနှင့် တွေ့မည်ဆိုသည့် အချိုးဖြစ်သည်။

သို့ဖြစ်ရာ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များနှင့် စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးရေးများသည် တရုတ်နည်း တရုတ်ဟန်နှင့် ပြုလုပ်နေသည့် တရုတ်လုပ် ဆွေးနွေးပွဲများဟု ဆိုရပါမည်။

အစောပိုင်း တိုင်းရင်းသား မဟာမိတ်များကို အတူတကွ တွေ့ဆုံသော်လည်း ယခုတော့ ခွဲခြားတွေ့ဆုံသည်ကို တွေ့ရ၏။ တိုင်းရင်းသားအဖွဲ့များ စည်းလုံးခြင်း၊ တိုင်းရင်းသားအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းခြင်းသည် စစ်ကောင်စီအတွက် အန္တရာယ်ရှိခြင်း၊ တရုတ်တို့ ဆွေးနွေးရန် ပိုခက်ခြင်း၊ တိုင်းရင်းသားအဖွဲ့များကို သီးခြားတွေ့ဆုံသည့်အပြင် ပြည်မအင်အားစုဖြစ်သည့် NUG နှင့် ပူးပေါင်းခြင်း မပြုရန် တရုတ်တို့ ခြိမ်းခြောက် ဖိအားပေးနေသည်ကို ကြားသိနေရ၏။

ထို့ပြင် အစောပိုင်း တိုင်းရင်းသား မဟာမိတ်များကို အတူတကွ တွေ့ဆုံသော်လည်း ယခုတော့ ခွဲခြားတွေ့ဆုံသည်ကို တွေ့ရ၏။ တိုင်းရင်းသားအဖွဲ့များ စည်းလုံးခြင်း၊ တိုင်းရင်းသားအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းခြင်းသည် စစ်ကောင်စီအတွက် အန္တရာယ်ရှိခြင်း၊ တရုတ်တို့ ဆွေးနွေးရန် ပိုခက်ခြင်း၊ တိုင်းရင်းသားအဖွဲ့များကို သီးခြားတွေ့ဆုံသည့်အပြင် ပြည်မအင်အားစုဖြစ်သည့် NUG နှင့် ပူးပေါင်းခြင်း မပြုရန် တရုတ်တို့ ခြိမ်းခြောက် ဖိအားပေးနေသည်ကို ကြားသိနေရ၏။

တရုတ်- မြန်မာ နယ်စပ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း / ဧရာဝတီ
တရုတ်- မြန်မာ နယ်စပ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း / ဧရာဝတီ

မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့များအနက် စစ်ကောင်စီနှင့် တိုက်ခိုက်ခြင်းမပြုသည့် UWSA, NDAA နှင့် SSPP တို့ကိုလည်း တဖွဲ့ချင်း ခေါ်တွေ့ပြီး လောလောဆယ် စစ်တိုက်နေကြသည်အဖွဲ့များကို လက်နက်ခဲယမ်းမှသည် ရိက္ခာ၊ ဆေးဝါးအထိ ထောက်ပံ့ခြင်း မပြုနိုင်အောင် ဖိအားပေးနေသည်။

မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးမဟာမိတ်ဖွဲ့မှုများသည် တရုတ်၏ ကြားဝင် ဖိအားပေးမှုကြောင့် ရပ်တန့်နေသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ နိုင်ငံရေးမဟာမိတ်ဖွဲ့မှုသည် လုံးဝ ရပ်တန့်နေသည်ဟု ဆိုသော်ရ၏။

မြောက်ပိုင်း ၇ ဖွဲ့ထဲက AA ကမူ တရုတ်၏ ဖိအားအနည်းဆုံးဟု ယူဆရသည်။ AA ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် စစ်ရေးလှုပ်ရှားမှုများသည် ရခိုင်ပြည်နယ်၊ ဘင်္ဂလာဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်တွင်ဖြစ်ရာ တရုတ်တို့ တိုက်ရိုက် ဖိအားပေးရန် ခက်ခဲသည့်အပြင် တရုတ်၏ ကမ္ဘာ့ရန် အိန္ဒိယ လက်လှမ်းမီသော အရပ်ဒေသတွင်ဖြစ်သဖြင့် တရုတ်တို့သည် AA ကို အထူးသတိထားပြီး ပျော့ပျောင်းစွာ ဆက်ဆံနေပုံရသည်။

တရုတ်တို့ သီးခြားဆွေးနွေးနေသည့် နောက်တဖွဲ့မှာ KIA ဖြစ်၏။

KIA နှင့် တရုတ်သံတမန် ဆွေးနွေးမှုများသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် တင်းတင်းမာမာ ဖြစ်ပြီးနောက် အနည်းငယ် ပြန်ပျော့ပျောင်းသွားသည်ကို တွေ့ရ၏။ ဤသို့ ပျော့ပျောင်းစွာ ပြန်လည် ကိုင်တွယ်ခြင်းသည် KIA ထိန်းချုပ်မှုအောက် ရောက်သွားသည့် မြေရှားသတ္တုကြောင့် ဖြစ်နိုင်သကဲ့သို့ ကချင်နယ်စပ်မှ ဖြတ်သန်းသည့် နယ်စပ်ကုန်သွယ်ရေးသည် ပမာဏ သေး၍ ဖြစ်သည်ဟု သုံးသပ်သည်။

KIA နှင့် တရုတ်သံတမန် ဆွေးနွေးမှုများသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် တင်းတင်းမာမာ ဖြစ်ပြီးနောက် အနည်းငယ် ပြန်ပျော့ပျောင်းသွားသည်ကို တွေ့ရ၏။ ဤသို့ ပျော့ပျောင်းစွာ ပြန်လည် ကိုင်တွယ်ခြင်းသည် KIA ထိန်းချုပ်မှုအောက် ရောက်သွားသည့် မြေရှားသတ္တုကြောင့် ဖြစ်နိုင်သကဲ့သို့ ကချင်နယ်စပ်မှ ဖြတ်သန်းသည့် နယ်စပ်ကုန်သွယ်ရေးသည် ပမာဏ သေး၍ ဖြစ်သည်ဟု သုံးသပ်သည်။

သို့သော် KIA သည် တရုတ်နယ်စပ်နှင့် မိုင်ပေါင်းများစွာ ဆက်စပ်နေ၍ အချိန်မရွေး ပြန်လည် ဖိအားပေးနိုင်သည့် အနေအထားတွင်ရှိသည်။ လက်ရှိတွင် တရုတ်သည် KIA ကို ပုံမှန်တွေ့ဆုံ၍ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီး ပြဿနာဖြေရှင်းရန် တိုက်တွန်းမှု ရှိနေဆဲဖြစ်သော်လည်း အတင်းအကျပ် ဖိအားပေးမှုရှိပုံမရသဖြင့် ယခုချိန်ထိ တရုတ် အတင်းအကျပ် စီစဉ်မှုဖြင့် KIA နှင့် စစ်ကောင်စီကြားတွင် တရုတ်လုပ် ဆွေးနွေးပွဲ ‌ဖြစ်ပေါ်လာသည့်တော့ မတွေ့ရသေးပေ။

သို့သော် နွေဦးတော်လှန်ရေးစကတည်းက NUG နှင့် ပူးပေါင်းဆောင်ရွက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့်အတူ K3C တွင် KIA တရားဝင် ပါဝင်လှုပ်ရှားမှု ရပ်ထားသည်မှာ တနှစ်ကျော်ကြာပြီဖြစ်ရာ KIA အပေါ် တရုတ်၏ဖိအား သက်ရောက်သည် ဆိုသည်ကိုတော့ ငြင်း၍မရပေ။

လောလောဆယ် တရုတ်တို့ ဦးတည် ဖိအားပေးနေသည်မှာ ရှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းတွင်ရှိသည့် ကိုးကန့်နှင့် TNLA နှစ်ဖွဲ့ဖြစ်ပြီး ထိုနှစ်ဖွဲ့အား တဖွဲ့ချင်းခွဲ၍ တရုတ်တို့ စိတ်ကြိုက်ပုံစံရအောင် ဖြေရှင်းနေသည်ကို တွေ့ရ၏။ ထိုနှစ်ဖွဲ့ကို တဖွဲ့ချင်းခွဲ၍ စစ်ကောင်စီနှင့်ပါ တွေ့ဆုံစေပြီး သဘောတူညီချက်ရအောင် ကြိုးစားနေသည်ကို တွေ့ရ၏။

တရုတ်စီစဉ်ပေးသော ဆွေးနွေးပွဲများသည် စစ်ကောင်စီအတွက်တော့ မအေးအေးဝင်း စီစဉ်သည်ထက်ပို၍ အဆင်ပြေ၏။ ဆွေးနွေးပွဲတွင် မျက်နှာပြောင်တိုက်၍ စစ်မြေပြင်တွင် ဆုံးရှုံးသွားသော မြို့များ၊ နယ်များကို ပြန်တောင်း၍ ရသည်။ တောင်းပြီးသည်နှင့် စစ်ကောင်စီက ဆွေးနွေးပွဲတွင် လေကုန်ခံ၍ အကျိုးသင့်အကြောင်းသင့် ဆက်လက် ဆွေးနွေးရန် မလိုတော့ပေ။ နယ်စပ်ကုန်သွယ်ရေး အရမ်းဖွင့်ချင်နေသော တရုတ်က ဆက်ပြီး တိုင်းရင်းသားအဖွဲ့များကို ခြိမ်းခြောက် ဖိအားပေးလိမ့်မည်ကို ထိုင်ကြည့်နေရုံသာဖြစ်၏။

ငလျင်ဘေးတွင် အရင်ဆုံး နှင့် အများဆုံးကူညီသည့် နိုင်ငံဖြစ်ကြောင်း တရုတ်က ပြောနေသည်

အားလုံး ပြန်မရသော်လည်း လောလောဆယ် လားရှိုးကို ပြန်ရလိုက်သည်။ စစ်ကောင်စီအနေဖြင့် တိုက်သိမ်းရန် မလွယ်ကူပေ။ တရုတ်က အကုန်ပြန်မပေးတောင် လားရှိုးလောက်တော့ ပြန်ပေးလိုက်ဟု ဝေခြမ်းရေး ဝင်လုပ်သည်။

ဖိအားများ၊ ခြိမ်းခြောက်မှုများအောက်တွင် ကိုးကန့်တို့ ပြန်ပေးလိုက်ရ၏။ သို့နှင့် ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုး၊ မိုင်းရယ်မှသည် မိုင်းရှူး၊ ခိုလုံ၊ တောင်ကြီး၊ ကျေးသီး၊ ရပ်စောက်၊ ရွာငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပွင့်လာသည်ကို တွေ့ရ၏။

ကိုးကန့်ပြီးနောက် TNLA နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးရေး လုပ်ခိုင်းသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈၊ ၂၉ တွင် တရုတ်ပြည်၌ ဆွေးနွေးခဲ့ကြပြီး ထုံးစံအတိုင်း စစ်ကောင်စီက TNLA သိမ်းထားသည့် မြို့များ ပြန်တောင်းသည်ကို TNLA က လက်မခံ၍ သဘောတူညီချက် မရ‌ပေ။ သို့သော်လည်း ဩဂုတ်လတွင် ပြန်လည် ဆွေးနွေးမည်ဟု ဆိုသည်။ နောက်တကြိမ်တွင် တရုတ်တို့က TNLA ကိုလည်း ဘယ်မြို့ကိုတော့ ပြန်ပေးလိုက်ဟု ဖိအားပေးခြိမ်းခြောက်ပြီး ပြဿနာ ဖြေရှင်းပေးဦးမလား‌တော့ မပြောတတ်ပေ။

ဤသည်မှာ တရုတ်နည်းဖြစ်၏။ လက်ရှိမြန်မာပြည်နိုင်ငံရေး ပဋိပက္ခတွင် တရုတ်တို့ ဖိအားပေးနိုင်သည့် တရုတ်နယ်စပ်ရှိ အဖွဲ့များကို တရုတ်သုံးသောနည်း ဖြစ်သည်။ ထိုနည်းကတော့ တရုတ်တို့ ‘တုတ်ပြ၍ မုန့်ဝေသောနည်း’ ဟု ဆိုနိုင်သည်။ တရုတ်တို့ကတော့ ပဋိပက္ခဖြစ်နေသော နှစ်ဖက်က ဖိတ်ခေါ်၍ ကြားဝင် ဆောင်ရွက်ပေးရပါသည်ဟု ခပ်တည်တည် ဆိုနေဦးမည်ဖြစ်၏။

ဤသည်မှာ တရုတ်နည်းဖြစ်၏။ လက်ရှိမြန်မာပြည်နိုင်ငံရေး ပဋိပက္ခတွင် တရုတ်တို့ ဖိအားပေးနိုင်သည့် တရုတ်နယ်စပ်ရှိ အဖွဲ့များကို တရုတ်သုံးသောနည်း ဖြစ်သည်။ ထိုနည်းကတော့ တရုတ်တို့ ‘တုတ်ပြ၍ မုန့်ဝေသောနည်း’ ဟု ဆိုနိုင်သည်။ တရုတ်တို့ကတော့ ပဋိပက္ခဖြစ်နေသော နှစ်ဖက်က ဖိတ်ခေါ်၍ ကြားဝင် ဆောင်ရွက်ပေးရပါသည်ဟု ခပ်တည်တည် ဆိုနေဦးမည်ဖြစ်၏။

သို့သော် တုတ်ပြ၍ မုန့်ဝေသည့် တရုတ်လုပ် ဆွေးနွေးပွဲများသည် မြန်မာနိုင်ငံရေး ပဋိပက္ခများကို ရေရှည်တည်ငြိမ်အောင် မဖြေရှင်းနိုင်သည့် ဆေးမြီးတိုများဖြစ်သည်။ တရုတ်လုပ်ပစ္စည်းများ ကြာကြာ မခံသည်ကို မြန်မာလူထု ကောင်းစွာသိကြပါသည်။

(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်

ငလျင်ကြောင့် မြန်မာသည် တရုတ်လက်ခုပ်ထဲကရေ ပိုဖြစ်လာ

လားရှိုးလွှဲပြောင်းမှုကို စီစဉ်ပြီး တရုတ်က မြန်မာကို ပိုမိုချုပ်ကိုင်လာ

တရုတ်ဖိအားကြောင့် လားရှိုးမှ ကိုးကန့်တို့ ဆုတ်ခွာတော့မည်

Your Thoughts …
Tags: NUGSliderစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်စပ်ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုအပစ်အခတ်ရပ်စဲရေးအာဆီယံ
ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မည်သည့် လက်ဝေခံစစ်ပွဲတွင်မျှ ဘင်္ဂလားဒေ့ရှ် ပါဝင်မည် မဟုတ်

မည်သည့် လက်ဝေခံစစ်ပွဲတွင်မျှ ဘင်္ဂလားဒေ့ရှ် ပါဝင်မည် မဟုတ်

စစ်တပ် အမြင်မှန်ရဖို့ အခွင့်အရေးရှိသေးသလား (ရုပ်/သံ)

စစ်တပ် အမြင်မှန်ရဖို့ အခွင့်အရေးရှိသေးသလား (ရုပ်/သံ)

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

21 hours ago
3.5k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate