• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

by ဇေယျ (အညာ)
8 May 2025
in သူ့အတွေး သူ့အမြင်
A A
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

မြန်မာနိုင်ငံ အလယ်ပိုင်းကို ထိုးဖောက်ဝင်လာနိုင်ခဲ့တဲ့ MDY-PDF /MDY-PDF

4.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သည် ယခုဆိုလျှင် လေးနှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ PDF များ စတင်ဖွဲ့စည်းခါစက တူမီးများ၊ လက်လုပ် တလုံးထိုးသေနတ်များ၊ လက်လုပ်မိုင်းများနှင့် စခဲ့ကြရသကဲ့သို့ ချောင်း-ပစ်-ပြေးနှင့် စတင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။ PDF များသည် စစ်ပညာကလည်း ကောင်းစွာ မသင်ကြရသေး၊ စစ်ယူနီဖောင်းအပါအဝင် စစ်ဝတ်စစ်စားကလည်း မပြည့်စုံကြသေး၊ တိုက်ပွဲအတွေ့အကြုံကလည်း မရှိကြသေးသည်ဖြစ်ရာ အတော်များများက အထင်သေးခဲ့ကြသည်။

အထင်အမြင်အသေးဆုံးကတော့ စစ်တပ်နှင့် စစ်တပ်လော်ဘီများဖြစ်သည်ဟု ဆိုရပါမည်။ အခေါ်အဝေါ်ကစ၍ PDF များကို ‘ပဒတ်’ (ပုတတ်) ဟု ခေါ်ကြသည်ကို တွေ့ရ၏။ ‘အညာစာ အကောင်ငယ်လေးတမျိုး’ ဟု လှောင်ပြောင်သရော်ခဲ့ကြသည့်အပြင် လေး၊ ငါး၊ ခြောက်လအတွင်းတွင် PDF များကို အပြတ်ရှင်းမည်ဟု ကြိမ်းဝါးခဲ့သည်ကိုလည်း တွေ့ရသည်။ယခုတော့ စစ်တပ်လော်ဘီများက ‘ပဒတ်’ ဟု လှောင်ပြောင်ခေါ်သံကို ကြားချင် မြင်ချင်လျှင်တောင်မှ မကြားရသည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။

RelatedPosts

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
4.3k
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.4k
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
3.1k

မကြားရကြာဆို သူတို့၏ ‘အဘများ’ ကိုယ်တိုင်က လေသံပြောင်းလာကြ၍ဖြစ်၏။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၇၅ နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF များသည် မြို့များကိုသာမကဘဲ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များကိုပါ ဦးတည်လာကြောင်း၊ ကပစ စက်ရုံများရှိရာ ပန်းတောင်းဒေသသို့ ထိုးဖောက်လှုပ်ရှားလာသည်မှာ အာရက္ခတပ်တော် (AA) တဖွဲ့တည်းသာ မဟုတ်ဘဲ PDF များလည်း ပါ‌ဝင်ကြောင်း၊ ကပစ ၁၄ ဆိုလျှင်လည်း ခြိမ်းခြောက်ခံနေရကြောင်း၊ သို့ဖြစ်ရာ PDF များကို အထင်မသေးရန်လိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရ၏။

စစ်လက်နက်ပစ္စည်း အများအပြား ထုတ်လုပ်နေသည့် ကပစ စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် PDF တပ်ဖွဲ့များကို အထင်မသေးရန်နှင့် သတိထား ကာကွယ်ကြရန်လိုကြောင်း စစ်ခေါင်းဆောင်က သတိပေး ပြောဆိုသွားသည်ဟု သိရပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ငလျင်ဘေးအတွက် ကူညီထောက်ပံ့ရေး အစည်းအဝေးလုပ်ရာတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက လတ်တလောဖြစ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များနှင့် တိုင်းမှူးအချို့ကို ငလျင်ဘေးလည်းလုပ်၊ PDF များ၏ သတင်းလည်း နားစွင့်ကြရန်ပြောဆိုခဲ့ပြီး ယခုဆိုလျှင် PDF များက နေပြည်တော်အထိ ခြိမ်းခြောက်လာ‌နေကြောင်း၊ PDF များကို တိုင်းရင်းသားလက်နက်ကိုင်များက မြှောက်ပေးနေ၍ အင်အားလည်း တစစ ကြီးထွားလာနေကြောင်း၊ ထို့ကြောင့် တိုက်ပွဲများဖြစ်လျှင် ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် လိုကြောင်း၊ ဖြစ်လာ၍ အဖမ်းခံရလျှင် ကိုယ်ဖြစ်ကိုယ်ခံ၊ မည်သူမှ မကယ်နိုင်ဘူးဟု ပြောကြောင်း DVB သတင်းတွင် ဖော်ပြသည်။

စစ်လက်နက်ပစ္စည်း အများအပြား ထုတ်လုပ်နေသည့် ကပစ စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် PDF တပ်ဖွဲ့များကို အထင်မသေးရန်နှင့် သတိထား ကာကွယ်ကြရန်လိုကြောင်း စစ်ခေါင်းဆောင်က သတိပေး ပြောဆိုသွားသည်

ထို့ပြင် စစ်ဆင်ရေးမဟုတ်ဘဲ အလုပ်ကိစ္စနှင့် ခရီးသွားလာရာတွင် မိမိကိုယ်ကို စစ်တပ်ကလူမှန်း မသိအောင် ရုပ်ဖျက်သွားလာရမည်ဖြစ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို သတင်းပို့ရန်လည်း ပြောဆိုခဲ့ကြောင်း သိရသည်။ ဤသို့ ပြောဆိုခြင်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်က နေပြည်တော်ကောင်စီ နယ်မြေထဲ၌ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကပစ ၁၃ မှ ထုတ်လုပ်ရေးမှူး ဗိုလ်မှူးအပါအဝင် သုံးဦးကို PDF များက ဖမ်းဆီးသွားပြီးနောက် သတိပေးပြောဆိုခြင်းဖြစ်သည်ဟု သိရ၏။

ကပစ က စစ်ဗိုလ်များ အဖမ်းခံရသည်မှာ နေပြည်တော်နယ်မြေတွင်း၌ ဖြစ်သည့်အတွက် နေပြည်တော်ကို PDF များက ခြိမ်းခြောက်လာပြီဆိုသည်ကို စစ်ခေါင်းဆောင်များ ခံစားနေရပြီဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ထဲမှ ကျေးရွာအချို့တွင် PDF များက ရွာသားများကို ဆက်တိုက် စည်းရုံးရေးဆင်းနေသည့်အပြင် နေပြည်တော် ရှစ်မြို့နယ်ရှိသည့်အနက် လေးမြို့နယ်ခန့်တွင် PDF များ ဝင်‌ရောက်လှုပ်ရှားခြင်း၊ စည်းရုံးခြင်းများ ပြုလုပ်‌နေကြခြင်း၊ အချို့နေရာများတွင် သေနတ်များပါ ကိုင်ဆောင်ပြီး သွားလာခြင်းများ ရှိ‌နေခြင်းကို ထောက်လှမ်းရေးက သတင်းရပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) တိုင်းမှူးက မသိသည့်အတွက် နေပြည်တော်တိုင်းမှူး သတိပေးခံရသည်ဆိုသည့် သတင်းကိုလည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က DVB တွင် ဖော်ပြသည်ကို တွေ့ရသည်။

ဒီပဲယင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF တပ်တချို့ / PDF

နေပြည်တော်လမ်းပိုင်းအချို့၌ PDF များက ခရီးသွားယာဉ်များကို စစ်ဆေးခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများ ရှိလာသည့်အပြင် စစ်ရေးတာဝန်နှင့် သွားလာနေသည့် စစ်ဘက်အရာရှိများပါ ဖမ်းဆီးခံရခြင်းများကိုလည်း မကြာခဏ ကြားသိနေရပြီး စစ်ကောင်စီ၏ ဌာနချုပ်ရှိရာ နေပြည်တော်နယ်မြေတွင်ပင် PDF များ ထိုးဖောက်ဝင်ရောက်ခြင်း ခံနေရသည်ကို တွေ့နေရ၏။

နေပြည်တော် ဧလာလေဆိပ်သည်လည်း PDF များ၏ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ခံနေရပြီး လုံခြုံမှုအဆင့်အတန်း လျော့ကျနေပြီဖြစ်သည်။

နေပြည်တော် ဧလာလေဆိပ်သည်လည်း PDF များ၏ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ခံနေရပြီး လုံခြုံမှုအဆင့်အတန်း လျော့ကျနေပြီဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မြှောက်ပင့်ပေးမှုကြောင့် အင်အားကြီးထွားလာသည့် PDF အဖွဲ့များကို တပ်ရင်းတပ်ဖွဲ့များအနေဖြင့် သတိထားရန်၊ ရန်သူကို အထင်မသေးရန် စစ်ခေါင်းဆောင်နှစ်ဦးလုံးက ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ရှေ့ဆင့်နောက်ဆင့် ပြောဆို သတိပေးနေရပြီဖြစ်သည်ကို တွေ့ရသည်။

PDF ၏ အားသာချက်များ

လေးနှစ်တင်းတင်း ပြည့်လာသည့် PDF များတွင် အားနည်းချက် မရှိသည်တော့ မဟုတ်ပေ။ အားနည်းချက်အချို့၊ ပြုပြင်ရမည့်ကိစ္စအချို့ ရှိပါသေးသည်။ သို့သော် အားသာချက်များက အများစုဖြစ်၏၊ အဓိက ဖြစ်၏။ ထိုအားသာချက်များကြောင့်ပင် PDF ဆိုသည်ကို ရန်သူ့ထိပ်သီးများကိုယ်တိုင် အသိအမှတ်ပြုခဲ့ရကြရခြင်း ဖြစ်သည်။

PDF များ စတင်ခါစ လက်လုပ်မိုင်းဆွဲခြင်းနှင့် တူးမီးနှင့်ချောင်းပစ်ပြီး ပြေးရသည့်အခြေအနေမှသည် စခန်းသိမ်းတိုက်ပွဲ၊ စစ်ကြောင်းလိုက် ချေမှုန်းရေးတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများကို PDF အင်အားစုဖွဲ့မှု သက်သက်နှင့် တိုက်ခိုက်လာနိုင်ပြီဖြစ်သည်ကို တွေ့နေရပြီဖြစ်သည်။

လနှင့်ချီသည့် မြို့သိမ်းတိုက်ပွဲများကို တိုက်ခိုက်ခြင်းဖြင့် လက်နက်ခဲယမ်း သုံးနိုင်စွမ်းအားအပြင် ရန်သူကို ဖြတ်တောက် ပိတ်ဆို့နိုင်သည့် စစ်အင်အားနှင့် စစ်နည်းပရိယာယ်ကိုလည်း ပြသနိုင်ခဲ့၏။ ထို့ပြင် တိုက်စိတ်ခိုက်စိတ် ထက်သန်ခြင်း၊ ရဲရင့်ခြင်း၊ စွန့်လွှတ်စွန့်စားခြင်းများကို PDF များက ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း အကောင်းဆုံး ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

အစောပိုင်းကာလများက PDF များကို နှိမ့်ချကာ တိုက်ပွဲများကို တိုင်းရင်းသားတပ်ဖွဲ့များက တိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး PDF များက အသားလွတ် ဝင်ရောက် အသားယူနေပါသည်ဟု ဆိုနေကြသူများသည် ယခုအခါ လက်တွေ့စစ်မြေပြင်အောင်ပွဲများအရ PDF များ၏ စစ်ရေးအောင်မြင်မှုများကို ငြင်းပယ်၍ မရနိုင်‌တော့ပေ။

တပ်မ ၇၇ တပ်မမှူးအပါအဝင် သုံ့ပန်းများစွာ လက်ရဖမ်းမိသည့်တိုက်ပွဲများ၊ စစ်တပ်အင်အား အများအပြား ချေမှုန်းသုတ်သင်သည့်တိုက်ပွဲများ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် လက်နက်အပုံအပင်လိုက် ဖမ်းဆီးမိသည့် တိုက်ပွဲများကို လက်တွေ့ မြင်တွေ့ကြရသည့်နောက်ပိုင်းတွင် PDF များကို နှိမ့်ချပြောဆိုမှုများ တဖြည်းဖြည်း လျော့ကျခဲ့သည်ကို တွေ့ရ၏။

PDF ကို ထောက်ခံဆန္ဒပြခဲ့ကြသူများ/AFP

စစ်ရေးကျွမ်းကျင်သူများ သုံးသပ်သကဲ့သို့ လက်ရှိ စစ်ရေးအရ အောင်မြင်သည်ဟု သတ်မှတ်ခံထားရသော AA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပင်လျှင် ဖွဲ့စည်းပြီး လေးနှစ်ကာလအတွင်း၌ PDF တို့ကဲ့သို့ တိုက်စွမ်းရည်ပြဖို့ မဆိုထားနှင့် တိုက်ပွဲပင် ကောင်းကောင်း မဖော်နိုင်ခဲ့ကြသေးသည်ကို တွေ့နိုင်သည်။

နွေဦးတော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ စိတ်အားထက်သန်စွာ ပိုင်းဖြတ်မှု၊ လူထု၏ တခဲနက်ထောက်ခံမှု၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ အားပေးကူညီမှုများကြောင့် PDF များ လျင်မြန်စွာ လူလားမြောက်လာသည်ဟု ဆိုရမည်။

စစ်ရေးကျွမ်းကျင်သူများ သုံးသပ်သကဲ့သို့ လက်ရှိ စစ်ရေးအရ အောင်မြင်သည်ဟု သတ်မှတ်ခံထားရသော AA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပင်လျှင် ဖွဲ့စည်းပြီး လေးနှစ်ကာလအတွင်း၌ PDF တို့ကဲ့သို့ တိုက်စွမ်းရည်ပြဖို့ မဆိုထားနှင့် တိုက်ပွဲပင် ကောင်းကောင်း မဖော်နိုင်ခဲ့ကြသေး

PDF များသည် တိုက်စွမ်းရည်အပြင် ထိုးထွင်းကြံဆမှုလည်း မြင့်မားသည်။ နွေဦးလက်နက်ကိုင်တော်လှန်ရေး၌ စစ်မြေပြင်တွင် ပထမဆုံး ဒရုန်းအသုံးပြု တိုက်ခိုက်ရန် အကြံအစည်ရပြီး တိုက်ခိုက်ကြသည်မှာ နွေဦးအင်အားစုများ၊ PDF များ ဖြစ်ကြသည်။ ပြည်တွင်း၌ စစ်တက္ကသိုလ်များ ဖွင့်ထားသည့်အပြင် ပြည်ပကိုပါ စစ်ပညာသွားသင်ခဲ့ကြသည့် စစ်တပ်လည်း မဟုတ်သကဲ့သို့ အတွေ့အကြုံရင့် တိုင်းရင်းသားတပ်ဖွဲ့များလည်း မဟုတ်ခဲ့ပေ။ နွေဦးတော်လှန်ရေးအတွင်း မျိုးဆက်သစ်လူငယ်များ၏ ထိုးထွင်းကြံဆမှုများကို ယခင်နှင့်မတူဘဲ မြင်တွေ့ခဲ့ရသည်မှာ PDF နှင့် နွေဦးအင်အားစုများ၏ ထူးခြားချက်ဟု ဆိုရပါမည်။

စစ်တပ်က PDF များကို စိုးရွံ့ထိတ်လန့်လာရသည့် အကြောင်းအချက်တခုမှာ PDF များသည် တိုင်းရင်းသားတပ်ဖွဲ့များကဲ့သို့ နယ်မြေအကန့်အသတ်နှင့်သာ လှုပ်ရှားနိုင်သည် မဟုတ်ပေ။ ပြည်နယ်များမှာသာမက နေပြည်တော်၊ ရန်ကုန်၊ မန္တ‌လေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းများမှာပါ ထိုးဖောက်ဝင်ရောက်လှုပ်ရှားနိုင်ပြီး စစ်တပ်ကို ဌာနချုပ်အထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်သည့်အတွက် ရေရှည်တွင် စစ်ခေါင်းဆောင်တို့ PDF အား အထင်မသေးရဲကြတော့ပေ။

PDF များသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ပန်းတောင်းဒေသ၊ မင်းဘူးဒေသ၊ ယောဒေသ၊ ပခုက္ကူခရိုင်များရှိ ကပစ စက်ရုံ ၁၆ ရုံကိုလည်း ကောင်းစွာ ခြိမ်းခြောက်လာနေပြီး မကြာခင်ကာလတွင် စစ်တပ်အတွက် အန္တရာယ်ကြီးကြီးမား ပေးနိုင်မည်ဆိုသည်ကို စစ်ခေါင်းဆောင်များ သိရှိနေကြပြီ ဖြစ်၏။

နွေဦးလူငယ်များသည် ယခင်က စစ်ရေးအတွေ့အကြုံ မရှိကြသော်လည်း စစ်တပ်အား လက်နက်ကိုင်တိုက်မှ ရမည်ဆိုသည့်အသိကြောင့် PDF များသည် အချိန်တိုအတွင်း၌ စစ်ပုံကျလာသည်ကိုလည်း တွေ့မြင်ရ၏။ ယူနီဖောင်းအပြည့်အစုံ၊ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီများနှင့် စမတ်ကျကျ၊ စစ်ပုံကျကျ စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် PDF ရဲဘော်များ၏ အသွင်အပြင်သည် အာကာထွန်းဘောင်းဘီဝတ်ပြီး ခြင်းကြားလွယ်ထားသည့် စစ်တပ်နှင့် ဟိတ်ဟန်ချင်း ကွာချင်းတိုင်းကွာနေသည့်အတွက် ယခုနောက်ပိုင်း၌ စစ်တပ်ကိုယ်တိုင် သူ့တပ်သားများကို အာကာထွန်းဘောင်းဘီဝတ်ကာ ခြင်းကြား မလွယ်ဖို့ကိုပင် ကန့်သတ်လာပုံရပြီး စစ်တပ်သည်ပင် PDF ကို ပြန်လေ့လာ အတုခိုးနေရသည်ကို တွေ့နေရသည်။

စစ်တပ်အနေဖြင့် PDF များဆီက အတုခိုး၍မရသည်ကတော့ ရဲဘော်ချင်း တန်ဖိုးထားမှုနှင့် လူထုထောက်ခံမှု ဖြစ်၏။ အချိန်တိုအတွင်း အောင်မြင်မှုရအောင် PDF များ ပေးဆပ်ခဲ့ရသည်မှာလည်း မနည်းလှ‌ပေ။ PDF များသည် သူတို့၏ ဂုဏ်သိက္ခာကြီးမားသည့်သမိုင်းကို သွေးနှင့်ရေးခဲ့ကြခြင်းဖြစ်၏။

သို့သော် စစ်တပ်အနေဖြင့် PDF များဆီက အတုခိုး၍မရသည်ကတော့ ရဲဘော်ချင်း တန်ဖိုးထားမှုနှင့် လူထုထောက်ခံမှု ဖြစ်၏။ အချိန်တိုအတွင်း အောင်မြင်မှုရအောင် PDF များ ပေးဆပ်ခဲ့ရသည်မှာလည်း မနည်းလှ‌ပေ။ PDF များသည် သူတို့၏ ဂုဏ်သိက္ခာကြီးမားသည့်သမိုင်းကို သွေးနှင့်ရေးခဲ့ကြခြင်းဖြစ်၏။

ကျဆုံးသွားသည့် PDF ရဲဘော်များကိုလည်း ကျန်သည့်ရဲဘော်များနှင့် လူထုက တလေးတစား မြှုပ်နှံသင်္ဂြိုဟ်ခဲ့၊ ဂုဏ်ပြုခဲ့ကြပါသည်။ PDF စိုးမိုးနယ်မြေများ၊ ရွာများတွင် ကျဆုံး PDF ရဲဘော်များ၏ အုတ်ဂူနီနီလေးများသည် သူတို့၏ စွန့်လွှတ်စွန့်စားမှုများအတွက် တန်ဖိုးထား ဂုဏ်ပြုထားခြင်းဖြစ်သည်ကို တွေ့မြင်နိုင်သည်။

သို့သော် မင်းအောင်လှိုင်၏ စစ်တပ်မှ သေ‌ဆုံးသူများကမူ ကောင်းစွာသင်္ဂြိုဟ်ရန် မဆိုထားနှင့် အလောင်းပြန်မရသည်ပင် အများအပြားဖြစ်သည်ကို ကြားသိတွေ့မြင်နိုင်သည်။

လက်ရှိကာလ၌ PDF တပ်ရင်း ၃၀၀ ကျော်ရှိပြီး အများစု တည်ငြိမ်နေသည်ကို တွေ့ရ၏။ PDF တပ်ရင်း ၃၀၀ ကျော်၌ PDF တပ်အင်အား ၆ သောင်းခန့်ရှိပြီး ခေတ်မီ မောင်းပြန်လက်နက် တပ်ဆင်နိုင်မှုမှာ ၂ သောင်းခွဲခန့်ရှိပြီဟု ခန့်မှန်းရ၏။

မတ္တရာမြို့နယ်ရှိ ရေနံသာရဲစခန်းကို MDY PDF တို့ သိမ်းပိုက်ရရှိစဉ် / MDY PDF

ထို့ပြင် PDF အရံအင်အားအဖြစ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်အင်အားသည်လည်း ၆ သောင်းဝန်းကျင်ခန့်ရှိပြီး ခေတ်မီ မောင်းပြန်လက်နက်တပ်ဆင်မှုမှာ ၁ သောင်းခန့်ရှိနိုင်သည်။ လက်လုပ်သေနတ်ကမူ ကိုယ်စီတပ်ဆင်နိုင်သည့်အဆင့် ရှိသည်ဟုသိရသည်။

ဤသို့ အင်အားရှိလာခြင်းကြောင့်လည်း လက်ရှိအချိန်တွင် စခန်းသိမ်းတိုက်ပွဲ၊ စစ်‌ကြောင်းလိုက် ချေမှုန်းရေးတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများကို တိုက်ခိုက်လာနိုင်ခြင်းဖြစ်သည့်အပြင် တပြည်လုံးအတိုင်းအတာအရလည်း အင်အားအများဆုံး လက်နက်ကိုင်တပ်ဖွဲ့တခုအဖြစ် ဖြစ်တည်လာနေပြီဖြစ်၏။

နိုင်ငံရေး ဇာတ်ပျက်များနှင့် အချို့က PDF များကို နှိမ့်ချတွက်ဆနေသော်လည်း PDF တို့အား စစ်ရေးအရ နိုင်အောင် မတိုက်နိုင်တော့သည့်အပြင် PDF များကို အထင်သေး၍ မရတော့ကြောင်း လက်ရှိ စစ်ခေါင်းဆောင်များသာမက စစ်ဗိုလ်ချုပ်ဟောင်းများပါ ကောင်းစွာ သဘောပေါက်နေကြပြီ

နိုင်ငံရေး ဇာတ်ပျက်များနှင့် အချို့က PDF များကို နှိမ့်ချတွက်ဆနေသော်လည်း PDF တို့အား စစ်ရေးအရ နိုင်အောင် မတိုက်နိုင်တော့သည့်အပြင် PDF များကို အထင်သေး၍ မရတော့ကြောင်း လက်ရှိ စစ်ခေါင်းဆောင်များသာမက စစ်ဗိုလ်ချုပ်ဟောင်းများပါ ကောင်းစွာ သဘောပေါက်နေကြပြီဖြစ်သည်။ ထို့ကြောင့်လည်း စစ်တပ်ထိပ်သီးခေါင်းဆောင်များကိုယ်တိုင် PDF များအား အထင်မသေးကြရန်၊ ဂရုစိုက်ကြရန်၊ အလေးထားကြရန်၊ မပေါ့ဆကြရန် သူတို့၏အောက်ခြေကို မှာကြားနေကြရခြင်းဖြစ်သည်။

ယခု မေလဆန်း ရုရှားခရီးစဉ် မထွက်ခွာခင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များကို နေပြည်တော်နယ်မြေအတွင်း PDF များ ထိုးဖောက်လှုပ်ရှားလာခြင်းအား အထူးကြပ်မတ်ရန် အလေးပေး မှာကြားသည်ဟု သတင်းများ ကြားသိနေရ၏။

ဤအကြောင်းအချက်များကို ကြည့်ပါက နွေဦးတော်လှန်ရေးနှင့်အတူ PDF များသည်လည်း လေးနှစ်အတွင်း လျင်မြန်စွာ လူလားမြောက်လာသည်ကိုလည်းကောင်း၊ စစ်တပ်ကို ကောင်းစွာ ခြိမ်းခြောက်လာနေပြီကိုလည်းကောင်း တွေ့မြင်နေရပြီဟု ဆိုရမည်ဖြစ်သည်။

(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)

You may also like these stories:

နွေဦးလက်နက်ကိုင်တော်လှန်ရေးနှင့် PDF များ၏ နေရာ

မတ္တရာအနောက်ခြမ်းတိုက်ပွဲများ၌ မန္တလေး PDF ပါဝင်လာ

PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်‌တိုက်ပွဲ

PDF တွေရဲ့ စစ်ဆင်ရေး မန္တလေးမြို့နားရောက်လာ (ရုပ်/သံ)

PDF တွေ နှလုံးရည်ရော လက်ရုံးရည်ပါ ကောင်းလာတယ် (ရုပ်/သံ)

Your Thoughts …
Tags: PDFစခန်းသိမ်းတိုက်ပွဲစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနွေဦးတော်လှန်ရေးပြည်သူ့ကာကွယ်ရေးတပ်မတော်မြို့သိမ်းတိုက်ပွဲ
ဇေယျ (အညာ)

ဇေယျ (အညာ)

ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အကြိမ်ကြိမ် စစ်ဖြစ်ဖူးသည့် အိန္ဒိယနှင့် ပါကစ္စတန် စစ်ပွဲသစ် စတင်

အကြိမ်ကြိမ် စစ်ဖြစ်ဖူးသည့် အိန္ဒိယနှင့် ပါကစ္စတန် စစ်ပွဲသစ် စတင်

နှစ် ၆၀ နိုင်ငံရေးကျိန်စာ စက်ဝန်းကို ဘယ်လိုရိုက်ချိုးမလဲ

နှစ် ၆၀ နိုင်ငံရေးကျိန်စာ စက်ဝန်းကို ဘယ်လိုရိုက်ချိုးမလဲ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate